← Chapters

ကျွန်ပြုသိမ်းသွင်းခြင်း နည်းလမ်းများ

Vol. 22 Ch. 319

ကျွန်ပြုသိမ်းသွင်းခြင်း နည်းလမ်းများ

Vol. 22 Ch. 319

ကြောက်နေတာလား.........

ရှောက်ရွှမ် ကင်းမြီးကောက်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့ဘေးပတ်လည်ကို စိုက်ကြည့်လိုက်သည်။

ခြေလှမ်းဆယ်လှမ်းအကွာအဝေးတွင် ရှောက်ရွှမ်သည် တစ်ဦးတည်းသော လူတစ်ယောက် ဖြစ်လေသည်။ အနီးဆုံးဖြစ်သည့် စူးကုသည်ပင် ထိုနေရာမှ မီတာ နှစ်ဆယ်ခန့်အကွာတွင် ရှိနေခဲ့သည်။ ကျေးကျွန်များသည် ထို့ထက်ပင်ပိုဝေးသေးသည်။

ဝေးကွာနေသဖြင့် စူးကုသည် စွမ်းအင်ပြောင်းလဲမှု

လှိုင်းများကို အာရုံမခံနိုင်ခဲ့ပေ။ သူ့ပထမဆုံး ကျွန်ပြုသိမ်းသွင်းသည့် သားကောင်သည် လိပ်တစ်ကောင် ဖြစ်ခဲ့ပြီး လိပ်သည် တိုက်ခိုက်ရေး သားရဲမဟုတ်ပေ။ စူးကု၏ အမြင်တွင်မူ ထိုလိပ်ကို သိမ်းသွင်းနိုင်ခဲ့ခြင်းသည် ကျရှုံးသည်ထက်တော့ ကောင်းနေပေသေးသည်။ ယခုတွင် သူသည် တိုက်ခိုက်ရေးသားရဲတစ်ကောင်ကို ပထမဆုံးအနေဖြင့် ကျွန်ပြုသိမ်းသွင်းခြင်း အောင်မြင်သွားခဲ့ပြီဖြစ်သည်။ သူသည် ရှောက်ရွှမ်ကို သတိမထားမိနေပေ။

သူ့လက်ထဲမှ မီးတောက်များကို ပြန်သိမ်းထားလိုက်ပြီးနောက် ရှောက်ရွှမ် ကင်းမြီးကောက် ထံမှ အပြောင်းအလဲများကို အာရုံခံကြည့်လိုက်သည်။

နောက်တစ်ကြိမ် ကင်းမြီးကောက်သည် သူ့လက်မများကို ဖွင့်ထားပြီး ဖင်မြီးဖြင့် ထိုးစိုက်ရန် ပြင်ဆင်နေပြန်သည်။ သို့သော် ယခင်ကနှင့်

နှိုင်းယှဉ်လျှင် ၎င်းသည် ကြောက်ရွံ့နေပုံရပြီး ရှောက်ရွှမ်ထံ သို့ တိုးမလာရဲပဲ နောက်သို့သာ ဆုတ်နေခဲ့လေသည်။

ရှောက်ရွှမ် အတွေးတစ်ခု ရလိုက်သည်။ ထိုအချိန်က မျိုးနွယ်စုသည် မြစ်ကို မဖြတ်ကူးရသေးပဲ လန်ဂသည် တစ်စုံတစ်ခုကိုသူ့အားပြောပြခဲ့သည်။ သူသည် ထိုစဉ်က ငယ်ရွှယ်သေးသည့် ကလေးများ လိုဏ်ဂူတွင် နေထိုင်နေသည့် ငချွတ်လေးတစ်ယောက်သာ ဖြစ်ခဲ့သည်။

ထိုစဉ်က လန်ဂသည် မီးတောက်မျိုးစေ့အကြောင်းကို ပြောပြခဲ့သည်။ ရှောက်ရွှမ်မေးခဲ့ဖူးသည် “ ဘာလို့ မျိုးနွယ်စုက သားရဲတွေရဲ့ ကျုးကျော်မှုကို မခံရတာလဲ “

ရှောက်ရွှမ်၏ ထိုမေးခွန်းကြောင့် လန်ဂနှင့် အခြားသူများရယ်မောခဲ့ကြပြီး တစ်စုံတစ်ယောက်က

တောင်ကုန်းထိပ်သို့ ညွှန်ပြကာ ပြောခဲ့လေသည် “ ဘာလို့လည်း‌ဆိုတော့ သူတို့က မီးကို ကြောက်တယ်လေ “

