တရာခံကို မမိသေးလို့ပေါ့ကွာ၊မိများမိလို့ကတော့..
Vol. 5 Ch. 68
"သတ်"
"သတ်ပစ်"
အဆုံးမဲ့ပန်းပင်လယ်နည်းစနစ်။
တက်လှမ်းခြင်းလှေကားထစ်များပေါ်တွင် ကျိယွမ်သည်သူ၏ဓားကိုကိုင်လျှက် ကျန်းဟွာ၏ ထိုးထွင်းသိမြင်မှုအားလုံးကို ပေါင်းစည်းလိုက်သည်။
ချက်ချင်းပင် ကွင်းပြင်တစ်ခုလုံးတွင် ၁၀ မီတာစီမြင့်ပြီး သွေးနီရောင်သံချပ်ကာကိုဝတ်ထားသောကျိယွမ် ထောင်ပေါင်းများစွာ ထွက်ပေါ်လာသည်။
ထောင်ပေါင်းများစွာသော ကျိယွမ်တို့သည်ဓားများကိုကိုင်လျက် ကွင်းထဲမှတစ်ဦးတည်းသောရန်သူအပေါ်သို့ သူတို့၏အကြည့်များကို စုစည်းလိုက်ကြသည်။
၎င်းမှာ ၀.၅ မီတာမြင့်သည့် ပိုးတောင့်မာကြီးတစ်ကောင် ဖြစ်သည်။ ၎င်းသည် ပိုးတောင့်မာမျိုးစိတ်များထဲမှ ပြောင်းလဲမျိုးစိတ်ဖြစ်ပြီး ၎င်း၏အရွယ်အစားသည် သာမန် ပိုးတောင်မာများထက် ဆယ်ဆမကပိုကြီးသည်။
ပိုးတောင့်မာကြီးက ပတ်ဝန်းကျင်တွင် ရုတ်တရက်ပေါ်လာသော မိုးထိုးမတတ်မြင့်မားနေသည့်လူရိပ်ကြီးများကို ကြည့်ကာ နားမလည်နိုင်ဖြစ်နေ၏။
ကျိယွမ်သည်သူ၏ဓားကို ပိုးတောင်မာကြီးဆီသို့ ချိန်ရွယ်လိုက်သည်။
"လူတွေပြောသလိုပဲ ထင်ထင်ပေါ်ပေါ်နေတဲ့ငှက် အပစ်ခံရတတ်သည်တဲ့။မင်းကကြွားဝါပြီး ဒီလောက်ကြီးမားတဲ့အကောင်ကြီးလုပ်နေမှတော့ အသတ်ခံရပြီပေါ့၊အခြားပိုးတောင်မာတွေလို သာမန်ဘဝမှာပဲ နေသင့်တယ်၊အခုတော့ မင်းကိုဘယ်သူမှမကယ်နိုင်တော့ဘူး"
၀.၅ မီတာသာမြင့်သည့် ပိုးတောင်မာကြီးကသာ စကားပြောနိုင်ပါက ကျိယွမ်ကို သေချာပေါက်ကျိန်ဆဲမည်ဖြစ်သည်။
"ငါက ၀.၅ မီတာပဲမြင့်တာလေ မင်းကမှ ၁၀ မီတာလောက်မြင့်တဲ့အပြင် အကောင်တွေထောင်ချီပြီး ပွားထားသေးတာ၊ဘယ်သူက ကြွားဝါပြီး ထင်ထင်ပေါ်ပေါ်လုပ်နေတာလဲ"
အဆုံးမဲ့ပန်းပင်လယ်၏ စွမ်းအား။
ထောင်ပေါင်းများစွာသော ကျိယွမ်ပုံရိပ်၏ ထောင်ပေါင်းများစွာသောဓားများသည် အမှတ်တစ်နေရာတည်းတွင် စုစည်းသွားပြီး၊ ပိုးတောင်မာကြီးအား ပြင်းထန်စွာထိုးစိုက်လိုက်သည်။
ပိုးတောင်မာကြီး လုံးဝမခုခံနိုင်ဘဲ သေဆုံးသွားလေ၏။
၄င်း၏ခန္ဓာကိုယ်တွင် ဓားဒဏ်ရာအပေါက်များပြည့်နေပြီး မပျက်မစီးသော အသားတစ်စပင် မတွေ့ရပေ။
ပိုးတောင်မာကြီးအား သတ်နိုင်ပြီးနောက် ကျိယွမ်သည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။
"ကျန်းဟွာကို ငါ့ရဲ့နားလည်မှုက နောက်တစ်ဆင့် နက်ရှိုင်းသွားပြန်ပြီ"။
ယနေ့တွင် သူသည် တိုက်ပွဲပေါင်း တစ်ရာကျော် တိုက်ခဲ့ပြီး ကျန်းဟွာ၏ တိုက်ခိုက်ရေးနည်းစနစ်များနှင့် ကျင့်ကြံမှုအတွေ့အကြုံများကို အဆက်မပြတ် ဆည်းပူးနေခဲ့သည်။
"အရှက်မရှိပြောရရင် ကျန်းဟွာကို ငါ့ထက်ပိုပြီး နားလည်တဲ့သူ မရှိတော့ဘူး"။
"ကဲ ဆက်လိုက်ဦးမယ် ၊ နောက်တစ်ပွဲ"
ကျိယွမ်သည် သူ၏ဓားကြီးကို ဆွဲကိုင်ကာနောက်ထပ်တိုက်ပွဲဝင်ရန် ပြင်လိုက်သည်။
ယခုအခါတွင် သူသည် အဆင့် ၉၇ သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် သူ၏ ခွန်အားသည်လည်း အံ့အားသင့်ဖွယ် အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေသည်။
"လုံပန်က အဆင့် ၉၉၊ နတ်ဘုံ အထွတ်အထိပ်ပဲရှိတယ်"
"ဒါဆို အဆင့် ၁၀၀က ဘယ်အဆင့်လဲ ၊ အဆင့်အသစ်လား"
"ဒါမှမဟုတ်... နတ်ဘုံအဆင့်က အဆင့် ၉၀ ကနေ ၁၀၀ ပဲလား"
"ဒါက သိပ်မဟုတ်သေးဘူးလေ"
"သတို့သမီးလေးနဲ့ ပေါင်းစည်းလိုက်ရင် ငါက အဆင့် ၁၀၂ ရဲ့ စွမ်းအားကိုရတယ်၊ ဒါပေမဲ့... ဘုံအဆင့်တစ်ခုတတ်သွားတဲ့ သိသာတဲ့စွမ်းအားမျိုးကို မခံစားရဘူး"
