← Chapters

အခန်း (၁၆၃၀-၁၆၃၂)

Vol. 109 Ch. 1630-1632

အခန်း (၁၆၃၀-၁၆၃၂)

Vol. 109 Ch. 1630-1632

အခန်း(၁၆၃၀)

နတ်ဘုရင်လမ်း၏ အဆင့်၃၃ဆင့်တွင် ရှိနေကြသော နယ်မြေ၄ခုမှ ပါရမီရှင်များသည် စန်းခွင်းဝူ၏ ဖြစ်အင်ကိုမြင်လျှင် သူတို့၏မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။

စန်းခွင်းဝူသည် နယ်မြေ၄ခုထဲမှ စန်းရှန်းနယ်မြေ၏ နံပါတ်(၁)ပါရမီရှင် ဖြစ်ပြီး ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ယခင်က ကျန်းချန်၏ တိုက်ကွက်သုံးကွက်ဖြင့် လွင့်စင်သွားရခြင်းမှာ စန်းခွင်းဝူက ပေါ့ဆပြီး ခွန်အား အကုန်အစင်ကို အသုံးမပြုခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ထင်ခဲ့ကြသည်။

သို့သော်လည်း ဤတစ်ကြိမ်တွင်မူ စန်းခွင်းဝူသည် ကျန်းချန်၏ အပြတ်အသတ် အနိုင်ယူခြင်းကို ခံလိုက်ရ၏။

သိထားရမည့်အချက်မှာ စန်းရှန်နယ်မြေ၏ နံပါတ်(၁)ပါရမီရှင် အနေဖြင့် စန်းခွင်းဝူသည် သာမန် ခြေလှမ်းတစ်ဝက်ကောင်းကင်နတ်ဘုရား အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး မဟုတ်ပေ။

ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူ ဖြစ်နေခဲ့လျှင် စန်းခွင်းဝူကို ဤကဲ့သို့ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

သူတို့ရှေ့မှ ကောင်‌လေးမူ အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်သာ ရှိသေးသော်လည်း အလွန်တရာကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ထုတ်ဖော်ကာ စန်းခွင်းဝူကို အနိုင်ယူခဲ့သည်။

"သူအသုံးပြုလိုက်တဲ့ သိုင်းစွမ်းအား ပုံရိပ်နည်းစနစ်က အရမ်းကို အစွမ်းထက်တဲ့နည်းစနစ်ပဲ.. ဒီနည်းစနစ်ကြောင့်ပဲ သူက ‌ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့် ဖြစ်တဲ့ စန်းခွင်းဝူကို အနိုင်ရခဲ့တာပဲ"

သူ၏ ရှေ့မှမြင်ကွင်းကို ကြည့်ရင်း လဲ့ထျန်းယန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

"ဒီကောင် အသုံးပြုလိုက်တဲ့ နည်းစနစ်က မဟာနဂါးနန်းတော်ထဲက နတ်ဘုရင်အဆင့် နည်းစနစ်ပဲ ဖြစ်ရမယ်"

ကုန်းဝူကျီ၏ မျက်ဝန်းများက အလွန်အမင်း တောက်ပလာခဲ့သည်။

"ဒဏ္ဍာရီလာ နတ်ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်က ငါထင်ထားတာထက် အများကြီး ပိုအစွမ်းထက်ပုံပဲ"

လန်ရွှမ်းရွှမ်းကလည်း အေးစက်သော အကြည့်ဖြင့် ကြည့်ကာ စိတ်ထဲကနေ ရေရွတ်လိုက်သည်။

သူမက ဘာစကားမှ မပြောခဲ့သော်လည်း ကျန်းချန်ကို ကြည့်နေသော သူမ၏အကြည့်တွင် လောဘ အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

"ဒါ လုံးဝ မဖြစ်နိုင်ဘူး.. ငါက ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့် ကျင့်ကြံသူပဲ.. ငါက မင်းကို ဘယ်လိုလုပ်ပြီး ရှုံးနိမ့်နိုင်မှာလဲ.. သွားသေလိုက်စမ်း"

စန်းခွင်းဝူက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားနှင့် ဥပဒေသ စွမ်းအားများကို ပေါင်းစပ်ကာ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးအဖြစ် ဖန်တီး၍ ကျန်းချန်ကို ဖိနှိပ်လိုက်သည်။

ဤပကတိနတ်ဘုရား ကမ္ဘာငယ်လေးတွင် စန်းခွင်းဝူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ နတ်စွမ်းအားများ သာမက နေရာလွတ်ဥပဒေသ မူလစွမ်းအား၏ ၉၀ရာခိုင်နှုန်းနှင့် ခွန်အားဥပဒေသ မူလစွမ်းအား၏ ၇၀ ရာခိုင်နှုန်းကိုပါ ပေါင်းစပ်ထား၍ အလွန်အမင်း အစွမ်းထက်သည်။

ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် အထူး ဂရုတစိုက် ရင်ဆိုင်ရမည် ဖြစ်၏။

ထိုအချိန်တွင် စန်းခွင်းဝူ၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်လာခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် ကျန်းချန်သည် လေဥပဒေသမူလစွမ်းအား၊ မိုးကြိုးဥပဒေသမူလစွမ်းအား၊ အချိန်ဥပဒေသမူလစွမ်းအား၊ မီးဥပဒေသမူလစွမ်းအား၊ နေရာလွတ်ဥပဒေသမူလစွမ်းအားများကို ပေါင်းစပ်ကာ အဖျက်စွမ်းအားကြီးမားသော ရောင်စုံနတ်မိုးကြိုး အဖြစ်သို့ ပြောင်းလဲလိုက်ပြီး စန်းခွင်းဝူ၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေး ဆီသို့ သက်ရောက်စေခဲ့သည်။

"ဝုန်း.."

