← Chapters

အခန်း (၁၆၂၄-၁၆၂၆)

Vol. 109 Ch. 1624-1626

အခန်း (၁၆၂၄-၁၆၂၆)

Vol. 109 Ch. 1624-1626

အခန်း(၁၆၂၄)

မဟာနဂါးနန်းတော်၏ အလယ်တွင် အပြာရောင်ကျောက်တုံးများဖြင့် တည်ဆောက်ထားသော ရင်ပြင်တစ်ခု ရှိသည်။

ထိုရင်ပြင်၏ အလယ်တွင် ရပ်နေရင်း ကျန်းချန်၏ မျက်နှာထက်တွင် အံ့အားသင့်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူက ရွှေရောင်ကောင်းကင်တံတားကို ဖြတ်ကျော်ပြီး မဟာနဂါးနန်းတော်၏ ဝင်ပေါက်သို့ ရောက်ရှိလာသော အချိန်မှာပင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုသည် ဤနေရာသို့ သူ့ကို တည်နေရာ ရွှေ့ပြောင်းလိုက်သည်။

မဟာနဂါးနန်းတော်၏ ဧရိယာသည် အလွန်တရာ ကြီးမားလှ၏။

ဤရင်ပြင်သည် မဟာနဂါးနန်းတော်၏ ပင်မဝင်ပေါက်နှင့်အနည်းဆုံး မိုင်ထောင်ချီ ကွာဝေးသည်။

သို့သော်လည်း သူက တစ်ခဏအတွင်းမှာပင် ဤနေရာထိ တည်နေရာ ရွှေ့ပြောင်းခြင်း ခံလိုက်ရ၏။

"အစောပိုင်းက လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအားက အတော်ကြောက်ဖို့ကောင်းတာပဲ.. မဟာနဂါးနန်းတော်ထဲမှာ အခုအချိန်အထိ မသေသေးဘဲ ကျန်ရှိနေတဲ့ အစွမ်းထက်ကျင့်ကြံသူတွေ ရှိနေသေးတာများလား"

ကျန်းချန်က ထိတ်လန့်နေခဲ့ပြီး မရေမရာ ဖြစ်နေခဲ့သည်။

ကျင့်ကြံသူများသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့် အပေါ်မူတည်၍ သက်တမ်းများ ရှည်ကြာကြသည်။

နယ်မြေနတ်ဘုရားပင်လျှင် နှစ်ထောင်ပေါင်းများစွာသာ အသက်ရှင်နိုင်သည်။

အလွန်တရာ အစွမ်းထက်သော နတ်ဘုရင်အဆင့် ဖြစ်ခဲ့လျှင်ပင် နှစ်ပေါင်းဘီလီယံနှင့်ချီ အကန့်အသတ်မရှိ ထာဝရအသက်ရှင်နိုင်မည် မဟုတ်ပေ။

မဟာနဂါးနန်းတော်သည် ရှေးခေတ်ကာလက နှစ်သန်းပေါင်း၅၀၀ သက်တမ်းရှိခဲ့သော နတ်ဘုရင်အဆင့် အင်အားစုဖြစ်သည်။

ထို့ကြောင့် မဟာနဂါးနန်းတော်၏ အရှင်သခင် ဖြစ်သည့် သူတော်စင်နဂါးဘုရင်သည် ရှေးခတ်ကာလကနေ ယခုခေတ်အထိ အသက်ရှင်ရန်မှာ မဖြစ်နိုင်ပေ။

ယင်းကြောင့် မဟာနဂါးနန်းတော်မှ အခြားသော အစွမ်းထက် ကျင့်ကြံသူများဆိုလျှင် ပြောနေစရာပင် မလိုလောက်တော့ချေ။

"ကျွန်တော့်ကို ဒီနေရာဆီ ဘယ်အကြီးအကဲက ခေါ်လာသလဲဆိုတာ သိပါရစေ.. ကျေးဇူးပြုပြီး ကိုယ်ထင်ပြပေးပါ"

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏ခေါင်းကိုမော့ကာ မဟာနဂါးနန်းတော်၏ ပတ်ဝန်းကျင်သို့ ကျယ်လောင်စွာ အော်ဟစ် ပြောဆိုလိုက်သည်။

"ဘာလိုလိုနဲ့ မဟာတိုက်ပွဲက နှစ်သန်းပေါင်း ၅၀၀ တောင် ကုန်လွန်သွားခဲ့ပြီပဲ.. ငါက နှစ်သန်းပေါင်း ၅၀၀တောင် အိပ်ပျော်နေခဲ့ပြီး ဒီနေ့မှပဲ နိုးလာခဲ့တယ်"

ထိုအခိုက်အတန့်မှာပင် အလွန်တရာ အားကောင်းပြီး ရှေးကျသော အသံတစ်သံသည် မဟာနဂါးနန်းတော်၏ ကောင်းကင်ယံထက်တွင် တိုက်ရိုက် ပဲ့တင်ထပ်လာခဲ့သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်သည် တုန်လှုပ်သွားခဲ့သည်။

မဟာနဂါးနန်းတော်ထဲတွင် အမှန်တကယ်ပင် အသက်ရှင်နေသေးသောသူ တစ်ဦး ရှိနေခဲ့၏။

ထို့အပြင် တစ်ဖက်လူ၏ စကားသံကနေ ထွက်ပေါ်လာသော ဖိအားသည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိနေသည်ကို ကျန်းချန် ခံစားမိခဲ့သည်။

ထိုလူက နတ်ဘုရင်အဆင့် မဟုတ်လျှင်ပင် အနည်းဆုံး နယ်မြေနတ်ဘုရား အထွတ်အထိပ်အဆင့် ဖြစ်ကောင်းဖြစ်နေနိုင်၏။

ကျန်းချန် အံ့သြထိတ်လန့်နေသော အချိန်မှာပင် သူ၏ရှေ့ရှိ နေရာလွတ်သည် ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး မကြာမီမှာပင် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ခန္ဓာကိုယ်သန်မာထွားကျိုင်းသည့် အဘိုးအိုတစ်ဦးသည် ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့သည်။

သူ၏ ရှေ့မှ ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုကိုမြင်လျှင် ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

မဟာနဂါးနန်းတော်ထဲတွင် အသက်ရှင်ကျန်ရစ်သောသူ တစ်ဦး အမှန်တကယ်ပင်ရှိနေခဲ့၏။

ကျန်းချန်က သူ၏ စိတ်နှလုံးထဲမှ အံ့သြထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး မယုံကြည်နိုင်သော အမူအရာဖြင့် ပြောလိုက်သည်။

"အကြီးအကဲက မဟာနဂါးနန်းတော်ရဲ့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အဖွဲ့ဝင်တစ်ဦးလား"

"ဟားဟား ငါက မဟာနဂါးနန်းတော်က မဟုတ်ဘူး.. အတိအကျ ပြောရရင် ငါက လူသားတစ်ဦး မဟုတ်ဘူး မဟာနဂါးနန်းတော် ကျဆုံးသွားတာ နှစ်သန်းပေါင်း ၅၀၀တောင် ကြာမြင့်ခဲ့ပြီလေ.. ဘယ်လိုလူက အခုအချိန်အထိ အသက်ရှင်နိုင်မှာလဲ"

ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုက ခေါင်းကိုခါရမ်းကာ သက်ပြင်းချလိုက်သည်။

