← Chapters

ဦးချိုစံအိမ်၏ သေဆုံးမှု

Vol. 199 Ch. 2984

ဦးချိုစံအိမ်၏ သေဆုံးမှု

Vol. 199 Ch. 2984

လက်ရှိအခြေအနေအရ သူမသည် သားရဲဧကရာဇ်ဦးချိုစံအိမ်ကို ဆက်လက်၍ ဂရုမစိုက်နိုင်တော့ပေ။ သူမကိုယ်တိုင်က ဤနေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်မည်ဆိုလျှင်ပင် အလွန်တရာကံကောင်းလှပြီဖြစ်သည်။

အား…

သားရဲဧကရီနှလုံးသားစံအိမ်က ခပ်စူးစူးအော်ဟစ်ပြီး လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။ သူမ၏ နောက်ဘက်ရှိ မြေခွေးအမြီးကိုးချောင်းက သွေးများနှင့်လျင်မြန်စွာ ပွယောင်းလာခဲ့၏။

ထို့နောက် ချက်ချင်းပင် သွေးနီရောင်မြေခွေးအမြီးတစ်ချောင်းက ရုတ်တရက်ပေါက်ကွဲထွက်သွားပြီး အဆုံးမဲ့သွေးမြူတစ်ခု ပန်းထွက်ကာ မဟာအရိုင်းကမ္ဘာ၏ ကောင်းကင်တစ်ဝက်ကို နီစွေးသွားစေ၏။

ဤသည်က အထွတ်အထိပ်သားရဲဧကရာဇ်တစ်ပါး၏ သွေးဖြစ်သည်။

အောက်ဘက်ရှိတိုက်ပွဲနယ်မြေမှာ ဘီလီနှင့်ချီသော သက်ရှိများသည် တုန်လှုပ်နေသော အမူအရာများနှင့် သူတို့၏ ခေါင်းများကို အလိုလိုမော့ကာ ကြည့်လိုက်ကြ၏။

ပေပေါင်းတစ်သောင်းရှည်လျားသော မိုးပျံမြွေနဂါးတစ်ကောင်သည် သေးငယ်ပုံရသော ခရမ်းရောင်ဝတ်ပုံရိပ်၏ ခြေဖဝါးအောက်မှာ နင်းချေခံနေရသည်။ ၎င်းသည် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ရိုက်နှက်ခံထားရပြီဖြစ်ပြီး အားအင်ချိနဲ့စွာဖြင့် တွန့်လိမ်နေ၏။

အမြီးကိုးချောင်းသားရဲမြေခွေးက ဧရာမဂိတ်တံခါးတစ်ချပ်ဖြင့် ဖိနှိမ်ခံထားရပြီး သူမ၏ အမြီးတစ်ချောင်းကိုပင် အတင်းအကျပ်ဖြတ်တောက်လိုက်ရလေသည်။

အပြာရောင်အဖွဲ့၏ ဘီလီယံနှင့်ချီသော သားရဲစစ်သည်များက နောက်သို့ဆုတ်ခွာဖို့ကို စိတ်ကူးလာကြပြီဖြစ်သည်။

သူတို့ထဲမှ တချို့က စတင်၍ပင် ဆုတ်ခွာနေကြလေပြီ။

မဟာအရိုင်းကမ္ဘာ၏ အပြင်ဘက်မှာ ဧကရာဇ်မိုးပြာရောင်မီးတောက်က ဆုတ်ခွာနေသည်ကို သူတို့က ရှင်းရှင်းလင်းလင်းတွေ့မြင်ရသည်။

မဟာအရိုင်းကမ္ဘာတိုက်ပွဲမြေမှာ အထီးကျန်သိုင်းသခင်သည် အန္တိမသားရဲဧကရာဇ်ဆယ်ပါးကျော်ကို သတ်ဖြတ်ထားလေသည်။

