ယာဉ်တင် စစ်လက်နက် ကုန်ထုတ်လုပ်ငန်းဌာန
Vol. 15 Ch. 218
“ဘာရယ်စရာပါလို့လဲ”
ဟူလုရှို့က စူးရှစွာ ဟောက်လိုက်ပြီးနောက် သံလမ်းပေါ်ရှိ ရထားကို တစ်ချက်ကြည့်ကာ လင်းရှန်အား မေးငေါ့ပြလိုက်သည်။ သူက ရွှေသွားတစ်ချောင်းကို ဖော်ပြလျက် ပြုံးသည်။
“ကောင်းပြီလေ...မင်းက ရတယ်ဆို မင်းမှာ ရှိတာ အားလုံးကို ယူလာပြဖို့ ပိုကောင်းတယ်။ လိမ်ပြီး ထွက်ပြေးဖို့ စိတ်မကူးနဲ့နော်။ ဒီတစ်ကြိမ်တော့ ငါ ယဉ်ကျေးနေတာ၊ နောက်တစ်ခါကျရင် ဘယ်သူသိနိုင်မလဲ”
လင်းရှန်သည် ခေါင်းညိတ်လိုက်ပြီး ရယ်ချင်ချင်အမူအရာဖြင့် ကြီးမားသော ထရပ်ကားပေါ်မှ ရိက္ခာများကို ကြည့်လိုက်သည်။ ပြုံးရင်း သူက ပြောသည်၊
“ကောင်းပြီလေ၊ ဒါဆို ကျုပ်လည်း ခင်ဗျားကို ပစ္စည်းတွေ ဖြည့်ပေးရတော့မှာပေါ့”
ထို့နောက် သူသည် နောက်သို့ လှည့်လိုက်သည်။
“လို့ရီ၊ လုချန်၊ ရထားပေါ်တက်ပြီး ဒီကဖောက်သည်ကြီးအတွက် ပစ္စည်းတွေ တင်လိုက်ကြ”
သူ ပြောလိုက်သည်နှင့် အနန္တရထားပေါ်ရှိ လူများသည် ချက်ချင်း နားလည်သွားကြသည်။ ကီကီနှင့် ချန်ဆီရွှမ်တို့သည် ရယ်ချင်စိတ်က်ု ထိန်းထားရပြီး ရှားရှား၏ မျက်နှာသည် အောင့်ထားရသောကြောင့် နီမြန်းနေသည်။
တစ်ချိန်တည်းမှာပင် အရောင်းအဝယ် လုပ်ရန် ရောက်လာကြသော ရှင်သန်သူများသည် သိပ်ပြီး ကျေနပ်ပုံမရကြပေ။ ပုံမှန်အားဖြင့်၊ ၎င်းတို့သည် လိုအပ်သည့် ပစ္စည်းများအတွက် ပစ္စည်း အနည်းငယ်ကို အသုံးပြု၍ ပိုမိုကောင်းမွန်သော အရောင်းအဝယ်များကို ရရှိခဲ့ကြသည်။ သို့သော် အခု သူတို့သည် အရောင်းအဝယ်မှ လုံးဝ ဖယ်ထုတ်ခံလိုက်ရပြီး စိတ်ပျက် ဝမ်းနည်းနေကြသည်။ အချို့က ခေါင်းခါကာ ထွက်ခွာရန် ပြင်နေကြသည်။
ထိုမြင်ကွင်းကြောင့် လင်းရှန်သည် ရထားပေါ် မတက်မီ အော်ပြောလိုက်သည်၊၊
“ဟေး၊ အခု ချက်ချင်း မသွားကြပါနဲ့ဦး၊၊ ဒီက သူဌေးဟူကို ရောင်းပြီးရင် ခင်ဗျားတို့နဲ့ အရောင်းအဝယ် လုပ်ဦးမှာပါ”
သူ ပြောလိုက်သည့် အခိုက်အတန့်တွင် ထွက်ခွာတော့မည့် ရှင်သန်သူများသာမက ဟူလုရှို့ပါ ထိတ်လန့်သွားပြီး သူ နားကြားမှားသည်ဟု ထင်လိုက်သည်။
“ဟေ့၊ အဲဒါ ဘာကို ဆိုလိုတာလဲ၊၊ ငါ့က မင်းရဲ့ ပစ္စည်းတွေကို အကုန်ဝယ်ဖို့ မလုံလောက်ဘူးလို့ ထင်နေတာလား”
လူအုပ်၏ နောက်ဘက်တွင် ညအရိပ်ခေါင်းဆောင်ချောင်ဟုန်သည်လည်း ထိုနည်းအတိုင်းပင် တုန်လှုပ်သွားသည်။ သူ၏ အဖွဲ့ဝင်များသည် အချင်းချင်း တီးတိုးပြောဆိုနေကြပြီ ဖြစ်သည်။
