ဘယ်သူ့ကို ကာကွယ်မှာလဲ
Vol. 41 Ch. 796
ဤ အမှုကိုစုံစမ်းစစ်ဆေးဖို့အတွက် အနည်းဆုံး ဆယ်ရက်ကနေ လဝက်လောက်အထိ ကြာလိမ့်မည်ဟု ရှဲ့ချောင် ထင်ခဲ့၏။ ဒီပုံစံအတိုင်းဆိုရင် မြန်တယ်လို့ သတ်မှန်လို့ရတာပဲ..
“ ဒီအမှုက စုံစမ်းရလွယ်ပါတယ်..” ရှဲ့ဖင်းကန်းက သွယ်ဝိုက်မနေဘဲ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်၏။ “ ကံကောင်းချင်တော့ သူက ငွေမှုန့်ကိုသုံးခဲ့တာလေ၊ မဟုတ်ရင် အချိန်တော်တော်ကြာနေဦးမှာ”
“ ငွေမှုန့်က မြို့တော်အတွင်းမှာ ဝယ်လို့ရတာ မဟုတ်ဘူ။ တခြားဒေသက လာတဲ့ကုန်သည်တွေက ဒီလိုဆေးမျိုး ဒါမှမဟုတ် ဒီလိုဆေးပင်မျိုးကို ယူလာတတ်ကြတာ။ လင်းနန်က ဒီကနေဆိုတော်တော်လေး ဝေးသလို အဲ့ကနေ လာတဲ့ကုန်သည်လည်း သိပ်ပြီးမရှိဘူး။ ဟိုနားဒီနား လိုက်မေးလိုက်ရုံနဲ့ ရှာလို့ရတယ်။
နောက်ပြီး ဒီလိုဟာမျိုးက မှောင်ခိုဈေးကွက်မှာပဲရောင်းတာလေ။ တစ်ယောက်ကို ဖမ်းမိလိုက်ပြီဆိုတာနဲ့ ဒီပစ္စည်းရဲ့ ဇာစ်မြစ်ကိုသိနိုင်တယ်။ မနေ့က တစ်နေ့လုံး ကျွန်တော် ပတ်ရှာနေခဲ့တာ။ လက်ဖက်ခြောက်ကုန်သည်တစ်ယောက်ကို တွေ့ခဲ့ပေမဲ့ အဲ့ကုန်သည်ရဲ့ နောက်မှာ ရှိနေတဲ့မိသားစုက…”
သူတို့သာ သဲလွန်စတွေအတိုင်း ဆက်လိုက်မည်ဆိုလျှင် ဒီထက်ပိုပြီး ဆက်စပ်နေတဲ့သူတွေကို ရှာတွေ့နိုင်မည်ပင်။
လူများများရှာတွေ့လျှင် အမှုက ချောချောမွေ့မွေ့ဖြစ်လေပင်။
“ ဘယ်မိသားစုက ဒီလိုဟာမျိုးကို မြို့တော်ထဲတင်သွင်းနေတယ်လို့ထင်လဲ” ရှဲ့ဖင်းကန်းက ပဟေဠိဆန်နေဆဲ။
ရှဲ့ချောင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရ၏။
သူမက အမတအရှင်တစ်ယောက်လေ၊ နတ်ဘုရားမှ မဟုတ်တာ၊ ဘယ်လိုလုပ်ပြီး အရာအားလုံးကိုသိနိုင်မှာလဲ?
“ အဲ့မိသားစုရဲ့ မျိုးရိုးက ချီ!”