ရောင်စုံနတ်မိုးကြိုး သက်ဆင်းလာမှုနှင့်အတူ စွမ်းအင်များက ပေါက်ကွဲထွက်သွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီးပင် တုန်ခါသွားခဲ့သည်။

တောက်ပသော အလင်းသည် သူတို့နှစ်ဦးကို ဗဟိုပြု၍ လှပသော မီးရှုးမီးပန်းများကဲ့သို့ အရပ်လေးမျက်နှာဆီ ပျံ့နှံ့သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် အဖျက်စွမ်းအင် ကြီးမားသော ကြောက်မက်ဖွယ်ရာကောင်းသည့် မုန်တိုင်းတစ်ခုသည် နတ်ဘုရင်လမ်း၏ အဆင့်၃၃ဆင့်တွင် တိုက်ခတ်လာခဲ့သည်။

နယ်မြေလေးခုမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့် လေးဦးမှလွဲလျှင် ကျန်ရှိသော ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားများသည် အဖျက်စွမ်းအား ကြီးမားလှသော မုန်တိုင်းကြောင့် နောက်သို့ များစွာ ဆုတ်လိုက်ရသည်။

ထိုအထဲမှ တချို့သည် မကြာသေးမီကမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့ကြသူများ ဖြစ်ကြ၏။

ထို့ကြောင့် အဖျက်စွမ်းအင် ကြီးမားသော မုန်တိုင်းကို တောင့်မခံနိုင်ဘဲ နောက်သို့ဆုတ်ရင်း အဆုံးမဲ့ချောက်နက် ထဲသို့ ပြုတ်ကျသွားခဲ့ကြသည်။

စန်းခွင်းဝူ၏ နေရာလွတ် ဥပဒေသ မူလစွမ်းအားဖြင့် ချုပ်နှောင်ခံထားရသော လုံချီရှောင်နှင့် လျှိုထျန်းရှင်းတို့ နှစ်ဦးပင် အဖျက်စွမ်းအင်မုန်တိုင်း၏ အကျိုးသက်ရောက်မှုကြောင့် နတ်ဘုရင်လမ်းပေါ်ကနေ ချောက်နက်ထဲသို့ ပြုတ်ကျသွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်သည်နှင့် ကျန်းချန်၏ ပုံရိပ်သည် ဖျတ်ခနဲလက်သွားခဲ့ပြီး အဆုံးမဲ့ ချောက်နက်ထဲတွင် ပေါ်လာခဲ့သည်။

ယင်းနောက်တွင် သူက နေရာလွတ်ဥပဒေသ မူလစွမ်းအားကို ထုတ်ဖော်ကာ လုံချီရှောင်တို့ နှစ်ဦးကို လေထဲတွင် ရပ်တန့်စေခဲ့ပြီး နတ်ဘုရင်လမ်း၏ ၃၃ဆင့်ဆီသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

မဟာနဂါးတောင်၏ အထက်ရှိ လေထုထဲတွင် ပျံသန်းခွင့်တားမြစ်ချက်သည် မဟာနဂါးနန်းတော်နှင့် မသက်ဆိုင်သည့် ပြင်ပမှလူများ အပေါ်တွင်သာ သက်ရောက်မည် ဖြစ်သည်။

ကျန်းချန်ကမူ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို လေ့ကျင့်ခဲ့ပြီး မဟာနဂါးနန်းတော်ထဲသို့ ဝင်ရောက်ကာ သူတော်စင်နဂါးဘုရင် ချန်ထားရစ်ခဲ့သော ကျောက်စိမ်းတံဆိပ်ပြားကိုပါ ရရှိခဲ့၍ မဟာနဂါးနန်းတော်၏ တစ်ဦးတည်းသော အမွေဆက်ခံသူ ဆိုလည်းမမှားပေ။

ထို့ကြောင့် ကျန်းချန်က မဟာနဂါးတောင်နှင့် မဟာနဂါးနန်းတော် ပတ်ဝန်းကျင်တွင် မည်သည့် ကန့်သတ်ချက်မှမရှိဘဲ လွတ်လပ်စွာ သွားလာနေနိုင်သည်မှာ ထင်ရှား၏။

လုံချီရှောင်တို့ နှစ်ဦးကို ကယ်တင်ပြီးနောက်တွင် ကျန်းချန်သည် နယ်မြေ၄ခုမှ ပါရမီရှင်များကို အထက်စီးဆန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူ၏ မောက်မာသောအသံသည် ကမ္ဘာတစ်ဝန်းလုံးတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။

"မင်းတို့က နတ်ဘုရင်လမ်းရဲ့ ၃၃ဆင့်မြောက်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် အကျိုးကျေးဇူးတွေ အများအပြား ရရှိထားခဲ့ပြီးပြီ.. ငါနောက်ဆုံးအကြိမ် ထပ်ပြောမယ်.. မင်းတို့ဒီနေရာကနေ ထွက်သွားမယ်ဆိုရင် ဘာမှ နောက်မကျသေးဘူး.. ဒီလိုမှမဟုတ်ဘဲ မဟာနဂါးနန်းတော်ရဲ့ အမွေအနှစ်ကို ဝင်ရောက် စွက်ဖက်ရဲရင်တော့ ဘယ်သူမဆို ရက်ရက်စက်စက် အသတ်ခံရမယ်"

ကျန်းချန်၏ မောက်မာသော စကားကို ကြားလျှင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့် ရှိသည့် ကျင့်ကြံသူ လေးဦး၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားခဲ့သည်။

"မင်းတို့သုံးယောက် ဘာတွေ တွေဝေနေတာလဲ.. ဒီလိုအချိန်တောင် ရောက်နေပြီ.. မင်းတို့တွေ မတိုက်ခိုက်ကြသေးဘူးလား"

စန်းခွင်းဝူက ပါးစပ်ထဲမှ သွေးများကို အန်ထုတ်လိုက်ပြီး ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်ကာ ‌ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ဤအချိန်တွင် စန်းခွင်းဝူသည် ယခင်ကကဲ့သို့ သားသားနားနား မရှိတော့ပေ။

သူ၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင် သွေးအလိမ်းလိမ်း ဖြစ်နေကာ သူ၏ အနီရောင်ဝတ်စုံသည်ပင် စုတ်ပြဲနေခဲ့သည်။

သူက ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကို ထုတ်ဖော်ခဲ့သော်လည်း ကျန်းချန်၏ ကိုယ်ခံပညာဥပဒေသ မူလစွမ်းအား ၅မျိုးအောက်တွင် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရသည်။

"ဒီကောင်လေးက နတ်ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ကို တတ်မြောက်ထားတယ်.. ဒါကြောင့် သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ငါတို့ထဲက ဘယ်သူ့ထက်မဆို ကျော်လွန်နေခဲ့ပြီ.. ငါတို့တွေ အတူတူ တိုက်ခိုက်ကြရအောင်"

