← Chapters

နည်းနည်းကြောက်စရာကောင်းတဲ့ကမ္ဘာ

Vol. 5 Ch. 73

နည်းနည်းကြောက်စရာကောင်းတဲ့ကမ္ဘာ

Vol. 5 Ch. 73

ဂိမ်းမျက်နှာပြင် ပျောက်သွားခဲ့သည်။

ကျိယွမ်သည် ဂိမ်းကျောက်ပြားကို ကိုင်ထားရင်း အဘယ့်ကြောင့်ဤသို့ဖြစ်ရသည်ကို စဥ်းစားနေသည်။

သူက နောက်တွင်ကျန်နေခဲ့သော တျန်းကျွဲ့နယ်မြေကို တစ်လှည့်ပြန်ကြည့်၏။

"အဲဒီလိုပဲ ဖြစ်ရမယ်"

သူသည် ဂိမ်းကျောက်ပြားကို ကိုင်ကာ တျန်းကျွဲ့ထဲသို့ ပြန်ဝင်ကြည့်လိုက်သော်လည်း

ဂိမ်းမျက်နှာပြင်က ပေါ်မလာတော့ပါ။

ကျိယွမ် စိတ်ညစ်သွားလေသည်။

"ဒါဆို ငါကတားမြစ်နယ်မြေနဲ့ သီးခြားနယ်မြေတွေကနေ ထွက်သွားတာနဲ့ ငါ့ရဲ့ဂိမ်းမျက်နှာပြင် ပျောက်သွားတာပေါ့"

"ဒါဆို ငါက NPC နဲ့ မကွာဘူးဆိုတဲ့ အဓိပ္ပာယ်လား"

ကျိယွမ် တုန်လှုပ်သွားသည်။သူ့ကိုယ်သူ ဂိမ်းကစားသူဟုထင်နေခဲ့သော်လည်း သူကNPC တစ်ကောင်ဖြစ်နေခဲ့သည်။

"ဒါဆိုဘယ်သူက ဂိမ်းကိုကစားနေတာလဲ၊ပြင်ပနတ်ဆိုးကြီးလား"

အတန်ကြာစဥ်းစားနေသော်လည်း အဖြေမရခဲ့ပါ။နောက်ဆုံးတွင် ကျိယွမ်လက်လျှော့လိုက်တော့သည်။

"ငါထင်နေတာကလည်း မှန်ချင်မှမှန်မှာ၊ ငါက NPC မဟုတ်တာလည်းဖြစ်နိုင်တာပဲ"

သူကဂိမ်းကျောက်ပြားကို ပြန်သိမ်းလိုက်ပြီး မာန်သွင်းလိုက်၏။

"ဂိမ်းမျက်နှာပြင်မပါရင်တောင် ငါကဒီထက်ပိုဆိုးတဲ့နတ်ဆိုးတွေကို ရှင်းပစ်နိုင်သေးတယ်"

သို့သော် ကျင်းလီကိုတွေးမိသောအခါ ကျိယွမ်သက်ပြင်းချမိသည်။

"ငါစိတ်မကောင်းအဖြစ်ရဆုံးကတော့ ကျင်းလီနဲ့ ဆက်သွယ်လို့ မရတော့တာပဲ"

"တစ်ယောက်နဲ့တစ်ယောက် မှားယွင်းတဲ့ အခြေအနေမျိုး မရှိလောက်ဘူးထင်ရတာပဲ"

ကျိယွမ်သည် အွန်လိုင်းပေါ်မှ စုံတွဲများ အပြင်တွင် မှားယွင်းသောတွေ့ဆုံမှုများအကြောင်း ဇာတ်လမ်းများစွာကို ကြားဖူးခဲ့သည်။

"သတို့သမီးလေး"

ကျိယွမ်သည် သူမကိုပွေ့လိုက်ရင်းမှ ညင်သာစွာ ခေါ်လိုက်သည်။

သတို့သမီးလေးက နာခံစွာကျုံ့သွားပြီး ကျိယွမ်၏ရင်ဘတ်ပေါ်၌ မင်္ဂလာဝတ်စုံပုံတက်တူးအဖြစ် ပြောင်းလဲသွားသည်။

ကျိယွမ်သည် အကျည်းတန်ဝတ်ရုံဘုရင်၏ မျက်နှာမဲ့မျက်နှာဖုံးကိုလည်း ဝတ်ဆင်လိုက်သည်။

ယခုအခါ သူသည်သွေးရင့်ရောင်သံချပ်ဝတ်စုံနှင့်မျက်နှာဖုံးကို ဝတ်ဆင်ထားသဖြင့် နန်းတော်မှ နတ်ဆိုးအစောင့်တစ်ဦးနှင့်ပင်တူနေသည်။

သူ၏အရပ်အမောင်းကလည်း သာမန်လူတစ်ယောက်၏အရွယ်အစားအထိ ကျုံ့သွားသည်။

"အခု ငါက တကယ့်လူဆိုးကြီးတစ်ယောက်နဲ့ တူသွားပြီ"

မျက်နှာမဲ့ မျက်နှာဖုံးသည် နတ်ဆိုးများ၏ အာရုံခံမှုကို ယာယီပိတ်ဆို့နိုင်သည်။

အကျည်းတန်ဝတ်ရုံဘုရင်သည် အလွန် ထူးချွန်သော ပါရမီရှင်တစ်ဦးဖြစ်သည်။

ထိုသို့သောပါရမီရှင်မျိုးကို ပြင်ပနတ်ဆိုးများကလည်း အမုန်းဆုံးဖြစ်သည်။ထို့ကြောင့် သွေးစုပ်ငါးမြှားကြိုးဖြင့် ရက်စက်စွာသတ်ဖြတ်ပြီးအရေခွံကိုသာ ချန်ထားခဲ့ကြသည်။

အကျည်းတန်ဝတ်ရုံဘုရင်က ပြင်ပနတ်ဆိုးများအာရုံမခံနိုင်အောင် မျက်နှာမဲ့မျက်နှာဖုံးကို အသုံးပြု၍ ရည်ရွယ်သောနေရာအထိ သွားနိုင်ခဲ့သည်။

ကံမကောင်းသည်မှာ သူအားကိုးခဲ့သောရိကွမ်းတားမြစ်နယ်မြေက နတ်ဆိုးများအောက်သို့ကျရောက်နေခဲ့ခြင်းပင်။

ယခု ကျိယွမ်သည်လည်း အဆင့် ၉၉ ရှိနေလေပြီ ။ လူသားများကြားတွင် ထင်ပေါ်စွာ လျှောက်သွားပါက ပြင်ပနတ်ဆိုးများ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်မှာသေချာသည် ။

ထို့ကြောင့် မျက်နှာမဲ့မျက်နှာဖုံးကို မဖြစ်မနေဝတ်ဆင်ထားရသည်။

ကျိယွမ်က သူ၏ဓားကြီးကိုကိုင်ထားလျှင် အရှေ့တောင်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။

အလွန့်အလွန်ဝေးကွာသောတစ်နေရာတွင် မြင့်မားစွာအုပ်မိုးနေသော ရှေးဟောင်းစီးချောင်သစ်ပင်ကြီးကို သူမြင်နေရ၏။

"မိုင်ပေါင်း ထောင်ချီဝေးတာပဲ၊ ကံမကောင်းတာကတော့ ဒီမှာ ဝိညာဥ်လှေမရှိဘူး၊တကယ်လို့ ငါကဝိညာည်လှေကို ဘယ်လိုတည်ဆောက်ရမယ်ဆိုတာ သိရင်တောင် အချိန်မမီတော့ဘူး၊ ခြေလျင်ပဲ သွားရတော့မယ်"

ဂိမ်းကမ္ဘာနှင့်တကယ့်ကမ္ဘာသည် ကွဲပြားခြားနားသော ကမ္ဘာနှစ်ခု ဖြစ်သည်။

မူလ၌ ကျိယွမ်ပင်လျှင်ထိုနှစ်ခုကို အတူတူထင်မိခဲ့သည်။သို့သော် ကြာလာသောအခါ မတူညီသည်ကို သိလာ၏။

