← Chapters

ဆိုးရွားနေသည့်ကံ

Vol. 41 Ch. 799

ဆိုးရွားနေသည့်ကံ

Vol. 41 Ch. 799

သုန့်သခင်ကြီး ကြက်သေသေနေမိချိန်၌ ရှဲ့ဖင်းကန်းသည် သုန့်ရှီးယွင်အား အခန်းထဲကနေဆွဲထုတ်သွားခဲ့ပြီး အခန်းကိုရှာဖွေခိုင်းခဲ့၏။

သေတ္တာများ၊ အလှပြင်ပစ္စည်းများ၊ ပုလင်းများ၊ ကရားများ။ အားလုံးကို ရှာဖွေခဲ့ကြ၏။

ငွေမှုန့်သည် ရရှိဖို့မလွယ်သည့် ပစွည်းတစ်မျိုး ဖြစ်သလို လူတွေကို အိပ်မွေ့ချသလိုမိန်းမောနေစေရာကနေ သေတောင် သေစေနိုင်သည့်အထိ အန္တရာယ်ပေးနိုင်သည့် အရာဖြစ်၏။ သို့သော်၊ ထိုငွေမှုန့်က အင်မတန် အသုံးဝင်တာကြောင့် သုန့်ရှီးယွင် လွှင့်ပစ်လိုက်မှာ မဟုတ်ချေ။

ဒါတင်မက သုန့်ရှီးယွင်သည် သူမလို လူကုံထံမိသားစုက သမီးတစ်ယောက်သည် ရှာဖွေစစ်ဆေး

ခြင်းခံရလောက်မှာ မဟုတ်ဟု ထင်ကောင်းထင်နိုင်လောက်၏။

အခန်းထဲကရှိရှိသမျှ ပစ္စည်းတိုင်း ကျွမ်းထိုးမှောက်ခို ဖြစ်သွားရသည်။

သူတို့ ဆေးတချို့ အမှန်ပင်ရှာတွေ့ခဲ့ကြ၏။

ရှဲ့ဖင်းကန်းသည် နန်းတွင်းသမားတော်နှင့် ရှဲ့ချောင်ကို ခေါ်လာခဲ့သည်။

နန်းတွင်းသမားတော်က အရှေ့ကိုထွက်ပြီး ထိုဆေးလုံးများကို စစ်ဆေးကြည့်လိုက်သည်။

“ ဒီဘူးထဲက ဆေးလုံးတွေက ငွေမှုန့်တွေ.. တော်ဝောာ်လေးများတယ်.. နောက်ပြီး ဒီပုလင်းအသေးလေးထဲက ဟာ‌တွေကကျတော့.. လူတွေကိုယားယံပြီး အဖုအပိမ့်တွေ ထွက်လာတဲ့ဆေးတွေ..”

ထိုစကားများကို ပြောလိုက်သည်နှင့် သုန့်ရှီးယွင်ရဲ့ တစ်ကိုယ်လုံး ပျော့ခွေကျသွားတော့သည်။

တစ်ခဏအကြာ၌ သုန့်ရှီးယွင်တစ်ယောက် သူမအဖေအား ကပျာကယာနဲ့ ကြည့်၍ “ အဖေ! အဖေ သမီးကို ကယ်ပါဦး! သမီး လုပ်တာ မဟုတ်ဘူး! အဒေါ် အဒေါ် သမီးကို ကယ်ပါဦး!”

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ! မဖြစ်နိုင်ဘူး!

သူမ အံ့ဩစရာကောင်းတဲ့ အလုပ်ကိုလုပ်ခဲ့တာ၊ တွေ့လိုက်တဲ့သူလည်း တစ်ယောက်မှ မရှိဘူးလေ။ သူမညီမလေးကလည်း သေကြောင်းကြံသွားပြီ၊ သူမ မိသားစုကလည်း ဒီကိစ္စကို အဆုံးသတ်လိုက်ပြီးနေပြီးကို!

ဘာလို့လဲ!

