ဒီမှာ လက်ဗွေနှိပ်
Vol. 41 Ch. 797
ရှဲ့ဖင်းကန်းသည် သူရဲ့ ဂုဏ်သတင်းကို သိပ်ပြီး အရေးစိုက်နေတတ်တဲ့သူတစ်ယောက်မဟုတ်သလို ချီဟွိုက်အသက်ငယ်နေ၍လည်း ညှာတာထောက်ထားပေးတာမျိုး မရှိခဲ့
အမှုသာ ဖြေရှင်းနိုင်မယ်ဆိုရင် ဘယ်သူ လုပ်ခဲ့တယ်ဆိုတာက အရေးမကြီးဘူး! လုံးဝကို အရေးကြီးမနေဘူး!
အိမ်တော်ထိန်းများမှာ လမ်းဆုံးကို ရောက်နေကြလေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် အမှန်အတိုင်း ထုတ်ပြောကြရတော့မည်။
“ တကယ်တော့… သုန့်မိသားစုက.. အဲ့ပစ္စည်းကို လာဝယ်ခဲ့တာမဟုတ်ပါဘူး.. ဒါပေမဲ့ ကျွန်တော့်တို့ဆီမှာ ပုံမှန်တင်သွင်းနေကြသူရှိတယ်၊ သူတို့ထဲက တစ်
ယောက်နဲ့ ဆက်ဆံရေးကောင်းတယ်၊ သူက လှည့်လည်သွားလာနေတဲ့ သမားတော်တစ်ယောက်။ သူ့ဆီကနေ ဝယ်တာ ဖြစ်လောက်မယ်”
တတိယလူဆီကနေ တစ်ဆင့်ခံ ပြန်ဝယ်ယူခြင်းက ပိုပြီး စိတ်ချရသည်။
“ ဆေးကိုဝယ်ခဲ့တဲ့သူက သုန့်မိသားစုက အစေခံတစ်ယောက်ပါ။ သူ ဆေးဘူး ဆယ်ဘူး ဝယ်သွားပါတယ်။ သမားတော်လက်ထဲမှာ ရှိသမျှ ပစ္စည်းအားလုံး ပြတ်သွားတော့ သမားတော်ကချက်ချင်း ပြန်လာဝယ်ပါတယ်။ ကျွန်တော်လည်း သူ့ကို မေးခွန်းနည်းနည်းလောက် မေးလိုက်တာနဲ့ သူ့ရဲ့ ပြောပြပုံကနေမှ သုန့်မိသားစုက လူဝယ်သွားတာမှန်း သိရတာပါ”
မကြာမကြာ သွားလိုက်လာလိုက် လုပ်နေတဲ့သူတွေ
ရှိနေတတ်တဲ့ဟာ သူတို့ကိုမမှတ်မိဘဲနေမလား?
သို့သော် သုန့်မိသားစုက ဘယ်သခင်က ဝယ်ခိုင်းလိုက်တာလဲဆိုတာတော့ မသိခဲ့။
ရှဲ့ဖင်းကန်း အတော်လေးကျေနပ်သွားသည်။ “ခင်ဗျား အဲ့အစေခံရဲ့ နာမည်ကိုရော သိလား”
“ သူက သုန့်မိသားစုက အစေခံရဲ့သား။ နာမည်က ပေါင်ကျင်းပါ” အိမ်တော်ထိန်းက အားလျော့စွာနှင့် ပြန်ဖြေလေသည်။
ရှဲ့ဖင်းကန်း အပျော်ကြီးပျော်သွားပြီး လူစုနှစ်စု စီစဉ်လိုက်၏။
အုပ်စုတစ်စုက ချီမိသားစုရဲ့ပင်မအိမ်တော်ဆီ သွားပြီး ချီဟွိုက်ကိုဖမ်းခေါ်လာခဲ့ဖို့ဖြစ်၏။ တခြား အုပ်စု
က သုန့်မိသားစုဆီသွားပြီး ပေါင်ကျင်းနှင့် သူ့ဇနီး၊ သားသမီးများနှင့် မိဘများကို ဖမ်းဆီးရန်ဖြစ်သည်။
ပေါင်ကျင်း နှုတ်ပိတ်နေမှာကိုတော့ ရှဲ့ဖင်းကန်း စိုးရိမ်နေခဲ့၏။ သူ့ရဲ့လက်ထဲမှာသာ သူ့အမျိုးတွေရှိနေဆိုရင် စစ်မေးရတာ ပိုပြီး လွယ်ကူသွားလိမ့်မည်။
နှစ်နာရီကျော်ကြာပြီးနောက် ချီဟွိုက်ကို မှုခင်းစီရင်ရေးဌာနဆီ ဖမ်းခေါ်လာနိုင်ခဲ့သည်။
ချီဟွိုက်တစ်ယောက် ဆွံ့အနေမိ၏။
သူ ကျောင်းတော်ကနေအိမ်ကို ပြန်ရောက်လာရုံရှိသေး အဖမ်းခံခဲ့ရသည်။
နောက်ပြီး လာဖမ်းတဲ့သူတွေကလည်း မှုခင်းစီရင်ရေးဌာနကတဲ့လေ!
