← Chapters

မုန်တိုင်းတစ်ခု အစပျိုးလာခြင်း

Vol. 199 Ch. 2977

မုန်တိုင်းတစ်ခု အစပျိုးလာခြင်း

Vol. 199 Ch. 2977

ရက်အနည်းငယ်ကြာပြီးနောက် ပန်းကမ္ဘာမှ သတင်းများက တစ်ခုပြီးတစ်ခုရောက်ရှိလာပြီး တမလွန်ကပ်ဘေးအဆိပ်၏ အန္တရာယ်ကို ယာယီအားဖြင့် ဖြေရှင်းနိုင်ခဲ့သည်ကို သူတို့သိရှိလိုက်ရသည်။ ရှောင်းယောင်က ရက်အနည်းငယ်ကြာ သတိလစ်နေပြီးနောက် ဖြည်းဖြည်းချင်းနိုးထလာခဲ့သည်။

သို့သော်လည်း ရှောင်းယောင်က ဆိုးဝါးသောအခြေအနေမှာ ရှိနေဆဲဖြစ်သည်။

သူ၏ ခန္ဓာကိုယ်ထဲမှာ အလွန်များပြားသောစွမ်းအင်များကို စုဆောင်းထားပြီး သူ၏ လက်ရှိကျင့်ကြံမှုနယ်ပယ်အရ သူ့အနေဖြင့် အဲဒါကို ချေဖျက်ဖို့က ခက်ခဲနေ၏။ သူ့မျက်နှာက နီမြန်းနေပြီး သူက အလွန်တရာပြင်းထန်ကြမ်းတမ်းသော အော်ရာတစ်ခုနှင့်အတူ အနည်းငယ်ကယောင်ကတမ်းဖြစ်နေ၏။

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း အထွတ်အထိပ်ဘုရင်တစ်ပါးကြောင့် ဒဏ်ရာအပြင်းအထန်ရရှိထားသော ဆူဇီမို၏ ခန္ဓာကိုယ်သည် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ ပြန်လည်ကုသနိုင်စွမ်းနှင့်အတူ သက်သာပျောက်ကင်းလာခဲ့ပြီဖြစ်သည်။

ဆူဇီမိုသည် ရှောင်းယောင်၏ အခြေအနေကို စစ်ဆေးကြည့်လိုက်၏။

ရှောင်းယောင်သည် ဒဏ်ရာရရှိနေခြင်းမဟုတ်သည့်အတွက် အသက်ဓာတ်ကြာလက်ညှိုးကို အသုံးမပြုနိုင်ပေ။

သူ့ခန္ဓာထဲရှိ ယင်ယန်စွမ်းအားကို လမ်းညွှန်းမှုပေးခြင်းဖြင့်သာ အန္တာရာယ်ကို ဘေးကင်းလုံခြုံမှုအဖြစ် ပြောင်းလဲခြင်း သို့မဟုတ် ဖြစ်စဉ်ကနေ အကျိုးအမြတ်ထုတ်ခြင်း ပြုလုပ်နိုင်မည်ဖြစ်သည်။

“ငါ့မှာ သုတ္တန်တစ်ခုရှိတယ်… သေသေချာချာနားထောင် အဲဒါကို မင်းတို့မျိုးနွယ်ရဲ့ မျိုးဆက်မှတ်ဉာဏ်အတိုင်း နားလည်ဆင်ခြင်လိုက်”

လိုဏ်ဂူခန်းဝါထဲမှာ ဆူဇီမိုသည် ယင်ယန်အဆောင်သုတ္တန်မှ သုတ္တန်အချို့ကို ရှောင်းယောင်အားသင်ကြားပေးပြီး ပေမင်ရွှယ်က ဘေးက‌နေနားထောင်နေ၏။

ယင်ယန်အဆောင်သုတ္တန်မှာ စကားလုံးခြောက်ရာကျော်ကျော်သာပါရှိလေသည်။ ဆူဇီမိုပင်လျှင် အထဲမှာပါဝင်သော ဓမ္မတာအိုများ၏ ဆယ်ပုံတစ်ပုံကိုသာ နားလည်ဆင်ခြင်ရသေးသည်။

