← Chapters

ပျောက်ဆုံးခြင်း

Vol. 22 Ch. 320

ပျောက်ဆုံးခြင်း

Vol. 22 Ch. 320

နောက်နေ့မနက်တွင် စူးကုသည် ကျန်ရှိနေသေးသည့် နောက်ထပ် သားရဲတစ်‌ကောင်ကို ကျွန်ပြုရန်အတွက် ရှောက်ရွှမ်ကို ခေါ်ပြီး သားရဲထားရာနေရာသို့ သွားလိုက်သည်။

တစ်ညအနားယူပြီး ဖြစ်သဖြင့် စူးကုသည် ကင်းမြီးကောက်ကိုကျွန်ပြုသိမ်းသွင်းရန်အတွက် မစောင့်နိုင်ပဲ ဖြစ်နေသည်။ သူသည် နှစ်ရက်အတွင်း သားရဲမြို့တော် သို့သွားပြီး သားရဲတိုက်ခိုက်ခြင်းများကို မပြုလုပ်ခဲ့ရပေ။ ထို့ကြောင့် သူ့နှလုံးသားသည် မထိန်းနိုင်စွာပင် ယားယံနေသကဲ့သို့ ဖြစ်နေသည်။ သို့သော်လည်း သူသည် ယနေ့တွင် ကင်းမြီးကောက်ကို ကျွန်ပြုသိမ်းသွင်းတော့မည် ဖြစ်သည်။ သို့ဆိုလျှင် သူသည် သားရဲနှစ်ကောင်ကို မနက်ဖြန်တွင် သားရဲမြို့တော်သို့ ခေါ်သွားပြီး တိုက်ခိုက်ခိုင်းနိုင်ပြီဖြစ်သည်။

သားရဲထားရာနေရာသည် ယမန်နေ့ကကဲ့သို့ပင်ဖြစ်သည်။ ပုံမမှန်သည့် တစ်စုံတစ်ရာ မရှိနေပေ။ ယနေ့တွင် စူးကု သားရဲကို ကျွန်ပြုမည်ကိုသိထားသဖြင့် ကျွန်များသည် ထိုနေရာတွင် ရိုကျိုးစွာစောင့်နေကြလေသည်။

ရှောက်ရွှမ် ပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်သည်။ သူတို့ ဤနေရာသို့ ရောက်ပြီးနောက်ပိုင်းတွင် လျိုယီမြို့တော် ဘုရင်ကို မတွေ့ရတော့ပေ။ ကြည့်ရသည်မှာ ဘုရင်များ၏ ထုံးစံဖြစ်ဟန်ရသည်။ သူတို့ မြို့ထဲမကြာခနသွားကြရာတွင် ရှောက်ရွှမ်သည် ကျွန်ပိုင်ရှင်မျိုးစုံကို မြင်တွေ့ရသော်လည်း မည်သည့်ဘုရင်ကိုမှ မတွေ့နေရပေ။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ပြိုင်ပွဲစင်မြင့် ဖွင့်လှစ်သည့်နေ့မှသာ ဘုရင်များ ထွက်လာကြမည့်ပုံရသည်။

သားရဲထားရာနေရာအတွင်း၌ ရှောက်ရွှမ် အသိစိတ်ပြန်ဝင်လာခဲ့သည်။ ထိုနေရာတွင်င ကျွန်များစွာသည် စုပေါင်းပြီး ကင်းမြီးကောက်ကို ထိန်းကြောင်းနေကြလေသည်။ အထူးသဖြင့် ကျွန်များသည် သူတို့၏ ခွန်အားများကို စူးကုမြင်သာအောင် ပြချင်နေကြခြင်းဖြစ်သည်။ သူတို့၏ခွန်အားများသည် အကန့်အသတ်ရှိသော်လည်း သူတို့၏ စိတ်ဆန္ဒသည် စူးကုအသိအမှတ်ပြုရလောက်ပေသည်။ သို့ဆိုလျှင် သူတို့ ခန္ဓာကိုယ်များထဲမှ အတားအဆီးသော့များကို စူးကု အလျင်အမြန် ဖယ်ရှားပေးလာလိမ့်မည် ဖြစ်သည်။

ကင်းမြီးကောက်သည် ထိန်းချုပ်ခြင်းခံထားရပြီး သူ့အမြီးသည် ခါတိုင်းလိုပင် ထောင်နေခဲ့သည်။ စူးကု ရှေ့သို့လာလိုက်ပြီး ကင်းမြီးကောက်ကို သိမ်းသွင်းရန် ဟန်ပြင်လိုက်သည်။

ဤတစ်ကြိမ်တွင် ကျွန်ပြုသိမ်းသွင်းခြင်းသည် ယမန်နေ့ကထက် အနည်းငယ်ပိုကြာနေခဲ့သည်။ ကင်းမြီးကောက်ကို အောင်မြင်စွာ ကျွန်ပြုနိုင်လိုက်သော်လည်း စူးကုသည် ယမန်နေ့ကထက် ပင်ပန်းနေပြီး ချွေးများ စိုရွှဲနေခဲ့လေသည်။

သူ့နောက်တွင် ကျေးကျွန်များသည် ပဝါတစ်ခုကို ယူလာကြပြီး စူးကု ထံမှ ချွေးများကို သုတ်ပေးကြလေသည်။ အခြားကျွန်များသည်လည်း သူတို့သက်ဆိုင်ရာ တာဝန်များကို ဆက်လက်လုပ်ဆောင်လိုက်ကြသည်။ ထိုနေရာတွင် ထိုင်စရာ ခုံတစ်လုံးမှ ရှိမနေသဖြင့် ကျွန်တစ်ယောက်သည် ဒူးထောက်ချလိုက်ပြီး စူးကုထိုင်နိုင်စေရန်အတွက် ကျောခင်းပေးလိုက်သည်။

