← Chapters

နှစ်တစ်ဝက်ကြာ လည်ပတ်ခဲ့ခြင်း

Vol. 41 Ch. 794

နှစ်တစ်ဝက်ကြာ လည်ပတ်ခဲ့ခြင်း

Vol. 41 Ch. 794

ဆိုင်ရှင်ချန်မှာ အနည်းငယ် ဆွံ့အသွားမိ၏။

ကမ္ဘာပေါ်က တာအိုဆရာကြီးတွေအကုန် ဒီလိုမျိုး မျက်နှာထားတည်တည်ကြီးတွေနဲ့နေနိုင်တဲ့ အရည်အချင်း ရှိကြတာလား?

သူဌေးရော၊ ယွီရွှီတာအိုဘုရားကျောင်းက တာအိုဆရာကြီးရော အကုန်တစ်ပုံစံတည်းပဲ!

နေ့တစ်ဝက်လုံး ထိုင်စောင့်နေရလို့ စိတ်ဆိုးနေလောက်တာတောင်မှ တည်ငြိမ်ယဉ်ကျေးတဲ့ သွင်ပြင်မျိုးကို ထိန်းထားနိုင်တယ်!

ရှဲ့ချောင်သည် သူမရှေ့မှာ ရုတ်တရက်ပေါ်လာတဲ့ တာအိုဆရာကြီးကြောင့် လန့်သွားခဲ့၏။

ဘယ်သူလဲဆိုတာ သိလိုက်ရတော့မှ သူမရဲ့ တဒိတ်ဒိတ်တုန်နေတဲ့နှလုံး ငြိမ်သွားရသည်။

“ ဒီအညတရဆရာက နေထိုင်စားသောက်ဖို့အတွက် လုပ်ကိုင်နေရတာနဲ့ အားလပ်ချိန်ဆိုတာမရှိဘူး။ နောက်အားတဲ့ တစ်ရက်ကျမှာပဲ လာလည်တော့မယ်” ရှဲ့ချောင်ရဲ့မျက်နှာထားက အပြောင်းအလဲမရှိ။

ယွမ်ချန်းကျစ်သည် စကားအဖြစ်သာ မေးလိုက်ခြင်းဖြစ်၏။ သူလည်း ဒီဆရာမမော့ကို ယွီရွှီဘုရားကျောင်းဆီ လာလည်ဖို့ အတင်းတိုက်တွန်းချင်ခဲ့တာမဟုတ်။ အခု သူမဘက်က စကားပြောလာပြီဖြစ်၍ သူပြောချင်နေတဲ့ဟာကို ပြောဖို့ လွယ်ကူသွားခဲ့လေပြီ။

“ ဆရာမမော့ရဲ့ဆိုင်က သိပ်မဆိုးဘူးပဲ၊ နေရာက

လည်း ကောင်းတယ်၊ စီးပွားရေး တော်တော်လေး အဆင်ပြေမယ့် ပုံပဲ၊ ဟုတ်တယ်မလား”

“ ဒီလိုပါပဲ” ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။

သူမက ဓမ္မတူရိယာတွေကိုရောင်းပြီး နေထိုင်နေတဲ့သူမဟုတ်။ ဤ အဆောင်စာရွက်များက ဈေးမကြီးသလို ပစ္စည်းများရဲ့ ကုန်ကျစရိတ်သည်လည်း သိပ်ပြီးမများလှ။ သို့သော် သူမစိုက်ထုတ်ခဲ့ရသည့် အင်အားတွေက သာမန်လူတစ်‌ယောက် နားလည်နိုင်လောက်သည့် အရာမျိုး မဟုတ်ပေ။ ဒါကြောင့် ဒီအရာတွေက ပြောရလောက်အောင် အကျိုးအမြတ်များနေတာမျိုးတော့ မဟုတ်ခဲ့ချေ။

သူမရဲ့ အဓိက ငွေဝင်နေသည့်အရင်းအမြစ်မှာ မကောင်းဆိုးဝါးဝိဉာဉ်များနှင့် နင်ပေ့မင်းသား၊ လီမိသားစုတို့လို ချမ်းသာတဲ့ မိသားစုတွေဆီကနေဖြစ်၏။

