ဝါးမျိုခြင်း
Vol. 199 Ch. 2975
တကယ်တမ်းမှာ ဆူဇီမိုစုဖွဲ့ထားသော တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်၏ အဆင့်မြင့်ကျွမ်းကျင်မှုကို အမှန်တကယ်မရောက်ရှိသေးပေ။
တင်းခြောက်ပါးနှင့်ကျားခြောက်ပါးနတ်ဘုရားများမှာ အမြုတေစိတ်ဝိညာဉ် သို့မဟုတ် မျိုးဆက်သွေးများမရှိသောကြောင့်ဖြစ်သည်။ သူတို့ကို ယင်နှင့်ယန်၏ စွမ်းအားကနေသာစုဖွဲ့ထားပြီး သူတို့၏ ကိုယ်ကာယများကသာ အန္တိမဘုရင်များနှင့် ယှဉ်နိုင်လေသည်။
ဘုရင်စန္ဒာစုန်း၏ ပကတိကောင်းကင်လိုဏ်ဂူက တကယ်ပင် ချုပ်ထိန်းခံထားရသည်။ သို့သော်လည်း သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက သန်မာမည်ဆိုလျှင် သူသည် တင်းခြောက်ပါးနှင့် ကျားခြောက်ပါးကို ဖိနှိမ်နိုင်မည်ဖြစ်သည်။
မည်သို့ပင်ဆိုစေ နှစ်ဦးနှစ်ဖက်မှာ အဆင့်တစ်ဆင့်ကွာဟနေဆဲဖြစ်သည်။ သို့သော်လည်း ဘုရင်စန္ဒာစုန်းက မည်သို့ပင်ဆိုစေ စုန်းတစ်ယောက်သာဖြစ်သည်။
စုန်းမျိုးနွယ်၏ တိုက်ခိုက်ရည်ခွန်အားက မျိုးနွယ်စုတစ်သောင်းကြားမှာ မြင့်မားခြင်းမရှိပေ။ ကိုယ်ကာယနှင့် မျိုးဆက်သွေးမှာ သူတို့သည် အောက်ဆုံးမှာရပ်တည်ပြီး သာမန်လူများနှင့်သိပ်မကွာပေ။
စုန်းမျိုးနွယ်သည် မျိုးနွယ်စုတစ်သောင်းကြားတွင် ထင်ပေါ်နေသည်မှာ သူတို့မျိုးနွယ်၏ ထူးဆန်းသော မှော်အတတ်များနှင့် ကျိန်စာများစွာကြောင့်ဖြစ်သည်။ ဘုရင်စန္ဒာစုန်းသည် ထိုနေရာမှာ အတော်ဆုံးလည်းဖြစ်သည်။
သို့သော်လည်း ထိုမှော်အတတ်များနှင့် ကျိန်စာများသည် တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများအပေါ်မှာ သက်ရောက်စေနိုင်ခြင်းမရှိပေ။
တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများမှာ အမြုတေစိတ်ဝိညာဉ် သို့မဟုတ် မျိုးဆက်သွေးများမရှိဘဲ မည်သည့်မှော်အတတ် သို့မဟုတ် မည်သည်ကျိန်စာကမှ သူတို့ကို မသက်ရောက်စေနိုင်ပေ။
ဘုရင်စန္ဒာစုန်းသည် မှော်အတတ်နှင့် ကျိန်စာများစွာကို ဆက်တိုက်ထုတ်ဖော်လိုက်ပြီး သူတို့ကို တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများပေါ် ဆင်းသက်သွားစေ၏။ သို့သော်လည်း သူတို့သည် မည်သည့်ဝဲဂယက်ကိုမှ မဖြစ်စေဘဲ နတ်ဘုရားဆယ့်နှစ်ပါး၏ ပြုမူလှုပ်ရှားမှုများအပေါ် လုံးဝမသက်ရောက်စေနိုင်ပေ။
တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများနှင့်ပတ်သက်သည့် ထူးဆန်းသည့်အရာက ထိုမျှသာမကပေ။
တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများမှာ အမြုတေစိတ်ဝိညာဉ်များနှင့် မျိုးဆက်သွေးများ မရှိသော်လည်း သူတို့မှာ အမွေအနှစ်မှတ်ဉာဏ်တချို့ရှိနေပုံရကာ ဆူဇီမို၏ ထိန်းချုပ်မှုမရှိဘဲ သူတို့ဘာသာသူတို့ တိုက်ခိုက်နိုင်ကြသည်။
ဒါ့အပြင် ကျားခြောက်ပါး ယန်နတ်ဘုရားများနှင့် တင်းခြောက်ပါးယင်နတ်ဘုရားများသည် အလွန်တရာအချိတ်အဆက်မိနေကြ၏။ သူတို့က နှစ်ပေါင်းများစွာကြာအောင် အတူယှဉ်တွဲတိုက်ခိုက်ခဲ့ကြဖူးသည့်အလားပင်။
အရာရာတိုင်းက အချိတ်အဆက်မိနေပြီး သူတို့၏ ဝိညာဉ်များထဲမှာ အမြစ်တွယ်နေ၏၊
ကျားခြောက်ပါးယန်နတ်ဘုရားများသည် သူတို့၏ လှံများကို ကိုင်ဆွဲပြီး ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်နေကြ၏။ သူတို့၏ တိုက်ခိုက်ရည်အတတ်များက ကျယ်ပြန့်၍ စွမ်းအားကြီးမားနေသည်။
တင်းခြောက်ပါးယင်နတ်ဘုရားများက ဓားများကိုကိုင်ဆွဲပြီး သူတို့၏ တိုက်ခိုက်မှုများက မိန်းမသားဆန်၍ ပေါ့ပါးဖျတ်လတ်နေ၏။ သူတို့၏ ဓားကွက်များက နေရာအနှံ့ပျံ့နှံ့ပြီး စီးဆင်းနေသော ရေကဲ့သို့ အတောမသတ်ပေ။
ကျားခြောက်ပါးယန်နတ်ဘုရားများ၏ လှုပ်ရှားမှုတိုင်းက အဆုံးစွန်ယန်စွမ်းအားနှင့် လိုက်ဖက်ညီနေ၏။
တင်းခြောက်ပါးယင်နတ်ဘုရားများ၏ ဓားကွက်များက အဆုံးစွန်ယင်စွမ်းအားနှင့် လိုက်ဖက်ညီနေ၏၊
ကျားခြောက်ပါးယန်နတ်ဘုရားများက ရှေ့ကနေပြီး နတ်ဘုရားဆယ့်နှစ်ပါးသည် ဘုရင်စန္ဒာစုန်းကို ဝိုင်းပတ်ထားကြသည်။ သူတို့၏ ခန္ဓာကိုယ်များပေါ်ရှိ အဖြူရောင်ချပ်ဝတ်တန်ဆာများက ကျိန်းစပ်နေသော အလင်းရောင်ဖြင့် ပစ်လွင့်ထွက်ပေါ်လာ၏။
တင်းခြောက်ပါး ယန်နတ်ဘုရားများပေါ်ရှိဓားအလင်းများက အေးစက်နေပြီး လရောင်ကဲ့သို့ တောက်ပနေ၏။
နတ်ဘုရားဆယ့်နှစ်ပါး၏ တိုက်ခိုက်မှုများမှာ မာကြောမှုနှင့် နူးညံ့သိမ်မွေ့မှု နှစ်မျိုးစလုံးပါဝင်နေသည်။ နေ့နှင့်ည၊ ယင်နှင့်ယန်၏ ပေါင်းစပ်မှုနှင့်အတူ သူတို့သည် ကြောက်စရာကောင်းသော အနီးကပ်တိုက်ခိုက်ရည်ကို ထုတ်ဖော်ကြသည်။
ဆူဇီမိုက ထိုသည်ကို တွေ့မြင်သောအခါ သူ၏ မျက်ခွံက တဆတ်ဆတ်လှုပ်သွား၏။
သူ၏ အနီးကပ်တိုက်ခိုက်ရည်ခွန်အားနှင့်ပင်လျှင် သူသည် တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများနှင့် ရင်ဆိုင်ရပါက သူ၏ ခေါင်းလေးလုံး လက်ရှစ်ဖက်ကို ဆင့်ခေါ်ရပေလိမ့်မည်။
