အသွေးအသားများကို ဖြတ်ထုတ်လိုက်ခြင်း
Vol. 22 Ch. 317
မြေအောက်ထဲတွင် များစွာသော အင်းဆက်ပိုးကောင်များမှ တူးဖော်ထားသည့် လိုဏ်ခေါင်းများ ရှိနေခဲ့သည်။
ယခု ပုရွက်ဆိတ်ကိုးကောင်တို့သည်လည်း သူတို့ကိုယ်ပိုင် လိုဏ်ခေါင်းကို တူးဖော်နေကြပြီး ထိုလိုဏ်ခေါင်းလမ်းကြောင်းများကို အသုံးပြု၍ ရှေ့ဆက်သွားနေကြလေသည်။
ပိုင်ရှီမြို့တော်မှ သခင်ငယ်လေးသည် လဖက်ရည်ခွက်တစ်ခုကို ပင့်လိုက်ပြီး ပါးစပ်တစ်လုပ်အပြည့်သောက်ချလိုက်သည်။ ထို့နောက် သူ့ဘေးတွင် ထိုင်နေသည့်လူကို ကြည့်လိုက်ပြီး “ မင်းဘာမြင်ရလဲ “
တဖက်မှလူသည် ထိုင်နေခဲ့ပြီး သခင်ငယ်လေး စိတ်မရှည်ဖြစ်နေသည်ကို သိနေခဲ့သည်။ သူနောက်ဆုံးတစ်ကြိမ်ကြည့်ပြီးတာတောင် ဘယ်လောက်ကြာသေးလို့လဲ။ သူ့အနေဖြင့် မေးခွန်းကို ဖြေရခြင်းသည် စိတ်အနှောင့်အယှက်တစ်ခုသာ ဖြစ်ပြီး သူ့အားများကို ပို၍ကုန်ခမ်းစေသည်။
သူမည်သို့ပင်တွေးနေသည်ဖြစ်စေ သခင်ငယ်လေးသည် ဂရုစိုက်သည့်ပုံမရှိပေ။ သူပြန်ဖြေလိုက်သည် “ သူတို့ ရှေ့ကိုဆက်သွားနေကြတုန်းပဲ “
သူသည် ပုရွက်ဆိတ်များကို အာရုံခံနိုင်ပြီး ပုရွက်ဆိတ်များကို သူ့အတွက် အလုပ်လုပ်ပေးစေရန် ခိုင်းစေနိုင်သည့် စွမ်းရည်ရှိလေသည်။ ထိုသခင်ငယ်လေး၏ တောင်းဆိုမှုကို ဖြည့်ဆီးရန်
အတွက် သူသည် ထိုခြေထောက်ရှည်သည့် ပုရွက်ဆိတ်များကို ခိုင်းစေထားခဲ့ခြင်း ဖြစ်သည်။ သူသည် ကျေးကျွန်အစစ်အမှန် တစ်ယောက်တော့မဟုတ်သောလည်း ကျေးကျွန်တစ်ယောက် ကဲ့သို့သာ ဖြစ်သည်။ သူ့ကိုယ်ပိုင်စွမ်းရည်ကြောင့် သူသည် ပိုင်ရှီမြို့တော်မှ ကျေးကျွန်များကြားတွင် မြင့်မားသည့် အဆင့်အတန်းတစ်ခုကို ရရှိထားပေသည်။
အကယ်၍ ရှောက်ရွှမ်သာ ဤနေရာတွင် ရှိနေခဲ့လျှင် ထိုသူ့ကိုယ်ပေါ်မှ နတ်အမှတ်အသားများကို မြင်ပြီး အံ့သြသွားလောက်ပေသည်။ သူသည် ထိုကဲ့သို့သော မျိုးနွယ်စု နတ်အမှတ်အသားများနှင့် ရင်းနှီးနေပေသည်။ ထိုအမှတ်အသားများသည် မီးတောက် ဦးချိုများ မျိုးနွယ်စုနှင့် အိမ်နီးချင်းဖြစ်သော မျိုးနွယ်စုတစ်ခုဖြစ်သည့် ဝမ်ရှီ မျိုးနွယ်စုမှ နတ်အမှတ်အသားများ ဖြစ်ကြလေ၏။