“ သူတို့က ကျွန်တော့်ရဲ့ တုံးအတဲ့ညီလေးကိုတောင် လက်ဆောင်ပေးခဲ့သေးတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းလောက်က၊ မှုခင်းစီရင်ရေးဌာနကို လူတစ်ယောက်ရောက်လာပြီးတော့ ချီမျိုးရိုးနဲ့ လက်ဖက်ခြောက်ကုန်သည်တစ်ယောက်က တစ်စုံတစ်ယောက်ကို ခိုးသွားတယ်ဆိုပြီး စွပ်စွဲခဲ့တယ်။ ဒါပေမဲ့၊ သက်သေလည်း မရှိတာနဲ့ သူတို့ လက်ဖက်ခြောက်ကုန်သည်နဲ့ ညှိဖို့ အကြိမ်ကြိမ် ကြိုးစားတာတောင် ဘာသဲလွန်စမှ ရှာလို့မရခဲ့ဘူး”
“ တစ်ယောက်ယောက်ကို ခိုးသွားတယ်? အဲ့ဒါ ဘာ
ကို ပြောချင်တာလဲ?” ရှဲ့ချောင် သဘောမပေါက်ခဲ့။
“တိုင်တန်းဖို့ ရောက်လာတဲ့သူကမြို့တော်က မဟုတ်ဘူး တခြားဒေသက အမျိုးသမီးတစ်ယောက်။ သူကမြို့တော်ကို ထွက်ပြေးလာရင်းနဲ့လမ်းမှာ ချီမိသားစုက လက်ဖက်ခြောက်ကုန်သည်နဲ့ တွေ့ခဲ့တယ်လို့ ပြောတယ်။ နောက်တော့ သူ့သမီးလေး ပျောက်သွားတယ်တဲ့လေ။ အဲ့လိုလုပ်တာ လက်ဖက်ခြောက်ကုန်သည်ဆိုပြီး သံသယရှိတာနဲ့ မြို့တော်လာတဲ့ လမ်းတစ်လျှောက် သူ့နောက်ကနေ လိုက်လာခဲ့ရင်းနဲ့မှ အဲ့ကုန်သည်က သူ့သမီးကို ချီမိသားစုရဲ့ ပင်မ မိသားစုအိမ်တော်ဆီ ပို့လိုက်တာကို တွေ့သွားခဲ့တယ်။ ကံဆိုးချင်တော့ သူ စုံစမ်းဖို့ သွားပေမဲ့ သူ့ပို့လိုက်တဲ့လူတွေအကုန်လုံးကသာမန်ကျွန်တွေ ဖြစ်နေတာလေ၊ သူသမီးကို ရှာမတွေ့တော့.. အမှုက ဖြေရှင်းဖို့ ခက်နေရော..”
ရှဲ့ချောင်သည် ရှဲ့ဖင်းကန်း ပြောတာကို ကြားလိုက်ရချိန်၌ သူမရဲ့စိတ်ထဲ အတွေးမျိုးစုံနှင့် ပြည့်သွားခဲ့၏။ “ ချီဟွိုက်က ချီမိသားစုရဲ့ အမွေဆက်ခံသူ၊
သူနဲ့ သုန့်သခင်မလေးရဲ့ ဆက်ဆံရေးကလည်း ကောင်းတယ်”
“ အဲ့လိုလား” ရှဲ့ဖင်းကန်း မျက်ခုံးပင့်လိုက်၏။
ချီမိသားစု ပြန်သွားပြီး ချီဟွိုက်ကိုဖမ်းကာ စစ်မေးရလိမ့်မည်။
သူသာ သုန့်ရှီးယွင်အား ငွေမှုန့်အကြောင်း ပြောပြဖူးတယ်ဆိုပါက သူမက ဖြားယောင်းခံလိုက်ရတာ ဖြစ်ကောင်းဖြစ်နိုင်ပြီး ထိုငွေမှုန့်အား တိုးတိုးတိတ်တိတ် လူလွှတ်ပြီး ဝယ်ခိုင်းလောက်မှာပင်။
ရှဲ့ဖင်းကန်းသည် အကျဉ်းထောင်အခန်းထဲသို့ သွားခဲ့၏။
