← Chapters

ဘုရင်ကမ္ဘာမြေခွန်၏ သေဆုံးမှု

Vol. 199 Ch. 2973

ဘုရင်ကမ္ဘာမြေခွန်၏ သေဆုံးမှု

Vol. 199 Ch. 2973

သူသည် အဲဒါကိုမရှောင်လွှဲနိုင်ဘူးဆိုတာ သိရှိသွားသည့်အလား ဆူဇီမိုက သူ၏ လက်ရှစ်ဖက်ကိုသာ လွှဲယမ်းပြီး ဆင်းသက်​လာသော ဘုရင်ကမ္ဘာမြေခွန်၏ လက်ကို ကြိုဆိုလိုက်၏။

ဘုရင်ကမ္ဘာမြေခွန်မှာ သရော်တော်တော်အမူအရာတစ်ခုရှိနေပြီး သူက လှောင်ရယ်လိုက်သည်။

“ရထားလုံးကိုတားဆီးဖို့ကြိုးစားနေတဲ့နှံကောင်ပဲ... ဒါက မင်းမှာရှိတာအကုန်ပဲလား”

သူ၏ တိုက်ခိုက်မှုနှင့်ယှဥ်လျှင် ဆူဇီမို၏ လက်ဝါးရိုက်ချက်က အရမ်းကို အားနည်းနေပုံရသည်။

ထိုစဥ်မှာပင် ဘုရင်ကမ္ဘာမြေခွန်သည် ဘာ့ကြောင့်ရယ်မသိ ရင်တလှပ်လှပ်ခံစားချက်ကို ရရှိလိုက်၏။

ဘုရင်ကမ္ဘာမြေခွန်က ဆူဇီမိုကို အဆက်မပြတ်တိုက်ခိုက်နေစဥ် ရင်တထိတ်ထိတ်ဖြစ်လာခဲ့၏။ တစ်ချိန်တည်းမှာပင် သူက အာရုံစိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုနေ၏။

သူ၏ထင်မြင်ချက်အရ သူ့ကိုခြိမ်းခြောက်နိုင်သော​သူက အနဲဆုံး အထွတ်အထိပ်ဘုရင်တစ်ပါးဖြစ်ရပေမည်။

ထိုသူက အင်မော်တယ်ဘုရင်မယိူလန်မဟုတ်ဘူးဆိုလျှင် အနီးနားမှာစောင့်ကြည့်နေသော နောက်ထပ်ပညာရှင်များရှိနေသည်ဟု ဆိုလိုလေသည်။

သို့သော်လည်း သူသည် သူ၏စိတ်ဝိညာဉ်အသိစိတ်နှင့်အတူ ထူးခြားမှုတစ်စုံတစ်ရာကို အာရုံမခံမိပေ။

တကယ်ပင်…

မလှမ်းမကမ်းလေဟာနယ်မှာ အမျိုးသမီးနှစ်ဦးရှိနေ၏။ သို့သော်လည်း သူတို့နှစ်ယောက်သည် ပကတိစိတ်ဝိညာဉ်များသာဖြစ်ပြီး ကြောက်စရာဘာမှမရှိပေ။

သူတို့သည် ဓားကမ္ဘာနှင့် ပန်းကမ္ဘာမှ ဖြစ်ပုံရသည်။ အင်မော်တယ်ဘုရင်မယိုလန်နှင့် ဓားကမ္ဘာမှ တောင်ထွတ်သခင်ကို ကိုင်တွယ်ပြီးနောက် သူက သူတို့နှစ်ယောက်ကို သတ်ဖြတ်လိုက်ရုံသာဖြစ်သည်။

သူ၏စိတ်ထဲမှာ အတွေးတချို့ဖျတ်ခနဲပေါ်ထွက်လာပြီး ဘုရင်ကမ္ဘာမြေခွန်၏ ဧရာမလက်က ဆူဇီမို၏ လက်ရှစ်ဖက်နှင့် ထိတွေ့ရိုက်ခတ်သွားသည်။

သိပ်သည်းပြင်းထန်သောစွမ်းအားက ကျယ်ပြော၍ ခံ့ညားထည်ဝါသောပုံစံဖြင့် တလိပ်လိပ်တိုးဝင်လာခဲ့သည်။

