အာဒိကပ္ပသမဂ္ဂ လျှို့ဝှက်အတတ်
Vol. 199 Ch. 2974
ဘုရင်ကမ္ဘာမြေခွန်ကို သတ်ဖြတ်ရာမှာ ဆူဇီမို၏ အောင်မြင်မှုသည် သူက အထွတ်အထိပ်ဘုရင်တစ်ပါးနှင့် တိုက်ခိုက်နိုင်သော တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားသည်ဟု မဆိုလိုပေ။
ဒါ့အပြင် ဘုရင်ကမ္ဘာမြေခွန်၏ လက်ဝါးရိုက်ချက်ကို လက်ခံရရှိပြီးနောက် သူသည်လည်းပဲ အခြေအနေသိပ်မကောင်းလှပေ။ ဆူဇီမိုသည် သူ၏ အသက်ရှူသံကို တည်ငြိမ်စေဖို့ အတတ်နိုင်ဆုံး ထိန်းညှိပြီး အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ ပြန်လည်ကုသနိုင်စွမ်းပေါ်မှီခိုကာ ဒဏ်ရာများကို ကုသဖို့အတွက် သူ၏ သွေးချီကို ဖြည်းဖြည်းချင်းလှည့်ပတ်နေသည်။
ဘုရင်ကမ္ဘာမြေခွန်သေဆုံးမှုနှင့်အတူ ကြယ်ပေါ်မှာရှိသော အခြေအနေက ချက်ချင်းပြောင်လဲသွားသည်။
ဘုရင်စန္ဒာစုန်းက နောက်သို့ ဆုတ်ခွာလာချင်၏။
သူက ဤနေရာမှာ ဆက်နေမည်ဆိုလျှင်တောင် သူ့အနေဖြင့် အင်မော်တယ်ဘုရင်မယိုလန်ကို သတ်ဖြတ်ဖို့က လွယ်ကူလိမ့်မည် မဟုတ်ပေ။
သူက ဤနေရာကနေထွက်ခွာပြီး ယနေ့ဖြစ်ပျက်ခဲ့သော သတင်းကို ဖြန့်လိုက်မည်ဆိုလျှင် သူသည် ပြဿနာကိုရှောင်လွှဲကာ ပြဿနာများအားလုံးကို ဓားကမ္ဘာနှင့် ပန်းကမ္ဘာအပေါ် ပုံချနိုင်မည်ဖြစ်သည်။
သူသည် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားနှင့် ပတ်သက်ဆက်စပ်နေခြင်းမရှိဘဲ သူ့အနေဖြင့် ဤနေရာမှာ ဆက်နေဖို့ မလိုအပ်ပေ။
အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားကတော့ သူသည်လည်းပဲ အခြေအနေမကောင်းတော့သည်ကို သိရှိသွားပုံရပြီး ပျာပျာသလဲဖြစ်လာ၏။
ယခုအချိန်မှာ သူသည် အတိမ်းအစောင်းမခံသော အခြေအနေမှာရောက်ရှိနေသည်။ သူက ယခုအချိန်မှာထွက်ခွာသွားမည်ဆိုလျှင် သူ၏ ကြိုးစားအားထုတ်မှုများအားလုံးကို ဖြုန်းတီးလိုက်ရာကျပေလိမ့်မည်။
သို့သော်လည်း သူက မထွက်ခွာဘူးဆိုလျှင် သူ့ကိုကာကွယ်ပေးနေသည့် တစ်ယောက်ယောက်ဆက်လက်၍ မရှိတော့ဘဲ သူက အသက်အန္တရာယ်ရှိလာပေမည်။
ထိုစဉ်မှာပင် ဆူဇီမိုက ဒဏ်ရာအပြင်းအထန်ရရှိထားသော သူ၏ ခန္ဓာကိုယ်ကို တရွတ်ဆွဲကာ လေထဲသို့ ခုန်တက်လိုက်၏။
သူက ရှေ့သို့သွားရောက်မည့်အစား အခြားသော တိုက်ပွဲမြေသို့ ဦးတည်လိုက်လေသည်။
အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားက စိတ်သက်သာစွာသက်ပြင်းချပြီး ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ချက်ချင်းထွက်ခွာဖို့ မရွေးချယ်ပေ။
