← Chapters

စဥ်းလဲသည့်အပြုအမူ

Vol. 41 Ch. 792

စဥ်းလဲသည့်အပြုအမူ

Vol. 41 Ch. 792

နောက်တစ်နေ့နံနက်ခင်း၌ ယွီရွှီဘုရားကျောင်းမှ တာအိုဆရာကြီးတစ်ယောက် သုန့်အိမ်တော်သို့ ရောက်လာခဲ့သည်။

ယွမ်ချန်းကျစ်သည် လက်ထဲတွင် သံလိုက်အိမ်မြှောင်တစ်ခုကို ကိုင်ထားလျက် ပတ်ပြီး ကြည့်နေ၏။ အ‌ဒေါ်တန့်၏ ခြံဝန်းထဲဝင်လိုက်သည်နှင့် သူ့မျက်ခုံးတို့ သိသိသာသာတွန့်ချိုးသွားတော့သည်။

သူ လက်တစ်ဖက်နှင့် ချိတ်တံဆိပ် ပုံဖော်ကာ ယင်းယန်စွမ်းအင်ကို ထုတ်လွှတ်လိုက်၏။

မျက်လုံးပြန်ဖွင့်လိုက်ချိန်၌ သူ့ဘေးနားမှာ မကောင်းဆိုးဝါး အငွေ့အသက်တွေရှိနေတာကို ခပ်ရေးရေးမြင်လိုက်ရသည်။ သုန့်အိမ်တော်ထဲ၌ မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်ရှိနေပြီး သာမန်ဝိဉာဉ်မျိုးမဟုတ်မှန်း သူသိနေသည်။

သူရဲ့ စွမ်းရည်များသည် ကျင့်စဉ်ကျင့်ကြံမှုကနေမှ ရလာခဲ့တာဖြစ်၍ ဆရာမမော့လို့ မွေးလာကတည်းက လောကနှစ်ခုစလုံးနှင့်ကျွမ်းကျင်တဲ့သူလိုမျိုးတော့မဟုတ်။ ဒါတင်မက သူ့ရဲ့ကျင့်ကြံမှုမှာ လစ်ဟာမှုတွေလည်း ရှိနေသေး၏။ အာရုံခံစားမှုတချို့တော့ ရနေပေမဲ့ ရှင်းရှင်းလင်းလင်း မမြင်ရခဲ့ချေ။

“ဆရာ၊ ကျုပ်သမီးက နဂိုက အကောင်းကြီးပါ၊ ဒါပေမဲ့ မနေ့က ရုတ်တရက် သူမကောင်းတဲ့အရာတွေ မြင်နေရတယ်ဆိုပြီး ပြောလာတယ်။ ကြမ္မာဥယျာဉ်က စုန်းမမော့က သူ့ကို ဘယ်လို အဆိပ်မျိုးခတ်လိုက်လဲ သိချင်တယ်။ ဆရာ သူ့ကို ကုပေးနိုင်လောက်လား?!” သုန့်သခင်ကြီးမှာ တစ်ညလုံးစိတ်သောကရောက်နေရ၍ အခုသူ့အသက်ပိုအိုစာသွားသလိုပင် ခံစားနေရလေသည်။

“ ကြမ္မာဥယျာဉ်? ဆရာမမော့ချူးရှန်း?” ယွမ်ချန်းကျစ် မှင်တက်သွားရသည်

“ ဟုတ်တယ်၊ သူပဲ! ကျုပ်သမီးရဲ့ မျက်ခွံပေါ် အဆိပ်သုတ်လိုက်တာတဲ့..” သုန့်သခင်ကြီးက အမြန်ပြောလိုက်၏။

ယွမ်ချန်းကျစ် ဆွံ့အသွားကာသုန့်သခင်မလေးဆီသို့ လျှောက်သွားလိုက်သည်။

သူမရဲ့ မျက်လုံးကို ကြည့်ကြည့်လိုက်၏။

ကျင့်ကြံသူများသည် စွမ်းအင်တချို့ကို မြင်နိုင်သည်ဖြစ်ရာ သူ့အတွက် အခက်အခဲတော့မရှိ။

“ အဆိပ်မဟုတ်ဘူး၊ နွားမျက်ရည်ပဲ။ သခင်ကြီးရဲ့ သမီးက နွားမျက်ရည်ကြောင့် မကောင်းဆိုးဝါးဝိဉာဉ်တွေကို မြင်နေရတာ။ ပြီးတော့ သူ့နားမှာ အငြိုးကြီးဝိဉာဉ်တစ်ကောင်လည်း ရှိနေတယ်”

“ နွားမျက်ရည်?” သုန့်သခင်ကြီး နားမလည်နိုင်ခဲ့။

အဲဒါက အဆိပ်မဟုတ်ဘူးလား?

“ နွားမျက်ရည်က ဝောာ်တော်လေးရှားတယ် ကျုပ်ရဲ့ တာအိုဘုရားကျောင်းမှတောင် နှစ်တော်တော်ကြာမှ အစက်လေးနည်းနည်းလောက်ပဲ စုမိတာ၊ ပြီးတော့ အဲဒါက အဆောင်စာရွက်တွေနဲ့ တွဲပြီး သုံးရတာ၊ ပုံမှန်ဆိုရင်တော့ လူတွေက ဒါမျိုးကို တော်ရုံမသုံးတတ်ကြဘူး” ယွမ်ချန်းကျစ် ပြုံးလိုက်၏။

ဒီ‌နွားမျက်ရည်ကိုသာ ပုံမှန်လိုသုံးနေကြရင် လူတိုင်း မကောင်းဆိုးဝါးဝိဉာဉ်တွေ မြင်နိုင်ကုန်မယ်မဟုတ်လား။ အဲ့လိုဆို လောကကြီးက ဗြောင်းဆန်သွားလိမ့်မယ်!