ရှဲ့ဖင်းကန်းက ဘာလို့ အိမ်ထဲ အတင်းဝင်လာရတာလဲ? အဲ့နေ့က သူသာ နာရီပိုင်းလောက်နောက်ကျပြီးမှဝင်လာရင်တောင် သူမ ညီမကို အခေါင်းထဲ ထည့်ပြီးနေလောက်ပြီ။ ဘာလို့ ဒီလောက်တောင်တိုက်ဆိုင်သွားရတာလဲ?

သူမ ဆိုးဆိုးရွားရွားကြီးကို ကံဆိုးနေတာဟု သုန့်ရှီးယွင် ထင်လိုက်မိသည်။

မိသားစုတိုင်းမှာ ကလေးတစ်ယောက် သေသွားတယ်ဆိုတာတော့ ရှိနေတတ်တာ၊ အိမ်တော်အတွင်းက တိုက်ခိုက်မှုတွေက ငြင်းပယ်လို့မှ မရနိုင်တဲ့ဟာကို!

ဒါပေမဲ့ တခြားသူတွေရဲ့အိမ်ဆိုလို့ကတော့ မှုခင်း

စီရင်ရေးဌာနက ဘယ်သူကမှ ဝင်ရောက်စွက်ဖက်တာမျိုး မရှိဘူး, အိမ်ရှေ့စံမင်းသားရဲ့ ပစ်မှတ်ထားခံရတာမျိုးဆိုရင် ပိုလို့တောင်နည်းသေး!

မှုခင်းစီရင်ရေးဌာနက လူတွေနဲ့ အိမ်ရှေ့စံမင်းသားသာ ရောက်ချမလာခဲ့ရင် သူမ ကြင်ရာတော်မင်းသမီးတစ်ယောက် ဖြစ်လာနိုင်သေးတယ်! ထင်ပေါ်ကျော်ကြားနိုင်သေးတယ်!

ကောင်းကင်ဘုံကြီးက ဘာလို့သူမကို မကူညီရတာလဲ။ သူမက ဘက်ပေါင်းစုံမှာ ထူးချွန်တဲ့သူ၊ ငယ်ငယ်လေးကတည်းက အရာအားလုံးကို သေသေချာချာ အစီအစဉ် ဆွဲထားခဲ့ရတာလေ! ဘာလို့ ရှဲ့ချောင်က ပေါ်လာပြီး သူမနဲ့ ယှဉ်ပြိုင်နေရတာလဲ၊ ဘာလို့ သူမကို အဘက်ဘက်ကနေ နှိပ်ကွပ်ထားရတာလဲ?! ဘာလို့ ရှဲ့မိသားစုပေါ်လာပြီး သူမအားထုတ်ထားရသမျှ အကုန် သဲထဲရေသွန်ဖြစ်သွားရအောင် လုပ်ရတာလဲ?!

သူမကိုယ်သူမ သောင်းကျန်းတဲ့သူ၊ မိုက်ရူးရဲဆန်တဲ့သူဟု တစ်ခါမှမတွေးခဲ့ဖူး! တစ်စုံတစ်ယောက်ကသာ သူမအပေါ် မကောင်းတဲ့ ရည်ရွယ်ချက်ရှိနေတာဟုပဲ တွေးခဲ့သည်။

တကယ်တော့….

စုန်းမမော့သာ သူမကို နေမကောင်းဖြစ်အောင်လုပ်ပြီး ပြုစားခဲ့တာ မဟုတ်လျှင် သူမအဖေ မိသားစုပြဿနာတွေကို အာရုံသိပ်မစိုက်တဲ့အချိန်၌ ပေါင်ကျင်းလိုလူမျိုးတွေကို သူမ ရှင်းထုတ်ပစ်ပြီးနေလောက်လေပြီ…။

သူမကို ရှောင်ထွက်နိုင်မယ့် အခွင့်အရေးလေးတောင် မပေးခဲ့ကြဘူး!