ထို့အပြင် ထိုလူငယ်သည် မျိုးနွယ်စု စစ်သည်
တော်တစ်ယောက်သာ မကပေ။ သူသည် ဝမ်ရှီမျိုးနွယ်စု၏ နောက်ဖြစ်လာမည့် နတ်ဆရာတစ်ယောက်လည်း ဖြစ်သေးသည်။ သူသည် ပိုင်ရှီမြို့တော်တွင် ရှိနေခဲ့သည်မှာ အချိန်တစ်ခု ရှိနေခဲ့ပြီဖြစ်ပြီး သူ့မျိုးနွယ်စုသို့ပြန်သွားလျှင် နတ်ဆရာအဖြစ်ဆက်ခံ ရတော့မည်ဖြစ်သည်။
“ သူတို့အခုထိ ဘာလို့မရောက်ကြသေးတာလဲ “ ပိုင်ရှီ မြို့တော်မှ သခင်ငယ်လေး စိတ်မကျေနပ်စွာဖြင့် မေးလိုက်သည်။
အခြားလူနှစ်ယောက်တို့ အသံမထွက်ကြပေ။ သူတို့ရှင်းပြသည့် ရှင်းပြချက်အားလုံးတို့သည် အဓိပ္ပာယ်မရှိတော့ပေ။ သူတို့ ပိုပြီးရှင်းပြလေလေ သခင်ငယ်လေး ပိုစိတ်မရှည်ဖြစ်လေ ဖြစ်သည်။
အချိန်အတန်ကြာ စောင့်နေခဲ့ပြီးနောက် သခင်ငယ်
လေးသည် ရှစ်ကြိမ်မြောက် မေးခဲ့ပြီးဖြစ်သည်။ ဖျာပေါ်တွင် ထိုင်နေသည့် လူသည် နောက်ဆုံးတွင် သက်ပြင်းချလိုက်လေသည် “ သူတို့ ရောက်သွားကြပြီ “
သူသည် ထိုပုရွက်ဆိတ်များ လော့ယဲ့မြို့တော် တဲအိမ်ဆီသို့ရောက်သွားကြပြီ ဖြစ်သည်ကို အာရုံခံမိလိုက်သည်။
သားရဲမြို့တော်တွင် တဲအိမ်တိုင်း၌ အင်းဆက်များ ရှိနေတတ်ကြသည်။ ပိုးကောင်များလည်း ရှိနေကြပြီး အထူးသဖြင့် ရှောက်ရွှမ် မြင်တွေ့ခဲ့ရသည့် အအေးဒဏ်ခံနိုင်သည့် နွားချေးပိုးကောင်များ ဖြစ်ကြသည်။ သူတို့သည် အအေးဒဏ်ကို ခံနိုင်ကြသော်လည်း မြေတွင်း အနက်များကို တူးဖော်နေထိုင်ကြကာ အအေးဒဏ်ကို ရှောင်ရှားတတ်ကြသည်။ ထို့ကြောင့်ပင့် မြို့တော် ရှိ နေရာအားလုံး ၏ မြေအောက်တွင် နေထိုင်ကြသည့် အင်းဆက်ပိုးများ ရှိနေသည်ဟု ပြော၍ ရသည်။
ပိုင်ရှီမြို့တော်ဖက်မှ စေလွှတ်လိုက်သည့် ပုရွှက်ဆိတ်များသည် မြေအောက် လိုဏ်ခေါင်းထဲမှ တဆင့် လော့ယဲ့မြို့တော် တဲအိမ်ဆီသို့ ဦးတည်လာနေခဲ့ကြသည်။ ထို့နောက် သူတို့သည် မြေတွင်းများထဲမှ ထွက်လာပြီး နေရာအနေအထားကို အကဲခတ်ကြလေသည်။ ထို့နောက် ရှေ့သို့ဆက်သွားကြပြန်သည်။