အဲဒါက အခြားတစ်ယောက်ယောက်သာဆိုလျှင် သူတို့သည် အဲဒါကို နားထောင်ရသည်ဆိုလျှင်တောင် အချိန်တိုအတွင်းမှာ ယင်ယန်အဆောင်သုတ္တန်၏ ဓမ္မတာအိုကို နားလည်ဆင်ခြင်နိုင်ချင်မှ နားလည်ဆင်ခြင်နိုင်ပေလိမ့်မည်။

သို့သော်လည်း ရှောင်းယောင်သည် ခွန်ဖန်းမျိုးဆက်သွေးကို ပိုင်ဆိုင်ထားပြီး ခွန်ဖန်းမျိုးနွယ်၏ မှတ်ဉာဏ်များကို အမွေဆက်ခံရရှိထားသည်။ သူသည် ယင်နှင့်ယန်၏ စွမ်းအားနှင့်အတူ မွေးဖွားလာခဲ့သည်။ ထိုသုတ္တန်ကို ကြားသောအခါ ရှောင်းယောင်၏ အော်ရာက တဖြည်းဖြည်းတည်ငြိမ်လာခဲ့သည်။

ရှောင်းယောင်၏ အမွေအနှစ်မှတ်ဉာဏ်များနှင့်အတူ ယင်ယန်အဆောင်သုတ္တန်သည် သူ့ကို လက်ရှိအကျပ်အတည်းကနေ ဖြေရှင်းနိုင်ရန် ကူညီပေးလိုက်လေသည်။

အလင်းစက်များဖြင့် ပြည့်နှက်နေသော ခွန်ဖန်းကားချပ်က နောက်တစ်ဖန်ပေါ်ထွက်လာ၏။

ပေမင်ရွှယ်သည် ခွန်ဖန်းကားချပ်ကို ကြည့်ပြီး ထိုကြယ်ပေါ်မှာတုန်းက သူမမြင်တွေ့ခဲ့ရသည့် ပေမင်ကားချပ်ကို ပြန်လည်အမှတ်ရလိုက်၏။

ထို့နောက် ချက်ချင်းပင် ရှောင်းယောင်၏ ခန္ဓာကိုယ်သည် ရှေးကျ၍ ကြောက်စရာကောင်းသော မျိုးဆက်သွေးအော်ရာတစ်ခုကို နောက်တစ်ဖန်ထုတ်ဖော်လာခဲ့သည်။

တကယ်ဆို ၎င်းသည် ရှေးဟောင်းကြယ်ပေါ်မှာ သူရှိခဲ့စဉ်ကထက်ပင် ပိုမိုသန့်စင်ပြီး ပိုမိုသန်မာနေ၏။ ယင်ယန်အဆောင်သုတ္တန်သည် ရှောင်းယောင်အတွက် အလွန်တရာအထောက်အကူဖြစ်ပြီး သူ့မျိုးဆက်သွေးကို ဘိုးဘေးဗီဇလမ်းကြောင်းပေါ်သို့ပင် နောက်တစ်ဖန်တွန်းတင်ပေးနိုင်လေသည်။

ဆူဇီမိုသည် ရှောင်းယောင်၏ အခြေအနေ တည်ငြိမ်လာသည်ကို တွေ့မြင်သောအခါ စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း သူက ထွက်ခွာဖို့ကို အလောတကြီးရှိမနေပေ။

အစိမ်းရောင်ကြာပန်းကြယ်ပေါ်မှာ အစိမ်းရောင်ကြာပန်းမျိုးနွယ်သည် အားနည်းသောမျိုးဆက်သွေးရှိပြီး သူတို့၏ ကျင့်ကြံမှုအလျင်အဟုန်က နှေးကွေးသည်ကို သူက နားလည်သိရှိလိုက်သည်။

သူသည် အစိမ်းရောင်ကြယ်ပေါ်မှာကျင့်ကြံနေစဉ် သူသည် အစိမ်းရောင်ကြယ်၏ ဘေးပတ်လည်မှ စုဝေးလာမည့် ကောင်းကင်နှင့်မြေကြီးအမြုတေချီပမာဏများစွာကို ဆွဲဆောင်မိပေလိမ့်မည်။

