← Chapters

အခန်း(၁၆၂၁-၁၆၂၃)

Vol. 109 Ch. 1621-1623

အခန်း(၁၆၂၁-၁၆၂၃)

Vol. 109 Ch. 1621-1623

အဆတစ်ရာစနစ် စာစဥ်(၁၀၉)

အခန်း(၁၆၂၁)

ထျန်းလဲ့ဂိုဏ်းမှ လဲ့ခွမ်းနှင့် နယ်မြေ၄ခုမှ အခြားသော ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ၇ဦးသည် ကျန်းချန်ကို ဝိုင်းရံထားခဲ့ကြသည်။

"ကျန်းချန် ဒီနေ့က မင်းရဲ့အဆုံးသတ်နေ့ပဲ"

လဲ့ခွမ်းက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

ထိုနေ့က လဲ့ခွမ်းသည် ဝူရှို့နတ်သစ်သီးကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ပြီး သူ၏ အပိုင်အဖြစ် သတ်မှတ်ခဲ့သည်။

သို့သော်လည်း အဆုံးသတ်တွင် ကျန်းချန်က လုယူသွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ထိုမျှသာမက ကျန်းချန်၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ပြန်လည်သက်သာလာရန် ၅ရက်ခန့် ကုသခဲ့ရသည်။

ယခု ကျန်းချန်ကို ထပ်မံ မြင်တွေ့ရသောအခါတွင် ကျန်းချန်က အလယ်အလတ် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်ကနေ အဆင့်မြင့် ပကတိနတ်ဘုရား အဆင့်အထိ တိုက်ရိုက် အဆင့်တက်သွားသည်ကို မြင်လျှင် လဲ့ခွမ်းသည် ပို၍ပင် အံ့သြထိတ်လန့်သွားခဲ့သည်။

ထိုကဲ့သို့ အချိန်တိုအတွင်း အဆင့်တက်လှမ်းနိုင်ခဲ့ခြင်းမှာ သံသယဖြစ်ဖွယ်ရာ မရှိလောက်အောင်ပင် ဝူရှို့နတ်သစ်သီးနှင့် ဆက်စပ်နေလောက်၏။

ထိုအကြောင်းကို တွေးမိလျှင် လဲ့ခွမ်းသည် ရူးသွပ်မတတ်ပင် ဒေါသထွက်လာခဲ့သည်။

သူသာ ဝူရှို့နတ်သစ်သီးကို ရရှိခဲ့လျှင် အနည်းဆုံး ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အလယ်အလတ်အဆင့်ကို ထိုးဖောက်နိုင်ပြီး ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နှောင်းပိုင်းအဆင့်ကိုပင် ထိုး‌ဖောက်နိုင်ရန်အတွက် မျှော်လင့်ချက်မရှိဟု ဆို၍ မရပေ။

"င့ါဆီကနေ ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရတဲ့ကောင်က ဘာတွေ လေလုံးထွားနေတာလဲ"

ကျန်းချန်က လဲ့ခွမ်းကို မထီမဲ့မြင်ပြုံး၍ ကြည့်ကာ ခနဲ့လိုက်သည်။

"မင်းက ဒီကောင်တွေရဲ့ အကူအညီကို ရတာနဲ့ ငါ့ကို ရင်ဆိုင်နိုင်မယ်လို့ ထင်နေတာလား"

လက်ရှိအချိန်တွင် သူသည် ဓားလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို နားလည်ပြီး အဆင့်မြင့် ပကတိနတ်ဘုရားအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။

နယ်မြေ၄ခုမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့် ပါရမီရှင်ဖြစ်ခဲ့လျှင်မူ သူ့အတွက်ပြဿနာအချို့ ဖြစ်ကောင်း ဖြစ်စေနိုင်သည်။

သို့ရာတွင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အစောပိုင်းအဆင့်နှင့် အလယ်အလတ် အဆင့်များကို ရင်ဆိုင်ရန်အတွက်မူ သူ့အနေဖြင့် လုံးဝ စိုးရိမ်မှုမရှိခဲ့ပေ။

ကျန်းချန်၏ မောက်မာသော စကားကိုကြားလျှင် ကြယ်သင်္ကေတ နယ်မြေမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အလယ်အလတ်အဆင့် ကျင့်ကြံသူသည် နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

"ငါတို့ မင်းကို ရင်ဆိုင်နိုင်မလားဆိုတာ မင်းစမ်းကြည့်ရင် သိရပါလိမ့်မယ်"

"အပိုစကားတွေ ပြောနေတာရပ်ပြီး သူ့ကို သတ်ကြစို့"

စန်းရှန်နယ်မြေမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အလယ်အလတ်အဆင့် ကျင့်ကြံသူဖြစ်သည့် အရပ်ရှည်ရှည်နှင့်လူငယ်သည် ဒေါသထွက်လွယ်သူ ဖြစ်သည်။

သူက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏လက်များကို အလျင်အမြန် ဝှေ့ယမ်းလိုက်၏။

"ဝုန်း.."

ရုတ်တရက် လေထုထဲကနေ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

မကြာမီမှာပင် မိုးကြိုးတောင်တန်း တစ်ခုသည် ဥက္ကာခဲ ကျဆင်းလာသကဲ့သို့ လေထုထဲကနေ ကျဆင်းလာခဲ့ပြီး ပတ်ဝန်းကျင် နေရာလွတ်ကိုပင် တုန်ခါသွားစေခဲ့၏။

"ဒီတိုက်ကွက်လောက်နဲ့များ ငါနဲ့ ယှဥ်ချင်သေးတယ်"

ကျန်းချန်က အရေးမစိုက်သော အမူအရာဖြင့် သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး လေထုထဲကနေ ဆင်းသက်လာသော မိုးကြိုးတောင်တန်းကို ရိုက်ခွဲလိုက်ရာ မိုးကြိုးတောင်တန်းက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့၏။

"မင်းတို့ကို နောက်ဆုံး အခွင့်အရေးပေးမယ်.. ငါနတ်ဘုရင်လမ်းဆီ တက်လှမ်းတာကို အနှောင့်အယှက် မပေးသ၍ မင်းတို့ကို ငါ အသက်ချမ်းသာပေးနိုင်တယ်.. ဒါမှမဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့"

ကျန်းချန်က လက်ပိုက်၍ ရပ်ကာ ပြောလိုက်သည်။

ဤအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်၌ လူသတ်ငွေ့များ ပြည့်နှက်နေခဲ့၏။

