← Chapters

မိုးပြာရောင်မီးတောက် ဆင်းသက်ရောက်ရှိလာခြင်း

Vol. 199 Ch. 2978

မိုးပြာရောင်မီးတောက် ဆင်းသက်ရောက်ရှိလာခြင်း

Vol. 199 Ch. 2978

မဟာအရိုင်းကမ္ဘာမှာ။

နှစ်ပေါင်းများစွာ တိုက်ခိုက်သတ်ဖြတ်လာခဲ့ပြီးနောက် မဟာအရိုင်းကမ္ဘာ၏ ဖွဲ့စည်းပုံက သိသိသာသာပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အစက တောင်ဘက်၊ မြောက်ဘက်နှင့် အနောက်ဘက်၏ ပိုင်နက်နယ်မြေသုံးခုသည် အပြာရောင်အဖွဲ့၏ အုပ်ချုပ်မှုအောက်ကို ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

အရှေ့ဘက်အရိုင်းနယ်မြေကသာ သူတို့၏ ကုန်းမြေမှာ ကုပ်တွယ်ပြီး အနိုင်နိုင်တောင့်ခံနေခဲ့ကြသည်။

လွန်ခဲ့သည့်နှစ်ရှစ်ရာက အရှေ့ဘက်အရိုင်းနယ်မြေ၏ အန္တိမသားရဲဧကရာဇ်နှစ်ဦးဖြစ်သော နဂါးဧကရာဇ်အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ်မဟာဖန်းတို့က လူများစွာကို ဦးဆောင်ပြီး အညံ့ခံသွားကြကာ အရှေ့ဘက်အရိုင်းနယ်မြေ၏ အခြေအနေက ပို၍ပင် ဆိုးရွားလာခဲ့သည်။

နဂါးဧကရာဇ်မထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ်မဟာဖန်းတို့သည် အရှေ့ဘက်အရိုင်းနယ်မြေမှ သားရဲဧကရီသွေးလိပ်ပြာ၏ လူယုံလက်ရုံးများလည်းဖြစ်ခဲ့ကြလေသည်။

ထိုအန္တိမသားရဲဧကရာဇ်နှစ်ဦးထွက်ခွာမှုသည် အရှေ့ဘက်အရိုင်းနယ်မြေအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့သည်။

လွန်ခဲ့သည့် နှစ်ရှစ်ရာကျော်က အပြာရောင်အဖွဲ့နှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့သော တိုက်ပွဲမှာ အထီးကျန်သိုင်းသခင်၏ ရုတ်တရက်ပေါ်ထွက်လာမှုနှင့်အတူ အရှေ့ဘက်အရိုင်းနယ်မြေက ကံကောင်းထောက်မစွာအနိုင်ရပြီး အသက်ရှူအနည်းငယ်ချောင်သွားခဲ့သည်။

သို့သော်လည်း အရှေ့ဘက်အရိုင်းနယ်မြေသည် သိပ်ကြာကြာတောင့်ခံနိုင်မည် မဟုတ်သည်ကို မဟာအရိုင်းကမ္ဘာမှ သက်ရှိများအားလုံးက သိရှိထားကြသည်။ မဟာအရိုင်းကမ္ဘာသည် အပြာရောင်အဖွဲ့၏ သိမ်းပိုက်ခြင်းခံရဖို့က မလွဲဧကန်ပင်။

အထီးကျန်သိုင်းသခင်သည် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ခါစသာဖြစ်ပြီး အခြေအနေတစ်ရပ်လုံးအပေါ် သက်ရောက်မှုရှိနိုင်မည်မဟုတ်ဟု ဆိုကြလေသည်။

ဒါ့အပြင် ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသော ထိပ်သီးဧကရာဇ်များသည် လွန်ခဲ့သည့် နှစ်ရှစ်ရာကျော်က တိုက်ပွဲမှာ ပေါ်ထွက်မလာခဲ့ကြပေ။

