စုံစမ်းစစ်ဆေးခြင်း
Vol. 41 Ch. 795
ယွမ်ချန်းကျစ် အံ့ဩသွားခဲ့၏။
မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ လွှမ်းမိုးမှုကိုခံနေရတဲ့သူက သခင်မလေးတစ်ယောက်လေ၊ ဘယ်လိုဖြစ်ပြီး အသက်ငယ်ငယ်လေးနဲ့ ဒီလို ပြဿနာကြီးကိုရှာနိုင်ရတာလဲ?
“ အဲဒါ သူ့(မ)ညီမ၊ သူ့(မ)လက်နဲ့ကိုယ်တာ သတ်ခဲ့တာ။ အဲ့ဝိဉာဉ် သူ့(မ)ကိုလိုက်ခြောက်နေတာ နားလည်ပေးလို့တော့ရပါတယ်၊ ကျွန်မ မကောင်းဆိုးဝါးဝိဉာဉ်အတွက် ဖြေရှင်းပေးချင်တယ်ဆိုရင်တောင် သုန့်သခင်မလေးကို အကြောင်းရင်းမရှိဘဲနဲ့ ခံစားရစေလို့တော့ မဖြစ်သေးဘူးလေ။ သူ့ကို ဒေါသဖြေလို့ရအောင်လောက်ပဲ လုပ်ပေးတာ၊ ဒါမှ နောက်ပိုင်း လုပ်ရဝာာတွေက ပိုအဆင်ပြေမှာ”
ယွမ်ချန်းကျစ်မှာ ရှဲ့ချောင်ပြောတာကို ကြားပြီး
ပို၍ပင် တုန်လှုပ်သွားတော့သည်။
သူ့(မ)ညီမတဲ့လား?
နည်းနည်းဝောာ့.. လန့်စရာပဲ
အဲ့သခင်မလေးကသာ သေစေခဲ့တဲ့သူဆိုလျှင်တော့ အခုဖြစ်နေတာတွေက သူမနှင့် ထိုက်တန်ပေသည်။
သူတို့လို တာအိုဆရာများသည် ဝိဉာဉ်များကို ဖမ်းဆီးရာ၌ သံသရာစက်ဝန်းကိုလည်း အလေးထားတတ်၏။ မကောင်းဆိုးဝါးဝိဉာဉ်ကို သိပ်ပြီး ဂရုစိုက်လေ့မရှိ။ ဒါ့အပြင် မကောင်းဆိုးဝါးဝိဉာဉ်တွေက အများကြီးရှိနေသလို သူတို့အားလုံးကို ထိန်းချုပ်လို့ရနိုင်တာလည်း မဟုတ်ပေ။ မကောင်းမှုကိုကျူးလွန်ပြီး သက်ရှိလူသားတွေအပေါ် သက်ရောက်မှုဖြစ်စေတဲ့ ဝိဉာဉ်များကိုသာ အာရုံစိုက်တတ်ကြသည်။
ကြီးလေးတဲ့ ဒုစရိုက်မှုကိုမကျူးလွန်ခဲ့တဲ့သူများကို…. လွှတ်ပေးလို့မရ။ ထိုသေဆုံးသူတွေရဲ့ ဝိဉာဉ်ကိုသာ ထိန်းချုပ်ပြီး သူတို့လွတ်မြောက်နိုင်တဲ့ နေ့ရက်ရောက်သည်အထိ သူတို့ရဲ့ နာကြည်းချက်တွေကို ဖြေလျှော့ပေးရုံသာ ရှိသည်။
ကြီးလေးတဲ့ပြစ်မှုကို ကျူးလွန်းခဲ့သူများအတွက်ကတော့ နည်းလမ်းများက ပိုပြီးရက်စက်သည်။