"ဘာကြောင့်လဲ"
တက်လှမ်းခြင်းပလ္လင်သို့တတ်ရာ လှေကားပေါ်တွင် အဆက်မပြတ်တိုက်ခိုက်နေရင်း သူ၏အဆင့်တိုးတက်လာသည်နှင့်အမျှ ကျိယွမ်သည် သဘာဝမကျသော ပြဿနာများစွာကို သတိထားမိလာသည်။
ကောင်းကင်ဘုံအဆင့်သည် အဆင့် ၇၀ မှ ၈၉ အထိ ရှိသည်။
နတ်ဘုံအဆင့်သည် အဆင့် ၉၀ မှ ၉၉ အထိပဲရှိသည်လား။
အဆင့် ၈၉ မှ ၉၀ သို့ တက်ရောက်နိုင်သောအချိန်တုန်းက ကျိယွမ်သည်သူ၏ခွန်အားတွင် ကြီးမာသောအရည်အသွေးပြောင်းလဲမှုကို သိသိသာသာ ခံစားခဲ့ရသည်။
သို့သော် သတို့သမီးလေးကို ဝတ်ဆင်ပြီး အဆင့် ၁၀၀ သို့အတင်းအကျပ် ဖြတ်ကျော်သောအခါ ခွန်အားတိုးတက်မှုသည် သိသိသာသာကြီးမားလာသည်ဟု မခံစားရပေ။
"တုန်၊လုံပန်နဲ့ ယုတို့က နတ်ဘုံအဆင့် အထွတ်အထိပ်တွေ မဟုတ်လို့များလား"
ကျိယွမ်သည် ရုတ်တရက် ကြောက်စရာကောင်းသော သံသယတစ်ခု ဝင်လာသည်။
အဆင့် ၉၉ ကသာ နတ်ဘုံအထွတ်အထိပ်ဆိုလျှင် အဆင့် ၁၀၀ သည် သေချာပေါက် နောက်တစ်ဆင့်ဖြစ်ကိုဖြစ်ရမည်။သို့သော်
သူကအဆင့် ၁၀၀ သို့ရောက်သော်လည်း ထူးထူးခြားခြား အဆင့်တတ်သွားသည်ဟု မခံစားရပေ။နတ်ဘုံအဆင့်ထဲမှာသာရှိသေးသည်ဟု ခံစားရ၏။
တုန်၊လုံပန်နဲ့ယုတို့က နတ်ဘုံအထွတ်အထိပ် မဟုတ်ဘူးဆိုရင်၊ဘာလို့သူတို့ကိုယ်သူတို့ နတ်ဘုံအထွတ်အထိပ်တွေလို့ ယူဆနေကြတာလဲ။
တစ်ယောက်ယောက်က သူတို့ရဲ့ အသိတွေကို ပြောင်းလဲလိုက်တာလား။
ဒါမှမဟုတ်... တစ်စုံတစ်ယောက်က သူတို့ရဲ့ တိုးတက်မှုကို ကန့်သတ်ထားတာလား။
ထိုအရာက ချီသန့်စင်ခြင်းအဆင့် ငါး သာရှိသေးသော ကျင့်ကြံသူသူတစ်ယောက်ကို အဆင့်ငါးဟာ ချီအထွတ်အထိပ်လို့ အတင်းအကျပ်ယုံကြည်အောင် လုပ်ပြီး နောက်နေ့မှာ အခြေခံအုတ်မြစ်တည်ဆောက်ခိုင်းသလိုဖြစ်မနေဘူးလား။
အကယ်၍ ထိုအတိုင်းဖြစ်နေပါက သူ့ကို စောင့်ကြိုနေတာက သေခြင်းပဲ ဖြစ်နိုင်သည်ဟု ကျိယွမ်ခံစားရသည်။
"ဘာမှန်းမသိပေမဲ့ ၊တစ်ခုခုကတော့ လွဲနေပြီ"
ကျိယွမ်သည် ဂိမ်းကမ္ဘာတွင် ပို၍အစွမ်းထက်သော ခေါင်းဆောင်တစ်ဦး ထပ်ရှိနေနိုင်သည်ဟု ခံစားရသည်။
သူသည် တတ်လှမ်းခြင်းပလ္လင်ကိုမျှော်ကြည့်လိုက်၏ ။ထို့အတူ လှေကားထစ်တိုင်းတွင်ရှိနေသော ကွင်းပြင်ကြီးဘေးမှ များပြားသောထိုင်ခုံများကိုလည်း မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
"ဒီနေရာမှာ တိုက်ပွဲတွေကို ဘယ်သူတွေ လာကြည့်ဖူးတာလဲ"
"ငါ အခုတွေ့နေရတဲ့ ရန်သူတွေက းအဆင့် ၈၀ ရှိနေပြီ။ ဒါပေမဲ့ လှေကားထစ်တွေက အများကြီးကျန်သေးတယ် ၊ဒါဆိုရင် နောက်ဆုံးပလ္လင်ပေါ်က အင်အားအကြီးဆုံး တိုက်ခိုက်ရေးသမားတွေက ဘယ်လောက် အင်အားကြီးမလဲ"
နောက်ဆုံးမှာတော့ ကျိယွမ် သူ၏ခေါင်းကို ခါပစ်လိုက်သည်။
မရေရာမသေချာသော အတွေးများကို လောလောဆယ် ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်သည်။
သူကဓားကြီးကို အသင့်အနေအထား ပြန်ကိုင်လိုက်ပြီး။ရှေ့မှလှေကားထစ်သို့ အာရုံပြန်စိုက်လိုက်သည်။
"လောလောဆယ် ငါစဥ်းစားရမှာ ဒီလှေကားထစ်ပဲ"
သူကတည်ငြိမ်စွာဖြင့် နောက်ထပ်လှေကားထစ်တစ်ခုပေါ်သို့ တက်လှမ်းလိုက်သည်။
ဤသို့ဖြင့် အဆုံးမရှိသောတိုက်ပွဲများဆက်လက်ဖြစ်ပေါ်လာကာ ကျိယွမ်သည် နက်ရှိုင်းသော နားလည်မှုများရရှိရန် သတ်ဖြတ်ခြင်းများကို မနားတမ်းလုပ်ဆောင်နေတော့သည်။
......................
ဒြပ်စင်ငါးပါးတားမြစ်နယ်မြေတွင်...
