ဧကရာဇ်တိုက်ပွဲ
Vol. 199 Ch. 2980
“ဂါး…”
တျဲယွဲ့ တိုက်ခိုက်လိုက်စဉ် မိုးကောင်းကင်ထက်ကနေ ကျယ်လောင်သော ဟိန်းဟောက်သံက ထွက်ပေါ်လာ၏။ မိုးပြာနဂါး၏ ဟိန်းဟောက်သံက မျိုးနွယ်စုတစ်သောင်းကို ဖိနှိမ်နိုင်လေသည်။
လောကမှာရှိသော သက်ရှိများအားလုံးသည် နဂါးဟိန်းဟောက်သံကို ကြားသွားသောအခါ သူတို့က သူတို့ဝိညာဉ်များ၏ အနက်ပိုင်းထဲရှိ တုန်လှုပ်ချောက်ချားမှုတစ်ခုကို ခံစားလိုက်ရ၏။
ဤသည်မှာ မျိုးဆက်သွေးဆိုင်ရာ ဖိနှိမ်မှုတစ်ရပ် ဖြစ်သည်။
မျိုးနွယ်စုတစ်သောင်း၏ ထိပ်ဆုံးမှာ ရပ်တည်နေသော ဟိန်းဟောက်သံဖြစ်လေသည်။ ထိုဟိန်းဟောက်သံတစ်သံမျှနှင့် မဟာအရိုင်းကမ္ဘာတစ်ခုလုံးက တစ်သိမ့်သိမ့် လှုပ်ခါသွား၏။ မြစ်များက တရုန်းရုန်းထကြွလာပြီး တောင်တန်းများက ပြိုကျသွားလေသည်။
အထွတ်အထိပ် ဧကရာဇ်တစ်ပါးနှင့် သူတို့ကြားမှာ အသန်မာဆုံးသူတစ်ယောက်အနေဖြင့် သာမန်ကာလျှံကာ ဟိန်းဟောက်သံတစ်သံနှင့်အတူ ဤကဲ့သို့ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုကို ထုတ်ဖော်နိုင်လေသည်။
လက်သီးနှင့် လက်ဝါးက ထိတွေ့ရိုက်ခတ်သွားသည်။
ဝုန်း…
ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာ၏။
လေဟာနယ်က ပေါက်ကွဲထွက်ပြီး ကျိန်းစပ်နေသော အလင်းလုံးတစ်လုံးက လက်သီးနှင့် လက်ဝါး ထိတွေ့ရိုက်ခတ်ရာနေရာကို ဗဟိုပြုပြီး ပစ်လွင့်ထွက်ပေါ်ကာ အဘက်ဘက်ကို လျင်မြန်စွာ ဖြန့်ကြက်၍ အရာရာတိုင်းကို ဖျက်ဆီးပစ်နေ၏။
သူတို့နှစ်ယောက်ကြား ပထမဆုံး ထိတွေ့ရိုက်ခတ်မှုက ဤကဲ့သို့ အဖျက်စွမ်းအား မြင့်မားသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။
တျဲယွဲ့နှင့် ဧကရာဇ်မိုးပြာရောင်မီးတောက်က ရုတ်တရက် နေရာကနေ ပျောက်ကွယ်သွားကြသည်။ သူတို့ ပြန်လည်ပေါ်ထွက်လာသည့်အခါ သူတို့သည် မဟာအရိုင်းကမ္ဘာ၏ အပြင်ဘက် ကြယ်တာရာကောင်းကင်ထဲသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ဤသည်က အထွတ်အထိပ် ဧကရာဇ်ပညာရှင်များ၏ တိုက်ပွဲနယ်မြေဖြစ်သည်။
ခုနှစ်ဆောင်ပြိုင် သားရဲဧကရာဇ်များက နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာပြီး လောက၏ အပြင်ဘက် ကြယ်တာရာကောင်းကင်ထဲသို့ ရောက်ရှိလာကြ၏။
သို့သော်လည်း ခုနှစ်ဆောင်ပြိုင် သားရဲဧကရာဇ်များက တိုက်ခိုက်ဖို့ အလောတကြီး ရှိမနေကြပေ။
