မီတာ ၁၀၀ အတွင်းမှာနေပါ
Vol. 5 Ch. 75
ဂျူလိုင်မြို့ငယ်လေး၌ ဖြစ်သည်။
ကျင်းလီသည် အစိမ်းရောင်ဝတ်စုံဝတ်ထားသောမိန်းကလေးတစ်ယောက်ကို ကြည့်နေမိသည်။
မိန်းကလေးသည် ဆယ်ကျော်သက်အရွယ်ဖြစ်သည့်အတွက် အလွန်ငယ်ရွယ်သေးသည်ဟုပြောနိုင်၏။နက်မှောင်သောဆံပင်များကို ခေါင်းပေါ်၌ မြှောက်ထုံးထားသောကြောင့် နတ်သမီးပုံပြင်ထဲမှ ဆံပင်ပုံစံနှင့်ပင်တူနေသည်။ထို့အပြင် ရွှေဖြင့်လည်းအလှဆင်ထား၏။
သူမ၏အရပ်က သိပ်မရှည်သော်လည်းနတ်သမီးဆံပင်ထုံးကြောင့် အရပ် ၁.၆ မီတာနီးပါး လောက်ရှိသည်ဟုထင်ရသည်။
အစိမ်းရောင်ဝတ်စုံမိန်းကလေးသည် ကျင်းလိကိုကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်သည်၊
"ကျွန်မက ယွဲ့ဟွမ်တိုင်းပြည်ရဲ့ ပုရောဟိတ် ဂျူလိုင် ပါ"
ကျင်းလီသည် အနည်းငယ် အံ့အားသင့်သွားသည်။
သူမသည် တိတ်တဆိတ် ရောက်လာခဲ့ခြင်းဖြစ်သော်လည်း သတိထားမိကြသေးသည်။
"ပုရောဟိတ်ဂျူလိုင်၊ မင်္ဂလာပါ"
ပုရောဟိတ်ဂျူလိုင်က တည်ငြိမ်စွာပြောလိုက်သည်။
"ချင်းလော့က ကျွန်မရဲ့အစ်မပါ။"
ကျင်းလီ တုန်လှုပ်သွား၏။သူမက မယုံနိုင်စွာဖြင့် ပုရောဟိတ်ဂျူလိုင်ကို ကြည့်လိုက်သည်။
ချင်းလော့ဆိုသည်မှာ သူမမိခင်၏အမည်ဖြစ်သည်မဟုတ်ပါလား။
သူမတစ်ကြိမ်မှမမြင်ဖူးခဲ့သော မိခင်၏ ညီမဟုပြောသော်လည်း ကျင်းလီမယုံကြည်နိုင်သလို ခံစားရသည်။
"သူမက သင့်ရဲ့မိခင်ဖြစ်သလို၊ ကျွန်မတို့ ယွဲ့ဟွမ်နိုင်ငံရဲ့ သူတော်စင်မလေးလည်း ဖြစ်ပါတယ်။"
ကျင်းလီသည် ဒေါ်လေးချင်ကို ကြည့်လိုက်မိသည်။
ဒေါ်လေးချင်က ဘာမှမပြောပါ ၊ ငြင်းဆန်ခြင်းလည်းမပြုသလို ထောက်ခံခြင်းလည်း မလုပ်ပါ။
သို့သော် ထိုအရာကအမှန်ဖြစ်ပုံရသည်။
"ဒီလိုကိုး"
ကျင်းလီလက်ခံလိုက်ရသည်။
"အရှင်မင်းကြီးကို ယွဲ့ဟွမ်မျိုးနွယ်စုဆီ ဖိတ်ခေါ်ပါရစေ
ပုရောဟိတ်ဂျူလိုင်က ဖိတ်ခေါ်လိုက်သည်။
ကျင်းလီက ခေါင်းကိုညင်သာစွာယမ်းပြလိုက်၏။
"တောင်းပန်ပါတယ်၊ ကျွန်မ အချိန်မရှိဘူး"
ကျင်းလီက ချက်ချင်းငြင်းလိုက်သည်။
သူမက ကန်ရေပြင်ကိုပြန်လှည့်ကြည့်လိုက်ရင်း စိတ်မသက်မသာ ခံစားမိသည်။
သူမသည် ကျိယွမ်ကို ဆက်သွယ်၍ မရခဲ့ပါ။
ထို့အပြင် ကျိယွမ်ကိုယ်တိုင်လည်း သူမထံသို့ ရောက်မလာခဲ့ပေ။
"အရှင်မင်းကြီး တစ်ယောက်ယောက်ကို စောင့်နေတာလား"
ပုရောဟိတ် ဂျူလိုင်၏မျက်နှာသည် ပုံမှန်အတိုင်းတည်ငြိမ်စွာပင် ရှိနေသည်။
ကျင်းလီသည် တိတ်တဆိတ်သာနေကာ ကန်ရေပြင်ကို ငေးမောနေ၏။တိတ်တဆိတ်နေခြင်းသည် ဝန်ခံခြင်းပင်မဟုတ်ပါလား။
"အရှင်မင်းကြီး စောင့်နေတဲ့သူက ရောက်မလာသေးပါဘူး။"
ကျင်းလီ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုတစ်ခု ဖြတ်ပြေးသွားသော်လည်း၊ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
"ရှင် သိနေတာလား"
"မသိပါဘူး"
ပုရောဟိတ်ဂျူလိုင်က ခေါင်းယမ်းလိုက်သည်။
သူမသည် ခေါင်းကိုမော့၍မြင့်မားလှသောရှေးဟောင်းစီးချောင်သစ်ပင်ကြီးကို ကြည့်နေ၏။
"ဒီလောကကြီးမှာ မသိသေးတဲ့အရာတွေ အများကြီးပါပဲ၊အဖြေမရှိတဲ့ မေးခွန်းတွေလည်း အများကြီးပါပဲ။"
"တချို့အရာတွေက သမိုင်းမှာပျောက်ကွယ်သွားခဲ့ပြီး အချိန်ကဆေးကြောသွားခဲ့ပါပြီ။ တချို့ကတော့ ကြည့်ရှုသူမရှိဘဲ အထီးကျန်တဲ့ဘဝနဲ့ ပျော်မွေ့နေခဲ့ကြရတာပါပဲ။"
"ဒါပေမယ့် ရှေးဟောင်းစီးချောင်သစ်ပင်ကြီးက လကိုထိတဲ့အခါ လျှို့ဝှက်ချက်အားလုံး ပေါ်လာပါလိမ့်မယ်။"
သူမက စီးချောင်းသစ်ပင်ကြီး ထံမှအကြည့်ခွာပြီး ကျင်းလီကိုကြည့်သည်။
"ဒီကန်ဘေးမှာ မင်္ဂလာဝတ်စုံမင်းသမီးက နတ်ဘုရားကိုစောင့်ခဲ့ပေမယ့် မဆုံစည်းခဲ့ဘူး၊ ပြီးတော့ မျက်နှာမဲ့ဓားနတ်ဘုရားကလည်း တစ်ယောက်ယောက်ကို စောင့်ခဲ့ပေမယ့် ချစ်သူကတော့ရောက်မလာခဲ့ဘူး၊ နောက်ပြီး ကောင်းကင်ဘုံက ဧည့်သည်တစ်ယောက်ဟာ ဒီနေရာမှာအချိန်အကြာကြီး နေခဲ့ပြီး ပျောက်ကွယ်သွားခဲ့တယ်။"
"လောကမှာရှိတဲ့ အရာအားလုံးမှာ အကြောင်းအကျိုးရှိပြီး၊ ကြိုတင်သတ်မှတ်ထားတယ်၊ဘယ်သူမှ မချိုးဖျက်နိုင်ပါဘူး။ ဘာကြောင့် အရှင်မင်းကြီးက တစ်ခဏလေးအတွက် အရမ်းစွဲလမ်းနေရတာလဲ။"
ဤစကားကို ကြားသောအခါ ကျင်းလီ၏ အေးစက်သောမျက်နှာပေါ်တွင် ခေါင်းမာသောအမူအရာတစ်ခု ပေါ်လာသည်။
"ကျွန်မက အကြောင်းအကျိုးကို မယုံကြည်သလို၊ ကြိုတင်သတ်မှတ်ထားတာကိုလည်း မယုံကြည်ဘူး။ ၁၀ နှစ်ကမလုံလောက်ရင် နှစ်တစ်ရာ၊ နှစ်တစ်ရာက မလုံလောက်ရင် နှစ်တစ်ထောင်၊ နှစ်တစ်သောင်းပဲ"
သူမ၏ မျက်လုံးများတွင် ခိုင်မာသော ဆုံးဖြတ်ချက်များရှိသည်။
သူမသည် သူ့ကို လောလောဆယ် ဆက်သွယ်၍ မရသေးသည်သာဖြစ်ပြီး၊ တစ်နေ့နေ့တော့ ဆုံစည်းရမည်ပင်။
"အင်း.."