အခုအချိန်၌ သူရဲ မျက်နှာမှာ ဖြူဖျော့နေခဲ့သည်။
သူ ကြောက်လည်းကြောက်နေမိ၏။ ရှဲ့ဖင်းကန်းရဲ့ သတ်တော့ဖြတ်တော့မည့် မျက်နှာကို မြင်လိုင်ရသည့်အခါ ပို၍ပင် တုန်လှုပ်သွားမိသည်။ ကျောင်းတော်မှာတုန်းကလိုမျိူး ယုံကြည်ချက်ရှိမနေတော့။ “ခင်-ခင်ဗျား ဘာလို့ ကျွန်တော့်ကိုဖမ်းတာလဲ”
“ သေချာတာကတော့ မင်းနဲ့ လက်ဖက်ရည်လေးသောက်ရင်း စကားစမြည်ပြောဖို့မဟုတ်ဘူး” ရှဲ့ဖင်းကန်းက တခစ်ခစ်နှင့်ရယ်လိုက်၏။ “မင်း ငါ့ကို အမှန်အတိုင်းပြော၊ ငွေမှုန့်အကြောင်း မင်းသိထားလား”
ချီဟွိုက်ရဲ့ ရင်ထဲဒိတ်ခနဲဖြစ်သွားခဲ့ကာ နံရံပေါ်မှာ ချိတ်ထားတဲ့ ညှင်းပန်နှိပ်စက်သည့်ကိရိယာများကို ကြည့်ပြီး တံတွေးမျိုချမိလိုက်၏။
“ ကျွန်- ကျွန်တော်သိတာ ဆိုလို့ အလှမ်းဝေးတဲ့
ဆွေမျိုးတစ်ယောက်ကနေ ကျွန်တော်ကြည့်ဖို့ဆိုပြီး ကြည့်ကောင်းတဲ့ မြွေသေးသေးလေးတွေကို ဖမ်းပေးခဲ့တာပဲရှိတယ်။ သူတို့က ကျွန်တော်အကိုက်ခံရမှာစိုးလို့.. ပုလင်းနှစ်ခု ပို့ပေးခဲ့တယ်..”