ထိုအစား သူတို့က မလှမ်းမကမ်းမှာ မတ်တတ်ရပ်ပြီး စောင့်ကြည့်နေကြ၏။
ဧကရာဇ် မိုးပြာရောင်မီးတောက်က သူ၏ ဓမ္မတာအို မျိုးဆက်သွေးကို ပိုမိုထက်ရှစေဖို့ တျဲယွဲ့ကို အသုံးချလိုသည်ဆိုမှတော့ သူတို့ခုနစ်ယောက်က ဧကရာဇ်မိုးပြာရောင်မီးတောက် အန္တရာယ်မကျရောက်သရွေ့ ရပ်ကြည့်နေကြမည် ဖြစ်လေသည်။
ဧကရာဇ်မိုးပြာရောင်မီးတောက်၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူ့ကို အစိမ်းရောင်မီးတောက်များက လွှမ်းခြုံထားလေသည်။ သူ၏ နောက်ဘက်မှာ ပေတစ်ထောင် ရှည်လျားသော ဦးခေါင်းနှင့် ထက်ရှသော လက်သည်းများနှင့် ငွားငွားစွင့်စွင့် မြင့်မားသော မိုးပြာရောင်နဂါးတစ်ကောင်က တောက်လောင်ပြင်းပြသော အကြည့်နှင့်အတူ လွင့်မျောနေ၏။
တျဲယွဲ့၏ နောက်ဘက်မှာတော့ သွေးနီရောင်တောင်ပံ လိပ်ပြာတစ်ကောင်က ပေါ်ထွက်လာလေသည်။
ပေတစ်သောင်း ရှည်လျားသော မိုးပြာနဂါးနှင့် ယှဉ်လျှင် ဆယ်ပေသာရှိသော သွေးလိပ်ပြာက အရမ်းကို သေးငယ်နေ၏။ သို့သော်လည်း သူတို့၏ ထိပ်တိုက်ရင်ဆိုင်မှုမှာ သွေးလိပ်ပြာသည် အော်ရာချင်းယှဉ်လျှင် အရေးနိမ့်မှု မရှိပေ။
ဝုန်း… ဝုန်း… ဝုန်း…
သူတို့နှစ်ယောက်က နောက်တစ်ဖန် ထိတွေ့ရိုက်ခတ် တိုက်ခိုက်လိုက်ကြ၏။ သူတို့၏ သတ်ဖြတ်လိုစိတ်က တလိပ်လိပ်ထိုးတက်လာပြီး သူတို့၏ တိုက်ပွဲဝင်စိတ်ဝိညာဉ်က တဖွားဖွားထွက်ပေါ်လာ၏။
ကြယ်တာရာကောင်းကင်ကပင် လဲပြို၍ မရေအတွက်နိုင်သော ထူးဆန်းသည့် မြင်ကွင်းများကို ပေါ်ထွက်လာစေသည်။
နတ်နဂါးများက လှည့်ပတ်ပြီး လိပ်ပြာများက ကခုန်နေကြ၏။
လျှပ်စီးများက တစ်ဖျပ်ဖျပ်လက်ပြီး ကြယ်များက ကြေမွပျက်စီးကာ အာကာသတွင်းနက်တစ်ခုက ပေါ်ထွက်လာလေသည်။ သို့သော်လည်း အထွတ်အထိပ်ဧကရာဇ်နှစ်ဦးက အရမ်းကိုသန်မာပြီး ကြယ်တာရာကောင်းကင်ထဲမှ အာကာသတွင်းနက်ပင်လျှင် သူတို့ကို မဝါးမျိုနိုင်ပေ။
အာကာသတွင်းနက်က ပေါ်ထွက်လာသည့်ခဏမှာပင် ၎င်းသည် သူတို့နှစ်ယောက်ကြား တိုက်ပွဲကြောင့် ကြေမွပျက်စီးသွားသည်။
တိုက်ပွဲက အရမ်းကို ချောက်ချားစရာကောင်းပြီး သူတို့နှစ်ယောက် ထိတွေ့ဖလှယ်သည့်ခဏမှာပင် သွေးမြူခိုးများက တစ်လွှာပြီးတစ်လွှာ ပစ်လွင့်ထွက်ပေါ်လာ၏။
သူတို့နှစ်ယောက်စလုံးက တစ်ချိန်တည်းမှာ ထိခိုက်ဒဏ်ရာရရှိသွားကြ၏။