ဤနေ့မှာ။

နဂါးဧကရာဇ်အထီးကျန်ပင်လယ်၊ သားရဲဧကရာဇ်မဟာဖန်း၊ သားရဲဧကရာဇ်စိတ်ဝိညာဉ်ဦးချို၊ သားရဲဧကရာဇ်ဖေးလျန်၊ သားရဲဧကရာဇ်ဟို့တူနှင့် အခြားသောအန္တိမသာရဲဧကရာဇ်များနှင့် သာမန်သားရဲဧကရာဇ်ဆယ်ဦးကျော်သည် တည်တံ့သောအမူအရာများနှင့်အတူ ခန်းမ၏ ဝင်ပေါက်ဝမှာ ရိုသေလေးစားစွာဖြင့် မတ်တတ်ရပ်နေကြသည်။

ခန်းမ၏ အပြင်ဘက်မှာ သားရဲဘုရင်များစွာရှိနေပြီး မရေမတွက်နိုင်သော သားရဲစစ်တပ်များကို စုစည်းထားကြသည်။ ထိုနေရာမှာ လူပင်လယ်ကြီးဖြစ်နေပြီး အလံများကို တလူလူလွှင့်ထူထာကြသည်။

(လူပုံသဏ္ဌာန်ယူထားသည့် သားရဲများကို အကြမ်းဖျင်း လူဟုသာ ခေါ်ဆိုပါမည်။ လူသားဟူမှသာ လူသားမျိုးနွယ်ကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။)

သိပ်မကြာခင် ကောင်းကင်ထက်မှာ လေဟာနယ်တံခါးတစ်ချပ်က ရုတ်တရက်ပွင့်သွားပြီး လူတစ်ရာကျော်က လျှောက်လှမ်းထွက်လာကြ၏။

သူတို့၏ အရေအတွက်က အယောက်တစ်ရာကျော်ကျော်သာဖြစ်ပြီး အောက်ဘက်မှာရှိသော သားရဲစစ်သည်သန်းရာချီနှင့် မယှဉ်နိုင်သော်လည်း ဤလူများပေါ်ထွက်သည့်ခဏမှာပင် လောကက ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားသည်။

ထိုလူတစ်ရာကျော်ကျော်ကနေ ထုတ်ဖော်ထားသောအော်ရာများက အရမ်းကို ကြောက်စရာကောင်းနေသည်။

ဤလူများပေါ်ထွက်လာသည့်ခဏမှာပင် အောက်ဘက်မှာရှိသော သက်ရှိများက သူတို့၏ လည်ပင်းများကို မမြင်ရသောလက်များက ဖမ်းညှစ်လာခဲ့သည်ဟု ခံစားလာရသည်။

သူတို့သည် အသက်ပင်ကောင်းကောင်းမရှူနိုင်ဘဲ ကြောက်ရွံ့မှုဖြင့် နှုတ်ဆိတ်နေကြသည်။

ခေါင်းဆောင်ဖြစ်သူက အစိမ်းရင့်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်ကပင် အစိမ်းရောင်ဖြစ်နေသည်။ သူ၏ မျက်နှာက ဖြူဖွေးနေပြီး သူ၏ မျက်လုံးများက ဝင်းလက်တောက်ပနေကာ သူ၏ ခြေဖဝါးအောက်မှာရှိသော သက်ရှိများကို ငုံ့ကြည့်နေ၏။

မည်သူကမှ သူနှင့်အကြည့်ချင်း မဆုံရဲပေ။

ထိုသူက ဧကရာဇ်မိုးပြာရောင်မီးတောက်ဖြစ်သည်။

သူတို့သည် ဖိအားဒဏ်ကို ခံနိုင်ရည်မရှိသည့်အလား နေရာတိုင်းမှာရှိသော သက်ရှိများက မြေပြင်ပေါ်မှာ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကျသွားသည်။

နဂါးဧကရာဇ်အထီးကျန်ပင်လယ်၊ သားရဲဧကရာဇ်မဟာဖန်းနှင့် အခြားသော သားရဲဧကရာဇ်များပင် ရိုသေလေးစားသောအမူအရာများဖြင့် ဒူးထောက်လိုက်ကြ၏။

ဧကရာဇ်မိုးပြာရောင်မီးတောက်သည် ဤမြင်ကွင်းမှာ ကျေနပ်အားရနေသည့်အလား ခေါင်းညိတ်လိုက်၏။