"ဒီအဘိုးကြီးက လူမဟုတ်ဘူးလား"

ရွှေရောင်ဝတ်စုံဝတ် အဘိုးအို၏ စကားကိုကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။

မကြာမီမှာပင် သူ၏စိတ်ထဲတွင် တစ်စုံတစ်ရာကို တွေးမိလိုက်ပြီး ထိတ်လန့်တကြားဖြင့် ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုကို ကြည့်ကာ ပြောလိုက်သည်။

"အကြီးအကဲက မဟာနဂါးနန်းတော်ရဲ့ နန်းတော်ဝိညာဥ်များလား"

ဤရွှေရောင်ဝတ်စုံဝတ် အဘိုးအိုသည် လူသားမဟုတ်ဘဲ ရှေးခေတ်ကာလကနေ ယခုအချိန်အထိ အသက်ရှင်နေခဲ့သည် ဖြစ်ရာ ဖြစ်နိုင်ခြေမှာ တစ်ခုတည်းသာ ရှိသည်။

ယင်းမှာ ထိုအဘိုးအိုသည် အစွမ်းထက်သော ဝိညာဥ်တစ်ခုသာ ဖြစ်ရပေမည်။

ဝိညာဥ်သည် အသက်ရှိသော်လည်း ၎င်းသည် သွေးသားဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်ဖြစ်သည်။

၎င်းတို့သည် သွေးသားဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်များထက် များစွာ ပို၍ အသက်ရှည်ကြ၏။

ထို့ကြောင့် ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုက နှစ်ပေါင်းများစွာ အသက်ရှင်နေခဲ့ခြင်းသည် အံ့သြစရာ မဟုတ်တော့ပေ။

ထို့အပြင် ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုသည် မဟာနဂါးနန်းတော် တစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီး သူ့ကို မဟာနဂါးနန်းတော်၏ ဝင်ပေါက်ကနေ ရင်ပြင်ဆီသို့ ချက်ချင်းဆိုသလို တည်နေရာ ရွှေ့ပြောင်းနိုင်ခဲ့သည်။

ထိုကဲ့သို့သော အရာမျိုးကို မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ်သာလျှင် လုပ်ဆောင်နိုင်လောက်သည် မဟုတ်ပါလော။

တစ်နည်းအားဖြင့် သူ၏ ရှေ့မှ မဟာနဂါးနန်းတော်သည် သာမန်နန်းတော် တစ်ခုမဟုတ်ဘဲ နတ်ဘုရင်အဆင့် ကျင့်ကြံသူက ဖန်တီးထားသည့် အထွတ်အမြတ်ရတနာ ဖြစ်နိုင်ခြေ အလွန်များသည်။

အကြောင်းအရင်းမှာ ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုကဲ့သို့ အလွန်အစွမ်းထက်သော နန်းတော်ဝိညာဥ် တစ်ပါးကိုပင် မွေးထုတ်နိုင်ခဲ့သောကြောင့်ပင်။

ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုက ကျန်းချန်ကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

"ကောင်လေး မင်းက ငါ့ကို ဒီလောက်အထိ မြန်မြန် ခန့်မှန်းနိုင်တယ်ဆိုတော့ အတော်လေး အကင်းပါးတာပဲ"

ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုသည် မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ်အမှန်တကယ်ပင် ဖြစ်နေခဲ့သည်။

ရွှေရောင်ဝတ်စုံဝတ် အဘိုးအို၏ ကိုယ်တိုင် ဝန်ခံမှုကိုကြားလျှင် ကျန်းချန်သည် အလွန်တရာ အံ့အားသင့်သွားခဲ့၏။

ကျန်းချန် သိသလောက် ဝိညာဥ်များသည် လူသားများနှင့်မတူဘဲ စွမ်းအင်ခန္ဓာကိုယ်သာ ရှိသည်။

သို့သော်လည်း သူ၏ရှေ့မှ ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုကမူ သာမန် လူသားများနှင့် မည်သို့မှ မကွာခြားတော့ပေ။

မည်သည့် မှော်ရတနာဝိညာဥ်သည် ဤမျှလောက်အထိ အစွမ်းထက်နိုင်ပါမည်နည်း။

"ကောင်လေး.. မဟာနဂါးနန်းတော်က အဲဒီနှစ်က ကပ်ဘေးတစ်ခုကို ခံစားရပြီး ဖျက်ဆီးခံခဲ့ရတယ်.. အဲဒီနောက်မှာ သူတော်စင် နဂါးဘုရင်က မဟာနဂါးနန်းတော်ကို အဆုံးမဲ့ဟင်းလင်းပြင်ထဲမှာ စည်းတံဆိပ်ခတ်ခဲ့ပြီး ကံကြမ္မာဆက်နွှယ်တဲ့သူကို စောင့်ဆိုင်းဖို့အတွက် မဟာနဂါးကျောက်တိုင်ကို မဟာနဂါး တောင်ထိပ်ပေါ်မှာ ထားခဲ့တယ်.. မင်းက မဟာနဂါးနန်းတော်ရဲ့ နတ်ဘုရင်အဆင့် နည်းစနစ်ဖြစ်တဲ့ ထိုက်စု အထွတ်အထိပ် နည်းစနစ်ကို ကျင့်ကြံခဲ့ပြီး မဟာနဂါးနန်းတော်ကို ဖွင့်လှစ်နိုင်ခဲ့တယ်.. ဒါကြောင့် မင်းက သူတော်စင်နဂါးဘုရင်ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်သွားခဲ့ပြီ"

ထိုအခိုက်အတန့်မှာပင် ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုထံမှ စကားသံသည် ထပ်မံ ထွက်ပေါ်လာခဲ့သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်သည် အလွန်တရာ တုန်လှုပ်သွားခဲ့၏။

"ကျွန်တော်က သူတောင်စင်နဂါးဘုရင်ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူလား"

"သူတော်စင်နဂါးဘုရင်က မဟာနဂါးနန်းတော်ထဲမှာ သူပိုင်ဆိုင်ထားသမျှကို ထားရစ်ခဲ့တယ်.. အကြောင်းအရင်းက မဟာနဂါးနန်းတော်ကို တာဝန်ယူဖို့နဲ့ မဟာနဂါးနန်းတော်ရဲ့ အရင်က ဂုဏ်ကျက်သရေတွေကို ပြန်လည် ရှာဖွေပေးမဲ့ အမွေခံတစ်ဦးကို ရှာဖွေဖို့ပဲ"

ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုက ခေါင်းညိတ်လိုက်ပြီး ကျန်းချန်ကိုကြည့်ကာ ပြောလိုက်သည်။

"မင်းက သူတော်စင်နဂါးဘုရင် ရွေးချယ်ထားတဲ့သူပဲ"

ထိုစကားကိုကြားလျှင် ကျန်းချန်သည် မချိပြုံးပြုံးကာ ပြောလိုက်သည်။

"အကြီးအကဲ ကျွန်တော့်မှာ ‌ရွေးချယ်စရာရှိသေးလား"

မဟာနဂါးနန်းတော်သည် ရှေးခေတ်ကာလက နတ်ဘုရင်အဆင့်အင်အားစု ဖြစ်ခဲ့သည်။

သို့ဖြစ်ရာ မဟာနဂါးနန်းတော်ကို ဖျက်ဆီးနိုင်သောသူသည် မဟာနဂါးနန်းတော်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းမည်မှာ သေချာ၏။