သို့သော် လင်းရှန်ကမူ မတုန်မလှုပ်သွားပေ။ သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး တွက်ချက်နေဟန်ဖြင့် ခက်ခက်ခဲခဲ ပြောလိုက်သည်၊၊
“ခင်ဗျား ဘယ်လောက် ယူလာလဲဆိုတာ ကျုပ် မသေချာဘူး။ ဒီလိုဆိုရင် ဘယ်လိုလဲ…ခင်ဗျားရဲ့ ထရပ်ကားလေးနဲ့ လဲလှယ်နိုင်တဲ့ ပမာဏကို ကျုပ် ပြင်ဆင်ပေးမယ်။ မလုံလောက်ရင်တော့ နောက်မှ ပြန်သွားပြီး ထပ်ယူလာလို့ ရပါတယ်”
ဟူလုရှို့၏မျက်နှာ စိမ်းဖန့်သွားသည်။ သူ၏ ကြီးမားသော နေကာမျက်မှန်ကို အောက်ချလိုက်ပြီး စိုက်ကြည့်သည်။
“မင်းက စစ်လက်နက်စက်ရုံကို ပိုင်ထားတယ်လို့ ထင်နေတာလား ကောင်လေး၊၊ စကားလုံးတွေက ကြီးလိုက်တာ…ကောင်းပြီ…ငါ့ စခန်းမှာ ထရပ်ကားဒါဇင်နဲ့ချီ ရှိသေးတယ်။ အကုန်လုံးကို မင်း ကိုင်တွယ်နိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့”
လင်းရှန်သည် တုံ့ပြန်ခြင်းမရှိဘဲ ကီကီနှင့် ချန်ဆီရွှမ်အား အချက်ပြလိုက်ပြီး လို့ဟွာ၊ အခြားသူများနှင့်အတူ ရထားပေါ်သို့ ပြန်တက်သွားသည်။
ချန်ဆီရွှမ်သည် လက်နက်သေတ္တာ အနည်းငယ်ကို သယ်ဆောင်စေသည်။
“ဒီ သေတ္တာထဲမှာ ရှင်းဟို-၂၆ အော်တိုရိုင်ဖယ် အလက် (၂၀) ပါပါတယ်။ အကုန်ကောင်းတယ်—စစ်ဆေးကြည့်ပါ”
ဟူလုရှို့သည် ၎င်းတို့ကို ကြည့်ဖို့ပင် အားမထုတ်ဘဲ လက်ချောင်းများကို ဆတ်ခနဲ ခါလိုက်သည်။ ချက်ချင်းပင် သူ၏ လူများထဲမှ တစ်ဦးက စားပွဲနှင့် လက်ဖက်ရည်ခွက်အစုံကို သူတို့၏ ထရပ်ကားမှ ချပြီး ကျွမ်းကျင်စွာ ရှေ့တွင် ပြင်ဆင်လိုက်သည်။ ဟူလုရှို့သည် သူ၏ ထိုင်ခုံတွင် မှီထိုင်နေစဉ် သူ၏ လက်အောက်ငယ်သားများက ရိုင်ဖယ်တစ်လက်စီကို သေသေချာချာ စစ်ဆေးကြသည်။ တစ်ချိန်တည်းမှာပင် သူ၏ လူများက ၎င်းတို့၏ ထရပ်ကားမှ ရိက္ခာသေတ္တာများကို ချပြီး ချန်ဆီရွှမ်၏ ရှေ့တွင် ပုံထားကြသည်။
နှစ်ဖက်စလုံး အလုပ်လုပ်နေကြသည်။
ရိက္ခာသေတ္တာများ တစ်ခုပြီး တစ်ခုကို အနန္တရထားပေါ်သို့ တင်နေသည်ကို ကြည့်ရင်း ရှင်သန်သူအချို့မှာ လက်လျှော့ကာ ထွက်ခွာသွားကြပြီး အချို့ကမူ အကြွင်းအကျန်များကို ကောက်ယူရန် အခွင့်အရေးကို မျှော်လင့်ရင်း ကျန်နေခဲ့ကြသည်။ အချို့က ဟူလုရှို့ ပြီးဆုံးပြီးနောက် သူ့ထံမှ တိုက်ရိုက် ဝယ်ယူရန်ပင် စဉ်းစားကြသည်—အကြောင်းမှာ ရိက္ခာရှာဖွေခြင်းသည် မလွယ်ကူသလို လက်နက်များကလည်း လိုအပ်ချက်တစ်ခုဖြစ်သည်။ ဈေးနှုန်း အနည်းငယ်ပိုမြင့်သော်လည်း လက်ဗလာဖြင့် ပြန်သွားခြင်းထက် ပိုကောင်းသည်။