လဲ့ထျန်းယန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

ထို့နောက်တွင် သူက မိုးကြိုးဥပဒေသ မူလစွမ်းအားဖြင့် ဖွဲ့စည်းထားသော လက်ဝါးတစ်ခုကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်၏။

ဤအချိန်တွင် ပိုင်ယွင်ဂိုဏ်းမှ လန်ရွှမ်းရွှမ်းသည် ကျောက်စိမ်းပုလွေ တစ်ခုကို ထုတ်ယူကာ မှုတ်လိုက်သည်။

ပုလွေထံမှ မှော်ဆန်သောအသံသည် ချက်ချင်းဆိုသလိုပင် ကောင်းကင်ကို ပိုင်းဖြတ်နိုင်သော ဧရာမဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။

ကြယ်သင်္ကေတ နယ်မြေမှ ကုန်းဝူကျီကလည်း လျှို့ဝှက်ဆန်းကြယ်သော ကြယ်စွမ်းအားဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ် သုံးယောက်၏ တိုက်ခိုက်မှု စွမ်းအားသည် ကမ္ဘာကြီးကိုပင် တုန်ခါစေခဲ့သည်။

သို့ရာတွင် ထိုသုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် တည်ငြိမ်သော အမူအရာဖြင့်ပင် ရှိနေခဲ့သည်။

သူက ဓားလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို အထူးပြုကာ ဥပသေ၆မျိုးကို အကန့်အသတ်အထိ လှုံ့ဆော်လိုက်၏။

မကြာမီမှာပင် ဥပဒေသ၆မျိုး၏ မူလစွမ်းအားသည် လျင်မြန်စွာ ပေါင်းစပ်သွားခဲ့ပြီး ဧရာမ ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ လေထဲတွင် တည်တံ့နေခဲ့သည်။

"ကမ္ဘာဖျက်ဓားကွက်"

ကျန်းချန်က ကျယ်လောင်စွာကြုံးဝါးလိုက်ပြီး ဆန်းကြယ်သော လက်ဟန်များကို ထုတ်ဖော်လိုက်သည်။

ထိုအခါ ကောင်းကင်နှင့် မြေကြီးထံကနေ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ ဧရာမဓားသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။

ယင်းနောက် ချက်ချင်းဆိုသလိုပင် ဓားအလင်း ထောင်ပေါင်းများစွာသည် မိုင်၁၀၀ပတ်လည်ရှိ ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး ဓားအလင်းများကို မိုးသီးမိုးပေါက်များကဲ့သို့ ကျဆင်းစေခဲ့သည်။

ထိုဓားအလင်း တစ်ခုစီတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ပါဝင်နေပြီး ပတ်ဝန်းကျင်ရှိ နေရာလွတ်များကိုပင် ဘာမှမကျန်ရှိတော့သည် အထိ ပြိုကျသွားစေခဲ့သည်။

"ဖူး.."

လဲ့ထျန်းရန်က ဓားအလင်း တစ်ဒါဇင်ကျော် ထိမှန်ကာ သွေးအလိမ်းလိမ်း ဖြစ်သွားခဲ့ပြီး နောက်သို့ ဆုတ်လိုက်ရသည်။

ထို့အတူ လန်ရွှမ်းရွှမ်းနှင့် ကုန်းဝူကျီတို့၏ တိုက်ခိုက်မှုများသည်လည်း ကျန်းချန်၏ ဓားဥပဒေသ မူလစွမ်းအားအောက်တွင် ချက်ချင်းဆိုသလို အဟောသိကံ ဖြစ်သွားခဲ့၏။

ဤသို့ဖြင့် လန်ရွှမ်းရွှမ်းနှင့် ကုန်းဝူကျီတို့သည် ခြေလှမ်းများစွာ နောက်သို့ ဆုတ်လိုက်ရသည်။

ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့် ကျင့်ကြံသူများ ပူးပေါင်းခဲ့သည့်တိုင် ကျန်းချန်၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။

ဤအချိန်တွင် နတ်ဘုရင်လမ်း၏ အဆင့်၃၃ဆင့်သည် တစပြင်နှယ် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။

အခန်း(၁၆၃၀)ပြီး၏။

အခန်း(၁၆၃၁)

ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့် သုံးယောက် ပူးပေါင်းတိုက်ခိုက်ခဲ့သော်လည်း အဆုံးသတ်တွင် ရှုံးနိမ့်သွားခဲ့သည်။

“ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

နယ်မြေလေးခုမှ ပါရမီရှင် အများအပြားသည် ထိုမြင်ကွင်းကို မြင်လျှင် မျက်နှာများ ဖြူဖျော့သွားကြ၏။

သိထားရမည့်အချက်မှာ ကျန်းချန်နှင့် တိုက်ခိုက်ခဲ့သည့် သူများသည် နယ်မြေလေးခုတွင် အလွန် စွမ်းအားကြီးသည့် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့် ပါရမီရှင်များ ဖြစ်ကြသည်။

၎င်းတို့ ပူးပေါင်းလိုက်လျှင် ကောင်းကင်နတ်ဘုရား ပထမအဆင့်ပင် ၎င်းတို့ကို ရင်ဆိုင်ရန် မလွယ်ကူပေ။

သို့သော် သူတို့ရှေ့မှ မဟာနဂါးနန်းတော်၏ မျိုးဆက်သည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့်များကို တစ်ယောက်တည်း ရင်ဆိုင်ပြီး အေးအေးဆေးဆေးပင် အနိုင်ယူသွားခဲ့သည်။

သူတို့ကို ပို၍ အံ့သြတုန်လှုပ်စေသည်မှာ ထိုလူ၏ ကျင့်ကြံခြင်း အဆင့်သည် အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်း အဆင့်တွင်သာ ရှိနေခြင်းပင်။

သို့ရာတွင် ထိုလူငယ်သည် ကိုယ်ခံပညာ ဥပဒေသ၆မျိုး၏ မူလစွမ်းအားကို နားလည်နေပြီ ဖြစ်သည်။

ထို့ကြောင့် နယ်မြေလေးခုမှ ထိပ်တန်း ပါရမီရှင်များသည်ပင် သူ၏ရှေ့တွင် ပုရွက်ဆိတ်များပမာ ဖြစ်နေကြခြင်း ဆိုလည်းမမှားပေ။

ဤကမ္ဘာကြီးတွင် ယင်းကဲ့သို့ ထူးခြားသည့် ပါရမီရှင် ရှိနေလိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးဖူးခဲ့ပေ။