"သောက်ရေးမပါတဲ့ စကားတွေနဲ့ လာခြိမ်းခြောက်မနေနဲ့.. သွားသေလိုက်တော့"

စန်းရှန်နယ်မြေမှ အရပ်ရှည်ရှည် လူငယ်က လှောင်ပြောင်လိုက်ကာ ချက်ချင်းဆိုသလိုပင် သူ၏ ခွန်အားကို အကန့်အသတ် အထိ ထုတ်ဖော်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော နတ်စွမ်းအားနှင့် မိုးကြိုးဥပဒေသ၏ မူလစွမ်းအားသည် ပကတိနတ်ဘုရား ကမ္ဘာငယ်လေး အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်ကာ ကျန်းချန်၏ မျက်နှာသည် အေးစက်နေခဲ့ပြီး မျက်ဝန်းများတွင် သတ်ဖြတ်လို‌သော အရိပ်အယောင်များ ထင်ဟပ်နေခဲ့၏။

"ကောင်းပြီလေ.. ဒီလောက်တောင် သေချင်နေမှတော့ နတ်ဘုရင်လမ်းရဲ့ ၁၆ဆင့်မြောက် လှေကားကို မင်းရဲ့သွေးနဲ့ ဆေးကြောပစ်မယ်"

ကျန်းချန်က အေးစက်စက် ကြုံးဝါးပြီးသည်နှင့် ကိုယ်ခံပညာဥပဒေသ ၇မျိုးနှင့် ဓားလမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားတို့သည် သူ၏ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာခဲ့သည်။

ထို့နောက်တွင် သူက လက်ဟန်များကို အလျင်အမြန် ပြုလုပ်လိုက်ရာ ကိုယ်ခံပညာဥပဒေသ ၇မျိုးနှင့် ဓားလမ်းစဥ် ဥပဒေသတို့သည် ရှေးဟောင်းဓားအဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ပြီး သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့၏။

"သေစမ်း"

ကျန်းချန်က ရှေးဟောင်းဓားဖြင့် ဓားကွက်တစ်ကွက်ကိုထုတ်ဖော်လိုက်ရာ ၇ရောင်ခြယ် ဓားအလင်းသည် ရှေးဟောင်းဓားထံကနေ ထွက်ပေါ်လာခဲ့ပြီး လေထုကို ထိုးဖောက်ကာ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးဆီသို့ ဦးတည်သွားခဲ့သည်။

"ဝုန်း.."

၇ရောင်ခြယ်ဓားအလင်းက ပကတိနတ်ဘုရား ကမ္ဘာငယ်လေးပေါ်သို့ ကျရောက်သွားပြီးနောက်တွင် ပကတိနတ်ဘုရားကမ္ဘာငယ်လေးသည် ချက်ချင်းဆိုသလို ပိုင်းဖြတ်ခံလိုက်ရ၏။

ကျန်းချန်၏ ၇ရောင်ခြယ် ဓားအလင်းသည် ပကတိနတ်ဘုရားကမ္ဘာငယ်လေးကို ပိုင်းဖြတ်ပြီးနောက်တွင် အရပ်ရှည်ရှည်နှင့်လူငယ် ဆီသို့ သက်ရောက်သွားခဲ့သည်။

၇‌ရောင်ခြယ်ဓားအလင်း၏ အရှိန်အဝါအောက်တွင် အရပ်ရှည်ရှည်နှင့် လူငယ်သည် သူ၏ ခန္ဓာကိုယ်က လှုပ်ရှားရန် ခက်ခဲနေသည်ကို ခံစားမိခဲ့သည်။

ထို့ကြောင့် သူက သူ့ထံသို့ လျင်မြန်စွာ သက်ရောက်လာသည့် ၇ရောင်ခြယ် ဓားအလင်းကို ငေးကြည့်ရုံသာ တတ်နိုင်ခဲ့သည်။

"မသတ်ပါနဲ့"

အရပ်ရှည်ရှည် လူငယ်က စိတ်ပျက်အားငယ်စွာဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ထိုအချိန်မှာပင် ၇ရောင်ခြယ်ဓားအလင်းသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့ပြီး ခန္ဓာကိုယ်နှင့် ဝိညာဥ်ကို ချက်ချင်းဆိုသလို ဘာမှမကျန်ရှိတော့သည် အထိ ဖျက်ဆီးပစ်လိုက်သည်။

သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် လဲ့ခွမ်းတို့ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ၇ယောက်၏ အမူအရာသည် အကြီးအကျယ်ပင် ပြောင်းလဲသွားခဲ့၏။

ကျန်းချန်က အလွန်အစွမ်းထက်မှန်း သူတို့ သိထားသော်လည်း ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ထိုကောင်လေးသည် ဓားကွက်တစ်ကွက်တည်းဖြင့်ပင် စန်းရှန်နယ်မြေမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အလယ်အလတ် အဆင့် ကျင့်ကြံသူကို သတ်ဖြတ်ပစ်ခဲ့၏။

ထိုကဲ့သို့သော စွမ်းရည်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ‌ ကောင်းလွန်းလှသည်။

"အားလုံးအတူတူ တိုက်ခိုက်ကြစို့.. မဟုတ်ရင် ငါတို့၇ယောက်ထဲက ဘယ်သူကမှ ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး"

လဲ့ခွမ်းက မှင်တက်နေရာကနေ ပြန်လည် သတိဝင်လာပြီးနောက်တွင် သူ၏ နံဘေးရှိ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား၆ပါးကို အလျင်အမြန်ပင် ထိတ်လန့်တကြား အော်ပြောလိုက်သည်။

သူ၏ စကားကို ကြားလျှင် ကြယ်သင်္ကေတ နယ်မြေမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အလယ်အလတ်အဆင့်၂ဦး အပါအဝင် ကျန်ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားများသည် လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်း၍ တစ်ဦးချင်းဆိုလျှင် သူတို့၇ဦးထဲတွင် မည်သူကမှ ကျန်းချန်၏ ပြိုင်ဘက် ဖြစ်နိုင်မည်မဟုတ်ပေ။

ရှင်းလင်းစွာဆိုရလျှင် ကျန်းချန်ကို သတ်ပစ်ရန် ရည်ရွယ်ချက်သည် သူတို့ထံတွင် လုံးဝ မရှိတော့ပေ။