အစိမ်းရောင်ကြာပန်းမျိုးနွယ်က သူ့ဘေးမှာ ကျင့်ကြံမည်ဆိုလျှင် အဲဒါက သူတို့၏ ကြိုးစားအားထုတ်မှုထက် နှစ်ဆပိုမိုအကျိုးရှိလာစေမည်ဖြစ်သည်။

တကယ်တော့ အပင်မျိုးနွယ်သည် သူ့ဘေးမှာ ကျင့်ကြံနေသည်နှင့်အမျှ သူတို့သည် စဉ်းစားကြည့်၍မရနိုင်သော အကျိုးအမြတ်များကို ရရှိပေလိမ့်မည်။

အစိမ်းရောင်ကြာပန်းကြယ်ပေါ်မှာ အချိန်တစ်ခုကြာ ကျင့်ကြံခြင်းသည် အစိမ်းရောင်ကြာပန်းကြယ်ပေါ်မှာရှိသော သက်ရှိများအတွက် အခွင့်အလမ်းတစ်ခု ဖန်တီးပေးခြင်းဟု ဆိုနိုင်သည်။

တစ်လနေပြီးနောက်။

ရှောင်းယောင်က အတော်လေးသက်သာလာခဲ့ပြီဖြစ်သည်။

“ကျေးဇူးတင်ပါတယ်ဆရာ”

ရှောင်းယောင်က ကျေနပ်သဘောကျသောအမူအရာနှင့်အတူ ဆူဇီမိုအနားသို့ ပြေးလာခဲ့သည်။

သူ့ကျင့်ကြံမှုနယ်ပယ်က အဆင့်ချိုးဖျက်မတက်လှမ်းသော်လည်း ယင်ယန်အဆောင်သုတ္တန်၏ လမ်းညွှန်မှုနှင့် သူ့မျိုးဆက်သွေးမှတ်ဉာဏ်များနှင့်အတူ သူ၏ ခန္ဓာကိုယ်က အချိန်တိုအတွင်းမှာ အဆများစွာ ပြန့်ကားလာသည်။

အစကတော့ ရှောင်းယောင်၏ ခန္ဓာကိုယ်က ရေကန်တစ်ခုကဲ့သို့ ဖြစ်ခဲ့သည်။

ထို့ကြောင့် ရေကန်သည် တလိပ်လိပ်တိုးဝင်လာသော ရေစီးကြောင်းများကို လက်မခံနိုင်ပေ။

သို့သော်ယခု ရှောင်းယောင်၏ ခန္ဓာကိုယ်သည် အရာရာတိုင်းကို ဝင်ဆံ့စေနိုင်သည့် သမုဒ္ဒရာတစ်စင်းကဲ့သို့ ဖြစ်လာသည်။

ရှောင်းယောင်သည် ဆက်လက်၍ ကျင့်ကြံပြီး ဓမ္မတာအို နားလည်ဆင်ခြင်ကာ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားများအားလုံးကို သန့်စင်မွမ်းမံသည်နှင့် သူသည် အဆက်မပြတ်အဆင့်ချိုးဖျက်တက်လှမ်းပြီး သုခဘုံလေဟာနယ်ပယ်သို့ တက်လှမ်းနိုင်မည့်အခွင့်အရေးပင်ရှိ​လေသည်။

“မင်းတက်လှမ်းပြီးတဲ့နောက် ဘာတွေကြုံတွေ့ခဲ့တာလဲ”

ရှောင်းယောင်အဆင်ပြေသည်ကို တွေ့မြင်သောအခါ ဆူဇီမိုက မေးလိုက်သည်။

ရှောင်းယောင်က တက်လှမ်းလာပြီးနောက် သူကြုံတွေ့ခဲ့ရသည့်အရာရာတိုင်းကို ပြန်ပြောလိုက်၏။