ထိုသဲပုရွက်ဆိတ်များကို ဆေးပင်များ အသုံးပြု၍ မွေးမြုထားခြင်းဖြစ်ပြီး ၎င်းတို့သည် ဆေးပင်များ၏ အနံ့များကို အထူးသဖြင့် အာရုံခံနိုင်စွမ်း ရှိကြလေသည်။ ထိုအချိန်တွင် ပုရွက်ဆိတ်များသည် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း စူးကုအနိုင်ရခဲ့သည့် ဆေးပင်များ ကို လိုက်ရှာနေကြလေသည်။ စူးကု ဆေးပင်များကို အနိုင်ရလိုက်ခြင်းသည် ပိုင်ရှီမြို့တော်ဖက်မှ စီစဉ်ထားသည့် အစီအစဉ်သာ ဖြစ်သည်။
ဆေးပင်များကို စူးကု ကို ပေးလိုက်ခြင်းဖြင့် ပိုင်ရှီမြို့တော်မှ လူများသည် ပုရွှက်ဆိတ်များ လိုက်ရှာနိုင်စေရန် လမ်းညွှန်ချက်တစ်ခုကို ပေးလိုက်သည်နှင့် တူပေသည်။
သို့သော်လည်း စူးကုသည် ထိုဆေးပင်များကို ရှောက်ရွှမ်ကို ပေးလိုက်သည်ကိုတော့ သူတို့သိထားကြခြင်း မရှိကြပေ။ ထို့ကြောင့် ပုရွှက်ဆိတ်များသည် စူးကုထံသို့ ရောက်သွားရမည့်အစား ရှောက်ရွှမ် အခန်းတွင်းသို့သာ ရောက်သွားကြလေသည်။ ပိုပြီးတိတိကျကျပြောရလျှင် “ နီလာလေး “ ရှိနေသည့် မြေတွင်းထဲသို့ ရောက်သွားကြခြင်းဖြစ်သည်။
ပုရွှက်ဆိတ်များသည် မီးတောက် တောင်ကုန်းကျောက်တုံးကို လိုက်ရှာကြသော်လည်း မည်သည့်နေရာတွင်မှ မတွေ့နေခဲ့ပေ။
ပိုင်ရှီမြို့တော်မှ လူများ ရှိနေသည့်နေရာတွင် နတ်ဆရာသည် ပဟေဠိဖြစ်နေသည့်အမူအယာဖြင့် ရှိနေခဲ့သည်။
“ ဘာလဲ။ ဘာဖြစ်တာလဲ “ ပိုင်ရှီမြို့တော် သခင်ငယ်လေး မေးလိုက်သည်။
“ မီးတောက်တောင်ကုန်း ကျောက်တုံးကို မတွေ့ရဘူး “
“ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်ပါ့မလဲ ။ စူးကုက သူနဲ့အတူ ကျောက်တုံးကို ယူသွားတာလား ။ မဖြစ်နိုင်ဘူးလေ။ ကြည့်ရတာ မင်းရဲ့ပုရွတ်ဆိတ်တွေက နေရာမှားပြီးတော့ ရောက်သွားတာထင်တယ်။ ဆက်ပြီး ရှာကြည့်ပါ “ သခင်ငယ်လေး အော်ဟစ်အမိန့်ပေးလိုက်သည်။
နတ်ဆရာလူငယ်သည် စိတ်ဆိုးသွားသော်လည်း သူ့မျက်နှာပေါ်တွင် မပေါ်နေခဲ့ပေ။ “ ဟုတ်ကဲ့ပါ “
လော့ယဲ့မြို့တော် တဲအိမ်၊ ရှောက်ရွှမ်၏ အခန်းတွင် ပုရွှက်ဆိတ်ကိုးကောင်တို့သည် အခန်းတစ်ခုလုံးကို လူးလာဆန်ခတ် လျှောက်သွားနေကြပြီး ဆက်လက်ရှာဖွေနေကြလေသည်။ မကြာခင်တွင် သူတို့ဝင်လာခဲ့သည့် “ နီလာလေး “ ၏ တွင်းပေါက် ပြန်ပိတ်နေပြီကို သူတို့တွေ့လိုက်ရသည်။ သူတို့ထက်ကြီးမားသည့် နွားချေးပိုးကောင် တစ်ကောင်သည် ထိုနေရာတွင် ရှိနေခဲ့လေသည်။
