နောက်ထပ် ဆန္ဒမရှိတော့
Vol. 41 Ch. 800
အဒေါ်တန့်မှာ ချက်ချင်းကို ရှိုက်ကြီးတငင်ငိုကြွေးတော့သည်။ သုန့်သခင်ကြီးရဲ့ ပထမဇနီးဖြစ်သည့် သူမရဲ့ သေဆုံးသွားတဲ့ အစ်မကိုပါတမ်းတနေသေးသည်။
သုန့်သခင်ကြီးကတော့ ဒါတွေအားလုံးဟာ သူမရဲ့အမှားကြောင့်ဖြစ်ရတာလို့သာ တွေးခဲ့သည်။
ဤအပြစ်အား သူမ မခံချင်လျှင်တောင်မှ ခံရမည်!
အများအမြင်၌ ဒီအဒေါ်ဆိုသူဟာ သူရဲ့ပထမသမီးကို မကောင်းတဲ့ရည်ရွယ်ချက်ဖြင့် မြှောက်ထိုးပင့်ကော်လုပ်၍သာ သူ့သမီး လမ်းမှားရောက်သွားရတယ်ဟု ဆိုလိုက်လျှင် သုန့်မိသားစုရဲ့သိက္ခာ နည်းနည်းလောက်တော့ ကျန်နေဦးမည်ပင်!
သူ့သမီးက ရာဇဝတ်မှုကိုကျူးလွန်ဖို့ မွေးလာတဲ့သူတစ်ယောက်လို့ တခြားသူတွေကိုပြောလို့မှမရတာ!
သုန့်မိသားစုရဲ့ အိမ်တွင်းရေး ကပြောင်းကပြန်တွေ ဖြစ်ကုန်ရတာ အဲ့အဒေါ်ရဲ့ ကောက်ကျစ်စဉ်းလဲတဲ့အကြံတွေကြောင့်! ဒီပြဿနာတွေဖြစ်လာအောင်ဖန်တီးခဲ့တာ သူ့သမီး မဟုတ်ဘူး!
သို့မဟုတ်ပါက သုန့်မိသားစုဝင်တွေ သူ့ကို မုန်းတီးသွားကြလိမ့်မည်ပေ!
သူ ဒီအခြေနေကြီးကို အဖတ်ပြန်ဆယ်နိုင်ရမယ်!
နောက်ပြီး...သူ့သမီးကို ဒီကိုယ်လုပ်တော်က တကယ်ပျိုးထောင်ပေးခဲ့တာပဲလေ။ အခုသူမက ကြီးမားတဲ့အမှားတစ်ခုကို ကျူးလွန်လိုက်ပြီဆိုမှတော့ သူ( အဒေါ်တန့်) ဒီတာဝန်ကနေ ခေါင်းရှောင်ထွက်လို့မရ
ဘူး!
“ အဖေ ဘာတွေပြောနေတာလဲ! သမီးကို မကယ်တော့ဘူးလား! ညီမလေးက သူ့ဟာသူ လက်မထပ်ချင်လို့ သတ်သေသွားတာလေ၊ သမီးနဲ့ ဘာဆိုင်လို့လဲ!” သုန့်ရှီးယွင်မှာ အကြောက်အကန် ရုန်းကန်ပြီး သုန့်သခင်ကြီးဆီ ပြေးသွားချင်းနေ၏။
သို့သော် သူမခြေလှမ်းလိုက်သည်နှင့် တစ်ချိန်လုံး ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည့် မကောင်းဆိုးဝါးဝိဉာဉ်က သူမမျက်စိရှေ့တည့်တည့်ကနေ ပေါ်လာတော့သည်။
“ အားးးး!” သူမ ခြေထောက်နဲ့ လက်တို့ကို ခါယမ်းရင်း ဘေးကိုလဲကျသွားခဲ့ကာ ခေါင်းကိုဝှက်လို့ထား၏။
“ ငါ မဟုတ်ဘူး! ငါ လုပ်တာမဟုတ်ဘူး!”
“ ဒါတွေအကုန် နင့်အမှား၊ စတုတ္ထမင်းသားကို ငါနဲ့ ပြိုင်လုချင်နေလို့ ဖြစ်ရတာ။ နင်မသိသင့်တဲ့အရာတွေကို သိသွားတာလေ။ နင်ကိုယ်တိုင်ပဲ ဒီလိုဖြစ်အောင်လုပ်ခဲ့တာ၊ ငါနဲ့ဘာမှမဆိုင်ဘူး!”