ဈေးဝယ်သူများများစားစားမရှိသည့်တိုင် လုပ်ငန်းလည်ပတ်နေသည်မှာ နှစ်ဝက်လောက် ကြာနေလေပြီ။

သူသာ ဒီလို အသေးအမွှားကိစ္စတွေအကြောင်း ဆွေးနွေးနေလျှင် ကသိကအောက်ဖြစ်ရုံသာ ရှိလိမ့်မည်ဆိုတာ ယွမ်ချန်းကျစ် သဘောပေါက်သွားသည်။

သူ တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ ဘာနေနေ ပြောစရာရှိတာ ပြောရတော့မည်ပင်။

“ဆရာမမော့၊ ဒီအညတရဆရာ ဒီနေ့ ရောက်လာရတဲ့အကြောင်းက.. သုန့်မိသားစုကြောင့်ပါ… မနေ့ညက သုန့်သခင်ကြီး ယွီရွှီဘုရားကျောင်းဆီရောက်လာပြီးတော့ သူ့ကလေးက မကောင်းတဲ့ဝိဉာဥ်တွေကို ဆွဲဆောင်မိနေတယ်ဆိုပြီး ပြောလာတယ်..ဒီနေ့ ကျုပ်

သွားကြည့်ကြည့်လိုက်တော့ နွားမျက်ရည်ကို တွေ့ခဲ့ရတယ်.. ဆရာမမော့ ဘာလို့များ ဒီလိုလုပ်ရတာလဲ?” ယွမ်ချန်းကျစ် ဂရုတစိုက်နှင့် မေးလိုက်သည်။

“ ကျွန်မ နွားမျက်ရည်ကို သုံးလို့မရဘူးလား”

ရှဲ့ချောင် မဖြေခဲ့။

“ ဒါပေါ့၊ သုံးလို့ကရပါတယ်..ဒါပေမဲ့… သာမန်လူတစ်ယောက် မပြောနဲ့ ကျုပ်လို ကျင့်ကြံသူတစ်ယောက်တောင် မကောင်းဆိုးဝါးဝိဉာဉ်ကို မြင်ရင် ကြောက်မိမှာပဲ။ အဲ့သခင်မလေးရဲ့ စိတ်ဓာတ်သာ မသန်မာလို့ကတော့ သူ အကြောက်လွန်ပြီး သေသွားလောက်တယ်.. အဲ့လိုဖြစ်သွားရင် ဆရာမမော့ ဝဋ်လည်မယ် မဟုတ်လား။ အဲ့လိုဆို ဆရာမမော့ရဲ့ ကျင့်ကြံမှုအတွက်လည်း မကောင်းတော့ဘူးလေ”

ယွမ်ချန်းကျစ်မှာ ကောင်းတဲ့ရည်ရွယ်ချက်ပဲ ရှိတယ်ဆိုတာကို ရှဲ့ချောင်သိသည်။

အထူးသဖြင့် သူမ ဒီတစ်ခေါက် ယွမ်ချန်းကျစ်ကိုတွေ့လိုက်ရတဲ့အချိန်။ နင်‌ပေ့မင်းသားရဲ့ ခြံဝန်းမှာ ရှိနေခဲ့တုန်းကနှင့် ယှဉ်လိုက်လျှင် အခုဆိုပိုပြီး နက်နဲတဲ့သူတစ်ယောက် ဖြစ်လာခဲ့၏။ သူရဲ့ စိတ်အစဉ် ပြောင်းလဲသွားတာဖြစ်လောက်သည်။ မောက်မာမှုတို့ လျော့ကျပြီး အကြားအမြင်များ ပိုပြီးတိုးလာပုံပင်။

“ အဲ့ဒီသခင်မလေးက ကျွန်မနဲ့ ရန်ငြိုးရှိ‌နေပေမဲ့ ကျွန်မလည်း အမှား အမှန်တော့ ခွဲနိုင်ပါသေးတယ်။ အပြစ်ကင်းတဲ့သူတစ်ယောက်ကို အကြောင်းမဲ့ မသေခိုင်းဘူး”