သူတို့ “ မီးတောက် “ ဟုပြောလိုက်သည့် အချိန်တွင် သူတို့ ရည်ညွှန်းသည်မှာ မီးတောက် တွင်းကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ရှောက်ရွှမ် သိခဲ့ရသည်။ ယခုတွင် ရှောက်ရွှမ်သည် ထိုအချိန်က သူတို့ပြောခဲ့သည့် စကားများကို ပြန်စဉ်းစားနေခဲ့သည်။

သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို လှုပ်ရှားလိုက်ရင်း ရှောက်ရွှမ်လက်ထဲတွင် မီးတောက်များ နောက်တဖန် ပြန်ပေါ်လာခဲ့ပြန်သည်။

စောင့်ကြည့်နေခဲ့သည့် ကင်းမြီးကောက်သည် ထိုမီးတော်ကကို မြင်လိုက်ရပြီးနောက် နောက်သို့ ပိုဆုတ်သွားခဲ့သည်။ သူ့လက်မများသည် သူ့

ခန္ဓာကိုယ်ရှေ့တွင် ဒိုင်းကာတစ်ခုသဖွယ် ကာထားဆဲဖြစ်သည်။

ရှောက်ရွှမ် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။

ကင်းမြီးကောက် နောက်ဆုတ်သွားသည်။

ရှောက်ရွှမ် ရှေ့သို့တိုးလေ ကင်းမြီးကောက် နောက်သို့ဆုတ်လေဖြစ်သည်။

ထို့နောက် သူမီးတောက်ကိုထုတ်ယူလိုက်ပြီး ခြေတလှမ်းတိုးလိုက်ပြန်သည်။ ကင်းမြီးကောင်သည် သတိရှိနေဆဲဖြစ်သော်လည်း နောက်သို့် ဆုတ်သွားခြင်း မရှိတော့ပေ။

ရှောက်ရွှမ် စဉ်းစားနေရင်း သူ့လက်များကို

လှုပ်ရှားနေခဲ့သည်။ ကင်းမြီးကောက်သည် သူ့လက်ထဲမှ မီးတောက်ကို ကြောက်ရွံ့နေသည်ကို သူသိလိုက်သည်။ သို့သော်လည်း စူးကု ပုတ်သင်ညိုကို ကျွန်ပြုသိမ်းသွင်းသည့်အချိန်တွင် အဘယ်ကြောင့် ထိုကဲ့သို့ မဖြစ်ပေါ်ရလေသနည်း။

စူးကု၏ ကျွန်ပြုသိမ်းသွင်းခြင်းဖြစ်စဉ်တွင် သူ့လက်ထဲမှ အပြာရောင်မီးတောက်များသည် သန်မာကြပေသည်။ သို့သော်လည်း သားရဲနှစ်ကောင်တို့သည် မပျော်ရွှင်ယုံနှင့် သတိရှိနေယုံမျှသာ ဖြစ်ခဲ့သည်။ ယခုကဲ့သို့ကြောက်ရွှံ့နေခြင်းမျိုး မဖြစ်ခဲ့ပေ။

ရှောက်ရွှမ် ထပ်မံစမ်းသပ်ကြည့်ချင်နေသည်။ သို့သော် အခြားတဖက်တွင် စူးကုသည် ထွက်ခွာရန် အဆင်သင့်ဖြစ်နေခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ် ရပ်တန့်လိုက်ရသည်။

စူးကုသည် တိုက်ခိုက်ရေးသားရဲတစ်ကောင်ကို ယနေ့တွင် ကျွန်ပြုသိမ်းသွင်းနိုင်ခဲ့သည်။ သူ့အနေဖြင့် နောက်ထပ် တစ်ကောင်ကို သိမ်းသွင်းရန် စွမ်းအားများ မကျန်ရှိတော့ပေ။ သို့နှင့် သူအနားယူရန် ပြင်ဆင်လိုက်သည်။ အနားယူပြီးမှသာ ထပ်မံကြိုးစားကြည့်တော့မည် ဖြစ်သည်။

တဲအိမ်သို့ပြန်လာစဉ်တွင် ရှောက်ရွှမ် စူးကုကို မေးလိုက်သည် “ သားရဲနဲ့ လူသားကို ကျွန်ပြုသိမ်းသွင်းရတာက ကွာခြားချက်ရှိလား “