ယွမ်ချန်းကျစ် သုန့်သခင်မလေးအား ထပ်ပြီး ကြည့်ကြည့်လိုက်၏။

သူ ထိတ်လန့်သွားရသည်။

သူမရဲ့ မျက်နှာလေးကလှနေပေမဲ့.. သူမပုံစံက အရက်မူးနေသလိုမျိုး.. မကောင်းတဲ့စွမ်းအင်တွေရှိနေသည်။

ဒါကောင်းတဲ့ လက္ခဏာ ဟုတ်မနေဘူး!

နောက်ပြီး သူမရဲ့သွင်ပြင်က ရာဇဝတ်သားတစ်‌ယောက်ရဲ့ ပုံစံမျိုး ဖြစ်နေတယ်!

ဒီသခင်မလေးမှာ သွေးကြွေးဆပ်စရာရှိနေတာနေမှာ!

အခန်းထဲက သူခံစားမိတဲ့ မကောင်းဆိုးဝါးစွမ်းအင်

ကို ပြန်စဉ်းစားမိသည့်အခါ ယွမ်ချန်းကျစ် ချက်ချင်း သဘောပေါက်သွားခဲ့သည်။

သူလည်း တစ်ချိန်က ဆရာမမော့နဲ့ အဆက်အဆံရှိခဲ့ဖူး၏။ အနှီပုဂ္ဂိုလ်သည် ခန့်မှန်းရခက်တဲ့လူတစ်‌ယောက်ဖြစ်ကာ သာမန်လူတွေကို အကြောင်းအရင်းမရှိ ညှင်းဆဲတတ်တဲ့ လူလိမ်တစ်ယောက်ပုံစံမျိုးမဟုတ်။

သခင်မလေးရဲ့ အခုလို သနားစရာကောင်းတဲ့သွင်ပြင်မျိုးကိုမြင်လိုက်ရတော့ သူမ ဒီလိုမျိုး သင်ခန်းစာပေးခံရလောက်အောင် မကောင်းတာတစ်ခုခုလုပ်ခဲ့တာဖြစ်လောက်မှန်း သူသိလိုက်သည်။

သခင်မလေးတစ်ယောက်ကို ပညာပေးဖို့အတွက်နဲ့ အဖိုးတန် နွားမျက်ရည်ကိုသုံးတယ်ဆိုတော့…

ဆရာမမော့က တော်တော် ချမ်းသာတာပါလား…

သူမအား ဒီလိုလုပ်လိုက်တဲ့အတွက် ဖြစ်လာမယ့် အကျိုးဆက်ကို ဆရာမမော့ခံရမည်ပေ။ အကြောင်းရင်းတချို့ကြောင့် သူ ဆရာမမော့ကို အရင်ဆုံးမေးလိုက်တာပိုကောင်းလောက်မည်ဟု တွေးမိ၏။ ဒါမှ သူမအပေါ်လေးစားသမှုပြရာလည်း ကျလိမ့်မည်။

သူမက သူထက်စွမ်းဆောင်ရည်ရှိတယ်ဆိုမှတော့

သူ့ရဲ့ စီနီယာပဲပေါ့။ ဘာမှ သံသယဝင်နေစရာမလိုဘူး။

“ နွားမျက်ရည်ရဲ့သက်ရောက်မှုက အရမ်းတော့မပြင်းဘူး။ ရက်ပိုင်းလောက်နေရင် အဆင်ပြေသွားလိမ်မယ်။ နောက်ပြီး၊ ဒီအညတရဆရာမှာက အဲဒါကို ကုသပေးနိုင်မယ့် နည်းလမ်းကောင်းမရှိဘူး။.. အခု သခင်ကြီးရဲ့ သမီးက အိပ်ပျော်နေတာဆိုတော့ ဒီအတိုင်းပဲ ဆက်အိပ်ခိုင်းထားလိုက်။ သူနိုးလာရင် ဘေးထွက်ဆိုးကျိုးတွေတော့ ရှိနေဦးမှာ..ဒါပေမဲ့ အဲ

ဒါလည်း ရက်ပိုင်းလောက်နေရင် ပျောက်သွားလိမ့်မယ်”

သုန့်သခင်ကြီး ခေါင်းညိတ်လိုက်၏။

သူမရဲ့မျက်လုံးတွေကို မှိတ်ထားရုံနဲ့တင် ဖြေရှင်းလို့ရနိုင်တဲ့ပြဿနာဖြစ်နေ၍သာ တော်သေးသည်။

“တစ်ခုရှိတာက…” ယွမ်ချန်းကျစ် သက်ပြင်းချလိုက်ရင်း “သူမ မြင်နေရ‌တာတွေက ပျောက်သွားမှာဆိုပေမဲ့ တခြားရှုထောင့်ကနေ ကြည့်ရင်တော့ သိပ်မကောင်းဘူး။နောက်ပြီး သခင်ကြီးရဲ့ အိမ်ကလည်း. သန့်ရှင်းမနေတော့.. ကျုပ်အထင်.. သခင်ကြီးအနေနဲ့ ဆရာမမော့ကို ဖိတ်ခေါ်သင့်တယ်”

“ ကျုပ်က ဘာလို့အဲ့စုန်းမမော့ကို ဖိတ်ခေါ်ရမှာလဲ” သုန့်သခင်ကြီး နားမလည်နိုင်ခဲ့ချေ။

•••••

All Chapters