သူ့ဘေးမှာ အထွတ်အထိပ်ဧကရာဇ်ခုနှစ်ပါး မတ်တတ်ရပ်နေပြီး ငါးယောက်က အမျိုးသားများဖြစ်ကာ နှစ်ယောက်က အမျိုးသမီးများဖြစ်သည်။ သူတို့ထဲမှတချို့က တည်ငြိမ်နေပြီး တချို့က ကြမ်းကြုတ်ခက်ထန်သော အမူအရာများကို ထုတ်ဖော်ထားကြသည်။ အချို့မှာ သိပ်သည်းပြင်းထန်သော ဆိုးယုတ်အော်ရာများရှိပြီး အချို့မှာ ညှို့ငင်နိုင်စွမ်းရှိနေ၏။

ဤခုနှစ်ယောက်သည် ဧကရာဇ်မိုးပြာရောင်မီးတောက်၏ လက်အောက်ရှိ ခုနှစ်ဆောင်ပြိုင် သားရဲဧကရာဇ်များဖြစ်ကြသည်။

ခုနှစ်ဆောင်ပြိုင်သားရဲဧကရာဇ်များ၏ နောက်ဘက်မှာ သာမန်ဧကရာဇ်ဆယ်ဦးကျော်ကျော်နှင့် သားရဲဘုရင်များစွာရှိနေ၏။

သားရဲဘုရင်မျာက ငယ်ရွယ်သည့်ပုံပေါ်ပြီး သူတို့၏ ဘေးပတ်ဝန်းကျင်ကို စူးစမ်းလိုသည့်အလား လှည့်ပတ်ကြည့်ရှုနေကြသည်။

ဧကရာဇ်မိုးပြရောင်မိးတောက်က ကောင်းကင်ထက်ကနေ လူတိုင်းကို ဦးဆောင်ပြိး ဖြည်းဖြည်းချင်းဆင်းသက်လာ၏။

သူတို့၏ ခြေဖဝါးအောက် လေဟာနယ်ထဲမှာ လှေခါးထစ်များရှိသည့်အလား သူတို့က တစ်လှမ်းပြီးတစ်လှမ်း ဆင်းသက်လာကြလေသည်။

ဖြစ်စဉ်တစ်ခုလုံက အတော်လေးနှေးကွေးနေ၏။ သို့သော်လည်း အစကနေ ယခုအချိန်ထိ အောက်ဘက်ရှိ မဟာအရိုင်းကမ္ဘာမှ သက်ရှိပေါင်းသန်းရာချီသည် သူတို့၏ ခေါင်းများကိုမော့ပြီး စကားပြောရဲခြင်း မရှိကြပေ။

သူတို့က နေရာမှာပင် နာခံစွာ ဒူးထောက်နေကြသည်။

ထိုအခိုက်အတန့်မှာ မည်သည့်မူမမှန်သော ပြုမူလှုပ်ရှားမှုမဆို သေစေနိုင်သော ကပ်ဘေးတစ်ခုကို ဆွဲဆောင်နိုင်လေသည်၊။

သည့်ယခင်က သားရဲဧကရာဇ်တစ်ပါးသည် သူ၏ ခေါင်းကို မော့ပြီး တစ်ချက်ခိုးကြည့်ခဲ့၏။ ဧကရာဇ်မိုးပြာရောင်မီးတောက်က အဲဒါကို အာရုံခံမိသွားပြီး သူ့နောက်ဘက်မှာရှိသော သားရဲဧကရာဇ်တစ်ဦးက ထိုသားရဲဧကရာဇ်ကို နေရာမှာပင် သတ်ဖြတ်ပစ်လိုက်သည်။

ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသူများက ခန်းမ၏ ဝင်ပေါက်ဝရှေ့သို့ ရောက်ရှိလာကြသည်။

နဂါးဧကရာဇ်အထီးကျန်ပင်လယ်က သူ၏ ခေါင်းကို အလိုလိုငုံ့ထားပြီး မြေပြင်ပေါ်မှာ ဒူးထောက်လုမတတ်ပင်။ သူ့ခန္ဓာကိုယ်ထဲရှိ မျိုးဆက်သွေးက လည်ပတ်မှုရပ်တန့်သွားခဲ့ပြီဖြစ်သည်။

ဤသည်က မျိုးဆက်သွေးဆိုင်ရာ ဖိနှိမ်မှုတစ်ရပ်ဖြစ်သည်။

သူသည် နဂါးမျိုးနွယ်ဖြစ်သော်လည်း သူသည် မိုးပြာရောင်နဂါးမျိုးဆက်၏ မျိုးဆက်သွေးမှာ အညံ့ခံရလေသည်။

