ချမ်းသာသည့် ဆရာမမော့
Vol. 41 Ch. 793
ယွမ်ချန်းကျစ်သည် သုန့်သခင်ကြီးအား စိတ်ရှည်ရှည်နှင့် ရှင်းပြပေးခဲ့၏။
“အမှန်အတိုင်းပြောရမယ်ဆိုရင် သခင်ကြီး ဆရာမမော့ကိုသွားမရှာချင်ဘူးဆိုရင်တောင်မှ ဒီအညတရဆရာက ဆရာမမော့ကို အကြောင်းတော့ကြားရမှာပဲ.. နောက်ပြီး ဒီကိစ္စကိုလုပ်ခဲ့တာက သူဆိုတော့…သူ့ကိုအကြောင်းရင်းတော့မေးရမယ်လေ။နောက်မှ လုပ်စရာရှိတာ ဆက်လုပ်သလားမလုပ်သင့်ဘူးလားဆိုတာကို ဆုံးဖြတ်ရမှာ..ပြီးတော့လည်း ဒီ အကြောင်းအကျိုးတွေအားလုံးက ဆရာမမော့မှာပဲ တာဝန်ရှိနေတာ… ကျုပ်အနေနဲ့ကြားဝင်ဖို့ မသင့်တော်ဘူး”
ဆရာမမော့သည် နွားမျက်ရည်ကိုသာ သုံးခဲ့တာဆိုသော်ငြား စင်စစ် သူမအပိုင်ဆိုပြီး သတ်မှတ်လိုက်တာ ဖြစ်နေ၏။
တခြားတာအိုဆရာတွေက သုန့်မိသားစုရဲ့အရေးမှာ ဝင်ရောက်စွက်ဖက်လို့မရပေ။
ဆရာမမော့ကသာ မကောင်းတဲ့လုပ်ရပ်ကို လုပ်ခဲ့တာဆိုလျှင် သူ့အနေနဲ့ မကောင်းမှုကိုရှင်းလင်းပစ်ဖို့ တာဝန်ရှိသည်။
သို့သော် သူမရဲ့လုပ်ရပ်တွေက ထိုသို့မှတ်ယူလို့လည်းမရ။ ဒါ့အပြင် ဤနစ်နာသူရဲ့ ခန္ဓာကိုယ်ပေါ်၌ အမှောင်စွမ်းအင်ဖြင့် ဖုံးလွှမ်းနေ၏။ တခြားအကြောင်းရင်းရှိနေနိုင်လောက်တာဖြစ်၍ သူ မျက်စိစုံမှိတ်ပြီး အမှန်တရားကို ရှာဖွေလို့မရပေ။
သုန့်သခင်ကြီးမှာ အလွန်ဒေါသထွက်နေလေ၏။ “သူက စုန်းမတစ်ယောက်ပဲကို၊ ဒီလို ယုတ်မာတဲ့နည်းကို ဘယ်လိုလုပ်ပြီး သုံးနိုင်ရတာလဲ..”
“ သုန့်သခင်ကြီး၊ ကြည့်ရတာ တကယ့်စုန်းမအစစ်တွေက ဘယ်လိုမျိုးလဲဆိုတာ ခင်ဗျား မမြင်ဖူးဘူးထင်တယ်” ယွမ်ချန်းကျစ်ရဲ့မျက်နှာက တည်ငြိမ်နေဆဲဖြစ်ပြီး
“ သူသာ ခင်ဗျားသမီးကို တကယ်ဒုက္ခပေးချင်တာဆိုရင် ၊ နွားမျက်ရည်တစ်စက်လောက်လေးကို သုံးနေမှာမဟုတ်ဘူး”
ထိုသခင်မလေးကို တိတ်တဆိတ် သတ်ပစ်နိုင်ဖို့ဆိုလျှင် ဓမ္မတူရိယာတချို့၊ အစီအရင်တချို့လုပ်ဖို့လုပ်ရပ်တင်မက သူမရဲ့ ဆံချည်မျှင်တို့ကိုတောင် လိုအပ်ပေသည်။
ကမ္ဘာပေါ်၌ တာအိုဆရာပေါင်း ထောင်ပေါင်းများစွာ ရှိသလို ပြိုင်ဘက်ကင်းသည့် ပညာရှင်များစွာလည်း ရှိသည်။ သူတို့အားလုံးက စောင့်ကြည့်နေကြသည်။