“ဟားဟား... မင်းတို့ နယ်မြေလေးခုရဲ့ ထိပ်တန်းပါရမီရှင်တွေက ဒီလောက်ပဲ အစွမ်းအစရှိတာလား”

“မင်းတို့တွေက မဟာနဂါးနန်းတော်ရဲ့ အမွေအနှစ်ကို ငါ့ဆီက လုယူဖို့ အရည်အချင်း မမီသေးဘူး”

“ငါက မင်းတို့ကို အခွင့်အရေးပေးခဲ့တာတောင် မင်းတို့က သေလမ်းကို ရွေးချယ်ခဲ့မှတော့ ဒီနတ်ဘုရားလမ်းကို မင်းတို့ရဲ့သွေးတွေ စီးဆင်းစေရတော့မှာပဲ"

ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ် ကျင့်ကြံသူများကို အနိုင်ယူပြီးနောက်တွင် ကျန်းချန်သည် အထက်စီးဆန်စွာ ရယ်မောလိုက်ပြီး နတ်စွမ်းအင်နှင့် ဥပဒေသ ခြောက်မျိုး စွမ်းအားကို ပေါင်းစပ်ကာ ရောင်စုံကမ္ဘာငယ်လေးကို ဖန်တီးလိုက်သည်။

ထိုကမ္ဘာငယ်လေးက ကောင်းကင်ကို ဖုံးအုပ်ကာ နေကိုပင် ဖိနှိပ်ထားပြီး နတ်ဘုရင်လမ်း၏ သုံးဆယ့်သုံးဆင့်ကို လုံးဝ ဖုံးလွှမ်းသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် နတ်ဘုရင်လမ်း၏ အဆင့် သုံးဆယ့်သုံးဆင့် တစ်ခုလုံးသည် ဖိအားအောက်ကို ရုတ်တရက် ရောက်ရှိသွားခဲ့၏။

“ဒီကောင်လေးက တအားကို အစွမ်းထက်လွန်းတယ်.. အားလုံးပူးပေါင်းမှပဲ သူ့ကို တိုက်နိုင်မယ်... မင်းတို့ မသေချင်ရင် အတူတူ တိုက်ခိုက်မှရမယ်”

စန်းခွင်းဝူ၏ မျက်လုံးသူငယ်အိမ်က ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။

သူက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ့၏ ဦးခေါင်းအထက်မှ ကမ္ဘာငယ်လေးကို အဆက်မပြတ် တိုက်ခိုက်လိုက်သည်။

နယ်မြေလေးခုမှ ပါရမီရှင်များသည် သူတို့၏ စွမ်းအားကို အကုန်အစင် ထုတ်သုံးကာ တိုက်ခိုက်လိုက်ကြ၏။

ချက်ချင်းဆိုသလို ကိုယ်ခံပညာရပ် အမျိုးမျိုးနှင့် ပကတိနတ်ဘုရား ကမ္ဘာငယ်လေးများသည် ရောင်စုံကမ္ဘာငယ်လေးကို တစ်ချိန်တည်းနီးပါး တိုက်ခိုက်လိုက်ကြသည်။

"ဝုန်း.. ဝုန်း.. ဝုန်း"

တစ်ဒါဇင်ကျော်ရှိသည့် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားများ၏ တိုက်ခိုက်မှုများသည် ကျန်းချန်၏ ကမ္ဘာငယ်လေးပေါ်သို့ ကျရောက်လာခဲ့သော်လည်း ကျောက်တုံးကို ကြက်ဥဖြင့် ပေါက်သကဲ့သို့ ဖြစ်နေခဲ့ပြီး ကမ္ဘာငယ်လေးကို လုံးဝ ထိခိုက်မှု မရှိခဲ့ပေ။

[ဒီကောင့်ရဲ့ တိုက်ခိုက်ရည်စွမ်းရည်က တအားမြင့်တယ်.. ကောင်းကင် နတ်ဘုရား ပထမအဆင့်ကိုတောင် သတ်နိုင်လောက်တယ်.. ဒီကနေ အရင်ဆုံး ထွက်သွားတာ အကောင်းဆုံး ရွေးချယ်မှုပဲထင်တယ်]

ကုန်းဝူကျီက အားလုံးကို လွှမ်းခြုံထားသည့် ကမ္ဘာငယ်လေးကို ကြည့်ရင်း စိတ်နှလုံးထဲတွင် ကြောက်ရွံ့နေခဲ့၏။

သူက သူ့ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသည့် စွမ်းအားကို အင်အားသုံး၍ ဖိနှိပ်လိုက်ကာ နတ်ဘုရင်လမ်း၏ အောက်ဘက်သို့ လျင်မြန်စွာ ဆင်းသွားခဲ့သည်။

အခြားတစ်ဖက်တွင်လည်း လဲ့ထျန်းယန် နှင့် လန်ရွှမ်းရွှမ်းတို့သည် ကုန်းဝူကျီ ထွက်ပြေးသွားသည်ကို မြင်လိုက်ရလျှင် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ကျန်းချန် အစောပိုင်းက ထုတ်​ပြလိုက်သည့် စွမ်းအားသည် အလွန်ကို လွှမ်းမိုးနိုင်စွမ်း ရှိ၏။

သူတို့က ပူးပေါင်း တိုက်ခိုက်ခဲ့သော်လည်း ခုခံနိုင်ရုံသာ တတ်နိုင်ခဲ့သည်။

ယခု ကုန်းဝူကျိက ထွက်ပြေးသွားပြီ ဖြစ်ရာ သူတို့အနေဖြင့် ကျန်းချန်ကို ယှဥ်ပြိုင်ရန် အခွင့်အရေး နည်းပါးသွားပြီ မဟုတ်ပါလား။

ကျန်းချန်နှင့်သာ ယခုလို ဆက်တိုက်နေလျှင် နတ်ဘုရင်လမ်းတွင် သူတို့ အမှန်တကယ် ကျဆုံးသွားနိုင်ပေသည်။

သူတို့၏ မျက်လုံးများက အနည်းငယ် အရောင်တောက်လာခဲ့ပြီးနောက် သူတို့သည် နယ်မြေလေးခုမှ တခြားသော ပါရမီရှင်များကို ဂရုမစိုက်တော့ဘဲ နတ်ဘုရင်လမ်း၏ အောက်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။

“ဒီကောင်တွေကတော့..”