“အို…”

ဧကရာဇ်မိုးပြာရောင်မီးတောက်၏ အကြည့်က နဂါးဧကရာဇ်အထီးကျန်ပင်လယ်အပေါ် ရောက်ရှိသွားပြီး မျက်ခုံးအနည်းပင့်လိုက်၏။

“မင်းက အခုမှပဲ အညံ့ခံဖို့ တွေးလာတယ်ပေါ့”

ထိုစကားကို ကြားသောအခါ နဂါးဧကရာဇ်အထီးကျန်ပင်လယ်က ချွေးပျံလာခဲ့သည်။

“အရှင်မိုးပြာရောင်မီးတောက်… အခု ကျုပ်အမှားကို ကျုပ်သိပါပြီ”

နဂါးဧကရာဇ်အထီးကျန်ပင်လယ်က အလောတကြီးဦးညွှတ်ပြီး အမှားကို ဝန်ခံလိုက်၏။

ဘေးတစ်ဘက်မှာ သားရဲဧကရာဇ်မဟာဖန်းနှင့် သားရဲဧကရာဇ်ကွေ့နူတို့ကလည်း ကြောက်ရွံ့မှုဖြင့် တုန်ယင်နေကြ၏။

ဧကရာဇ်မိုးပြာရောင်မီးတောက်၏ အော်ရာက အရမ်းကိုသန်မာလွန်းနေသည်။

သူတို့မှာ ကျင့်ကြံမှုနယ်ပယ်တစ်ခုသာ ကွာဟသော်လည်း တိုက်ခိုက်ရည်ခွန်အားကွာဟချက်က မိုးနှင့်မြေလိုဖြစ်သည်။

ဧကရာဇ်မိုးပြာရောင်မီးတောက်သည် လက်တစ်ဖက်ကို သာမန်ကာလျှံကာ ဝေ့ယမ်းရုံနှင့် သားရဲဧကရာဇ်အထီးကျန်ပင်လယ်နှင့် အခြားသူများကို အပိုင်းပိုင်းဆုတ်ဖြဲပစ်နိုင်သည်။

ဧကရာဇ်မိုးပြာရောင်မီးတောက်က တစ်စုံတစ်ရာပြောဆိုခြင်း မရှိပေ။ နဂါးဧကရာဇ်အထီးကျန်ပင်လယ်နှင့် အခြားနှစ်ယောက်သည် ရင်တလှပ်လှပ်ခံစားနေရပြီး မော့မကြည့်ရဲကြပေ။ သူတို့က အသံတိတ်ညှင်းပန်းနှိပ်စက်မှုကို ကြိတ်မှိတ်ခံစားနေရပြီး ချွေးများဖြင့် စိုရွှဲလာခဲ့သည်။ဩ

ခဏနေပြီးနောက် ဧကရာဇ်မိုးပြာရောင်မီးတောက်က ရယ်မောကာ ပြောလိုက်၏။

“မင်းတို့တွေ ကိုယ့်အမှားကို သိပြီဆိုတော့လည်းကောင်းတာပေါ့… ငါမင်းတို့တွေက အခွင့်အရေးတစ်ခုပေးမယ်”

“အရှင်မိုးပြာရောင်မီးတောက် ကျုပ်ခင်ဗျားကို သေချာပေါက် စိတ်မပျက်စေရပါဘူး။

နဂါးဧကရာဇ်အထီးကျန်ပင်လယ်က အလောတကြီးပြောလိုက်၏။

ဧကရာဇ်မိုးပြာရောင်မီးတောက်က ခန်းမထဲသို့ ဝင်ရောက်၍ အလယ်မှာထိုင်ပြီးနောက် အေးဆေးတည်ငြိမ်စွာပြောလိုက်၏။

“ထကြတော့”

နဂါးဧကရာဇ်အထီးကျန်ပင်လယ်နှင့် အခြားသူများသည် လွတ်ငြိမ်းချမ်းသာခွင့်ရရှိသွားသည့်အလား သူတို့၏ ခေါင်းများကို ငုံ့ပြီး ခန်းမထဲသို့ ဝင်ရောက်လာကြသည်။

“နဝယင် ဘယ်မှာလဲ”

