← Chapters

နီလာ

Vol. 22 Ch. 316

နီလာ

Vol. 22 Ch. 316

သူပိုးကောင်ကို သိမ်းသွင်းကျွန်ပြုခဲ့သည့်အကြောင်းကို ရှောက်ရွှမ် မည်သူ့ကိုမှ ပြောမပြခဲ့ပေ။ ထို့အပြင် သူ့အခန်းထောင်ရှိ ပိုးကောင်တွင်းကိုလည်း ဒီအတိုင်းသာ ထားထားလိုက်သည်။

မူလက သူသည် အောင်မြင်စွာသိမ်းသွင်းနိုင်သည့် မည်သည့်သတ္တဝါကိုမဆို သတ်ဖြတ်ရန် ကြံစည်ထားခဲ့သည်။ သို့သော်လည်း သူ့စိတ်ကူးကိုပြောင်းလဲလိုက်ပြီး ပိုးကောင်ကို လွှတ်ထားပေးလိုက်သည်။ နေ့တိုင်းပင် ပိုးကောင်သည် မြေတွင်းထဲမှ ထွက်လာတတ်သည်။ တစ်ရက်တွင်ဆိုလျှင် ၎င်းသည် မြေချေးလုံးတစ်လုံးကိုပင် ရှောက်ရွှမ်ခြေထောက်နား ရောက်သည်အထိ တွန်းလာခဲ့သေးသည်။

ပိုးကောင်သည် သူ့အသက်ကို ချမ်းသာပေးရန် သူ့

ကို လာဘ်ထိုးနေသည်လေ ဟုပင် ရှောက်ရွှမ်တွေးမိလိုက်သေးသည်။

ရှောက်ရွှမ် အတွေးများကို သိနေဟန်ဖြင့် ပိုးကောင်သည် မြေချေးလုံးကို မြေတွင်းထဲသို့ ပြန်တွန်းဝင်သွားခဲ့သည်။ နောက်ထပ်မြေချေးလုံးများကို ထပ်မံယူလာပေးခြင်း မရှိတော့ပေ။

နေ့တိုင်းပင် ပိုးကောင် မြေချေးလုံးကို ဟိုဟိုဒီဒီသယ်ဆောင်သွားနေသည်ကို ကြည့်မိပြီး ပိုးကောင်ကို သတ်ပစ်ချင်စိတ်များ ဖြစ်လာရသည်။ ကံကောင်းစွာဖြင့် ပိုးကောင်သည် နောက်ရပ်များတွင် မြေချေးလုံးကို ထပ်မံ သယ်သွားနေခြင်းမရှိပဲ ပုန်းအောင်းနေခဲ့လေသည်။ နောက်ရက်များစွာအကြာတွင် ရှောက်ရွှမ် ထိုပိုးကောင်ကို ကုလားအုတ်များ ချည်ထားသည့် နေရာတွင် ထပ်မံတွေ့လိုက်ရလေသည်။

အစပိုင်းတွင် ပိုးကောင်သည် သိသာထင်ရှားနေခြင်းမရှိပေ။ သားရဲမြို့တော်တွင် ရာသီဥတုအေးချမ်းလှသော်လည်း ပိုးကောင်များကိုတော့ မကြာခနတွေ့နေရတတ်သည်။ ထိုပိုးကောင်များသည် အခြားဒေသများမှ ပိုးကောင်များထက် အအေးဒဏ်ကို ပိုခံနိုင်ကြပြီး သားရဲများကို ထိန်းသိမ်းချည်နှောင်ထားသည့် နေရာများတွင် တွေ့ရနိုင်သည်။ ပိုးကောင်ပေါင်းများစွာ အနက် ရှောက်ရွှမ်သည် သူကျွန်ပြုထားသည့် ပိုးကောင်ကို အောင်မြင်စွာ ရွေးထုတ်နိုင်ပေသည်။

ရက်များ ကုန်လွန်လာသည်နှင့်အမျှ ပိုးကောသည် ကြီးထွားနူန်း မြန်ဆန်လာသည်ကို ရှောက်ရွှမ် တွေ့လိုက်ရလေသည်။ ၎င်းသည် မျိုးနွယ်တူ အခြားပိုးကောင်များထက်ပင် ပိုပြီးကြီးမားလာခဲ့သည်။ ငါးရက်ခန့်အကြာတွင် ပိုးကောင်သည် ယခင်အရွယ်အစား၏ နှစ်ဆခန့်ဖြစ်လာပြီး ဆက်လက်ကြီးထွားနေဆဲဖြစ်သည်။