ပုံမှန်ဆိုရင် သူတို့ဟာ ထင်ထင်ပေါ်ပေါ်နေလေ့မရှိ၊ သို့သော် ထိုသို့သောစုန်းမတစ်ယောက်ရှိလာပြီဆိုလျှင်တော့ လူတွေကို ဒုက္ခမပေးနိုင်စေရေးအတွက် လူလုံးပြပြီး ထိုစုန်းမများကို ဖြေရှင်းလေ့ရှိတတ်ကြသည်။
သုန့်သခင်ကြီးသည် ထိုအရာများကို နားမလည်နိုင်ခဲ့။
သို့သော် အနှီပုဂ္ဂိုလ်သည် ယွီရွှီတာအိုဘုရားကျောင်းမှ တာအိုဆရာတစ်ယောက် ဖြစ်နေလေရာ ထိုစကားများကို သူ လစ်လျူရှုမထားနိုင်ခဲ့ချေ။
“ဒါဆိုလည်း ၊ တာအိုဆရာကြီးကပဲ ကျေးဇူးပြုပြီး ဆရာမမော့ကို မေးပေးပါ… ဘာဖြစ်လို့ ကျုပ်သမီးကို ပြစ်မှတ်ထားနေရတာလဲလို့။ သူက ငယ်ငယ်လေးပဲရှိသေးတာ။ ဆရာမမော့ကို တစ်နည်းနည်းနဲ့ အပြစ်လုပ်မိခဲ့တယ်ဆိုရင်လည်း သူ့ကို ခွင့်လွတ်ပေးပါလို့။ကျုပ်ကိုယ်တိုင် တောင်းပန်ဆိုရင်လည်း တောင်းပန်
ပါ့မယ်”
သုန့်သခင်ကြီးသည် သူ့သမီးအတွက် သူ့ရဲ့မာနကို ခဝါချထားခဲ့၏။
ယွမ်ချန်းကျစ်သည် ဘာမှသိပ်မပြောခဲ့။
နွားမျက်ရည်ကိစွကိုဘေးဖယ်ထားထားလိုက်လျှင် အခန်းထဲမှာ ရှိနေတဲ့ မကောင်းဆိုးဝါးဝိဉာဉ်က…
ဆရာမမော့နဲ့ ဘာမှ သက်ဆိုင်ခြင်းရှိမနေ။
ယွမ်ချန်းကျစ် စဉ်းစားလိုက်ပြီးနောက် အချိန်တစ်ခုလောက်ထိ သုန့်သခင်မလေးကို ကာကွယ်ပေးနိုင်ရန် အဆောင်စာရွက် ထားထားပေးခဲ့၏။
၎င်းသည် သူအကျိုးအကြောင်းမမေးရသေးခင် ထို
သခင်မလေးကို မကောင်းဆိုးဝါးဝိဉာဉ် နှိပ်စက်ပြီးသေမသွားအောင် ကာကွယ်ပေးနိုင်ရန်ဖြစ်၏။
ယွမ်ချန်ကျစ်သည် သုန့်အိမ်တော်ကနေ ထွက်သွားပြီးသည်နှင့် ကြမ္မာဥယျာဉ်သို့ သွားခဲ့သည်။
ကံဆိုးချင်တော့ ရှဲ့ချောင်သည် ကျောင်းတော်မှာ စာသင်နေသဖြင့် ကြမ္မာဥယျာဉ်မှာ ရှိမနေခဲ့။
ယွမ်ချန်းကျစ်သည်လည်း ဘာမှထွေထွေထူးထူး လုပ်စရာရှိမနေတာနှင့် အထဲမှာ စောင့်နေလိုက်သည်။သူ တင်ပျဉ်ခွေ၍ ထိုင်နေကာ တစ်စက်ကလေးမှ လှုပ်ရှားခြင်းမရှိ။ ကျင့်စဉ်ကျင့်ကြံနေသလိုမျိုးပင်။ ဆိုင်ရှင်ချန်သည် သူဟာ ပညာရှင်တစ်ယောက် ဖြစ်လောက်မည်ဟုထင်မိတာကြောင့် အရှေ့ကိုလည်းမသွားရဲသလို အနှောင့်အယှက်လည်း မပြုရဲခဲ့ချေ။ သို့သော် သူ စိုးရမ်နေရ၏။
ချွင်..