သူက တကယ့်ကို ပြိုင်ဘက်ကင်းနေပြီး အရာရာတိုင်းကို ဖိနှိမ်နိုင်နေ၏။

သားရဲဧကရီနှလုံးသားစံအိမ်က လျှို့ဝှက်အတတ်တစ်ခုကိုသုံးပြီး မြေခွေးအမြီးတစ်ချောင်းကို ဖြတ်တောက်လိုက်လေသည်။ နောက်ဆုံးမှာ သူမသည် နေရာလွတ်တစ်ခုကို ရရှိသွားပြီး ဂိတ်တံခါးနှစ်ချပ်၏ အုပ်မိုးမှုကနေ ရုန်းထွက်ကာ ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသူများရှိရာဘက်သို့ ပြေးထွက်သွားလေသည်။

“အထီးကျန်သိုင်းသခင် နားထောင်”

“နောက်ကျရင် ငါ့ရဲ့ ပြတ်တောက်သွားတဲ့အမြီးအတွက် နင့်ကိုသေချာပေါက် လက်စားချေမယ်”

သားရဲဧကရီနှလုံးသားစံအိမ်၏ အသံက အလွန်တရာစူးရှနေ၏။ ထိုအသံသည် ယခင်ကကဲ့သို့ ဆက်လက်၍ နူးညံ့သိမ်မွေ့မနေတော့ဘဲ မုန်းတီးမှုဖြင့် ပြည့်နှက်နေသည်။

သိုင်းတာအိုပင်မခန္ဓာက ပြန်မဖြေဘဲ သူမကို အေးစက်စွာသာ ကြည့်လိုက်၏။ သူက ခွန်အားကို နောက်တစ်ဖန်ပို့လွှတ်ပြီး ငရဲဖိနှိမ်မီးဖိုကို ကိုင်မြှောက်ကာ သူ့ခြေဖဝါးအောက်မှာရှိသော သားရဲဧကရာဇ်ဦးချိုစံအိမ်ကို ပစ်ရိုက်ချလိုက်၏။

ဘုန်း

ဤတစ်ခေါက်မှာ သားရဲဧကရာဇ်ဦးချိုစံအိမ်၏ ဦးခေါင်းအပေါ်ပိုင်းက နောက်ဆုံးမှာကြေမွသွားပြီး သွေးသံရဲရဲအပေါက်တစ်ပေါက်ပေါ်ထွက်လာ၏။

သားရဲဧကရာဇ်ဦးချိုစံအိမ်၏ အမြုတေစိတ်ဝိညာဉ်ကလည်း ကြေမွသွားပြီဖြစ်သည်။

ခုနှစ်ဆောင်ပြိုင်သားရဲဧကရာဇ်များထဲမှတစ်ဦး သားရဲဧကရာဇ်ဦးချိုစံအိမ်က နေရာမှာပင် သေဆုံးသွားခဲ့လေသည်။

သားရဲဧကရီနှလုံးသားစံအိမ်က ထွက်ပြေးချင်သော်လည်း သိုင်းတာအိုပင်မခန္ဓာက သူမကိုလွှတ်ပေးဖို့ စိတ်ကူးမရှိပေ။

သိုင်းတာအိုပင်မခန္ဓာသည် သားရဲဧကရာဇ်ဦးချိုစံအိမ်၏ ဧရာမမြွေနဂါးအလောင်းကို လက်တစ်ဖက်ဖြင့်ကိုင်ပြီး အခြားလက်တစ်ဖက်ဖြင့် ငရဲဖိနှိမ်မီးဖိုကို ကိုင်ဆွဲထား၏။ သူ၏ အနက်ရောင်ဆံပင်က ကခုန်နေပြီး သူ၏ မျက်လုံးထဲမှာ ခရမ်းရောင်မီးတောက်များက လောင်ကျွမ်းနေ၏။ သူက လေထဲသို့ခုန်တက်ပြီး သားရဲဧကရီနှလုံးသားစံအိမ်ရှိရာသို့ ပြေးလိုက်သွားလေသည်။

ဧကရာဇ်မိုးပြာရောင်မီးတောက်၊ ကျန်ရှိနေသော ခုနှစ်ဆောင်ပြိုင်သားရဲဧကရာဇ်တွေထဲမှငါးဦးနှင့် တျဲယွဲ့ပင်လျှင် တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး လှည့်ကြည့်လာကြ၏။