ပုရောဟိတ်ဂျူလိုင်က သက်ပြင်းချလိုက်သည်။
"အရှင်မင်းကြီးက အဲဒီလူကိုရှာမတွေ့သေးဘူးဆိုရင် မျက်နှာမဲ့ဓားနတ်ဘုရားရဲ့ ဘုရားကျောင်းကို ဘာလို့မသွားရတာလဲ။"
ထိုမျှသာပြောပြီးနောက် ပုရောဟိတ်ဂျူလိုင်သည် ကျတ်သရေရှိစွာ ပြန်လျှောက်သွား၏။
ကျင်းလီ၏ ရင်ခုန်သံများ မြန်ဆန်လာသည်။
သူမသည် အဝတ်အထည်ဌာနစစ်သည်တော်၏ အမှာစကားကို ပြန်အမှတ်ရလိုက်သည်။
သူမက ခပ်တိုးတိုးရေရွတ်။
"ဆုံတွေ့ခဲ့ရင်တဲ့.....ဒါ.."
"ဒါဆို..မဆုံစည်းခဲ့တာလား. မဆုံစည်းဘူးလား..။"
ရုတ်တရက် သူမသည် ဒေါ်လေးချင်ကို မေးမ်သည်၊
"ဒေါ်လေးချင်၊ ထျန်းကျွဲ့အပြင် ဒုတိယမြောက် သီးသန့်နေရာတစ်ခုကိုသိသလား။
အဲဒီလိုနေရာမျိုးရှိသေးလား"
ဒေါ်လေးချင်က ခေါင်းယမ်းသည်။
"မသိဘူး။"
"ဒီလိုလား"
ကျင်းလီက ရုတ်တရက်ပြန်ငြိမ်သွားသည်။
လွန်ခဲ့သည့် တစ်လခွဲခန့်ကကျင်းလီသည် သူမ၏လက်ရွေးစင်အစောင့်အရှောက်များကို ရိကွမ်းတားမြစ်နယ်မြေသို့ စေလွှတ်ခဲ့ဖူးသည်။
ထိုနေရာတွင် ပုံမှန်အတိုင်း အဝတ်အစားမကောင်းဆိုးရွားများသာ နေထိုင်ကြသည်။
အတွင်းဆုံးနေရာထိဝင်ရောက်သည့်တိုင်အောင် ရန်ပြုမည့် အရိပ်အယောင်များလည်း မရှိပေ။
ကျင်းလီသည် ကန်ဘေးတွင်ရပ်နေပြီး ရှေးဟောင်းစီးချောင်သစ်ပင်ကြီးကို မော့ကြည့်မိ၏။
သူမ၏မျက်နှာသည် လရောင်ကဲ့သို့ အေးစက်နေသည်။
...............
ရှေးဟောင်းစီးချောင်သစ်ပင်ကြီးအောက်တွင် ဖြစ်သည်။
ကျိယွမ်သည် ဂါဝန်ရှည်ဝတ်ထားသော လှပသည့် မိန်းကလေးကိုကြည့်ကာစိတ်ရှုပ်ထွေးနေသည်။
"ကျင်းလီကို တွေ့ပြီလား။"
ဂျူလိူင်က ခေါင်းယမ်းသည်။
"မတွေ့သေးပါဘူး။"
ကျိယွမ်သည် သူ၏အကြည့်ကို ပုရောဟိတ်ဂျူလိုင်ထံမှ ရွေ့လျားလိုက်သည်။
"နန်းကန်တိုင်းပြည်အကြောင်းကို သိလား။"
"တစ်ခါမှ မကြားဖူးပါဘူး။"
သူမက ခေါင်းယမ်းသည်။
ကျိယွမ်သည် ခဏမျှတွေးလိုက်ပြီး ထပ်မေးသည်။
"နန်ဖုန်းတိုင်းပြည်ကိုရော"
သူမက ခေါင်းယမ်းပြန်သည်။
"ဒါဆို... ထိန့်ယန်အထွတ်အမြတ်ကျောင်းတော်ကိုရော ကြားဖူးလား"
တိန့်ယန်အထွတ်အမြတ်ဂိုဏ်းသည် လူသားမျိုးစုတစ်ခုလုံး၏ အစွမ်းအထက်ဆုံးဂိုဏ်းဖြစ်သည်။
"ကျွန်မ မသိပါဘူး။"
ပုရောဟိတ်ဂျူလိုင်သည် ခေါင်းကို ဆက်လက်ယမ်းနေသည်။
"ကောင်းပြီ... နားလည်ပါပြီ"
ကျိယွမ်၏ မျက်နှာပေါ်မှစိတ်အနှောက်အယှက်ဖြစ်နေသော အမူအရာများပျောက်ကွယ်သွားပြီး ပြန်လည်တည်ငြိမ်သွားသည်။
"ရှင်ရှာနေတဲ့သူကို ကျွန်မတို့ ယွဲ့ဟွမ်မျိုးနွယ်စုက အကောင်းဆုံးကြိုးစားပြီး ရှာပေးပါ့မယ်"
ပုရောဟိတ်ဂျူလိုင်၏ မျက်နှာတွင် ဝန်ချတောင်းပန်သောအမူအရာ ပေါ်လာသည်။
"အင်း"
ကျိယွမ်သည် ထိုအကြောင်းအရာကို ဆက်မပြောတော့ပါ။
သူက ရှေးဟောင်းသစ်ပင်ပေါ်မှတွဲလွဲကျနေသော့ မရေမတွက်နိုင်အောင်များပြားသည့်ရုပ်အလောင်းများကိုမော့ကြည့်သည်။
"ဒီမှာ ဘာတွေဖြစ်နေတာလဲ။"
"မြို့ပေါင်းတစ်ရာမဟာမိတ်အဖွဲ့ရဲ့ ကြေညာချက်ကတော့ အပေါ်မှာဆွဲထားတဲ့သူတွေဟာ အဖေအမေကို မလေးစားတဲ့သူတွေနဲ့ သားသမီးကျင့်ဝတ်အမိန့်ကို ဆန့်ကျင်တဲ့သူတွေအားလုံးပါပဲ"
ပုရောဟိတ်ဂျူလိုင်၏ မျက်လုံးထဲတွင် ဒေါသအရိပ်ယောင်များ ပေါ်ထွက်လာသည်။
"မြို့ပေါင်းတစ်ရာမဟာမိတ်အဖွဲ့က ကျွန်မတို့ ယွဲ့ဟွမ်မျိုးနွယ်စုကိုပါ အမိန့်အောက်ကိုထည့်သွင်းချင်တယ်။ ဘယ်သူမဆို အမှားလုပ်ရင် ချီချွန်ရှေးဟောင်းသစ်ပင်မှာ ဆွဲထားရမယ်တဲ့။"
ကျိယွမ် တိတ်ဆိတ်နေသည်။
ထိုလုပ်ရပ်သည် ကောင်းကင်၏လမ်းစဥ်ကို ဆန့်ကျင်နေ၏။ဒယ်အိုးအောက်မှ ထင်းကို ဖယ်ရှားလိုက်သည်နှင့် တူညီနေသည်။
ယေဘုယျဆိုလျှင် လူငယ်များသည်တိုင်းပြည်တစ်ခု၊ လူမျိုးစုတစ်ခု၏ အနာဂတ်ဖြစ်သည်။ထိုသို့လုပ်ခြင်းကြောင့်
မကြာမီအချိန်အတွင်း ဝမ်ယုတိုက်ကြီးပေါ်ရှိ လူမျိုးစုများစွာ ပျောက်ကွယ်သွားနိုင်သည်မဟုတ်ပါလား။
"မြို့ပေါင်းတစ်ရာမဟာမိတ်အဖွဲ့က အမိန့်ထုတ်ပြန်လိုက်တဲ့အတွက် တိုင်းပြည်အသီးသီးရဲ့ မကျေနပ်မှုတွေဖြစ်စေပြီး၊ ဆန့်ကျင်ခဲ့ကြပါတယ်။ မြို့ပေါင်းတစ်ရာမဟာမိတ်အဖွဲ့ထဲမှာလည်း သဘောမတူတဲ့သူတွေ အများကြီးရှိပါတယ်။"