ဆူဇီမိုက တဆတ်ဆတ်တုန်ယင်သွားပြီး သူ၏ ခေါင်းလေးလုံးလက်ရှစ်ဖက်ကပင် အဲဒါကို မခုခံနိုင်ပေ။

ဖြောင်း…

ဆူဇီမို၏ ခေါင်းသုံးလုံးနှင့်လက်ခြောက်ဖက်က ချက်ချင်းပင်ပေါက်ကွဲထွက်သွားသည်။

သူ၏ ခေါင်းလေးလုံးလက်ရှစ်ဖက်အခြေအနေက ဘုရင်ကမ္ဘာမြေခွန်ထံမှ သာမန်ကာလျှံကာ လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ဖျက်ဆီးခံလိုက်ရသည်။

ဆူဇီမို၏ ခန္ဓာကိုယ်ထဲရှိအရိုးများက ကြေမွသွားပြီး သူကိုယ်တွင်းအင်္ဂါများက စုတ်ပြဲသွားသည်။ သူက သွေးများစွာကိုထွေးထုတ်ပြီး မြေပြင်ပေါ်မှာပြင်းထန်စွာလဲကျကာ ဖုန်များက တထောင်းထောင်းထသွား၏။

ကြောက်စရာကောင်းသောစွမ်းအားက သူ၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူ့ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားကို ဖျက်ဆီးပစ်နေ၏။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် အဆင့်-၁၂နယ်ပယ်ထိ ကြီးပြင်းလာခဲ့ပြီဖြစ်ပြီး သန်မာသော အသက်ဓာတ်အားနှင့်သွေးချီကို ပိုင်ဆိုင်လာခဲ့ခြင်းကြောင့်မဟုတ်လျှင် သူသည် ထိုလက်ဝါးရိုက်ချက်ဖြင့် နေရာမှာတင် သေရပေလိမ့်မည်။

ဆူဇီမိုက နာကျင်မှုကို တောင့်ခံပြီး ဘုရင်ကမ္ဘာမြေခွန်ကို စိုက်ကြည့်နေ၏။ သူ၏မျက်လုံးထဲမှာ မည်သည့်ကြောက်ရွံ့မှုမှမရှိပေ။ ထိုအစား သူက အနည်းငယ်မျှော်လင့်စောင့်စားနေသည့်ပုံပေါ်သည်။

ဤသည်က ဘုရင်ကမ္ဘာမြေခွန်ထင်မှတ်ထားသည့်အတိုင်းပင်။

ပကတိစိတ်ဝိညာဉ်များသည် သူ့ရှေ့မှာ အရမ်းကိုအားနည်းလေသည်။

အဲဒါက အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာဆိုတော့ရောဘာဖြစ်သလဲ။

အဲဒါက ခေါင်းလေးလုံးလက်ရှစ်ဖက်ဖြစ်တယ်ဆိုတော့ရော ဘာဖြစ်လဲ။

သူတို့က ရိုက်ချက်တစ်ချက်ကို ခံနိုင်ရှိမည်မဟုတ်ပေ။

ဘုရင်ကမ္ဘာမြေခွန်သည် ဆူဇီမိုကို လှည့်ပင်ကြည့်မနေပေ။ သူ၏ဧရာမလက်ဝါးက ရပ်တန့်မသွားဘဲ ဆက်လက်၍ ကျဆင်းပြီး ဆူဇီမိုကို သေသည့်တိုင်အောင် ဖိချေပစ်ချင်နေ၏။

လေထဲမှာ။

ဘုရင်ကမ္ဘာမြေခွန်သည် အထက်စီးနေငုံ့ကြည့်နေ၏။ သူ၏ ဆံပင်ဖြူများက တဖျတ်ဖျတ်လွင့်နေပြီး သူ၏လက်တစ်ဖက်ကို နောက်ပစ်ထားပြီး လက်ဝါးတစ်ဖက်မျှနှင့် သူက ဆူဇီမိုကို အလွယ်တကူ ဒဏ်ရာအပြင်းအထန်ရရှိစေလေသည်။

