ဥပဒေကင်းမဲ့နေသော
Vol. 41 Ch. 798
ချီဟွိုက်သည် လက်ဗွေနှိပ်လိုက်ပြီဖြစ်၍ ရှဲ့ဖင်းကန်းလည်း အနှောင့်အယှက်ပေးမနေတော့။ ချီဟွိုက်အား ညှာတာထောက်ထားမှုမရှိ အပြင်ကိုပစ်လိုက်ဖို့ သူ့လူတွေကို အမိန့်ပေးလိုက်သည်။
တစ်ဖက်တွင်တော့ ပေါင်ကျင်းမှာ ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းခံနေရ၏။
သူ့ရဲ့ မိသားစုဝင်များကတော့ အပြစ်ပေးတာ မခံရသည့်တိုင် စစ်မေးခြင်းတော့ခံရဦးမည်ပင်။
သူ့မိဘနဲ့ ဇနီးကို ဒီအကြောင်း ပြောပြထားလောက်သည်။
ပေါင်ကျင်းသည် လုံးဝနှုတ်ပိတ်ပြီးတော့ မနေခဲ့။
သူ အပြစ်ပေးမခံရခင် ကိစ္စအလုံးစုံးကို ဝန်ခံခဲ့၏။
“ ပထမသခင်မလေးပါ! လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ပထမသခင်မလေးက ကျွန်တော့်ကို ခေါ်ခဲ့တယ်။ သူ-သူပြောတာ ချီမိသားစုက လက်ဖက်ခြောက်ကုန်သည်တစ်ယောက်က တခြားနေရာကနေ ပစ္စည်းကောင်းတွေ အများကြီးဝယ်လာတယ်တဲ့။ ကျွန်တော့်ကို သွားကြည့်ခိုင်းပြီးတော့ အိမ်ကို တချို့တလေ ဝယ်လာခဲ့ဖို့ ပြောပါတယ်။ နောက်တော့.. ငွေမှုန့်အကြောင်းပြောပြီး…. တိတ်တဆိတ် ဝယ်လို့ရမယ့် နည်းလမ်း ရှာခိုင်းတယ်… အရင်တုန်းကလည်း ကျွန်တော်က အဲ့ကုန်သည်ဆီကနေ လက်ဖက်ခြောက်တွေ အလှတိုးစေတဲ့ဆေးဖက်ဝင်တွေကို ပုံမှန်ဝယ်လေ့ရှိတော့.. အဲ့အချိန်တုန်းက… သိပ်ပြီး မတွေးမိခဲ့တာပါ!”
သူ ဝယ်ပြီသွားတော့မှ ငွေမှုန့်က ဘယ်လိုအရာမျိုးလဲဆိုတာကို သိခဲ့ရတာ!
အဲ့တုန်းက ပထမသခင်မလေးသုန့် ဘာလို့ အဲ့ငွေမှုန့်ကို ဝယ်ရလဲဆိုတာကို နားမလည်နိုင်ခဲ့။
အိမ်မှာ အဆိပ်ရှိတဲ့ မြွေတို့ ၊ပိုးကောင်တို့မှ မရှိတာ၊ အသုံးမဝင်ဘူး မဟုတ်လား?
ဒုတိယသခင်မလေး သုန့် သေသွားတဲ့အချိန်ထိ သူပထမသခင်မလေးကို မတွေးမိခဲ့သေး။
၎င်းဟာ… အိမ်ရှေ့စံမင်းသားက နန်းတွင်းသမားတော်ကို ခေါ်လာပြီး ငွေမှုန့်အကြောင်း ရှာတွေ့သွားတဲ့အချိန်ထိ။
အဲ့အချိန်ကျတော့မှာသာ သူ သဘောပေါက်သွားခဲ့တော့သည်။
သူ အင်မတန်ကိုမှ ကြောက်နေခဲ့မိ၏။ အကြီးဆုံးသခင်မလေးက သူ့ကို နှုတ်ပိတ်ပစ်မှာ၊ ဒါမှမဟုတ်
တစ်ယောက်ယောက်က ဒီအကြောင်း ရှာတွေ့သွားမှာကို စိုးရိမ်နေခဲ့ရသည်။ သို့သော်လည်း သူက အစေခံမိသားစုရဲ့ သားတစ်ယောက်ဖြစ်နေတဲ့အပြင် ကျွန်ဖြစ်ကြောင်း မှတ်တမ်းလည်း ရှိနေလေရာ ဘယ်နေရာကိုမှ ထွက်ပြေးလို့မရခဲ့။ သူ့အဲ့နှစ်ရက်က စားလို့လည်း မဝင်သလို အိပ်လိုလည်း မပျော်ခဲ့ပေ!