ဂိမ်းကမ္ဘာတွင် ကိုယ်ခံပညာများသည် နတ်ဘုရားအဆင့်အထိ ရောက်ရှိနိုင်သည်။ထိုကမ္ဘာ၌ ကျင့်ကြံသူဟုမခေါ်ဘဲ ကျွမ်းကျင်သူဟု ခေါ်ကြ၏။

တကယ့်ကမ္ဘာတွင် ကျင့်ကြံခြင်းသည်မသေမျိုးဘဝသို့ ရောက်ရှိရန်လမ်းစဉ် ဖြစ်သည်။

ထိုအပြင်ဂိမ်းကမ္ဘာမှ နည်းစနစ်များကို လေ့ကျင့်ပါက စွမ်းအားရင်းမြစ်အဖြစ် ပြောင်းလဲသွားမည်လည်း မဟုတ်ပေ။၄င်းက ချီကျင့်ကြံခြင်းမဟုတ်သောကြောင့်ဖြစ်သည်။

ထို့ကြောင့် ၄င်းတို့ကို တကယ့်ကမ္ဘာတွင် ကျင့်ကြံ၍မရသလို "ကျိယွမ်ကျမ်း" ကို ဖြည့်စွက်ရန်အတွက်ပင် အကိုးအကားပြု၍မရပေ။

ကျိယွမ်သည် ဂိမ်းကမ္ဘာမှ နည်းစနစ်များကို ပထမဆုံးအကြိမ် ကိုးကားကြည့်သောအခါတွင် ကြောက်ရွံ့သွားခဲ့သည်။ထိုအရာများကိုလေ့ကျင့်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာများပင် ရှိလာပြီလားဟု သံသဝင်မိခဲ့သည်။

အတွေးများကို လက်စသပ်လိုက်ပြီး ကျိယွမ် အဝေးသို့မျှော်ကြည့်လိုက်သည်။

ထို့နောက် ရင်ဘက်ပေါ်မှ တတ်တူးပုံကို ဖွဖွပုတ်ကာ ပြောလိုက်သည်။

"ယွဲ့ဟွမ်မင်းဆက်ရဲ့ ရှေးဟောင်းစီးချောင်သစ်ပင်ကြီးမှာ စောင့်နေသူရှိတယ်၊ငါတို့သွားကြတာပေါ့"

ကျိယွမ်သည် သွေးနီရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှေးဟောင်းစီးချောင်သစ်ပင်ကြီးတည်ရှိနေသော အရပ်ဆီသို့ ပျံသန်းသွားသည်။

သူကကမ္ဘာအသစ်ကိုလေ့လာနိုင်ရန် လုံလောက်သောအကွာအဝေးမှ ပျံသန်းနေခဲ့သည်။

သို့သော် တစ်နေရာသို့ရောက်သောအခါ ကျိယွမ်၏မျက်လုံးများ ကျုံ့သွား၏။သူကကောင်းကင်မှရုတ်တရက် ထိုးဆင်းသွားသည်။

သဲကန္တာရထဲမှ သစ်ပင်အချို့တွင် လူသေအလောင်း ၁၅ လောင်းခန့်ကို ချိတ်ဆွဲထားသည်။ ပူပြင်းသောနေရောင်အောက်တွင် ချိတ်ဆွဲထားသောကြောင့် အလောင်းများကို အခြောက်လှန်းထားသလိုပင် ထင်ရသည်။

ကျိယွမ်ပတ်ဝန်းကျင်အား အကဲခတ်လိုက်၏။မသင်္ကာစရာ မရှိပါ။

အလောင်းများအားလုံးသည် အရွယ်အစားသေးငယ်ပြီး ကလေးများဖြစ်ပုံရသည်။

လင်းတများက အလောင်းများမှအသားများကိုဆွဲဖြဲစားနေကြသဖြင့် အများစုမှာမည်သူမည်ဝါပင် ခွဲနိုင်စရာမရှိတော့ပေ။

ရုတ်တရက် ရောက်လာသော ကျိယွမ်ကိုမြင်ပြီး လင်းတများက အတောင်ပံများ ခတ်၍ လွတ်ရာသို့ပျံသန်းထွက်ခွာသွားကြသည်။

ကျိယွမ်သည် ပိန်လှီပြီး ခြောက်သွေ့နေသော အလောင်းများကိုသေချာ ကြည့်လိုက်သည်။ အသက်အကြီးဆုံးမှာ ၁၁ နှစ် သို့မဟုတ် ၁၂ နှစ်ခန့်ရှိနိုင်ပြီး အငယ်ဆုံးမှာသုံးလသားအရွယ် ကလေးငယ်ပင်ဖြစ်ပုံရသည်။

"ရက်စက်လှချည်းလား.."

သူတို့ကိုရက်ရက်စက်စက် သတ်ပြီး တောထဲတွင် ထားခဲ့ပုံရသည်။

ကျိယွမ်က ခေါင်းမော့ကာ ကောင်းကင်ပေါ်ရှိ နေကို ကြည့်လိုက်သည်။

"ဒီလို ပူပြင်းတဲ့ရာသီဥတုမှာ ဒီလိုချိတ်ဆွဲခံထားရတာ မကောင်းဘူး"

သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အလောင်းများနှင့်တကွ ပင်စည်များအားလုံးသဲထဲသို့ နစ်မြုပ်သွားသည်။

ကျိယွမ်စိတ်မသက်သာစွာ ခေါင်းယမ်းလိုက်သည်။

"ဒီကမ္ဘာက ကျင်းလီပြောသလောက် လှပ မနေဘူးပဲ"

"ဒါမှမဟုတ် ငါက ဒုစရိုက်ထူပြောတဲ့အမှောင်ခြမ်းထဲမှာ ရောက်နေတာလဲ ဖြစ်နိုင်တယ်။

ထို့သို့တွေးရင်း ချီယွမ်သည် ကောင်းကင်သို့ ပြန်လည်ပျံသန်းသွားသည်။

ယခုတစ်ကြိမ်တွင် သူသည် ပိုမိုမြင့်မားစွာ ပျံသန်းခဲ့ပြီး လောကကြီး၏ပြဿနာများကိုရှောင်ရှားခဲ့သည်။

လောကကြီးသည် ပြဿပေါင်းစုံဖြင့် အမြဲရှုပ်ထွေးနေပြီး မှန်သည်၊ မှားသည်ကို ခွဲခြားရန် ခက်ခဲသည်။ ပြဿနာတစ်ခုသည် အချို့သူများအတွက် မှားနေနိုင်သော်လည်း အချို့သူများအတွက် မှန်ချင်မှန်နေတတ်သည်။

ထို့ကြောင့် မှန်ခြင်းသည်လည်ကောင်း၊ မှားခြင်းသည်လည်ကောင်း အဓိပ္ပါယ်ဖွင့်ဆိုရန် အလွန်ခက်ခဲနေသည် မဟုတ်ပါလား။

....................