ဤသည်က အထွတ်အထိပ်ဘုရင်တစ်ပါး၏ တိုက်ခိုက်ရည်ခွန်အားဖြစ်သည်။

ဤသည်က ခွန်အားအရာမှာ ပကတိဖိနှိမ်ခြင်းတစ်ရပ်ဖြစ်သည်။

ဘုရင်ကမ္ဘာမြေခွန်က ဝင့်ကြွားစွာမတ်တတ်ရပ်ပြီး ဂရုမစိုက်သည့်ဟန်ဖြင့်ပြောလိုက်သည်။

“ပကတိခွန်အားနဲ့ရင်ဆိုင်ရတဲ့အချိန်မှာ မင်းက…”

သူက စကားကိုဆုံးအောင်မပြောရသေးခင် ရပ်တန့်သွားလေသည်။ သူသည် ခပ်ထိုင်းထိုင်းဗုံသံကို ကြားလိုက်ရသောကြောင့်ဖြစ်သည်။

ထိုအသံက လေးလံထိုင်းမှိုင်းနေပြီး ဖော်မပြတတ်အောင် ပူဆွေးဝမ်းနည်းဖွယ်ရာကောင်းကာ အသက်ဓာတ်ကင်းမဲ့နေ၏။

ဗုံသံအလယ်မှာ ပုံရိပ်များစွာက ဘုရင်ကမ္ဘာမြေခွန်၏ရှေ့မှာ တဖျတ်ဖျတ်ပေါ်ထွက်လာသည်။

ကျင့်ကြံရေးလောကသို့ သူစတင်ဝင်ရောက်လာချိန် သူ၏မိသားစုကလန်မှာ သူက တဖြည်းဖြည်းသန်မာလာပုံ၊ သူက ပကတိဧကနယ်ပယ်သို့ တက်လှမ်းပြီးနောက် နောက်ဆုံးကောင်းကင်လိုဏ်ဂူအဆင့်သို့ ဝင်ရောက်ကာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတွင် နာမည်ကြီးကျော်ကြားလာပုံ။

ထိုမြင်ကွင်းများသည် စာရွက်များကို အဆက်မပြတ်တဖျတ်ဖျတ်လှန်နေသလို ဘုရင်ကမ္ဘာမြေခွန်၏ရှေ့မှာ တရိပ်ရိပ်ပေါ်ထွက်လာနေ၏။

နောက်ဆုံးမှာတော့ ဆံပင်များဖြူဖွေးနေသော အိုမင်းရွတ်တွနေသည့် အဖိုးအိုတစ်ဦးကို မြင်တွေ့လိုက်ရသည်။ သူ၏ မျက်နှာက ပါးရေနားရေအတွန့်များဖြင့် ပြည့်နှက်နေပြီး သူ၏မျက်လုံးများက အသက်ဓာတ်ကင်းမဲ့နေ၏။ သူက ရှေးဟောင်းကြယ်တစ်စင်းပေါ်မှာ တစ်ယောက်တည်းမတ်တတ်ရပ်နေပြီး သူ၏လမ်းဆုံးသို့ ရောက်ရှိနေပြီဖြစ်ကာ လောကကနေ အချိန်မရွေး နှုတ်ဆက်ခွဲခွာသွားနိုင်သည်။

ထိုအဖိုးအိုက…။

သူကိုယ်တိုင်ပင်ဖြစ်သည်။

ထိုရှေးဟောင်းကြယ်က သူ့ခြေဖဝါးအောက်မှာရှိသော ကြယ်ပင်ဖြစ်သည်။

ဘုရင်ကမ္ဘာမြေခွန်က သူ၏ခေါင်းကို အတင်းခါယမ်းလိုက်၏။ သူ၏မျက်လုံးကို နောက်တစ်ဖန်ဖွင့်လိုက်သည့်အချိန်မှာ သူ့ရှေ့မှာရှိသောမြင်ကွင်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

အဲဒါက ထင်ယောင်ထင်မှားတစ်ခုလား။

ရုတ်တရက် ဘုရင်ကမ္ဘာမြေခွန်သည် သူ၏ရင်ဘတ်ထဲမှ တင်းကျပ်လေးလံမှုကို ခံစားလိုက်ရပြီး သူက အလိုလိုအသက်တစ်ချက်ရှိုက်လိုက်မိ၏။

အသက်ရှူရခြင်းကပင် အလွန်တရာခဲယဉ်းလာခဲ့သည်။

တစ်စုံတစ်ရာကိုတွေးမိသွားသည့်အလား ဘုရင်ကမ္ဘာမြေခွန်က သူ့လက်ကို အလိုလိုဆန့်ထုတ်လိုက်၏။