အင်မော်တယ်ဘုရင်မယိုလန်နှင့် ဘုရင်စန္ဒာစုန်းက တိုက်ခိုက်နေကြဆဲဖြစ်ပြီး ဆူဇီမို၏ လှုပ်ရှားမှုကို ချက်ချင်းပင် သတိထားမိကာ သူတို့၏ စိတ်ထဲ တူညီသောအတွေးက ဝင်ရောက်လာကြ၏။
သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။
အင်မော်တယ်ဘုရင်မယိုလန်၏ ယခင်ခန့်မှန်းချက်က မှန်ကန်ခဲ့သည်။
ဆူဇီမိုမတိုက်ခိုက်ခင် သူသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်ဖို့ ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသားဖြစ်သည်။ သူသည် သာမန်ခွန်ဘုရင်လေးဦးကို သတ်ဖြတ်ချင်ရုံသာ မဟုတ်ပေ။ သူက ဘုရင်ကမ္ဘာမြေခွန်နှင့် ဘုရင်စန္ဒာစုန်းကိုလည်း သတ်ဖြတ်လိုခဲ့သည်။
အင်မော်တယ်ဘုရင်မယိုလန်မတိုက်ခိုက်ခင်က သူမမှာ သံသယများစွာနှင့် စိုးရိမ်ပူပန်မှုများရှိနေခဲ့သည်။
သူတို့က ထိုလူကို ကယ်တင်နိုင်ခဲ့မည်ဆိုလျှင်တောင် သူတို့သည် နောက်ပိုင်းမှာ မပြီးဆုံးနိုင်သည့် ပြဿနာများနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်နေခဲ့သည်။
ဆူဇီမိုကလည်း ထိုအချက်ကို တွေးမိခဲ့သည်။
သူ၏ စိုးရိမ်ပူပန်မှုများအားလုံးကို နည်းလမ်းတစ်ခုဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်သည်။
အဲဒါသည် ကြယ်ပေါ်မှာရှိသော သာမန်အင်မော်တယ်ဘုရင်လေးဦးနှင့် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားကိုသာမက ဘုရင်ကမ္ဘာမြေခွန်နှင့် ဘုရင်စန္ဒာစုန်းကိုပါ သတ်ဖြတ်ရန်ဖြစ်လေသည်။
သူသည် အနာဂတ်ပြဿနာများအားလုံးကို တားဆီးနိုင်ဖို့အတွက် မျက်မြင်သက်သေများအားလုံးကို ဖျောက်ဖျက်ရပေမည်။
ထို့ကြောင့်ပင် ဆူဇီမိုသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဖန်တီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေးကို ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
ဆူဇီမို၏ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိသွားသည့်အလား ဘုရင်စန္ဒာစုန်းက မျက်မှောင်ကြုတ်လိုက်၏။
ဒဏ်ရာအပြင်းအထန်ရရှိထားသော ဤပကတိစိတ်ဝိညာဉ်က သူ့ကိုပါ သတ်ဖြတ်ချင်နေတာလား။
ဆူကျူးသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကိုးခုကို ထုတ်ဖော်၍ ဘုရင်ကမ္ဘာမြေခွန်၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရရှိပြီးနောက် သူ့မှာ တိုက်ခိုက်ရည်ခွန်အား ဘယ်လောက်များများကျန်ရှိတော့မှာလဲ။