ထိုကဲ့သို့သော ပုဂ္ဂိုလ်သည် နတ်ဘုရားနယ်မြေတွင် နှစ်သန်းပေါင်း ရာချီအသက်ရှင်နေနိုင်သည်မှာ မဖြစ်နိုင်သောအရာမဟုတ်ပေ။

အကယ်၍ ထိုပုဂ္ဂိုလ်က ကမ္ဘာပေါ်တွင်ရှိနေသေးပြီး သူက သူတော်စင် နဂါးဘုရင်၏ အမွေခံ ဖြစ်လာကာ မဟာနဂါးနန်းတော်ကို ဆက်ခံခဲ့သည်ဆိုလျှင် ကိုယ့်သေတွင်း ကိုယ်တူးနေသည်နှင့် အတူတူပင် မဟုတ်ပါလော။

သူက မဟာနဂါးနန်းတော်ကို အခွင့်အလမ်းရရှိရန်သာ လာခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့​ ကြီးမားသည့် ပြဿနာတွင် မပါဝင်ချင်ခဲ့ပေ။

"ရွေးချယ်စရာမရှိဘူး.. မင်းက မဟာနဂါးနန်းတော်ဆီ ရောက်လာတဲ့ အချိန်ကစပြီး မဟာနဂါးနန်းတော်ကို ဆက်ခံဖို့က လွဲပြီး ရွေးချယ်စရာမရှိတော့ဘူး.. မဟာနဂါးနန်းတော်ကို ဆက်ခံရတာက မဟာနဂါးနန်းတော်ရဲ့ အကျိုးဆက်တွေကို တာဝန်ယူရတဲ့သဘော သက်ရောက်ပေမဲ့လည်း ဒါက မင်းအတွက် ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုလည်း ဖြစ်တယ်"

ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုက လေးနက်စွာ ရှင်းပြလိုက်သည်။

"ဒါ့အပြင် မင်းက ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကိုလည်း ကျင့်ကြံခဲ့ပြီးပြီ.. ဒါကြောင့် မင်းနဲ့မဟာနဂါးနန်းတော်က အစကတည်းက ကံကြမ္မာ ဆက်နွှယ်နေပြီးသားပဲ.. မင်းအနေနဲ့ မဟာနဂါးနန်းတော်ကို တာဝန်မယူရင်လည်း အဲဒီပုဂ္ဂိုလ်က မင်းကို တွေ့ခဲ့ရင် အလွှတ်ပေးမှာ မဟုတ်ဘူး"

"အကြီးအကဲ.. မဟာနဂါးနန်းတော်က ဘယ်လိုမျိုး ဖျက်ဆီးခံလိုက်ရတယ်ဆိုတာနဲ့ ကျွန်တော်ရင်ဆိုင်ရမဲ့ ပြိုင်ဘက်က ဘယ်သူလဲဆိုတာ ပြောပြပေးလို့ရမလား"

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ လေးနက်စွာ မေးလိုက်သည်။

ရွှေရောင်ဝတ်စုံဝတ် အဘိုးအို ပြောသောစကားက မမှားပေ။

သူက ယခုအခါတွင် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို လေ့ကျင့်ခဲ့ပြီး မဟာနဂါးနန်းတော်နှင့် ပတ်သက်နေခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်ရာ မဟာနဂါးနန်းတော်နှင့် သူသည် ခွဲခြား၍မရသည့် ကံကြမ္မာပါလာခဲ့ပြီ ဖြစ်၏။

သူအနေဖြင့် ရှောင်ပြေး၍ မဖြစ်နိုင်တော့သည်ဖြစ်ရာ ရင်ဆိုင်ရုံသာ ရှိတော့သည် မဟုတ်ပါလော။

"မင်းရဲ့လက်ရှိအဆင့်နဲ့ မင်းရဲ့ပြိုင်ဘက်ကို ရင်ဆိုင်ဖို့က အရမ်းကို အလှမ်းဝေးလွန်းတယ်.. အခုနေ မင်းသိထားရင်လည်း မင်းအတွက် ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး"

ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုက ခေါင်းခါရမ်းကာ ပြောလိုက်သည်။

"အခု မင်းလုပ်ဆောင်နိုင်တဲ့ တစ်ခုတည်းသောအရာက ကြိုးစားလေ့ကျင့်ဖို့ပဲ.. အနည်းဆုံး နယ်မြေနတ်ဘုရားအဆင့်ကို ရောက်မှ ဒီအကြောင်းကိုသိဖို့ အရည်အချင်း ပြည့်မီလိမ့်မယ်"

အခန်း(၁၆၂၄)ပြီး၏။

အခန်း(၁၆၂၅)

ကျန်းချန်က ရွှေရောင်ဝတ်စုံဝတ် အဘိုးအို၏ စကားကိုကြားလျှင် ခါးသီးစွာပြုံးလိုက်သည်။

သို့သော်လည်း ရွှေရောင်ဝတ်စုံဝတ် အဘိုးအို၏ စကားက မှန်ကန်ကြောင်း သူကောင်းစွာသိ၏။

မဟာနဂါးနန်းတော်သည် နတ်ဘုရင်အဆင့် အင်အားစု ဖြစ်၍ အလွန်အမင်း အစွမ်းထက်သည်။

ထို့ကြောင့် မဟာနဂါးနန်းတော်ကို ဖျက်ဆီးနိုင်သော ပုဂ္ဂိုလ်သည် နတ်ဘုရင်အဆင့် အထက်မှ ပုဂ္ဂိုလ်ဖြစ်နိုင်ရန် အလွန်များ၏။

သူကဲ့သို့ ပကတိနတ်ဘုရား တစ်ပါးသည် ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီး ရှေ့တွင် ပုရွက်ဆိတ်နှင့် မည်သို့မျှ ကွာခြားမည်မဟုတ်ပေ။

ထိုပုဂ္ဂိုလ်က မည်သူဖြစ်မှန်း ယခုအချိန်တွင် သိရှိခဲ့လျှင်ပင် သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရုံမှအပ ဘာမှထူးခြားလာမည် မဟုတ်ချေ။

ကျန်းချန်ကို ခေါင်းကို ခါရမ်းလိုက်ပြီး‌နောက်တွင် ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုကို ကြည့်ကာ မေးလိုက်၏။

"အကြီးအကဲ.. ကျွန်တော်မဟာနဂါးနန်းတော်ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ မသိဘူး.. အပြင်ဘက်မှာ နတ်ဘုရင်လမ်းကနေ တက်လာတဲ့ ကျင့်ကြံသူတွေ အများကြီးရှိတယ်.. ကျွန်တော်သူတို့ကို မဟာနဂါးနန်းတော်ထဲ ဝင်ရောက်တာကို တားဆီးချင်တယ်"

သူက မဟာနဂါးနန်းတော်ကို တာဝန်ယူရန် ဆုံးဖြတ်ခဲ့သောကြောင့် မဟာနဂါးနန်းတော်ထဲမှ အရာအားလုံးသည် သူနှင့်သာ သက်ဆိုင်သည် မဟုတ်ပါလော။

ထို့ကြောင့် ကျန်းချန်သည် မဟာနဂါးနန်းတော်သို့ အခြားသူများ ထပ်မံ ဝင်ရောက်မည်ကို မလိုလားတော့ပေ။