မကောင်းဆိုးဝါးဝိဉာဉ်ကို လွှတ်ပေးရန်အတွက် ရှဲ့ချောင်၌ နည်းလမ်းနှစ်ခုရှိ၏။ ပထမနည်းလမ်းသည် ကျမ်းစာများနှင့် တရားများကို နားမထောင်ဘဲ အလိုအလျောက်ပြန်ဝင်စားစေခြင်း ဖြစ်သည်။ သို့သော် ထိုနည်းက အချိန်လည်း ကုန်သလို ပင်လည်းပင်ပန်းသည်။ ဥပမာ၊ တချို့ ဘုန်းတော်ကြီးများဆိုလျှင် ဝိဉာဉ်တစ်ကောင်ကို လွှတ်ပေးနိုင်ရန်အတွက် ၄၉ ရက်တောင် အချိန်ယူရပေသည်။
ဒုတိယနည်းက မရဏတံခါးပွင့်လာမည့်နေ့အထိ စောင့်ပြီး အကုန်လုံးကို ထည့်ပစ်လိုက်ဖို့ပင်။ သို့သော် ထိုနည်းလမ်းက လွယ်ကူမနေ။ သာမန်တာအိုဆရာတစ်ယောက်သည် အဝါရောင် အဆောင်စာရွက်ကို ရေးဆွဲနိုင်မှာတောင်မဟုတ်။
ရှဲ့ချောင်သည် ယွမ်ချန်းကျစ်ရဲ့ စကားများကို ကြားလိုက်ရသည့် အခိုက်အတန့်၌ အခက်တွေ့သွားသလို ခံစားလိုက်ရသည်။ “ ဒါပေမဲ့၊ သုန့်ရှီးယွင် ဘယ်လိုလုပ်ခဲ့လဲဆိုတာတော့ ကျွန်မ မသိဘူး။ ကြည့်ရတာ သူ အသက်ရှည်ရှည်နေရမှာကို စိုးရိမ်ပြီး… သေလမ်းကိုပဲ အတင်းပို့နေမယ့်ပုံပဲ… ကျွန်မ မနေ့က သူ့ညီမရဲ့ဝိဉာဉ်ကို တွေ့တုန်းကတော့ တည်ငြိမ်နေတုန်းပဲကို။ ဒီလို တစ်ရက်တည်းနဲ့ တော်တော်ကြီး ပြောင်းလဲသွားတာဆိုတော့.. နောက်ထပ် တုန်လှုပ်စရာတစ်ခုကို ကြုံလိုက်ရလို့ဖြစ်မယ်”
သုန့်ယိယွင်၏ နာကြည်းချက်များသည် သုန့်ရှီးယွင်
ကြောင့် ဖြစ်လာတာဖြစ်၏။ သုန့်ရှီးယွင်သာ ကောင်းကောင်းမနေနေရသ၍ သူမရဲ့ နာကြည်းချက်တွေက နည်းနည်းချင်းစီ ပျောက်ကွယ်သွားနိုင်သည်။
သုန့်ရှီးယွင်ရဲ့ မင်္ဂလာပွဲက ပျက်သွားရသွားရသည့်အတွက်….
သုန့်ယိယွင်ရဲ့ မကျေမနပ်ချက်တို့ လျော့သွားသင့်ပေမဲ့၊ အခုတော့ ပိုပြီး တိုးလာခဲ့လေရာ…
ကြည့်ရတာ ဒီကိစ္စက အမြန်နှုန်းနဲ့ စစ်ဆေးရတော့မည့်ပုံပင်။ အချိန်မီလုပ်နိုင်ဖို့ ရှဲ့ချောင် မျှော်လင့်မိ၏။
သူမ သုန့်ယိယွင်ကို အတင်းအဓမ္မ ဖမ်းပစ်လိုက်လို့ရသည်။ ရက်စက်တဲ့တိုက်ပဲတစ်ခုဖြစ်လာမှာကို စိုးရိမ်မိပေမဲ့ သူမသည် တိုက်ပွဲပေါင်းရာချီကို ကျော်ဖြတ်လာပြီးတဲ့သူတစ်ယောက်။ သူမ ရှုံးမှာ မဟုတ်
သော်ငြား သုန့်မိသားစုသည် အရာရှိအိမ်တော်တစ်ခုဖြစ်နေ၏။ သူမသာ အတင်းဝင်ရောက်မယ်ဆိုလျှင် သူတို့ ခွင့်ပြုလိမ့်မည်မဟုတ်ချေ။
အတားအဆီးများစွာ ရှိနေလေသည်။