လုံပန်သည်မတ်တပ်ရပ်ပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ ရှေးဟောင်းစီးချောင်သစ်ပင်တစ်ပင်ကို ငေးကြည့်ရင်း အတိတ်ကိုလွမ်းမောသလို ရေရွတ်လိုက်သည်။
“မျက်စိတစ်မှိတ်အတွင်းမှာ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီပဲ ၊ ဒီလောက်ကြီးလာမယ်လို့တောင် ထင်မထားမိခဲ့ဘူး”
ယုကလည်း လုံပန်ကို ကြည့်လိူက်၏။
“ဒီ ရှေးဟောင်းစီးချောင်သစ်ပင်ရဲ့မျိုးစေ့ကို ဒြပ်စင်ငါးပါးတားမြစ်တားမြစ်နယ်မြေကနေ ရလာပြီး နတ်ဘုရားတွေကို ပူဇော်တဲ့အနေနဲ့ စိုက်ခဲ့တာပဲလေ"
“ဖြစ်နိုင်တာကတော့ ဒီမျိုးစေ့ဟာ သတို့သမီးမင်းသမီးရဲ့ စွဲလမ်းမှုအားလုံးကို စုပ်ယူပြီး ဒီလောက်ကြီးလာတာလား"
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းတွင် နတ်ဘုရားများရှုံးနိမ့်ခဲ့ပြီး ပြင်ပနတ်ဆိုးများက လူ့လောကကို ဖျက်ဆီးခဲ့သည်။
သူတိူ့၏အဖွဲ့သားများမှာ သေသူကသေ၊ဒဏ်ရာရသူကရနှင့် အားလုံးကိုဆုံးရှုံးကာ နောက်ဆုံးမှာတော့သူတို့သာလျှင် တားမြစ်နယ်မြေထဲသို့ ဆုတ်ခွာနိုင်ခဲ့ကြသည်။
ယုသည် ဟောကိန်းထုတ်ရာတွင် အလွန်ထူးချွန်သူဖြစ်ပြီး နောက်နှစ်ပေါင်း ၃၀၀ တွင်ဖြစ်ပေါ်မည့် လကြတ်သောနေ့သည်ပြင်ပနတ်ဆိုးများ အားအနည်းဆုံးအချိန် ဖြစ်လိမ့်မည်ဟု ကြိုတင်ခန့်မှန်းခဲ့သည်။
ဤသို့ဖြင့် နှစ်သုံးရာအကြာတွင်ပြုလုပ်မည့်နတ်ဆိုးသတ်ပွဲကို ကြိုတင်ပြင်ဆင်ခဲ့ကြသည်။
"တားမြစ်နယ်မြေလေးခုနဲ့ သီးခြားနယ်မြေနှစ်ခုက ရှေးကျပြီးအလွန်နက်နဲလွန်းတယ်။ ဒြပ်စင်ငါးပါးတားမြစ်နယ်မြေမှာ ဒီလောက်အကြာကြီး နေခဲ့တဲ့ ဘိုးဘေးငါးပါးတောင် လျှို့ဝှက်ချက် အစစ်အမှန်ကို မဖော်ထုတ်နိုင်ခဲ့တာ စိတ်မကောင်းစရာပဲ"
လုံပန်က စီးချောင်သစ်ပင်ကြီးကို မော့ကြည့်နေရင်းမှ စိတ်ပျက်နေသည်။
"အဝတ်အထည်ဌာနသခင်က လူ့ပြည်ကိုများသွားတာလား"
ယုက လုံပန်အားကြည့်ကာ မေးသည်။
တားမြစ်နယ်မြေလေးခုနှင့် သီးခြားနယ်မြေနှစ်ခုမဟုတ်သော အခြားနေရာများအားလုံးကို လူ့ပြည် သို့မဟုတ် သေမျိုးကုန်းမြေဟု ခေါ်ဆိုသည်။
"ငါတို့ပေးလိုက်တဲ့ အသိပညာနဲ့ အတွေ့အကြုံတွေကို နားလည်ဖို့ဆိုရင် သူက တိုက်ခိုက်ဖို့ ဒါမှမဟုတ် သေမျိုးကုန်းမြေတွေကိုခရီးထွက်ဖို့လိုတယ်"
နောက်ဆုံးတွင်လုံပန်က စီးချောင်သစ်ပင်ကြီးထံမှ အကြည့်လွှဲလိုက်သည်။
"ကျန်းဟွာက ပါးစပ်ကြမ်းပေမဲ့ သူ့ရဲ့ရည်ရွယ်ချက်က ကောင်းပါတယ်"
သူတို့က ကျန်းဟွာနှင့် အဝတ်အထည်ဌာနသခင်တို့၏ တိုက်ပွဲသည် ကျန်းဟွာကကျိယွမ်ကို နတ်ဘုရားရောင်ပြန်ဟပ်ခြင်းမှရသော အသိဉာဏ်များနှင့် အတွေ့အကြုံများအား စုပ်ယူနိုင်ရန်ကူညီပေးဖို့ ဖြစ်သည်ဟု သဘောပေါက်ကြသည်။
ကျန်းဟွာအတွက် ၎င်းသည် ကြီးမားသော ဆုံးရှုံးမှု တစ်ခုဖြစ်သည်။
ကျန်းဟွာက သူမ၏စွမ်းအားများကို အချိန်ပြည့်ကြိုးစား၍ စုဆောင်းနေသည်မှာ နတ်ဆိုးသတ်ပွဲ၌ အပြင်းထန်ဆုံးတိုက်ခိုက်မှုကို ထုတ်ဖော်နိုင်ရန်ပင်။
သူမ၏စွမ်းအားများ ကြီးမားစွာလျော့နည်းသွားပါက နှစ်သုံးရာအတွင်း ပြန်လည်ဖြည့်တင်းဖို့ ခက်ခဲ၏။
ထို့ကြောင့် ယုနှင့်လုံပန်တို့သည်လည်း ဖြစ်နိုင်ပါက တိုက်ခိုက်ခြင်းကို ရှောင်ကြသည်။
"အကောင်းဆုံးကြိုးစားပြီး ကျန်တာကို ကံကြမ္မာပေါ်မှာပဲ ထားလိုက်ပါ။ နှစ်သုံးရာပြည့်ရင် နတ်ဆိုးတွေကို တိုက်ဖို့ ငါတို့အားလုံးအတူတူထွက်ကြတာပေါ့"
.....................
"သတ်"
"သတ်စမ်း...."
"သတ်..."