ရှောင်းယောင်၏ ကံက သိပ်ပြီးမဆိုးလှပေ။ တက်လှမ်းလာပြီးနောက် သူသည် ခွန်ကမ္ဘာသို့ ဆင်းသက်လာခဲ့သည်။ သို့သော်လည်း သူက အတော်လေးသတိထားနေပြီး ခွန်ဖန်းမျိုးဆက်သွေးကို ဘယ်တုန်းကမှ မထုတ်ဖော်ခဲ့ပေ။ သူက အဲဒါကို ထုတ်ဖော်မိသည်ဆိုလျှင်တောင် ခွန်မျိုးနွယ်၏ မျိုးဆက်သွေးသာလျှင်ဖြစ်ပြီး အခြားသောကလန်သားများနှင့် ကွာခြားမှုမရှိပေ။

သူသည် ခွန်မျိုးနွယ်မှာ အဆက်မပြတ်ကျင့်ကြံပြီး ပကတိဧကနယ်ပယ်သို့ အောင်အောင်မြင်မြင်တက်လှမ်းလာခဲ့သည်။ သို့သော်လည်း လွန်ခဲ့သည့်နှစ်အနည်းငယ်က ခွန်မျိုးနွယ်အတွင်း ယှဥ်ပြိုင်မှုတစ်ခုမှာ သူ၏ ခွန်ဖန်းမျိုးဆက်သွေးတစ်စွန်းတစ်စက စိမ့်ထွက်သွားပြီး ခွန်မျိုးနွယ်မှ ဧကရာဇ်ပညာရှင်တစ်ဦးက အဲဒါကို အာရုံခံမိခဲ့သည်။

ထို့နောက် ခွန်မျိုးနွယ်မှ ဧကရာဇ်သည် သူ၏ လက်အောက်မှ ပါရမီအရှိဆုံးမင်းသားတစ်ပါးကို ရွေးချယ်ကာ ခွန်ဖန်းကို အသုံးချပြီး အဆင့်ချိုးဖျက်တက်လှမ်းရန်နှင့် တစ်ချိန်တည်းမှာပင် သူ၏ ခွန်ဖန်းမျိုးဆက်သွေးကို ဝါးမျိုနိုင်စေရန် စီစဥ်ပေးခဲ့လေသည်။

ထိုစကားကိုကြားသောအခါ ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်လေသည်။ ဖြစ်စဥ်တစ်ခုလုံးက ထူးခြားမှုများစွာမရှိသည့်ပုံပင်။

သို့သော်လည်း သူက စဥ်းစားရခက်နေဆဲဖြစ်သည်။

အပေါ်ယံမှာကြည်လျှင် ဤစီစဥ်မှုသည် ခွန်မျိုးနွယ်မှ ဧကရာဇ်အနေဖြင့် သူ့ကလေးအတွက် ရှောင်းယောင်ကိုသတ်ဖြတ်ပြီး သူ၏ မျိုးဆက်သွေးကို အတင်းအဓမ္မဝါးမျိုရန်ဖြစ်လေသည်။ သို့သော်လည်း ခွန်မျိုးနွယ်ဘက်ကနေကြည့်မည်ဆိုလျှင် စွန့်စားမှုက အရမ်းကိုကြီးမားပြီး အကျိုးအ​မြတ်က ဆုံးရှုံးမှုကို ဖာထေးနိုင်မည်မဟုတ်ပေ။

မျိုးဆက်သွေးကို ဝါးမျိုခြင်းဖြစ်စဥ်က ကျရှုံးသွားနိုင်သောကြောင့်ဖြစ်သည်။

သူတို့အောင်မြင်မည်ဆိုလျှင်တောင် ထိုမင်းသားသည် အလွန်ဆုံး ဘုရင်တစ်ပါးသာဖြစ်လာပေလိမ့်မည်။

သို့သော်လည်း ခွန်မျိုးနွယ်သည် အကန့်အသတ်မဲ့သောအလားအလာနှင့် တဗူးတစ်ကောင်ကို ဆုံးရှုံးရပေလိမ့်မည်။