သူတို့၏ခွန်အားဖြင့် ကျန်းချန်ကဲ့သို့ အနှိုင်းမဲ့ပါရမီရှင် တစ်ဦးကို သတ်ဖြတ်ပစ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ယင်းကြောင့် သူတို့ ၈ယောက်က ကျန်းချန်ကို ထိန်းထားပြီး လုံချီရှောင်ကို ဖေးချင်းတို့နှစ်ဦး အလျင်အမြန် ရှင်းလင်းပစ်နိုင်ရန် မျှော်လင့်ရုံသာ ရှိတော့သည်။

ဤအခိုက်အတန့်တွင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ၇ပါးသည် ကျန်းချန်ကို လုံးဝ လျှော့မတွက်ရဲတော့ပေ။

သူတို့အားလုံးက သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံးမှ ခွန်အားများကို အဆုံးစွန်အထိ လှုံ့ဆော်လိုက်ပြီး ပကတိနတ်ဘုရားကမ္ဘာငယ်လေးကို အသီးသီး စုစည်းကာ ကျန်းချန်ကို တိုက်ခိုက်လိုက်ကြသည်။

ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ၇ပါး၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ အမူအရာသည် တည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့၏။

ထိုအချိန်မှာပင် ကျန်းချန်၏ ပုံရိပ်သည် နေရာကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ်တစ်ခဏတွင် ကျန်းချန်သည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား တစ်ပါး၏ ဦးခေါင်းအထက်ရှိ လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

"ဝုန်း.."

ကြောက်မက်ဖွယ် ရောင်စုံဓားအလင်းသည် သူ၏ အောက်ဘက်ရှိ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးနှင့် ခန္ဓာကိုယ်ကို ပေါက်ကွဲသွားစေခဲ့သည်။

ချက်ချင်းဆိုသလိုပင် ပကတိနတ်ဘုရား၏ သွေးများသည် မိုးစက်များ ကဲ့သို့ နတ်ဘုရင်လမ်း၏ ၁၆ဆင့်မြောက် အဆင့်ပေါ်သို့ စီးကျလာခဲ့၏။

ဓားကွက်တစ်ကွက်တည်းဖြင့် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားကို စက္ကန့်ပိုင်းအတွင် သတ်ဖြတ်လိုက်ပြီးနောက်တွင် ကျန်းချန်သည် ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့ပြီး အခြားသော ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား တစ်ပါး၏ ဦးခေါင်းအထက်တွင် ပေါ်လာပြန်သည်။

ယင်းနောက်တွင် ကျန်းချန်က ရောင်စုံဓားအလင်းဖြင့် တိုက်ခိုက်လိုက်ရာ ထိုခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားသည်လည်း ကျန်းချန်၏ ဓားအောက်တွင် သတ်ဖြတ်ခံလိုက်ရသည်။

တစ်ခဏအတွင်းမှာပင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ၈ပါးတွင် ၅ပါးသည် ကျန်းချန်၏ ဓားချက်အောက်တွင် ကျဆုံးသွားခဲ့၏။

ယခုအခါတွင် ကြယ်သင်္ကေတနယ်မြေမှ ခြေလှမ်းတစ်ဝက်ကောင်းကင်နတ်ဘုရား အလယ်အလတ်အဆင့် နှစ်ဦးနှင့် လဲ့ခွမ်းသာလျှင် ကျန်ရှိတော့သည်။

ဤအချိန်တွင် လဲ့ခွမ်း၏ မျက်နှာတစ်ခုလုံးသည် ဖြူဖျော့နေခဲ့၏။

ကျန်းချန်ကိုကြည့်နေသော သူတို့ သုံးဦး၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့ကြသည်။

အခန်း(၁၆၂၁)ပြီး၏။

အခန်း(၁၆၂၂)

"နတ်ဆိုး ဒီကောင်က တကယ့်နတ်ဆိုးပဲ"

ကြယ်သင်္ကေတနယ်မြေမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အလယ်အလတ်အဆင့် နှစ်ယောက်၏ တိုက်ပွဲဝင်စိတ်ဓာတ်များသည် ဤအချိန်တွင် ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။

သူတို့က ၁မိနစ်ခန့်မျှပင် မနေရဲတော့ဘဲ နတ်ဘုရင်လမ်း၏ ၁၅ဆင့်မြောက် အဆင့်ဆီသို့ ထိတ်လန့်တကြား အမူအရာဖြင့် အလျင်အမြန် ပြေးဆင်းသွားကြသည်။

နတ်ဘုရင်လမ်းသည် ရှေ့သို့သာ တက်နိုင်ပြီး နောက်ဆုတ်၍ မရပေ။

ဆိုရလျှင် နတ်ဘုရင်လမ်းသို့ တက်သော တစ်ဦးချင်းစီသည် ရှေ့သို့တက်ရန်သာ အခွင့်အရေး ရှိ၏။

နောက်ဆုတ်ရန် ရွေးချယ်လိုက်သည်နှင့် မဟာနဂါးနန်းတော်သို့ သွားရောက်ခွင့်ရမည့် အခွင့်အ‌ရေးအား လုံးဝ စွန့်လွှတ်လိုက်သည်နှင့် တူညီသည်။

သို့သော်လည်း ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေတွင် ကြယ်သင်္ကေတနယ်မြေမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အလယ်အလတ် ကျင့်ကြံသူနှစ်ဦးသည် မဟာနဂါးနန်းတော်မှ အခွင့်အရေးကို မည်ကဲ့သို့ ဂရုစိုက်နိုင်တော့မည်နည်း။

ဆိုရလျှင် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အမှန်တကယ် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

ဓားကွက်တစ်ကွက်တည်းဖြင့် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားကို သတ်ဖြတ်သည်မှာ ခွေးသတ်သကဲ့သို့ပင် တူညီနေခဲ့သည်။

သူတို့သာ နတ်ဘုရင်လမ်း၏ ၁၆ဆင့်မြောက် အဆင့်တွင် ဆက်လက် ရှိနေခဲ့မည်ဆိုလျှင် တစ်ခုတည်းသော ရလဒ်မှာ ထိုနေရာတွင် ကျရှုံးခြင်းသည်သာ ဖြစ်၏။

"ဘယ်လိုလုပ် ဒီလိုတွေ ဖြစ်ကုန်ရတာလဲ"

သူ၏ရှေ့မှ မြင်ကွင်းကိုကြည့်ကာ လဲ့ခွမ်းသည် အလွန်တရာ ထိတ်လန့်နေခဲ့သည်။

ကျန်းချန်ကို ဝိုင်းရံထား‌သော ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား၈ပါးသည် တစ်ခဏအတွင်းမှာပင် ၅ဦး သေဆုံးကာ နှစ်ဦးကလည်း ထွက်ပြေးနေကာ သူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့၏။