ဟူလုရှို့၏ နောက်တွင် ရပ်နေသော ဆံပင်နီ အမျိုးသမီးသည် သူ၏ သက်တော်စောင့်ဖြစ်ကြောင်း ထင်ရှားပေသည်၊၊ အနန္တရထား၏ အဓိကအဖွဲ့ဝင်များကို သူမ၏ ထက်ရှသော မျက်လုံးများက စူးစိုက်ကြည့်နေသည်။
သူမသည် ၎င်းတို့ထဲတွင် စွမ်းအားရှင်များ ရှိကြောင်းနှင့် အားကောင်းကြောင်း သိနေသည်။
အနန္တရထားမှ သေတ္တာ တစ်ခုပြီး တစ်ခု သယ်ချလာသည်။ အစပိုင်းတွင် ၎င်းတို့သည် ဟောင်းနွမ်းပြီး အနည်းငယ် စုတ်ပြတ်နေသော သေနတ်များဖြစ်ကြသည်။ ဟူလုရှို့၏ လူများက မကြိုက်သည့်အရာများကို ငြင်းပယ်ကြသည်။ သို့သော် မကြာမီတွင် သယ်ချလာသော ရိုင်ဖယ်များသည် သိသိသာသာ သစ်လွင်လာသည်။ လက်နက်သေတ္တာများ ကိုယ်တိုင်ကပင် အသစ်စက်စက်များ ဖြစ်နေသည်။
လက်နက်များ စစ်ဆေးသည့် တာဝန်ရှိသူသည် ပို၍ပင် မသက်မသာ ဖြစ်လာသည်။ ရိုင်ဖယ်များမှာ အသစ်ဖြစ်ရုံသာမက—လတ်လတ်ဆတ်ဆတ်များ ဖြစ်သည်။ တကယ်တော့ သူ ကိုင်လိုက်သည့်အခါ နွေးနေဆဲဖြစ်သည်...
အနန္တရထား၏ အတွင်း၌ လင်းရှန်သည် သူ၏ ထုတ်လုပ်ရေး စက်ရုံကို အရှိန်အပြည့်ဖြင့် လည်ပတ်စေကာ ရှင်းဟို-၂၆ ရိုင်ဖယ်များကို အလွယ်တကူ ထုတ်လုပ်နေသည်။ ဤသေနတ်များသည် ထုတ်လုပ်ရန် ရိုးရှင်းပြီး ပစ္စည်း အနည်းငယ်သာ လိုအပ်ကာ ပစ်အားလည်း သင့်တော်သည်—ဖုတ်ကောင်များနှင့် မြူခိုးပင့်ကူများ သို့မဟုတ် ခေါင်းသုံးလုံးမွန်းစတားများကဲ့သို့သော အဆင့်နိမ့် C-Class သတ္တဝါများအတွက် လုံလောက်ပေသည်၊၊
ပြင်းထန်သော ခြိမ်းခြောက်မှုများအတွက်ဆိုလျှင် ကြီးမားသောလက်နက်များ လိုအပ်သည်။
သို့တိုင် တစ်ဖက်က ၎င်းတို့ကို စမ်းသပ်ရန် ရှင်းရှင်းလင်းလင်း ရောက်လာသောကြောင့် အနန္တရထား၏ ပထမဆုံးအရောင်းဝယ်နေ့တွင် အရှက်ရစရာ နည်းလမ်းမရှိပေ။ ဟူလုရှို့၏ ကြီးမားသော ရိက္ခာသိုလှောင်မှုကြောင့် ၎င်းသည် ရထား၏ သိုလှောင်တွဲများကို ဖြည့်တင်းရန် အကောင်းဆုံးအခွင့်အရေး ဖြစ်သည်။
အသစ်စက်စက် ရိုင်ဖယ်သေတ္တာများ တစ်ခုပြီး တစ်ခု သယ်ချလာသည်နှင့်အမျှ ဟူလုရှို့၏ လူများသည် တိတ်ဆိတ်စွာ အလုပ်လုပ်ကြပြီး သူတို့၏ ကိုယ်ပိုင် ရိက္ခာများကို လဲလှယ်သည့်အနေဖြင့် စနစ်တကျ ပုံထားကြသည်။ ချန်ဆီရွှမ်သည် တည်ငြိမ်စွာရှိနေပြီး အရောင်းအဝယ်မှတ်တမ်းများကို ဆက်လက်ရေတွက်နေသည်။