သွေးနီရောင်အလင်းတစ်ချက်သည် မြေပြင်ပေါ်သို့ ကျရောက်သွားသည်။

ရှေးဟောင်းစီးချောင်သစ်ပင်ကြီးဆီမှ မိုင်ရာဂဏန်းခန့်အကွာအဝေးတွင် မြို့တစ်မြို့ရှိသည်။

ထိုနေရာ၌ ကျိယွမ်ရပ်တန့်လိုက်၏။

ပထမအနေဖြင့် ယွဲ့ဟွမ် မင်းဆက်သို့ သွားရာလမ်းကို မေးရန်လိုအပ်နေပြီး ဒုတိယအနေဖြင့် နည်းနည်းပါးပါး စားသောက်ကာကောင်းမွန်စွာအနားယူပြီး ရိုးရှင်းသော အဝတ်အစားများ လဲလှယ်ရန် ဖြစ်သည်။

သူရောက်သွားသောအချိန်တွင် မြို့ရိုးအပြင်ဘက်တွင် တန်းစီနေသောလူတန်းကြီးတစ်ခု ရှိနေသည်။

"တန်းစီရမှာလား"

ကျိယွမ်သည်နိုင်ငံကြီးသားပီသစွာ လူတန်း၏နောက်ဆုံးတွင်တန်းစီလိုက်၏။

သူ၏ရှေ့တွင် ခပ်ဝဝလူတစ်ဦးရှိသည်။

မြို့ဆိုင်းဘုတ်ကို ကြည့်လိုက်ရာ “ကွန်ဝူမြို့တော်” ဟူသော စာလုံးသုံးလုံး ရေးထားသည်ကို တွေ့ရသည်။

မြို့ရိုးအပြင်တွင် တန်းစီးနေသူများက ရာနှင့်ချီသည်။

ကောင်းကင်ပေါ်မှနေမင်းက အစွမ်းကုန်တောက်ပကာ ပူလောင်နေသည်။

လူအုပ်ကြီးမှာ ပူပြင်းသောနေရောင်အောက်တွင် အချိန်ကြာမြင့်စွာစောင့်နေရ၏။

ကျိယွမ်၏ရှေ့မှလူဝကြီးက သူ၏ချွေးများကို သုတ်လိုက်သည်။

သူ၏ဝတ်စားဆင်ယင်မှုက ချမ်းသာသောသူ သို့မဟုတ် မြင့်မြတ်သောသူဖြစ်ကြောင်းကို ​ဖော်ပြနေ၏။

ကျိယွမ်ကတော့တိတ်ဆိတ်စွာ ရပ်နေပြီး သူ၏အကြည့်သည် မြို့ရိုး၏အခြားတစ်နေရာသို့ ရောက်သွားသည်။

ထိုနေရာတွင် အခြားဝင်ပေါက်တစ်ခုရှိနေသည်။သို့သော် တန်းစီသူသိပ်မရှိပေ။

ဗွီအိုင်ပီတွေအတွက်ထင်တယ်။

ကျိယွမ်က ဗီအိုင်ပီဆိုသူများကို သေချာကြည့်မိသောအခါ အနည်းငယ်အံ့သြသွားလေသည်။

ထိုအထူးအခွင့်အရေးသည် ကျိယွမ်တွေးထားသကဲ့သို့ ချမ်းသာသောသူများနှင့် ရာထူးကြီးသူများအတွက် မဟုတ်ပေ။

၎င်းသည်... သက်ကြီးရွယ်အိုများအတွက်ဖြစ်သည်။

အများစုက အသက် ၅၀ သို့မဟုတ် ၆၀ ကျော်သူများဖြစ်သည်။

သူတို့သည် တန်းစီစရာမလိုဘဲ တိုက်ရိုက်ဝင်ရောက်နိုင်သည်ကို သူတွေ့လိုက်ရသည်။

"သက်ကြီးရွယ်အိုတွေကို ရိုသေလေးစားခြင်းပဲ၊ကြီးတဲ့သူကိုရိုသေ ငယ်ရွယ်သူကိုသနား တဲ့၊ ကွန်ဝူမြို့တော်က တော်တော်ကောင်းမြတ်တဲ့ဓလေ့တစ်ခုရှိနေတာပဲ"

ကျိယွမ်သည် တိုးညင်းစွာရေရွတ်မိ၏။ထိုအခွင့်အရေးမျိုးအတွက် မကျေမနပ်ဖြစ်စရာမရှိပါ။ ကွန်ဝူမြို့၏လုပ်ရပ်ကို သူလက်ခံနိုင်ပါသည်။

ကျိယွမ်၏ရှေ့မှ လူဝကြီးကသူ၏အသံကိုကြားသွားပုံရပြီး လှည့်လာသည်။

"မိတ်ဆွေ၊ မင်းက ဒီဒေသက မဟုတ်ဘူးထင်တယ်"

သို့သော်သူသည် ကျိယွမ်၏မျက်နှာဖုံးကို မြင်သောအခါ အနည်းငယ်စိတ်လှုပ်ရှားသွား၏။သို့သော် မကြာမီတွင်ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

"မိတ်ဆွေ ၊မင်းခုနက ပြောတာက တစ်ဝက်ပဲ မှန်တယ်"

"ဘယ်တစ်ဝက်လဲ"

"အသက်ကြီးသူများကို လေးစားတယ်ဆိုတာက မှန်တယ်၊ ဒါပေမဲ့ ငယ်ရွယ်သူများကို ချစ်ခင်သနားဆိုတာကတော့ မှားတယ်"

လူဝကြီးက ဆက်ပြောသည်။

"ကွန်ဝူမြို့တော်မှာ မင်းက အသက် ၅၀ ပြည့်တာနဲ့ အလုပ်လုပ်စရာ မလိုတော့ဘူး၊ မင်းရဲ့ အစားအသောက်နဲ့ အဝတ်အစား လိုအပ်ချက်အားလုံးကို ပြုစုစောင့်ရှောက်ပေးတယ်"

"မင်းဖျားရင် ဆေးခန်းက သမားတော်တွေက မင်းအိမ်ကို အခမဲ့လာကုသပေးကြတယ်၊ တကယ်လို့..."

လူဝကြီးသည် သူ၏မျက်လုံးများတွင် ရမက်ခိုးများပါသောအပြုံးတစ်ခုနှင့်အတူ ပြောသည်။

"ပျော်ပါးရာအိမ်က မိန်းကလေးတွေကတောင် မင်းရဲ့အိမ်ကိုအခမဲ့လာရောက်လည်ပတ်ပေးဦးမှာ"

"ဝါး..."

ကျိယွမ် ဘာပြောရမလဲအောင်ပင် ဖြစ်သွားသည်။

"ဒီလောက်တောင် ကောင်းတာလား"

ဒါက တကယ့်စံပြလူ့အဖွဲ့အစည်းတစ်ခုလို့ သတ်မှတ်လို့တောင်ရနေပြီ။

အသက် ၅၀ ကျော်ပြီးနောက်တွင် မည်သည့်အလုပ်မှ လုပ်စရာမလိုဘဲ အိမ်တွင် ဘဝကို ပျော်မွေ့နိုင်သည်။

ဒါက ကျိယွမ်၏ယခင်ဘဝကမ္ဘာထက်တောင် ပိုကောင်းသည်ဟု ထင်မိသည်။

၂၁ရာစုကမ္ဘာတွင် လူအများအပြားသည် အသက် ၆၀ မှပင်စင်ယူရသည်။ အချို့သူများဆိုလျှင် ပင်စင်မရှိဘဲသူတို့၏လဝနှောင်းပိုင်းကို မနည်းရုန်းကန်နေရပြီး ဖျားနာပါက သေဆုံးဖို့ကသေချာသလောက်ပင်။

ကျင်းလီပြောတာ မှန်တယ်၊ ဒီကမ္ဘာမှာ တကယ်ပဲ လှပတဲ့မြင်ကွင်းတွေရှိတယ်။

မည်မျှကောင်းမြတ်သော လူအဖွဲ့အစည်းဖြစ်လေသနည်း။

သက်ကြီးရွယ်အိုများက သူတို့၏ဘဝနောက်ဆုံးအချိန်များကို အေးချမ်းသာယာစွာပျော်မွေ့နိုင်၏။ပင်ပင်ပန်းပန်းလုပ်ကိုင်စားသောက်ရန် မလိုတော့ပါ။

ဤနေရာမျိုး၌ ရှင်သန်ခွင့်ရသည်မှာ မည်မျှတန်ဖိုးရှိလိုက်လေသနည်း။

"ကံမကောင်းတာက ငါကအသက်သုံးဆယ့်ငါးနှစ်ပဲ ရှိသေးတယ်၊ နောက်ထပ်ဆယ့်ငါးနှစ် စောင့်ရဦးမယ်၊ ဒါပေမဲ့ ငါအဲဒီလောက် အသက်ရှင်နိုင်မလားတောင် မသိပါဘူး"

လူဝကြီးက သက်ပြင်းချလိုက်၏။ သူ၏အသံတွင် ဝမ်းနည်းအားငယ်မှုများနှင့်မရောမှုများ ပါဝင်နေသည်။

"ဒါနဲ့ ငါမှားသွားတယ်ဆိုတဲ့ အပိုင်းကရော.."

