ဖောင်ဒေးရှင်း ၂
Vol. 15 Ch. 221
ဟန်ရှန်တောင်ကြား ဘူတာရုံ____
ထိုနေရာတွင် အသက်ရှင်ကျန်ရစ်သူ အဖွဲ့များစွာ ရှိသည်။ အချို့သည် အပျက်အစီးများထဲတွင် ခိုလှုံနေရာများ တည်ဆောက်ထားကြပြီး အချို့သည် အရှေ့ဘက်ရှိ ရှင်းချန် သို့မဟုတ် မြောက်ဘက်ရှိ အာရုဏ်ဦးစင်တာကို ပစ်မှတ်ထားကာ ဖြတ်သန်းသွားလာနေကြသည်။ ယဉ်တန်းစခန်းများသည် စူပါမားကတ်များ၊ ရဲစခန်းများ၊ အကျဉ်းထောင်များနှင့် ကောင်းစွာ ခံတပ်ဆောက်ထားသော အဆောက်အအုံများတွင် တည်ရှိနေကြသည်။
အနန္တရထား၏ ပထမဆုံးကုန်သွယ်မှုသည် ရေဒီယိုမှ ထုတ်လွှင့်ခဲ့ရာ ကြီးမားစွာ အောင်မြင်ခဲ့သည်။ အဖွဲ့သည် ရထားတွဲ ၆ နှင့် ၇ ကို အမျိုးမျိုးသော ထောက်ပံ့ရေးပစ္စည်းများဖြင့် အပြည့်အသိပ်တင်ဆောင်နိုင်ခဲ့သည်။ အသက်ရှင်ကျန်ရစ်သူ ယဉ်တန်းများသည်လည်း အပြန်အလှန်အားဖြင့် လက်နက်များကို သက်သာသော ဈေးနှုန်းဖြင့် ရရှိခဲ့ကြသည်။ လူတိုင်း၏ စိတ်ဓာတ်များ မြင့်တတ်နေသည်။
တစ်ဖွဲ့ပြီး တစ်ဖွဲ့ ကုန်သွယ်မှုများ ပြီးစီးသွားကြပြီး မောင်းထွက်သွားကြသည်။ ဘူတာရုံသည် တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
နောက်ဆုံးအဖွဲ့ ထွက်ခွာသွားချိန်တွင် လင်းရှန်သည် အရိပ်များထဲတွင် ရပ်ထားသော သံချပ်ကာယာဉ်တစ်စင်းကို သတိပြုမိလိုက်သည်။
ဆံပင်တို၊ အနက်ရောင်ကုတ်အင်္ကျီဝတ်ထားသော အမျိုးသမီးတစ်ဦးသည် ထိုယာဉ်ရှေ့တွင် ရပ်နေပြီး သူ့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ အခြားမည်သူမျှ သူမကို သတိမထားမိကြပုံရပေ။
လင်းရှန်သည် သူမ၏ အကြည့်နှင့် ဆုံသည်နှင့်တပြိုင်နက် သူမသည် အနည်းငယ် ပြုံးလိုက်သည်—ဟိုးအရင်က သိကျွမ်းဖူးသူ တစ်ဦးကို နှုတ်ဆက်သကဲ့သို့ ဖြစ်သည်။
လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။ သူမကို သူလုံးဝမသိပေ။
ထိုအချိန်တွင် ချန်ဆီရွှမ်နှင့် အခြားသူများသည် ပစ္စည်းများ တင်ဆောင်ရန် အလုပ်များနေဆဲ ဖြစ်သည်။ လင်းရှန်သည် သံသယဖြစ်သွားသောကြောင့် သူမထံ ချဉ်းကပ်ရန် ဆုံးဖြတ်လိုက်သည်။
သူ နီးကပ်သည်နှင့်အမျှ အမျိုးသမီး၏ နှုတ်ခမ်းများသည် အနည်းငယ် ကွေးညွတ်သွားသည်။