"စိတ်မပူပါနဲ့ မဟာနဂါးနန်းတော်မှာ သူတော်စင်နဂါးဘုရင်ရဲ့ တားမြစ်ချက် ရှိပြီးသားပါ...ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ကျင့်ကြံထားတဲ့ ပင်မတပည့်ကလွဲပြီး ဘယ်သူကမှ မဟာနဂါးနန်းတော်ထဲ ဝင်ရောက်နိုင်မှာမဟုတ်ဘူး.. ဒါ့အပြင် မဟာနဂါးနန်းတော်ထဲက အဆောက်အအုံတွေမှာ နတ်ဘုရင်အဆင့် တားမြစ်ချက်တွေ ရှိတယ်.. ငါတောင် အဲဒီ အဆောက်အအုံတွေကို ဖွင့်လို့မရဘူး.. မင်းအနေနဲ့ မဟာနဂါးနန်းတော်ကို ထိန်းချုပ်နိုင်မှ အဲဒီ အဆောက်အအုံထဲကို ဝင်ရောက်နိုင်လိမ့်မယ်"

ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုက ကျန်းချန်ကို ကြည့်ကာ ခေါင်းခါရမ်း၍ ပြောလိုက်သည်။

"အခု မင်းက အရမ်းကို အားနည်းနေသေးတယ်.. မင်းအနေနဲ့ မဟာနဂါးနန်းတော်ကို ထိန်းချုပ်ဖို့ အတွက် အနည်းဆုံး နှစ်ပေါင်းထောင်ချီ အချိန်ယူရလိမ့်မယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်သည် စိတ်ပျက်သွားခဲ့သည်။

"ဒါဆို မဟာနဂါးနန်းတော်က အခုအချိန်မှာ ကျွန်တော့်အတွက် ဘာမှအသုံးမဝင်ဘူးပေါ့"

မဟာနဂါးနန်းတော်သည် ရှေးခေတ်ကာလက နတ်ဘုရင်အဆင့် အင်အားစုဖြစ်၍ သံသယဖြစ်စရာမရှိလောက်အောင်ပင် အလွန်နက်ရှိုင်းသော နောက်ခံရှိပြီး အလွန် အဖိုးထိုက်တန်သည့် ကျင့်ကြံခြင်း အရင်းအမြစ်များစွာ ရှိမည်မှာ ဧကန်မလွဲဖြစ်၏။

သူသာ မဟာနဂါးနန်းတော်မှ အရင်းအမြစ်များကို ရရှိလျှင် အဆ၁၀၀ စနစ်၏ ကောင်းချီးဖြင့် အချိန်တိုအတွင်း ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်နှင့် နယ်မြေနတ်ဘုရား အဆင့်ကိုပင် ထိုးဖောက်နိုင်လိမ့်မည် မဟုတ်ပါလား။

"မင်းက အခုမှ ပကတိနတ်ဘုရား နယ်ပယ်အဆင့်မှာပဲ ရှိသေးတယ်.. ပကတိနတ်ဘုရား နယ်ပယ်အဆင့်နဲ့ဆိုရင် မဟာနဂါးနန်းတော်ထဲက ဘယ်လိုပစ္စည်းမဆို မင်းအတွက် အကျိုးရှိတယ်.. ကောင်လေး မင်းစိတ်မပျက်ပါနဲ့.. ငါမင်းအတွက် လက်ဆောင်ကောင်း တစ်ခု ပြင်ဆင်ထားတယ်"

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုသည် လက်တစ်ဖက်ကို ချက်ချင်းဆိုသလို ဝှေ့ယမ်းလိုက်ရာ ကျန်းချန်သည် သူနှင့်အတူ ရင်ပြင်ကနေ ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် ကျန်းချန်သည် ခန်းမတစ်ခု ထဲသို့ ရောက်နေသည်ကို တွေ့ရှိခဲ့ရ၏။

ထိုခန်းမသည် အရွယ်အစားအားဖြင့် မီတာ ၁၀၀ခန့်သာ ရှိသော ခန်းမတစ်ခု ဖြစ်သည်။

ထိုခန်းမက သာမန် ခန်းမတစ်ခုသာ ဖြစ်ပြီး အလွန်ပင် ရိုးရှင်းသည်။

သို့သော် ခန်းမ၏ ထောင့်တစ်နေရာတွင် ကြွယ်ဝသောစွမ်းအင်များကို ထုတ်လွှတ်နေသည့် မှော်ရတနာများ စုပုံနေသည်ကို ကျန်းချန်က သတိပြုမိခဲ့သည်။

ထိုရတနာများထဲတွင် အရည်အသွေးမြင့် ဆေးလုံးများအပြင် ရှားပါးသော မှော်ရတနာ အချို့လည်း ရှိသည်။

ဤရတနာများထဲမှ အများစုသည် ရှေးဟောင်းနဂါး မျိုးနွယ်စုကဲ့သို့ နယ်မြေနတ်ဘုရား အင်အားစုများမှာပင် အလွန်တရာ ရှားပါးလှ၏။

သို့သော်လည်း သူ့ရှေ့မှ ခန်းမထဲတွင်မူ ဂေါ်ဖီထုပ်များကဲ့သို့ပင် ပေါပေါလောလော ဖြစ်နေခဲ့သည်။

ကျန်းချန်ကို အံ့အားအသင့်စေဆုံး အရာမှာ ထိုစုပုံနေသော မှော်ရတနာများ မဟုတ်ဘဲ ခန်းမ၏အလယ်တွင် ဆန်းကြယ်သော အလင်းရောင်များကို ထုတ်လွှတ်နေသည့် လျှို့ဝှက်နက်နဲသော သလင်းကျောက်တစ်ခု ဖြစ်သည်။

ထိုသလင်းကျောက်မှ ထုတ်လွှတ်နေသော အရှိန်အဝါသည် နယ်မြေနတ်ဘုရား သလင်းကျောက်မှ အရှိန်အဝါနှင့် အလွန်တရာပင် ဆင်တူ၏။

ထို့ကြောင့် ထိုသလင်းကျောက်သည် မဟာနဂါးနန်းတော်မှ နယ်မြေနတ်ဘုရား တစ်ပါး၏ နယ်မြေနတ်ဘုရား သလင်းကျောက် ဖြစ်သည်မှာ ထင်ရှားနေသည်။

ကျန်းချန်က ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုကို စူးစမ်းစွာ မေးလိုက်သည်။

"အကြီးအကဲ.. ဒီနေရာက ဘာနေရာလဲ"

"မဟာတိုက်ပွဲကြီးအပြီးမှာ နတ်ဘုရင်အဆင့် အင်အားစု ဖြစ်တဲ့ မဟာနဂါးနန်းတော်က ပြိုလဲသွားခဲ့တယ်.. အဲဒီနောက်ပိုင်းမှာ သူတော်စင်နဂါးဘုရင်က မဟာနဂါးနန်းတော်ကို စည်းတံဆိပ်ခတ်ခဲ့ပြီး နန်းတော်ကို စီမံခန့်ခွဲဖို့အတွက် အစေခံတစ်ဦးကို တာဝန်ပေးအပ်ခဲ့တယ်.. ဒါက အဲဒီ အစေခံ နေထိုင်ခဲ့တဲ့နေရာပဲ"

ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုက ကျန်းချန်ကို ရှင်းပြလိုက်သည်။

"မဟာနဂါးနန်းတော်ရဲ့ အစေခံကတောင် နယ်မြေနတ်ဘုရားဖြစ်နေတာလား"

ကျန်းချန်က အသက်ရှူကျပ်လာသလို ခံစားလိုက်ရပြီး အသက်ကို ခပ်ပြင်းပြင်းပင် ရှူရှိုက်လိုက်ရသည်။

မဟာနဂါးနန်းတော်၏ အစေခံများပင်လျှင် နယ်မြေနတ်ဘုရားအဆင့် ဖြစ်နေခဲ့သည်။

သို့ဆိုလျှင် မဟာနဂါးနန်းတော်၏ အထွတ်အထိပ် ကာလတွင် မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းသော ခွန်အား ရှိနေနိုင်မည်ကို စိတ်ကူး၍ပင် မရနိုင်တော့ပေ။

"ကောင်လေး အစေခံကတောင် နယ်မြေနတ်ဘုရားအဆင့် ဖြစ်လို့ မင်းက အံ့သြနေတာလား.. မဟာနဂါးနန်းတော်ရဲ့အထွတ်အထိပ်ကာလမှာ နယ်မြေနတ်ဘုရားများစွာကို မွေးထုတ်ခဲ့ဖူးတယ်.. ဒီအစေခံက မဟာနဂါးနန်းတော်ကို သူတော်စင် နဂါးဘုရင် စည်းတံဆိပ်ခတ်တဲ့အချိန်က နယ်မြေနတ်ဘုရားအဆင့်ကို မရောက်သေးဘူး.. နောက်ပိုင်းမှသာ သူက မဟာနဂါးနန်းတော်ထဲမှာ အရူးအမူး ကျင့်ကြံရင်း နယ်မြေနတ်ဘုရား အထွတ်အထိပ်အဆင့်ကို တက်လှမ်းသွားခဲ့တယ်.. ဒါပေမဲ့ သူက အဆုံးသတ်မှာ နတ်ဘုရင်နယ်ပယ်အဆင့်ကိုတော့ မထိုးဖောက်နိုင်ခဲ့ဘူး.. သူသေဆုံးသွားတဲ့အခါ သူ့ရဲ့ နယ်မြေနတ်ဘုရားသလင်းကျောက်က ဒီနေရာမှာ ကျန်ရစ်ခဲ့တာပဲ"

ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုက ခေါင်းကိုခါရမ်းလိုက်ပြီး ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

"ဒီနေရာက အရင်းအမြစ်တွေက မင်းကို ကောင်းကင်နတ်ဘုရားအဆင့်နဲ့ နယ်မြေနတ်ဘုရားအဆင့်ကို အောင်မြင်အောင် ထိုးဖောက်နိုင်ဖို့ ကူညီပေးဖို့အတွက် လုံလောက်တယ်"

ကျန်းချန်က ခေါင်းညိတ်လိုက်သည်။

ဤနေရာတွင် နယ်မြေနတ်ဘုရား သလင်းကျောက်နှင့် အဖိုးတန် နတ်ဆေးဝါးများစွာ ရှိ၏။

နယ်မြေနတ်ဘုရား များစွာပင် ထိုကဲ့သို့သော ရတနာများကို စုဆောင်းနိုင်မည် မဟုတ်ပေ။

ဤအရင်းအမြစ် အားလုံးကိုသာ အသုံးပြုလိုက်လျှင် သူ၏ ခွန်အားသည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်း‌သော အဆင့်ထိ တိုးမြှင့်သွားမည်မှာ သေချာသလောက်ပင်။

"ဒီကျောက်စိမ်းတံဆိပ်ပြားကို သိမ်းထားပါ.. မင်းဒီကျောက်စိမ်းတံဆိပ်ပြားကို ဖျက်ဆီးလိုက်တာနဲ့ ဒီနေရာကို ပြန်ရောက်လာပြီး မဟာနဂါးနန်းတော်ကို ထိန်းချုပ်ဖို့ အခွင့်အရေး ရလိမ့်မယ်"

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုသည် ကျောက်စိမ်းတံဆိပ်ပြား တစ်ခုကို ကျန်းချန်အား ကမ်းပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

ကျန်းချန်က ကျောက်စိမ်းတံဆိပ်ပြားကို ယူလိုက်ပြီးနောက်တွင် ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုကို ကျေးဇူးတင်စကားပြောလိုက်သည်။

"မင်းအားနာနေဖို့ မလိုပါဘူး မဟာနဂါးနန်းတော်ရဲ့ နန်းတော်ဝိညာဥ်အနေနဲ့ ငါက မင်းကို မဟာနဂါးနန်းတော် ထိန်းချုပ်နိုင်ဖို့အတွက် အစွမ်းကုန် ကူညီပေးရမှာ ငါ့ရဲ့ တာဝန်ပါပဲ.. ကဲ ငါဆက်ပြီး အိပ်လိုက်ဦးမယ်..မင်းအနေနဲ့ ဒီနေရာမှာ ကျင့်ကြံမလား ဒါမှမဟုတ် ထွက်သွားမလား ဆိုတာတော့ မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ပါ"

ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုက ထိုစကားကို ပြောပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် ရွှေရောင် အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ ရှေ့ကနေ လုံးဝပျောက်ကွယ်သွားခဲ့သည်။

"ဒီမဟာနဂါးနန်းတော်က ကျင့်ကြံဖို့အတွက် တကယ်ကို ကောင်းမွန်တဲ့နေရာပဲ.. ဘာပဲဖြစ်ဖြစ် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေမပိတ်ခင် အချိန်တချို့ ကျန်သေးတယ်ဆိုတော့ ဒီနေရာမှာ လေ့ကျင့်နေလိုက်တာ ငါ့အတွက် ကောင်းမယ်ထင်တယ်"

ထိုသို့ တွေးလိုက်ပြီးနောက်တွင် ကျန်းချန်သည် စိတ်ထဲကနေ ဆုံးဖြတ်ချက် ပြတ်သားစွာ ချလိုက်သည်။

ထို့နောက်တွင် သူ၏ အကြည့်သည် ခန်းမ၏ အလယ်တွင်ရှိသော နယ်မြေနတ်ဘုရား သလင်းကျောက်ပေါ်သို့ ရောက်ရှိသွားခဲ့၏။

ဤနယ်မြေနတ်ဘုရား သလင်းကျောက်သည် နယ်မြေနတ်ဘုရား အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူ၏ အဆီအနှစ်များကို စုစည်းထားသော သလင်းကျောက် ဖြစ်သည်။

ထိုအရာသည် နယ်မြေနတ်ဘုရား အဆင့်အောက်မှ ကျင့်ကြံသူများ အတွက် စိတ်ကူးအိပ်မက်ထဲမှ ရတနာတစ်ပါး ဆိုလည်း မမှားပေ။

ယခင်က သူသည် သက်မဲ့တောင်ကြားတွင် အရှင်ဝူရှန့်၏ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိခဲ့သည်။

သို့ရာတွင် ထိုနယ်မြေနတ်ဘုရား သလင်းကျောက်ကို ဖန်းချင်းယွမ်၏ ကမ္ဘာ့စွမ်းအား ပြန်လည်ပြုပြင်ရန် ရည်ရွယ်ထား၍ သူ့အနေဖြင့် အသုံးပြုလိုခြင်း မရှိခဲ့‌ပေ။