လဲ့ခွမ်းက ကြောက်ရွံ့ခြင်းများ စိုးမိုးလာခဲ့ပြီး နတ်ဘုရင်လမ်း၏ ၁၅ဆင့်မြောက်သို့ အသည်းအသန် ထွက်ပြေးလိုက်သည်။

"ထွက်ပြေးချင်တယ်လား.. ငါ့ကို တိုက်ခိုက်ရဲမှတော့ မင်းတို့သုံးယောက်လုံး မင်းတို့ရဲ့အသက်ကို ထားခဲ့ရလိမ့်မယ်"

ကျန်းချန်၏ မျက်လုံးထဲရှိ အေးစက်စက် အလင်းရောင်က တောက်ပသွားခဲ့သည်။

ထို့နောက်တွင် သူ၏ လက်ထဲမှ ရှေးဟောင်းဓားသည် နတ်ဘုရင်လမ်း၏ ၁၅ဆင့်မြောက် အဆင့်ဆီသို့ ထွက်ပြေးနေသော လဲ့ခွမ်းတို့ သုံးဦးဆီသို့ တိုက်ရိုက်ပင် ပျံသန်းသွားခဲ့သည်။

ရောင်စုံဓားအလင်းက သူတို့နောက်သို့ လိုက်လာသည်အားမြင်လျှင် လဲ့ခွမ်းတို့ သုံးဦး၏ အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။

သူတို့သုံးယောက်က ခွန်အားများကို ပူးပေါင်း၍ အကာအကွယ် တစ်ခုကို ဖန်တီးကာ ကျန်းချန်၏ ဓားအလင်းကို ပိတ်ဆို့နိုင်ခဲ့သည်။

သို့သော်လည်း ဓားအလင်းကို ပိတ်ဆို့နိုင်၍ စိတ်သက်သာရာမရမီမှာပင် တောက်ပသော ရောင်စုံဓားအလင်း တစ်ခုသည် ထပ်မံ ရောက်ရှိလာခဲ့ပြီး သူတို့၏ အကာအကွယ်ကို ကြေမွသွားစေခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်ကာ နတ်လမ်းစဥ်၏ ၁၅ဆင့်နှင့် ၁၆ဆင့်မြောက် အဆင့်ကြားတွင် ရှိနေသော လဲ့ခွမ်းတို့ သုံးဦး၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့၏။

အဆုံးသတ်တွင် သူတို့သုံးဦးသည် ရောင်စုံဓားအလင်းကို ခံနိုင်ရည် မရှိတော့ဘဲ နတ်ဘုရင်လမ်းပေါ်ကနေ လွင့်စင်သွားခဲ့သည်။

ဤအချိန်တွင် လဲ့ခွမ်းတို့ သုံးဦးသည် စိတ်ပျက်အားငယ်စွာဖြင့် ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။

မဟာနဂါးတောင်ကို နတ်ဘုရင်၏ ဥပဒေသများဖြင့် လွှမ်းမိုးထား၍ နယ်မြေနတ်ဘုရားများပင် လေထဲ၌ လုံးဝ ပျံသန်း၍ မရပေ။

ယခု လဲ့ခွမ်းတို့သုံးဦးက နတ်ဘုရင်လမ်းကနေ လေထဲသို့ ပြုတ်ကျသွားခဲ့ရာ သူတို့၏ ခန္ဓာကိုယ်များကို ထိန်းချုပ်၍ မရနိုင်တော့ချေ။

ယင်းကြောင့် သူတို့ သုံးဦးစလုံးသည် မဟာနဂါးတောင်၏ နံဘေးရှိ ချောက်နက်ထဲသို့ ပြုတ်ကျသွားခဲ့ကြသည်။

ဖေးချင်းတို့ နှစ်ဦးနှင့် ရင်ဆိုင်နေသော လုံချီရှောင်သည် ကျန်းချန်က ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ၈ပါးအား အနိုင်ယူလိုက်သည်ကို မြင်လျှင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဟားဟား ကျန်းချန်.. မင်းက တကယ်ကို အစွမ်းထက်တာပဲ"

ထိုအချိန်တွင် ဖေးချင်းနှင့် ယင်ရှောင်တို့ နှစ်ဦးသည် အလွန်တရာပင် ထိတ်လန့်နေခဲ့သည်။

ဤအချိန်တွင် သူတို့နှစ်ဦးသည် ကျန်းချန်ကို လျှော့တွက်မိနေဆဲ ဖြစ်မှန်း သိရှိခဲ့ကြသည်။

ဤတစ်ကြိမ်တွင် ကျန်းချန်ကို ကိုင်တွယ်ရန် အတွက် သူတို့သည် နတ်ဘုရင်လမ်းပေါ်မှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား များစွာကို စုစည်းခဲ့ကြသည်။

ထိုအထဲတွင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အလယ်အလတ် အဆင့်သုံးပါးနှင့် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အစောပိုင်းအဆင့် ၅ပါးတို့ ပါဝင်၏။

ထို၈ယောက်၏ ခွန်အားဖြင့် ကျန်းချန်ကို မသတ်နိုင်လျှင်ပင် ခဏမျှ ထိန်းထားရန်မှာ လုံလောက်သည်ဟု သူတို့ ထင်ခဲ့သည်။

သို့သော်လည်း တကယ့်ရလဒ်ကမူ သူတို့ မျှော်လင့်ထားသည်ထက်ကို လုံးဝ ကျော်လွန်နေခဲ့၏။

ကျန်းချန်သည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ၈ပါးကို တစ်ခဏအတွင်း သတ်ဖြတ်ပစ်ခဲ့သည် မဟုတ်ပါလော။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို နယ်မြေ၄ခုမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့် ကျင့်ကြံသူများသာ ယှဥ်နိုင်လိမ့်မည်ဟု သူတို့ တွေးမိခဲ့သည်။

ဖေးချင်းနှင့် ယင်ရှောင် တို့က တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြ၏။

မကြာမီမှာပင် သူတို့နှစ်ဦးသည် နတ်ဘုရင်လမ်း၏ ၁၇ဆင့်မြောက် အဆင့်ဘက်သို့ တစ်ပြိုင်တည်း လိုလို ပြေးထွက်သွားခဲ့ကြသည်။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအင်သည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းပြီး လုံချီရှောင်ထက်ပင် ပို၍ အစွမ်းထက်နေခဲ့သည်။