စူးကုသည် စိတ်အခြေအနေအလွန်ကောင်းမွန်နေခဲ့သည်။ ထို့ကြောင့် ရှောက်ရွှမ်မေးလိုက်သည့် အချိန်တွင် သူချက်ချင်းပင်ပြန်ဖြေလိုက်လေသည်။

“ သခင်ကို အသိအမှတ်မပြုရသေးတဲ့ သားရဲတွေ

က ကျွန်တွေထက် အဆများစွာ ပိုပြီးသန်မာတယ်။ ဒါကြောင့် ကျွန်ပြုသိမ်းသွင်းနေတဲ့အချိန်မှာ ငါတို့က ရှုပ်ထွေးတဲ့ ဆောင်ရွက်ချက်တွေကို မလုပ်ကြပဲနဲ့ ပိုပြီး ရိုးရှင်းတာကိုပဲ လုပ်ကြတယ် “

သူတို့သားရဲများကို ကျွန်ပြုသိမ်းသွင်းသည့်အချိန်များတွင် အဓိက ရည်ရွယ်ချက်မှာ တိုက်ခိုက်ရေးသားရဲများကို သိမ်းသွင်းရန်ဖြစ်သည်။ ထို့ကြောင့် ကျွန်ပြုသိမ်းသွင်းသည့် အချိန်တွင် ထိုသားရဲများကို နာခံလိုက်နာတတ်လာစေရန်အတွက် အဓိက လုပ်ကြသည်။ သူတို့၏ အရည်အသွေးများသည် တိုးတက်လာမည် မဟုတ်သကဲ့သို့ အားနည်းသွားမည်လညး် မဟုတ်ပေ။ ပို၍ ခွန်အားကြီးမားပြီး နာခံလိုက်နာမှုနည်းပါးသည့် သားရဲများအတွက်မူ ကျွန်ပိုင်ရှင်များသည် စည်းကမ်းတင်းကျပ်မှုများကို ပိုပြီးလုပ်ကြရသည်။ ထို့ကြောင့် ကျွန်ပြုသိမ်းသွင်းသည့် ဖြစ်စဉ်သည် ပို၍ ရှုပ်ထွေးလေသည်။

“ ဒါဆိုရင် သားရဲတွေကို ကျွန်ပြုသိမး်သွင်းရင် သူတို့ကို ချည်နှောင်ထားတဲ့နှောင်ကြိုးတွေ မရှိဘူးပေါ့ “ စူးကု တစ်ချိန်က ပြောခဲ့ဖူးသည့် ဥပဒေသများကို ရှောက်ရွှမ် အမှတ်ရနေဆဲဖြစ်သည်။

“ ရှိတော့ရှိတယ်၊ ဒါပေမယ့် လူတွေနဲ့မတူဘူး။ ခြုံပြောရရင် လူတွေကို ကျွန်ပြုတဲ့အချိန်မှာ သူတို့ရဲ့စွမ်းအားတွေအပြင် နောက်ထပ် အတားအဆီးသုံးခုကိုထပ်လုပ်ရတယ်။ ချိန်းကြိုးသုံးခုပေါ့။ ဒီကြိုးတွေကို ကျွန်တွေ သူတို့ရဲ့စွမ်းရည်တွေကို အသုံးပြုတဲ့အချိန်ကျရင် မြင်တွေ့နိုင်တယ်။ တစ်ခုချင်းဆီကို ဖွင့်ပေးလိုက်တာက သူတို့ရဲ့စွမ်းအားတွေကို တိုးတက်သွားစေတယ်။ ဒါက ကျွန်ပိုင်ရှင်တွေရဲ့ ကျွန်ပြုသိမ်းသွင်းနည်းပဲ “

ထိုစကားများကို ပြောလိုက်ပြီး စူးကုဂုဏ်ယူစွာဖြင့် ရှောက်ရွှမ်ကို စိုက်ကြည့်လိုက်သည်။ အခြားကျွန်ပိုင်ရှင်များနည်းတူ စူးကုသည်လညး် မျိုး

နွယ်စုများထက် သာလွန်သူများ ဖြစ်သည်ဟူသည့် အတွေးများ ရှိကြသည်။

“ မျိုးနွယ်စုတွေကလည်း ကျွန်ပြုသိမ်းသွင်းခြင်းကို လုပ်ဆောင်နိုင်ကြလား “ ရှောက်ရွှမ် မေလးလိုက်သည်။