ခေါင်းလောင်း မြည်လာပြန်သည်။
ယွမ်ချန်းကျစ်မှာ သူ့ရဲ့ ၏စိတ်လှုပ်ရှားမှုတို့ကို မဖုံးဖိထားနိုင်ခဲ့။
ဆရာမမော့က.. တကယ်ချမ်းသာတာပဲ
ဤ ဝိဉာဉ်ဆင့်ခေါ်သည့်ခေါင်းလောင်းက အတော်လေး ထူးခြား၏။ အခန်းထဲ၌ အခြားသော ဓမ္မတူရိယာများလည်းရှိသေးသည်။၎င်းတို့က ရွှေ ကျောက်စိမ်း၊ သစ်သားတို့ ဖြင့် ပြုလုပ်ထားကြခြင်းဖြစ်ကာ တစ်ဝက်ကျော်ကျော်လောက်က သစ်သားဖြင့် လုပ်ထားတာ ဖြစ်လေသည်။
ဓမ္မတူရိယာများကို ပြုလုပ်ရန်ခက်ခဲလှ၏။ အမွေးနံ့သာတိုင်များ ထွန်းညှိပူဇော်နေသည့်အချိန်နှင့် နတ်
ဘုရားများအား ကန်တော့နေတဲ့ အချိန်မှာတောင် ရိုသေသမှုရှိရသည်။ ရှည်လျားလှသည့် ကျမ်းစာများကိုလည်း ရွတ်ဖတ်ရသေး၏။ ကျမ်းစာများကို အာဂုံဆောင်နေသည့် အချိန်၌ စိတ်ပါလက်ပါဖြစ်နေဖို့လိုသလို အဆောင်စာရွက်များရဲ့ ကောင်းချီးပေးခံရဖို့လည်း လိုအပ်ပေသည်။
သူ့ရဲ့ ယွီရွှီတာအိုဘုရားကျောင်းမှာတောင် အသုံးဝင်တဲ့ ဓမ္မတူရိယာများ သိပ်ပြီးမရှိ။
အများစုက သာမန်လူများအတွက် သန့်စင်ပေးထားသည့် လက်ဝတ်တန်ဆာများလောက်သာ။ အရည်အသွေးကလည်း .. ဆရာမမော့ရဲ့ပစ္စည်းတွေလို ကောင်းမနေပေ….
ဆရာမော့မှာ အားလပ်ချိန်တော်တော်ရှိတယ်ထင်တယ်..
မျှော်လင့်ထားသလိုပဲ မော့လင်းကျစ်နဲ့ တစ်ဂိုဏ်းထဲကလာတဲ့သူတွေက ထူးကိုထူးခြားတယ်..
သူ ထိုင်နေချိန်၊ ဆိုင်ရှင်ချန်မှာတော့ တစ်မနက်ခင်းလုံး စိတ်သောကရောက်နေရသည်။ ထိုတာအိုဆရာက ပြဿနာရှာဖို့ရောက်လာသူဟု ခံစားနေရ၏။ ထိုတာအိုဆရာ ဆိုင်ထဲက ပစ္စည်းတစ်ခုခုကို ခိုးသွားပြီး သူဌေးကို ဆုံးရှုံးမှုကြီးဖြစ်စေမှာ စိုးရိမ်တာကြောင့် တစ်ချိန်လုံး မျက်စိတောက်ထောက် စိုက်ကြည့်နေခဲ့သည်။
နေ့တစ်ဝက်လောက် သည်းခံလိုက်ရပြီးနောက်၊ သူဌေးပြန်ရောက်လာခဲ့၏။
“ ဆရာမမော့၊ မတွေ့ရတာတောင် ကြာပြီ၊ ဒီအညတရဆရာရဲ့ ယွီရွှီတာအိုဘုရားကျောင်းကိုတောင် လာမလည်ဘူးနော်။ အဲ့နေ့က နောက်ဆုံးခွဲခွာပြီးကတည်းက၊ ကျုပ် ရက်ပိုင်းလောက် ဘုရားကျောင်းမှာ စောင့်နေခဲ့သေးတယ်..” ယွမ်ချန်းကျစ်က ဆိုင်ရှင်ထက် အရင်အပြေးသွားလေ၏။
သူဟာ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး လျင်လျင်မြန်မြန် လှုပ်ရှားလိုက်သည့်တိုင် သူရဲ့ မျက်နှာအမူအရာက တည်ငြိမ်နေဆဲ….
•••••