သူ့အရွယ်အစားအပြင် အရောင်အဆင်းသည်လည်း ပြောင်းလဲလာခဲ့သည်။ ယခင်က ၎င်းသည် အနက်ရောင်ဖြစ်သော်လည်း ယခုတွင် အပြာရောင်သို့ ပြောင်းလာနေခဲ့ပြီဖြစ်သည်။

ရှောက်ရွှမ် သည် ကျွန်ပြုသိမ်းသွင်းထားသည့် နှောင်ကြိုးကို ဖြတ်ရန် ကြိုးစားကြည့်သေးသည်။ သို့သော် သူသည် နှောင်ကြိုးဖြတ်သည့် လုပ်ငန်းစဉ်ကိုတော့ မသိနေခဲ့ပေ။ စူးကု ထိုသို့လုပ်သည်ကိုလည်း သူမမြင်တွေ့ခဲ့ရဖူးပေ။ ထို့ကြောင့်ပင် ထိုအကြံကို သူစွန့်လွတ်လိုက်သည်။

နောက်ထပ် ငါးရက်ကြာသည့်အချိန်တွင် ပိုးကောင်၏ ခန္ဓာကိုယ်သည် ပို၍သန့်စင်လာဟန် ရသည်။ ၎င်းကို ကြည့်ရသည်မှာ နက်ပြာရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားဟန်တူသည်။ နေရောင်အောက်တွင် ၎င်းသည် အပြာရောင်အလင်းများ

ဖြင့် ရောင်ပြန်ဟပ်နေခဲ့သည်။ သူ့အရွယ်အစားသည်လည်း နေ့ရက်တိုင်းပင် ကြီးမားလာနေခဲ့သည်။

ရှောက်ရွှမ် ကျွန်ပြုသိမ်းသွင်းခြင်းအောင်မြင်ခဲ့သည်မှာ ဆယ်ရက်ရှိခဲ့ပြီဖြစ်သည်။ လက်ချောင်းတစ်ချောင်း အရွယ်မျှသာ ရှိခဲ့သည့် ပိုးကောင်သည် ရှောက်ရွှမ် လက်သီးဆုပ်ခန့် ကြီးမားလာခဲ့ပြီဖြစ်သည်။ ၎င်း၏ ခြေထောက် ခြောက်ချောင်းတို့သည် ဓါးများနှင့်ပင်တူနေခဲ့သည်။ ၎င်းကို ကုလားအုတ် ချေးပုံတွင် တွေ့လိုက်သည့်အခါတွင် ပိုးကောင်သည် ကုလားအုတ် အညစ်အကြေးများကို စုစည်းကာ မြေချေးလုံးတစ်ခုကို ပြုလုပ်နေခဲ့သည်။ ၎င်း၏ ခြေလက်များသည် ရစ်ပတ်နေသည့် ကောက်ရိုးများကို လွယ်ကူစွာ ပိုင်းဖြတ်နိုင်နေသည်။

မူလက ရှောက်ရွှမ်သည် သူ့ပိုးကောင်ကို အခြားသူများမြင်သွားမည်ကိုစိတ်ပူနေခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ ကြီးမားသော ပိုးကောင်သည် လူအများ၏ အာရုံကို ဖမ်းစားထားနိုင်ပေသည်။ သို့သော်လည်း ပိုးကောင်သည် အတော်လေး ဉာဏ်ကောင်းပုံရသဖြင့် ပြဿနာတစ်ခု တော့ ဖြစ်မည် မထင်ချေ။ တစ်စုံတစ်ယောက် ဖြတ်သွားသည့်အချိန်တိုင်း ၎င်းသည် ပုန်းအောင်းနေတတ်လေ့ရှိသည်။ ထို့နောက် ကောက်ရိုးပုံအောက်မှ ပြန်ထွက်လာတတ်သည်။ ၎င်းသည် အခြားပိုးကောင်များ ပြုလုပ်သည့် မြေချေးလုံးထက် ကြီးမားနေသည့် ၎င်း၏ မြေချေးလုံးကို ပင် အခြးာသူများ မမြင်ရအောင် ဖုံးကွယ်ထားတတ်သည်။ ကုလားအုတ်ကို ထိန်းသိမ်းပေးနေသည့် ကျွန်များသည် ပိုးကောင်ကို သတိမပြုမိကြပေ။