“ မလုပ်နိုင်ဘူး “ စူးကုထင်လိုက်သည်မှာ သူကျွန်ပြုသိမ်းသွင်းနေသည်ကို ကြည့်ပြီး ရှောက်ရွှမ် မနာလိုဖြစ်နေသည်ဟု ထင်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် သူ ပို၍အသက်ဝင်စွာပြုံးလိုက်ပြီး “ မျိုးနွယ်စု နတ်အမှတ်အသားတွေကို ယုံကြည်ကြတဲ့ မျိုးနွယ်စုတွေက ဒါကို လုပ်နိုင်မှာမဟုတ်ဘူး “

တကယ်ပဲ မလုပ်နိုင်ဘူးလား......... ရှောက်ရွှမ် အင်္ကျီလက်မောင်းအောက်မှ သူ့လက်များကို ဖွက်ထားလိုက်သည်။ သူမေးခွန်းကို ဆက်မမေးတော့ပေ။ ထို့အစား သူမေးလိုက်သည် “ မင်း ကျွန်ပြု

လိုက်တဲ့ လိပ်........ အဲ့ဒီလိပ်ကို သားရဲကျွန်ပြုနည်းနဲ့ပဲ ကျွန်ပြုထားတာလား “

ထိုလိပ်အကြောင်းကို ရှောက်ရွှမ်ပြောလိုက်သည်ကို ကြားလိုက်ရသည့်အချိန်တွင် စူးကု ပတ်ဝန်းကျင်ကို အလျင်စလို ကြည့်လိုက်သည်။ အခြားသူများကို မမြင်ရသည့်အချိန်မှ သူ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ဤသည်မှာ သူ့အတိတ်ဆိုးတစ်ခု ဖြစ်နေသည် မဟုတ်လော........။

“ ဟုတ်တာပေါ့၊ ငါ သားရဲကျွန်ပြုနည်းကိုပဲ သုံးခဲ့တာ။ မင်းက လိပ်တစ်ကောင်လို စားစရာကို လူသားတစ်ယောက်ကို ကျွန်ပြုတဲ့ နည်းနဲ့ ကျွန်ပြုလိမ့်မယ်လို့ ထင်နေတာလား၊ ငါက အဲ့လို တုံးအတဲ့အလုပ်ကို လုပ်ပါ့မလား “ စူးကုကို ကြည့်ရသည်မှာ အနည်းငယ်စိတ်တိုသွားဟန် ရသည်။

ထိုအချိန်က အမှန်ပင် သူထိုနည်းလမ်းကို အသုံးပြုခဲ့လေသည်။ သို့သော်လည်း နောက်ပိုင်းတွင် သူနောင်တ ရမိသဖြင့် လိပ်ကို ချက်စားလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ လိပ်တစ်ကောင်ကို ကျွန်ပြုသိမ်းသွင်းခဲ့သည်ကို မည်သူမှ မသိနေခဲ့ပေ။ အကယ်၍ နောက်လူတစ်ယောက်ကသာ ထပ်မေးလာခဲ့လျှင် သူထိုကိစ္စကို ငြင်းဆန်မည် ဖြစ်သည်။

ရှောက်ရွှမ် စူးကုကို ကြည့်လိုက်သည်။ သူဘာကိုမှ ထပ်မပြောတော့ပေ။ သူသည် နွားချေးပိုးကောင် အကြောင်းကို ထပ်စဉ်းစားနေလိုက်သည်။ သူသည် ယခင်က ကျွန်ပိုင်ရှင်များ၏ ကျွန်ပြုသိမ်းသွင်းနည်းများကို မသိခဲ့ပေ။ သို့သော်လည်း သူကြိုးစားကြည့်ခဲ့သည်။ ယခုမှ သူသိလိုက်ရသည်မှာ နွားချေးပိုးကောင်ကို ကျွန်ပြုလိုက်သည့် နည်းလမ်းသည် သားရဲများကို ကျွန်ပြုသည့် နည်းလမ်း မဟုတ်နေခြင်း ဖြစ်သည်။

စူးကု ပြောပြသည့် အတားအဆီး သော့ သုံးမျိုးကို စဉ်းစားလိုက်ပြီးနောက် ရှောက်ရွှမ် သူ့အခန်းကိုပြန်ရောက်သည်နှင့် နွားချေးပိုးကောင်ကို အလျင်စလို သွားကြည့်လိုက်သည်။ သူတွေ့လိုက်ရသည်မှာ နွားချေးပိုးကောင်ပေါ်ရှိ သော့များသည် သုံးခုမဟုတ်ပဲ ငါးခုဖြစ်နေခြင်းဖြစ်သည်။