" အင်အားကြီးသူတော်တော်များများကလည်း တွန်းလှန်ခဲ့ကြတယ်။"
ပုရောဟိတ်ဂျူလိုင်က စီးချောင်းသစ်ပင်ပေါ်မှအလောင်းများကို မော့ကြည့်၏။
"ဒီလောက်များတဲ့ အလောင်းတွေ....."
" မြို့ပေါင်းတစ်ရာမဟာမိတ်အဖွဲ့ဟာ ပျက်စီးလုနီးပါးဖြစ်နေပါပြီ၊ဒါပေမဲ့...."
ပုရောဟိတ်ဂျူလိုင်၏ မျက်နှာက ဒေါသကြောင့် နီးမြန်းလာသည်။သူက တွေးမိလေ ဒေါသထွက်လေဖြစ်နေပုံပင်။
"အနက်ရောင်ဝတ်ရုံအစောင့်တွေပဲ"
ထိုအမည်ကိုပြောသောအခါ သူမ၏အသံကသိသိသာသာ တုန်ခါနေသည်။ ထိုအဖွဲ့ကို သူမက တုန်လှုပ်ချောက်ချားနေခြင်းပင်။
သူမ၏ကိုယ်ခန္ဓာသည် အနည်းငယ် တုန်ယင်နေပြီး ထိတ်လန့်နေခြင်းကြောင့်ဖြစ်နိုင်၏။
ထိုအမည်ကို ဒုတိယအကြိမ်မြောက်ကျိယွမ်ကြားရခြင်းပင်။
ကွန်ဝူမြို့၌ သူတစ်ကြိမ်ကြားခဲ့ဖူးသည်။
"သူတို့က တော်တော်အစွမ်းထက်သလား"
"သူတို့... သူတို့က မကောင်းဆိုးရွားတွေ၊နတ်ဆိုးတွေပဲ"
ဂျူလိုင် ကြောက်စရာကောင်းသောအရာတစ်ခုကို ပြန်လည်အမှတ်ရနေပုံရပြီး သူမ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
"သူတို့က အရေအတွက်မများပါဘူး။ တစ်ယောက်ချင်းစီက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ သူတို့ရဲ့ မျက်နှာတွေက လုံးဝ ဖုံးကွယ်ထားတယ်။"
"သူတို့က မစားဘူး၊ မသောက်ဘူး၊စကားလည်းမပြောဘူး၊ သူတို့မှာ စိတ်ခံစားမှုမရှိဘူး၊သူတို့သိတာ သတ်ဖြတ်ဖို့ပဲ။ သူတို့ရဲ့ အစွမ်းက... အရမ်းကိုအစွမ်းထက်လွန်းတယ်။"
"ဘယ်သူမှ သူတို့နဲ့ ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး၊ အင်အားအကြီးဆုံး စစ်သည်တွေတောင် သူတို့ရှေ့မှာဆို ကြက်ကလေးတွေလိုပဲ ဘာမှမလုပ်နိုင်ဘူး။"
"သူတို့က ခန့်မှန်းလို့မရတဲ့အချိန်မှာ ပေါ်လာတတ်ပြီး ဘယ်သူမှသတိမထားမိခင်မှာပဲ ပျောက်ကွယ်သွားတယ်၊ သူတို့ပေါ်လာတဲ့နေရာတိုင်းမှာ သွေးတွေဟာ မြစ်လိုချောင်းလို စီးဆင်းတယ်။ တစ်ခါတုန်းက မဟာကျင်းအင်ပါယာက မြို့ပေါင်းတစ်ရာမဟာမိတ်အဖွဲ့ကို တိုက်ခိုက်ဖို့ ကြေညာခဲ့တယ်"
"နောက်တစ်နေ့မှာ မဟာကျင်းဧကရာဇ်မြို့တော်က... ဘာမှ မကျန်တော့ဘူး။"
ပုရောဟိတ်ဂျူလိုင်က စီးချောင်းသစ်ပင်ကြီးပေါ်သို့ မော့ကြည့်၏။
"လူခုနစ်သိန်း... အားလုံးကို ဒီမှာ ဆွဲထားခဲ့ကြတာ"
"သူတို့က တရားမျှတမှုကို ဂရုမစိုက်သလို၊ အနာဂတ်ကိုလည်း ဂရုမစိုက်ဘူး။"
"အနက်ရောင်ဝတ်ရုံစောင့်တွေကြောင့် သူတို့ဟာ ထင်သလိုစည်းမဲ့ကမ်းမဲ့သတ်ဖြတ်နိုင်နေကြတာ။"
ကျိယွမ်သည် ပြင်ပနတ်ဆိုးများကို တွေးမိသွားသည်။
အနက်ရောင်ဝတ်ရုံစောင့်တွေဟာ ပြင်ပနတ်ဆိုးတွေရဲ့လက်ချက်လား။
ဘာလို့များ သူတို့က လောကကို ပျက်စီးစေတာလဲ။
သူ မသိပါ။
" အနက်ရောင်ဝတ်ရုံစောင့်တွေ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ ကျွန်မတို့ ယွဲ့ဟွမ်မျိုးနွယ်စုက ဘယ်တော့မှ လက်နက်ချမှာ မဟုတ်ဘူး"
သူမ၏အသံကခိုင်မာနေသည်။
"လောကကြီးကို ဒီလိုနတ်ဆိုးသတ္တဝါတွေအတွက် ပစ်ထားလို့မရဘူး! ဒါက ကျွန်မတို့ ယွဲ့ဟွမ်မျိုးနွယ်စုရဲ့ မူလရင်းမြစ်နဲ့ အခြေခံဖြစ်တဲ့ ဝမ်ယုတိုက်ကြီးပဲ"
ဇူလိုင်၏ မျက်လုံးများတွင် ယုံကြည်မှု ပြန်လည်ရရှိလာသည်။
"ဒီလောကကို မူလကနေ့ခင်းအလင်းရောင်တိုက်ကြီးလို့ခေါ်တယ်၊ အခုတော့ ဝမ်ယုတိုက်ကြီးလို့ ခေါ်တယ်"
(ဝမ်ယု/ဝမ်ယွဲ့ ၏အဓိပ္ပါယ်သည် လရောင်သို့မဟုတ် ညရောင်ဟု အဓိပ္ပါယ်နီးစပ်သည်)
"နေ့ခင်းအလင်းရောင်လား"
ကျိယွမ်သည် အံ့အားသင့်သွားသည်။
ထိုအမည်ကို သူပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
တားမြစ်နေရာလေးခုမှ နတ်ဘုံအဆင့်အားလုံး၏မှတ်ဉာဏ်များတွင်ပင် ထိုသို့သော သတင်းအချက်အလက်မျိုး မရှိခဲ့ပေ။
ထို့အပြင် "နေ့" ဟူသော စကားလုံးသည် သူ့ကို ဆက်စပ်တွေးတောစေသည်။
တက်လှမ်းခြင်းပလ္လင်တွင် ရွှေရောင်ချပ်ဝတ်နတ်ဘုရားပြောခဲ့သည့်စကား.....