နေ့ရက်များတွင် ပိုးကောင်သည် ရှောက်ရွှမ် ရှေ့သို့ပေါ်လာတတ်လေသည်။ ၎င်းသည် မြေတွင်းပတ်လည်တွင်သာ လှည့်လည်သွားလာနေတတ်ပြီး အခြားနေရာများသို့ သွားလာခြင်းမရှိပေ။ ဤသည်မှာ ရှောက်ရွှမ် အမိန့်ပေးထားသောကြောင့်

ဖြစ်သည်။ အံ့သြရသည်မှာ ပိုးကောင်သည် သူ့အမိန့်ကို လိုက်နာ နေခြင်းဖြစ်သည်။ သူသည် ပိုရှုပ်ထွေးသည့် ညွှန်ကြားချက်များကိုပင် နားလည်နိုင်စွမ်း ရှိနေခဲ့သည်။

ရှောက်ရွှမ်အပြင် အခန်းတွင် အတူနေထိုင်ကြသူများဖြစ်ကြသည့် လဲ့နှင့်ထွော်တို့သည်လည်း ပိုးကောင် ၏ အကြောင်းကို သိထားကြသည်။ သို့သော်လည်း ၎င်းသည် ရှောက်ရွှမ်၏ ကျေးကျွန်ဖြစ်သည်ဆိုသည်ကိုတော့ သူတို့မသိထားကြပေ။

ပိုးကောင်ကို မသတ်ရန် လဲ့နှင့်ထွော်တို့ကို ရှောက်ရွှမ်မှာထား ခဲ့သည်။ သူတို့ မြင်လိုက်သည့်အချိန်တိုင်း ပိုးကောင် ပြောင်းလဲသွားတတ်ကြောင်းကို သူတို့ သိထားကြပေသည်။ သူတို့ စိတ်ဝင်စားကြသော်လည်း ရှောက်ရွှမ် မပြောသဖြင့် သူတို့လည်း မေးမနေတော့ပေ။ သူတို့သည် ပိုးကောင်ကို ရှောက်ရွှမ်၏ အိမ်မွေးတိရိစ္ဆာန် တစ်ကောင်

အဖြစ်သာ လက်ခံထားကြသည်။

၎င်းသည် မလှုပ်ရှားသည့်အခါတွင် နီလာ တုံးတစ်ခုနှင့်တူနေလေသည်။

“ အခုမင်းပြောကြည့် ၊ ဒီလို ပဲလေ “ လဲ့ပြောလိုက်သည်။

သူတို့သည် လွန်ခဲ့သည့်နှစ်ရက်က ကျွန်ပိုင်ရှင်တစ်ယောက် အပြာရောင်ကျောက်မြတ်ရတနာ ကျောက်တုံးတစ်ခုဖြင့် လောင်းကစားလုပ်သည်ကို မြင်တွေ့ခဲ့ရသည်။ ထိုကျောက်တုံးသည် မီးတောက်တောင်ကုန်း ကျောက်တုံးကဲ့သို့ တောက်ပလင်းလက်ခြင်း မရှိလှပေ။ သူတို့အမြင်တွင် ပိုးကောင်သည် နီလာ ကျောက်တုံးတစ်တုံးနှင့် တူနေလေသည်။

သို့နှင့် မည်သူမှ မရှိသည့် အချိန်မျးာတွင် လဲ့နှင့်ထွော်တို့သည် ပိုးကောင်ကို “ နီလာ “ ဟု အမည်ပေးကာ ခေါ်ဝေါ်ကြလေသည်။ လဲ့နှင့်ထွော်တို့သည် ပိုးကောင်ကို စိတ်ဝင်စားစရာ ကောင်းသည့် ကစားစရာတစ်ခုသဖွယ် သဘောထားနေခြင်းဖြစ်သည်။ သူတို့ပျင်းရိလာသည့်အချိန်များတွင် သူတို့သည် ပိုးကောင်ကို စနောက်တတ်ကြပြီး ပိုးကောင် ပိုင်းဖြတ်ရန် ပစ္စည်းများကို ပေးတတ်ကြကာ ထိုပစ္စည်များကို ပိုးကောင်ပိုင်းဖြတ်နေသည်ကို ကြည့်တတ်ကြသည်။