တဗူးခွန်ဖန်းတစ်ကောင်က ခွန်မျိုးနွယ်မှာ နိုးထလာသည်နှင့် သူတို့လုပ်ရမည်မှာ သူတို့၏ အရင်းအမြစ်များအားလုံးကို သွန်းလောင်းပြီး ခွန်မျိုးနွယ်၏ အနာဂတ်မျှော်လင့်ချက်ကို ပြုစုပျိုးထောင်ပေးဖို့ဖြစ်လေသည်။

အဲဒါကိုဖျက်ဆီးရန် မဟုတ်ပေ။

ဒါ့အပြင် ထိုကြယ်ပေါ်မှာ ဘုရင်စန္ဒာစုန်း၏ ပေါ်ထွက်လာမှုက အနည်းငယ်ထူးဆန်းနေလေသည်။

စုန်းမျိုးနွယ်သည် ဤကိစ္စမှာ မည်သည့်နေရာကနေ ပါဝင်ပတ်သက်နေသလဲ။ သို့မဟုတ် အဲဒါက တိုက်ဆိုင်မှုတစ်ခုပေပဲလား။

“ဘိုးဘေးဗီဇက ဘာလဲမင်းသိလား”

ဆူဇီမိုက မေးလိုက်သည်။

ရှောင်းယောင်က ခေါင်းခါပြလိုက်၏။

“ကျုပ် သေချာမပြောတတ်ဘူး... ကျုပ်က အဲဒီကြယ်ပေါ်မှာတုန်းက ချိန်းကြိုးတွေကနေ ရုန်းထွက်လာတဲ့အချိန်မှာပဲ မရင်းနှီးတဲ့မှတ်ဉာဏ်တချို့က ကျုပ်ရဲ့အသိစိတ်ထဲကို တလိပ်လိပ်တိုးဝင်လာခဲ့တယ်... အဲဒါ အရမ်းကို ရှေးကျတဲ့စွမ်းအားတစ်ခုက ကျုပ်ရဲ့ခန္ဓာကိုယ်ထဲမှာ နိုးထလာသလိုပဲ”

“အဲဒီစွမ်းအားကြောင့်ပဲ ကျုပ်က ဟိုမင်းသားကို ဝါးမျိုနိုင်ခဲ့တာ... ကျုပ်က တစ်ချိန်လုံး မူးဝေထုံထိုင်းနေခဲ့တယ်”

သူတို့သုံးယောက်သည် တစ်ယောက်ကိုတစ်ယောက်မတွေ့ရသည်မှာ အလွန်တရာကြာခဲ့ပြီဖြစ်ပြီး စကားများစွာ ဆက်လက်ပြောဆိုခဲ့ကြသည်။

ရှောင်းယောင်သည် ခွန်ကမ္ဘာသို့ တက်လှမ်းလာပြီးကတည်းက သူသည် ပါးလွှာသောရေခဲပြင်ပေါ်မှာ လျှောက်လှမ်းနေရသည့်အလား အလွန်တရာသတိကြီးကြီးထားနေခဲ့ရသည်။

ယခု သူသည် ဆူဇီမိုနှင့် ပေမင်ရွှယ်ကို တွေ့မြင်လိုက်ရပြီး သူ၏ မိသားစုနှင့် ပြန်လည်ဆုံစည်းမိသည့်အလားပင်။

သူသည် နောက်ဆုံးမှာ စိတ်သက်သာရာရသွားပြီး စိုးရိမ်ပူပန်စရာမလိုတော့ပေ။

ရှောင်းယောင်သည် ပေမင်ရွှယ်ပေါ် ထူးထူးခြားခြားမှီခိုအားထားတတ်လေသည်။

ပေမင်ရွှယ်ကတော့ သူမသည် ရှောင်းယောင်ကို သူမ၏ ဂျူနီယာမောင်အဖြစ်သာမက သူမ၏ သွေးရင်းသားရင်းမောင်ငယ်တစ်ယောက်အဖြစ်ပါ ပြုမူဆက်ဆံတတ်လေသည်။