ယခု ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ၈ပါးကို ကျန်းချန်က သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်ရာ ကျန်းချန်နှင့် လုံချီရှောင်တို့ ပူးပေါင်းလိုက်လျှင် သူတို့နှစ်ယောက်သည် လုံးဝ ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် သူတို့နှစ်ဦးသည် နတ်ဘုရင်လမ်း၏ ၁၆ဆင့်မြောက်အဆင့်တွင် ကျန်းချန်တို့ကို ဆက်လက် မတိုက်ခိုက်လိုတော့ချေ။

သို့သော်လည်း သူတို့သည် မဟာနဂါးနန်းတော်မှ အခွင့်အရေးကို ရှာဖွေရန် လက်မလျှော့ချင်သေးဘဲ မဟာနဂါးနန်းတော်ထဲကို ကျန်းချန်တို့နှစ်ဦးထက် အရင်ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။

"ဘယ်ကိုပြေးမှာလဲ ဒီတစ်ခေါက် ငါ့အလှည့်ပဲ"

လုံချီရှောင်က အေးစက်စက် ပြုံးလိုက်သည်။

ထို့နောက်တွင် လုံချီရှောင်က သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး နေရာလွတ် ဥပဒေသစွမ်းအားကို အသုံးပြုကာ ဖေးချင်းတို့နှစ်ဦးကို ပိတ်ဆို့လိုက်သည်။

"လုံချီရှောင် မင်းသိပ်လွန်မလာနဲ့.. မင်းက အစွမ်းထက်တယ်ဆိုပေမဲ့လည်း ယင်ရှောင်နဲ့ငါကလည်း သာမန် ကျင့်ကြံသူတွေ မဟုတ်ဘူး.. မင်းသာ တိုက်ပွဲကို ဆက်လက် ဆင်နွှဲနေမယ်ဆိုရင် အဆုံးသတ်မှာ နှစ်ဖက်စလုံးပဲ ထိခိုက်ရလိမ့်မယ်"

ဖေးချင်းက အသက်ကိုခပ်ပြင်းပြင်း ရှူရှိုက်ကာ အော်ဟစ်ပြောဆိုလိုက်သည်။

"ဘယ်လိုလဲ.. နတ်ဘုရင်လမ်းကို အေးအေးဆေးဆေးပဲ တက်ကြတာပေါ့.. ဒါက နှစ်ဖက်စလုံးအတွက် ပိုကောင်းတဲ့ ရွေးချယ်မှုပဲ"

"ဟားဟား မင်းတို့က နတ်ဘုရင်လမ်းရဲ့ ၁၆ဆင့်မြောက်အဆင့်မှာ ငါ့ကို သတ်ဖြတ်ဖို့အတွက် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ဆယ်ပါးကို စုစည်းခဲ့တယ်.. အခု မအောင်မြင်တော့မှ မင်းတို့က ငါ့ကို ငြိမ်းချမ်းရေး လာကမ်းလှမ်းနေတယ်.. မင်းတို့ ငါ့ကို သတ်ချင်မှတော့ မင်းတို့ရဲ့အသက်ကို ပေးဆပ်ရလိမ့်မယ် ဆိုတာ သိထားသင့်တယ်"

ထိုခဏတွင် ကျန်းချန်၏ အေးစက်စက် ကြုံးဝါးသံက ထွက်ပေါ်လာခဲ့သည်။

ယင်းနောက်တွင် မီတာ ၁၀၀၀၀ အကျယ်အဝန်းကို လွှမ်းခြုံထားသော ရောင်စုံကမ္ဘာငယ်လေး တစ်ခုသည် လေထဲတွင် တိုက်ရိုက် ဖြစ်ပေါ်လာခဲ့ပြီး ဖေးချင်းတို့ နှစ်ဦးကို ဖိနှိပ်လိုက်၏။

ထို‌ရောင်စုံကမ္ဘာငယ်လေးနှင့် ရင်ဆိုင်ရလျှင် ဖေးချင်းတို့ နှစ်ဦးသည် အလွန်အမင်း အန္တရာယ်ရှိသော အရှိန်အဝါကို ပင်ကိုဗီဇအရ ခံစားမိလိုက်သည်။

သူတို့က သူတို့၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး သူတို့၏ ခန္ဓာကိုယ်မှ ခွန်အားများကို အလျင်အမြန် လှုံ့ဆော်ကာ ပကတိနတ်ဘုရား ကမ္ဘာငယ်လေး အဖြစ် ဖန်တီးလိုက်ပြီး ကျန်းချန်၏ ရောင်စုံကမ္ဘာငယ်လေးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။

"ဝုန်း.."

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်း တစ်ခုသည် နတ်ဘုရင်လမ်း၏ ၁၆ဆင့်မြောက် အဆင့်တွင် တုန်ခါသွားခဲ့ပြီး ကမ္ဘာကြီးကိုပင် အဆက်မပြတ် တုန်ခါစေခဲ့သည်။

ဖေးချင်းတို့နှစ်ဦး၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးသည် ကျန်းချန်၏ ရောင်စုံ ကမ္ဘာငယ်လေးကို ခံနိုင်ရည် မရှိခဲ့ဘဲ မျက်တောင်တစ်ခတ် အတွင်းမှာပင် ရုတ်တရက် အက်ကွဲလာခဲ့သည်။

အဆုံးသတ်တွင် ဖေးချင်းတို့နှစ်ဦး၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးများသည် ပြိုကွဲသွားခဲ့ပြီး သူတို့နှစ်ဦး၏ ပုံရိပ်သည်လည်း ရောင်စုံကမ္ဘာငယ်လေး၏ ရောင်စုံအလင်းများကြားထဲတွင် လုံးဝ နစ်မြုပ်သွားခဲ့သည်။

ခဏအကြာတွင် ရောင်စုံအလင်းများသည် အဆုံးသတ်၌ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။

ယင်းနောက်တွင် နတ်ဘုရင်လမ်း၏ ၁၆ဆင့်မြောက် အဆင့်၌ ဖေးချင်းတို့ နှစ်ဦး မရှိတော့ပေ။

ကျန်းချန်၏ ရောင်စုံကမ္ဘာငယ်လေး ဖိအားအောက်တွင် ထိုနှစ်ဦးသည် အစအနပင် မကျန်ရှိတော့ဘဲ လုံးဝ ပျောက်ကွယ်သွားသည်မှာ ထင်ရှားနေ၏။

ကျန်းချန်က ဖေးချင်းတို့ နှစ်ဦး အပါအဝင် နတ်ဘုရင်လမ်းကို တက်လှမ်းခဲ့သည့် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ၁၀ပါးကို သတ်ဖြတ်ခဲ့သည်။