လက်ဖက်ရည်ကို သောက်ရင်း ဟူလုရှို့သည် နောက်ဆုံးတွင် တစ်ခုခုမှားနေကြောင်း ခံစားမိလာသည်။
သေတ္တာများနှင့် ရိုင်ဖယ်များသည် လက်နက်စက်ရုံမှ ခုန်ထွက်လာပုံရနေသည်။ သို့တိုင် တစ်ခါတည်း အားလုံးကို ယူဆောင်လာခြင်းမရှိဘဲ ပုံမှန်နှုန်းဖြင့် ရောက်ရှိလာသည်—လက်ရှိအချိန်တွင် ထုတ်လုပ်နေသကဲ့သို့ ဖြစ်သည်။
ကြည့်နေသော ရှင်သန်သူများမှာလည်း အလားတူပင် အံ့အားသင့်နေကြသည်။
လူအုပ်၏ နောက်ဘက်တွင် ချောင်ဟုန်၏ မျက်လုံးများမှာ တောက်ပနေသည်။ သူသည် ရထားတွင် ဤမျှလောက် ပစ္စည်းများ သိုလှောင်ထားသည်ကို ဘယ်တုန်းကမှ မထင်ခဲ့ပေ။
“...သောက်ကျိုးနဲ—”
ဟူလုရှို့သည် အေးဆေးမနေနိုင်တော့ပေ၊၊ သူ၏ လက်ဖက်ရည်ခွက်ကို ချကာ နေကာမျက်မှန်ကို အောက်စိုက်၍ ရထားဝင်ပေါက်ကို စိုက်ကြည့်သည်။
သူတို့ သေနတ်တွေကုန်ပြီလို့ ထင်လိုက်တဲ့ အချိန်မှာပဲ နောက်ထပ် လူနှစ်ဦးက နောက်ထပ်သေတ္တာတစ်လုံးနဲ့ ပေါ်လာပြန်သည်။
ပြီးတော့ နောက်ထပ်တစ်လုံး။
ပြီးတော့ နောက်ထပ်တစ်လုံး။
အဆုံးမရှိတော့သကဲ့သို့ပင် ဖြစ်သည်။
သူ၏ ရင်ဘတ်ထဲဆို့နင့်သွားသည်။
နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူ၏ ထရပ်ကားပေါ်မှရိက္ခာများသည် သုံးပုံတစ်ပုံပင် မကျန်တော့သည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာအမူအရာ မည်းမှောင်းသွားသည်။
“ဖာ့ခ်... ဆန်းချန်၊ သူတို့မှာ ရထားတစ်စီးလုံးအပြည့် လက်နက်တွေမရှိဘူးလို့ ပြောစမ်း”
ဟူလုရှို့သည် သူ၏ နောက်ရှိ ဆံပင်နီ အမျိုးသမီးကို စကားပြောစဉ် အသံကို နှိမ့်လိုက်သည်။
ဆန်းချန်၏ အမူအရာသည် တင်းမာနေသည်။ သူတို့သည် ဤ ရထားအဖွဲ့ကို အထင်သေးခဲ့ကြောင်း သူမ သိနိုင်သည်။ ဖြည်းဖြည်းချင်း သူမက ပြန်ဖြေသည်၊၊
“ဒီ လက်နက်တွေက အရမ်းသစ်လွင်နေတယ်။ သူတို့က အဆင့်မြင့် စစ်ဘက်သိုလှောင်မှုတချို့ကို ရရှိထားတာဖြစ်ရမယ်”
ဟူလုရှို့၏ မျက်ခုံးများ တွန့်သွားသည်။
“မင်း တကယ်ပြောတာလား”
ဆန်းချန်သည် တိတ်ဆိတ်နေသည်။
သူ၏ မျက်နှာ ပို၍ပျက်သွားပြီး ကြီးမားသောရထားကို စိုးရိမ်စွာ ကြည့်ရင်း တိုးတိုးလေး ရေရွတ်သည်၊၊ “သေစမ်း... ငါ မှားသွားပြီ ထင်တယ်”
သို့သော် လက်နက်သေတ္တာများ မရပ်မနား သယ်ချခြင်းသည် ဆက်လက်ဖြစ်ပေါ်နေသည်။
ဒုန်း...