ဧကရာဇ်မိုးပြာရောင်မီးတောက်က လှည့်ပတ်ကြည့်ရှုပြီး မေးလိုက်၏။

“သားရဲဧကရာဇ်တွေက ဘာလို့ပိုပြီး လျော့နည်းသွားတာလဲ “

သားရဲဧကရာဇ်စိတ်ဝိညာဉ်ဦးချိုက လွန်ခဲ့သည့် နှစ်ရှစ်ရာက တိုက်ပွဲကို အသေးစိတ်အလောတကြီး ပြန်ပြောပြလိုက်သည်။

သားရဲဧကရာဇ်စိတ်ဝိညာဉ်ဦးချို စကားပြောလို့ ပြီးသွားသည့်အချိန်မှာပင် နဂါးဧကရာဇ်အထီးကျန်ပင်လယ်က ဝင်ရောက်ပြောဆိုလိုက်၏။

“အရှင်မိုးပြာရောင်မီးတောက်… အဲဒီတိုက်ပွဲတုန်းက ကျုပ်.. မဟာဖန်းနဲ ကွေ့နူတို့က တစ်ချိန်လုံး ဝင်မပါခဲ့ကြဘူး”

တာအိုရောင်းရင်းစိတ်ဝိညာဉ်ဦးချိုနဲ့ တခြားသူတွေက ထွက်ပြေး… အမ်း.. သူတို့ဆုတ်ခွာသွားတဲ့အချိန်မှ ကျုပ်တို့က ပေါ်ထွက်လာပြီး အထီးကျန်သိုင်းသခင်နဲ့ အခြားသူတွေကို ထပ်ပြီးလိုက်လံမတိုက်ခိုက်အောင် တားဆီးခဲ့ကြတယ်”

နဂါးဧကရာဇ်အထီးကျန်ပင်လယ်သည် ထိုစဉ်တုန်းက တိုက်ပွဲမှာ ဝင်မပါဖို့ ရွေးချယ်ခဲ့စဉ် သူက လက်ရှိအခြေအနေကို ကြိုတွက်ပြီးသားဖြစ်သည်။

သူသည် ထိုစဉ်တုန်းက အပြာရောင်အဖွဲ့မှသက်ရှိများကို သတ်ဖြတ်ခဲ့မည်ဆိုလျှင် သူ့အနေဖြင့် ရှင်းပြဖို့ ခက်ခဲသွားမည်ဖြစ်ပြီး သူက အသက်အန္တရာယ်ရှိလာနိုင်သည်။

တကယ်တော့ နဂါးဧကရာဇ်အထီးကျန်ပင်လယ်က အတွေးလွန်နေခြင်းသာဖြစ်သည်။

ဧကရာဇ်မိုးပြာရောင်မီးတောက်အတွက် မဟာအရိုင်းကမ္ဘာမှ သက်ရှိများသည် ပုရွက်ဆိတ်များကဲ့သို့ဖြစ်ပြီး သူတို့၏ အသက်များက‌ တန်ဖိုးမဲ့လေသည်။ ထိုနေရာမှာ လူဘယ်လောက်များများသေဆုံးခဲ့သည်ဖြစ်စေ သူက ဂရုစိုက်လိမ့်မည်မဟုတ်ပေ။ သို့သော်လည်း သားရဲဧကရာဇ်နဝယင်သည် မည်သို့ပင်ဆိုစေ အပြာရောင်အဖွဲ့မှဖြစ်ပြီး သူ၏ လက်အောက်ငယ်သားဖြစ်ခဲ့သည်။

“အထီးကျန်သိုင်းသခင်လား”

ဧကရာဇ်မိုးပြာရောင်မီးတောက်က အမူအရာကင်းမဲ့စွာဖြင့် တီးတိုးရေရွတ်လိုက်၏။

“အရှင်မိုးပြာရောင်မီးတောက်”

နဂါးဧကရာဇ်အထီးကျန်ပင်လယ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်ကို ဘာမှကြောက်နေစရာမရှိဘူး… ဒီတိုက်ပွဲမှာ ကျုပ်က တာအိုရောင်းရင်းနဝယင်အတွက် ကိုယ်တိုင်လက်စားချေပြီး အထီးကျန်သိုင်းသခင်ရဲ့ ဦးခေါင်းကို အရှင့်ထံ ဆက်သပေးပါမယ်”