ထိုမြင်ကွင်းက တကယ့်ကို တုန်လှုပ်စရာကောင်းသည်။

သိုင်းတာအိုပင်မခန္ဓာသည် ယခုတင် အထွတ်အထိပ်သားရဲဧကရာဇ်တစ်ဦး.. ထပ်ပြီးပြောရလျှင် ခုနှစ်ဆောင်ပြိုင်သားရဲဧကရာဇ်တွေထဲမှတစ်ဦးကို သတ်ဖြတ်ပြီး ပေတစ်သောင်းရှည်လျားသော မိုးပြာရောင်မြွေနဂါး၏ ခန္ဓာကိုယ်နှင့်အတူ ရှေ့သို့ပြေးဝင်လာလေသည်။

သူ၏ အော်ရာက တကယ့်ကို သန်မာနေ၏။

ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသူများ၏ အမူအရာက အလွန်တရာပျက်ယွင်းနေကြသည်။

သူတို့သည် တျဲယွဲ့နှင့် အကြိမ်ရေအနည်းငယ်တိုက်ခိုက်ခဲ့ကြ၏။ သူတို့သည် အကြိမ်တိုင်းမှာ ဒဏ်ရာရရှိပြီး ပြန်သွားခဲ့သော်လည်း သူတို့၏ အသက်များက ဘယ်တုန်းကမှ အန္တရာယ်မကျရောက်ခဲ့ပေ။

ယခု သူတို့သည် ဤကဲ့သို့ကြီးမားသော ထိုးနှက်ချက်တစ်ခုနှင့် ကြုံတွေ့လိုက်ရလေပြီ။

သူတို့သည် ဤတစ်ခေါက်မှာ တျဲယွဲ့ကို ဒဏ်ရာအပြင်းအထန်မရရှိစေရုံသာမက သားရဲဧကရာဇ်ဦးချိုစံအိမ်ကပင် မဟာအရိုင်းကမ္ဘာမှာ သတ်ဖြတ်ခံလိုက်ရသည်။

ဧကရာဇ်မိုးပြာရောင်မီးတောက်က လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ပြီး သူ၏ ဦးခေါင်းထက် ကြယ်တာရာကောင်းကင်ကို ထိုးညွှန်လိုက်၏။

ချက်ချင်းပင် ဧရာမအက်ကွဲကြောင်းတစ်ခုက အထက်မှာပေါ်ထွက်လာပြီး အလင်းရောင်ခြည်များကို ဖြာထုတ်ပေးနေ၏။

ရောင်စုံအလင်းတစ်ခုက ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသူများပေါ်ဆင်းသက်၍ သူတို့ကို လွှမ်းခြုံကာ ကြယ်တာရာကောင်းကင်ထဲရှိ အက်ကွဲကြောင်းထဲသို့ သူတို့ကို လျင်မြန်စွာဆွဲယူသွင်းနေ၏။

သိုင်းတာအိုပင်မခန္ဓာ၏ အော်ရာက ၎င်း၏ အထွတ်အထိပ်မှာရှိနေသည်။ သူရောက်ရှိလာသည့်အခါ သူက တွေဝေတုံ့ဆိုင်းမရှိဘဲ လေထဲသို့ ခုန်တက်လိုက်၏။

“ဆက်မလိုက်နဲ့တော့”

တျဲယွဲ့၏ အသံက သူ၏ စိတ်ထဲမှာ ပေါ်ထွက်လာ၏။

သိုင်းတာအိုပင်မခန္ဓာ၏ ရင်ထဲတွင် တွေဝေရှုပ်ထွေးမှုတစ်ခု ပေါ်ထွက်လာ၏။

သူနှင့် တျဲယွဲ့သည် အသာစီးရရှိထားပြီး တစ်ဖက်အဖွဲ့က လူတစ်ယောက်ကို ဆုံးရှုံးထားရသည်။

ယခု အချိန်သည် သူတို့ကို အမဲလိုက်ဖို့အတွက် အကောင်းဆုံးချိန်ဖြစ်လေသည်။

သူက သူတို့ကို ဘာ့ကြောင့်လွှတ်ပေးရမှာလဲ။

သူက အဲဒါကို စဉ်းစားမရဖြစ်နေ၏။

ကြယ်တာရာကောင်းကင်ထက် အက်ကွဲကြောင်းထဲကနေတစ်ဆင့် သိပ်သည်းပြင်းထန်သောဖိအားတစ်ရပ် သူ့ပေါ်သို့ လွှမ်းခြုံကျဆင်းလာသည်ကို ခံစားလိုက်ရ၏။