"နေ နဲ့ လ ပြောင်းပြန်ဖြစ်နေသော ဖရိုဖရဲကမ္ဘာကြီးမှာ......"
ကျိယွမ် အဝေးသို့ငေးကာ တွေးနေသည်။
နေနှင့်လ ပြောင်းပြန်ဖြစ်လျှင် နေ့ နှင့် ည သည်လည်း ပြောင်းပြန်ဖြစ်သွားမည်လား။
တစ်ချိန်က နေ့အလင်း ကုန်မြေတိုက်ကြီးက အဘယ့်ကြောင့် လရောင်ကြည့် ကုန်းမြေတိုက်ဟု နာမည်ပြောင်းလဲသွားလေသနည်း။
စီးချောင်းသစ်ပင်ကြီး၏ သစ်ရွက်များကြားမှ တစွန်းတစမြင်နေရသော လမင်းကြီးကို ကျိယွမ်မော့ကြည့်မိသည်။
လမင်းကြီးကိုလည်း သူမြင်၏။
ချိတ်ဆွဲသောအလောင်းများက ကြိုးတန်းတွင်လှန်းထားသော အဝတ်များလို့ စီတန်းနေသည်ကိုလည်း သူမြင်၏။
"ရှင်က အထွတ်အထိပ်ဧကရာဇ်တစ်ပါးလား"
ပုရောဟိတ်ဂျူလိုင်က ကျိယွမ်ကို မျှော်လင့်တကြီးကြည့်ကာ မေးသည်။
သူမ၏တပည့်လန်ယွဲ့က မျိုးနွယ်စုတွင် အထွတ်အထိပ်ဧကရာဇ်အရှင်တစ်ပါး ဖြစ်နိုင်သည့် လူစိမ်းတစ်ယောက် ရောက်ရှိနေကြောင်း ပြောပြသည်ကို ကြားသောအခါ သူမစိတ်လှုပ်ရှားခဲ့သည်။
သို့သော်လည်း ထိုလူ၏ဇာတ်လမ်းကို ကြားပြီးနောက် မြို့ပေါင်းတစ်ရာမဟာမိတ်အဖွဲ့သားများ၏ အလောင်းများမှဒဏ်ရာများကို မြင်ပြီးနောက် သူမ စိတ်ပြောင်းသွားခဲ့သည်။
သူမသည် သူ့ကိုတွေ့ရန် ကိုယ်တိုင်ထွက်လာခဲ့သည်။
သူသည် ဧကရာဇ်အရှင်တစ်ပါးကိုမှ သာမန် ဧကရာဇ်အဆင့်မဟုတ်နိုင်ပေ။
သူမ၏ ခန့်မှန်းချက်မှန်ကန်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
ကျိယွမ်သည် ပုရောဟိတ်ဂျူလိုင်ကို တည်ငြိမ်စွာကြည့်လိုက်သည်။
ထို့နောက် ကောင်းကင်ပေါ်မှ လကိုပြန်မော့ကြည့်ကာ တိတိဆိတ်နေ၏။
သူက အဖြေမပေးခဲ့ပါ။
လူသားလောက၌ သူ၏အဆင့်မြင့်အင်အားများကို မသုံးစွဲနိုင်ပေ၊သို့မဟုတ်ပါက သူသည် ပြင်ပနတ်ဆိုးများကို ချက်ချင်း ရင်ဆိုင်ရလိမ့်မည်။
ဤနေရာ၌ သူနားလည်ရမည့်အရာများစွာရှိနေသေးပြီး တိကျွဲ့သို့မသွားချင်သေးပါ။
ထို့ကြောင့် ယခုအချိန်တွင် သူသည် ဧကရာဇ်အဆင့်အစွမ်းကိုသာ ပြသနိုင်သည်။
သို့သော်လည်း... နှစ်ထောင်ချီတိုက်ခိုက်သတ်ဖြတ်ခဲ့ရသူဖြစ်သောကြောင့် သာမန်ဧကရာဇ်အဆင့်များနှင့်ယှဥ်လျှင် သူ၏တိုက်ခိုက်မှုများက အလွန်ကြောက်မက်ဖွယ်ကောင်းနေ၏။
"ကျွန်မတို့ ယွဲ့ဟွမ်မျိုးနွယ်စုကို တစ်ခုခုများကူညီပေးနိုင်မလား"
ထိုအရာက ဂျူလိုင် ယခုနေရာသို့ ရောက်လာရသည့် ရည်ရွယ်ချက်ပင်။
ထိုအချိန်တွင် ကျိယွမ်သည် သူ၏မျက်လုံးများကို မှိတ်ထားလိုက်ပြီး ချက်ချင်း အဖြေမပေးခဲ့ပါ။
တျန်းကျွဲ့မှ ထွက်ခွာပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်စဥ်းစားနေသည်။
ဖြစ်ရပ်များအားလုံးသည် သူ၏စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ဖြတ်ပြေးနေသည်။
သူသည် လူသားငရဲကို မြင်ခဲ့ရပြီး၊ရှေးဟောင်းသစ်ပင်တွင် ရုပ်အလောင်းမြောက်မြားစွာချိတ်ထားသော ကြောက်မက်ဖွယ်ရာ မြင်ကွင်းကို မြင်ခဲ့ရသည်။
အချိန်ကမကြာသေးသော်လည်း သူကဝမ်းနည်းရသည်၊ပူဆွေးရသည်၊မျှော့်လင့်မိခဲ့သလို မျှော်လင့်ချက်လည်း ပျောက်ဆုံးရသည်၊ကြေကွဲနေစဥ်မှာပင် ဒေါသလည်းထွက်ရ၏။ထိတ်လန့်မှုနှင့်လည်း ကြုံရသည်။
သူ၏ စိတ်ခံစားမှုများသည် အတက်အကျ လှိုင်းပေါင်းများစွာ ကြုံတွေ့ခဲ့ရသည်။
နောက်ဆုံးတော့ သူသည်လည်း သာမန်လူသားတစ်ယောက်ပင်ဖြစ်သည်။စိတ်ခံစားချက်ပေါင်းစုံကြောင့်လည်းကောင်း၊ နားမလည်နိုင်သော အကြောင်းအရာများကြောင့်လည်ကောင်ဂ သူ၏စိတ်က အလွန်ရှုပ်ထွေးနေ၏။