ပုရွှက်ဆိတ်များသည် ချက်ချင်းပင် စုဝေးသွားကြပြီး တိုက်ခိုက်လိုစိတ်များကို ထုတ်ပြလိုက်ကြကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။ သို့သော်လည်း သူတို့၏ ပြိုင်ဖက်သည် သန်မာလွန်းနေခဲ့လေသည်။
သူတို့ မျက်နှာချင်းဆိုင်တိုက်ခိုက်လိုက်ကြပြီးနောက် ပုရွှက်ဆိတ်ခေါင်းဆောင်၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့သည် ပိုင်းဖြတ်ခြင်းကို ခံလိုက်ရလေသည်။
ပိုင်ရှီမြို့တော်ဖက်မှ ဖျာပေါ်တွင် ထိုင်နေခဲ့သည့် နတ်ဆရာလူငယ်၏ မျက်နှာရုတ်တရက် ရုပ်ဆိုးသွားခဲ့သည်။
“ ဘာဖြစ်တာလဲ “ ပိုင်ရှီ မြို့တော် သခင်လေး အလျင်အမြန်မေးလိုက်သည်။ တဖက်လူပြန်မဖြေသည်ကို တွေ့လိုက်ရသည့်အခါတွင် သူ့ထိုင်ခုံမှ အလျင်အမြန် ထလာလိုက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်ကာ ထပ်မေးလိုက်ပြန်သည် “ ငါ့ကို ပြောစမ်းပါ၊ ဘာတွေဖြစ်နေပြီလဲ “
“ အဲ့ဒီမှာ ..... ဟေး ....... “ သူ့စကားများသည် အဆုံးမသတ်နိုင်ခဲ့ပဲ နတ်ဆရာလူငယ်သည် သွေးများကို အန်ထုတ်လိုက်ရသည်။
ထို့ကြောင့် တဲအိမ်ထဲတွင် ရှိနေကြသည့် လူတိုင်း မျက်မှောင်ကြုတ်လိုက်မိကြသည်။
“ တောက်ယွီ၊ သူဘာဖြစ်သွားတာလို့ မင်းထင်လဲ ။ ဘာဖြစ်နိုင်လဲ “ ပိုင်ရှီမြို့တော် သခင်ငယ်လေးသည် ယခုအချိန်အထိ စကားတစ်ခွန်းမှ မပြောသေးသည့် လူတစ်ယောက်ကို လှမ်းမေးလိုက်လေသည်။
တောက်ယွီပြန်မဖြေခဲ့ပေ။ ဘေးဖက်ရှိ သစ်သားသေတ္တာအတွင်းမှ ဆေးပင်များကို ထုတ်ယူလိုက်ပြီး ကြိတ်ချေလိုက်ကာ ဖျာပေါ်မှ လူကို တိုက်ကြွေးလိုက်သည်။
ဆေးပင်များကို စားသုံးလိုက်ပြီးနောက်တွင် ထိုသူ၏ အသားအရည်ပြန်လည် နီမြန်းလာခဲ့သည်။ သူသည် မပြီးဆုံးသေးသည် တစ်စုံတစ်ခုကို ဆက်လုပ်နေသည့်ပုံဖြင့် စကားတစ်ခွန်းမှ မပြောသေးပဲ ထိုင်ကာ မျက်လုံးများကို မှိတ်ထားခဲ့လေသည်။ သူ့အနေဖြင့် ကျောက်တုံးကို တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ သူ သေချာ ဂရုစိုက်မွေးမြူထားခဲ့သည့် ပုရွှက်ဆိတ်များကို ပြန်ခေါ်ခြင်းသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ကံမကောင်းသည်မှာ ပထမဆုံးတစ်ကောင် နှင့် အဆက်အသွယ်ပြတ်ပြီး ချက်ချင်းပင် ဒုတိယ၊ တတိယ ပုရွှက်ဆိတ်များနှင့်လည်း ဆက်သွယ်နိုင်စွမ်း ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ ဆိုလိုသည်မှ ထိုသဲပုရွှက်ဆိတ်များ အားလုံး တစ်ကောင်ပြီးတစ်ကောင် အသတ်ခံလိုက်ရပြီဟု ဆိုလိုနေပေသည်။
သူသည် ဤအရာကို ဆက်ပြီးသည်းမခံနိုင်တော့ပေ။
သူ့အနေဖြင့် ကျန်နေသေးသည့် ပုရွှတ်ဆိတ်များကို လွှတ်မြောက်စေရန် ကူညီပေးရတော့မည် ဖြစ်သည်။ သူတို့အနေဖြင့် အဖွဲ့တစ်ခုအနေဖြင့် မလွတ်မြောက်နိုင်လျှင် သီးသန့်ခွဲကာ လွတ်မြောက်စေရန်အတွက် ထွက်ပြေးရမည် ဖြစ်သည်။ တကယ်၍ တစ်ကောင်တည်းသာ ကျန်နေပါက ထိုတစ်ကောင်သည်လည်း ရအောင် ထွက်ပြေးရမည် ဖြစ်သည်။
ထိုသဲပုရွှတ်ကဆိတ်များ မည်သည့်အရာနှင့်ကြုံတွေ့နေရသည်ကိုတော့ သူ့အနေဖြင့် သိနိုင်စွမ်း မရှိပေ။ သူသည် ကြီးမားသည့် ပုံရိပ်ကြီးတစ်ခုကိုသာ ဝိုးတစ်ဝါး မြင်နေရသည်။ ၎င်းသည် နွားချေးပိုးကောင်တစ်ကောင် မဟုတ်ပဲ ဦးချိုနှင့်တူသော အရာတစ်ခုကို မီးတောက် များက ဝန်းရံနေသည့် ပုံရိပ်တစ်ခု ဖြစ်သည်။
ပိုင်ရှီမြို့တော်သခင်လေးသည် ပို၍ဒေါသထွက်လာပြီ မေးခွန်းထပ်မေးတော့မည်ကို မြင်လိုက်ရသည့်အခါ တောက်ယွီ အလျင်အမြန် ဝင်ပြောလိုက်သည် “ သခင်လေး၊ အခြေအနေတွေက မတူတော့ဘူး။ သူ့ကို သွားမလောပါနဲ့၊ ခနထပ်စောင့်လိုက်ပါဦး “
“ တစ်ခုခု မတူတော့ဘူးတဲ့လား ။ ဘာမတူတာလဲ ။ မင်းတို့လုပ်နိုင်တယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား “ ပိုင်ရှီ မြို့တော် သခင်လေးသည် သူ့ဘေးရှိ ကုလားထိုင်တစ်လုံးကို ဒေါသတကြီး ကန်ထုတ်လိုက်လေသည်။ သူယခုလုပ်နိုင်သည်မှာ စောင့်ကြည့်ယုံသာ ရှိပေတော့သည်။
လော့ယဲ့မြို့တော် ပိုင်နက်တဲအိမ်ရှိ သန့်ရှင်းရေးလုပ်ကြသည့် ကျွန်များသည် သားရဲများအနီးတွင် ရှိနေတတ်သည့် အင်းဆက်ပိုးကောင်များ
နည်းပါးလာသည်ကိုတွေ့မြင်ကြရသည်။ သူတို့က သဘာဝရန်သူ တစ်ခုခုဆီကနေ ပုန်းအောင်းနေကြတာလား..........။