သို့သော်လည်း ဤကဲ့သို့သော ဒဏ်ရာများက သူတို့နှစ်ယောက်အတွက် ပြောပလောက်စရာ မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် တျဲယွဲ့က သူမ၏ အစွမ်းကုန်ဖြင့် တိုက်ခိုက်ခြင်းကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်သည်။
ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက သူစုဖွဲ့ထားသော မျိုးဆက်သွေးနယ်မြေ၏ အကူအညီနှင့်အတူ တျဲယွဲ့၏ စိတ်ဝိညာဉ်အသိစိတ်ကသာ ပေါ်ထွက်လာခဲ့လေသည်။ အဲဒါသည် တျဲယွဲ့၏ အစစ်အမှန်တိုက်ခိုက်ရည်ခွန်အားနှင့် များစွာ အလှမ်းကွာဝေးလွန်းသည်။
အထွတ်အထိပ် ဧကရာဇ်နှစ်ပါးသည် သူတို့၏ မျိုးဆက်သွေးများ၊ လျှို့ဝှက်အတတ်များနှင့် ဓမ္မတာအိုများကို အသုံးချကာ ကြယ်တာရာကောင်းကင်ထဲမှာ အဆက်မပြတ် တိုက်ခိုက်နေကြ၏။
မဟာအရိုင်းကမ္ဘာ၏ အပြင်ဘက်မှာရှိသော ကြယ်တာရာကောင်းကင်က ဇကာပေါက်ဖြစ်၍ အလင်းမိုးစက်များဖြင့် ပြည့်နှက်ကာ အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်သည့် ဓမ္မတာအို သမုဒ္ဒရာတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ဧကရာဇ်မိုးပြာရောင်မီးတောက်မှာ ခံ့ညားထည်ဝါသော အော်ရာတစ်ခုရှိပြီး လောကကို ပြိုင်ဘက်ကင်းအော်ရာနှင့်အတူ ငုံ့ကြည့်နေ၏။
တျဲယွဲ့က သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပြိုင်ဘက်ကင်း၍ သာလွန်ထူးခြားနေ၏။
မဟာအရိုင်းကမ္ဘာမှ သက်ရှိများသည် အပေါ်သို့မော့ကြည့်ပြီး ထိုမြင်ကွင်းကို တွေ့ရသောအခါ အရမ်းကို တုန်လှုပ်သွားကြသည်။
သိုင်းတာအိုပင်မခန္ဓာအနေဖြင့်လည်း အတူတူပင်ဖြစ်သည်။
သူတို့၏ တိုက်ပွဲမြေက မဟာအရိုင်းကမ္ဘာမှာ ဖြစ်မည်ဆိုလျှင် မဟာအရိုင်းကမ္ဘာတစ်ခုလုံးကပင် ဖျက်ဆီးခံရနိုင်လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်၏။ လက်ရှိ သူ၏ တိုက်ခိုက်ရည်ခွန်အားအရ သူသည် ဤအဆင့်တိုက်ပွဲမှာ ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိပေ။
ဒါ့အပြင် နဂါးဧကရာဇ်အထီးကျန်ပင်လယ်၊ သားရဲဧကရာဇ်မဟာဖန်းနှင့် အခြားသူများက သူ့ကို ပစ်မှတ်ထားလာကြပြီဖြစ်သည်။
သူတို့သည် မဟာအရိုင်းကမ္ဘာမှ အခြေအနေကို ထိန်းထားပြီး တျဲယွဲ့ကို ကြီးမားသော ဖိအားကနေ ကင်းလွတ်စေသည်နှင့် သူမကို သူတို့က ကူညီပေးရာရောက်လေသည်။