သူက အဲဒါကို လုံးဝ မခုခံနိုင်ပေ။

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်ကြုတ်ပြီး တျဲယွဲ့၏ ဘေးသို့ ဖြည်းဖြည်းချင်းဆင်းသက်လိုက်ရ၏။

ပုံရိပ်နှစ်ခုကလည်း လေထဲသို့ပျံတက်ပြီး ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသူများရှိရာဘက်သို့ ပြေးလိုက်သွားလေသည်။ သူတို့က နဂါးဧကရာဇ်အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ်မဟာဖန်းဖြစ်လေသည်။

“အရှင်မိုးပြာရောင်မီးတောက်... ကျုပ်ကိုခေါ်သွားပါဦး”

နဂါးဧကရာဇ်အထီးကျန်ပင်လယ်က ပြေးလိုက်လာရင်း လှမ်းအော်ပြောလိုက်၏။

“ကျုပ်က ပကတိဧကရာဇ်နယ်ပယ်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်... ကျုပ်က လုံလောက်တဲ့ အရင်းအမြစ်တွေကို ရတာနဲ့...”

နဂါးဧကရာဇ်အထီးကျန်ပင်လယ်သည် အပြာရောင်အဖွဲ့သို့ ဝင်ရောက်ဖို့ရွေးချယ်သည်မှာ ထိုသူ၏ ခွန်အားကြောင့်သာလျှင် မဟုတ်ပေ။

ဧကရာဇ်မိုးပြာရောင်မီးတောက်ကို စဉ်းစားကြည့်၍မရနိုင်အောင်ကြီးမားသည့် အဖွဲ့အစည်းတစ်ခုက နောက်ခံပေးထားနိုင်သည်ကို သူတို့နှစ်ယောက်က ခန့်မှန်းမိခဲ့သောကြောင့်ဖြစ်သည်။

အပြာရောင်အဖွဲ့သည် ထိုအဖွဲ့အစည်း၏ ရေခဲတောင်ထိပ်စွန်းမျှသာဖြစ်ပေလိမ့်မည်။

ဤအဖွဲ့အစည်းသည် ထူးခြားအံ့မခန်းဖြစ်ပြီး အဆုံးမဲ့ကျင့်ကြံရေးအရင်းအမြစ်များ ရှိနေသည်။

သူတို့သည် အပြာရောင်အဖွဲ့ထံ အညံ့ခံခဲ့ရသည့် အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ သူတို့သည် အပြာရောင်အဖွဲ့နှင့် ထိုကြီးမားသောအဖွဲ့အစည်းထံ ဝင်ရောက်ခွင့်ရဖို့ မျှော်လင့်ထားသောကြောင့်ဖြစ်သည်။

သို့သော်လည်း သူတို့နှစ်ယောက်သည် မကြာသေးခင်ကမှ အညံ့ခံထားပြီး မည်သည့်အကျိုးဆောင်မှုမှ ပြုလုပ်မထားရသေးပေ။ ထို့ကြောင့် သူတို့အနေဖြင့် ဧကရာဇ်မိုးပြာရောင်မီးတောက်ထံ ထိုအကြောင်းနှင့်ပတ်သက်ပြီး ပြောဆိုဖို့က မသင့်လျော်ခဲ့ပေ။

သို့သော်ယခု သူတို့က မပြောဆိုဘူးလျှင် သူတို့မှာ နောက်ထပ်အခွင့်အရေးထပ်ရှိတော့မည် မဟုတ်ပေ။

ဧကရာဇ်မိုးပြာရောင်မီးတောင်နှင့် အခြားသူများက နောက်တစ်ဖန်ထွက်ခွာသွားတော့မည်ဖြစ်သည်။

သူတို့နှစ်ယောက်က မဟာအရိုင်းကမ္ဘာမှာ ကျန်နေခဲ့မည်ဆိုလျှင် သူတို့သည် အထီးကျန်သိုင်းသခင်ကိုမပြောနှင့် တျဲယွဲ့ကိုပင် ရင်ဆိုင်ရဲတော့မည် မဟုတ်ပေ။

အထီးကျန်သိုင်းသခင်၏ စောစောက အပြုအမူသည် သူတို့နှစ်ယောက်ကို လုံးဝတုန်လှုပ်သွားစေခဲ့ပြီဖြစ်သည်။

ဒါ့အပြင် ဤသည်က သူတို့အတွက် ပိုမိုကောင်းမွန်သောအခွင့်အလမ်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်လေသည်။

ခုနှစ်ဆောင်ပြိုင်သားရဲဧကရာဇ်များထဲမှတစ်ဦး သားရဲဧကရာဇ်ဦးချိုစံအိမ်သေဆုံးသွားခြင်းနှင့်အတူ နေရာတစ်ခု လစ်လပ်သွားသည်။

နဂါးဧကရာဇ်အထီးကျန်ပင်လယ်သည်လည်း နဂါးမျိုးနွယ်မှဖြစ်လေသည်။ ထိုလစ်လပ်သွားသောနေရာအတွက် သူ့ထက်ပိုပြီး သင့်တော်သည့်သူကို သူက စဥ်းစားမရပေ။

ဧကရာဇ်မိုးပြာရောင်မီးတောက်က ကြယ်တာရာကောင်းကင်၏ အက်ကွဲကြောင်းထဲမှာ မတ်တတ်ရပ်ပြီး နဂါးဧကရာဇ်အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ်မဟာဖန်းကို အေးစက်စွာ ငုံ့ကြည့်နေ၏။

နဂါးဧကရာဇ်အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ်မဟာဖန်းက သူတို့နောက်သို့ လိုက်မီဖို့ကို အာရုံစိုက်ထားပြီး ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသူများ၏ အကြည့်များကို သတိမထားမိကြပေ။

ထိုအကြည့်များက အလွန်တရာအေးစက်နေ၏။

တကယ်ဆို ခုနှစ်ဆောင်ပြိုင် သားရဲဧကရာဇ်များထဲမှ တချို့၏ အကြည့်မှာ နက်ရှိုင်းသော သတ်ဖြတ်လိုစိတ်ပင် ပါဝင်နေလေသည်။

သူတို့နှစ်ယောက်သည် သတင်းအချက်အလက်အမှားကိုပေးပြီး အထီးကျန်သိုင်းသခင်ကို ဘာမှကြောက်စရာမရှိဟု ဆိုခဲ့ခြင်းကြောင့်မဟုတ်လျှင် သားရဲဧကရာဇ်ဦးချိုစံအိမ်သည် မဟာအရိုင်းကမ္ဘာမှာ သေချင်မှသေခဲ့ရပေလိမ့်မည်။

“သေစမ်း”

ရုတ်တရက် ဧကရာဇ်မိုးပြာရောင်မီးတောက်က စကားတစ်ခွန်းပြောပြီး သူ၏ လက်ကို အောက်သို့ဖိချလိုက်၏။

အလင်းတန်းတစ်ခုက ကောင်းကင်ထက်ကနေဆင်းသက်လာပြီး နဂါးဧကရာဇ်အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ်မဟာဖန်းတို့၏ ခန္ဓာကိုယ်များကို အလယ်ကနေနှစ်ပိုင်းလှီးဖြတ်ကာ ကြယ်တာရာကောင်းကင်ကို သွေးများဖြင့် နီစွေးသွားစေသည်။

နဂါးအထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ်မဟာဖန်း၏ ခန္ဓာကိုယ်များက ဖြည်းဖြည်းချင်းကျဆင်းလာ၏။ သူတို့က ဝေးသည်ထက်ဝေးကွာသွားသော ကြယ်တာရာကောင်းကင်ထဲမှ ပုံရိပ်များကို ကြည့်ပြီး တွေဝေရှုပ်ထွေးနေကြ၏။

ဘာလို့လဲ...