တခြားအချိန်များမှာသာဆိုလျှင် သူသည် ဤကဲ့သို့သော ပကတိစိတ်ဝိညာဉ်တစ်ဦးကို လက်ချောင်းတစ်ချောင်းတည်းဖြင့် ဖိချေသတ်ဖြတ်နိုင်သည်။
သို့သော်လည်း ဘုရင်ကမ္ဘာမြေခွန်သေဆုံးသွားသည်ကို တွေ့မြင်ပြီးနောက် သူက တိုက်ခိုက်ဖို့ စိတ်အာရုံမရတော့ပေ။
“ဟဲဟဲ…”
ဘုရင်စန္ဒာစုန်းက လှောင်ရယ်လိုက်၏။
“မင်းတို့နှစ်ယောက်က ပြဿနာကြီးကြီးရှာလိုက်ကြတာပဲ... ခွန်ကမ္ဘာက လက်စားလာချေမှာကို စောင့်သာနေတော့”
သူ့စကားမဆုံးသေးခင်မှာပင် ဘုရင်စန္ဒာစုန်းနှင့် အင်မော်တယ်ဘုရင်မယိုလန်က နောက်တစ်ဖန်တိုက်ခိုက်ဖလှယ်လိုက်ကြ၏။ သူက နောက်ဆုတ်ဖို့အခွင့်အလမ်းကို ချိန်ဆပြီး ဤနေရာကနေ ထွက်ခွာဖို့ပြင်လိုက်သည်။
“သူ့ကိုတားပေးထား”
ဆူဇီမိုက အော်ပြောလိုက်သည်။
ဆူဇီမို၏ သတိပေးမှုမရှိလျှင်တောင် အင်မော်တယ်ဘုရင်မယိုလန်သည် ဤကိစ္စက ဘယ်လောက်အရေးကြီးသလဲ သိထားသည်။
အင်မော်တယ်ဘုရင်မယိုလန်က သူမ၏ အမြုတေစိတ်ဝိညာဉ်ကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ထဲမှသွေးချီက တလိပ်လိပ်ထိုးတက်လာကာ ဘုရင်စန္ဒာစုန်းနောက်သို့ နောက်တစ်ဖန်ပြေးလိုက်သွား၏။
“ဟမ့်”
ဘုရင်စန္ဒာစုန်းက ထိုသည်ကို တွေ့မြင်သောအခါ အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။
“ယိုလန်... မင်းတစ်ယောက်တည်းက ငါ့ကို တားနိုင်မှာမဟုတ်ဘူး”
တကယ်တော့ အင်မော်တယ်ဘုရင်မယိုလန်ကလည်း အဲဒါကို ကောင်းကောင်းသိရှိထားလေသည်။
ဘုရင်စန္ဒာစုန်းက ဤနေရာကနေ တိမ်းရှောင်လိုသည်ဆိုလျှင် သူမ၏ တိုက်ခိုက်ရည်ခွန်အားနှင့် သူ့ကို တားဆီးထားနိုင်လိမ့်မည် မဟုတ်ပေ။
အပြန်အလှန်အနေဖြင့် ဤနေရာကနေ သူမထွက်ခွာချင်သည်ဆိုလျှင် ဘုရင်စန္ဒာစုန်းက သူမကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
သူတို့နှစ်ယောက်ကြား တိုက်ခိုက်ရည်ခွန်အားကွာဟချက် ရှိကောင်းရှိပေလိမ့်မည်။ သို့သော်လည်း အဲဒါသည် တစ်ယောက်ကိုတစ်ယောက် ဖိနှိမ်နိုင်ရလောက်အောင် မကြီးမားပေ။
“သူ့ရဲ့ကောင်းကင်လိုဏ်ဂူကို ထိန်းထား”
ထိုစဉ်မှာပင် ဆူဇီမိုက နောက်တစ်ဖန်ပြောလိုက်၏။
အင်မော်တယ်ဘုရင်မယိုလန်က စဉ်းစားရခက်သွားသည်။
သူမက ဘုရင်စန္ဒာစုန်း၏ ပကတိကောင်းကင်လိုဏ်ဂူကို အတတ်နိုင်ဆုံးကြိုးစား၍ ထိန်းထားမည်ဆိုလျှင်တောင် ဘာဖြစ်နိုင်မှာလဲ။
ဆူဇီမိုသည် ဘုရင်ကမ္ဘာမြေခွန်ကို စောစောက သတ်ဖြတ်နိုင်ခဲ့သည့် အဓိကအချက်မှာ ဘုရင်ကမ္ဘာမြေခွန်သည် သူ့ကို အထင်သေးပြီး ကြိုတင်ပြင်ဆင်ထားမှု မရှိခဲ့သောကြောင့်ဖြစ်သည်။