သို့သော်လည်း ကျွန်များ၏ တာဝန်သည် သားရဲများကို ကြည့်ရှုစောင့်ရှောက်ရန်သာ ဖြစ်သည်။ အင်းဆက်ပိုးများကို ဂရုစိုက်နေရန် မဟုတ်ပေ။ ပိုးကောင်များ နည်းပါးသွားသည်ကို သူတို့တွေ့ကြသော်လည်း သူတို့သည် ဂရုစိုက်ခြင်းမရှိကြပဲ သူတို့၏ အလုပ်များကိုသာ ဆက်လုပ်နေလိုက်ကြသည်။
ထိုသူများ မသိကြသည့် နေရာတစ်ခုတွင် တိုက်ပွဲတစ်ခု ပြင်းထန်စွာ ဖြစ်ပေါ်နေခဲ့လေသည်။ ထိုတိုက်ပွဲသည် ပုရွှက်ဆိတ်များနှင့် နွားချေးပိုးကောင် “ နီလာလေး “ တို့ကြားတွင် ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ရှောက်ရွှမ် အခန်းထဲသို့လာခဲ့ကြသည့် ပုရွှက်ဆိတ်ကိုးကောင်တို့တွင် လေးကောင်သာ ကျန်ပေတော့သည်။ ကျန်သည့်ငါးကောင်သည် သေးသည့်အကောင်သေ ၊ ထွက်ပြေးသည့်အကော်င ထွက်ပြေးကုန်ကြပြီဖြစ်သည်။ အချို့အကောင်များသည် နံရံများကို တွယ်တက်ပြီး ပြုတင်းပေါက်များမှ ထွက်ပြေးကြလေသည်။ ထို့နောက် အချို့အကောင်များသည် မြေတွင်းများကို လိုက်ရှာနေကြလေသည်။
သူတို့ သီးခြားခွဲပြေးကြသော်လည်း သူတို့သည် ရာပေါင်းများစွာသော နွားချေးပိုးကောင်များနှင့် ရင်ဆိုင်မိကြပြီး အသတ်ခံလိုက်ကြရလေသည်။ အထူးသဖြင့် မြေတွင်း ထဲဝင်ပြေးကြသည့် ပုရွှက်ဆိတ်များသည် ပိတ်ဆို့ခံကြရပြီး တိုက်ရိုက်သုတ်သင်ခံလိုက်ရလေသည်။
ဘန်း......
ပိုင်ရှီ မြို့တော် တဲအိမ်တွင် ဖျာပေါ်ထိုင်နေခဲ့သည့် နတ်ဆရာလူငယ်သည် ပါးစပ်အပြည့်သွေးများစွာကို အန်ထုတ်လိုက်ရလေသည်။ သူသည် ယခင်ကထက်ပင် အားနည်းသွားသည့် ပုံစံဖြစ်နေခဲ့သည်။ သူ့မျက်နှာသည်ဖြူလျော်သွားခဲ့ပြီး သွေးမရှိသည့်နှယ်ဖြစ်နေခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ သူ့နှင့် ဆက်သွယ်ထားသည့် ပုရွှက်ဆိတ်များ အသတ်ခံလိုက်ရခြင်းကြောင့် ဖြစ်ပြီး သူ့အတွေးစများ ပိုင်းဖြတ်ခံလိုက်ရသော်ကြောင့် ဖြစ်သည်။
သူသည် ထိုသဲပုရွှက်ဆိတ်များကို လေ့ကျင့်ပေးရန်အတွက် အစွမ်းကုန်အားထုတ်ထားခဲ့ရသည်။ သူ့ထံတွင် ထိုကဲ့သို့သော ပုရွှက်ဆိတ် အကောင်ရေ နှစ်ဆယ်ခန့်ရှိခဲ့သော်လည်း ယခုတွင် ကိုးကောင်လျော့နည်းသွားခဲ့ရပြီဖြစ်သည်။
ဤသည်မှာ သူ့အသွေးအသားများကို ဖြတ်ထုတ်လိုက်ရသည်ထက်ပင် နာကျင်ဖွယ်ကောင်း
နေသည်။