ဤအခိုက်အတန့်တွင် နယ်မြေ၄ခုမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားများသည် နတ်ဘုရင်လမ်းတွင် တစ်ယောက်မှ မရှိတော့ပေ။

"ဒီကောင့်ရဲ့စွမ်းအားက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ"

သူ၏ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း လုံချီရှောင်သည် မှင်တက်ရာကနေ အချိန်အတော်အကြာ ပြန်လည် မသက်သာလာခဲ့ပေ။

သူက ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်ကို လျှော့တွက်မိနေဆဲဟု ကိုယ့်ကိုယ်ကိုယ် သိလိုက်သည်။

ပကတိနတ်ဘုရား ကမ္ဘာငယ်လေးတစ်ခုဖြင့် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နှောင်းပိုင်းအဆင့် ပါရမီရှင်နှစ်ဦးကို ချက်ချင်းဆိုသလို သတ်ဖြတ်နိုင်ခဲ့သည်မှာ မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းလိုက်ပါသနည်း။

အခန်း(၁၆၂၂)ပြီး၏။

အခန်း(၁၆၂၃)

"တိုက်ပွဲက ပြီးသွားပြီလား"

နတ်ဘုရင်လမ်း၏ ၁၅ဆင့်မြောက် အဆင့်တွင် ရှိနေသော လျှိုထျန်းရှင်းသည် သူ၏ရှေ့မှ ပုံရိပ်ယောင် စွမ်းအင်ခန္ဓာကိုယ်ကို ဖြေရှင်းပြီးနောက်တွင် နတ်ဘုရင်လမ်း၏ ၁၆ဆင့်မြောက်အဆင့်သို့ သွားရန် ပြင်ဆင်နေခဲ့သည်။

သို့ရာတွင် အစောပိုင်းက ၁၆ဆင့်မြောက် အဆင့်တွင် ဖြစ်ပွားနေသော တိုက်ပွဲက ပြီးဆုံးသွားသည်ကို တွေ့ရှိလိုက်ရသဖြင့် မှင်တက်သွားခဲ့သည်။

သူသည် နတ်ဘုရင်လမ်း၏ ၁၄ဆင့်မြောက် အဆင့်သို့ ရောက်စဥ် နယ်မြေ၄ခုမှ ‌ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ၁၀ပါးသည် ကျန်းချန်နှင့် လုံချီရှောင်တို့အား ၁၆ဆင့်မြောက်တွင် ဝိုင်းရံထားသည်ကို တွေ့ခဲ့ရသည်။

ထို့ကြောင့် ကျန်းချန်တို့နှစ်ဦးကို ကူညီရန် အတွက် နတ်ဘုရင်လမ်းကို ခပ်မြန်မြန် တက်လှမ်းရန် သူ၏ ခွန်အားကို အပြည့်အဝ အသုံးပြုခဲ့၏။

သို့‌သော် သူက နတ်ဘုရင်လမ်း၏ ၁၅ဆင့်မြောက် အဆင့်သို့ ရောက်ရှိသော အချိန်မှာပင် နတ်ဘုရင်လမ်း၏ ၁၆ဆင့်မြောက် အဆင့်မှ တိုက်ပွဲသည် ပြီးဆုံးသွားခဲ့သည်။

ကျန်းချန်သည် ထိုတိုက်ပွဲတွင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ၁၀ပါးကို အလွယ်တကူပင် ရှင်းလင်းပစ်ခဲ့၏။

အထူးသဖြင့် ကျန်းချန်က ပကတိနတ်ဘုရား ကမ္ဘာငယ်လေးဖြင့် ဖေးချင်းတို့ နှစ်ဦးအား သတ်ဖြတ်လိုက်သည်ကို မြင်လျှင် လျှိုထျန်းရှင်း၏ မျက်လုံးများက ပြူးကျယ်သွားခဲ့ပြီး ကျွတ်ကျလုမတတ်ပင် ဖြစ်သွားခဲ့သည်။

"ညီနောင်ကျန်းချန်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အစ်ကိုလုံထက်တောင် ပိုပြီး အစွမ်းထက်နေပါလား"

လျှိုထျန်းရှင်းက တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

သူ၏ စိတ်နှလုံးထဲတွင် အလွန်တရာ တုန်လှုပ်နေခဲ့သည်။

လျှိုထျန်းရှင်းသည် အထွတ်အထိပ် ပါရမီရှင်များစွာကို မြင်ဖူးခဲ့သည်။

သို့သော်လည်း ကျန်းချန်ကဲ့သို့ အနှိုင်းမဲ့ပါရမီရှင် တစ်ဦးကိုမူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။

သိထားရမည့်အချက်မှာ ကျန်းချန်သည် ကောင်းကင်နဂါးမြို့တော်သို့ ဝင်ရောက်လာသည်မှာ နှစ်အနည်းငယ်ခန့်သာ ရှိသေး၏။

ထိုနှစ်အနည်းငယ်အတွင်း ကျန်းချန်သည် အဆင့်နိမ့်ပကတိနတ်ဘုရား အဆင့်မှ အဆင့်မြင့် ပကတိနတ်ဘုရား အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ရုံသာမက ဓားလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကိုပါ နားလည်ခဲ့၍ ကျန်းချန်သည် တိုက်ခိုက်ရေးစွမ်းရည်တွင် လည်း လုံချီရှောင်ကို ကျော်လွန်ကာ ရှေးဟောင်းနဂါးမျိုးနွယ်စု၏ တပည့်များထဲတွင် နံပါတ်(၁) ဖြစ်လာခဲ့သည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းလှသော တိုးတက်မှုအရှိန်အဟုန်သည် အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းလှ၏။

မှန်ပါသည်။ ဤအခိုက်အတန့်တွင် လျှိုထျန်းရှင်း ကဲ့သို့ပင် နတ်ဘုရင်လမ်းပေါ်ရှိ နယ်မြေ၄ခုမှ ပါရမီရှင် အားလုံးသည် သူတို့၏ မျက်စိရှေ့မှ အခြေအနေကို ကြည့်ကာ ကိုယ့်မျက်လုံးကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။

နယ်မြေ၄ခုမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ၁၀ပါးသည် အတူတူ ပူးပေါင်းခဲ့ကြသော်လည်း အချိန်တိုအတွင်း ကျန်းချန်၏ လက်ထဲတွင် သတ်ဖြတ်ခံလိုက်ရသည် မဟုတ်ပါလော။