ယခု ဘုရင်စန္ဒာစုန်းက သေချာပေါက် သတိအနေအထားမှာရှိနေလေသည်။
ဆူဇီမိုက ဘဝသက်တမ်းကို လျှော့ချနိုင်သည့် ထိုအနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို အချိန်တိုတွင်းမှာ မထုတ်ဖော်နိုင်သည့်အချက်ကို အသာထား၊ သူ့မှာ အဲဒါကို ထုတ်ဖော်ဖို့ ခွန်အားကျန်ရှိနေဦးမည်ဆိုလျှင်တောင် ဘုရင်စန္ဒာစုန်းသည် ထိုတိုက်ခိုက်မှုကို အောင်မြင်ခွင့်ပေးလိမ့်မည်မဟုတ်ပေ။
အထွတ်အထိပ်ဘုရင်တစ်ပါးအနေဖြင့် သူသည် မရေမတွက်နိုင်သော နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ထိန်းချုပ်ထားသည်။ ထိုအထဲမှ မည်သည့်တစ်ခုမဆို အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို ချေဖျက်နိုင်လေသည်။
သူမက စဉ်းစားရခက်နေသော်လည်း အင်မော်တယ်ဘုရင်မယိုလန်က တွေဝေတုံ့ဆိုင်းမနေဘဲ သူမ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်ကာ ဘုရင်စန္ဒာစုန်း၏ ပကတိကောင်းကင်လိုဏ်ဂူကို ယာယီတားဆီးထားဖို့အတွက် လျှို့ဝှက်အတတ်များစွာကို ဆက်တိုက်ထုတ်ဖော်လိုက်သည်။
ဘုရင်စန္ဒာစုန်းက လှောင်ပြောင်သရော်လိုသောအမူအရာဖြင့် ဆူဇီမိုကို တစ်ချက်ကြည့်ပြီး အထင်အမြင်သေးစွာ လှောင်ရယ်လိုက်၏။
“မင်းက ပကတိစိတ်ဝိညာဉ်တစ်ဦးဆိုတော့ ဘုရင်တွေကြားက တိုက်ပွဲအကြောင်း ဘာမှမသိဘူးဘဲ မင်းက ငါ့ရဲ့ ကောင်းကင်လိုဏ်ဂူကို တားဆီးထားနိုင်မယ်ဆိုရင်တောင် ဘာလုပ်နိုင်မှာလဲ.. ဘယ်လောက်တောင်နုံအလိုက်လဲ”
အင်မော်တယ်ဘုရင်မယိုလန်က ဘုရင်စန္ဒာစုန်း၏ ကောင်းကင်လိုဏ်ဂူကို ယာယီအားဖြင့် တားဆီးထားလေသည်။ ထိုအချက်သည် သူမ၏ ကောင်းကင်လိုဏ်ဂူကလည်း နေရာမှာတင် ကန့်သတ်ခံထားရပြီး သူမက အဲဒါကို အသုံးပြုနိုင်ခြင်း သို့မဟုတ် လောလောဆယ်မှာ စိတ်အာရုံပျံ့လွင့်ခြင်းမခံနိုင်ဟု ဆိုလိုလေသည်။
သူမစိတ်အာရုံပျံ့လွင့်သွားသည့်ခဏမှာပင် ဘုရင်စန္ဒာစုန်း၏ ပကတိကောင်းကင်လိုဏ်ဂူက ရုန်းထွက်သွားပေလိမ့်မည်။
ထိုအခိုက်အတန့်မှာ ဘုရင်စန္ဒာစုန်းက အချိန်မရွေးထွက်ခွာသွားနိုင်ပေလိမ့်မည်။
သူမသည် အထွတ်အထိပ်ဘုရင်တစ်ပါးကို တားဆီးဖို့အတွက် ဒဏ်ရာအပြင်းအထန်ရရှိထားသော ဆူကျူးအပေါ် မှီခိုနိုင်မှာလား။
ဆူဇီမိုက ပြန်မဖြေပေ။ သူ၏ ဘယ်ဘက်မျက်လုံးက ပိန်းပိတ်အောင်နက်မှောင်လာပြီး သူ၏ ညာဘက်မျက်လုံးက ပကတိဖြူဖွေးလာကာ အနက်နှင့်အဖြူ အလင်းတန်းတစ်ခုကို ထုတ်ဖော်ပြီး သူ့လက်ထဲရှိ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်ပေါ်သို့ ဆင်းသက်သွားလေသည်။