သူ့လက်ပေါ်မှာ မည်သည့်အသားမှမကျန်ရှိတော့ပေ။ သူတို့က အရိုးပေါ်အရေတင်ဖြစ်နေပြီး ရွတ်တွနေသော အရေးအကြောင်းများဖြင့် ပြည့်နှက်နေ၏။

“ငါ့ရဲ့ဘဝသက်တမ်း…”

ဘုရင်ကမ္ဘာမြေခွန်က ထိတ်လန့်တကြားဖြစ်သွားပြီး ဓမ္မပညာရပ်များကို ထုတ်ဖော်ဖို့အတွက် သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်လိုသည်။ သို့သော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်က အားအင်ကုန်ခန်းနေပြီဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ သွေးချီကလည်း အားနည်းနေ၏။ သူ့မှာ အသက်ဓာတ်အားဆက်လက်၍ မကျန်ရှိတော့ပေ။

မလှမ်းမကမ်းမှာ အစက အင်မော်တယ်ဘုရင်မယိုလန်၏ ဦးခေါင်းထက်မှာ အုပ်မိုးထားသော ပကတိကောင်းကင်လိုဏ်ဂူသည် တိတ်တဆိတ်ပျက်ပြယ်သွားခဲ့ပြီဖြစ်သည်။ အင်မော်တယ်ဘုရင်မယိုလန်က စိတ်သက်သာစွာသက်ပြင်းချပြီး လှည့်ကြည့်လိုက်၏။

ထိုအခိုက်အတန့်မှာ ဘုရင်စန္ဒာစုန်းကလည်း ဘုရင်ကမ္ဘာမြေခွန်ကို ထိတ်လန့်တကြားဖြင့်ကြည့်နေ၏။

ဘုရင်ကမ္ဘာမြေခွန်က သူ၏ အရွယ်ကောင်းမှာ ရှိမနေသော်လည်း သူ့မှာ ဘဝသက်တမ်းအနည်းဆုံး နှစ်တစ်သိန်းကျန်ရှိနေဆဲဖြစ်သည်။ သူက အနည်းငယ်အိုမင်းနေသော်လည်း သူ၏ စွမ်းအားကြီးမားသော တိုက်ခိုက်ရည်ခွန်အားကို ထိန်သိမ်းထားနိုင်ဆဲဖြစ်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ဘုရင်ကမ္ဘာမြေခွန်သည် လုံးလုံးလျားလျားအိုစာသွားခဲ့ပြီး သူ၏ အသက်ဓာတ်အားက ပျက်ပြယ်လာခဲ့သည်။ သူ၏ ဘဝသက်တမ်းကပင် ကုန်ဆုံးလာခဲ့ပြီဖြစ်သည်။

အချိန်တိုအတွင်းမှာ ဤကဲ့သို့သော ကြီးမားသည့်အပြောင်းအလဲတစ်ရပ် ဘယ်လိုလုပ်ဖြစ်လာနိုင်မှာလဲ။

အင်မော်တယ်ဘုရင်မယိုလန်နှင့် ဘုရင်စန္ဒာစုန်းတို့က တိုက်ခိုက်နေသောလည်း သူတို့နှစ်ယောက်သည် ထိုနေရာမှာရှိသော အခြေအနေကို အာရုံစိုက်ထားကြသည်။

ဘုရင်ကမ္ဘာမြေခွန်သည် ဓားကမ္ဘာမှဆူကျူးကို ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့ပြီဖြစ်ပြီး သူ့ကို သတ်ဖြတ်တော့မည့်ဆဲဆဲမှာပင် ဤကဲ့သို့ ထူးဆန်း၍ ကြောက်စရာကောင်းသောမြင်ကွင်းတစ်ခုက ရုတ်တရက်ဖြစ်ပွားလာခဲ့သည်။

ဖြစ်စဉ်တစ်လျှောက်လုံးမှာ ဘုရင်ကမ္ဘာမြေခွန်ကို မည်သူကမှ မတိုက်ခဲ့ပေ။

သို့သော်လည်း ရုတ်တရက် ဆိုင်းမဆင့်ဗုံမဆင့် အခြေအနေက ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ ဘုရင်ကမ္ဘာမြေခွန်သည် ဆိုးဆိုးဝါးဝါးအခြေအနေတစ်ရပ်မှာ ရုတ်တရက်ကျဆင်းသွားပြီး ဆက်လက်၍ ရှင်သန်နိုင်တော့မည် မဟုတ်ပေ။

“အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ထိုစဉ်မှာပင် ဘုရင်ကမ္ဘာမြေခွန်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူ၏ နောက်ဆုံးလက်ကျန်ခွန်အားကို စုစည်းကာ ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်၏။

သူက သူ၏ လက်ဝါးရိုက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရရှိကာ မလှမ်းမကမ်းမြေပြင်ပေါ်မှာ လဲကျနေသော ဆူဇီမိုကို ကြည့်လိုက်၏။ သူ၏ မှုန်မှိုင်းနေသော မျက်လုံးများက မကျေမချမ်းမှုဖြင့် အရောင်လက်လာပြီး သူက အံကိုကြိတ်ကာ ပြောလိုက်၏။

“အဲဒါကို မင်းလုပ်လိုက်တာမလား”

စောစောက တကယ်ပင် သူ့ကို မည်သူကမှ မတိုက်ခိုက်ခဲ့ပေ။

သူသည် လူတစ်ယောက်နှင့်သာ ထိတွေ့ခဲ့လေသည်။

သူကြည့်ဖို့ပင် မထိုက်တန်သော ပကတိစိတ်ဝိညာဉ်တစ်ဦး..။

အင်မော်တယ်ဘုရင်မယိုလန်နှင့် ဘုရင်စန္ဒာစုန်းသည်လည်း ကြောင်အ,မှင်တက်နေပြီး ဆူဇီမိုကို မယုံကြည်နို်ငစွာ ကြည့်နေကြ၏။

ဘုရင်ကမ္ဘာမြေခွန်သည် ဤကဲ့သို့သော အခြေအနေကို ရောက်ရှိလာခဲ့သည်မှာ ပကတိစိတ်ဝိညာဉ်တစ်ဦးကြောင့်တဲ့လား။

ဆူဇီမိုက ဖြူဖပ်ဖြူရော်အမူအရာနှင့် ဖြည်းဖြည်းချင်းမတ်တတ်ထရပ်လိုက်၏။ သူသည် ဤကဲ့သို့ပြင်းထန်သော ဒဏ်ရာများကို မရရှိခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ဘုရင်ကမ္ဘာမြေခွန်၏ လက်ဝါးရိုက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရရှိပြီးနောက် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ ပြန်လည်ကုသမှုကပင် အရမ်းကို နှေးကွေးသွားခဲ့သည်။ ဆူဇီမိုသည် မလှမ်းမကမ်းမှာရှိသော ဘုရင်ကမ္ဘာမြေခွန်ကိုကြည့်ပြီး အေးဆေးတည်ငြိမ်စွာပြောလိုက်၏။

“ငါက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကိုးခုကို နားလည်ဆင်ခြင်ထားတယ်… စောစောတုန်းက ရှစ်ခုကိုပဲ ထုတ်ဖော်ရသေးတယ်… ငါကမင်းအတွက် အဲဒီတဒင်္ဂအခိုက်အတန့်ကို ချန်ပေးထားခဲ့တာပဲ”

တဒင်္ဂအခိုက်အတန့်၏ ဓမ္မတာအိုသည် အရုဏ်ဦးခေါင်းလောင်းနှင့် ဆည်းဆာဗုံနှင့်‌ ပေါင်းစည်းသွားပြီး လုံးလုံးလျားလျား အသွင်ပြောင်းလဲလာခဲ့သည်။ သို့သော်လည်း ပုံမှန်အခြေအနေမှာဆိုလျှင် ကောင်းကင်လိုဏ်ဂူတစ်ခု၏ ကာကွယ်မှုရှိနေသရွေ့ တဒင်္ဂအခိုက်အတန့်က ဘုရင်တစ်ပါးကို လုံးဝခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။

သို့မဟုတ် သူ၏ အရွယ်ကောင်းမှာရှိနေသော ဘုရင်တစ်ပါးသည် သူ၏ ဘဝသက်တမ်းလျော့ကျလာသည်ကို သတိထားမိထားမိသည်နှင့် သူက အဲဒါကို သူ၏ ကောင်းကင်လိုဏ်ဂူနှင့်အတူ ရပ်တန့်တားဆီးနိုင်မည်ဖြစ်သည်။