ရှင်းလင်းစွာဆိုရလျှင် သူတို့ရှေ့မှ မဟာနဂါးနန်းတော်၏ မျိုးဆက် နှစ်ဦးသည် အလွန်ပင့ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

ယင်းအခိုက်အတန့်တွင် နယ်မြေ၄ခုမှ ပါရမီရှင် ဒါဇင်ပေါင်းများစွာသည် တိတ်ဆိတ်နေခဲ့ကြပြီး ရှေ့သို့ ဆက်လက် တက်လှမ်းဖို့ကိုပင် ကြောက်ရွံ့နေခဲ့ကြသည်။

‌ဖေးချင်းနှင့် ယင်ရှောင်တို့ဦးဆောင်သော ခြေလှမ်းတစ်ဝက်ကောင်းကင်နတ်ဘုရား ၁၀ပါးပင် ကျန်းချန်၏ လက်ထဲတွင် ကျဆုံးသွားခဲ့ပြီ ဖြစ်ရာ သူတို့အနေဖြင့် ရှေ့ဆက်သွားခဲ့လျှင် ကိုယ့်သေတွင်း ကိုယ်တူးသလိုပင် ဖြစ်‌နေလိမ့်မည် မဟုတ်ပါလား။

"အစ်ကိုလုံ.. ကျွန်တော်တို့ ဆက်သွားရအောင်"

ကျန်းချန်က အောက်ဘက်ရှိ နယ်မြေ၄ခုမှ ပါရမီရှင်များကို လျစ်လျူရှုလိုက်ပြီး လုံချီရှောင်ကို ပြောလိုက်ကာ နတ်ဘုရင်လမ်း၏ ၁၇ဆင့်မြောက် အဆင့်ဆီသို့ အလျင်အမြန်ပင် တက်သွားခဲ့သည်။

ယခုအခါတွင် နတ်ဘုရင်လမ်းပေါ်၌ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားများ မရှိတော့ပေ။

ထို့အပြင် နယ်မြေ၄ခုမှ အခြားသော ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားများ ဤနေရာသို့ ရောက်လာရန်မှာ အချိန်အနည်းငယ် ယူရဦးမည် ဖြစ်သည်။

ထို့ကြောင့် သူက ထိုအခွင့်အရေးကို အသုံးချ၍ နတ်ဘုရင်လမ်း၏ ၃၃ဆင့်မြောက် အဆင့်ကို တက်လှမ်းကာ မဟာနဂါးနန်းတော်ထဲသို့ ဝင်ရောက်ပြီး မဟာနဂါး နန်းတော်မှ အခွင့်အလမ်းကို ရယူရန် စီစဥ်ထားခဲ့သည်။

နယ်မြေ၄ခုမှ မည်သည့် အတားအဆီးမှ မရှိတော့သဖြင့် ကျန်းချန်သည် အဆုံးသတ်တွင် ခွန်အားအပြည့်ဖြင့် နတ်ဘုရင်လမ်းကို စတင် တက်လှမ်းတော့၏။

၁၇ဆင့်မြောက်အဆင့်၊

၁၈ဆင့်မြောက်အဆင့်၊

၁၉ဆင့်မြောက်အဆင့်...

နာရီဝက်အကြာမှာပင် ကျန်းချန်သည် နတ်ဘုရင်လမ်း၏ အဆင့်၃၀အထိ တောက်လျှောက် တက်လာနိုင်ခဲ့သည်။

နောက်ဆုံးကျန်ရှိသော အဆင့်၃ဆင့်ဆီသို့ ရောက်သွားသောအခါတွင် ကျန်းချန်၏ ခွန်အားဖြင့်ပင် တက်လှမ်းနိုင်သော အရှိန်အဟုန်သည် များစွာ နှေးကွေးသွားခဲ့သည်။

အကြောင်းအရင်းမှာ နတ်ဘုရင်လမ်း၏ အဆင့်၃၀မှ ထွက်ပေါ်လာသော ဖိအားသည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်အထိ အစွမ်းထက်လာခဲ့သောကြောင့်ပင်။

ထိုဖိအားကို သာမန် အဆင့်မြင့်ပကတိနတ်ဘုရား အထွတ်အထိပ်ပင်လျှင် ခုခံရန် ခက်ခဲမည် ဖြစ်၏။

ထိုမျှသာမက ထိုအဆင့်တွင် ရင်ဆိုင်ရသော ပုံရိပ်ယောင်စွမ်းအင်ခန္ဓာကိုယ်သည်လည်း အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်ရှိ ပါရမီရှင် အများစုထက်ပင် ပို၍ အစွမ်းထက်၏။

"သာမန်လူတွေအတွက်က နတ်ဘုရင်လမ်းကို ဖြတ်ကျော်ပြီး မဟာနဂါးနန်းတော်ထဲ ဝင်ရောက်ဖို့ မလွယ်လောက်ဘူး ထင်တယ်"

ကျန်းချန်က သူ့ဘာသာသူ သုံးသပ်ကာ ရေရွတ်လိုက်သည်။

ဆိုရလျှင် နတ်ဘုရင်လမ်း၏ နောက်ဆုံးအဆင့် ၃ဆင့်သည် လျှိုထျန်းရှင်း တို့လို ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားများပင် ဖြတ်သန်းရန် လွယ်ကူမည် မဟုတ်ပေ။

ကျန်းချန်က နတ်ဘုရင်လမ်း၏ အတားအဆီးများကို ကျော်ဖြတ်ပြီး ဆက်လက် တက်လှမ်းသွားခဲ့သည်။

ရေနွေးအိုး တစ်အိုးကျက်စာခန့်အကြာတွင် ကျန်းချန်သည် အဆုံးသတ်၌ နတ်ဘုရင်လမ်း၏ ၃၃ဆင့်မြောက် အဆင့်ဆီသို့ ရောက်ရှိလာခဲ့သည်။

နတ်ဘုရင်လမ်း၏ ၃၃ဆင့်မြောက်သို့ ရောက်သောအခါတွင် ကျန်းချန် ခန့်မှန်းထားသည့် အတိုင်းပင် ပုံရိပ်ယောင် စွမ်းအင်ခန္ဓာကိုယ်များဖြင့် ရင်မဆိုင်ရတော့ပေ။

ထို့အပြင် ၃၃ဆင့်မြောက်သို့ ရောက်လာသော အခိုက်အတန့်တွင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကောင်းချီးပေးခြင်း ခံလိုက်ရသလို ခံစားလိုက်ရသည်။

ထိုအချိန်မှာပင် သူ၏ စိတ်ထဲကနေ စနစ်၏ သတိပေးချက်က ထွက်ပေါ်လာခဲ့သည်။

"ဒင်.. သင်က နတ်ဘုရင်လမ်း၏ ကောင်းချီးဖြင့် နတ်စွမ်းအားများစွာကို ရရှိသွားခဲ့ပါပြီ"

"ဒင်.. သင်က နတ်ဘုရင်လမ်း၏ ကောင်းချီးပေးမှုကို ရရှိပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. သင်က ဓားလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို ၁၀ပုံ၁ပုံ နားလည်သွားခဲ့ပါပြီ"

"ဒင်.. သင်က နတ်ဘုရင်လမ်း၏ ကောင်းချီးဖြင့် အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. သင်၏ မိုးကြိုးဥပဒေသက အတွေ့အကြုံ ရမှတ်များစွာကို ရရှိသွားခဲ့ပါပြီ"

"..........."