“မင်းတို့တွေ…”
ဘုရင်စန္ဒာစုန်းက တစ်ခုခုကို ပြောချင်သော်လည်း သူက ပြောဆိုဖို့အခွင့်အရေးမရတော့ပေ။
အသက်ရှူချိန်အနည်းငယ်မျှမှာ တင်းခြောက်ပါးနှင့်ခြောက်ပါးနတ်ဘုရားများသည် သူ၏ ခံစစ်ကို ချိုးဖျက်ပြီး တိုက်ပွဲဝင်လှံများက သူ၏ ရင်ဘတ်ပေါ်နှင့် ဝမ်းဗိုက်ပေါ်သို့ ထိုးစိုက်ကျဆင်းကာ သွေးသံရဲရဲအပေါက်များ ကျန်ရစ်ခဲ့စေ၏။
လှံများက ထက်ရှပြီး သူ့ခန္ဓာကိုယ်ပေါ်မှာ အရိုးထိတိုင်နက်သော ဒဏ်ရာများကို ကျန်ရစ်ခဲ့စေသည်။
ဘုရင်စန္ဒာစုန်းသည် သွေးများစွာကို ထွေးထုတ်ပြီး သူ၏ အမူအရာက ထိတ်လန့်တကြားဖြစ်နေ၏။
သူသည် တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများ၏ ဝိုင်းပတ်ပိတ်ဆို့ခြင်းခံထားရပြီး သူ့မှာ ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေးပင်မရတော့ပေ။
တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများ၏ တိုက်ခိုက်မှုများက အတောမသတ်နိုင်ဘဲ နေရာအနှံ့ပျံ့နှံ့နေ၏။
ဖောက်… ဖောက်… ဖောက်…
လှံများက ရှေ့သို့ ထိုးစိုက်လာပြီးနောက် ဓားများက ခုတ်ပိုင်းကျဆင်းလာ၏။
သွေးရောင်အလင်းက အဆက်မပြတ် တလိပ်လိပ်ထိုးတက်လာသည်။
စုန်းမျိုးနွယ်၏ ခံ့ညားသော အထွတ်အထိပ်အင်မော်တယ်ဘုရင်သည် ဆူဇီမိုထုတ်ဖော်လိုက်သော လျှို့ဝှက်အတတ်တစ်ခု တင်းခြောက်ပါးနှင့် ကျားခြောက်ပါး နတ်ဘုရားများဖြင့် ဤကဲ့သို့ပင် ဝိုင်းပတ်ပိတ်ဆို့သတ်ဖြတ်ခံလိုက်ရသည်။
တင်းခြောက်ပါးနှင့် ကျားခြောက်ပါး နတ်ဘုရားများ ဆုတ်ခွာသွားသည့်အချိန်မှာ ဘုရင်စန္ဒာစုန်းသည် လူပုံသဏ္ဌာန်မှာ ဆက်လက်၍ မရှိတော့ပေ။ သူသည် ဓားများဖြင့် အပိုင်းပိုင်းလှီးဖြတ်ခံထားရပြီး လှံများဖြင့် ပုံပျက်ပန်းပျက်ဖြစ်အောင် ထိုးဖောက်ခံထားရသည်။
ဘုရင်စန္ဒာစုန်း သေဆုံးသွားခြင်းနှင့်အတူ သူ၏ ပကတိကောင်းကင်လိုဏ်ဂူကလည်း ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။
အင်မော်တယ်ဘုရင်မယိုလန်၏ ကောင်းကင်လိုဏ်ဂူက ချက်ချင်းပင်အသာစီးရရှိပြီး ဘုရင်စန္ဒာစုန်း၏ ကောင်းကင်လိုဏ်ဂူကို ဝါးမျိုလိုက်သည်။
အင်မော်တယ်ဘုရင်မယိုလန်က မြေပြင်ပေါ်မှ စိစိညက်ညက်ကြေနေသော အသားလုံးကို တစ်ချက်ကြည့်ပြီးနောက် တိတ်တဆိတ်ဆွံ့အကာ သူမ၏ ခေါင်းကို ခါယမ်းလိုက်ရ၏။