ဒါကြောင့်မလို့ ဤ အမှုပြီးသွားသည့်အချိန်ထိ သူမ စောင့်နေခြင်းပင်။ သုန့်ရှီးယွင်ကိုသာ ဖမ်းဆီးလိုက်ပါက၊ သူမ အတွက် အခွင့်အရေးရှိလာမည်ဖြစ်သည်။
ရှဲ့ချောင်သည် အမှုစုံစမ်းနေမှု အခြေနေကိုသိရဖို့ သူမအစ်ကိုအားမေးရန် မှုခင်းစီရင်ရေးဌာနသို့ သွားဖို့ ပြင်လိုက်၏။
မဖြစ်နိုင်ခဲ့ဖူးဆိုလျှင်လည်း မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ အင်အားသုံးပြီး ကူညီခိုင်းမည်ဖြစ်ကာ စုံစမ်းစစ်ဆေးမှုအရှိန်ကို မြန်အောင်လုပ်နိုင်မလား ကြည့်ရမည်ပေ။
ယွမ်ချန်းကျစ်သည် သူ သုန့်ရှီးယွင်အား အဆောင်စာရွက်ပေးခဲ့တဲ့အကြောင်းကိုလည်း ပြောပြခဲ့၏။
ရှဲ့ချောင် ခေါင်းသာညိတ်လိုက်ပြီး သူမရဲ့ထင်မြင်ချက်တွေကို မဖော်ပြခဲ့။
သူမရဲ့အသက်ကိုကာကွယ်ပေးနိုင်ရုံလောက်နဲ့ သူမ အဆင်ပြေမယ်လို့ ဆိုလိုနေတာမဟုတ်။
ယွမ်ချန်းကျစ်သည် ရှဲ့ချောင်နဲ့ ကျင့်ကြံမှုအကြောင်းဆွေးနွေးပြောဆိုချင်သေးပေမဲ့ သူမက အလုပ်ရှုပ်နေခဲ့သည်။ စကားစမြည် အနည်းငယ်ပြောပြီးသည်နှင့် နှုတ်ဆက်စကားဆိုကာ ကြမ္မာဥယျာဉ်ကနေ ပြန်သွားခဲ့၏။ ယွမ်ချန်းကျစ်မှာ သက်ပြင်းချရုံသာရှိပြိး နှမြောစရာကောင်းတယ်ဟု ခံစားလိုက်ရသည်။
အဆောင်စာရွက်တွေရောင်းနေရတာကို ကြည့်ရုံနဲ့
တင် အနှီဆရာမမော့ရဲ့ အရည်အချင်းတွေက သာမန်ထက်သာလွန်တယ်ဆိုကာ ပြောနိုင်ပေသည်။
သူ တကယ် သူမဆီကနေ သင်ယူချင်ခဲ့တာ…
ရှဲ့ချောင် မှုခင်းစီရင်ရေးဌာနသို့ တန်းသွားခဲ့၏။
မှုခင်းစီရင်ရေးဌာနမှ အရာရှိများ၏ အရည်အချင်းနှင့်ပတ်သက်ပြီး သံသယဝင်နေစရာမလို၊ သူတို့ တော်တော်များများကို ရှာတွေ့ထားပြီနေလေပြီ။
သူမ လာတာကိုမြင်တော့ ရှဲ့ဖင်းကန်းက သူမအတွက် ထိုင်စရာနေရာတောင် အထူးတလည်ပြင်ဆင်ပေးထားခဲ့၏။ “ဆရာမမော့၊ ကျွန်တော့်ညီမလေးဆီကနေ သတင်းကြားလာတာမလား။ ကျွန်တော်တို့ ဒီအမှုကို စုံစမ်းနေတာ ပြီးနေပြီ။ ဒီနေ့ လူတစ်ချို့ကို ဖမ်းပြီး စစ်မေးနေတာ။ စစ်မေးပြီး
သွားရင်တော့ အဖြေရှာနိုင်တော့ပါ”
“ အဲ့လောက်တောင် မြန်တာလား” ရှဲ့ချောင်အံ့ဩသွားသည်။
•••••