ယခုအခါတွင် မဟာနဂါးနန်းတော်၌ နယ်မြေနတ်ဘုရားသလင်းကျောက်တစ်ခု ထပ်မံရရှိခဲ့ချေပြီ။

ယင်းကြောင့် အဆုံးသတ်တွင် သူသည် နယ်မြေနတ်ဘုရား သလင်းကျောက်ကို တွန့်ဆုတ်မှုမရှိဘဲ အသုံးပြုနိုင်တော့မည် မဟုတ်ပါလား။

ကျန်းချန်က ခန်းမ၏ အလယ်သို့ လျှောက်လာပြီးနောက်တွင် နယ်မြေနတ်ဘုရား သလင်းကျောက်ကို လှမ်းယူလိုက်သည်။

"ဒီနယ်မြေနတ်ဘုရား သလင်းကျောက်ကို မျိုချလိုက်ရင် ဘာတွေဖြစ်လာမလဲ မသိဘူး"

သူ၏ လက်ထဲမှ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

နယ်မြေနတ်ဘုရား သလင်းကျောက် ထဲတွင် အလွန်တရာအားကောင်းသော စွမ်းအားများ ပါဝင်နေခဲ့၏။

ပကတိနတ်ဘုရားတစ်ပါးက နယ်မြေနတ်ဘုရား သလင်းကျောက်ကို မျိုချမည်ဆိုလျှင် နယ်မြေနတ်ဘုရား သလင်းကျောက်ထဲမှ စွမ်းအားကို ခံနိုင်ရည်မရှိဘဲ ခန္ဓာကိုယ် ပေါက်ကွဲထွက်ကာ သေဆုံးသည်အထိပင် ဖြစ်နိုင်သည်။

ထို့ကြောင့် နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိထားသည့် ပကတိနတ်ဘုရား အများစုသည် တိုက်ရိုက် အသုံးပြုရန် မဝံ့ရဲကြဘဲ ဖြည်းဖြည်းချင်းစီသာ နယ်မြေနတ်ဘုရား သလင်းကျောက်ထံမှ စွမ်းအားများကို စုပ်ယူလေ့ ရှိကြသည်။

သို့သော်လည်း ကျန်းချန်ကမူ ခန္ဓာကိုယ်ထဲတွင် အဆ ၁၀၀ စနစ် ရှိနေသောကြောင့် နယ်မြေနတ်ဘုရား သလင်းကျောက်၏ စွမ်းအားဖြင့် ပေါက်ကွဲထွက်သွားမည်ကို စိတ်ပူစရာ မလိုအပ်ပေ။

သူက ခဏမျှ တွေးတောနေလိုက်ပြီးနောက်တွင် နယ်မြေနတ်ဘုရားသလင်းကျောက်ကို မျိုချလိုက်တော့သည်။

အခန်း(၁၆၂၅)ပြီး၏။

အခန်း(၁၆၂၆)

ကျန်းချန်က မျိုချလိုက်ပြီးနောက်တွင် နယ်မြေနတ်ဘုရားသလင်းကျောက်သည် သူ၏ ဒန်တျန်ထဲရှိ နတ်စွမ်းအားပင်လယ်ထဲသို့ ချောချောမွေ့မွေ့ပင် ရောက်ရှိသွားခဲ့သည်။

သို့‌သော် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ မည်သည့် တုံ့ပြန်မှုမှ မရှိခဲ့သလို စနစ်၏ အချက်ပေးသံလည်း ထွက်မလာခဲ့ပေ။

"ဒါက ဘယ်လိုအခြေအနေလဲဟ. နယ်မြေနတ်ဘုရား သလင်းကျောက်ကို မျိုချလိုက်တာ ဘာမှ အသုံးမဝင်ဘူးလား"

ကျန်းချန်က ခဏမျှ မှင်တက်နေခဲ့သည်။

ဤသည်မှာ နယ်မြေနတ်ဘုရား အထွတ်အထိပ်အဆင့်ကျင့်ကြံသူ၏ အဆီအနှစ်ဖြစ်သည့် နယ်မြေနတ်ဘုရားသလင်းကျောက် ဖြစ်သည်။

အကယ်၍ မျိုချသည်က အသုံးမဝင်လျှင် နယ်မြေနတ်ဘုရား သလင်းကျောက်ကို ဆုံးရှုံးသွားသည်နှင့် အတူတူပင် မဟုတ်ပါလော။

"မဟုတ်သေးဘူး.. နယ်မြေနတ်ဘုရား သလင်းကျောက်က နတ်စွမ်းအားပင်လယ် ထဲမှာ မူလအတိုင်းပဲ ရှိနေသေးတယ်.. ကြည့်ရတာ နယ်မြေနတ်ဘုရား သလင်းကျောက်ကို မချေဖျက်နိုင်သေးတာပဲ ဖြစ်ရမယ်"

နတ်စွမ်းအားပင်လယ်ထဲမှ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ခံစားမိလိုက်လျှင် ကျန်းချန်သည် ခပ်တိုးတိုးရေရွတ်လိုက်သည်။

သူက နယ်မြေနတ်ဘုရား သလင်းကျောက်ကို လျှော့တွက်မိခဲ့ပုံရ၏။

ယခင်ကဆိုလျှင် အဆ ၁၀၀စနစ်ကို အားကိုး၍ မည်သည့်ဆေးဝါးကို မဆို မျိုချပြီး အတွေ့အကြုံရမှတ်များ အဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲနိုင်ခဲ့သည်။

သို့သော်လည်း နယ်မြေနတ်ဘုရား သလင်းကျောက်က အလွန်အမင်း အစွမ်းထက်၍ အဆ ၁၀၀ စနစ်သည်ပင် တစ်ခါတည်း ချေဖျက်နိုင်ပုံ မရပေ။

ထို့‌နောက်တွင် ကျန်းချန်က ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ဖြင့် ခန္ဓာကိုယ်မှ စွမ်းအားများကို လှုံ့ဆော်လိုက်ပြီး နတ်စွမ်းအားပင်လယ်ထဲမှ နယ်မြေနတ်ဘုရား သလင်းကျောက်ကို သန့်စင်ရန် ကြိုးစားခဲ့၏။

သို့သော်လည်း နယ်မြေနတ်ဘုရား သလင်းကျောက်က မည်သို့မှ ထူးခြားမလာခဲ့ပေ။

"ထားလိုက်ပါတော့.. ဒီနယ်မြေနတ်ဘုရား သလင်းကျောက်က နတ်စွမ်းအားပင်လယ်ထဲမှာပဲ ထာဝရရှိနေမယ်လို့ ငါမယုံဘူး"

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး နတ်စွမ်းအားပင်လယ် ထဲမှ နယ်မြေနတ်ဘုရားသလင်းကျောက်ကို ဆက်လက် အာရုံမစိုက်တော့ဘဲ ခန်းမ၏ ထောင့်တစ်နေရာတွင် စုပုံထားသော မှော်ရတနာများ ဆီသို့ စိုက်ကြည့်လိုက်သည်။