ကျိယွမ်က မူလစကားကို ပြန်ဖော်လိုက်သည်။

"မှားသွားတဲ့ အပိုင်းကတော့..."

လူဝကြီးက သူ၏အသံကို နှိမ့်ကာ တိုးတိုးလေးပြောပြသည်။

"ငယ်ရွယ်သူများကို ချစ်ခြင်းပဲ"

"ဟင်"

ကျိယွမ် နားမလည်ပါ။

"သူတို့က ငယ်ရွယ်သူတွေကိုမှ မဟုတ်ဘူးအသက် ၅၀ အောက်ရှိသူမှန်သမျှကိုမချစ်တာပဲ"

လူဝကြီးက အတိုဆုံးနှငိ့အရှင်းဆုံး ဖြေလိုက်ရှင်းပင်။

သို့သော် ကျိယွမ် တကယ်ပင် နားမလည်သေးပါ။

လူဝကြီးက သဘောပေါက်ဟန်ဖြင့် ဆက်ပြောသည်။

"ကွန်ဝူမြို့တော်မှာ အသက်အရွယ်က အကြီးမားဆုံး စွမ်းအားပဲ၊အဓိကက အသက်ကြီးဖို့လိုတယ်"

"အသက် ၅၀ ကျော်တဲ့ ဘယ်သူပဲဖြစ်ဖြစ် အထူးအခွင့်အရေးအားလုံးကို ခံစားနိုင်တယ်"

"ဒါပေမဲ့ မင်းက အသက် ၅၀ အောက်ဆိုရင်တော့.... "

လူဝကြီးက ဆက်မပြောသေးဘဲ အဓိပ္ပါယ်ရှိစွာပြုံးလိုက်သည်။

"ဘဝက တိရစ္ဆာန်ထက် ပိုဆိုးတယ်"

"တိရိစ္ဆာန်ထက်ဆိုးတာလား.. ဘာကိုဆိုလိုတာလဲ"

ကျိယွမ်က သူ၏ရှေ့မှတန်းစီနေသော လူများကို တစ်ချက်ကြည့်လိုက်သည်။

လူတန်းထဲတွင် ကလေးတစ်ဦးကို ပွေ့ထားသော အမျိုးသမီးတစ်ဦးကို သူသတိထားမိသွား၏။

အမျိုးသမီး၏ မျက်နှာအမူအရာသည် ခံစားချက်ကင်းမဲ့ကာ ထုံထိုင်းနေပြီး သဘာဝမကျပေ။ထို့ကြောင့် သူကသတိထားမိလိုက်ခြင်းပင်။

ကျိယွမ်က သူမ၏လက်ထဲရှိကလေးငယ်ကို မြင်သောအခါ စိတ်မကောင်းဖြစ်သွား၏။

ကလေးသည် အသက်မရှိတော့ပါ။ အေးစက်တောင့်တင်းနေသော အလောင်းတစ်ခု ဖြစ်သည်။အသားအရည်များပင် ပြာနှမ်းနေလေပြီ။

"ကွန်ဝူမြို့မှာ ကလေးတစ်ယောက်က သူတို့ရဲ့မိဘတွေကို၊ အထူးသဖြင့် အသက် ၅၀ ကျော် မိဘတွေကို ဆိုးဆိုးရွားရွား ဆက်ဆံရင် ဘာဖြစ်မယ်ဆိုတာ မင်းသိလား"

ကျိယွမ် ကလေးအလောင်းအား ကြည့်နေရင်းမှ ခေါင်းယမ်းပြလိုက်သည်။သူမသိပါ။

"ဘာဖြစ်တတ်လဲ"

သူ၏အသိအမြင်အရတော့ ကလေးများက သူတို့၏မိဘများကို ဆိုးဆိုးရွားရွား ဆက်ဆံခြင်းသည် မှန်ကန်သောလုပ်ရပ်တော့မဟုတ်ပါ။

"သူတို့ သေရမယ်"

လူဝကြီးက ဝမ်းနည်းစွာ ပြောသည်။

ထိုအဖြေကြောင့် ကျိယွမ် တုန်လှုပ်သွားသည်။အသက်ကြီးသူများကို မရိုမသေဆက်ဆံခြင်းက မှားယွင်းသည်ဟုဆိုနိုင်သော်လည်း အမြဲတမ်းသေဒဏ်ပေးထိုက်သော အမှုတော့မဟုတ်ပေ။

"ဒီ ကွန်ဝူမြို့တော်က အရမ်းကို ရှုပ်ထွေးတဲ့ပုံပဲ၊မြို့ထဲက လူတိုင်းမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများရှိနေသလား"

သူသည် ကွန်ဝူမြို့ထဲသို့မဝင်တော့ဘဲ အခြားမြို့တစ်မြို့ကိုထပ်သွားပြီးမှ လမ်းကြောင်းကို မေးလျှင်ပိုကောင်းမလားဟု တွေးမိသွားသည်။

တော်ကြာငါက သက်ကြီးရွယ်အိုတစ်ဦးကို လမ်းမဖယ်ပေးမိလို့ဆိုပြီး မပြောမဆိုနဲ့အသတ်ခံနေရရင် ဘယ်လိုလုပ်မလဲ။ဒါမှမဟုတ် မတော်တဆ လူကျပ်လို့​ခြေဖျားကို တက်နင်းမိရင်ရော..။

ကျိယွမ် ကြက်သီးထသွား၏။ဤအရပ်က မနေအပ်ပေ။

"ရှေ့က မိန်းမကို မင်းမြင်လား"

လူဝကြီးက ကလေးတစ်ဦးကို ပွေ့ထားသော အမျိုးသမီးကို ညွှန်ပြသည်။

"အင်း"

"သူလက်ထဲက ကလေးက မနေ့က သေသွားတာ"

သူက နောင်တရသော မျက်နှာထားဖြင့် အဖြစ်မှန်ကို ရှင်းပြသည်။​

"ကလေးက အသက်ကြီးတဲ့အထိ နို့မပြတ်သေးဘူးလေ..."

"သြော်..."

ကျိယွမ်က ယောင်ယမ်းကာခေါင်းညိတ်လိုက်၏။သို့သော် ချက်ချင်း ခေါင်းပြန်ခါမိသည်။

နို့မပြတ်တာနဲ့ သေရောလား။ဘာမှမဆိုင်ဘူးလေ။

"ညဘက်နို့တိုက်နေတုနိး သူ့အမေနို့ကို ကိုက်မိသွားတယ်၊သူ့အမေကလည်း အရေးမကြီးတော့ အခြားမိန်းမတွေနဲ့ လက်ဖက်ရည်သောက်ရင်း အမှတ်မထင်ပြောမိသွားတယ်တဲ့၊အဲဒီမိန်းမတွေက အတင်းအဖျင်းဝါသနာပါတော့ အာဏာပိုင်တွေဆီ ရောက်သွားတယ်"

"အာဏာပိုင်တွေက ကလေးဟာ သားသမီးတစ်ယောက်ရဲ့ကိုင်းရှိုင်းမှုကို အလေးမထားဘူးဆိုပြီး ကွပ်မျက်ပစ်လိုက်တာ"

"အခုတော့ သူက ကလေးအလောင်းကို ပွေ့ထားနိုင်သေးတယ်၊ ဒါပေမဲ့ ခဏကြာရင် ​....အလောင်းတောင် ပျောက်သွားလိမ့်မယ်"