ရှဲ့ချောင်သည် ထိုနေရာမျိုးကို သွားရတာမကြိုက်
တတ်၊ ထိုသို့သော နေရာများတွင် မကောင်းဆိုးဝါးဝိဉာဉ်များစွာရှိတာကြောင့် သူမ ဘေးဘက်က အခန်းထဲမှာပဲ ထိုင်စောင့်နေခဲ့သည်။
ယနေ့ ဖမ်းခေါ်လာခဲ့သောလူမှာ အတော်လေးများ၏။ အနည်းစုမှာ လက်ဖက်ခြောက်ကုန်သည်များနှင့် အိမ်တော်ထိန်းများ ဖြစ်ကြသည်။ သူတို့ခမျာ အပြစ်ပေးခြင်းခံနေရတာ မဟုတ်သည့်တိုင် ပူပန်ကြောင့်ကြများနေကြရသည်။
“ ကျွန်တော်တို့ သိထားသမျှ အကုန် ပြောပြီးနေပြီလေ၊ သုန့်မိသားစုကနေ ကျွန်တော်တို့ဆီ လာသွားတဲ့သူရှိတာ မှန်ပေမဲ့ ငွေမှုန့်ကို တကယ် ဝယ်မသွားကြဘူး။ သူတို့ ဝယ်သွားတာဆိုလို့ အလှတိုးစေနိုင်တဲ့ ဆေးဖက်ဝင် အပင်တချို့နဲ့ လင်းနန်ကထွက်တဲ့ လက်ဖက်ခြောက်တွေပဲ…”
သူတို့ ဝယ်သွားတယ်ဆိုရင်တောင် အမှန်အတိုင်း ထုတ်မပြောရဲဘူး!
ငွေမှုန့်သည် မြို့တော်၌ ထုတ်ပြောလို့မသင့်သည့် ပစ္စည်းတစ်မျိုး ဖြစ်၏။ သူတို့သာ ဝယ်သူရဲ့ နာမည်ကို ပြောပြလိုက်ရင် နောင်ကျရင် ဘယ်သူက သူတို့နဲ့ စီးပွားရေး လုပ်ရဲတော့မှာလဲ?
ပြန်ရောက်ရင်လည်း ပင်မမိသားစုကနေ အပြစ်ပေးတာ ခံရဦးမယ်!
“ ကြည့်ရတာ အခေါင်းကို မမြင်ရမချင်း မငိုတော့ဘူးထင်တယ်” ရှဲ့ဖင်းကန်းက ခနဲ့လိုက်ကာ “ မင်းတို့ရဲ့ သခင်လေးကို မေးလိုက်တာ ပိုကောင်းမယ့်ပုံပဲ။ အဲ့ကလေးကို ငါတို့မိသားစုကို လက်ဆောင်တောင် ပေးရဲတယ်ဆိုတော့ သူလည်း သိထားမှာပဲ!”
ရှဲ့ဖင်းကန်းသည် သူတို့ကို ခြိမ်းခြောက်ဖို့အတွက် ချီကျန်းကို အသုံးချဖို့ တွေးခဲ့၏။
သူထိုသို့ ပြောလိုက်သည့်အခါ အိမ်တော်ထိန်းများ မျက်လုံးပြူးသွားကြရသည်။
“ ကျုပ် ခင်ဗျားတို့ကို မနှိပ်စက်ပါဘူး၊ နောက်ပြီး ကျုပ်မှာ သက်သေမှမရှိတာ။ ဒါပေမဲ့ ခင်ဗျားတို့သခင်လေးကတော့ အဲ့လိုမဟုတ်ဘူး။ သူက လာဘ်ထိုးတဲ့အမှုနဲ့ တိုင်းပြည်ရဲ့ဥပဒေကို ချိုးဖျက်နေပြီးသား။ သူ့ကို တန်းပြီး အရေစုတ်ပစ်လိုက်လို့ရတယ်၊ အင်း. သူက ငယ်သေးတယ်ဆိုတော့ ပြစ်ဒဏ်တော့ လျော့ပေးမှာပါ။ ဒါက.. ခင်ဗျားတို့တွေ သူ့ကို တခြားသူကို ကာကွယ်မလား.. ဒါမှမဟုတ်.. သူ့ကို ကာကွယ်မလားဆိုတာပေါ်မှာပဲ မူတည်တယ်”
•••••