“ နင်ဘာလို့ ငါ့ကိုဆန့်ကျင်လဲ… နင်သာ အဲ့သခင်မလေးဘက်မှာ မနေခဲ့ဘူးဆိုရင်၊ ငါလည်း နင့်ကို ဒုက္ခပေးခဲ့မှာမဟုတ်ဘူး”
သုန့်သခင်ကြီးမှာ သူမပြောနေတဲ့စကားများကို နားမလည်နိုင်ခဲ့။
အဲဒီ သခင်မလေးဆိုတာဘယ်သူလဲ?
သူ အဒေါ်တန့်အား ကြည့်လိုက်ပြီးတဲ့နောက် ရုတ်တရက် သဘောပေါက်သွားခဲ့လေသည်။
သူရဲ့ ပထမဇနီးကွယ်လွန်ပြီးနောက်ပိုင်း သူ့ရဲ့ သမီးတစ်ယောက်က အဒေါ်တန့်နောက်ကို လိုက်ခဲ့သလိုတခြားတစ်ယောက်က သူ့ရဲ့ ကိုယ်လုပ်တော်နောက်ကို လိုက်ခဲ့၏။ ဒုတိယသမီးက သစ္စာဖောက်တစ်ယောက်ဖြစ်ပြီး သူမရဲ့ မွေးမိခင်ကိုတောင် မေ့ပစ်တဲ့သူဟု သူ့ကိုယ်လုပ်တော်ကနေ ဆက်တိုက်ပြောနေခဲ့ဖူးတာကြောင့် သုန့်သခင်ကြီးရဲ့ နှလုံးသားထဲ မကျေမချမ်းမှုများနှင့် ပြည့်ခဲ့ရသေးသည်။
သူ အရမ်းနောင်တာရမိတယ်!
ရှဲ့ဖင်းကန်းသည် အနှီသခင်မလေးရဲ့ဗျာများနေတဲ့ ပုံကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။
ဆရာမမော့က သူ့မရဲ့မျက်ခွံပေါ် နွားမျက်ရည်တွေနဲ့ သုတ်ခဲ့တယ်ဆိုတာကို သူသိထားသည်။ သူ ဒီကိုလာတဲ့အချိန်က သူမ ပြောပြခဲ့တာပင်။
ဒါပေမဲ့….
ဒီသခင်မလေးက မကောင်းဆိုးဝါးဝိဉာဉ်တချို့လောက်ကို မြင်ရုံပဲမဟုတ်လား။ ဒီလိုမျိုး ဖြစ်နေစရာလို့လို့လား။
သူ့ညီမနဲ့ ဆရာမမော့ဆိုရင် မကောင်းဆိုးဝါးဝိဉာဉ်တွေကို နေ့တိုင်းမြင်နေရတာ၊ သူတို့သာ သူမလိုဆိုရင် အစောကြီးကတည်း အကြောက်လွန်ပြီး သေနေလောက်ပြီ!
တကယ် ကြောက်တတ်တဲ့သူပဲ…
သို့သော် ရှဲ့ဖင်းကန်း၏ စိတ်ထဲ၌ မသက်မသာခံသားနေရ၏။
မိန်းကလေးတွေ အကုန်ဒီလိုပါပဲလား။ သူ့ရှေ့မှာ ရှိနေဆဲ သူကိုပဲကြည့်။ အဲ့လောက်ကြီး ပြင်းထန်နေတာမျိုး မဟုတ်ပေမဲ့ သူမက ဝိဉာဉ်တစ်ကောင်လိုငိုယိုပြီး မြေခွေးတစ်ကောင်လို အော်ဟစ်နေတာ. ဒါပေမဲ့ သူ့ညီမကတော့ သူ့ရင်ထဲ တလှပ်လှပ်ဖြစ်လာတဲ့အထိ လန့်နေတာတောင် အသံတစ်သံမထွက်ဘူး…
သူ့ညီမက တကယ် သနားစရာကောင်းတာပဲ!