သူက ဤရတနာများကို အရင် သိမ်းဆည်းရန် ရည်ရွယ်လိုက်သည်။

အဆ ၁၀၀ စနစ်က သူ၏ နတ်စွမ်းအားပင်လယ်ထဲမှ နယ်မြေနတ်ဘုရား သလင်းကျောက်ကို အမှန်တကယ် မချေဖျက်နိုင်ခဲ့လျှင် ခဏအကြာတွင် သူက နန်းတော်စောင့်ဝိညာဥ်ကို နှိုးကာ မေးကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။

ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် စိတ်မသက်မသာ ဖြစ်မနေတော့ပေ။

သူက မှော်ရတနားများ ရှိရာသို့ လျှောက်လာခဲ့ပြီး သိုလှောင်လက်စွပ်ထဲသို့ ထည့်ကာ စတင် သိမ်းဆည်းလိုက်သည်။

တစ်နာရီခန့် အကြာတွင် ကျန်းချန်သည် သူ၏ရှေ့မှ မှော်ရတနာ တစ်ဝက်ကျော်ကို သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းနိုင်ခဲ့သည်။

ထိုအချိန်မှာပင် စနစ်ထံမှ သတိပေးချက်သည် သူ၏ စိတ်ထဲတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့၏။

"ဒင်.. သင်က နယ်မြေနတ်ဘုရား သလင်းကျောက်ရဲ့ ၁၀၀၀ပုံ ၁ပုံကို စုပ်ယူလိုက်ပြီး နတ်စွမ်းအား အတွေ့အကြုံရမှတ် သိန်းတစ်ရာကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်..သင်က နယ်မြေနတ်ဘုရား သလင်းကျောက်ရဲ့ ၁၀၀၀ပုံ၁ပုံကို စုပ်ယူပြီး ဓားလမ်းစဥ်ဥပ‌ဒေသ မူလစွမ်းအား အတွေ့အကြုံရမှတ် သိန်းတစ်ရာကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်..သင်က နယ်မြေနတ်ဘုရား သလင်းကျောက်ကို ၁၀၀၀ပုံ၁ပုံ စုပ်ယူပြီး မိုးကြိုးဥပဒေသ အတွေ့အကြုံရမှတ် သိန်းတစ်ရာကို အဆ ၁၀၀ ရရှိပါတယ်"

".........."

စနစ်ထံမှ အချက်ပေးသံများကို ကြားပြီးနောက်တွင် ကျန်းချန်သည် စိတ်နှလုံးထဲကနေ သက်ပြင်းချလိုက်သည်။

အဆ ၁၀၀ စနစ်က နယ်မြေနတ်ဘုရား သလင်းကျောက်ကို မချေဖျက်နိုင်ခြင်း မဟုတ်ဘဲ နယ်မြေနတ်ဘုရား သလင်းကျောက်ထဲတွင် ပါဝင်သောစွမ်းအားက အလွန်တရာ ကြီးမားသောကြောင့် တစ်ခါတည်း ချေဖျက်နိုင်ခြင်း မရှိပုံရ၏။

အဆ ၁၀၀ စနစ်သည် ၁နာရီအတွင်း နယ်မြေနတ်ဘုရားသလင်းကျောက်၏ ၁၀၀၀ပုံ ၁ပုံကိုသာ စုပ်ယူနိုင်ခဲ့သည်။

စနစ်၏ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ချေဖျက်နိုင်သော အရှိန်အဟုန်သည် ကျန်းချန် ထင်ထားသည်ထက် ပိုမိုနှေးကွေးသော်လည်း သာမန် အဆင့်မြင့် ပကတိနတ်ဘုရားများနှင့် နှိုင်းယှဥ်လျှင် ဤအရှိန်အဟုန်သည် အလွန်တရာ မြန်ဆန်နေပြီ ဖြစ်၏။

ယေဘုယျအားဖြင့် အဆင့်မြင့် ပကတိနတ်ဘုရား အဆင့် ကျင့်ကြံသူများသည် ၈နှစ် သို့မဟုတ် ၁၀နှစ်မျှ ကြာမြင့်ခဲ့လျှင်ပင် နယ်မြေနတ်ဘုရား သလင်းကျောက်၏ စွမ်းအားကို လုံးဝ ချေဖျက်နိုင်မည် မဟုတ်ပေ။

ယခုအခါ သူက နယ်မြေနတ်ဘုရား သလင်းကျောက်၏ ၁၀၀၀ပုံ ၁ပုံကို ၁နာရီအတွင်း စုပ်ယူနိုင်ခဲ့ချေပြီ။

ဤနှုန်းဖြင့်သာဆိုလျှင် နယ်မြေနတ်ဘုရား သလင်းကျောက်၏ စွမ်းအားများကို သူ၏ ကိုယ်ပိုင်စွမ်းအားများအဖြစ် ပြောင်းလဲရန် အများဆုံး ၂လ သို့မဟုတ် ၃လခန့်သာ လိုအပ်မည် ဖြစ်၏။

ထိုအချိန်သို့ ရောက်လျှင် သူသည် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို မထိုးဖောက်နိုင်ခဲ့လျှင်ပင် ကိုယ်ခံပညာဥပဒေသ၏ မူလစွမ်းအား အချို့ကို နားလည်သော ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ဖြစ်လာလိမ့်မည် ဖြစ်သည်။

ကိုယ်ခံပညာ ဥပဒေသအချို့၏ မူလစွမ်းအားကို နားလည်ခဲ့လျှင် သူ့အနေဖြင့် သာမန် ကောင်းကင်နတ်ဘုရားများကို ရင်ဆိုင်ရန်ပင် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

ကျန်းချန်က ခန်းမထဲမှ ရတနာများကို သိမ်းဆည်းလိုက်ပြီးနောက်တွင် ခန်းမထဲတွင် ခြေချိတ်၍ ထိုင်ကာ နတ်စွမ်းအားပင်လယ်ထဲမှ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ချေဖျက်ကာ စုပ်ယူနေလိုက်သည်။

လဝက်ခန့်အကြာတွင် ဓားလမ်းစဥ် ဥပဒေသနှင့် အသက်လမ်းစဥ်ဥပဒေသမှ လွဲ၍ ကျန်းချန်၏ အခြားသော ကိုယ်ခံပညာ ဥပဒေသအားလုံးသည် တတိယအဆင့်ကို ကျော်ဖြတ်ကာ မူလစွမ်းအား အဆင့်အထိ ရောက်ရှိသွားခဲ့သည်။

ဤသို့ဖြင့် ကျန်းချန်သည် ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအား ၆မျိုးကို နားလည်သော ခြေလှမ်းတစ်ဝက် ကောင်းကင် နတ်ဘုရား ဖြစ်လာခဲ့သည်။

သို့သော်လည်း ဤလဝက်အတွင်း နယ်မြေနတ်ဘုရား သလင်းကျောက်ကို စုပ်ယူနိုင်မှုသည် ၃ပုံ ၁ပုံအောက်သာ ရှိခဲ့၏။

ထို့ကြောင့် ကျန်းချန်က နယ်မြေနတ်ဘုရား သလင်းကျောက်ကို ချေဖျက်၍ ဆက်လက် စုပ်ယူကာ သူ၏ခွန်အားကို တိုးတက်ရန် အရူးအမူး လုပ်ဆောင်နေခဲ့သည်။