ယနေ့တွင် စူးကုနှင့် ပိုင်ရှီမြို့တော် ကျွန်ပိုင်ရှင်တစ်ယောက်တို့ တိုက်ခိုက်ကြမည့်နေ့ဖြစ်သည်။ ရှောက်ရွှမ်တို့ အုပ်စု ပွဲကြည့်ရန် ထွက်လာခဲ့ကြသည်။

ဤနေ့ရက်များတွင် စူးကုသည် ပိုင်ရှီမြို့တော်မှ ကျွန်ပိုင်ရှင်များနှင့် ခနခန် တိုက်ခိုက်ဖြစ်ခဲ့သည်။

သူအနိုင်ရသည်လည်း ရှိသကဲ့သို့ ရှုံးနိမ့်သည်လည်း ရှိသည်။ မနေ့ကဆိုလျှင် သူသည် ရှားပါးသော ဆေးပင်များကို အနိုင်ရလာခဲ့ပြီး ရှောက်ရွှမ်တို့ကို လာပြခဲ့သေးသည်။ ရှောက်ရွှမ်သည် လောင်းကြေးရွေးချယ်ရာတွင် စူးကုကို မကြာခန ကူညီပေးခဲ့သဖြင့် စူးကုသည် ရံဖန်ရံခါတွင် ရှောက်ရွှမ်ကို လက်ဆောင်များ ပေးအပ်လေ့ရှိသည်။

ဆေးပင်များကိုမူ ရှောက်ရွှမ် အနည်းငယ်ယူထားလိုက်ပြီး ကျန်ရှိသည်များကို အခန်းတွင်း၌သာ ထားထားလိုက်သည်။

ရှောက်ရွှမ်တို့အုပ်စု မြို့ထဲနှင့် သိပ်မဝေးသည့်နေရာတစ်ခုသို့‌ရောက်လာခဲ့သည်။ ထိုနေရာတွင် ပိုင်ရှီမြို့တော်မှ ကျွန်ပိုင်ရှင်များသည် အုပ်စုများဖွဲထားကြကာ ဆွေးနွေးငြင်းခုန်နေကြလေသည်။

တံခါးများ ပြတင်းပေါက်များကို ပိတ်ထားကြပြီး

အချို့သော ကျောက်တုံးများမှ မှိန်ဖျော့သည့် အလင်းများ ထွက်နေကြသည်။ အခန်းများထဲတွင် ထူးဆန်းသည့်အနံ့များကို ရနိုင်ပြီး ရှောက်ရွှမ်တို့သည် ထိုအနံ့များကို ဂရုမစိုက်ကြပေ။

“ ဘယ်လိုလဲ “ အဆင်တန်ဆာအဖြစ် ကျောက်မြတ်ရတနာများစွာကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် မေးလိုက်သည်။

သားရဲ အရေခွံပုံကြီး၏ ဘေးတွင် နောက်ထပ်လူငယ်တစ်ယောက်သည် ဖျာပေါ်တွင် ထိုင်နေခဲ့သည်။ သူ့လည်ပင်းတွင် များစွာသော အရိုးခေါင်းများဖြင့် အလှဆင်ထားသည့် လည်ဆွဲတစ်ခုကို တပ်ဆင်ထားလေသည်။ သူ့အမူအယာသည် အေးစက်နေပြီး ကြောက်မက်ဖွယ်ဖြစ်နေခဲ့သည်။ သူ့ဘေးရှိ လူ၏ မေးခွန်းကို ကြားလိုက်ပြီးသည့်နောက်တွင် သူထိုဖက်သို့ လှည့်ကြည့်လိုက်သည်။ “ သခင်လေး စိတ်ချပါ “

ထိုသို့ပြောလိုက်ပြီးနောက် တိရိစ္ဆာန် ဦးခေါင်းခွံဖြင့်ပြုလုပ်ထားသည့် ရေခရားကို မလိုက်ပြီးငှဲ့လိုက်လေသည်။

ရေခရား အတွင်းမှ ကြီးမားသော ပဲစေ့ခန့် ဦးခေါင်းရှိသည့် ပုရွှက်ဆိတ်များ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ပုရွှက်ဆိတ်စုစုပေါင်း ကိုးကောင် ရှိနေပြီး အညိုရောင်နှင့် အနက်ရောင် ရှိကြလေသည်။