နဂိုကတည်းက စိတ်ပိုင်းဆိုင်ရာ ညှင်းဆဲနေရပြီးဖြစ်၍ အခုလို နှိပ်စက်သည့်ကိရိယာများကို မြင်ရသည့်အခါ ပို၍ပင် ကြောက်လန့်နေရပြီး စကားတောင် ဖြောင့်ဖြောင့်မပြောနိုင်တော့ချေ။
ပေါင်ကျင်းလည်း လက်ဗွေနှိပ်ပြီးသွားပြီဖြစ်၍ နောက်ထပ် သက်သေထွက်ဆိုချက်တစ်ခု ရရန်အတွက် ရှဲ့ဖင်းကန်းသည် သူ့လူများအား လှည့်လည်သွားလာနေတဲ့ သမားတော်ကို ရှာခိုင်းလိုက်၏။
ယခင်က သူသာ သုန့်အိမ်တော်မှာ တန်းပြီးစုံစမ်းစစ်ဆေးခဲ့မယ်ဆိုလျှင် သုန့်သခင်ကြီးက ဝင်စွက်
ဖက်နေတာနှင့် အခုလိုမျိုး သက်သေထွက်ဆိုချက်တွေကို ရမှာမဟုတ်သလို အမှုကိုလည်း ပိတ်လိုက်ရမှာပင်။
အဲ့ သုန့်သခင်ကြီးက စုံစမ်းရေးတစ်လျှောက်လုံး အကြိမ်ကြိမ် တိုက်ခိုက်နေမှာ!
သုန့်သခင်ကြီးသည် မှုခင်းစီရင်ရေးဌာနကလူတွေ လာပြီး သူ့ရဲ့အစေခံကိုဖမ်းပြီး ထွက်သွားတာ သိလိုက်ရ၏။
သူ အိမ်ထဲမှာ ဖရိုဖရဲဖြစ်နေလေသည်။
အဲ့ ရှဲ့ဖင်းကန်းက ဘာဖြစ်ချင်နေတာလဲ?! သူ့ကို ပစ်မှတ်ထားနေတာလား။ ငွေမှုန့်ကို သုံးတယ်ဆိုရင်တောင် သူ့သမီးက သေကြောင်းကြံသွားခဲ့တာလေ၊ သုန့်မိသားစု သိက္ခာကျပြီး ဘယ်သူ့ကိုမှ မျက်နှာမပြရဲလောက်တဲ့ထိ လူတိုင်းသိအောင် လုပ်နေတာပဲ!
မိသားစုအတွင်းရေး မကောင်းသတင်းများသည် အပြင်ကို ပျံ့သွားလို့မဖြစ်။
သုန့်သခင်ကြီးတစ်ယောက် ဒေါသလည်းထွက် စိတ်လည်း ပူနေ၏။
သူ့သမီးကြီးရဲ့ အခြေနေမှာလည်း သိပ်ပြီး တိုးတက်မှုမရှိသေး။ အရင်ကလောက် ခေါင်းကိုက် ဝေဒနာ မခံစားရတော့သော်လည်း သူမမျက်နှာက ထိတ်လန့်စရာကောင်းလောက်အောင်ကို ဖြူစုတ်နေခဲ့သည်။ တစ်ချိန်လုံး တုန်လှုပ်ခြောက်ခြားနေရှာကာ အင်မတန် သနားစရာကောင်းလှပေသည်။
ထို့ထက်ပိုပြီး သနားကောင်းသည့်အရာ ရောက်လာပေတော့မည်။
နောက်တစ်နေ့ နံနက်ခင်း၌ မှုခင်းစီရင်ရေးဌာနက
နေ လူများ ထပ်ရောက်လာပြန်၏။ ဒီတစ်ခေါက်တော့ အစေခံကို ဖမ်းဆီးတာ မဟုတ်တော့ဘဲ သူ့ရဲ့ နေမကောင်းဖြစ်နေတဲ့ သမီးကို ဖမ်းဖို့ ရောက်လာဲ့ခကြခြင်းပင်။ ဒါတင်မက သူမရဲ့ အိပ်ခန်းကိုပါ ရှာဖွေချင်နေကြသည်!