ကျိယွမ် ပြောစရာစကားများ ပျောက်ဆုံးသွားသည်။

သူက ထိုအမျိုးသမီးကို ဂရုဏာသက်စွာကြည့်မိ၏။သူမက သားဖြစ်သူ၏အလောင်းကို တင်းကျပ်စွာပွေ့ထားပြီး ခံစားချက်ကင်းမဲ့သောမျက်နှာဖြင့် မြို့ရိုးပေါ်သို့ ကြည့်နေသည်။

"မိတ်ဆွေ မင်းအသံကိုကြားရတာ အသက် ၅၀ မကျော်သေးပုံပဲ၊ ဒါကြောင့် မြို့ထဲမှာ အနေအထိုင်ဆင်ခြင်ပါ၊ အထူးသဖြင့် မင်းက သက်ကြီးရွယ်အိုတွေနဲ့ တွေ့တဲ့အခါ သူတို့ကို လေးစားမှုပြပါ ၊ အကောင်းဆုံးကတော့ ဝေးဝေးကရှောင်ပါ"

လူ၀ကြီးက ဂရုတစိုက် အကြံပေးသည်။

"ငါ ဒီနေရာကနေ ထွက်သွားသင့်တယ်လို ထင်တယ်"

ကျိယွမ်သေချာပြန်တွေးမိ၏ ။ကွန်ဝူမြို့တော်က ကျင်းလီ၏ဖော်ပြချက်နှင့် အတော်လေးခြားနားနေသည်။

ငါလမ်းပျောက်ပြီး နေရာမှားလာမိတာရောလား။

ကံဆိုးသည်မှာ ဂိမ်းမျက်နှာပြင်က ပျောက်သွားပြီး ကျင်းလီနှင့် ဆက်သွယ်၍မရတော့ပေ။

လူဝကြီးက လှောင်သလိုပြုံးလိုက်သည်။

"မင်း ဘယ်ကိုသွားနိုင်မှာလဲ ၊ဒီပတ်ဝန်းကျင်က မြိုပေါင်းရာနဲ့ချီရှိတယ်၊ အားလုံးက ဒီလိုပဲ"

ကျိယွမ် ဘာများမျှော်လင့်နိုင်ဦးမည်နည်း။

အတန်ကြာငြိမ်သက်သွားပြီးမှ တစ်ခုခုကိုတွေးမိပြီး မေးလိုက်သည်။

"မြို့တစ်မြို့တည်းဆိုရင်တော့ ထားပါတော့၊

ဒါပေမဲ့ မြို့အားလုံးက ဒီလိုပဲဆိုရင် ဘယ်သူမှ မတွန်းလှန်ကြဘူးလား"

လူငယ်နှင့် သန်မာသူများသည် ဤကမ္ဘာတွင် အဓိကအင်အားစု ဖြစ်သည်။

ယခုကဲ့သို့ လူငယ်နှင့်သန်မာသူများကို အစွန်းရောက်သောအကြောင်းပြချက်တစ်ခုဖြင့် နှိပ်ချဆက်ဆံနေသည်မှာ အကျိုးကြောင်း မဆီလျော်သလို မတရားဘူးဟုထင်ရသည်။

"တွန်းလှန်ဖို့လား"

လူဝကြီးက ခါးခါးသီးသီး ပြုံးလိုက်သည်။

"အနက်ရောင်ဝတ်ရုံအစောင့်တွေရောက်လာရင် အသန်မာဆုံးစစ်သည်တော်တွေတောင် သေကုန်တာ၊ ဘာနဲ့တွန်းလှန်ရမှာလဲ၊အကုန်သေကုန်မှာ၊ အခုအခြေအနေက အချိန်ပြည့်သတိနဲ့နေရင် အနည်းဆုံးတော့ မျှော်လင့်ချက်ရှိတယ်၊ အသက် ၅၀ အထိ အသက်ရှင်နိုင်ရင် အားလုံးက ထိုက်တန်သွားပြီ"

ကျိယွမ်သည် အနက်ရောင်ဝတ်ရုံအစောင့်ဆိုသော အမည်ကို သေသေချာချာ မှတ်ထားလိုက်သည်။

မြို့ရိုးအပြင်မှာတော့ လူတန်းကြီးသည် ရှေ့သို့ တဖြည်းဖြည်ရွေ့နေပြီး သူတို့၏နောက်တွင် လူများထပ်ရောက်လာသည်။

လူများပိုများလာသည်ကို မြင်သောအခါ လူဝကြီးသည် စကားပြောခြင်းကို ရပ်လိုက်သည်။

မတော်တဆစကားမှားသွားလျှင် အသတ်ခံရမည်မဟုတ်ပါလား။

ကျိယွမ်က လူတန်းကြီးကို ကြည့်ကာ စဉ်းစားနေသည်။

ယခုပုံအရဆိုလျှင် နာရီပေါင်းများစွာ နေပူပူတွင်မတ်တပ်ရပ်နေရဦးမည်။ထိုအပြင် ရပ်ရသည့် အကြောင်းရင်းကလည်း အူကြောင်ကြားနိုင်လှ၏။

ရုတ်တရက် သူက တစ်ခုခုကို တွေးမိသည်။

"ငါက တက်လှမ်းခြင်းပလ္လင်ပေါ်မှာ ရာစုနှစ်ပေါင်းများစွာ သတ်ဖြတ်နေခဲ့တာ၊ အသက် ၅၀ ကဘာအရေးလဲ၊ငါ့အသက်က ရေတွက်လို့တောင်မရတော့ဘူး၊ အသက်အကြီးဆုံး အဘိုးကြီးပဲ။ ငါကလည်း အထူးအခွင့်အရေးရှိတဲ့ အမြင့်ဆုံးအတန်းအစားပဲ"

"တန်းစီစရာ မလိုဘူး"

သူသည် သက်ကြီးရွယ်အိုများအတွက်ဖွင့်ပေးထားသော အထူးလမ်းကြောင်းကို အသုံးပြုရန် ပြင်လိုက်သည်။

သို့သော် သူသည် ပြန်လည်စဉ်းစားပြီး ထိုစိတ်ကူးကို ပယ်ချလိုက်သည်။

"ငါရုပ်ရည် ပြဿနာပဲ၊ အရမ်းနုနယ်ပြီး ချောမောနေတာ၊ သူတို့က ငါ့ကို လုံးဝယုံမှာမဟုတ်ဘူး"

သို့သော်သူက လူတန်းထဲမှ ထွက်လိုက်ပြီး လူများနှင့်ဝေးသောနေရာအထိ လျောက်ခဲ့သည်။

"ငါက အချိန်ဖြုန်းနေမိတာပဲ၊ ငါက နတ်ဘုံအဆင့်လေ တန်းစီစရာမှမလိုတာ"

ထို့နောက် ကျိယွမ်သည် မြို့ထဲသို့ မည်သူမျှ သတိမပြုမိဘဲ တိုက်ရိုက်ခိုးဝင်သွားသည်။

မြို့ထဲသို့ရောက်သောအခါ ကျိယွမ်သည် မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး လူအုပ်ကြားတွင်ရောနှောသွားလာနေသည်။

ကုန်သည်များသည် သူတို့၏ကုန်ပစ္စည်းများကို လမ်းဘေးတွင်ခင်းကျင်းကာ အော်ဟစ်ရောင်းချနေကြ၏။

ဆေးဖက်ဝင်အပင်မျိုးစုံနှင့် သရေစာများလည်းရှိသည်။

အချို့သောစားသောက်ဆိုင်များထဲမှ အငွေ့များသည် အဖြူရောင်မြူခိုးများကဲ့သို့ လမ်းမပေါ်အထိပင် ထွက်လာသည်။

ဆိုင်များ၏အဝေးမှပင် လတ်ဆတ်သောဂျုံနံ့ကိုရနေသည်။

သူသည် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ကုန်သည်များ၊ ဆိုင်အကူများနှင့် မန်နေဂျာများနှင့် အလုပ်ကြမ်းသမားအားလုံးသည် လူငယ်များဖြစ်ပြီး သက်ကြီးရွယ်အိုတစ်ဦးတစ်ယောက်မှ မရှိပေ။