ကုန်းဝူကျိတို့ သုံးယောက်က ခွေးပြေးဝက်ပြေး ထွက်ပြေးသွားသည်ကို မြင်လိုက်ရလျှင် အင်အားအကုန်အစင် ထုတ်သုံး၍ ကျန်းချန်၏ ကမ္ဘာငယ်လေးကို တိုက်ခိုက်နေသော စန်းခွင်းဝူသည် ချက်ချင်းဆိုသလို ထိတ်လန့်သွားခဲ့သည်။

ကျန်းချန်၏ တိုက်ခိုက်ရေး စွမ်းရည်သည် သူတို့ထက် လုံးဝ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် စန်းခွင်းဝူသည် မဟာနဂါးနန်းတော်၏ အမွေအနှစ် နှင့် ပတ်သက်၍ လုံးဝ လက်လျှော့ရန် ဆန္ဒမရှိခဲ့ပေ။

ထို့ကြောင့်လည်း သူက ကုန်းဝူကျီ တို့အပြင် နယ်မြေလေးခုမှ ပါရမီရှင်များနှင့် ပူးပေါင်းကာ ကျန်းချန်ကို တိုက်ခိုက်ခဲ့သည်။

သို့သော် ထိုသုံးယောက်သည် အခြေအနေ မဟန်သည်ကို မြင်လျှင် ချက်ချင်းဆိုသလို ထွက်ပြေးသွားခဲ့၏။

ထိုသုံးယောက်မပါဘဲ ဤသာမန် ပါရမီရှင်များနှင့် ဆိုလျှင် ကျန်းချန်၏ ပြိုင်ဘက် မည်ကဲ့သို့ ဖြစ်နိုင်တော့မည်နည်း။

စန်းခွင်းဝူက သူ၏ သွားများကို အံကြိတ်လိုက်သည်။

သူက ကျန်းချန်၏ ကမ္ဘာငယ်လေးကို ခုခံရန် လုံးဝ လက်လျှော့လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ စွမ်းအားကို စုစည်းကာ ကမ္ဘာငယ်လေး၏ ဖိနှိပ်မှုကို တောင့်ခံ၍ နတ်ဘုရင်လမ်း၏ သုံးဆယ့်သုံးဆင့်ကနေ ထွက်ပြေးသွားခဲ့သည်။

စန်းခွင်းဝူ လက်လျှော့၍ ထွက်ပြေးသွားသောအခါ ဤနေရာတွင် ကျန်ရှိနေသည့် နယ်မြေလေးခုမှ ပါရမီရှင်များသည် ကျန်းချန်အတွက် ပုရွက်ဆိတ်လေးများနှင့် မခြားတော့ပေ။

သူတို့၏ စွမ်းအားဖြင့် ကျန်းချန်၏ ကမ္ဘာငယ်လေး စွမ်းအားကို မည်ကဲ့သို့ ခံနိုင်ရည် ရှိနိုင်တော့မည်နည်း။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကမ္ဘာငယ်လေးသည် ခုခံသူ အားလုံးကို သတ်ဖြတ်လိုက်ပြီး နတ်ဘုရင်လမ်း၏ သုံးဆယ့်သုံးဆင့် တစ်ခုလုံးကို သွေးများဖြင့် လွှမ်းမိုးသွားစေခဲ့၏။

ကျန်းချန်၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးထဲတွင် ပေါင်းစပ်ထားသည့် ဥပဒေသ၆မျိုး၏ မူလစွမ်းအားသည် ကောင်းကင် နတ်ဘုရားများ ပထမအဆင့် ကျင့်ကြံသူ၏ စွမ်းအားထက် လုံးဝမနိမ့်ပေ။

ထို့ကြောင့် နယ်မြေလေးခုမှ ကျင့်ကြံသူများသည် မည်သို့မှ မခုခံနိုင်ခဲ့ချေ။

နတ်ဘုရင်လမ်း၏ သုံးဆယ့်သုံးဆင့်သည် အလွန်လျင်မြန်စွာပင် ကမ္ဘာမြေပေါ်မှ ငရဲဘုံတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။

စိတ်ပျက်အားငယ်စွာ အော်ဟစ်ငိုယိုသံများသည်လည်း ဆူညံစွာ ထွက်ပေါ်လာခဲ့၏။

ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အစောပိုင်းအဆင့် ပါရမီရှင်များသည် ကျန်းချန်၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေး ဖိအားအောက်တွင် သွေးမှုန်များအဖြစ် အရင်ဆုံး ပြောင်းလဲသွားခဲ့သည်။

ယင်းနောက်တွင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အလယ်အလတ်အဆင့်နှင့် နှောင်းပိုင်းအဆင့်များ၏ ခန္ဓာကိုယ်များသည် ပေါက်ကွဲထွက်သွားခဲ့၏။

ဆယ့်ငါးမိနစ်ပင် မကြာလိုက်ပေ။

နယ်မြေလေးခုမှ ပါရမီရှင် အယောက်နှစ်ဆယ် နီးပါးသည် ကျန်းချန်၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေး စွမ်းအားအောက်တွင် လုံးဝ ချေမှုန်းခံလိုက်ရသည်။

ဤအချိန်တွင် လုံချီရှောင်တို့ နှစ်ယောက်သည် ချက်ချင်းဆိုသလို အချိန်အတော်ကြာ မှင်တက်သွားခဲ့၏။

အထူးသဖြင့် လုံချီရှောင်သည် မဟာနဂါးနန်းတော်တွင် ကျန်းချန်က လအနည်းငယ်အတွင်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အဆင့်ထိ တိုးတက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်က အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်း အဆင့်သာ ရှိနေသေးသော်လည်း သူ လေ့ကျင့်ထားသည့် နတ်ဘုရင်အဆင့် နည်းစနစ်ကြောင့် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ် အဆင့်များထက်ပင် ပို၍ ကြောက်စရာကောင်းနေခဲ့သည်။

သူတို့ကို အံ့အားအသင့်စေဆုံး အရာမှာ ကျန်းချန် နားလည်ထားသည့် ဥပဒေသ ခြောက်မျိုး၏ စွမ်းအား ဖြစ်သည်။