ကျိယွမ် အိပ်မက်မှ လန့်နိုးလာသည်၊
သူ၏ကျောပြင်တစ်ခုလုံး ချွေးအေးများ စိုရွှဲနေသည်။သူ၏အဝတ်အစားများ စိုစွတ်နေပြီး နဖူးတွင်လည်းချွေးစေးကြီးများ စီးကျလျှက်ရှိသည်။
ကျိယွမ် ခုတင်ဘေးရှိ သစ်သားကြောင်ရုပ်ကို ကြည့်လိုက်သည်။ကြောင်ရုပ်၏ မျက်လုံးများက ပြူးနေပြီး ထိတ်လန့်စရာကောင်းနေ၏။ဟောင်းနွမ်းနေသောအနီရောင်နှင့်အနက်ရောင်ဆေးများမှာလည်း ကွက်ကြားနေပြီး ခြောက်ခြားစရာကောင်းလှသည်။
ကျိယွမ်သည် ကောက်ရိုးတဲအိမ်လေးမှ ထွက်လာပြီး ခြံဝင်းထဲတွင် ရပ်နေ၏။
အေးစက်သောလရောင်သည် သူ့အပေါ် ကျရောက်လာပြီး အေးချမ်းမှုကို ခံစားရသည်။
"လူတွေအများကြီးသတ်ရင် အိပ်မက်ဆိုးတွေ မက်တတ်တယ်ဆိုတာ အမှန်ပဲကိုး"
"ငါကအခုထိ ကောင်းတဲ့စိတ်ကိုထိန်းထားနိုင်သေးတာတော်သေးတယ်၊ဖောက်ပြန်တဲ့စိတ်တွေပေါ်လာပေမဲ့ အနည်းအကျဥ်းလောက်ပဲ ထင်ပါတယ်"
သူ၏ လက်ကို လှုပ်လိုက်သည်နှင့် ရေမှန်တစ်ခုသည် သူ့ရှေ့တွင် ပေါ်လာသည်။
ကျိယွမ်သည် သူ့ကိုယ်သူ မှန်ထဲတွင် ကြည့်လိုက်သည်။
ချောမောပြီး ထူးခြား၏။သူ၏မျက်လုံးများတွင် ထိတ်လန့်စရာအငွေ့အသက်အနည်းငယ်ပါဝင်နေပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်လိုစိတ်များကို ဖျော့တော့စွာ မြင်နေရသည်။
"သတ်ဖြတ်လိုစိတ်က အခုထိ ပြင်းထန်နေတုန်းပဲ"
"ဂိမ်းကစားတာက ဒီလိုသတ်ဖြတ်လိုစိတ်ကို သင်ယူစေမယ်လို့ ဘယ်သူ ယုံကြည်မှာလဲ"
သူ၏ယခင်ဘဝမှာဆိုလျှင် လူအချို့က ဂိမ်းထဲတွင် တောရိုင်းဘီလူးကောင် တစ်ဘီလီယံကျော် သတ်ခဲ့ကြပေမဲ့ ဒီလိုသတ်ဖြတ်လိုစိတ်မျိုး မရှိခဲ့ကြပေ။
"ဟူး..ဒါကပြဿနာတွေကို ဖိတ်ခေါ်နိူင်တယ်"
ကျိယွမ်သည် သူ၏သတ်ဖြတ်လိုစိတ်ကို သန့်စင်အောင် လုပ်နိုင်လျှင် သို့မဟုတ် ဖုံးကွယ်နိုင်ခြင်း မရှိလျှင် အပြင်ဘက်သို့ လုံးဝမထွက်တော့ရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့တွေးပြီးနောက် ကျိယွမ်သည် ပြန်မအိပ်တော့ဘဲ မဟူရာတောင်တန်းဂိုဏ်းမှ ယူလာသော ကျင့်ကြံမှုနည်းစနစ်များကို ထုတ်ယူပြီး သူ၏ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်နိင်မည့် နည်းစနစ်များကို ရှာဖွေခဲ့သည်။
မဟူရာတောင်တန်းဂိုဏ်းသည် ၎င်းတို့၏ စည်းမဲ့ကမ်းမဲ့သတ်ဖြတ်မှုများကြောင့် ကျော်ကြားသည်။ ထို့ကြောင့် သူတို့၏ သတ်ဖြတ်လိုစိတ်နှင့် သွေးနံ့ကို ဖုံးကွယ်ရန် သေချာပေါက်နည်းလမ်းများရှိရမည်ဟု သူယူဆသည်။
ခဏကြာ ရှာဖွေပြီးနောက် ကျိယွမ်သည် သူ၏သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်ရန် နည်းစနစ်သုံးခုကို တွေ့ရှိခဲ့သည်။
ရွှမ်ချင်းကြည်လင်နည်းစနစ်၊ကွေ့ယွီဖုံးကွယ်နည်းစနစ်နှင့်လျန်ကျိကျူ အသက်ရှုနည်းလမ်းတို့ဖြစ်သည်။
ကျိယွမ်က နည်းစနစ်သုံးကို သေချာဂရုတစိုက် လေ့လာကြည့်သောအခါ
တစ်ခုချင်းစီတွင် ကိုယ်ပိုင်ကောင်းကွက်များ ရှိနေသည်ကို တွေ့ရ၏။
သို့သော် ပထမနှင့် ဒုတိယနည်းလမ်းများမှာ အဆင့်မြင့်နည်းစနစ်များဖြစ်ပြီး အခြေတည်အဆင့် သို့မဟုတ် ထို့ထက်ပိုသူများအတွက် သင့်လျော်သည်။
လက်ရှိတွင် ကျိယွမ်၏အနေအထားဖြင့် ၎င်းတို့ကို ကျင့်ကြံ၍ မရသေးပေ။
ထို့အပြင် ဒုတိယနည်းစနစ်ဖြစ်သော ကွေ့ယွီဖုံးကွယ်နည်းစနစ်သည် ကျင့်ကြံမှုနည်းစနစ်မဟုတ်ဘဲ နတ်ဆိုးဝိညာဥ်များ၏ ဘာသာစကားကိုအသုံးပြုကာ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်သောလျှို့ဝှက်နည်းလမ်းတစ်ခုဖြစ်သည်။
ကျိယွမ်ကို မျက်လုံးပြူးစေသည်မှာ ၎င်းကို ကျင့်ကြံခြင်းသည် အချို့သောအရာများအတွက် အရင်းအမြစ်တစ်ခုဖြစ်လာနိုင်သည်ဟူသော အချက်ဖြစ်သည်။
"လာပြန်ပြီလား အမြှောက်စာနည်းလမ်း"
"ဒီကမ္ဘာမှာ ပြဿနာတွေက အရမ်းများလွန်းတယ်"
"နည်းစနစ်တွေကိုတောင် ပေါ့ပေါ့ဆဆ ကျင့်ကြံလို့မရဘူး"
ကျိယွမ်က စိတ်ပျက်စွာ ညည်းညူရင်း နောက်ဆုံးနည်းလမ်းဖြစ်သော လျန်ကျိကျူအသက်ရှုနည်းစနစ်ကို ကြည့်လိုက်၏။