အတန်ကြာသောအခါမှ သူ၏မျက်လုံးများပြန်ဖွင့်လာသည်။ယခုအချိန်မှာတော့ သူ့၏မျက်လုံးများက ပို၍ကြည်လင်လာသည်။
ရှုပ်ထွေးမှုများလျော့ပါးသွားပြီး ပုံမှန်စိတ်အခြေအနေသို့ ပြန်ရောက်ခဲ့လေပြီ။
"ငါက ဂိမ်းကစားနေတာလေ၊ ဘာလို့ ဂိမ်းက ငါ့ကိုကစားရတာလဲ၊ဂိမ်းဆိုတာကို မေ့သွားပြီးတကယ်ဖြစ်နေတယ်လို့ထင်သွားတာ၊ တော်တော်ဆိုးဆိုးပဲ"
ကျိယွမ်၏ မျက်နှာပေါ်မှ ရှုပ်ထွေးသောအမူအရာများ ပျောက်ကွယ်သွားပြီး တီးတိုးရေရွတ်လိုက်သည်။
သစ်ပင်ပေါ်၌ ဆွဲထားသည့် ရုပ်အလောင်းများသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု မထင်တော့ပါ။
ဂိမ်းရေးဆွဲသူက ကစားသူများထိတ်လန့်စေရန် ရှုခင်းကိုလိုတာထက်ပိုဆွဲထားခြင်းသာဖြစ်သည်။
"ပြောပါ"
ကျိယွမ်သည် ဂါဝန်ရှည်ဖြင့် မိန်းကလေးကို ကြည့်လိုက်သည်။
ဂိမ်းဇာတ်လမ်းဇာတ်ကွက်ထဲမှ ဇာတ်ကောင်တစ်ကောင်က သူ့ကိုမစ်ရှင်တစ်ခု ပေးတော့မည့်ပုံပင်။
"မကြာခင်မှာ မြို့ပေါင်းတစ်ရာမဟာမိတ်အဖွဲ့က အင်အားများစွာနဲ့ ရောက်လာပြီး ကျွန်မတို့ ယွဲ့ဟွမ်မျိုးနွယ်စုကို ဖျက်ဆီးတော့မယ်လို့ ထင်ပါတယ်။"
"ရှင်က ကျွန်မတို့ရဲ့ သူတော်စင်မလေးကို ကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
ပုရောဟိတ်ဂျူလိုင်က သူမ၏ ရည်ရွယ်ချက်ကို ပြောပြသည်။
သူမ၏စကားကိုကြားသောအခါ ကျိယွမ် အနည်းငယ် ရယ်မိသည်။
သူသည် အစွမ်းအထက်ဆုံးကိုယ်ရံတော်အဖြစ် ပြောင်းလဲသွားပြီး၊ အဖြူရောင်ခြေအိတ်ဝတ်ဆင်ထားသော အေးစက်နိုင်သည့် မာနခဲကျောင်းသူအလှလေးကို ကာကွယ်ရမည့်မစ်ရှင်လား။
"ခင်ဗျားတို့ရဲ့ သူတော်စင်မလေးက ဘယ်အရွယ်လဲ၊ အသားဖြူပြီး လှသလား၊ ခြေတံရှည်ရှည်လေးနဲ့ အနုပညာကျောင်းသူလား"
ကျိယွမ်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ပုရောဟိတ်ဂျူလိုင် ကြက်သေ သေသွားသည်။
သူမ၏ မျက်နှာတွင် ထူပူသောအမူအရာတစ်ခု ဖြတ်ပြေးသွားလေ၏။
မျက်နှာဖုံးအတွင်းမှလူသည် ချက်ချင်းပင်တစ်ယောက်ယောက်က အစားထိုးလိုက်သလို ပြောင်းလဲသွားပြီဟု သူမ သံသယဝင်မိသွားသည်။
မကြာသေးမီကပင် မယှဉ်နိုင်သော ဓားသမားတစ်ဦး၊ လအောက်မှအေးစက်တည်ကြည်သောအရှိန်အဝါသည် မည်သို့ရောက်သွားခဲ့လေသနည်း။
သို့သော်လည်း သူမသည် ချက်ချင်းတုံ့ပြန်ခဲ့သည်။
သူမက တွန့်ဆုတ်နေသလို ဖြေလိုက်၏။
"သူတော်စင်မလေးက ဒီနှစ်မှ ၇ နှစ်ပဲ ရှိပါသေးတယ်။"
"အာ"
ကျိယွမ် တုန်လှုပ်သွားသည်။
"ကလေးတစ်ယောက်ကို ကာကွယ်ပေးဖို့ဆိုရင် ပြဿနာမရှိဘူး။ဒါပေမယ့်..."
"အားမနာတမ်းပြောနိုင်ပါတယ်"
ဂျူလိုင်က အပွင့်လင်းဆုံးပြောသည်။
"ကျွန်မတို့ ယွဲ့ဟွမ်မျိုးနွယ်စုရဲ့ ဘဏ္ဍာတိုက်ကိုတောင် ဖွင့်ပေးဖို့ ဆန္ဒရှိပါတယ်၊ ရှင်ကြိုက်သလောက် ရွေးချယ်ပါ"
"တကယ်လို့ ရှင်ဆန္ဒရှိတယ်ဆိုရင် ကျွန်မတို့ ယွဲ့ဟွမ်မျိုးနွယ်စုက လက်မထပ်ရသေးတဲ့ မိန်းကလေးတစ်ယောက်ကိုတောင် ရွေးချယ်နိုင်ပါတယ်"
"မလိုပါဘူး၊ သူတော်စင်မလေး ရှိတာနဲ့ လုံလောက်ပါတယ်"
ကျိယွမ်က အလွန်ပင် ပေါ့ပျက်ပျက်နိုင်လှ၏။
ဂျူလိုင်ခမျာ မျက်လုံးများပြူးကျယ်သွားသည်။သူမဆုံးဖြတ်လိုက်သည်မှာ မှားများမှားသွားပြီးလားဟုပင် တွေးမိ၏။
ကျိယွမ်သည် ချက်ချင်းထပ်ပြောသည်။
"အထင်မလွဲပါနဲ့၊ ကျွန်တော်က မဆိုင်တဲ့အရာတွေကို စိတ်မဝင်စားပါဘူး"
ထိုအခါမှ ကျူလိုင်သည် စိတ်အေးသွားကာ သူမ အထင်လွဲသွားကြောင်း ခံစားလိုက်ရသည်။
"ကျွန်တော်မျော်လင့်တာတော့ ရှိပါတယ်......"