ကျန်းချန်၏ ဥပဒေသ ခြောက်မျိုးက အထွတ်အထိပ် အဆင့်ထိ မရောက်သေးသော်လည်း တစ်စုတစ်စည်းတည်း ပေါင်းစပ်လိုက်လျှင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ် အဆင့်ပင် မယှဥ်နိုင်ခဲ့ပေ။

အထူးသဖြင့် ကျန်းချန် နောက်ဆုံး စုစည်းခဲ့သည့် ပကတိနတ်ဘုရား ကမ္ဘာငယ်လေးသည် အလွန်ကို ကြောက်စရာကောင်းလှ၏။

၎င်းကို သာမန် ကောင်းကင် နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူများပင် ရင်မဆိုင်နိုင်လောက်ဟု သူ ထင်မြင်ခဲ့သည်။

နယ်မြေလေးခုမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ် ပါရမီရှင် လေးဦးသည်ပင် ကျန်းချန်နှင့် ရင်ဆိုင်ရန် သတ္တိ မရှိတော့ဘဲ ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့ရသည် မဟုတ်ပါလော။

ကျန်ရှိနေသည့် နယ်မြေလေးခုမှ ပါရမီရှင်များသည် ကျန်းချန်၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေး အောက်တွင် လုံးဝ ပြာဖြစ်သွားခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က လုံချီရှောင်သည် နယ်မြေလေးခုနှင့် ပတ်သက်ပြီး အချက်အလက် တချို့ကို ရရှိခဲ့သည်။

နယ်မြေလေးခုမှ နယ်မြေ တစ်ခုစီ၏ အင်အားသည် သူတို့၏ ရှေးဟောင်းနဂါး နယ်မြေထက်ပင် ပို၍ အစွမ်းထက်၏။

ကျန်းချန်သည် သူ တစ်​ယောက်တည်း၏ စွမ်းအားဖြင့် နယ်မြေလေးခုမှ ပါရမီရှင်များကို လွှမ်းမိုးခဲ့သည်။

ယင်းက မည်မျှပင် ကြောက်စရာကောင်းလိုက်ပါသနည်း။

အခန်း(၁၆၃၁) ပြီး၏။

အခန်း(၁၆၃၂)

"ဒီကောင်တွေက ပြေးတာ အတော်မြန်သားပဲ"

ကျန်းချန်က နတ်ဘုရင်လမ်း၏ သုံးဆယ့်သုံးဆင့်မှ ပါရမီရှင် အများအပြားကို အလွယ်တကူ သတ်ဖြတ်လိုက်ပြီးနောက်တွင် ကုန်းဝူကျီတို့ ထွက်ပြေးသွားသည့်ဘက်ကို ကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။

မည်သို့ပင်ဖြစ်စေကာမူ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့် ပါရမီရှင် လေးယောက်သည် သာမန် ပါရမီရှင်များ မဟုတ်ပေ။

ဆိုရလျှင် သူတို့၏ စွမ်းရည်သည် သာမန် ကောင်းကင်နတ်ဘုရား ပထမအဆင့်ထက်ပင် မနိမ့်ကျချေ။

ကျန်းချန်၏ လက်ရှိတိုက်ခိုက်ရေး စွမ်းရည်ဖြင့် ထိုလေးယောက်ကို အနိုင်ယူရန် မခက်ခဲသော်လည်း သတ်ဖြတ်ရန်မှာမူ လွယ်ကူမည် မဟုတ်ပေ။

“နယ်မြေလေးခုရဲ့ ခွန်အားက အတော်နက်ရှိုင်းတယ်.. ရှေးဟောင်းနဂါးကုန်းမြေက လုံးဝ မမီဘူး.. ဒီလေးယောက်က နယ်မြေလေးခုက ထိပ်တန်းပါရမီရှင်တွေ ဆိုတော့ သူတို့မှာ အသက်ကယ် ဝှက်ဖဲတွေ ရှိလောက်တယ်.. ဒါကြောင့် သူတို့ကို သတ်ဖို့ မလွယ်တာ မဆန်းပါဘူး”

“အခု ဒီရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲမှာ သူတို့က မင်းကို မခြိမ်းခြောက်နိုင်တော့ဘူး ဆိုပေမဲ့ သူတို့ရဲ့ ဝှက်ဖဲတွေကို အတင်းအကျပ် သုံးလာအောင် ဖိအားမပေးတာ အကောင်းဆုံးပဲလို့ ငါထင်တယ်”

ကျန်းချန်၏ စကားကို ကြားလျှင် လုံချီရှောင်က သုံးသပ်ပြောဆိုလိုက်သည်။

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

“အစ်ကိုလုံ ပြောတာ မှန်ပါတယ်”

ထိုလေးယောက်သည် နယ်မြေလေးခုမှ အထွတ်အထိပ် ပါရမီရှင်များ ဖြစ်သည်။

ထိုလေးယောက်ကို အတင်းအကျပ် ဖိအားပေးသည်က သူ့အတွက် ဘာအကျိုးအမြတ်မှ မရှိပေ။

ထို့အပြင် နယ်မြေလေးခုသည် ရှေးဟောင်းနဂါးနယ်မြေနှင့် အလွန် ဝေးသောနေရာတွင် ရှိသည်။

ယင်းကြောင့် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေမှ ထွက်ခွာသွားပြီးနောက်တွင် ဤလူများ၏ နောက်ကွယ်မှ အင်အားစုများက သူ့ကို ဒုက္ခပေးလာမည်ကို စိတ်ပူစရာမလိုပေ။

ဤအခြေအနေမျိုးတွင် သူ့အနေဖြင့် ထိုလူလေးယောက်ကို သတ်ဖြတ်ရှင်းလင်းရန် မလိုချေ။

“အစ်ကိုလုံ... ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ မပိတ်သေးဘူးဆိုတော့ မဟာနဂါးနန်းတော် ထဲမှာ ကျွန်တော် လေ့ကျင့်ချင်သေးတယ်.. ဒါပေမဲ့ အကိုတို့ကတော့ အထဲကို ဝင်လို့ရမှာ မဟုတ်ဘူး... အကိုတို့ နောက်ထပ် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ”

ကျန်းချန်သည် ခဏမျှစဉ်းစားပြီးနောက် လုံချီရှောင်ကို မေးလိုက်သည်။

လုံချီရှောင်က အနည်းငယ် စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။

“ငါတို့မင်းကို မဟာနဂါးတောင်ပေါ်ကပဲ စောင့်နေမယ်"

"ဒါဆို အကိုတို့ကို ကျွန်တော် လိုက်ပို့ပေးမယ်"

ထိုစကားကို ပြောပြီးနောက် ကျန်းချန်က လုံချီရှောင်တို့ နှစ်ယောက်ကို အောက်ဘက်ရှိ မဟာနဂါးတောင်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

..............