"အင်း...ချီအဆင့်တွေလည်း ကျင့်လို့ရတယ်တဲ့၊ဒါက သတ်ဖြတ်လိုစိတ်ကို မဖျက်ဆီးနိုင်ပေမဲ့ ဖုံးကွယ်ထားလို့တော့ရတယ်၊အရင်နှစ်ခုလောက်မကောင်းပေမဲ့ အမြှောက်စာမဖြစ်တာနဲ့တင် ကျေနပ်စရာကောင်းနေပြီ"
ကျိယွမ်၏မျက်လုံးအစုံက တစ်ချက်လက်သွား၏။
[၄င်းက လျန်ကျိကျူ နည်းစနစ်ဖြစ်သည်။ ၄င်းကို ပြင်ဆင်မှု ၁၄၅ ကြိမ်လုပ်မည်ဆိုလျှင် မထင်မှတ်ထားသောရလဒ်များ ထွက်လာနိုင်သည်]
ကျိယွမ်၏ မျက်နှာကလေးနက်သွားသည်။
ကျန်းလင်းစုက သူ့အားကျင့်ကြံခြင်းနည်းစနစ်များကို ပေါ့ဆစွာသဘောထားသည်ဟုထင်သော်လည်း အမှန်တကယ်တွင် ကျိယွမ်သည် ကျင့်ကြံနည်းစနစ်များနှင့် ပတ်သတ်လျှင် အလွန်လေးနက်သူဖြစ်သည်။
ထို့ကြောင့်လည်း ကျင့်ကြံသူအများစုက တစ်စုံတစ်ခုသောသက်ရှိကြီးတစ်ကောင်၏ အစာအရင်းအမြစ်ဖြစ်စေမည့် နည်းစနစ်များကိုကျင့်ကြံနေစဥ်တွင် သူကဘေးကင်းသောနည်းစနစ်ကို ကျင့်ကြံနေသည်မဟုတ်ပါလား။
ကျိယွမ်က သူ၏မျက်လုံးများကပြသထားသော ညွှန်ကြားချက်များကို လိုက်နာ၍ လျန်ကျိကျူကို ပြင်ဆင်လိုက်သည်။
အဆင့်ဆင့်ပြင်ဆင်ပြီးသောအခါ ကျိယွမ်အလွန်ကျေနပ်သွား၏။
"ငါ့မျက်လုံးတွေက ငါ့ကို တကယ်နားလည်တယ်။ ပြင်ပေးထားတာတွေက ငါနဲ့ အရမ်းလိုက်ဖက်တာပဲ"
အသစ်ပြင်ဆင်ထားသော လျန်ကျိကျူသည် မူလပုံစံနှင့် လုံးဝမတူတော့ပေ။
၎င်းသည် သူ၏ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်ပေးရုံသာမက၊ သူ၏ သတ်ဖြတ်လိုစိတ်ကို အခြားသူများဆီသို့ပင် လျှို့ဝှက်စွာ ပို့လွှတ်နိုင်သေးသည်။
"တော်တော်အဆင်ပြေသွားပြီ "
ကျိယွမ် သူ၏ကောက်ရိုးအိမ်လေးထဲသို့ ပြန်ဝင်လာခဲ့သည်။
ဂိမ်းထဲတွင် မပြီးဆုံးသေးသောတာဝန်က သူကိုစောင့်ကြိုနေသည်မဟုတ်ပါလား။
.................
"သေကြစမ်း"
တက်လှမ်းခြင်းပလ္လင်ပေါ်သို့သွားသော လှေကားပေါ်တွင် ကျိယွမ်သည် သတို့သမီးလေးနှင့် ပေါင်းစည်းထားပြီး သူ၏ဓားကြီးကို စွဲကိုင်ထားသည်။
နတ်ဘုံအဆင့်ရန်သူ ၁၀ ယောက်၏ ဝိုင်းရံတိုက်ခိုက်မှုကို တည်ငြိမ်စွာရင်ဆိုင်နေ၏။
နေ့အထိ သူသည် လှေကားထစ်ပေါင်း ၁၀၀,၀၀၀ တက်ခဲ့သည်။
လှေကားထစ် ၁၀၀,၀၀၀ ကျော်ပြီးနောက်မှာတော့ ကျိယွမ်တွေ့ဆုံရသော ရန်သူသူများ၏ ခွန်အားသည် သိသိသာသာ ပြောင်းလဲသွားသည်။
အင်အားအနည်းဆုံးမှာရန်သူမှာ နတ်ဘုံအဆင့်တွင် ရှိကြသည်။
ယခုလည်း အဆင့် ၉၁ရှိသော နတ်ဘုံအဆင့် ရန်သူဆယ်ဦးက သူ့ကို ထောင့်ပေါင်းစုံက ဝိုင်းရံတိုက်ခိုက်နေ၏။
သို့သော် ကျိယွမ် မကြောက်ရွံ့ပါ။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးစွန်းများဖြင့် ရဲရဲနီနေပြီး အချို့သောသွေးများက ပျစ်ခဲကာကပ်နေသောကြောင့် သူ၏သွေးနီရောင် ချပ်ဝတ်သည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာသည်။
"နောက်ဆုံးတော့ ငါလည်း အဆင့် ၉၉ ကို ရောက်လာပြီ"
သတိမထားမိသော်လည်း ကျိယွမ်၏ အသံသည် အနည်းငယ်ညှို့ဓာတ်ပါနေသည်။
ကျိယွမ်၏ မျက်လုံးများက ရဲရဲနီလာပြီး သူ၏ဓားကြီးကို မြှောက်ကာ ကန့်လန့်ဖြတ်ပိုင်းချလိုက်သည်။
"သေကြစမ်း..."
"အား....."
ဓားတစ်ချက်တည်းဖြင့် နတ်ဘုံအဆင့်ဆယ်ဦး၏ အကြွင်းအကျန်ပုံရိပ်များသည် လုံးဝမခုခံနိုင်ဘဲ အသတ်ခံလိုက်ရသည်။
သတို့သမီးလေကို ဝတ်ဆင်ထားသော ကျိယွမ်သည် အဆင့် ၁၀၄ ၏ စွမ်းအားကို ထုတ်ဖော်နိုင်သည်။
အဆင့် ၁၀၄ ဟူသော ခွန်အားသည် နတ်ဘုံထဲသို့ ဝင်ရောက်စပြုနေသော အဆင့် ၉၁ ရန်သူများ ရင်ဆိုင်နိုင်သည့်အရာမဟုတ်ပေ။
ထိုအပြင် ကျိယွမ်တွင် တားမြစ်နယ်မြေများမှ ကျင့်ကြံသူ ၈၄ ဦး၏ တိုက်ခိုက်ရေးအတွေ့အကြုံများနှင့် အသိပညာများလည်း ရှိသည်။
တိုက်ပွဲပေါင်း တစ်သိန်းကျော်တိုက်ခိုက်ပြီးနောက် ကျိယွမ်သည် ထိုသူများက သူတို့ကိုယ်သူတိူ့ နားလည်သည်ထက်ပင် ပို၍နားလည်သည်ဟု မတွနိ့မဆုတ်ပြောနိုင်လောက်အောင် လေ့ကျင့်ခဲ့ပြီးဖြစ်သည်။
အားလုံး၏ တိုက်ခိုက်ရေးအတွေ့အကြုံများနှင့် အသိဉာဏ်များအားလုံးကို သူနှင့်ပေါင်းစည်းနိုင်ခဲ့လေပြီ။