ဘုရင်စန္ဒာစုန်းက တကယ့်ကို ဆိုးဆိုးဝါးဝါးသေဆုံးသွားရသည်။
သူက သူ၏ တိုက်ခိုက်ရည်ခွန်အားကို လုံးဝမထုတ်ဖော်နိုင်ခင်မှာပင် သူသည် ရုပ်သေးရုပ်များနှင်တူသော အမျိုးသားနှင့် အမျိုးသမီးတစ်အုပ်စုဖြင့် ဝိုင်းပတ်ပိတ်ဆို့ခံရပြီး သူက ဓားများလှံများဖြင့် သေသည့်တိုင်အောင် ထိုးဖောက်ခုတ်ပိုင်းခံလိုက်ရလေသည်။
သူမကိုယ်တိုင်ပင် ကောင်းကင်လိုဏ်ဂူတစ်ခု၏ ကာကွယ်မှုမရှိပါက သူမအနေဖြင့် ဤအမျိုးသားနှင့် အမျိုးသမီးအုပ်စု၏ ဝိုင်းပတ်ပိတ်ဆို့မှုကနေ မထိမခိုက်ရုန်းထွက်ဖို့မလွယ်ကြောင်း အင်မော်တယ်ဘုရင်မယိုလန်က တွေးမိသွားလေသည်။
သူမက ဆူဇီမိုကို နက်ရှိုင်းစွာကြည့်လိုက်၏။
ဤတိုက်ပွဲသည် တောင်ထွတ်သခင်ဆူအပေါ် သူမ၏ နားလည်သဘောပေါက်မှုကို နောက်တစ်ဖန်ပြောင်းလဲသွားစေသည်။
အစကတည်းက သူမသည် ဆူဇီမိုကို အလွန်တရာမြင့်မားစွာ တန်ဖိုးထားခဲ့ပြီးသားဖြစ်သည်။
မည်သို့ပင်ဆိုစေ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဆူဇီမို၏ တိုက်ပွဲမှတ်တမ်းများက အရမ်းကို တောက်ပြောင်လွန်းလေသည်။
သို့သော် ယခု ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ သူထုတ်ဖော်ခဲ့သော အစွမ်းအစသည် ရေခဲတောင်၏ ထိပ်ဖျားမျှသာဖြစ်သည်ကို သူမက နားလည်သဘောပေါက်သွားသည်။
ကြီးမားသောတိုက်ပွဲတစ်ခုမှာ ခွန်မျိုးနွယ်မှ သာမန်အင်မော်တယ်ဘုရင်လေးဦးနှင့် အထွတ်အထိပ်အင်မော်တယ်ဘုရင်နှစ်ဦးက ဤလူ၏ လက်ထဲမှာ သေခဲ့ရသည်။
သူမသည်လည်း ဤဖြစ်ရပ်မှာ အရေးပါသော ကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့သည်။
သို့သော်လည်း သူမသည် တောင်ထွတ်သခင်ဆူ၏ ကြောက်စရာကောင်းသော အဆုံးမဲ့နည်းလမ်းများနှင့် ပြတ်သားသော သဘာဝမှာ မနှိုင်းယှဉ်သာအောင် တုန်လှုပ်သွားရဆဲဖြစ်သည်။
သုခဘုံလေဟာနယ်ပကတိစိတ်ဝိညာဉ်တစ်ဦးက အထွတ်အထိပ်ဘုရင်များ၏ အသက်အတွက် အကွက်ချကြံစည်ရဲလေသည်။ သူက ဘယ်လောက်တောင် သတ္တိကောင်းပြီး ဘယ်လောက်တောင် ရဲတင်းနေခဲ့တာလဲ။
ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ သူက အောင်မြင်ခဲ့သည်။
ဘုရင်ကမ္ဘာမြေခွန်နှင့် ဘုရင်စန္ဒာစုန်းအပါအဝင် ဘုရင်ခြောက်ဦးစလုံးက သေဆုံးသွားပြီး ယခင် သူမ၏ စိုးရိမ်ပူပန်မှုများအားလုံးကလည်း မီးခိုးငွေ့များကဲ့သို့ ပျောက်ကွယ်သွားသည်။