ရှဲ့ဖင်းကန်းက သူ့အလုပ်သူလုပ်နေတဲ့အချိန်၊ ရှဲ့ချောင် နှုတ်ဆိတ်၍သာ နေနေခဲ့သည်။
ထိုစဉ် သုန့်ရှီးယွင်ကတော့ မြေကြီးပေါ်မှာ ငိုနေလျက်။ မကျေမနပ်ချက်တွေ တဖြည်းဖြည်းပျောက်ကွယ်နေတဲ့ မကောင်းဆိုးဝါးဝိဉာဉ်ကို ရှဲ့ချောင်ကြည့်လိုက်ပြီးနောက် သူမ သုန့်ရှီးယွင်ကို စကားဆိုလိုက်၏။ “နင့်ညီမက ပြောတယ်၊ သူ ပြောသမျှအားလုံးက အမှန်တွေချည်းပဲ၊ အလိမ်အညာ
တစ်ခုမှမပါဘူးတဲ့။ သူနင့်ကို အခွင့်အရေးပေးပြီးတော့ နင့်ရဲ့ လျှို့ဝှက်ချက်တွေကို တစ်သက်လုံးသိမ်းထားပေးဖို့ ဆုံးဖြတ်ခဲ့ပေမဲ့၊ နင် သူ့ကိုမယုံခဲ့ဘူး.. အခု နင်ခံစားနေရတာတွေက...နင်နဲ့ ထိုက်တန်တယ်..”
သုန့်ရှီးယွင် ရုတ်တရက်ခေါင်းမော့လာကာ သူမကို စိုက်ကြည့်လိုက်၏။
အမှန်တွေ..
ဟမ့်၊ အကုန်အမှန်တွေတဲ့လား?
မယုံဘူး၊ သူ့ညီမကို အခုချိန်ထိမယုံနိုင်သေးဘူး!
ရှဲ့ချောင် အဆောင်စာရွက်တစ်ရွက်ကို ကောက်ယူပြီး လေထဲမှာလွင့်မျောနေတဲ့ သုန့်ယိယွင်ကို ကြည့်
လိုက်၏။
“ နင့်မှာ နောက်ဆုံးဆန္ဒရှိသေးလား”
“ အစ်ကိုရှဲ့..” သုန့်ယိယွင်သည် ရှဲ့ဖင်းကန်းကို ကြည့်နေကာ သူမရဲ့ မျက်လုံးထက်ကနေ မျက်ရည်များ စီးကျလာလေသည်။
သူမဟာ အလွန်တုံးအခဲ့ကာ ဆရာမော့ပြောတဲ့စကားကို နားမထောင်ခဲ့။ တကယ်လို့ သူမသာ နားထောင်ခဲ့မိမယ်ဆိုရင်.. နောက်သုံးနှစ်ရင် အစ်ကိုရှဲ့ကိုလက်ထပ်ဖို့ အခွင့်အရေးရှိလာနိုင်ဦးမှာ…
အခုတော့.. သူတို့နှစ်ယောက်က ကမ္ဘာနှစ်ခု ခြားသွားခဲ့ပြီးဖြစ်ကာ အတူတူရှိဖို့ ရေစက်မပါလာတော့…
သူမက အစ်ကိုရှဲ့ကို စေ့စပ်ပြီးပြီးချင်း ဇနီးလောင်းကိုဆုံးရှုံးရအောင်တောင် လုပ်ခဲ့မိသည်။ နောက်
အနာဂတ်မှာ လက်ထပ်ဖို့ ဘယ်လောက်တောင် ခက်ခဲလိုက်မလဲဆိုတာ တွေးကြည့်လို့တောင်မရ။
သူမ… မိုက်မဲခဲ့တယ်။ သူမကို မွေးပေးခဲ့တဲ့အမေ၊ သူမကို ပျိုးထောင်ပေးခဲ့တဲ့မိထွေး၊ သူမကို ကူညီပေးခဲ့တဲ့ ဆရာမမော့.. အားလုံးကို စိတ်ပျက်စေမိခဲ့တယ်။ အစ်ကိုရှဲ့ကိုဆိုရင် လေးခါတောင်မှ။ ပြင်းထန်လွန်းတဲ့ ကျရှုံးမှုကြီးကို ခံစားနေရတာပဲ..
“ ကျွန်မမှာ နောက်ထပ် ဘာဆန္ဒမှမရှိတော့ပါဘူး”
သုန့်ယိယွင်ရဲ့ အသံသည် မှေးမှိန်လို့နေကာ မျက်ရည်များဝဲနေလျက်။ သူမ ခပ်ရေးရေးလေး ပြုံးလိုက်၏။...
•••••