"အောက်ဆင့်က တိုက်ပွဲတွေတုန်းက တိုက်ခိုက်ရေးအတွေ့အကြုံတွေနဲ့ နည်းစနစ်တွေကို ပေါင်းစည်းပြီး ငါ့ကိုယ်ပိုင်ဖြစ်အောင် လုပ်သင့်ခဲ့တာ"။
"ပြီးတော့ ရန်သူတွေရဲ့ တိုက်ခိုက်ရေးအတွေ့အကြုံတွေနဲ့ နည်းစနစ်တွေကိုလည်း ငါသင်လို့မရဘူးလား"။
ကျိယွမ်အနည်းနောင်တရသလို ခံစားရသည်။
"ထားတော့..တိုက်ပွဲပေါင်း နှစ်သောင်းကျော် ကျန်သေးတယ်"
"ရန်သူဘယ်နှစ်ယောက်လောက်ရှိမလဲမသိဘူး"။
"အနည်းဆုံးတော့ နတ်ဘုံအဆင့်နှစ်သောင်း ကတော့သေချာတယ်၊ပြောမရဘူး နတ်ဘုံအဆင့် နှစ်သိန်းလည်းဖြစ်နိုင်တာပဲ"
"ဒီလောက်ကြီးသတ်ဖြတ်ရရင် ငါ့ရဲ့ဖုံးကွယ်နည်းစနစ်က အလုပ်ဖြစ်ဖို့ပဲ မျှော်လင့်ရတော့မှာပဲ"
ကျိယွမ်သည် ရန်သူများကိုသတ်ဖြတ်ရန်အတွက် ဂိမ်းထဲသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။
အချိန်များသည် လျင်မြန်စွာ ကုန်လွန်သွားသည်။
ဂိမ်းထဲတွင်တစ်ရက်သည် တက်လှမ်းခြင်းပလ္လင်တွင် တစ်နှစ်ဖြစ်သည်။သို့သော် ထိုအရာက ပုံသေဟုတ်ပုံမရချေ ။နောက်ပိုင်း၌ ဂိမ်းထဲတွင်တစ်ရက်သည် တက်လှမ်းခြင်းပလ္လင်တွင် ဆယ်နှစ်သို့မဟုတ်နှစ်တစ်ရာပင် ဖြစ်နိုင်သည်။
နောက်ဆုံးအချက်အလက်ကို ရွှေရောင်သံချပ်ကာဝတ် နတ်ဘုရားစစ်သည်တော်ကြီးက ကျိယွမ်အား မပြောပြခဲ့ပေ။
ဖြစ်နိုင်သည်မှာ နတ်ဘုရားစစ်သည်တော်က ကျိယွမ်သည် လှေကားထစ်များကို အထစ်ပေါင်း သိန်းကျော်သည်အထိ တက်နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပုံပင်။
သူက ကျိယွမ်သည် ယခင်စိန်ခေါ်သူများကဲ့သို့ပင် တိုက်ပွဲအနည်းငယ်အတွင်း သေဆုံးပြီး၊သူ၏သွေးသည် ကွင်းကိုအနီရောင်ခြယ်ကာ လှေကားအစောင့်ဖြစ်သွား လိမ့်မည်ဟု တွေးခဲ့ဟန်တူသည်။
ကျိယွမ်သည် ဂိမ်းထဲတွင် မမောမပန်း သတ်ဖြတ်နေခဲ့သည်။
သက်ရှိမည်မျှကို ရက်ပေါင်းမည်မျှ သတ်ခဲ့သည်ကိုပင် ကျိယွမ် မသိတော့ပါ။
သူ၏တစ်ကိုယ်လုံးသွေးများလူးလျှက် ငရဲမှလာသော အနီရောင်ငရဲသားကြီးတစ်ကောင်အလားရှိ၏။
အစပိုင်းတွင် ဓားရိုးပေါ်သို့ စီးကျလာသော သွေးများကြောင့် စေးကပ်နေပြီး ဓားကိုင်ရသည်ပင် ချော်နေ၏။သို့သော် သွေးများစေးကပ်သွားသောအခါ ဓားလက်ကိုင်နှင့်
သူ၏လက်ကိုပင် ခွဲခြားမမြင်နိုင်တော့ပေ။
ယခု သူ၏ရှေ့တွင် အဆင့် ၉၃ ရှိသောနတ်ဘုံအဆင့်ရန်သူငါးဆယ် ရှိနေသည်။
တစ်ချိန်ကဆိုလျှင်တော့ ကျိယွမ်သည် ၎င်းတို့ကို ယခုလိုအုပ်လိုက်ကြီးတွေ့ပါက လျင်မြန်စွာ ထွက်ပြေးခဲ့မည်ဖြစ်သည်။
အခုအချိန်မှာတော့ လုံးဝမကြောက်တော့ပေ။
တိုက်ပွဲပေါင်း သိန်းနှင့်ချီသော အတွေ့အကြုံများရရှိခဲ့ပြီးဖြစ်သလို တားမြစ်နယ်မြေမှ ကျင့်ကြံသူ ၈၄ ဦး၏ တိုက်ခိုက်ရေးအတွေ့အကြုံများကို ကျေညက်ခဲ့လေပြီ။ ထို့အတူ လှေကားတစ်လျှောက်သတ်ခဲ့သော ပလ္လင်အစောင့်များ၏ တိုက်ခိုက်ရေးအတွေ့အကြုံများကို စုပ်ယူခဲ့သေးသည်။
ထို့ကြောင့် ယခုအချိန်တွင် ကြောက်ရမည်သူက သူမဟုတ်ပါ။ သူ၏ရှေ့မှ ရန်သူ
၅၀ ကသာ ကြောက်သင့်သည် မဟုတ်ပါလား။
ကျိယွမ်က သွေးစေးများဖြင့် ချော်နေသော ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
ရှည်လျားသောမျက်တောင်များပေါ်မှ တွဲလွဲခိုကျနေသော သွေးစက်များကို လက်နှင့်သပ်ချလိုက်၏။ထိုသွေးစက်များက သူ၏မြင်ကွင်းကို ဝိုးတဝါးဖြစ်စေသဖြင့် သူသဘောမကျပါ။
"ယား........"
သူသည် ရန်သူ၏ဓားများနှင့်ဓားသွားများပေါ်တွင် ကခုန်နေသော ဝိညာဉ်တစ်ခုကဲ့သို့ပင်။
သွေးနီရောင် အဖိုးတန်ဓားကို ကိုင်ဆောင်လျက် နတ်ဘုံအဆင့် ၅၀ ကျော်ဆီသို့ တဟုန်ထိုးပြေးဝင်သည်။
သူ၏ ဓားချက်တိုင်းသည် ကောင်းကင်ဘုံမှ ကျရောက်လာသကဲ့သို့ ပြင်းထန်၏။
ရက်စက်ပြီး အညှာအတာကင်းမဲ့သည်။
သူ၏ တိုက်ခိုက်မှုတိုင်းသည်လည်ကောင်း၊ သူ၏ရှောင်တိမ်းမှုများသည်လည်ကောင်း သိုင်းနတ်ဘုရားတစ်ပါးအလား အလွန်လှပသည်။
လူပေါင်းအသိန်းအသောင်းထိုင်ကြည့်နေလျှင်ပင် သူ၏လှုပ်ရှားမှုများမှ အပြစ်အနာအဆာတစ်ခုကို ရှာမတွေ့နိုင်ပေ။
ထိုအရာကား အတွေ့အကြုံများနှင့်ညဏ်ပညာတို့၏ တန်ဖိုးပေတည်း။
"ဝုန်း..."