တပည့်နှစ်ယောက်က မကြာခဏလက်ရည်စမ်းပြီး တာအိုအကြောင်းကို ဆွေးနွေးပြောဆိုတတ်လေသည်။

“စီနီယာအစ်မ... ခင်ဗျားက ပေမင်ကားချပ်ကို ကျင့်ကြံကြည့်ပါလား... ခွန်မျိုးနွယ်ရဲ့ အဲဒီလျှို့ဝှက်အတတ်က အရမ်းကို စွမ်းအားကြီးမားတယ်”

“ငါကလူသားပဲ... ငါကျင့်ကြံလို့ရမှာလား”

“ရတာပေါ့... စီနီယာအစ်မ ခင်ဗျားရဲ့မျိုးဆက်သွေးနယ်မြေက ပေမင်ဧရာမခွန်ပဲ... အဲဒီမျိုးဆက်သွေးနယ်မြေနဲ့ဆိုရင် ခင်ဗျားက ပေမင်ကားချပ်ကို ထုတ်ဖော်နိုင်လိမ့်မယ်”

“ကံဆိုးတာကတော့ ကျုပ်က ခင်ဗျားကို ကျုပ်ရဲ့ခွန်ဖန်းကားချပ်ကို သင်ကြားမပေးနိုင်ဘူး... အထဲမှာပါတဲ့ ဓမ္မအစီအရင်တော်တော်များများက မျိုးဆက်မှတ်ဉာဏ်တွေကနေဆင်းသက်လာခဲ့တာပဲ... ကျုပ်တောင်မှ အဲဒါကို မထိန်းချုပ်နိုင်ဘူး”

ရှောင်းယောင်၏ ရင်ထဲမှာ ခွန်မျိုးနွယ်၏ လျှို့ဝှက်အတတ်သည် ပေမင်ရွှယ်လောက် အပုံတစ်သောင်းပုံတစ်ပုံပင် အရေးမပါပေ။

ရှောင်းယောင်သည် ပေမင်ရွှယ်အား ပေမင်ကားချပ်၏ ကျင့်ကြံရေးဓမ္မအစီအရင်ကို ထိန်ချန်ခြင်းမရှိဘဲ သင်ကြားပေးလိုက်၏။

ဆူဇီမိုသည် သူတို့၏ ပြန်လည်ဆုံစည်းမှုနှင့် သူ့တပည့်နှစ်ဦးကြား နက်ရှိုင်းသောဆက်ဆံရေးကို တွေ့မြင်သောအခါ သူက စိတ်သက်သာရာရသွား၏။

တပည့်နှစ်ဦးကြား ဆွေးနွေးဖလှယ်မှုဖြင့် ပေမင်ရွှယ်သည် ဓမ္မတာအိုများစွာကို ပေါင်းစည်းပြီး သူမကိုယ်ပိုင်ဓားတာအိုတစ်ခုကို တဖြည်းဖြည်းနားလည်ဆင်ခြင်မိလာလိမ့်မည်ဟု သူပင်လျှင် ထင်မှတ်မထားခဲ့ပေ။

အစကတော့ ဆူဇီမိုသည် အစိမ်းရောင်ကြာပန်းကြယ်ကနေ ထွက်ခွာပြီး ပေမင်ရွှယ်နှင့်ရှောင်းယောင်ကို ဓားကမ္ဘာသို့ ပို့ပေးဖို့ရည်ရွယ်ထားလေသည်။

သို့သော်လည်း သူက တစ်စုံတစ်ရာကိုအာရုံခံမိသွားပြီး လှုပ်ရှားဖို့ကို အလောတကြီးရှိမနေတော့ပေ။ ထိုအစား သူက အစိမ်းရောင်ကြာပန်းကြယ်ပေါ်မှာ လောလောဆယ်တံခါးပိတ်ကျင့်ကြံဖို့ ရွေးချယ်လိုက်သည်။

မဟာအရိုင်းကမ္ဘာဘက်မှာတော့​ မှောင်မည်းနေသောတိမ်စိုင်များက အုပ်မိုးကျဆင်းလာပြီး မုန်တိုင်းတစ်ခုက အစပျိုးလာခဲ့ပြီဖြစ်လေသည်။

All Chapters