“ ရှဲ့ဖင်းကန်း၊ ငါ့မိသားစုက မင်းနဲ့ ရန်ငြိုးတွေများ ရှိနေလို့လား။ မင်း လွန်နေပြီ!” သုန့်သခင်ကြီးတစ်ယောက် ဒေါသအထွက်လွန်ပြီး သူ့တစ်ကိုယ်လုံးပင် တဆက်ဆက် တုန်နေလျက်။
သူ့လို တတိယအဆင့် အမတ်တစ်ယောက်က ရှဲ့ဖင်းကန်းလို အဆင့်ခြောက် အရာရှိတစ်ယောက်ဆီကနေ စော်ကားခံနေရတယ်!
သူ့ရဲ့ အိမ်တော်ထဲကို ရှဲ့ဖင်းကန်း ဝင်ထွက်နေလိုက်တာများ သူ့စိတ်တိုင်းကျ! ဥပဒေမဲ့ချက်ကတော့!
“ သုန့်သခင်ကြီး၊ စိတ်မပူပါနဲ့၊ ကျုပ်က ခင်ဗျားရဲ့ဒုတိယသမီးအတွက် တရားမျှတမှုကို ရှာပေးနေတာ၊ ကြည့်ပါလား၊ သက်သေထွက်ဆိုချက်တွေ ၊ ဒီသက်သေတွေအကုန်လုံးက ခင်ဗျားရဲ့ ဒုတိယသမီးကို ဆေးခတ်ခဲ့တဲ့သူက ပထမသခင်မလေးဆိုတာကို ဖော်ပြနေတယ်။ မှုခင်းစီရင်ရေးဌာနကို တင်ပြလာတဲ့ ဘယ်အမှုမဆို ရလဒ်တစ်ခုကတော့ ရှိကိုရှိရမယ်လေ!”
ထို့နောက် ရှဲ့ဖင်းကန်းကနေ၍ “သူ့ကို ဆွဲထုတ်သွားကြ”
“ ငါ့ကို မဖမ်းကြနဲ့! ငါ မလုပ်ဘူး! ထွက်သွားစမ်း၊ ငါက ကြင်ရာတော်မင်းသမီးနော်၊ ဘယ်သူ ငါ့ကို ထိရဲလဲ” သုန့်ရှီးယွင်တစ်ယောက် အော်ဟစ်ပြောဆိုနေသည်မှာ စိတ်မနှံ့သည် အမျိုးသမီးတစ်ယောက်ပမာ။
သုန့်သခင်ကြီးမှာ ရှဲ့ဖင်းကန်းရဲ့ စကားများကြောင့် ကြက်သေသေသွားရသည်။
လူသတ်သမားက… သူ့သမီးတဲ့လား?
မဖြစ်နိုင်တာ!
ရှီးအာက သူ့ညီမကို သတ်စရာ ဘာ အကြောင်းရှိလို့လဲ?!
သူ့ဇနီးဆိုရင်တောင် ဖြစ်နိုင်တယ်လို့ ထင်ဦးမယ်! နောက်ပြီး သူတို့က သားအမိအရင်းတွေမှ မဟုတ်တာ။ ပဋိပက္ခတွေတော့ ရှိနိုင်တာပဲ… ဒါပေမဲ့ ရှီးအာမှာတော့ အဲ့လိုလုပ်စရာ အကြောင်းရှိမနေဘူးလေ!
•••••