"အား..."
"အား..အား"
တရစပ်သတ်ဖြတ်ခြင်း။
လှေကားတစ်ထစ်ပြီး တစ်ထစ်သူတတ်သည်။
သူရောက်ရှိသွားသော လှေကားထစ်တိုင်းက သွေးချောင်းစီးရသည်။
ယခုအခါ သူသည် ပြင်ပနတ်ဆိုးများထက်ပင် ပိုပြီးနတ်ဆိုးဆန်နေလေပြီ။
"သေစမ်း.."
နောက်ဆုံးတစ်သုတ်ကို သတ်လိုက်ပြီးနောက် ကျိယွမ်သည် သူ၏မျက်လုံးများကို မှေးလိုက်သည်။
-"အခုထိ အဆင့် ၉၉ ပဲလား။ အဆင့် ၁၀၀ ကို မရောက်နိုင်သေးဘူးလား"
ကျိယွမ်သည် သူ နတ်ဘုံအဆင့်ဘယ်နှစ်ယောက်ကိုသတ်ခဲ့သည်ကို မမှတ်မိတော့ပေ။သေချာသည်ကတော့ ထောင်သောင်းနီးပါးပင်။
သို့သော် သူ၏ အတွေ့အကြုံဘားတန်းသည် အဆင့် ၉၉ တွင် ရပ်တန့်နေပြီး ထပ်တိုး၍မရပေ။
မမြင်နိုင်သော လက်တစ်ဖက်က သူ့ကို အဆင့် ၉၉ တွင် ပိတ်လှောင်ထားသကဲ့သို့ ဖြစ်နေသည်။
"အနည်းဆုံး အတွေ့အကြုံရမှတ်တွေ ရှိနေသေးတာ တော်သေးတာပေါ့"
ကျိယွမ်က လွယ်လွယ်နှင့်အရှုံးပေးတတ်သူ မဟုတ်ပါ။
သူက အတွေ့အကြုံရမှတ်များကို ဆက်လက်စုဆောင်းရန်ဆုံးဖြတ်လိုက်သည်။
အဆင့်တက်ခြင်းကို တားဆီးထားသည့် ကန့်သတ်ချက်တစ်ခုခု ရှိနေသည်။
ထိုကန့်သတ်ချက်ကို သူဖြတ်ကျော်နိုင်သည်နှင့် သူအဆင့်တက်နိုင်မှာ သေချာ၏။
ကျိယွမ်သည် သူမည်သည့်အဆင့်သို့ ရောက်ရှိမည်ကို တွေးမိ၏။အချိန်အကြာကြီးနေမှ အဆင့်တတ်လျှင် အနည်းဆုံး အဆင့် ၁၁၀ လောက်သို့များ ရောက်သွားလေမည်လား။
လှေကားထစ်ပေါင်း တစ်သောင်းကျော်ကျန်သေးပြီး နတ်ဘုံအဆင့်မကောင်းဆိုးရွာများ များစွာကျန်သေးသည်။
"ဒီနေရာက ငါ့အတွက် အတွေ့အကြုံရမှတ်တွေကို အချိန်အကြာကြီးယူပြီး သေသေချာချာ မွေးပေးထားတာပဲ"
ထို့နောက် ကျိယွမ်သည် လှေကားထစ်များပေါ်မှာ ဆင်းလိုက်သည်။
သူသည် လုံလောက်စွာသတ်ဖြတ်ခဲ့ပြီးဖြစ်သောကြောင့် ဂိမ်းမှထွက်ရန် အချိန်ရောက်လေပြီ။
.......................
ရှန်ကွမ်းဂိုဏ်းချုပ်ကြီး ကုမူကျန့်ကျွမ်း ကွင်းပြင်ထဲမှ တပည့်များကိုကြည့်ကာ ခေါင်းယမ်းမိသည်။
ယခုတစ်လောသူ၏ရှန်ကွမ်းဂိုဏ်းသည် အလွန်ထူးဆန်းသော ကိစ္စများက်ုချည်းကြုံနေ၏။
သတ္တုပစ္စည်းများက ဖောက်ပြန်ကုန်သည်။နွေခေါင်ခေါင်မိုးကြိုးပစ်သော နေ့များလည်း ရှိလေ၏။မကြာသေးမီကလည်း ကျင့်ကြံသူများကနေရင်းထိုင်ရင်း သစ်ပင်များပေါက်ကြသည်။ထိပ်တန်းအဆင့်ရတနာများကြောင့် ဖြစ်သည်ဟုထင်သော်လည်း ယနေ့အထိ ထိုရတနာကိုမည်သူကမှ မရခဲ့ကြပါ။
ယခုလည်းအကြီးအကဲများက သူ့အားတင်ပြခဲ့ကြသည်။
ဂိုဏ်း၏သာမန်တပည့်များအားလုံးက ညဘက်တွင် မအိပ်ရဲကြသည်မှာ ၅ ရက်ခန့်ရှိပြီဟူသည်။
အကြောင်းမှာ သူတို့အိပ်စက်လိုက်တိုင်း ကြောက်စရာအိမ်မက်ကြီးတစ်ခုတည်းကိုသာ တူညီစွာမက်ပြီး အမြဲလန့်နိုးလာကြ၏။ထိုသို့ဖြစ်သည်မှာ တစ်ကြိမ်တည်းမဟုတ်ဘဲ အိပ်ပျော်သည့်အခါတိုင်းဖြစ်နေသောကြောင့် ချီအတင့်တပည့်များက မအိပ်ရဲကြတော့ ဘဲ ညတိုင်း ငုတ်တုပ်ထိုင်ကာ ကျင့်ကြံနေကြရလေသည်။
"ဂိုဏ်းချုပ်ကြီး ..ဒါက လွန်ခဲ့တဲ့ငါးရက်က ရွာခဲ့တဲ့သွေးမိုးနဲ့ ဆိုင်မယ်ထင်တယ်၊အဲဒီနေ့က မိုးရေနဲ့ထိခဲ့သူတိုင်း ခုလိုဖြစ်ကြတယ်တဲ့"
"အင်း... ဖြစ်နိုင်တယ်"
ကုမူကျန့်ကျွမ်းက လွန်ခဲ့သောငါးရင်ခန့်က ရွာခဲ့သောအချိန်အခါမဲ့ မိုးကိုသတိရလိုက်သည်။
ရေဓာတ်အနှစ်သာရပြည့်ဝသော မိုးကြီးဖြစ်ပြီး ကျင့်ကြံသူများအတွက် အကျိုးရှိခဲ့သည်။သို့သော် သာမန်မိုးရေများနှင့်မတူဘဲ သွေးရောင်ရဲရဲတောက်နေ၏။
ထူးခြားသော်လည်း မည်သည့်ဘေးအန္တရာယ်မှ မမြင်သဖြင့် သူကတပည့်များကို လေ့လာခွင့်ပြုခဲ့မိသည်။ယခုတော့ ပြဿနာက ရှိလာခဲ့လေပြီ။