နောက်ဆုံးသေတ္တာကို ဟူလုရှို့၏လူများရှေ့တွင် ချလိုက်သည်။
စာရင်းကိုင်သော အမျိုးသားသည် သူတို့၏ ထရပ်ကားကို စစ်ဆေးရန် လှည့်လိုက်သည်—သို့သော် လုံးဝ ရှင်းလင်းသွားပြီး ၎င်းတို့၏ ယာဉ်သည် သေသပ်စွာ စီထားသော သေနတ်သေတ္တာများဖြင့် ပုံနေသည်ကို တွေ့လိုက်ရသည်။
“...ဒါပဲလား”
ချန်ဆီရွှမ်သည် သူမ၏ နောက်ဆုံး ရေတွက်မှုကို လက်စသတ်ပြီးနောက် ၎င်းတို့ကို မျက်ခုံးပင့်၍ မေးလိုက်သည်။
“ရှင်တို့က ဒါပဲ ယူလာတာလား”
ဟူလုရှို့ တုန်လှုပ်သွားပြီး သူ၏ လက်ဖက်ရည်ပင် ဖိတ်ကျသွားသည်။ သူသည် ချက်ချင်း ထရပ်လိုက်ပြီး သူ၏ လက်သည် တုန်ယင်နေသည်။ သူသည် သေနတ်များဖြင့် ပြည့်နေသော သူ၏ ထရပ်ကားနှင့် နောက်ထပ် လက်နက်သေတ္တာတစ်လုံးကို ထပ်မံ သယ်ချနေသော အနန္တရထားကို ကြည့်လိုက်သည်။
သူသည် လုံးဝ ထုံထိုင်းနေသည်။
လင်းရှန်သည် နောက်ဆုံးတွင် ကီကီနှင့်အတူ ရထားပေါ်မှ ဆင်းလာပြီး ဟူလုရှို့ကို ပြုံးကြည့်ရင်း ပြောသည်၊၊
“ခင်ဗျားက လုပ်ငန်းကြီးတစ်ခုကို ယူလာတယ်လို့ ထင်ခဲ့တာ။ ကျုပ်တို့ ရထားတွဲတစ်ဝက်တောင် မပြည့်သေးဘူး”
ထရပ်ကားသည် ရထားတွဲနှင့် နှိုင်းယှဉ်လျှင် ဘာမျှ မဟုတ်ပေ။
ဟူလုရှို့၏ ထရပ်ကားတစ်စီးလုံးသည် ရထား၏ သိုလှောင်ရေး ရထားတွဲများထဲမှ တစ်ခုဖြစ်သော ရထားတွဲ နံပါတ် ၇ ၏ သုံးပုံတစ်ပုံပင် မပြည့်ခဲ့ပေ။
လင်းရှန်သည် တည်ငြိမ်သော အမူအရာဖြင့် ချဉ်းကပ်လာသည်။
“ခင်ဗျားက ပစ္စည်း ရှင်းထုတ်ဖို့ လာတယ်လို့ မပြောခဲ့ဘူးလား၊၊ ခင်ဗျား ပြန်သွားပြီး ထပ်ယူလာတာကို စောင့်နေရမှာလား၊၊ သဘောတူညီချက်ကို သိတယ်နော်—စပြီးရင် မကုန်ပဲ ထွက်သွားလို့ မရဘူး”