သားရဲဧကရာဇ်မဟာဖန်းကလည်း ထပ်ပြောလိုက်၏။

“အရှင်မိုးပြာရောင်မီးတောက် ခင်းဗျားပြန်ရောက်လာပြီဆိုတော့ ကျုပ်တို့က သေချာပေါက် သွေးလိပ်ပြာကို သတ်ဖြတ်.. အရှေ့ဘက်အရိုင်းနယ်မြေကို ပြားကပ်အောင်လုပ်ပြီး လောကကို အုပ်စိုးနိုင်တော့မယ်”

“သေလိပ်ပြာကို သတ်ဖြတ်ဖို့လား”

ဧကရာဇ်မိုးပြာရောင်မီးတောက်က ညင်သာစွာပြုံးပြီး ခေါင်းခါပြလိုက်၏။

“မင်းတို့တွေ ဘာသိလို့လဲ”

“ငါက သူ့ကိုအသက်ရှင်လျက်ထားပြီး သူ့ကိုပြန်လည်ကုသဖို့ လုံလောက်တဲ့အချိန်ပေးထားတယ်ဆိုတာ ငါက သူ့ကို အသုံးချပြီး ငါ့ရဲ့ဓမ္မတာအိုကို ပိုမိုထက်ရှလာအောင် ပြုလုပ်ဖို့ပဲ… အဲလိုနဲ့ ငါက ရှေ့ကို ဆက်ပြီး တက်လှမ်းနိုင်လိမ့်မယ်”

“ငါက အရှေ့ဘက်အရိုင်းနယ်မြေကို သိမ်းပိုက်ချင်ရင် ငါက လုံလောက်တဲ့ခွန်အားကို စုဖွဲ့လိုက်တာနဲ့ ငါအဲဒါကို အချိန်မရွေးလုပ်လို့ရတယ်… သွေးလိပ်ပြာကို သတ်ဖြတ်တာက ဘာမှခက်ခဲတဲ့ကိစ္စမဟုတ်ဘူး”

သားရဲဧကရာဇ်မဟာဖန်းက ပြုံးပြလိုက်၏။

“လက်စသတ်တော့ ခင်ဗျားက သူ့ကို တကယ်အလေးအနက်မထားခဲ့ဘူးဘဲ”

“အရှင် ခင်ဗျားက သူ့ကို ဓားသွေးကျောက်လို အသုံးချနေရုံပဲကိုး”

ဧကရာဇ်မိုးပြာရောင်မီးတောက် ဖြည်းဖြည်းချင်းပြောလိုက်သည်။

“အဆက်မပြတ်တိုက်ပွဲတွေကနေပဲ ငါ့ရဲ့ မိုးပြာရောင်နဂါးမျိုးဆက်သွေးကို လုံးလုံးလျားလျားနှိုးဆွပြီး ငါ့ရဲ့ ဓမ္မတာအိုကို သူ့ရဲ့ အကန့်အသတ်ထိ မြှင့်တင်နိုင်လိမ့်မယ်”

ထိုနေရာအရောက်မှာ ဧကရာဇ်မိုးပြာရောင်မီးတောက်က မတ်တတ်ရပ်ပြီး သူ၏ မျက်လုံးများက တိုက်ပွဲဝင်စိတ်ဝိညာဉ်ဖြင့် ပြည့်နှက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲရှိသွေးချီက ထကြွလာပြီး နဂါးချီက သူ့ကို ရစ်သိုင်းထားလေသည်။

“လိပ်ပြာတစ်ကောင်က အခုချိန်ထိ ငါ့ကို တကယ်ပဲ ခုခံဆန့်ကျင်ရဲတယ်ပေါ့… ငါတို့နှစ်ယောက်ကြားမှာ အဲဒီခြေလှမ်းကို ဘယ်သူက အရင်ဆုံးလှမ်းနိုင်မလဲ ကြည့်ရသေးတာပေါ့”

ဧကရာဇ်မိုးပြာရောင်းမီးတောက်၏ အကြည့်က လေဟာနယ်အလွှာများကိ ထိုးဖောက်၍ အရှေ့ဘက်အရိုင်းနယ်မြေ၏ လိပ်ပြာတောင်ကြားပေါ် ဆင်းသက်သွားပုံရလေသည်။

All Chapters