အဘယ်ကြောင့် ထိုကဲ့သို့သော အခြေအနေ ဖြစ်လာရသည်ကို ရှောက်ရွှမ် မသိနေခဲ့ပေ။ အတားအဆီးသော့ နှစ်ခု ပိုနေတာက ဘာလို့များလဲ .........။ ဖြစ်နိုင်သည်မှာ သူ့ခန္ဓာကိုယ်ထဲရှိ အထူးစွမ်းရည်နှင့် ဆက်စပ်နေဟန် ရသည်။ ဤအကြောင်းပြချက်သည်ပင် အခြား မျိုးနွယ်စုဝင်များ ကျွန်ပြုသိမ်းသွင်းခြင်း မလုပ်နိုင်သော်လည်း သူလုပ်နိုင်နေခြင်း ၏ အကြောင်းပြချက် ဖြစ်နိုင်ပေသည်။

ရှောက်ရွှမ်သည် အထူးတလှည်ဖြစ်နေသည့် လူသားတစ်ယောက် ဖြစ်နေသည်။

အတားအဆီးသော့ကို ချိုးဖြတ်ခြင်းနှင့်ပတ်သက်၍ ထိုအရာကို စူးကုထံမှ ရှောက်ရွှမ် မြင်တွေ့ဖူးခဲ့သည်။

တစ်ကြိမ်က စူးကုသည် အကောင်းဆုံးသော ကျွန်ဆယ်ယောက်ကို ရွေးထုတ်ပြီး ထိုထဲမှ နှစ်ယောက်ကို အတားအဆီးသော့ ချိုးဖြတ်‌ပေးခဲ့ဖူးသည်။ ထိုအချိန်က ရှောက်ရွှမ် သူ့ဘေးတွင် ရှိနေခဲ့သည်။

သူ့ခြေရင်းရှိ အပြာရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားသည့်ပမာ ဖြစ်နေသည့် နွားချေးပိုးကောင် ကို ရှောက်ရွှမ် စိုက်ကြည့်လိုက်သည်။ သူသည် စူးကုနှင့်မတူပေ။ သူ့ပထမဆုံးသော ကျေးကျွန်ကို သတ်လိမ့်မည် မဟုတ်ပေ။ နွားချေးပိုးကောင်၏

ပြောင်းလဲမှုများကို ကြည့်လိုက်ပြီး အတားအဆီးသော့ကို ချိုးဖြတ်ပေးရန် သင့်တော်မတော် သူစဉ်းစားနေမိသည်။

သို့သော်လည်း ကျွန်ပိုင်ရှင်များ၏ ကျွန်ပြုသိမ်းသွင်းခြင်းစွမ်းရည်များကို သူနားလည်ထားသည်မှာ အကန့်အသတ်ရှိနေသည်။ အကယ်၍ သူသာ မဆင်မခြင်လုပ်လိုက်လျှင် ပြဿနာများ ဖြစ်လာမည်ကိုလည်း သူကြောက်နေခဲ့သည်။

စိတ်ချရစေရန်အတွက် စောင့်ကြည့်ရန်ကိုသာ ရှောက်ရွှမ် ရွေးလိုက်သည်။

ထိုအချိန်တွင် ရှောက်ရွှမ် ခြေရင်းတွင် ရှိနေသည့် နွားချေးပိုးကောင်သည် သူ့သခင်စိတ်ထဲတွင် မည်သည့်အတွေးများ တွေးနေသည်ကို မသိနေခဲ့ပေ။ မနေ့က သူ့သခင်က သူ့မြေချေးလုံးကို သူပြန်ယူ

သွားရန် ပြောခဲ့သဖြင့် သူသည် မြေချေးလုံးနှင့်သ အလုပ်များနေခဲ့သည်။ သူ့သခင်သည် မြေချေးလုံးပေါ်မှ ပုရွက်ဆိတ်များကို သူ့အားစားသောက်ရန် ပြောခဲ့လေသည်။ သူသည် ပုရွှက်ဆိတ်စားသည့် သားရဲတစ်ကောင် မဟုတ်သော်လည်း သူ့သခင် အမိန့်ကို လိုက်နာရန်လိုအပ်သည်။ သို့နှင့် တစ်ရက်အတွင်း နွားချေးပိုးလေးသည် ပုရွက်ဆိတ်များကို အကုန်အစင် စားသောက်လိုက်သည်။ ထို့နောက် တွင် ပုရွှက်ဆိတ်များ အရသာ ကောင်းမွန်သည်ကို သူသိလိုက်ရသည်။

All Chapters