ထိုစဥ် သူကတပည့်များထဲ၌ ထိတ်လန့်နေကြသော အခြေတည်အဆင့်တပည့်များနှင့် အမြုတေအဆင့်အကြီးအကဲများကိုပါ မြင်သဖြင့် နားမလည်နိုင်ဖြစ်သွားသည်။
အခြေတည်အဆင့်သို့ရောက်သည်နှင့် ကျင့်ကြံသူများသည် အများအားဖြင့် အိပ်စက်စရာမလိုတော့ပေ။မအိပ်ဘဲ နေနိုင်သွားလေပြီ။
"နေပါဦးအခြေတည်တပည့်တွေနဲ့ အမြုတေအဆင့်တွေကပါ အိမ်မက်ဆိုးမက်နေကြလို့လား၊ သူတို့က အိပ်စရာမှမလိုတော့တာ "
ကုမူကျန့်ကျွမ်းဘေးမှ အကြီးအကဲတစ်ဦးက သက်ပြင်းချကာရှင်းပြလေသည်။
ထိုနေ့က မိုးစိုခံရသော ကျင့်ကြံသူများအားလုံး အိပ်ပျော်သည်နှင့် အိပ်မက်ဆိုးများ မက်ကြသည်။
သူတို့၏ အိပ်မက်များတွင် အနီရောင်ဓားကြီးကို ကိုင်ထားသော ကြီးမားသည့်သွေးရောင်ပုံရိပ်တစ်ခုကို မြင်ရသည်။ ထိုပုံရိပ်ကြီးက ထောင်သောင်းများစွာသော ကျင့်ကြံသူများကို ရက်စက်စွာ သတ်ဖြတ်နေသည်။
နေရာအနှံ့အပြား၌ သွေးများက ရေအိုင်များသဖွယ် စီးကျနေပြီး အပိုင်းပိုင်းပြတ်နေသော အလောင်းများက ထပ်ထပ်ကြမ်းနေသည်။
ထိုကြီးမားသောပုံရိပ်က ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်ပြီး သူ၏အကြည့်ကို မြင်ရသည်မှာ အူအသည်းများပြောင်းပြန်လန်သွားမတတ် ကြောက်ရွံ့စေ၏။
သူတို့ကကြောက်ရွံ့လွန်းသဖြင့် ထိုအရာကြီး မမြင်နိုင်စေရန် ပုန်းနေမိကြသည်။
သူတို့ပုန်းနေစဥ်မှာပင် ထိုသတ္တဝါကြီးက မနားတမ်းသတ်ဖြတ်နေရာမှ ရုတ်တရက်လှည့်ကြည့်ပြီး သူတို့ပုန်းနေရာသို့ တလှမ်းချင်းလှမ်းအေးစက်စွာလှမ်းလာနေသည်ကို မြင်သောအခါ ထိတ်လန့်စွာအော်ဟစ်ပြီး လန့်နိုးလာကုန်၏။
တပည့်များမှာ အိပ်စက်ချိန်တိုင်း ထိုအရာကြီးကို မြင်မက်နေကြသဖြင့် မအိပ်ရဲကြတော့ပေ။အချို့တပည့်များက ငိုယိုအော်ဟစ်ပြီး အကြီးအကဲများကို တိငြၽကြားကြသည်။
အခြေတည်အဆင့်ကျင့်ကြံသူများနှင့် အမြုတေအဆငိ့အကြီးအကဲများက မယုံကြည်သဖြင့် လှောင်ပြောင်ရယ်မောမိကုန်၏။
အိပ်မက်တစ်ခုက အဘယ့်ကြောင့် ထိုမျှကြောက်စရာကောင်းမည်လဲ။
အဓိပ္ပါယ်မရှိသော စကားများသာဖြစ်သည်။
တပည့်များက ထိုပုံရိပ်ကြီးကို သွေးနီရောင်နတ်ဆိုးတစ်ပါးဟု တင်စားသည်ကိုကြားလျှင် ပို၍လှောင်ပြောင်ကြသည်။
သာမန်တပည့်များနှင့် ချီအဆင့်ကျင့်ကြံသူများသည် အတွေ့အကြုံအလွန်နည်းသောကြောင့် ရုပ်ဆိုးဆိုးခွေးတစ်ကောင်ကို အိမ်မက်လျှင်ပင် ခွေးနတ်ဆိုးဟု ခေါ်ကြလိမ့်မည်ဟု လှောင်ပြောင်ပြောဆိုကြသည်။
အချို့သော အဆငိ့မြင့်ကျင့်ကြံသူများက တမင်တကာ အိပ်ပျော်ရန် ကြိုးစားခဲ့ကြပြီး လက်တွေ့စမ်းသပ်ပြကြသည်။
ရလဒ်အနေဖြငိ့ သူတို့သည်လည်း မထိန်းချုပ်နိုင်အောင် ထိတ်လန့်ကုန်ကြသည်။
"ဒီလိုလား..."
ကုမူကျန့်ကျွမ်းက သနားစရာတပည့်များကို ကြည့်လိုက်၏။
"ဆေးဝါးတောင်ထိပ်နဲ့တိုင်ပင်ပြီး သာမန်တပည့်တွေကို အဆင်ပြေအောင် စီစဥ်ပေးလိုက်၊ငါ့အထင် ဒီအရာကအကြာကြီးဖြစ်နေမယ်တော့မထင်ဘူး၊ ပြီးတော့ စုံစမ်းရေးတပည့်တွေကို စေလွှတ်ပြီး သတင်းထူးရှိလားစုံစမ်းပါ။ဒါက ကပ်ဘေးဆိုးတစ်ခုအတွက် ရှေ့ပြေးနိမိတ်လည်းဖြစ်နိုင်တယ်"
"ဟုတ်ကဲ့..."
ကုမူကျန့်ကျွမ်းက မျက်ကွင်းချောင်လေးများဖြင့် ငေးကြောင်နေသော တပည့်များကိုကြည့်ကာ စိတ်မသက်မသာ သက်ပြင်းချလိုက်၏။
နေနှင့်ဦးပေါ့ကွာ၊ငါ့ဂိုဏ်းကို အမျိုးမျိုးဒုက္ခပေးနေတဲ့ တရားခံကို မမိသေးလို့ပေါ့ ၊မိရင်တော့ ရှန်ကွမ်းဂိုဏ်းအကြောင်း ကောင်းကောင်းသိသွားစေရမယ်။
.........................