၎င်းတို့က မြွေဆိပ်ကို ကုသလို့ရသည်။
“ မင်း အဲ့အကြောင်း ဘယ်သူ့ကိုပြောပြဖူးသေးလဲ” ရှဲ့ဖင်းကန်း ထပ်မေးလိုက်သည်။
ချီဟွိုက် စဉ်းစားလိုက်၍ “ ဘ-ဘယ်သူ့ကိုမှ မပြောခဲ့ဘူး”
မြွေတွေက အတော်လေးလှတယ်ဆိုတာကိုသာ တခြားသူတွေကို ပြောပြဖူးတာဖြစ်ပြီး တခြား ဘာအကြောင်းကိုမှ မပြောပြခဲ့။
“မင်း သုန့်သခင်မလေးကို ငွေမှုန့်အကြောင်း ပြောပြ
ဖူးလား” ရှဲ့ဖင်းကန်းရဲ့လေသံက ကြင်နာတဲ့ အသံမျိုး ဖြစ်နေသော်ငြား ကြားရသူအဖို့ကတော့ ထိတ်လန့်ပြီး မသက်မသာဖြစ်ချင်စရာပင်။
ချီဟွိုက်ရဲ့ စိတ်ထဲကမောက်ကမဖြစ်လို့နေကာ သူ သေသေချာချာ စဉ်းစားကြည့်ပြီးတော့မှ ဆိုလေ၏။
“ ကျွန်တော် ပြောရင်လည်းပြောပြဖူးလောက်မယ်။ အဲ့တုန်းက အိမ်မှာ မြွေတွေရှိတယ်ဆိုပြီး ပြောခဲ့တာ။ သုန့်သခင်မလေးက ကျွန်တော် တစ်ခုခုဖြစ်သွားမှာ စိတ်ပူနေတာနဲ့ ကျွန်တော်လည်း အထူးပြုလုပ်ထားတဲ့ ဆေးတွေရှိတယ်ဆိုတာရယ်၊ တော်တော်လေး ကောင်းတယ်ဆိုတာရယ်ကို ပြောလိုက်တယ်။ အဲ့ဟာက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းကို ရောက်သွားမယ်ဆိုရင် အဲ့လူကို သေစေနိုင်တယ်ဆိုပေမဲ့ အပြင်ပန်းကိုပဲ သုံးမယ်ဆို လူတစ်ယောက်ရဲ့ အသက်ကိုကယ်နိုင်တယ်တဲ့၊ အရမ်း မှော်ဆန်တာပဲ”
၎င်းက သူ့ရဲ့ အမျိုးဝေးဆွေမျိုးကနေ ပြောပြခဲ့တာဖြစ်၏။ ဒီဆေးကို လုံးဝ မသောက်သင့်ဘူးဆိုတာကိုလည်း ပြောသွားသည်။ သူသာသောက်မိလျှင် သေရပေလိမ့်မည်။
ရှဲ့ဖင်းကန်း ပြုံးကာ အတော်လေးကျေနပ်သွားခဲ့သည်။
“ မင်း အခု ပြန်လို့ရပြီ”
“ ခင်_ခင်ဗျား ဘာကိုဆိုလိုချင်တာလဲ။ သုန့်သခင်မလေး ဘာဖြစ်လို့လဲ? သူ့ကိုရော ဖမ်းမလို့လား။ မှုခင်းစီရင်ရဌာနက ဘာလို့ အလုပ်တွေကို အလောတကြီးနဲ့ လုပ်နေရတာလဲ။ သူက သခင်မလေးတစ်ယောက်လေ၊ သူ့ကိုသာ ဖမ်းပြီး ဒီကိုခေါ်လာခဲ့မယ်ဆိုရင် သူ့သိက္ခာကျသွားမယ်လေ”
ချီဟွိုက် ဒေါသထွက်သွား၏။
“ ငါမေးဖို့လိုတဲ့ မေးခွန်အကုန်မေးပြီးသွားပြီ။ ဒီမှာ လက်ဗွေနှိပ်သွားလိုက်။ မင်းကို နောက်ပိုင်း ရှာချင် ရှာရဦးမယ်၊ အဲ့တော့မှ ထပ်ပြောကြတာပေါ့”
ရှဲ့ဖင်းကန်းကတော့ တည်ငြိမ်နေဆဲ။
ချီဟွိုက်ကြည့်ကြည့်လိုက်၏။ ခုနက သူပြောခဲ့သမျှ စကားတိုင်းကို စာရွက်ပေါ်မှာ မှတ်တမ်းတင်ထား၏။ သူရဲ့ သက်သေထွက်ဆိုချက် ဖြစ်လောက်သည်။
သူ မှုခင်းစီရင်ရေးဌာနကို မခုခံရဲတာကြောင့် လိမ်လိမ်မာမာနှင့်ပူးပေါင်းကာ လက်ဗွေနှိပ်လိုက်၏။
သို့သော် သူ အဆင်တော့ပြေမနေခဲ့ချေ။
•••••