ထိုစကားများကြောင့် ယွမ်ချန်းကျစ်သည် နွားမျက်ရည်ကိစ္စကို ဆက်ပြီး ပြောမနေတော့ချေ။

ကျင့်ကြံသူများမှာတောင် ခံစားချက်၇မျိုးနှင့် လိုအင်ဆန္ဒ ၆ ခုရှိကြသည်။

သူတို့ဘက်ကနေစပြီး တခြားသူတွကို ဒုက္ခမပေးတတ်သော်ငြား တခြသူတွေက သူတို့ကို အနိုင်ကျင့်လာမှာမျိုးတော့ ခွင့်မပြုတတ်ကြ။

“ ကောင်းပါပြီ၊ ဒါပေမဲ့ ကျုပ် ဒီနေ့ သုန့်အိမ်တော်ကို သွားတော့၊ အဲ့မှာ မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်ရှိနေတာ တွေ့ခဲ့ရတယ်။ နာကြည်းချက်တွေလည်း များနေပုံပဲ။ အဲ့ဒါကိုသာ ဆက်ပြီး ကြီးထွားလာခိုင်းလို့ကတော့ အငြိုးကြီးဝိဉာဉ်တစ်ကောင်ဖြစ်လာပြီး အပြစ်မရှိတဲ့သူတွေကို အန္တရာယ်ပြုမှာ စိုးတယ်။ ဆရာမော့မှာ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးများ ရှိလား။ ဆရာမမော့က ဒီပြဿနာကို ဝင်မစွက်ဖကိချင်ဘူးဆိုရင်တောင်မှ သုန့်မိသားစုက ကျုပ်ကိုအကူအညီတောင်းနေတာဆိုတော့ ကျုပ်အနေနဲ့ ခေါင်းရှောင်နေလို့မရဘူး”

ဒါက သူ့ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်၏။

“ ကျွန်မက အဲ့ဝိဉာဉ်ကို လွှတ်ပေးချင်နေတာ။ နွားမျက်ရည်ကို သုံးရတာကလည်း သူမရဲ့ဒေါသတွေ ပုံချပစ်လို့ရအောင် ကူညီပေးရုံပဲ။ ဒါက ကျွန်မရဲ့ အလုပ်၊ ရှင် ယူသွားလို့မရဘူး”

ရှဲ့ချောင် မဖုံးကွယ်ထားခဲ့ချေ။

သုန့်ယိယွင် အသက်ရှင်စဉ်က သူမနဲ့ အကြွေးစာရင်းရှင်း‌ပြီးပြီဆိုပေမဲ့ သူမ သေသွားပြီးနောက် သူမရဲ့ ဝိဉာဉ်ကိုလွှတ်ပေးနိုင်ဖို့ ရှဲ့ဖင်းကန်းက ငွေပေးထားခဲ့သည်။ အတိတ်လုပ်ရပ်တွေရဲ့ အကျိုးဆက်က ရုပ်လုံးပေါ်လာပြီဟု ယူဆလို့ရသည်။

“ အဲ့ဝိဉာဉ်ရဲ့ မကျေမနပ်ချက်တွေက နည်းတာ မဟုတ်ဘူး။ သိပ်မလွယ်လောက်ဘူးထင်တယ်။ ဒီနေ့တောင် အဲ့နာကြည်းချက်တွေက အားကောင်း

လွန်းလို့ သုန့်သခင်မလေးတစ်ယောက် သေပါရစေလို့ ဆုတောင်းနေမိတဲ့အထိပဲ။ ဆရာမော့.. အဲ့မ‌ကောင်းဆိုးဝါးရဲ့ နောက်ခံကို သိလား? သုန့်သခင်မလေးအပေါ် ဘာလို့အဲ့လောက်တောင် အမုန်းတရားတွေများနေရတာလဲ”

•••••

All Chapters