နတ်ဘုရားနယ်မြေ၏ နယ်မြေ သုံးထောင်ထဲမှ တစ်ခုဖြစ်သည့် ကြယ်သင်္ကေတနယ်မြေရှိ ကြယ်များဖြင့် ဖုံးလွှမ်းနေသော တောင်တစ်လုံး ပေါ်တွင် နန်းတော်များစွာ တည်ရှိနေကြသည်။

ထို့နေရာက အဆုံးမဲ့ ကြယ်တာရာ ကမ္ဘာကြီးထဲတွင် ရှိနေသကဲ့သို့ နက်နဲပြီး ခန့်မှန်းရခက်သည့် ခံစားချက်ကို ပေးစွမ်းနေ၏။

ဆိုရလျှင် ဤနေရာသည် ကြယ်သင်္ကေတ နယ်မြေကို လွှမ်းမိုးထားသည့် နယ်မြေနတ်ဘုရား အင်အားစု ဖြစ်သော ကြယ်သင်္ကေတဂိုဏ်း တည်ရှိရာနေရာ ဖြစ်သည်။

ရှေးခေတ်ကာလက မဟာနဂါးနယ်မြေတွင် မဟာတိုက်ပွဲကြီး တစ်ခု ကြုံတွေ့ခဲ့ပြီး မဟာနဂါးနယ်မြေ ကွဲထွက်သွားခဲ့သည်။

ယင်းနောက်တွင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ အပြင် နယ်မြေအသစ် လေးခု ဖြစ်ပေါ်လာခဲ့၏။

ထိုနယ်မြေလေးခုမှာ ကြယ်သင်္ကေတနယ်မြေ၊ ထျန်းလဲ့နယ်မြေ၊ ပိုင်ယွင်နယ်မြေ နှင့် စန်းရှန်နယ်မြေတို့ ဖြစ်သည်။

ကြယ်သင်္ကေတနယ်မြေသည် နယ်မြေ လေးခုထဲတွင် အားအကောင်းဆုံး ဖြစ်သည်။

ထို့ကြောင့် ထိုနယ်မြေ လေးခုကို ကြယ်သင်္ကေတ နယ်မြေက ဦးဆောင်ခဲ့၏။

ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေကို ကြယ်သင်္ကေတဂိုဏ်းထဲမှ နယ်မြေနတ်ဘုရား တစ်ပါးက ကြယ်တာရာလမ်းစဉ်နှင့် နေရာလွတ်လမ်းစဉ်၏ မှော်ဆန်သည့် စွမ်းအားကို အသုံးပြုကာ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲသို့ ဝင်ရောက်ရသည့် ဂိတ်တံခါးပေါက်ကို ကြယ်သင်္ကေတဂိုဏ်းကနေ ထိန်းချုပ်ထားခဲ့သည်။

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖွင့်လှစ်သည့် အချိန်တိုင်းတွင် နယ်မြေ လေးခုသည် ကြယ်သင်္ကေတဂိုဏ်းတွင် လာရောက် စုဝေးလေ့ ရှိကြ၏။

ဤတစ်ကြိမ်တွင်လည်း ခြွင်းချက်မရှိပေ။

ကြယ်သင်္ကေတဂိုဏ်း၏ အထက်ရှိ မိုင်တစ်ထောင်ကျော် ဝေးကွာသော ဟင်းလင်းပြင်အထက်မှ ကြီးမားသော နေရာလွတ် ဂိတ်တံခါးပေါက် အပြင်ဘက်တွင် လူလေးယောက်သည် ခြေချိတ်၍ ထိုင်နေကြသည်။

ထိုလူလေးယောက်၏ အရှိန်အဝါသည် ကြယ်တာရာကောင်းကင်ကဲ့သို့ပင် ကြီးမားကျယ်ပြန့်ပြီး လူအများကို နက်နဲပြီး ခန့်မှန်းရခက်သည့် ခံစားမှုအား ပေးစွမ်းနိုင်၏။

“အရှင်ရှင်းယွင်...ဒီတစ်ကြိမ် ရှေးဟောင်းနဂါး အမွေအနှစ်နယ်​မြေ ပိတ်ရင် မင်းရဲ့ ကြယ်သင်္ကေတဂိုဏ်းက ပါရမီရှင်တွေက ကောင်းကင် နတ်ဘုရားအဆင့်ကို ထိုးဖောက်သွားကြတော့မှာပဲ”

ဤအချိန်တွင် ဘယ်ဘက်မှ လူတစ်ယောက်သည် သူ့ရှေ့မှ နေရာလွတ် ဂိတ်တံခါးကို ကြည့်ကာ သူ့နံဘေးမှ အပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကို ပြုံး၍ ပြောလိုက်သည်။

ထိုစကားကို ပြောလိုက်သည့်သူမှာ အတော်လေး အရပ်ရှည်ပြီး မိုးကြိုး သင်္ကေတများ ရေးဆွဲထားသည့် ငွေရောင်မိုးကြိုးဝတ်ရုံကို ဝတ်ဆင်ထား၏။

မိုးကြိုးဝတ်ရုံပေါ်တွင် မိုးကြိုး စွမ်းအား အရှိန်အဝါများလည်း ထွက်ပေါ်နေခဲ့သည်။

“ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေမှာ အခွင့်အလမ်းတွေ မရေမတွက်နိုင်အောင် ရှိတယ်.. ဒါကြောင့် အထဲကို ဝင်ရောက်ခဲ့တဲ့ နယ်မြေ လေးခုက တပည့်တွေရဲ့ အနည်းဆုံး တစ်ဝက်လောက်က ကောင်းကင် နတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်မှာပဲ”

“ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်တဲ့သူတွေ အများကြီး ရှိနိုင်ပေမယ့်လည်း ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို တစ်ခါတည်း ထိုးဖောက်နိုင်တဲ့သူတွေကတော့ အများကြီးရှိမှာ မဟုတ်ဘူး”

အရှင်ရှင်းယွင်ဟု အမည်ရသော အပြာရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။