ကျိယွမ်သည် ဆက်မပြောသေးဘဲ ခဏမျှ တုံ့ဆိုင်းပြီး ကြယ်များပြည့်နေသော ကောင်းကင်ကို ကြည့်သည်။
ထို့နောက် ရှေးဟောင်းစီးချောင်သစ်ပင်ကို ကြည့်လိုက်ပြီးမှ......၊
"မင်းတို့တိုင်းပြည်တစ်ခု တည်ထောင်၊ ယွဲ့ဟွမ်မင်းဆက်လို့ခေါ်ပြီးတော့ ဂျူလိုင်ကန်အနီးမှာ ကျူလိုင်မြို့လို့အမည်ပေးဖို့ မျှော်လင့်ပါတယ်၊ ဘယ်လိုလဲ"
ပူရောဟိတ်ဂျူလိုင်သည် အနည်းငယ် ရှုပ်ထွေးသွားပုံပင်။
ကျိယွမ်ပြောသော အဓိပ္ပာယ်ကို သူမ နားမလည်ခဲ့ပေ။
သို့သော်လည်း သူမသည် ရိုးသားစွာတုန့်ပြန်လိုက်သည်။
"ဒီဘေးဆိုးကနေ အသက်ရှင်လွတ်မြောက်ခဲ့ရင်၊ရွာတစ်ရွာပဲ ကျန်ခဲ့ရင်တောင်၊ ရှင်ပြောသလိုပဲ ကျွန်မတို့ယွဲ့ဟွမ်မျိုးနွယ်စုက ယွဲ့ဟွမ်မင်းဆက်ကို တည်ထောင်ပါမယ်"
သူမ၏စကားကို ကြားသောအခါ ကျိယွမ်က ပြုံးလိုက်သည်။
ရွာတစ်ရွာကနေ အင်ပါယာတစ်ခုတည်ထောင်တာလား၊ဘာလို့ အရမ်းရင်းနှီးနေတယ်လို့ ခံစားရတာလဲ။သမိုင်းစာအုပ်တွေထဲမှာ ပါနေလို့များလား။
"ကျွန်တော်မှာ တခြားတောင်းဆိုချက်တွေ ရှိပါသေးတယ်၊ ဒါပေမယ့် ကျွန်တော်ထွက်သွားတဲ့အခါမှ ပြောပါတော့မယ်။"
"ဒါပေမဲ့ ကျွန်တော်က သူတော်စင်မလေးကို ၂၆ ရက်ပဲ ကာကွယ်ပေးနိုင်ပါမယ်။"
"ကောင်းပါပြီ"
ဘုန်းတော်ကြီးဂျူလိုင်က သဘောတူလိုက်သည်။
သို့သော် သူမသည် တစ်ခုခုကို တွေးမိပြီး သွားများကို စေ့ကာပြောလိုက်သည်။
"အနက်ရောင်ဝတ်ရုံစောင့်တွေ ပေါ်လာရင်တော့ ကျွန်မတို့ကိုဒါမှမဟုတ်သူတော်စင်မလေးကို ဂရုမစိုက်ဘဲ ထွက်သွားနိုင်ပါတယ်"
ကျိယွမ်သည် ပုရောဟိတ်ဂျူလိုင်ကို သေချာကြည့်ကာ ခေါင်းညိတ်လိုက်၏။
"အဆင်ပြေပါတယ်"
နောက်တစ်နေ့တွင် ဂျူလိုင်ကန်ဘေး၌ ရိုးရှင်းသော ဝါးလုံးအိမ်လေးတစ်လုံး ဖြစ်ပေါ်လာသည်။
ကျိယွမ်သည် ပုံမှန်အတိုင်း ကန်ဘေးရှိ ကျောက်စိမ်းရောင်ကျောက်တုံးပေါ်တွင် ထိုင်နေသည်။
သို့သော် သူက မည်သည့်အရာများကိုတွေးကာ မည်သည့်အရာများလုပ်နေသည်ကိုတော့ မသိနိင်ကြပေ။
ပုရောဟိတ်ဂျူလိူင်သည် မိန်းကလေးငယ်လေးတစ်ယောက်ကိုလက်မှဆွဲကာ ကျိယွမ်ထံ ထပ်မံရောက်လာသည်။
"ဆရာ၊ သူက ကျွန်မတို့မျိုးနွယ်စုရဲ့ သူတော်စင်မလေးပါ။ သူမကို ရှင့်ဆီအပ်ပါတယ်။"
ပုရောဟိတ်ဇူလိုင်က လက်လွှတ်ပေးလိုက်သော်လည်း အရပ်ပုပုလေး မိန်းကလေးသည် သူမနောက်သို့ကပ်သွားကာ ကျိယွမ်ကို ချောင်းကြည့်နေသည်။
ထိုမိန်းကလေးသည် ရှက်ရွံ့ပြီးကြောက်လန့်နေပုံရသည်။ သူမ၏ မျက်တောင်ရှည်များသည် ပန်းပွင့်များကဲ့သို့ တုန်ခါနေပြီး သူမ၏ မျက်ဝန်းနက်များတွင် လခြမ်းလေးတစ်ခုရှိသည်ဟု ထင်ရသည်။ သူမ၏ မျက်လုံးများက ထူးခြားသောကြောင့် မြင်ရသူများကို ဖမ်းစားနိုင်သည်။
"သူ့နာမည်က ဘာတဲ့လဲ"
"ဆရာ၊သူ့ကို ယွဲ့နုလို့ ခေါ်နိုင်ပါတယ်"
"ယွဲ့နု"
ကျိယွမ်က ထိုအမည်ကိုစဥ်းစားနေသည်။
ပူရောဟိတ်ကျူလိုင်သည် သူတော်စင်မလေးကို ကျိယွမ်ထံ အပ်နှံပြီးနောက် အသိပေးလိုက်သည်။
"ဆရာ၊ ကျွန်မ ခရီးဝေး သွားရပါဦးမယ်။ သူ့ကို ဂရုစိုက်ပေးပါဦး။"
သူမက ရင်ဘတ်ထဲမှ ကျောက်စိမ်းအဝိုင်းပြားလေးတစ်ခုကို ထုတ်ယူလိုက်သည်။
"ဒါကို လင်လုံယွီရှီလို့ ခေါ်ပါတယ်၊ သဘာဝအတိုင်း နှစ်ခုတွဲလျှက်ရှိတာပါ။ သာမန်လူတွေက ဒီရတနာကနေတဆင့် ဆက်သွယ်လို့ရပါတယ်။ တစ်ခုကို ဆရာ့ကို ပေးလိုက်ပါမယ်၊ နောက်တစ်ခုက ကျွန်မနဲ့အတူ ရှိနေပါလိမ့်မယ်။ အရေးပေါ် အခြေအနေရှိရင် လင်လုံယွီရှီကနေတဆင့် ကျွန်မကိုဆက်သွယ်နိုင်ပါတယ်။"
ကျိယွမ်သည် လင်လုံယွီရှီကျောက်စိမ်းပြားကို လက်ခံလိုက်ရင်းမှ အနည်းငယ်နွေးထွေးသွားသလိုခံစားရသည်။
၄င်းသည် ကန်းလန်၏ ဆက်သွယ်ရေးကျောက်စိမ်းချပ်များနှင့် အနည်းငယ် ဆင်တူကြောင်း တွေ့ရှိရသည်။
သူသည် ၎င်းကို လက်တွေ့စမ်းသပ်ကြည့်လိုက်သည်။
"လူရှိလား"
ဂျူလိုသည် လင်လုံယွီရှီမှ စာကိုမြင်ပြီး ကျိယွမ်ကို ကြည့်လိုက်၏။
"ဟုတ်ကဲ့၊ အဲဒီအတိုင်း သုံးတာပါ"
ထို့နောက် သူမသည် ဒူးထောက်ထိုင်ချပြီး သူတော်စင်မလေးကို မှာ၏။
"ယွဲ့နု၊ ဒီအချိန်ကစပြီး ဒီဆရာကြီးနဲ့အတူ နေပါ။ သူက သမီးကိုကာကွယ်ပေးလိမ့်မယ်။ ပြီးတော့ စကားနားထောင်ပါ။"