ပုရွှက်ဆိတ်များ ထွက်လာပြီးသည့်နောက် သူတို့သည် အိမ်အတွင်းမှ အပေါက်တစ်ခုထဲသို့ ဝင်သွားကြပြီး ပျောက်ကွယ်သွားကြလေသည်။

ထိုအရာကို မြင်လိုက်ရသည့်အခါတွင် သခင်ငယ်လေးသည် ထိုင်ချလိုက်သည်။ “ စူးကု သားရဲမြို့‌တော်ထဲကို တိုက်ခိုက်ဖို့ရောက်နေလောက်ပြီ။

သူက အခန်းထဲတော့ ရောက်ဦးမှမဟုတ်ဘူး။ သူပြန်လာတဲ့အချိန်ကြလို့ မီးတောက်တောင်ကုန်း ကျောက်တုံးပျောက်နေတာကို သိသွားခဲ့ရင် သူဘယ်လိုများ ဖြစ်သွားမလဲ ဆိုတာကို ငါသိချင်သေးတယ် ...... ဟားဟားဟား “

မီးတောက်တောင်ကုန်း တိရှန်းထံမှ မီးတောက်တောင်ကုန်း ကျောက်တုံးကို အနိုင်ရလိုက်ပြီးနောက် စူးကုသည် လူသိများသူ တစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်သည်။ သူသည် လူငယ်ကျွန်ပိုင်ရှင်များ အသိုင်းအဝိုင်းထဲတွင် လူသိများသူတစ်ယောက် ဖြစ်လာခဲ့သည်။ စူးကု အကြောင်းပြောလိုက်သည့်အချိန်တိုင်းတွင် လူငယ်ကျွန်ပိုင်ရှင်များ အထူးသဖြင့် ပိုင်ရှီမြို့တော် မှ ကျွန်ပိုင်ရှင်များသည် မနာလိုစိတ်ကြောင့် သက်တောင့်သက်သာ မဖြစ်နေကြ‌တော့ပေ။

ကံဆိုးသည်မှာ စူးကုသည်ထိုမီးတောက်တောင်ကုန်း ကျောက်တုံးကို သိမ်းဆည်းထားပြီး

လောင်းကြေးထပ် ကစားမှုကို မပြုတော့ခြင်း ဖြစ်သည်။

စူးကု ကို သင်ခန်းစာပေးရန်အတွက် ဤလူငယ်ကျွန်ပိုင်ရှင်သည် လူနှစ်ယောက်ကို ဖိတ်ခေါ်ထားခဲ့လေသည်။ စူးကုသည် သူ့အခန်းအတွင်း၌ ကျွန်များ ရှိနေသည်ကို သဘောမကျကြောင်း သူတို့သိခဲ့ရသဖြင့် ယနေ့ အစီအစဉ်ကို စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

သူတို့သည် စူးကုကို မီးတောက်တောက်ကုန်း ကျောက်တုံး ဆုံးရှုံးသွားအောင် ပြုလုပ်ပြီး လှောင်ပြောင်ကြရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့သော ကျောက်တုံးကိုသာ ဆုံးရှုံး ပျောက်ဆုံးသွားပါက စူးကုသည် သေချာပေါက် လူရယ်စရာ ဟာသတစ်ခု ဖြစ်သွားမည်ဖြစ်လေသည်။

ငယ်ရွယ်သည့် ကျွန်ပိုင်ရှင်များ အတွက် တော့ နာမည် ဂုဏ်သတင်းသည် အရာရာဖြစ်ပြီး အလွန်အရေးကြီးသည်။

အခန်းတွင်း၌ ထိုလူနှစ်ယောက်အပြင် နောက်ထပ် တတိယလူတစ်ယောက် ရှိနေခဲ့သည်။ သို့သော်လည်း သူသည် အစမှအဆုံးတိုင် အသံထွက်ခြင်း မရှိပေ။ ထို့အစားသူသည် အခြားနှစ်ယောက် ပြောသည်ကိုသာ နားစိုက်ထောင်နေခဲ့သည်။

မြေအောက်တွင်မူ ပုရွက်ဆိတ်ကိုးကောင် အဖွဲ့သည် ပိုင်ရှီမြို့တော် ပိုင်နက် တဲအိမ်မှ လော့ယဲ့မြို့တော် တဲအိမ်ဆီသို့ သွားနေကြလေသည်။

All Chapters