နတ်ဘုရင်လမ်း၏ စမ်းသပ်မှုများကို ဖြတ်ကျော်ပြီးသည်နှင့် ကျန်းချန်သည် အကျိုးကျေးဇူး များစွာကို ရရှိခဲ့သည်။

ထို့အပြင် ကျန်းချန်၏ ခွန်အားသည် အဆ ၁၀၀ စနစ်ကြောင့် များစွာ ပို၍ အားကောင်းလာခဲ့၏။

သူက အဆင့်မြင့် ပကတိနတ်ဘုရား အစောပိုင်းအဆင့်တွင်သာ ရှိသေးသော်လည်း နတ်ဘုရင်လမ်းမှ တစ်ဆင့် ရရှိသော နတ်စွမ်းအားသည် သူ၏ ကျင့်ကြံခြင်းအချိန်ကို ၂နှစ်ခန့်အနည်းဆုံး သက်သာစေခဲ့သည်။

ထို့အပြင် သူ၏ ကိုယ်ခံပညာ ဥပဒေသသည်လည်း နတ်ဘုရင်လမ်း၏ ကောင်းချီးပေးမှုအောက်တွင် အဆင့်သစ် တစ်ခုသို့ မြှင့်တင်ခံခဲ့ရသည်။

မိုးကြိုးဥပဒေသ၊ လေဥပဒေသ၊ မီးဥပဒေသ၊ အချိန်ဥပဒေသနှင့် နေရာလွတ်ဥပဒေသ စသည့် တတိယအဆင့်ကို ရောက်ရှိနေသည့် ဥပဒေသ ငါးမျိုးသည်လည်း မူလစွမ်းအားကို နားလည်ရန် သိပ်မဝေးတော့ဘဲ တတိယအဆင့်၏ အထွတ်အထိပ်သို့ပင် တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။

အားအနည်းဆုံးဖြစ်သည့် အသက်ဥပဒေသပင်လျှင် တတိယအဆင့်သို့ ရောက်ရှိသွားခဲ့၏။

"ဒါက နတ်ဘုရင်လမ်းကို ကျော်ဖြတ်လာခဲ့တဲ့ တပည့်အသစ်တွေကို ချီးမြှင့်တဲ့ ဆုလာဘ်ပဲ ဖြစ်ရမယ်"

နတ်ဘုရင်လမ်း၏ ကောင်းချီးပေးမှုအောက်တွင် သူ၏ ခွန်အားက အလွန်အမင်း မြင့်မားလာသည်ကို ခံစားမိခဲ့လျှင် ကျန်းချန်သည် အံ့အားသင့်နေခဲ့သည်။

ယခု သူ၏ စွမ်းအားဖြင့်ဆိုလျှင် နယ်မြေ၄ခုမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့်များပင်လျှင် သူ့ကို ခြိမ်းခြောက်မှု ပေးနိုင်မည် မဟုတ်တော့ပေ။

"နတ်ဘုရင်လမ်းရဲ့ စွမ်းအားက ကောင်းကင်ကိုတောင် ဆန့်ကျင်နေတာပဲ.. ငါသာ မဟာနဂါးနန်းတော်ထဲက အခွင့်အလမ်းတွေကို ရရှိခဲ့ရင် ငါ့ရဲ့ ခွန်အားက ဘယ်လောက်အထိ တိုးတက်လာနိုင်မလဲ မသိဘူး"

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီးနောက်တွင် သူ၏ရှေ့ရှိ ကြီးမားသော နန်းတော်ကြီးကို ကြည့်လိုက်သည်။

ဤကြီးမားသော ကောင်းကင်နန်းတော်သည် မဟာနဂါးနယ်မြေ၏ နတ်ဘုရင်အဆင့် အင်အားစု ဖြစ်သော မဟာနဂါးနန်းတော်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

မဟာနဂါးနန်းတော်နှင့် နတ်ဘုရင်လမ်း၏ အဆင့်၃၃ ဆင့်သည် ၁၀မိုင်မျှ ကွာဝေး၏။

မဟာနဂါးနန်းတော်၏ ပတ်ပတ်လည်တွင် ထူထပ်သော တိမ်များနှင့် မြူခိုးများ ရှိနေ၍ ကောင်းကင်နန်းတော်တစ်ခု ကဲ့သို့ ခမ်းနားကာ ရှေးခေတ်ဆန်သော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

နတ်ဘုရင်လမ်းနှင့် မဟာနဂါးနန်းတော်ကြားတွင် ရွှေရောင်ကောင်းကင်တံတားတစ်စင်းဖြင့် ဆက်သွယ်ထား၏။

ကျန်းချန်က ရွှေရောင်ကောင်းကင်တံတား ပေါ်ရှိ အခြေအနေကို အကဲခတ်လိုက်ရာ အန္တရာယ်မရှိမှန်း တွေ့ရှိခဲ့သည်။

ထို့နောက်တွင် သူက ရွှေရောင်ကောင်းကင်တံတားမှ တစ်ဆင့် မဟာနဂါးနန်းတော် ဆီသို့ သတိထား၍ လျှောက်လာခဲ့သည်။

မကြာမီမှာပင် ကျန်းချန်သည် ၁၀မိုင် ရှည်လျား‌သော ကောင်းကင်တံတားကို အတားအဆီးမရှိ ဖြတ်ကျော်နိုင်ခဲ့ကာ မြူခိုးများ ဖုံးလွှမ်းနေသော မဟာနဂါးနန်းတော် ထဲသို့ ဝင်ရောက်သွားခဲ့သည်။

အခန်း(၁၆၂၃)ပြီး၏။

All Chapters