လမ်းပေါ်တွင် လှည့်လည်သွားလာနေသူအများစုကတော့ သက်ကြီးရွယ်အိုများဖြစ်သည်။

ဆံပင်ဖြူနေသော အဘိုးအိုများကို သူတို့၏ သားငယ်များက ဂရုတစိုက် ထောက်ပံ့ပေးနေကြပြီး အလွန်ပင် သားသမီးဝတ်ကျေပွန်ပုံရသည်။

သို့သော် အကြောင်းတစ်ခုခုကြောင့် ကျိယွမ်သည် မြင်ရသည်မှာသဘာဝမကျသလိုခံစားရ၏။

သူက ဆက်မတွေးတော့ဘဲ တည်းခိုခန်းတစ်ခုကိုအမြန်ရှာဖွေလိုက်သည်။တည်းခိုခန်းငှားပြီးနောက် တစ်ကိုယ်ရေကိစ္စများကို ဆောင်ရွက်လိုက်၏။

အချိန်အတော်ကြာအနားယူပြီးနောက် ကျိယွမ်သည် သပ်ရပ်သောအဝတ်အစားများနှင့် တည်းခိုခန်းမှ ထွက်ခွာလာခဲ့သည်။

အစားအသောက်များကို ငွေပေးစရာမလိုဘဲ စားနိုင်သော သက်ကြီးရွယ်အိုများကိုတွေးမိသောအခါ ကျိယွမ်သက်ပြင်းချ၏။

"သြော်၊ ငါကအရမ်းအရေခွံပါးနေသေးတယ်၊ အသက်ကကြီးနေပေမဲ့ ပိုက်ဆံပေးရသေးတယ်၊ အဘိုးကြီးတွေလို မပေးဘဲစားလို့မရတာ တော်တော်ဆိုးတာပဲ"

"ပိုက်ဆံသာပေးရတာ ဒီက အစားအသောက်တွေက အရသာမရှိဘူး၊ ကျင်းလီရဲ့ ချက်ပြုတ်ပုံက ဘယ်လိုလဲဆိုတာ သိချင်မိသား"

"သူပြောတဲ့ ဘဲအချိုကြော်ကဘယ်လိုအရသာရှိမလဲ သိချင်လာပြီ၊သူပြောသလိုဆို အရမ်းအရသာရှိမှာပဲ"

"ငါ သူ့ဆီစာမပို့တာတော်တော်ကြာနေပြီ ၊ ငါမလာဘူးလို့များ ထင်နေမလားမသိဘူး"

"ယွဲ့မင်းဆက်ရဲ့ ဂျူလိုင်မြို့ ဘယ်မှာလဲဆိုတာ ငါမြန်မြန်ရှာရမယ်"

"အင်း...သူနဲ့ အပြင်မှာတွေ့ရင် ငါတို့စကားတွေအတူတူပြောရင်း အချစ်ရေး တိုးတက်သွားလားမသိဘူး..ဟီးဟီး"

လူနှစ်ဦးက အွန်လိုင်းတွင် အချိန်အကြာကြီး စကားပြောပြီး အဆင်ပြေနေပါက သူတို့ချင်းလူကိုယ်တိုင်တွေ့ဆုံသောအခါတွင် ကြီးမားသောပြစ်ချက်မရှိပါက အဆင့်တတ်ပြီး ချစ်သူများဖြစ်သွားသော ဇာတ်လမ်းများကို ကျိယွမ်ကြားဖူးသည်။

"ထားတော့..လူချင်းတောင်မတွေ့ရသေးဘဲ၊ဘာလို့ ဒါကို စဉ်းစားနေတာလဲ"

ကျိယွမ်သည် တည်းခိုခန်းမှ ထွက်ခွာပြီး ကွန်ဝူဖုန်းရှန်ဟုခေါ်သော ဆိုင်တစ်ဆိုင်သို့ သွားခဲ့သည်။

ထိုဆိုင်အကြောင်းကို ထမင်းစားနေစဉ်တွင် တည်းခိုခန်းမှစားပွဲထိုးထံမှ သိခဲ့ရခြင်းပင်။

ဤဆိုင်သည် အချက်အလက်များကို ရောင်းချပြီး ကွန်ဝူမြို့တော်တွင်အလွန်ဩဇာရှိသည်။

"ဂုဏ်သရေရှိဧည့်သည် ရောက်လာပါပြီ၊ ကျေးဇူးပြု၍ ဝင်ပါ"

ချီယွမ် ကွန်ဝူဖုန်းရှန်ရှေ့တွင် ရပ်နေစဉ်တွင် ကြည်နူးဖွယ်အသံတစ်ခု ထွက်ပေါ်လာပြီး

အရပ်ရှည်သော အမျိုးသမီးတစ်ဦး ဆိုင်ထဲမှ ထွက်လာကာ သူ့အားနှုတ်ဆက်သည်။

သူမက မျက်နှာကိုဖုံးအုပ်ထားသော အနက်ရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။

သူမက ဧကရာဇ်အဆင့်ရှိတစ်ဦးဖြစ်သည်ကို ကျိယွမ် သတိထားမိသည်။

သူမက ကျိယွမ်၏မျက်နှာဖုံးကိုမြင်သောအခါ အနည်းငယ်စိတ်လှုပ်ရှားသွားသော်လည်း ထိုအမူအယာကို အလျင်အမြန် ဖုံးကွယ်လိုက်၏။

"ငါ ဒီပတ်ဝန်းကျင်ရဲ့ မြေပုံကို ဝယ်ချင်ပါတယ်"

"ဂုဏ်သရေရှိ ဧည့်သည်တော် ၊ကျေးဇူးပြု၍ ခဏစောင့်ပေးပါ"

သူမက ဆိုင်ထဲသို့ ပြန်ဝင်သွားပြီး အံဆွဲတစ်ခုကိုဖွင့်ကာ မြေပုံတစ်ခုကိုယူလာပြီး ချီယွမ်၏ရှေ့တွင် ဖြန့်လိုက်သည်။

"ဒီလောက်ဆိုရင် ဂုဏ်သရေရှိဧည့်သည်တော် စိတ်ကျေနပ်ရဲ့လား"

မျက်နှာဖုံးစွပ်အမျိုးသမီးက ယဥ်ကျေးပြီး ညင်သာသောအသံဖြင့်မေးသည်။

ကျိယွမ်ကမြေပုံကိုကြည့်ကာ ဆိုင်ရှင်အမျိုးသမီးကို နားမလည်သလိုကြည့်လိုက်၏။

ဘယ်သူကများ စီးပွားရေးကို ဒီလိုလုပ်လို့လဲ။

ကျင့်ကြံခြင်းကမ္ဘာတွင် ကျင့်ကြံသူများ၏ မှတ်ဉာဏ်သည် ဓာတ်ပုံမှတ်ဉာဏ်အလား တူညီ၏။

ကျင့်ကြံဆင့်မြင့်လေ မှတ်မိလေပင်။

မြေပုံတစ်ခုကိုဖြန့်ပြီး ကျင့်ကြံသူတစ်ဦးက ကြည့်လိုက်သည်နှင့် ဓာတ်ပုံရိုက်ထားသလို မှတ်မိသွားမည်။ထိုအခါတွင် မြေပုံကို မည်သူက ဝယ်နေတော့မည်နည်း။

သို့သောိ ကျိယွမ်ကို တစ်ချက်ကြည့်ပြီး နားမလည်းသလို ပြန်မေးသည်။

"ဒီမြေပုံက ရှေးဟောင်းစီးချောင်သစ်ပင် ပတ်ဝန်းကျင်က တိုင်းပြည်အားလုံးပါဝင်တာ သေချာတယ်နော်"