ကျောက်စိမ်းလက်ကိုင်က စုတ်တံအရိုးဖြစ်လာပြီး ငွေရောင်ချည်မျှင်များက စုတ်တံထိပ်ဖျားဖြစ်လာကာ ယင်နှင့်ယန်က မင်ကဲ့သို့ ဖြစ်လာ၏။
ဆူဇီမိုက သူ၏ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်ကို လွှဲယမ်းပြီး လေထဲမှာ ထူးဆန်းသော စကားလုံးဆယ့်နှစ်လုံးကို လျင်မြန်စွာရေးဆွဲလိုက်သည်။
အနက်ရောင်စာလုံးများက မှောင်မိုက်၍ အေးစက်နေ၏။ တင်းမောင်၊ တင်းစစ်၊ တင်းဝေ၊ တင်းယို၊ တင်းဟိုင်နှင့် တင်းချောက်။
အဖြူရောင်စာလုံးများက ဝင်းလက်တောက်ပနေ၏။ ကျားကျီ၊ ကျားရှု၊ ကျားရှန်၊ ကျားဝူ၊ ကျားချန်နှင့် ကျားယင်။
“တရားမျှတမှုကို ထိန်းသိမ်းဖို့ တင်းခြောက်ပါးနဲ့ ကျားခြောက်ပါးကို ဖွဲ့စည်းခြင်း... နတ်ဘုရားများနှင့် တစ္ဆေများအားလုံး လွင့်ပြယ်ပျောက်ကွယ်စေ”
ဆူဇီမိုက အော်ပြောလိုက်၏။
နောက်ခဏ၌ ထူးဆန်းသော စကားလုံးဆယ့်နှစ်လုံးက လျင်မြန်စွာ အသွင်ပြောင်းလဲပြီး တစ်ခဏချင်းမှာပင် ကြောက်စရာကောင်းသော အော်ရာများနှင့်အတူ ပုံရိပ်ဆယ့်နှစ်ခုအဖြစ် စုဖွဲ့သွားလေသည်။
အနက်ရောင်စာလုံးများသည် အနက်ရောင်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့် အမျိုးသမီးခြောက်ဦးအဖြစ် အသွင်ပြောင်းလဲသွား၏။ သူတို့မှာ ကြော့ရှင်းသောသွင်ပြင်များရှိပြီး တိုက်ပွဲဝင်ဓားများကို ကိုင်ဆွဲထားကြသည်။
အဖြူရောင်စာလုံးများက အဖြူရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားခြောက်ဦးအဖြစ် အသွင်ပြောင်းလဲသွား၏။ သူတို့က တုတ်ခိုင်သန်မာပြီး လှံရှည်များကို ကိုင်ဆွဲထားကြသည်။
ပို၍ပြောစရာဖြစ်သည်မှာ သူတို့ခြောက်ဦးစီကနေ ထုတ်ဖော်ထားသော အော်ရာများသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ရောက်ရှိနေပြီဖြစ်သည်။
ထိုလျှို့ဝှက်အတတ်သည် တဗူးဂမ္ဘီရကျင့်စဉ် နည်းစနစ်သိုလှောင်ရုံ၏ အာဒိကပ္ပသမဂ္ဂအတွဲမှ အသန်မာဆုံးဓမ္မအစီအရင်ဖြစ်ပြီး ယင်ယန်အဆောင်သုတ္တန်ကနေ ဆင်းသက်လာခဲ့လေသည်။
အရင်တုန်းက မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်သည် ဤဓမ္မတာအိုကို အဆောင်ဆယ့်နှစ်ခု၏ ပုံစံဖြင့် လက်ဆင့်ကမ်းခဲ့ပြီး အဲဒါကို တက္ကသိုလ်ဂိုဏ်းချုပ်က ရရှိလာခဲ့သည်။
ကံဆိုးစွာနှင့်ပင် အဆောင်ဆယ့်နှစ်ခုသည် ဆူဇီမို၏ မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင် ကျောက်တုံးတို့ဖြင့် ကြုံတွေ့ပြီးနောက် ရှင်းရှင်းလင်းလင်းဝါးမျိုခံခဲ့ရသည်။