သူမသည် အသက် သုံးဆယ်ဝန်းကျင် ရှိပုံရသည်—ဆံပင်တိုကာ သပ်ရပ်သန့်ရှင်းသည်။ သူမသည် ထူးထူးခြားခြားလှပသည် မဟုတ်သော်လည်း သူမ၏ မျက်နှာအသွင်အပြင်သည် သိမ်မွေ့သည်။ အထူးခြားဆုံးမှာ သူမ၏ နက်ရှိုင်းသော အညိုရောင် မျက်လုံးများတွင် ခန့်မှန်း၍ မရသော အနက်ရှိုင်းဆုံး အဓိပ္ပာယ်များ ပါဝင်နေခြင်း ဖြစ်သည်။
“မင်္ဂလာပါ၊ ကျွန်မတို့ ထပ်တွေ့ပြန်ပြီ”
သူမက သူ့ကို နှုတ်ဆက်လိုက်ရာ သူမ၏ အသံသည် တည်ငြိမ်နေသည်။
လင်းရှန် အံ့အားသင့်သွားသည်။
“ကျွန်တော်တို့ တွေ့ဖူးလို့လား”
“ဟွာရှောင်လင်း”
သူမသည် လက်ဆွဲနှုတ်ဆက်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။
“ရှင်ရဲ့ ဆွဲငင်အားအစီအစဥ်ကြောင့် တတ်လှမ်းဓာတ်လှေကား အောင်မြင်ခဲ့တာကို ကျေးဇူးတင်ပါတယ်”
လင်းရှန်သည် နောက်ဆုံးတွင် ဘာဖြစ်နေသည်ကို သဘောပေါက်သွားပြီး သူမ၏ လက်ကို ဆွဲ၍ လှုပ်ခါလိုက်သည်။
“ဒါဆို ခင်ဗျား ယူပေမြို့ကနေ လာတာပေါ့”
ဟွာရှောင်လင်းက ညင်သာစွာ ပြုံးလိုက်ပြီး သူ့ကို ကြည့်လိုက်သည်။
“အဲဒီ ရှုပ်ထွေးတဲ့ အခြေအနေမှာ ရှင်က ကမ္ဘာကြီးကို ကယ်တင်ဖို့ အလုပ်ရှုပ်နေတာဆိုတော့ ကျွန်မကို သတိမထားမိတာ နားလည်ပါတယ်။ ဒါပေမဲ့ အဲဒါက တကယ့်ကို အကောင်းဆုံးအစီစဥ်တစ်ခု ဖြစ်ခဲ့တယ်”
“ချီးကျူးတာ ကျေးဇူးတင်ပါတယ်”
လင်းရှန်သည် သူမ၏ နောက်ရှိ သံချပ်ကာ ယာဉ်ဆီသို့ အကြည့်ရောက်သွားသည်။ ၎င်းသည် စံသတ်မှတ်အဆင့် စစ်ဘက်ဆိုင်ရာ တိုက်ခိုက်ရေးယာဉ်တစ်စင်း ဖြစ်သည်။ ၎င်း၏ ပုံသဏ္ဌာန်အရ သာမန်အသက်ရှင်ကျန်ရစ်သူများ ပိုင်ဆိုင်နိုင်သည့် အရာ မဟုတ်သည်မှာ ထင်ရှားသည်။ ၎င်း၏ အနက်ရောင်မှန်များက အတွင်းရှိ လူအရေအတွက်ကို ဖုံးကွယ်ထားပြီး၊ ၎င်းနှင့် ပတ်သက်သည့် အရာအားလုံးက ဟွာရှောင်လင်းသည် အခြားသူများကဲ့သို့ လက်နက်ကုန်သွယ်ရန် ရောက်ရှိလာခြင်း မဟုတ်ကြောင်း ထင်ရှားနေသည်၊၊
“ခင်ဗျားက ရေဒီယိုထုတ်လွှင့်မှုကို ကြားပြီး ကျွန်တော့်ကို ရှာဖို့ တမင် ရောက်လာတာလား”
လင်းရှန်က မေးသည်။
ဟွာရှောင်လင်းသည် ကတ်ပြားတစ်ခုကို ထုတ်ယူပြီး သူ့ကို ပေးလိုက်သည်။
“ကျွန်မတို့က ယန္တရားစွမ်းရည်ကို အလွန်စိတ်ဝင်စားပါတယ်။ ဒါကြောင့် ဖောင်ဒေးရှင်းက ကျွန်မကို ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ခိုင်းလိုက်တာပါ။ ရှင် စိတ်ဝင်စားလား”
လင်းရှန်သည် မျက်ခုံးပင့်လိုက်ပြီး ကတ်ပြားကို ယူလိုက်သည်။ ၎င်းတွင် ဖော်ပြထားသည်မှာ-
-SIID ဖောင်ဒေးရှင်း ဓာတ်ခွဲခန်း – အကြီးတန်း ဒါရိုက်တာ၊ ဟွာရှောင်လင်း