ယွဲ့နုသည် ကျိယွမ်ကို တစ်ချက်ချောင်းကြည့်ပြီးမှ ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ဆရာ"
ဂျူလိုင်ဘုန်းက ဦးညွှတ်လိုက်သည်။
ထိုအချိန်တွင် ကျိယွမ်က ရုတ်တရက် မေးလိုက်၏။
"ဘာလို့ ကျွန်တော့်ကို အဲလောက် ယုံကြည်တာလဲ။"
ပုရောဟိတ်ဂျူလိုင်သည် ရိုသေကိုင်းရှိုင်းသောအမူအရာဖြင့် အဖြေပေးသည်။
"အရာအားလုံးက ကံတရားရဲ့လမ်းညွှန်မှုအတိုင်းပါပဲ"
" ထူးထူးဆန်းဆန်း ပေါက်ကရတွေ"
ကျိယွမ်က တီးတိုးရေရွတ်လိုက်သည်။
သူသည် နတ်ဘုရားနှင့်ဆက်သွယ်နိုင်သည်ဆိုသောလူများနှင့် စကားပြောရသည်ကို မကြိုက်ပေ။ သူတို့ကို တစ်ခုခုမေးလိုက်လျှင် ရိုးရှင်းသောအဖြေမပေးဘဲ လျှို့ဝှက်ဆန်းကြယ်သလိုလို အမြဲပြောဆိုနေတတ်သောကြောင့်ပင်။ သူ၏ရှေ့မှ ပုရောဟိတ်ဆိုသူကလည်း ထိုအတိုင်းပင်ဖြစ်သည်။
ပုရောဟိတ်ဂျူလိူင်သည် ကျိယွမ်ကို နှုတ်ဆက်ပြီး ဂျူလိုင်ကန်မှ ထွက်ခွာသွားသည်။
စိမ်းလန်းသော ကန်ဘေးတွင် ကျိယွမ်နှင့် ယွဲ့ဟွမ်မျိုးနွယ်စုမှ သူတော်စင်မလေးတို့သာ ကျန်ခဲ့၏။
ကျိယွမ်က ယွဲ့နုကို ညင်သာစွာကြည့်လိုက်သည်။
"အဲဒီမှာ ရွှံ့တွေနဲ့ သွားဆော့၊ ဒါပေမဲ့ ငါမြင်နိုင်တဲ့ နေရာမှာပဲ နေပါ"
မိန်းကလေးငယ်လေးသည် တုန့်ပြန်ခြင်းမရှိပါ။
သူမသည် ချီယွမ်ဘေးတွင် ထိုင်လိုက်၏။ထို့နောက် သူ့နှင့်အတူ ငြိမ်သက်စွာထိုင်ပြီး ကန်ကို စိုက်ကြည့်နေသည်။
ကျိယွမ်က ထပ်မပြောတော့ပါ။
ထို့နောက် သာယာသောရေကန်ဘေးရှိ ဝါးတဲအိမ်လေးအနီးတွင် သန်မာသောသူတစ်ဦးနှင့် ကလေးငယ်တစ်ဦးက ကန်ရေပြင်ကိုငေးကြည့်ကာ တိတ်ဆိတ်စွာထိုင်နေကြတော့သည်။
တစ်ယောက်ယောက်ကသာ မြင်ခဲ့လျှင် ထိုမြင်ကွင်းသည် အလွန်လှပသလို အထီးကျန်သောခံစားချက်ကို ပေးစွမ်းနေသည့် ပန်းချီကားတစ်ချပ်နှင့်တူလှသည်ဟု ထင်မိမှာသေချာ၏။
အေးမြသော လေတစ်ချက်က ကန်ရေပြင်ကိုဖြတ်ကာတိုက်ခတ်လာသည်။
ကျိယွမ် ကောင်းကင်ကို မော့ကြည့်လိုက်သအခါ အဖြူရောင်အမှုန်အမွှားလေးများ ကျလာသည်ကို မြင်ရ၏။
"နှင်းတွေ ကျနေပြီ။"
"ဒီပုံစံနဲ့ဆိုရင် အေးစက်စက်မြစ်ရေထဲမှာ ငါတစ်ယောက်တည်း ငါးမျှားရတော့မယ် ထင်တယ်။"
သူ၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားသည့် သူတော်စင်မလေးကို ငုံ့ကြည့်ကာ တိုးတိုးပြောလိုက်၏။
"အေးရင် အိမ်ထဲမှာ ဝင်နေလေ။"
ကလေးငယ်လေး၏ လက်များသည် အအေးဒဏ်ကြောင့် နီရဲနေသည်။ သူမသည် ကျိယွမ်ကို ကြည့်လိုက်ပြီးနောက် စကားနားထောင်စွာ ထွက်သွားသည်။
"ငါက နွေးနွေးထွေးထွေးမဆက်ဆံတတ်ဘူး၊ကလေးငယ်လေးကတောင် ကြောက်နေပုံပဲ"
ကျိယွမ် ထိုသို့တွေးမိသည်။
သူသည် ကန်ဘေးတွင် တစ်ယောက်တည်းဆက်ထိုင်နေပြီး အထီးကျန်သည်ဟု ခံစားနေရ၏။
အချိန်အနည်းငယ်အကြာတွင် ကျိယွမ်၏ ပခုံးများပေါ်၌ ဆီးနှင်းများ ဖုံးလွှမ်းသွားသည်။
ကန်ဘေးတွင်ရှိသော သစ်ပင်များ၏သစ်ကိုင်းများပေါ်တွင် ဆီးနှင်းများ စုပုံနေပြီး လေတိုက်သောအခါ တဖြောဖြော ကြဲကျလာသည်။
ကန်ရေပြင်သည်လည်း တင်းမာသွားကာ ရေခဲပါးလွှာလေးတစ်ခု ဖုံးလွှမ်းနေသည်ဟု ထင်ရ၏။
"အေးမြတဲ့လေကို ခံစားရတာ တော်တော်ကောင်းတာပဲ၊ စိတ်ကို ကြည်လင်စေတယ်"
သူ၏ရင်ထဲမှ သတ်ဖြတ်လိုစိတ်သည် စုပုံနေသော ဆီးနှင်းများနှင့်အတူ လျော့ပါးသွားသလို ခံစားရ၏။
ထိုအချိန်တွင် တကျွိကျွိမြည်သံတစ်ခု ထွက်ပေါ်လာသည်။
ယွဲ့နုလေးသည် တဲအိမ်လေးတံခါးကို ဖွင့်လိုက်ပြီး ပန်းကန်လုံးကြီးတစ်လုံးကို ကိုင်ကာ ကျိယွမ်ဆီသို့ ဂရုတစိုက် လျှောက်လာနေခြင်းပင်။
ပန်းကန်လုံးကြီးသည် မီးခိုးများထွက်နေပြီး၊ အထဲ၌ မွှေးကြိုင်သော ငါးဟင်းချိုများဖြင့် အပြည့် ရှိနေသည်။
ယွဲ့နုလေးသည် ငါးဟင်းချိုကို ကျိယွမ်ရှေ့တွင် ချပေးပြီး ကြယ်များကဲ့သို့တောက်ပနေသော မျက်လုံးများဖြင့် သူ့ကို ကြည့်သည်။
"ငါ့အတွက်လား"
ကျိယွမ်သည် ငါးဟင်းချိုကို အနံ့ခံလိုက်၏။
"ဒီကိုရောက်လာတာ ဘဲသားအချိုကြော်ကို မစားရပေမယ့် ငါးဟင်းချိုတစ်ပန်းကန်တော့ ရခဲ့မယ်လို့ မမျှော်လင့်ခဲ့ဘူး။ တန်တယ်။"
ယွဲ့နုလေးသည် တိတ်ဆိတ်စွာ ရပ်နေပြီး ကျိယွမ်၏ စကားများကို မှတ်သားနေပုံရသည်။