တကယ်တော့ ဤကိစ္စက ယခုအချိန်ထိ မပြီးဆုံးသေးပေ။
ဆူဇီမိုက ဘုရင်စန္ဒာဆုံးကို သတ်ဖြတ်ပြီးနောက် သူက တစ်ဘက်သို့လှည့်ကာ အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားကို ကိုင်တွယ်ဖို့ပြင်လိုက်သည်။ သို့သော်လည်း သူလှည့်ထွက်လာသည့်အချိန်မှာ သူက အံ့အားသင့်သွားရသည်။
သူ့အနေဖြင့် တစ်ခုခုပြုလုပ်စရာမလိုတော့သည့်ပုံပင်။
ဘုရင်စန္ဒာစုန်း သေဆုံးသွားပြီးနောက် ရှောင်းယောင်ကို ရစ်ပတ်ထားသော ချိန်းကြိုးများပေါ်ရှိ စုန်းမျိုးနွယ် မှော်စာလုံးများကလည်း ပျက်ပြယ်သွားလေသည်။
စုန်းမျိုးနွယ်မှော်စာလုံးများမရှိဘဲ ချိန်းကြိုးများက ရှောင်းယောင်ကို လုံးဝမချုပ်နှောင်ထားနိုင်တော့ပေ။
ရှောင်းယောင်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ချိန်ကြိုးများကနေ ချက်ချင်းပင်ရုန်းထွက်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။
သူ၏ လက်ပြင်ရိုးများကို ထိုးဖောက်ထားသော ချိတ်စူးကပင် လျင်မြန်စွာ တွန်းထုတ်ခံလိုက်ရသည်။
အခြေအနေက ပြောင်းလဲလာနေသည်။
အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားသည် ဘုရင်စန္ဒာစုန်း သေဆုံးသွားသည်ကို တွေ့မြင်သောအခါ အခြေအနေမကောင်းတော့သည်ကို နားလည်သဘောပေါက်သွားပြီး သူက ထွက်ပြေးတိမ်းရှောင်ချင်လေသည်။
တစ်ချိန်တည်းမှာပင် ရှောင်းယောင်က ချိန်းကြိုးများကနေ ရုန်းထွက်လာခဲ့၏။
သူသည် ထွက်ပြေးလွတ်မြောက်ဖို့ နေနေသာ သူ့ခန္ဓာကိုယ်သည် မမြင်ရသောအင်အားတစ်ရပ်ဖြင့် ချုပ်နှောင်ခံရပြီး သူက သူ့ကိုယ်သူ ထိန်းချုပ်၍ မရနိုင်တော့သည်ကို ထိန်လန့်တကြားနားလည်သိရှိလိုက်သည်။
ထိုစဉ်မှာပင် ရှောင်းယောင်၏ နောက်ဘက်မှာ အလွန်တရာကြီးမားသော ဧရာမခွန်တစ်ကောင်က ပေါ်ထွက်လာ၏။ ၎င်းသည် အစီအရင်လမ်းကြောင်းများဖြင့် ချိတ်ဆက်ထားသော အလင်းစက်များဖြင့် ပြည့်နှက်နေ၏။
ဧရာမခွန်က အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသား၏ နောက်ဘက်မှာရှိသော ခွန်နှင့်ဆင်တူလေသည်။ သို့သော်လည်း ၎င်း၏ အော်ရာက များစွာပိုမိုရှေးကျပြီး ၎င်း၏ ခန္ဓာကိုယ်က အချိန်ကာလ၏ လောကဓံအငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။
ထို့နောက်ချက်ချင်းပင် ဧရာမခွန်၏ ခန္ဓာကိုယ်ကနေ ခံ့ညားထည်ဝါသော တောင်ပံတစ်စုံပေါ်ထွက်လာပြီး ၎င်းက ဖန်းတစ်ကောင်၏ ပုံသဏ္ဌာန်အဖြစ် ခပ်ရေးရေးအသွင်ပြောင်းလဲသွားသည်။