ဤသည်က ကျင့်ကြံမှုနယ်ပယ်နှင့် ဓမ္မတာအို၏ ဖိနှိမ်မှုတစ်ရပ်ဖြစ်သည်။ သို့သော်လည်း ဘုရင်ကမ္ဘာမြေခွန်သည် အစကတည်းက သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဒါ့အပြင် သူသည် အင်မော်တယ်ဘုရင်မယိုလန်ကို ထိန်းထားဖို့အတွက် အခြားသောတိုက်ပွဲနယ်မြေမှာ သူ၏ ပကတိကောင်းကင်လိုဏ်ဂူကို ချန်ထားခဲ့သည်။

ဆူဇီမိုသည် တဒင်္ဂအခိုက်အတန့်ကို တစ်ချိန်လုံး အသုံးမပြုခဲ့သည်မှာ သူက ဤကဲ့သို့သောအခွင့်အလမ်းတစ်ရပ်ကို စောင့်ဆိုင်းနေခဲ့သောကြောင့်ဖြစ်သည်။

ဆူဇီမို၏ စကားကိုကြားသောအခါ ဘုရင်ကမ္ဘာမြေခွန်က တစ်စုံတစ်ရာကို တွေးမိသွားပုံရသည်။ သူ၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်လာပြီး တစ်စုံတစ်ရာကို ပြောချင်နေသည့်အလား သူ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟလိုက်၏။

“မင်း… အာ့..အာ့…”

ဘုရင်ကမ္ဘာမြေခွန်က နောက်ဆုံးစကားကို ဆုံးအောင်မပြောနိုင်ဘဲ သူ၏ ဘဝသက်တမ်းက ကုန်ဆုံးသွားပြီဖြစ်ကာ အားအင်ချိနဲ့စွာဖြင့် လဲကျသေဆုံးသွားသည်။

ဘုရင်ကမ္ဘာမြေခွန်လိုပင် အင်မော်တယ်ဘုရင်မယိုလန်သည် ဆူဇီမို၏ စကားမှာ သူသွယ်ဝိုက်ပြောနေသည့် အဓိပ္ပါယ်ကို နားလည်သဘောပေါက်သွားသည်။

“ငါက မင်းအတွက် တဒင်္ဂအခိုက်အတန့်ကို ချန်ထားခဲ့တာပဲ”

တစ်နည်းအားဖြင့်ဆိုသော် ဓားကမ္ဘာမှ ဤတောင်ထွတ်သခင် သုခဘုံလေဟာနယ်ပကတိစိတ်ဝိညာဉ်သည် အစကတည်းက ဘုရင်ကမ္ဘာမြေခွန်ကို ပစ်မှတ်ထားနေခဲ့ပြီဖြစ်သည်။

တောင်ထွတ်သခင်ဆူသည် လူတစ်ယောက်ကို ကယ်တင်ချင်ရုံသာမက သူသည် သတ်ဖြတ်ဖို့ကိုလည်း ရည်ရွယ်ခဲ့ပြီးသားဖြစ်သည်။

ဒါ့အပြင် အထွတ်အထိပ်ဘုရင်တစ်ပါးကို သတ်ဖြတ်လိုခဲ့သည်။

အင်မော်တယ်ဘုရင်မယိုလန်က ခေါင်းနားပန်းကြီးလာခဲ့၏။

ဆူကျူးက တကယ့်ကို ရဲတင်းလွန်းသည်။

သူမသည်ပင် ဤကဲ့သို့သောအတွေးများကို ထားရှိရဲလိမ့်မည် မဟုတ်ပေ။

ဆူကျူးကတော့ သူသည် အစကတည်းက ဘုရင်ကမ္ဘာမြေခွန်ကို ပစ်မှတ်ထားနေခဲ့ပြီဖြစ်ပြီး ဤအထွတ်အထိပ်ဘုရင်ကို သတ်ဖြတ်လိုခဲ့သည်။

ပို၍ ကြောက်စရာကောင်းသည်မှာ သူက အောင်မြင်ခဲ့လေသည်။

All Chapters