သူက နတ်ဘုရင်လမ်း၏ ၃၃ဆင့်မြောက်တွင် ကျင့်ကြံသူ၂၀ကျော်ကို မြင်ခဲ့ရသည်။

ထိုအယောက်၂၀က ဘယ်ကတည်းက စ၍ ၃၃ဆင့်မြောက်တွင် စုရုံးနေသလဲ သူ မသိပေ။

ထိုအယောက်၂၀ကို အဖွဲ့၅ဖွဲ့ အဖြစ် ခွဲခြားနိုင်သည်။

နယ်မြေ ၄ခုသည် အဖွဲ့တစ်ခုစီ ဖြစ်၍ လုံချီရှောင်နှင့်လျှိုထျန်းရှင်းတို့သည် တစ်ဖွဲ့ ဖြစ်သည်။

သူတို့၂ယောက်က ထောင့်တစ်နေရာတွင် တိတ်တဆိတ် ရပ်နေခဲ့ကြ၏။

ထျန်းလဲ့နယ်မြေမှ အဖွဲ့ကို ဦးဆောင်သူမှာ မိုးကြိုးဝတ်ရုံကို ဝတ်ဆင်ထားသည့် ဆံပင်အနီရောင်နှင့် အမျိုးသား တစ်ဦး ဖြစ်သည်။

တစ်ဖက်ရှိ ကြယ်သင်္ကေတနယ်မြေမှ ခေါင်းဆောင်ကမူ အလွန်တရာ ခန့်ညားချောမောသော လူငယ်တစ်ဦး ဖြစ်၏။

ပိုင်ယွင်နယ်မြေမှ ခေါင်း‌ဆောင်ကမူ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆွဲဆောင်မှုရှိသော အမျိုးသမီး တစ်ဦးဖြစ်သည်။

သူမ၏ မျက်နှာအမူအရာက အေးစက်စက် ဖြစ်နေခဲ့၏။

ထိုအမျိုးသမီးသည် ပိုင်ယွင်နယ်မြေ၏ လူငယ်မျိုးဆက်ထဲတွင် နံပါတ်(၁)ဖြစ်သည့် လန်ရွှမ်းရွှမ်း ဖြစ်သည်။

စန်းရှန်နယ်မြေမှ ခေါင်းဆောင်ကမူ ခန္ဓာကိုယ်သန်မာထွားကျိုင်းသော အမျိုးသားတစ်ဦး ဖြစ်သည်။

ထိုသူမှာ စန်းရှန်နန်းတော်၏ နံပါတ်တစ် ပါရမီရှင် စန်းခွင်းဟူ ဖြစ်၏။။

ထို၄ဦးစလုံးသည် နယ်မြေ၄ခုမှ အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့် ပါရမီရှင်များ ဖြစ်ကြသည်။

သူတို့တစ်ဦးချင်းစီ၏ ခွန်အားသည် ခြေလှမ်းတစ်ဝက်ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့်ကို ရောက်ရှိလုနီးပါး ဖြစ်၏။

ဆိုရလျှင် သူတို့သည် ကောင်းကင်နတ်ဘုရား အဆင့်ကို ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။

မဟာနဂါးနန်းတော် ဖွင့်လှစ်ကြောင်း သိရှိရပြီးနောက်တွင် နယ်မြေ၄ခုမှ ထိပ်တန်း ပါရမီရှင်များသည် မဟာနဂါးတောင်ကို အလျင်အမြန်ပင် ပြေးလာခဲ့ကြသည်။

သူတို့က မဟာနဂါးတောင်သို့ ရောက်ရှိလာပြီး နတ်ဘုရင်လမ်း၏ ၃၃ဆင့်မြောက် အထိ တက်လာခဲ့၏။

သို့ရာတွင် သူတို့သည် ရွှေရောင်တံတားမှတစ်ဆင့် မဟာနဂါးနန်းတော်ထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိသည်ကို တွေ့ရှိခဲ့ရသည်။

ရှင်းလင်းစွာ ဆိုရလျှင် သူတို့သည် ရွှေရောင်တံတား ပေါ်သို့ ခြေချရန်ပင် အလွန်တရာ ခက်ခဲနေခဲ့၏။

"အားလုံးပဲ ငါခန့်မှန်းတာ မမှားဘူးဆိုရင် ဒီနေရာမှာ မဟာနဂါးနန်းတော်က သူတော်စင်နဂါးဘုရင်ရဲ့ နတ်ဘုရင်အဆင့် အစီအရင် ရှိနေတာပဲ ဖြစ်ရမယ်.. ဒါကြောင့် မဟာနဂါးနန်းတော်ထဲကို ဝင်ဖို့ အတင်းအကျပ် ကြိုးစားတာက ဘာမှ အလုပ်ဖြစ်မှာ မဟုတ်လောက်ဘူး"

ထျန်းလဲ့ဂိုဏ်းမှ လဲ့ထျန်းရန်က ရွှေရောင်တံတားကို အကဲခတ်ပြီးနောက်တွင် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

"ရှေးဟောင်းနဂါး မျိုးနွယ်စုက တစ်ဦးက မဟာနဂါးနန်းတော်ထဲကို ဝင်နှင့်သွားပြီ ဆိုတော့ သူ့ရဲ့အဖော်၂ဦးကို ငါတို့မေးကြည့်လို့ ရနိုင်မယ်ထင်တယ်"

ကြယ်သင်္ကေတနယ်မြေမှ ကုန်းဝူကျီက အေးစက်စက် ရေရွတ်လိုက်သည်။

ကုန်းဝူကျီ၏ စကားကိုကြားလျှင် စန်းခွင်းဟူသည် လုံချီရှောင်တို့ကို ကြည့်ကာ မဲ့ပြုံးပြုံး၍ မေးလိုက်သည်။

"မဟာနဂါးနန်းတော်ထဲကို မင်းတို့ရဲ့အဖော် ဘယ်လိုဝင်သွားသလဲဆိုတာ ငါတို့ကို ပြောပြစမ်း.. အမှန်အတိုင်းပြောရင် မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးမယ်"

"ငါတို့လဲ မသိဘူး"

လုံချီရှောင်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ဘယ်လိုဝင်ရမလဲဆိုတာ သိနေရင် နတ်ဘုရင်လမ်းရဲ့ ၃၃ဆင့်မြောက်မှာ ငါတို့က မင်းတို့ကို စောင့်နေမယ်လို့ မင်းထင်လား"

"မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"

စန်းခွင်းဟူက ဒေါသထွက်သွားခဲ့ပြီး တောင်တစ်လုံး ကဲ့သို့လေးလံသော ခွန်အားကို ထုတ်ဖော်ကာ လုံချီရှောင်တို့ ၂ဦးကို ဖိနှိပ်လိုက်သည်။

လုံချီရှောင်တို့က ခွန်အားအပြည့်အဝကို ထုတ်ဖော်ကာ ခုခံလိုက်သော်လည်း စန်းခွင်းဟူ၏ ခွန်အားသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။

လုံချီရှောင်က ထိတ်လန့်သွားခဲ့ပြီး လျှိုထျန်းရှင်းကို တွန်းထုတ်လိုက်ကာ စန်းခွင်းဟူ၏ ဖိအားကို သူတစ်ယောက်တည်း ခံယူလိုက်သည်။

ယင်းနောက်တွင်မူ လုံချီရှောင်သည် ခြေ၁၀လှမ်းကျော် နောက်ဆုတ်လိုက်ရပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရ၏။

အခန်း(၁၆၂၆)ပြီး၏။

All Chapters