“ မင်း…” သုန့်သခင်ကြီး ပြောစရာစကား ပျောက်ဆုံးနေခဲ့၏။

ဒေါသ၊ နောင်တ၊ စိုးရိမ်မှုတို့က သူ့ရဲ့ ခေါင်းထဲမှာ ပြည့်နေလျက်။ သူ့ရဲ့ ရင်ဘတ်ထဲ အသက်ရှုကျပ်လာတာကိုသာ ခံစားနေရသည်။ ရုတ်တရက်၊ သူ့ပါးစပ်ကနေ သွေးအန်ထွက်လာတော့သည်။

သူ အမြဲတမ်းဂုဏ်ယူနေခဲ့ရတဲ့ သူ့သမီးက… တခြားသမီးတစ်ယောက်ကို သတ်တဲ့ လူသတ်သမားတဲ့လား!

အစ်မက ညီမကို ပြန်သတ်တယ်! သူသေရင် သူ့ရဲ့ပထမဇနီးကို ဘယ်လိုမျက်နာပြရတော့မှာလဲ?!

ဤအမှုကို ဖြေရှင်းပြီးသွားသည်နှင့် သူ့သမီးကို ဂရုစိုက်‌ဖို့ ပေါ့လျော့ခဲ့တဲ့အတွက် သူ အပြစ်ပေးခံရမည်ပေ။ နောက်ထပ် နှစ်‌တွေ ဘယ်လောက်များကြာ‌တော့မှ မြို့တော်မှာ သူ နောက်တစ်ကြိမ် ပြန်ဦးမော့လာနိုင်မလဲဆိုတာ မသိနိုင်ပေ။

ရယ်စရာကောင်းသည်က သူဒီနှစ်ရက်စလုံး သူ့ရဲ့ဒုတိယဇနီးကို ရက်စက်တဲ့သူတစ်ယောက်ဆိုပြီး အပြစ်တင်နေခဲ့တာပင်။ အခု သူ ပြန်တွေးကြည့်မိသည့်အခါ သူမျက်နှာကို ဖျက်ရိုက်လိုက်သလိုမျိုး၊ နာကျင်လှ၏။

ဤ အခိုက်အတန့်၌ သူ့အကြွေးဆပ်စရာရှိတာကို ဖျက်ပြီး သူ့သမီးရဲ့ဂုဏ်သတင်းကို ကာကွယ်ချင်ခဲ့ပေမဲ့လည်း ဒီလိုငြင်းမရနိုင်တဲ့ သက်သေတွေရှိနေမှတော့ သူဘယ်လိုများ ကာကွယ်ပေးနိုင်တော့မည်နည်း။

သူသာ အရှက်မရှိငြင်းလိုက်၍ သူ့သမီးသာ ဖမ်းခေါ်ခံသွားရလျှင် သူ့ရဲ့ ဂုဏ်သတင်းက ပျက်ဆီးသွားမည်ပေ။

သုန့်သခင်ကြီးမှာ မူးနောက်နောက် ဖြစ်လာတာ

ကြောင့် အိမ်တော်ထိန်းက တွဲထားပေးရသည်။

“ မင်း– ရက်စက်တဲ့ဟာမ! ဒီလိုနေ့မျိုး ရောက်လာမယ်မှန်းသာသိခဲ့ရင် နင့်အ‌ဒေါ်ကို ပျိုးထောင်းခိုင်းခဲ့မှာ မဟုတ်ဘူး။ အဲဒီ အယုတ်တမာမ လုပ်လို့ အခုလို အမှားအမှန် မခွဲနိုင်တော့ဘဲ ကိုယ့်မိသားစုဝင်ကိုယ် ပြန်သတ်တာ! နင် အခုကစပြီး ငါ့သမီး မဟုတ်တော့ဘူး”

အဒေါ်တန့်မှာ ဆွံ့အသွားရသည်။

သူမနဲ့ ဘာဆိုင်နေလို့လဲ?! ပုံမှန်ဆို သုန့်ရှီးယွင်ကို တိုက်တွန်းတာမျိုး လုပ်တတ်တာမှန်ပေမဲ့ ဒီလူသတ်တဲ့ကိစ္စကတော့ သူမလည်း တကယ် မသိခဲ့ပါဘူး!

•••••

All Chapters