နောက်ဆုံးမှာတော့ နဂါးဧကရာဇ်အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ်မဟာဖန်းတို့က သူတို့၏ မိတ်ဆွေဟောင်းများနှင့် မတိုက်ခိုက်လိုကြသေးပေ။
သားရဲဧကရာဇ်နတ်ဆင်နှင့် အခြားသူများကို တိုက်ခိုက်ရမည့်အစား သူတို့က သိုင်းတာအိုပင်မခန္ဓာထံသို့ ပြေးဝင်လာကြသည်။
“မင်းမှာ ဘာနည်းလမ်းတွေ ရှိလဲ ကြည့်ရသေးတာပေါ့”
နဂါးဧကရာဇ်အထီးကျန်ပင်လယ်က ဟိန်းဟောက်လိုက်ပြီး သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာကာ သူ၏ မျိုးဆက်သွေးနယ်မြေကို လှည့်ပတ်လိုက်၏။
သားရဲဧကရာဇ်မဟာဖန်းကလည်း သူ၏ မျိုးဆက်သွေးနယ်မြေကို စုဖွဲ့ပြီး ရွှေရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားသည်။ သူက နဂါးဧကရာဇ်အထီးကျန်ပင်လယ်ထက်ပင် ပိုမိုမြန်ဆန်ပြီး သိုင်းတာအိုပင်မခန္ဓာရှေ့သို့ အရင်ဆုံးရောက်ရှိလာခဲ့သည်။ အရင်တုန်းက သူတို့နှစ်ယောက်သည် သိုင်းတာအိုပင်မခန္ဓာ တိုက်ခိုက်သည်ကို မြင်တွေ့ခဲ့ကြဖူးသည်။ သိုင်းတာအိုပင်မခန္ဓာသည် တစ်ခါက အန္တိမသားရဲဧကရာဇ်တစ်ပါးကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ဖူးပြီး သူတို့နှစ်ယောက်က သူ့ကို လျှော့မတွက်ရဲပေ။
သားရဲဧကရာဇ်စိတ်ဝိညာဉ်ဦးချို၊ သားရဲဧကရာဇ်ဖေးလျန်၊ သားရဲဧကရာဇ်ဟို့တူနှင့် အခြားသော အန္တိမသားရဲဧကရာဇ်များက သားရဲဧကရာဇ်နတ်ဆင်နှင့် သားရဲဧကရီအမြီးကိုးချောင်းတို့ကို တစ်ချိန်တည်းမှာ ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။
သာမန်သားရဲဧကရာဇ်များ၏ တိုက်ပွဲမြေမှာလည်း ကြီးမားသော တိုက်ပွဲတစ်ခု ပေါ်ထွက်လာခဲ့သည်။ မည်သည့်တိုက်ပွဲနယ်မြေမှာပင်ဖြစ်စေ… အပြာရောင်အဖွဲ့၏ သားရဲဧကရာဇ်များ၏ အရေအတွက်က အရှေ့ဘက်အရိုင်းနယ်မြေထက် များစွာသာလွန်နေပြီး ခွန်အားကွာဟချက်က ကြီးမားနေသည်။ တိုက်ပွဲဖြစ်ပွားလာသည့်ခဏမှာပင် အရှေ့ဘက်အရိုင်းနယ်မြေက အရေးနိမ့်သွားလေသည်။ သားရဲဧကရာဇ်နတ်ဆင်၊ သားရဲဧကရီအမြီးကိုးချောင်း၊ သားရဲဧကရာဇ်ပိုင်ကျဲနှင့် အခြားသူများက အပြာရောင်အဖွဲ့မှ ပညာရှင်များဖြင့် ဝိုင်းဖွဲ့ပိတ်ဆို့ခံထားရပြီး အရေးနိမ့်နေကြ၏။
ရွှေရောင်အလင်းတန်းတစ်ခုက ချက်ချင်းပင် ရောက်ရှိလာခဲ့သည်။