“SIID ဖောင်ဒေးရှင်း ဓာတ်ခွဲခန်း”
လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။
“ခင်ဗျားတို့က ဖက်ဒရေးရှင်းကလား”
သူသည် အမှောင်ရေဒီယိုမှ အရာတစ်ခုကို သတိရလိုက်သည်။ ထွက်ပြေးလာပြီးနောက် ကီကီသည် အိန်ဂျယ်စီမံကိန်းနှင့် ပတ်သက်သည့် ဖိုင်တစ်ခုကို သူ့ကို ပြသခဲ့ပြီး၊ ၎င်းတွင် အထူးပစ္စည်းစုံစမ်းစစ်ဆေးရေးဌာန (SIID) ကို ဖော်ပြထားသည်။ ဤဌာနသည် တားမြစ်ထားသောပစ္စည်းများကိုုတေသနပြုရန် ရည်ရွယ်သည်ဟု ဆိုပေသည်။
ဟွာရှောင်လင်းက ညင်သာစွာ ပြုံးလိုက်သည်။
“နည်းပညာအရ ပြောရရင်၊ SIID ဖောင်ဒေးရှင်း ဓာတ်ခွဲခန်းကို လိုဖီ လုပ်ငန်းစုက တည်ထောင်ခဲ့တာပါ။ ဖက်ဒရေးရှင်း မပြိုကွဲခင်မှာ ကျွန်မတို့က အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ကျွန်မတို့ဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် လည်ပတ်နေပါတယ်”
“လွတ်လပ်တယ်”
လင်းရှန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
“ဘာကို ဆိုလိုတာလဲ”
“ဆိုလိုတာက ဖီးနစ်ဖြစ်စေ၊ အာရုဏ်ဦးမြို့ ဖြစ်စေ၊ ကျွန်မတို့က ဘက်မလိုက်ဘဲ ကြားနေပါတယ်”
လင်းရှန်၏ ရှုပ်ထွေးမှုကို မြင်သောအခါ ဟွာရှောင်လင်းသည် အနည်းငယ် ပြုံးကာ ဆက်ပြောသည်၊၊
“လူအများစုက ဖက်ဒရေးရှင်း-နောက်ပိုင်း ဖွဲ့စည်းပုံက ရှုပ်ထွေးနေတယ်လို့ ထင်ကြပေမဲ့ အဓိကအားဖြင့်တော့ လူသားယဉ်ကျေးမှု၊ ရှင်သန်မှုနဲ့ ပတ်သက်တဲ့ မတူညီတဲ့ ဒဿနတွေကြောင့်ပဲ။ လက်ရှိမှာတော့ အကျယ်ပြန့်ဆုံး အသိအမှတ်ပြုထားတဲ့ အာဏာပိုင်အဖွဲ့က ဖီးနစ် ဦးဆောင်တဲ့ ကယ်ဆယ်ရေးအဖွဲ့အစည်းပဲ။
ဖီးနစ်မှာ အဓိက အပိုင်းသုံးခုရှိတယ်-
ကြီးမြတ်သော အာရုဏ်ဦးမြို့သုံးခု- သူတို့က အဖွဲ့အစည်းရဲ့ အဓိကအုပ်ချုပ်ရေးဌာနတွေအဖြစ် ဆောင်ရွက်တယ်။
ညလမ်းလျှောက်သူများ- သူတို့က စွမ်းရည်တွေကို သုတေသနပြုခြင်း၊ စွမ်းအားရှင်တွေကို စုဆောင်းခြင်းနဲ့ ကမ္ဘာလုံးဆိုင်ရာမစ်ရှင်တွေအတွက် အဖွဲ့တွေစေလွှတ်ခြင်းတို့ကို တာဝန်ယူတယ်။
စတားဖလိ့- သူတို့ စစ်ဖက်ဆိုင်ရာကာကွယ်ရေးနှင့် အကြီးစား စူးစမ်းရှာဖွေရေး ခရီးစဉ်များကို ကိုင်တွယ်တယ်၊၊
ပြီးတောါ အာရုဏ်ဦး စီမံကိန်းက အဓိက လည်ပတ်တဲ့ ရှင်သန်ရေးအဖွဲ့အစည်း ရှိပါတယ်။ အသက်ရှင်ကျန်ရစ်သူ အများအပြားဟာ ဖက်ဒရေးရှင်းရဲ့ အကြွင်းအကျန်တွေကို အစစ်အမှန်အစိုးရအဖြစ် သတ်မှတ်နေဆဲပဲ။