သူတို့က အညံ့ခံ​ခဲ့ပြီးလေပြီ။

“မင်းတို့ပုရွက်ဆိတ်နှစ်ကောင်... ငါ့နောက်ကိုလိုက်ဖို့ မထိုက်တန်ဘူး”

အမျက်ဒေါသနှင့်ပြည့်နှက်နေသော ဧကရာဇ်မိုးပြာရောင်မီးတောက်၏ အသံက ထွက်ပေါ်လာ၏။

သားရဲဧကရာဇ်ဦးချိုစံအိမ်သည် ယခုတင်သေဆုံးသွားပြီး ဧကရာဇ်မိုးပြာရောင်မီးတောက်သည် ကြီးမားသောပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့ရကာ သူ၏ အမျက်ဒေါသများကို ဖွင့်ထုတ်စရာနေရာမရှိဖြစ်နေ၏။ သူတို့နှစ်ယောက်သည် သူတို့နောက်သို့ပြေးလိုက်လာခြင်းဖြင့် သက်သက်သေချင်နေခြင်းသာဖြစ်သည်။

ထိုစကားကိုကြားသောအခါ နဂါးဧကရာဇ်အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ်မဟာဖန်းတို့သည် သူတို့၏ ပတ်သက်ဆက်နွယ်မှုများကို နောက်ဆုံးဖြတ်တောက်ခဲ့စဥ်က သူတို့ကို တျဲယွဲ့ပြောခဲ့သည့် နောက်ဆုံးစကားကို အမှတ်ရသွား၏။

“မိုးပြာရောင်မီးတောက်မှာ ထူးခြားတဲ့နောက်ခံနဲ့ကြောက်စရာကောင်းတဲ့မျိုးဆက်သွေးရှိတယ်... သူက သက်ရှိတွေအားလုံးကို ပုရွက်ဆိတ်တွေလို ပြုမူဆက်ဆံတယ်... နင်က နဂါးမျိုးနွယ်ကဆိုပေမယ့် သူ့မျက်လုံးထဲမှ ဘာမှကွာခြားမှာ မဟုတ်ဘူး”

“အပြာရောင်အဖွဲ့က နင်တို့အတွက် ကောင်းမွန်တဲ့နေရာတစ်ခုဟုတ်ချင်မှဟုတ်လိမ့်မယ်... နောက်ကျရင်ဂရုစိုက်ကြ”

သူတို့နှစ်ယောက်သည် ထိုအချိန်တုန်းက ထိုစကားများနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောခဲ့ခြင်းမရှိဘဲ အဲဒါကို စိတ်ထဲမှာ ထည့်မှတ်မထားခဲ့ပေ။

ယနေ့မှာ ထိုစကားများက အမှန်တရားဖြစ်လာခဲ့လေပြီ။

နဂါးဧကရာဇ်အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ်မဟာဖန်း၏ အမြု​တေစိတ်ဝိညာဥ်များက စတင်၍ပျက်ပြယ်လာခဲ့ပြီဖြစ်သည်။

နောက်ဆုံးမှာ သူတို့နှစ်ယောက်သည် တျဲယွဲ့ရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။

သူတို့၏ မျက်လုံးများက မလုံမလဲဖြစ်မှု၊ နောင်တရမှုနှင့် သူတို့ကိုယ်သူတို့အပြစ်တင်မှု့ဖြင့် ပြည့်နှက်နေ၏။

ကံဆိုးစွာနှင့်ပင် ထိုနောင်တက နောက်ကျသွားခဲ့ပြီဖြစ်​သည်။

တျဲယွဲ့က ထိုသည်ကိုတွေ့မြင်သောအခါ သူမက မျက်လွှာချပြီး သက်ပြင်းချလိုက်၏။

မည်သို့ပင်ဆိုစေ သူတို့နှစ်ယောက်သည် သူမနောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့ဖူးလေသည်။ သူတို့သည် နှုတ်ဆက်လမ်းခွဲခဲ့ပြီးပြီဖြစ်သော်လည်း သူမသည် သူတို့နှစ်ယောက်၏ နောက်ဆုံးရလဒ်ကို တွေ့မြင်သောအခါ သက်ပြင်းချလိုက်မိလေသည်။

All Chapters