အဲဒါက အခြားသော အန္တိမသားရဲဧကရာဇ်ဘုရင်များသာဆိုလျှင် သူတို့သည် ထိုလှုပ်ရှားကွက်ကို ခုခံနိုင်ကြလိမ့်မည် မဟုတ်ပေ။
ဤသည်က ဖန်းမျိုးနွယ်၏ ပင်ကိုယ်နတ်ဘုရားစွမ်းအား ဖြစ်သည်။ ဖန်းမျိုးနွယ်ဝင်တစ်ဦးက သူတို့၏ အလျင်အဟုန်ကို ၎င်းတို့၏ အကန့်အသတ်အထိ လှည့်ပတ်လိုက်မည်ဆိုလျှင် ကျင့်ကြံမှုနယ်ပယ်တူမှာရှိသော သက်ရှိများသည် တုံ့ပြန်မှုအနည်းငယ် နှေးကွေးသွားသည်နှင့် နေရာမှာတင် သတ်ဖြတ်ခံရပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာက အလောတကြီးမရှိဘဲ သူ့လက်ကိုမြှောက်ပြီး သူ၏ လက်ဖဝါးကို ဖြန့်လိုက်၏။
သူ၏ လှုပ်ရှားမှုက မြန်ဆန်သည်ဟု မထင်ရပေ။
သို့သော်လည်း ဘာကြောင့်ရယ်မသိ ရွှေရောင်အလင်း သူ့ရှေ့သို့ရောက်ရှိလာသည့်အချိန်မှာ သူ့လက်ဖဝါးက အဲဒါကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်ပြီဖြစ်ပြီး ၎င်းက လုံးဝမလှုပ်ရှားနိုင်တော့ပေ။
သားရဲဧကရာဇ်မဟာဖန်း၏ ပုံရိပ်က ပေါ်ထွက်လာ၏။ သူက လက်ထဲမှာ ရွှေရောင်လှံတစ်လက်ကို ကိုင်ထားပြီး သူ့မျက်လုံးထဲရှိ တုန်လှုပ်မှုကို ဖုံးကွယ်မထားနိုင်ပေ။
အထီးကျန်သိုင်းသခင်သည် ဤတစ်ခေါက်မှာ သူ၏ တိုက်ခိုက်မှုကို တကယ်ပင် ခံနိုင်ရည်ရှိနေ၏။ ဒါ့အပြင် ထိုသူသည် သူ၏ ဧကရာဇ်လက်နက်ကို လက်ဗလာဖြင့် ဖမ်းဆုပ်ထားသည်။
ဒါက မည်ကဲ့သို့သော ကိုယ်ကာယမျိုးလဲ…
ဒါက မည်ကဲ့သို့သော စွမ်းအားမျိုးလဲ…
“ဂီး...”
သားရဲဧကရာဇ်မဟာဖန်းက သူ၏ ခေါင်းကိုမော့ပြီး ဟိန်းဟောက်လိုက်၏။ သူက သူ၏ အသံပိုင်းလျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်စဉ် သူ၏ အစစ်မှန်ပုံစံက ထွက်ပေါ်လာခဲ့လေသည်။
ဝေါ…
သားရဲဧကရာဇ်မဟာဖန်းက ဆတ်ခနဲတုန်ခါသွားပြီး ရွှေရောင်အလင်းတန်းနှင့် တောက်ပနေသော အတောင်ပံပေါင်းများစွာက ကွာကျလာပြီး မြားအစင်းပေါင်းထောင်ချီအဖြစ် ပြောင်းလဲကာ သိုင်းတာအိုပင်မခန္ဓာရှိရာသို့ စုပြုံတိုးဝင်လာသည်။
ရွှေရောင်တောင်ပံများသည် သိုင်းတာအိုပင်မခန္ဓာ၏ ရှောင်တိမ်းနိုင်သော နေရာလွတ်များအားလုံးကို ပိတ်ဆို့လိုက်၏။ တစ်ချိန်တည်းမှာပင် ပေတစ်သောင်းရှည်လျားသော နတ်နဂါးတစ်ကောင်က သူ၏ ဘေးမှာ ပေါ်ထွက်လာလေသည်။ အပေါ်စီးကနေ ၎င်းက ဧရာမနဂါးလက်သည်းများကို ဆန့်ထုတ်ပြီး ကုတ်ချလိုက်၏။
“ဂါး...”