ပထမဝင်ရိုးစွန်းညအပြီးမှာ မူရင်းအိန်ဂျယ်စီမံကိန်းကို ဖျက်သိမ်းပြီး အပိုင်းများစွာ ခွဲခြားလိုက်တယ်။ ရှင်ပြောခဲ့တဲ့ အထူးပစ္စည်း စုံစမ်းစစ်ဆေးရေး ဌာနလား။ အဲဒါက အမှောင်နဲ့ ပတ်သက်တဲ့ ပုံမှန်မဟုတ်တဲ့ အရာတွေကို လေ့လာဖို့ ကျွန်မတို့ ရန်ပုံငွေ ထောက်ပံ့ပေးတဲ့ အဖွဲ့တွေထဲက တစ်ခုပဲ။
ကျွန်မတို့ရဲ့ ဖောင်ဒေးရှင်းကတော့ အရာအားလုံးကို သိပ္ပံနည်းကျ ရှုထောင့်ကနေ ချဉ်းကပ်ပါတယ်။ ကျွန်မတို့ဟာ လူ့ယဉ်ကျေးမှုရဲ့ အသွင်ကူးပြောင်းမှုနဲ့ အမှောင်ကျူးကျော်မှုရဲ့ သဘောသဘာဝကို နားလည်အောင် ကြိုးစားနေတာပါ”
လင်းရှန်၏ မျက်မှောင်ကြုတ်ထားခြင်းက ပိုမို နက်ရှိုင်းလာသည်။
“ခင်ဗျားတို့က ကိုးကွယ်သူတွေလား”
ဟွာရှောင်လင်းက ရယ်မောလိုက်သည်။
“စိတ်မပူပါနဲ့၊ ကပ္ပတိန်လင်း။ ကျွန်မ ခုနကပဲ ပြောခဲ့တယ်၊ ကျွန်မတို့က ကြားနေအဖွဲ့ပါ။ ကိုးကွယ်သူများ—အဲဒီအမှောင်စွမ်းအားကို ကိုးကွယ်ပြီး ကမ္ဘာပျက်ကပ်ကို ဘုရားသခင်ရဲ့ တရားစီရင်မှုအဖြစ် ရှုမြင်တဲ့ ဘာသာရေး အစွန်းရောက်တွေကတော့ ရူးသွပ်သူတွေပဲ”
သူမသည် မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။
“သိပ္ပံနည်းကျ ရှုထောင့်ကနေ ကြည့်ရင် သူတို့က ရူးနေကြတာပဲ”
“အဲဒါတော့ သဘောတူတယ်”
လင်းရှန် အသက်ရှူထုတ်ပြီး သူမကို လေးနက်စွာ ကြည့်လိုက်သည်။
“ဒါဆိုရင် ခင်ဗျားတို့က ဘာကို ပူးပေါင်းဆောင်ရွက်ချင်တာလဲ”
“ယန္တရားပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှု”
ဟွာရှောင်လင်းသည် တိုက်ရိုက်ပြောလိုက်သည်။ “လူ့ယဉ်ကျေးမှု ဆင့်ကဲပြောင်းလဲဖို့ဆိုရင် အလားအလာအရှိဆုံးနယ်ပယ်က Aiနဲ့ အဆင့်မြင့်နည်းပညာပဲ။ ဒါဟာ ကျန်ရှိနေသေးတဲ့ လူသားအမွေအနှစ်ပဲ။ မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲမှုနဲ့ စွမ်းရည်တွေကိုတော့ အခုထိ အများစု မလေ့လာရသေးပါဘူး။ ရှင်က သဘောမတူဘူးလား”
လင်းရှန် ချက်ချင်း နားလည်သွားသည်—သူမတို့သည် သူ၏ ယန္တရားစွမ်းရည်ကို လိုချင်နေကြခြင်း ဖြစ်သည်။
လူသိများသော စွမ်းရည်များအားလုံးတွင် သူ၏စွမ်းရည်သည် လူသားနည်းပညာနှင့် တိုက်ရိုက် ချိတ်ဆက်ထားသော တစ်ခုတည်းသော စွမ်းရည်ဖြစ်နိုင်သည်။
ငါ့ရဲ့ စွမ်းအားက တကယ်တော့ စွမ်းရည်တစ်ခု မဟုတ်ဘူးဆိုတာက ဆိုးလိုက်တာ...