ကျိယွမ်က ငါးဟင်းချိုကို မ' ယူလိုက်ပြီး တစ်ကျိုက်တည်း သောက်ရန် ပြင်လိုက်သည်။
သို့သော် သူက မသောက်သေးဘဲ မျက်မှောင်ကြုတ်ပြီး ကန်ဘေးတစ်နေရာကို ကြည့်လိုက်၏။
"ဒီဂိမ်းထဲက ဇာတ်ကောင်တွေက အရမ်းရိုင်းတယ်၊ ကစားသမားတွေ စားသောက်နေချိန်မှာ အနှောင့်အယှက် မပေးသင့်ဘူးဆိုတာ မသိဘူးလား"
လူခုနစ်ယောက်သည် သူတို့ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။
သူတို့သည် အင်္ကျီလက်ရှည်များ ဝတ်ဆင်ထား၏။ထူထပ်ဆီးနှင်းများပေါ်တွင် လျှောက်လာနေသော်လည်း ခြေရာတစ်ခုတလေပင် မထင်ပါ။
ကန်ဘေးတစ်နေရာတွင် တဲထိုးကာ ပြောင်းရွှေ့နေထိုင်သော လန်ယွဲ့မိန်းကလေး ထိတ်လန့်သွားလေသည်။
"ဧကရာဇ်ခုနစ်ပါးလား"
သူတို့၏ အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် သာမန် ဧကရာဇ်အဆင့်များ မဟုတ်ကြပေ။
လန်ယွဲ့သည် မျက်နှာမဲ့လူသားနှင့်သူတော်စင်အတွက် စိုးရိမ်သွား၏။
ယခုတွင် ယွဲ့ဟွမ်မျိုးနွယ်စုမှ ကျွမ်းကျင်သူများအားလုံးသည် အပြင်သို့ ထွက်ခွာသွားကြပြီး မျိုးနွယ်စုထဲတွင် အားကိုးစရာမရှိတော့ပါ။
မျက်နှာမဲ့လူသားသည် ဧကရာဇ်ခုနစ်ပါးကို တားဆီးနိုင်မည်လော။
ထိုအချိန်တွင် ဧကရာဇ်ခုနစ်ပါးသည် ကျိယွမ်တို့နှစ်ယောက်အနီးသို့ ရောက်ရှိခဲ့လေပြီ။သူတိူ့က မီတာ ၁၀၀ ခန့်သို့ပင်ရောက်နေလေပြီ။
ကျိယွမ်က ရောက်လာသူများကိုကြည့်ကာ စိတ်အနည်းငယ် လန်းဆန်းလာသလိုပင်။
"လေထဲမှာ သွေးနံ့ပြန့်နှံ့မှုနှုန်းက တစ်စက္ကန့်ကို ၅၀ စင်တီမီတာရှိတယ်။ ဒီဟင်းချိုတစ်ပန်းကန်ကို သောက်ဖို့အတွက်ဆိုရင် စက္ကန့် ၂၀၀ အချိန်လိုတယ် ။ အခု မင်းတို့ကငါ့ဆီကနေ မီတာ ၁၀၀ အကွာမှာ ရှိနေတယ်၊ အဲဒီအကွာအဝေးမှာ သေဆုံးတာက အသင့်တော်ဆုံးပဲ။"
ကျိယွမ်က ဂိမ်းဇာတ်ကောင်များကို ရန်စလိုက်သည်။
ထိုလူခုနှစ်ယောက်သည် သူ၏စကားသံကိုကြားသောအခါ မျက်လုံးများ၌ ရက်စက်သောအကြည့်များဖြစ်ပေါ်လာပြီး သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။
"ဆရာ၊ မင်းက အရမ်းမောက်မာတာပဲ"
"ငါက မြို့တစ်ရာမဟာမိတ်အဖွဲ့က ကျိုးအာအိုပါ။ ဧကရာဇ်တစ်ပါးဖြစ်နေပြီဆိုတော့ ခင်ဗျားအသက်က ၅၀ ကျော်လောက် ရှိရမယ်။ ကျွန်တော်တို့ မြို့တစ်ရာမဟာမိတ်အဖွဲ့မှာပါဝင်တာက သက်ကြီးရွယ်တစ်ယောက်ရဲ့ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့ အသင့်တော်ဆုံးပါပဲ။ ကျွန်တော်တို့ မြို့တစ်ရာမဟာမိတ်အဖွဲ့ကို ဆန့်ကျင်တာက မသင့်တော်ပါဘူး။"
ကျိုးအာအို၏ နှုတ်ကညင်သာသော်လည်း သူ၏ ကိုယ်ခန္ဓာမှ စွမ်းအင်များက ကြမ်းတမ်းလှ၏။
သူ့အပေါ်သို့ ကျရောက်လာသော ဆီးနှင်းများသည် ချက်ချင်း အရည်ပျော်သွားသည်။
သူတို့အားလုံးသည် စစ်သည်မှာချီတတ်သလိုခြေလှမ်းညီညာစွာဖြင့် ကျိယွမ်ဆီသို့ ဦးတည်နေကြသည်။
ကျိယွမ်က သူတို့အားတစ်ချက်ကြည့်ကာ ခေါင်းယမ်၏။
"စည်းကို ကျော်သွားပြီ။"
သူတို့သည် ၉၉ မီတာအတွင်း၌ သေဆုံးခဲ့လျှင် သွေးနံ့သည် သူ၏ငါးဟင်းချိုကို ပျက်စီးစေလိမ့်မည်။
"စည်းကျော်သွားတော့ ဘာဖြစ်လဲ၊မင်းဘာလုပ်နိုင်မလဲဆိုတာ ကြည့်တာပေါ့"
ဧကဇ်အဆင့်တစ်ယာက်က လှောင်သလိုလို တုန့်ပြန်လိုက်၏။
ဘာမဟုတ်သော ဂိမ်းဇာတ်ကောင်များသည် သူ့ကို စိန်ခေါ်ဝံ့သည်ကို မြင်သောအခါ ကျိယွမ်၏ မျက်လုံးများတွင် အေးစက်သော အရောင်တစ်ခု ဖြတ်ပြေးသွားသည်။
"မင်းတို့အားလုံးက ဘာမှသုံးစားလို့မရဘူး၊ သေပြီးနောက် အတွေ့အကြုံရမှတ်တောင် မပေးနိုင်မှတော့ အလကားပေါ့"
ကျိယွမ်၏ လက်ထဲမှဓားသည် ရုတ်တရက် ပျံထွက်သွားပြီး လူခုနစ်ယောက်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။
ထူထပ်စွာ ကျဆင်းနေသော ဆီးနှင်းများကြား၌ တောက်ပသော ဓားအလင်းတစ်ခုက လျှပ်ပြတ်သလို လင်းလက်၏။
စစ်ချီသလို ညီညာစွာလှမ်းလာသော ဧကရာဇ်ခုနှစ်ယောက် တိခနဲ ရပ်သွားသည်။
မျက်လုံးများပြူးလာကာ မယုံနိုငသောအကြည့်များဖြင့် သူတို့ကိုယ်သူတို့ ပြန်ငုံကြည့်ကြသည်။
ဖြူဖွေးသောနှင်းပွင့်တစ်သုတ်က သူတို့ပုခုံးများပေါ်သို့ ဖွဲကနဲအကျတွင် ခုနှစ်ယောက်လုံးက ဝုန်းခနဲလဲကျသွားလေ၏။
-----------------