မျက်နှာဖုံးစွပ်အမျိုးသမီးက ခေါင်းညိတ်ပြသည်။

"ပါဝင်ပါတယ် တစ်မြို့လေးတောင်မကျန်ပါဘူး"

ကျိယွမ်က သူမကို မျက်မှောင်ကုပ်ကာကြည့်လိုက်၏။

"ဒါဆို ဘာလို့ ယွဲ့မင်းဆက်ရော ၊ ဂျူလိုင်မြို့ရော မပါဝင်ရတာလဲ"

မျက်နှာဖုံးစွပ် အမျိုးသမီး တုန်လှုပ်သွားသည်။

"ကျွန်မ ယွဲ့မင်းဆက် ဒါမှမဟုတ် ဂျူလိူင်မြို့အကြောင်းကို တစ်ခါမှ မကြားဖူးပါဘူး"

သူမ၏အခိုင်အမာငြင်းဆိုသံကို ကြားသောအခါ ကျိယွမ်သည် စိတ်ရှုပ်ထွေးသွားသည်။

ဒီအမျိုးသမီးက ငါ့ကို လိမ်နေတာလား။

ဒါမှမဟုတ် ကျင်းလီက လှည့်စားခဲ့တာလား။

ငါကပဲ နားကြားမှားပြီး မှတ်ထားမိတာလား။

"ဒါပေမဲ့ ကျွန်မ ယွဲ့ဟွမ်ဂိုဏ်းဆိုတာတော့အ​ကြားဖူးပါတယ်၊ ဒါကရှင်ရှာနေတာ ဟုတ်မဟုတ်တော့ ကျွန်မ မသိဘူး"

"ယွဲ့ဟွမ်ဂိုဏ်းလား"

ကျိယွမ် ရေရွတ်လိုက်သည်။

ယွဲ့ဟွမ် (လဧကရာဇ်) ဂိုဏ်းနှင့် ယွဲ့မင်းဆက်သည် စကားလုံးတစ်လုံး ကွာခြားသော်လည်း တော်တော်လေးကွာခြားနေသည်မဟုတ်ပါလား။

ယွဲ့ဟွမ် (လဧကရာဇ်) ဂိုဏ်းသည် နိုင်ငံတစ်ခု ထူထောင်ခဲ့လျှင်ပင် ၎င်းကို ယွဲ့ဟွမ် (လဧကရာဇ်) မင်းဆက်ဟု ခေါ်ဆိုမည်ဖြစ်ပြီး ယွဲ့မင်းဆက်ဟုခေါ်မည် မဟုတ်ပါ။

"ယွဲ့ဟွမ်ဂိုဏ်းမှာ ဇန်နဝါရီရေကန်၊ ဖေဖော်ဝါရီရေကန်၊ မတ်လရေကန်...အဲဒီလို နာမည်ရှိတဲ့ ရေကန် ၁၂ ခု ရှိပြီး ရေကန်တစ်ခုစီမှာ ယွဲ့ဟွမ်ဂိုဏ်းရဲ့ မျိုးနွယ်ခွဲတစ်ခု စီနေထိုင်ကြပါတယ်"

"ဒါက ရှင်ပြောနေတဲ့ ဂျူလိုင်မြို့နဲ့ ဆက်စပ်မှု ရှိမလားတော့ ကျွန်မ မသိပါဘူး"

"အဲဒီရေကန်က ဘယ်မှာလဲ?"

ကျိယွမ် အမှတိတကယ်သိချင်သွားသည်။

တိုက်ဆိုင်မှုတစ်ခုဆိုရင်တော့ မတော်တဆ ဖြစ်နိုင်သည်၊ ဒါပေမဲ့ ဆက်တိုက်တိုက်ဆိုင်မှု နှစ်ခုကတော့ ပြဿနာတစ်ခုကို ဖော်ပြ၏။

မျက်နှာဖုံးစွပ် အမျိုးသမီးသည် ချက်ချင်းမပြောသေးဘဲ ချီတုံချတုံဖြစ်နေပုံရသည်။

ကျိယွမ်က ​ခေါင်းညိတိပြလိုက်သည်။

"လွတ်လွတ်လပ်လပ် ပြောပါ၊တစ်ခုခုဆို ကျွန်တော်တာဝန်ခံပါ့မယ်"

"ယွဲ့ဟွမ်ဂိုဏ်းက မြို့တစ်ရာမဟာမိတ်ရဲ့အမိန့်တော်ကို လိုက်နာဖို့ ငြင်းဆန်နေပြီး အခုလက်ရှိမှာ မြို့တော်တွေနဲ့ စစ်ဖြစ်နေပါတယ်၊ အခုအချိန် အဲဒီကိုသွားတာက အပြစ်ဒဏ်သင့်ပြီး တော်တော်လေးကို အန္တရာယ်ရှိနိုင်ပါတယ်"

မြို့တစ်ရာမဟာမိတ်၏ အမိန့်တော်သည် ရိုသေကိုင်းရှိုင်းမှု အမိန့်တော် ဖြစ်သည်။

မြို့တစ်ရာမဟာမိတ်က ရိုသေကိုင်းရှိုင်းမှုအမိနိ့တော်ကို မနာခံသူမည်သူကိုမဆို အပြစ်ပေးရန် ယွဲ့ဟွမ်ဂိုဏ်းအား တောင်းဆိုခဲ့သည်။

"အဲဒီဂိုဏ်းက ဘယ်နေရာမှာလဲ"

"ဒီမှာပါ"

မျက်နှာဖုံးစွပ်အမျိုးသမီးက ယွဲ့ဟွမ်ဂိုဏ်းရဲ့တည်နေရာကို မြေပုံပေါ်မှာ မှတ်သားပြလိုက်သည်၊

"ဂျူလိုင်ရေကန်က ဒီမှာပါ၊ ရှေးဟောင်းစီးချောင်သစ်ပင်အရင်းကနေ မိုင်အနည်းငယ်ပဲ ဝေးပါတယ်"

ကျိယွမ်က ရိုသေစွာ လက်သီးဆုပ်လိုက်၏။

"အချက်အလက်အတွက် ကျေးဇူးတင်ပါတယ်"

သူမကို စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်မိခြင်းဖြစ်သည်။

"ကျွန်တော့်မှာ ပိုက်ဆံအလုံအလောက် မပါဘူး၊ ဒါပေမဲ့ ခင်ဗျားက ဧကရာဇ်အဆင့်ရှိတဲ့ စစ်သည်တော်တစ်ဦးဖြစ်လို့ ဒီနည်းစနစ်ကို ပေးပါ့မယ်၊ ဒါကို လေ့ကျင့်ရင် ခင်ဗျားက အထွတ်အထိပ်ဧကရာဇ်အဆင့်ကို ထိုးဖောက်နိုင်ပါလိမ့်မယ်"

ကျိယွမ်က ​ဆိုင်ထဲမှ စက္ကူလိပ်တစ်ရွက်ကို ကောက်ယူကာ အလျင်အမြန် ရေးလိုက်သည်။ အသက်ရှူချိန်အနည်းငယ်အတွင်း စက္ကူပေါ်တွင် နည်းစနစ်တစ်ခု ပေါ်လာသည်။

ထိုနည်းစနစ်သည် နတ်ဘုရားရောင်ပြန်ဟပ်ခြင်းမှရရှိသော နည်းစနစ်တစ်ခုဖြစ်ပြီး သူ၏ရှေ့မှအမျိုးသမီးနှင့် အလွန်သင့်တော်သည်ဟု သူခံစားရသည်။

ကျိယွမ်က ကျေးဇူးရှိလျှင် ပြန်လည်ဆပ်ရန် ဝန်လေးတတ်သူမဟုတ်ပါ။

မျက်နှာဖုံးစွပ်အမျိုးသမီးက နည်းစနစ်ကို ယူပြီး သေချာကြည့်လိုက်သည်။

"ဒါ... ဒါ..."