ဧရာမခွန်နှင့်ဖန်း၏ ပုံသဏ္ဌာနန်များသည် တစ်ချိန်တည်းမှာပင် ရှောင်းယောင်၏ နောက်ဘက်မှာ ပေါ်ထွက်လာသည်။
ထိုပုံသဏ္ဌာန်နှစ်ခုက တစ်ချိန်တည်းမှာ တည်ရှိနေပြီး သူတို့ပေါ်ရှိအလင်းစက်များက ပို၍ပင် သိပ်သည်းများပြားနေ၏။
အလင်းစက်များကြောင့်ဖြစ်ပေါ်လာသော အစီအရင်လမ်းကြောင်းများက ရောထွေးယှက်ဖြာသွားပြီး မနှိုင်းယှဉ်သာအောင် ရှုပ်ထွေးသည့်ပုံပေါ်နေ၏၊ ထိုလေးနက်သိမ်မွေ့မှုများသည် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသား၏ နောက်ဘက်မှာရှိသော ပေမင်ကားချပ်ထက် များစွာပိုမိုသာလွန်နေသည်။
သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာသော နယ်မြေဖြစ်စဉ်ကားချပ်၏ အကူအညီနှင့်အတူ ရှောင်းယောင်၏ အော်ရာက တဖြည်းဖြည်းပြောင်းလဲပြီး ချောက်ချားစရာကောင်းသော ခံစားချက်တစ်ခုကိုပင် ထုတ်ဖော်လာခဲ့သည်။
တကယ်ဆို ထိုအော်ရာသည် ဆူဇီမို၏ ခန္ဓာကိုယ်ထဲရှိ အစိမ်းရောင်ကြာပန်း မျိုးဆက်သွေးကိုပင် မတည်မငြိမ်ဖြစ်စေသည်။
ပေမင်ကားချပ်သည် ခွန်မျိုးနွယ်မှလူများသာ ကျင့်ကြံနိုင်သည့် ခွန်မျိုးနွယ်၏ လျှို့ဝှက်အတတ်တစ်ခုဖြစ်သည်။
ပေမင်ကားချပ်ကို ကျင့်ကြံခြင်းကနေတစ်ဆင့် ခွန်မျိုးနွယ်သည် စွမ်းအားကြီးမားသော ဝါးမျိုစွမ်းအားတစ်ခုကို ပိုင်ဆိုင်လာနိုင်သည်။
စောစောက အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားသည် ပေမင်ကားချပ်ကို အသုံးချကာ ရှောင်းယောင်၏ ခန္ဓာကိုယ်ထဲရှိ ယင်ယန်စွမ်းအားကို အတင်းအကျပ်ဝါးမျိုပြီး သူ၏ ခွန်ဖန်းမျိုးဆက်သွေးကို အတင်းအဓမ္မလုယူနေခြင်းဖြစ်သည်။
သို့သော်ယခု ရှောင်းယောင်သည် ရုန်းထွက်လာခဲ့ပြီး သူ၏ နောက်ဘက်မှာ ခွန်ဖန်းကားချပ်က ပေါ်ထွက်လာကာ အခြေအနေက ပြောင်းပြန်ဖြစ်သွားသည်။
ကြောက်စရာကောင်းသော ဝါးမျိုးစွမ်းအားတစ်ခုက ရှောင်းယောင်၏ ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်ပေါ်လာ၏။
အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားက မတုံ့ပြန်နိုင်ခင် ရှောင်းယောင်သည် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသား၏ မျိုးဆက်သွေး၊ အစစ်အမှန်အမြုတေနှင့် သူ၏ တာအိုသစ်သီးကိုပင် တစ်ခဏချင်းမှာ ရှင်းရှင်းလင်းလင်းဝါးမျိုလိုက်လေသည်။