ဆူဇီမိုသည် ထိုလျှို့ဝှက်အတတ်၏ အဓိကအချက်ကို နားလည်ဆင်ခြင်ဖို့အတွက် ထိုအလဲအထပ်ကို အသုံးချခဲ့ခြင်းလည်းဖြစ်သည်။
တင်းခြောက်ပါးနှင့် ကျားခြောက်ပါး နတ်ဘုရားများဆိုသည်မှာ သူ့အတွက်တိုက်ခိုက်ပေးရန် တင်းခြောက်ပါး ယင်နတ်ဘုရားများနှင့် ကျားခြောက်ပါး ယန်နတ်ဘုရားများကို စုဖွဲ့ရန် ယင်နှင့်ယန်၏ စွမ်းအားကို အသုံးချခြင်းဖြစ်သည်။
စုဖွဲ့ထားသော တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများသည် ကျင့်ကြံသူတစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်အပေါ် လုံးလုံးလျားလျားနီးပါး မှီခိုနေသည်။
ဆူဇီမိုသည် အစွယ်ရှစ်ချောင်းနတ်ဆင်ခွန်အားကို ထုတ်ဖော်ထားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်က ကောင်းကင်လိုဏ်ဂူနယ်ပယ်၏ အဆင့်နိမ့်ကျွမ်းကျင်မှုသို့ ရောက်ရှိနေပြီဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော် ယခုတင် သူစုဖွဲ့လိုက်သော တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများ၏ ကိုယ်ကာယများက အန္တိမဘုရင်တစ်ဦးနှင့်ယှဉ်နိုင်လေသည်။
ဘုရင်စန္ဒာစုန်းမှာ ပကတိကောင်းကင်လိုဏ်ဂူ၏ ကာကွယ်မှုရှိနေမည်ဆိုလျှင် ကောင်းကင်လိုဏ်ဂူနယ်ပယ်၏ အဆင့်နိမ့်ကျွမ်းကျင်မှုမှာရှိသော တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများက သူ့ကိုခြိမ်းခြောက်နိုင်ချင်မှ ခြိမ်းခြောက်နိုင်ပေလိမ့်မည်။ သို့သော်လည်း သူ၏ ပကတိကောင်းကင်လိုဏ်ဂူက အင်မော်တယ်ဘုရင်မယိုလန်၏ ယာယီတားဆီးခြင်းကို ခံနေရသည်။ ထိုသို့ဖြင့် တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများက သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို သူတို့၏ အကန့်အသတ်ထိ ထုတ်ဖော်ရန် အကောင်းဆုံးအခွင့်အရေးကို ရရှိလာခဲ့သည်။
တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများက ရှေ့သို့လျင်မြန်စွာတက်လှမ်းပြီး ဘုရင်စန္ဒာစုန်းကို ဝိုင်းပတ်လိုက်သည်။
ဘုရင်စန္ဒာစုန်းသည် ကြောက်စရာကောင်းသောအော်ရာများနှင့် သတ်ဖြတ်လိုစိတ်ဖြင့်ပြည့်နှက်နေသော ပုံရိပ်ဆယ့်နှစ်ခုကို ကြည့်ပြီး သူ၏ မျက်လုံးများက မတည်မငြိမ်ဖြစ်လာခဲ့သည်။
“နုံအတာက ဘယ်သူလဲ”
ဆူဇီမိုက အေးဆေးတည်ငြိမ်စွာ မေးလိုက်၏။
ထို့နောက် ဘုရင်စန္ဒာစုန်းက ပြန်မဖြေခင် သူက အဝေးကနေ လက်ညှိုးထိုးပြီး အော်ပြောလိုက်၏။
“သတ်....”