“အရှင်လဲ့... မင်းတို့ ထျန်းလဲ့ဂိုဏ်းက လဲ့ထျန်းယန်က လမ်းစဥ် သုံးခုကို တစ်ပြိုင်နက်တည်း လေ့ကျင့်နေပြီး မူလစွမ်းအားကိုပါ နားလည်ထားတယ်လို့ သိရတယ်.. လဲ့ထျန်းယန်က ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို တစ်ခါတည်း ထိုးဖောက်သွားနိုင်လောက်တယ်”

“လမ်းစဥ်သုံးမျိုးလုံးကို လေ့ကျင့်ဖို့က ဘယ်လွယ်ပါ့မလဲ ရှင်းယွင်.. ဒီကောင်လေးက ဥပဒေသ ၃မျိုးကို မူလစွမ်းအားအဆင့်ထိ နားလည်ထားပေမဲ့ ဥပ​ဒေသ တစ်မျိုးကပဲ ၉၀% ရှိတယ်.. ကျန်နှစ်မျိုးကတော့ ၃၀% ပဲ ရှိသေးတယ်”

“ဒါကြောင့် ဒီကောင်က ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို တိုက်ရိုက် ထိုးဖောက်ဖို့ မဖြစ်နိုင်ဘူး”

အရှင်လဲ့က ခေါင်းခါယမ်းကာ ပြောလိုက်သည်။

ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို တိုက်ရိုက်ထိုးဖောက်နိုင်သည့် ပါရမီရှင်မျိုးသည် နတ်ဘုရားနယ်မြေ တစ်ခုလုံးမှာပင် ရှားပါးသည်။

လဲ့ထျန်းယန်က ဥပဒေသ၃မျိုးကို မူလစွမ်းအား အဆင့်ထိ နားလည်ခဲ့သော်လည်း ဤသို့သော ပါရမီရှင်မျိုး ဖြစ်လာရန်မှာ မည်သို့မှ မဖြစ်နိုင်ပေ။

“ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို တစ်ခါတည်း ထိုးဖောက်ဖို့က ဘယ်လွယ်ပါ့မလဲ.. နယ်မြေလေးခုထဲက ပါရမီရှင်တွေထဲမှာ ကြယ်သင်္ကေတဂိုဏ်းက ကုန်းဝူကျီ တစ်ယောက်ပဲ ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို တစ်ခါထဲ တက်လှမ်းဖို့ မျှော်လင့်ချက်ရှိတယ်”

ဤအချိန်တွင် အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးကြီးတစ်ယောက်က စကားဝိုင်းကို ဝင်ပြောလိုက်သည်။

“အရှင်ခွင်းရှန်ရဲ့ စကားက နည်းနည်း ချဲ့ကားလွန်းရာ ကျမနေဘူးလား”

နန်းတော်ဝတ်စုံကို ဝတ်ထားသည့် အမျိုးသမီးက အဝါရောင်ဝတ် အဘိုးအိုကို တုံ့ပြန် ပြောဆိုလိုက်သည်။

“ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲမှာ အခွင့်အလမ်းတွေ မရေမတွက်နိုင်အောင် ရှိတဲ့အတွက် အရာအားလုံး ဖြစ်နိုင်တယ်.. ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို တိုက်ရိုက် ထိုးဖောက်တာမျိုးက ငါတို့ ပိုင်ယွင်နန်းတော်မှာလည်း မပေါ်ထွက်ဖူးတာ မဟုတ်ဘူး”

နန်းတော်ဝတ်စုံဝတ် အမျိုးသမီးသည် ပိုင်ယွင်နန်းတော်မှ အရှင်မ ယွင်ယင် ဖြစ်သည်။

အရှင်ခွင်းရှန်က ခေါင်းခါယမ်း၍ ပြောလိုက်သည်။

“ယွင်ယင်.. ပိုင်ယွင်နန်းတော်ကနေ ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို တိုက်ရိုက် ထိုးဖောက်နိုင်ခဲ့တာက ဒီနှစ်ထောင်ပေါင်းများစွာ အတွင်းမှာ မင်းတစ်ယောက်တည်းပဲ ရှိသေးတာပါ”

“အားလုံးပဲ.. အခု ငါတို့တွေ အားနေကြမဲ့ တူတူ အလောင်းအစားလေး လုပ်ကြရအောင်.. ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ဘယ်နယ်မြေရဲ့ တပည့်က တိုက်ရိုက် ထိုးဖောက်နိုင်မလဲဆိုတာ လောင်းကြမလား"

အရှင်လဲ့က ရယ်မောရင်း ပြောလိုက်သည်။

“ကောင်းပြီ... အရှင်လဲ့က ဒီလောက် စိတ်ပါဝင်စားနေမှတော့ ငါ မင်းနဲ့ လောင်းမယ်

အရှင်ရှင်းယွင်က ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။

ထိုအချိန်မှာပင် သူက ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိသွား၏။

သူ့အမူအရာက ချက်ချင်းပင် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

“အရှင် ရှင်းယွင် ဘာဖြစ်လို့လဲ”

အရှင်လဲ့တို့ သုံးယောက်စလုံးက အရှင်ရှင်းယွင်၏ အမူအရာကို မြင်လျှင် တစ်ပြိုင်နက်တည်း ကြည့်ကာ မေးလိုက်ကြသည်။

အရှင်ရှင်းယွင်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏

“ခုနလေးတင် ဂိုဏ်းရဲ့အကြီးအကဲ ဆီကနေ ကြယ်သင်္ကေတဂိုဏ်းမှာ ကုန်းဝူကျီက လွဲရင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ခြောက်ယောက် ကျဆုံးသွားခဲ့ပြီလို့ ကြားသိခဲ့ရတယ်”

“ဘာ”

“ဘယ်လို”

အရှင်ရှင်းယွင်၏ စကားကို ကြားလျှင် အခြားသော နယ်မြေနတ်ဘုရား သုံးပါး၏ မျက်နှာထက်တွင် အံ့သြ ထိတ်လန့်သော အမူအရာများ ဖြစ်လာခဲ့သည်။

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖွင့်လှစ်သည်မှာ လအနည်းငယ်သာ ရှိသေး၏။

ကြယ်သင်္ကေတဂိုဏ်းမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ခုနစ်ယောက်တွင် ခြောက်ယောက်သည် ကျဆုံးသွားခဲ့သည်။

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အခန်း(၁၆၃၂) ပြီး၏

All Chapters