သူမ အလွန်စိတ်လှုပ်ရှားသွားသည်။

နည်းစနစ်သည် အလွန်အဆင့်မြင့်မားနေ၏။အံ့သြစရာကောင်းသည်မှာ သူမနှင့်အလွန်အံဝင်ခွင်ကျ ဖြစ်နေခြင်းပင်။

သူမကသာ သေချာလေ့ကျင့်ပါက မကြာမီ မှာပင် အထွတ်အထိပ်ဧကရာဇ် ဖြစ်လာမည်မှာ သေချာ၏။

သူမက ကျေးဇူးတင်စကားပြောချင်သော်လည်း ကျိယွမ်ကပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

"အကြီးအကဲ"

သူမသည် တစ်ခုခုပြောချင်သော်လည်း မပြောလိုက်ပေ။သူမက နည်းစနစ်ကို သေချာပြန်ဖတ်ကာ လွန်စွာကျေနပ်နေသည်။

ကျိယွမ်ထွက်သွားပြီး အသက် ၁၀ ကြိမ်ရှုခန့် အကြာတွင် အဘွားအိုတစ်ဦးသည်ဆိုင်ထဲမှ ထွက်လာသည်။

အဘွားအို၏မျက်နှာတွင် အရေးအကြောင်းများ ပြည့်နှက်နေပြီး အလွန်အိုနေပုံရသည်။

"ရှောင်လျန်း ၊ နင် အဲဒီလူရဲ့နောက်ခံကို သိခဲ့လား"

မျက်နှာဖုံးစွပ် အမျိုးသမီး၏ မျက်ခုံးများသည် တွန့်ချိုးသွားသည်။

"သူ့ရဲ့ အင်အားက အနည်းဆုံး အထွတ်အထိပ်ဧကရာဇ်အဆင့်ရှိတယ်၊ ဒါမှမဟုတ်..."

"ကောင်းကင်ဘုံအဆင့်လား"

အဘွားအိုက မျက်မှောင်ကြုတ်သည်။

"ကောင်းကင်ဘုံအဆင့်ဆိုရင်တော့ ​ တားမြစ်နယ်မြေက ထွက်လာတဲ့သူ ဖြစ်နိုင်တယ်"

မျက်နှာဖုံးစွပ် အမျိုးသမီးသည် အလွန်စိတ်လှုပ်ရှားနေသည်။

"ဒါမှမဟုတ် မြို့တစ်ရာမဟာမိတ်က ချထားတဲ့ ထောင်ချောက်တစ်ခုလည်း ဖြစ်နိုင်တယ်"

အဘွားအို၏စကား ကြားသောအခါ မျက်နှာဖုံးစွပ်အမျိုးသမီးသည် စိတ်ပျက်အားငယ်သလ်ု ခံစားရသည်။

"ကျွန်မတို့က တားမြစ်နယ်မြေသခင်တွေနဲ့ အဆက်အသွယ်မရတာ နှစ်ပေါင်းတစ်ထောင်နီးပါးရှိခဲ့ပြီ၊ အနက်ရောင်ဝတ်ရုံအစောင့်တွေရဲ့ အင်အားက ပိုတိုးလာပြီ၊ ကျွန်မတို့ အနိုင်ရနိုင်ပါ့မလား"

"ငါတို့ တည်ရှိနေတဲ့ရည်ရွယ်ချက်က အနက်ရောင်ဝတ်ရုံတွေကို သတ်ပြီး ကမ္ဘာကြီးအတွက် တောက်ပတဲ့ကောင်းကင်ကို ပြန်ပေးဖို့ပဲ၊ ရှောင်လျန်း အရမ်းမစိုးရိမ်ပါနဲ့၊အနက်ရောင်ဝတ်ရုံအစောင့်က ကောင်းကင်ဘုံလမ်းစဉ်ကို ဆန့်ကျင်တဲ့အတွက် နတ်ဘုရားရဲ့လက်စားချေခြင်းကို ခံရပါလိမ့်မယ်"

အဘွားအို၏မျက်လုံးများတွင် ကြောက်မက်ဖွယ်ကောင်းသော အကြည့်ရှိသည်။

သူမ၏သား၊ သူမ၏သမီး၊ သူမ၏ခင်ပွန်းတို့အားလုံးသည် အနက်ရောင်ဝတ်ရုံအစောင့်၏လက်ထဲတွင် သေဆုံးခဲ့ရသည်။

သူမသည် အနက်ရောင်ဝတ်ရုံအစောင့်နှင့် ပြန်လည်ရင်ကြားစေ့၍မရနိုင်တော့ပါ။

"အင်း"

အနက်ရောင်မျက်နှာဖုံးစွပ် အမျိုးသမီးသည် တိတ်တဆိတ် ခေါင်းညိတ်သည်။

"ရှောင်လျန်း ၊ဆိုင်ပိတ်လိုက်တော့ ၊ငါတို့ ယွဲ့ဟွမ်ဂိုဏ်းကို အလည်သွားမယ်"

အဘွားအိုသည် တစ်ခုခုကို တွေးမိပြီး ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။

"ကောင်းပါပြီ"

"တစ်ရာသောမြို့တော်များအဖွဲ့ချုပ်နဲ့ ယွဲ့ဟွမ်ဂိုဏ်းတို့ကြားက စစ်ပွဲကိုအသုံးချပြီး အဲဒီမျက်နှာမဲ့လူဟာ တကယ်ပဲတားမြစ်နယ်မြေက အကြီးအကဲလား၊ ဒါမှမဟုတ် အနက်ရောင်ဝတ်ရုံစောင့်တွေရဲ့ ထောင်ချောက်လားဆိုတာကို သိရအောင် စောင့်ကြည့်ရမယ်"

အဘွားအိုက လေးနက်စွာပြောကာ ဆိုင်နောက်ဘက်သို့ ပြန်ဝင်သွားလေသည်။

.................

တောက်ပနေသောလမင်းသည် စီးချောင်းသစ်ကြီး၏ သစ်ကိုင်းများကြားမှ အေးချမ်းသောအလင်းရောင် ပေးနေသည်။

လရောင်ကြောင့် ကန်ရေပြင်သည် တောက်ပနေပြီး ကျင်းလီသည်ရေကန်ဘေးရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ငြိမ်သက်စွာထိုင်နေသည်။

သူမသည် တစ်ခါတစ်ရံ ပတ်ဝန်းကျင်အနှံ့မျှော်လင့်ချက်ကြီးစွာဖြင့် တစ်ခုခုကိုရှာဖွေ၏။

ထို့နောက်တွင် စိတ်ပျက်သောအမူအရာဖြင့် ကန်ရေပြင်ကို ပြန်ငေးမောနေပြန်သည်။

အတန်ကြာသောအခါ မျှော်လင့်ချက်များဖြင့်ပြည့်နှက်သွားပြီး အဝေးသို့မျှော်ငေးနေပြန်သည်။

ဒေါ်လေးချင်သည် မလှမ်းမကမ်းမှ ရပ်ကြည့်နေပြီး ရင်မောစွာ သက်ပြင်းချမိ၏။

ကျင်းလီ၏ပူဆွေးသောကက သူမကိုပါရိုက်ခတ်နေပုံရလေသည်။

ဒေါ်လေးချင်က ညင်သာစွာခေါင်းယမ်းမိပြီး ကျင်းလီအနီးသို့သွားရန် ခြေလှမ်းပြင်လိုက်သည်။

ထိုအခိုက် ဒေါ်လေးချင်း၏နားထဲတွင် အသံတစ်ခုကို ကြားလ်ုက်ရသည်။

"ချင်သခင်မကြီး ၊ မတွေ့ရတာတောင် တော်တော်ကြာပြီပဲ"

ထူးဆန်းသော ကြည်နူးဖွယ်အသံကို ကြားသောအခါ ဒေါ်လေးချင်၏ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းသွားသည်။

"ရှင်လား ၊ ပုရောဟိတ်မယ်တော်..."

----------

All Chapters