လင်းရှန်သည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
“ခင်ဗျား ပြောတာ မှန်တယ်၊ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ရဲ့ စွမ်းရည်ကို တအားအထင်ကြီးနေပုံရတယ်”
၎င်းသည် အမှန်တကယ်ပင် အစွမ်းထက်သည်—သူ၏ သုတေသနစင်တာသည် သူတို့၏ နည်းပညာထက် သာလွန်သော ပုံကြမ်းများကို ထုတ်လုပ်နိုင်သည်။ သို့သော် လင်းရှန်သည် ထုတ်ဖော်ပြသရန် ရည်ရွယ်ချက် မရှိပေ။ သူ၏ ယန္တရားထုတ်လုပ်မှုနှင့် ဝါးမျိုမှုလုပ်ဆောင်ချက်များပင်လျှင် စိတ်ဝင်စားစရာ ဖြစ်နေပြီ။ ယူပေမြို့တွင် ရှိစဉ်က လူများစွာသည် ၎င်းကို သတိပြုမိခဲ့ကြသည်။ ထိုအချိန်က ရှင်သန်မှုသည် သူ၏ ဦးစားပေး ဖြစ်ခဲ့သောကြောင့် သူ၏ စွမ်းအားကို မဖုံးကွယ်ခဲ့ပေ။ သို့သော် ယခုအခါ ၎င်းသည် ဖီးနစ်ကဲ့သို့သော အဖွဲ့များ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည်မှာ သေချာပေသည်။
ဖီးနစ်က သူ့ကို အရင် ချဉ်းကပ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
သို့သော် SIID ဖောင်ဒေးရှင်းသည် အရင်ရောက်ရှိလာခဲ့သည်။
ဟွာရှောင်လင်းသည် သူ၏ တုံ့ပြန်မှုအပေါ် ပြုံးရုံသာ ပြုံးပြီး ဆက်မမေးတော့ပေ။ ယင်းအစား၊ သူမသည် တည်ငြိမ်စွာဖြင့် “အဆင်ပြေပါတယ်။ ကျွန်မတို့ရဲ့ ပင်မဓာတ်ခွဲခန်းက ရှီကျိုးကန်မှာ တည်ရှိပါတယ်။ ကျွန်မတို့က အမှောင်၊ မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲမှုနဲ့ စွမ်းရည်တွေကို သုတေသနပြုရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရရှိခဲ့ပါတယ်။ ရှင် လာရောက်လည်ပတ်ဖို့ အမြဲကြိုဆိုပါတယ်နော်။ ကျွန်မတို့ရဲ့ လုပ်ငန်းတွေကို ရှင် စိတ်ဝင်စားလာလိမ့်မယ်လို့ ထင်ပါတယ်”
“ကောင်းပြီလေ”
လင်းရှန်က ပြန်ဖြေသည်။
ဟွာရှောင်လင်းသည် ခေါင်းအနည်းငယ်ဆတ်ကာ သံချပ်ကာယာဉ်ထဲသို့ ဝင်ရောက်သွားသည်။ ခဏအတွင်းမှာပင် ၎င်းသည် အရှိန်ဖြင့် မောင်းထွက်သွားပြီး ဘူတာရုံ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
—
လင်းရှန်သည် မလှုပ်မယှက် ရပ်နေပြီး သံချပ်ကာယာဉ် ပျောက်ကွယ်သွားသည်ကို ကြည့်နေသည်။
“ဖောင်ဒေးရှင်း၊ လိုဖီ လုပ်ငန်းစု၊ အိန်ဂျယ်စီမံကိန်း၊ ပျက်ကျတဲ့ သယ်ယူပို့ဆောင်ရေးလေသင်္ဘော...”
သူသည် ခဏမျှ စဉ်းစားလိုက်သည်။
“ဒီလို ကြားနေအဖွဲ့အစည်းလို့ ခေါ်တဲ့ ဖောင်ဒေးရှင်းက ဘယ်ကနေ ရုတ်တရက် ပေါ်လာတာလဲ”