အန္တိမသားရဲဧကရာဇ်နှစ်ဦး၏ တိုက်ခိုက်မှုမှာ သိုင်းတာအိုပင်မခန္ဓာက ရုတ်တရက် သူ၏ ပါးစပ်ကိုဖွင့်ဟပြီး သူ၏ အသံပိုင်းလျှို့ဝှက်အတတ် အသင်္ချေသက်ရှိများအသံကို ထုတ်ဖော်လိုက်လေသည်။
သက်ရှိပေါင်းမြောက်များစွာ၏ ဟိန်းဟောက်အော်ဟစ်သံများက လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။
မဟာအရိုင်းကမ္ဘာ၏ အပြင်ဘက် ကြယ်တာရာကောင်းကင်ထဲမှာ တိုက်ခိုက်နေသော ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် တျဲယွဲ့ပင်လျှင် တစ်ချက်လှမ်းကြည့်လိုက်ကြ၏။
အသင်္ချေသက်ရှိများအသံက ပေါက်ကွဲထွက်ပေါ်လာစဉ် အကြီးမားဆုံးရိုက်ခတ်မှုကို တွေ့ကြုံခံစားရသည်မှာ သိုင်းတာအိုပင်မခန္ဓာနှင့် အနီးဆုံးမှာရှိနေသော နဂါးဧကရာဇ်အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ်မဟာဖန်းတို့ ဖြစ်သည်။
သူတို့နှစ်ယောက်က ဆတ်ခနဲတုန်ယင်သွားပြီး သူတို့၏ မျက်လုံးများက ပြူးကျယ်သွားကြသည်။ ချက်ချင်းပင် သူတို့၏ မျက်လုံးများက နီရဲလာပြီး သူတို့၏ သွားများက ယိုင်နဲ့သွားလေသည်။ သူတို့၏ နားများထဲမှာ တဝီဝီအော်မြည်နေပြီး သူတို့၏ နှုတ်ခမ်းထောင့်ကနေ သွေးများက စီးကျလာ၏။
သူတို့နှစ်ယောက်က တုန်လှုပ်သွားကြသည်။
သူတို့သည် စောစောက သူတို့၏ အသံပိုင်းလျှို့ဝှက်အတတ်ကို ထုတ်ဖော်ပြီး ပျက်စီးထိခိုက်မှုအများစုကို ပိတ်ဆို့တားဆီးထားခြင်းကြောင့် မဟုတ်လျှင် ထိုအသံပိုင်းလျှို့ဝှက်အတတ်တစ်ခုတည်းကပင် သူတို့၏ ဒွာရခုနစ်ပေါက်မှ သွေးများကို စီးကျလာစေပေလိမ့်မည်။
ဒီလူက လွန်ခဲ့တဲ့ နှစ် ၈၀၀ကထက်ပင် ပိုမိုသန်မာလာသည့်ပုံပင်။
ထိုအတွေးက သူတို့၏ စိတ်ထဲမှာ ပေါ်ထွက်လာသည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာ၏ တန်ပြန်တိုက်ခိုက်မှုက ရောက်ရှိလာခဲ့ပြီဖြစ်သည်။
အဲဒါသည် မီးတောင်တစ်လုံး ပေါက်ကွဲထွက်ပေါ်လာသလို ပင်လယ်ထဲမှာ မုန်တိုင်းထန်လာသလို ရပ်တန့်တားဆီး၍ မရနိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်လိုက်၏။
သူ၏ လက်ဖဝါးထဲရှိ ရွှေရောင်လှံက တုန်ခါသွားလေသည်။ ဒါ့အပြင် သားရဲဧကရာဇ်မဟာဖန်းသည် အသင်္ချေသက်ရှိများအသံဖြင့် ထိခတ်ခံထားရပြီး အနည်းငယ် စိတ်အာရုံပျံ့လွင့်နေ၏။ သူက လုံးဝတောင့်မခံနိုင်ဘဲ သူ့လက်ထဲရှိ ရွှေရောင်လှံသည် သိုင်းတာအိုပင်မခန္ဓာ၏ လုယူခြင်းခံလိုက်ရလေသည်။
သူတုံ့ပြန်လာသည့်အချိန်မှာ ရွှေရောင်လှံက ပို၍ပင်ကြောက်စရာကောင်းသော အလျင်အဟုန်ဖြင့် သူ့ထံသို့ နောက်ပြန်တိုးဝင်လာခဲ့ပြီဖြစ်သည်။
သားရဲဧကရာဇ်မဟာဖန်းက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ရူးသွပ်စွာ လှည့်ပတ်ပြီး သူ၏ မူပိုင်ဧကရာဇ်လက်နက်ကို ထိန်းချုပ်ဖို့ ကြိုးစားကာ အသည်းအသန် ရှောင်တိမ်းလိုက်လေသည်။
ဖောက်...
သူက သေကွင်းသေကွက်ကို ရှောင်တိမ်းလိုက်နိုင်သော်လည်း သူ၏ တောင်ပံများက သူ၏ ဧကရာဇ်လက်နက်ဖြင့် ချက်ချင်းပင် ထိုးဖောက်ခံလိုက်ရဆဲဖြစ်ပြီး သွေးများက တလိပ်လိပ်တိုးထွက်လာ၏။
ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ရွှေရောင်လှံ၏ နောက်ကနေ သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးက ကပ်လျက်လိုက်ပါလာခြင်း ဖြစ်လေသည်။