အချိန်တစ်ခုအကြာ အနားယူလိုက်ပြီးနောက် စူးကုမျက်နှာ ပြန်လည်ကြည်လင်လာခဲ့သည်။ ထို့နောက် သူသည် အကွာအဝေးတစ်ခုသို့ သွားလိုက်ပြီး ကျွန်ပြုထားသည့် ကင်းမြီးကောက်ကို

သေချာ စိုက်ကြည့်နေလိုက်သည်။

ယမန်နေ့က ပုတ်သင်ညိုနှင့် မတူစွာပင် ကင်းမြီးကောက်သည် ပို၍ကြမ်းတမ်းခက်ထန်သည့် သားရဲတစ်မျိုးဖြစ်လေသည်။ စူးကု အနားကပ်သွားသည်တွင် ကင်းမြီး‌ကောက်၏ အမြီးသည် နောက်တဖန် ထောင်ထလာပြန်သည်။ ၎င်းသည် စူးကုကို သူ့အဆိပ်ဆူးဖြင့် ထိုးစိုက်ရန်ကိုပင် ချိန်းခြောက်နေသေးသည်။

ရှောက်ရွှမ် ပဟေဠိဖြစ်သွားရသည်။ “ မင်းက ကင်းမြီးကောက်ကို အောင်အောင်မြင်မြင် ကျွန်ပြုလိုက်ပြီးသားလေ၊ သူက ဘာလို့ အခုထိ မင်းကို ရန်လိုနေသေးတာလဲ “

ကင်းမြီး‌ကောက်၏ အပြုအမူကြောင့် စူးကုစိတ်တိုသွားခြင်း မရှိနေပေ။ ထို့အစားသူ့မျက်လုံးများပင့်တက်သွားသည်။ ရှောက်ရွှမ် မေးခွန်းကို

ကြားလိုက်ရသည့်အခါတွင် သူပြောလိုက်သည် “ သားရဲက ပိုပြီးသန်မာလေလေ၊ နာခံလိုက်နာဖို့က ခက်ခဲလေလေပဲ။ ပြီးတော့ ငါ့ခန္ဓာကိုယ် ကိုယ်ပိုင် ခွန်အားတွေကိုသုံးတာထက် တခြားစွမ်းအားတွေကို သုံးပြီးတော့ သိမ်းသွင်းထားလို့ သူဒီလိုဖြစ်နေတာ “

“ ကွာခြားချက်ရှိလို့လား “ ရှောက်ရွှမ် မေးလိုက်သည်။

“ ရှိတာပေါ့၊ ကျွန်တွေက တိုက်ရိုက် သိမ်းသွင်းတဲ့နေရာမှာ ကွာခြားချက်တွေ ရှိကြတယ်။ ငါ့အဖေရဲ့ စီးတော် ယာဉ်သားရဲဆိုရင် အရင်ဆုံး အညံ့ခံအောင်လုပ်ပြီးမှ သိမ်းသွင်းတာလေ။ ဒီတော့ သားရဲက ခွန်အားကောင်းတယ် ဆိုရင်တောင် ငါ့အဖေ စကားကိုတော့ နားထောင်ရတာပေါ့ “ထို့နောက် သူတို့ရှေ့မှ ကင်းမြီးကောက်ကို လက်ညိုးထိုးပြလိုက်ပြီး “ အခု ငါ အောင်အောင်မြင်မြင်နဲ့ သိမ်းသွင်းလိုက်ပြီ။ ဒါပေမယ့် သူ့ကို လုံးဝ

အညံ့ခံစေဖို့က အချိန်ယူရဦးမယ်။ ဒါပြီးမှ သားရဲတိုက်ပွဲမှာ ငါ့အတွက် တိုက်ခိုက်ခိုင်းလို့ရမှာ “ စူးကု ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။ “ နောက်ပိုင်းကြရင် ငါက ပိုပြီးတော့ ခွန်အားကြီးလာရင်၊ တခြားလူတွေက ငါ့ကို အညံ့ခံလာကြလိမ့်မယ် “

ကင်းမြီးကောက်သည် အနည်းငယ် ခေါင်းမာနေသေးသော်လည်း ယမန်နေ့ကနှင့် နှိုင်းယှဉ်လျှင် ပို၍ နာခံတတ်လာပြီဖြစ်သည်။ ၎င်းသည် စူးကုကို ကြောက်ရွံ့သည့် လက္ခဏာများပြသနေခဲ့သည်။ အထူးသဖြင့် အပြာရောင်မီးတောက်ကို စူးကုထုတ်ဖော်လိုက်သည့် အချိန်များတွင် ဖြစ်သည်။ ၎င်းသည် ယမန်နေ့က ရှောက်ရွှမ် မီးတောက်ကို အာရုံခံမိလိုက်သည့် အတိုင်းပင် ကြောက်ရွံ့နေခြင်း ဖြစ်လေသည်။

စူးကု လမ်းအနည်းငယ်လျှောက်လိုက်ပြီး ကင်းမြီးကောက်ကို စမ်းသပ်လိုက်သည်။

ပုတ်သင်ညိုထက်စာလျှင် ကင်းမြီးကောက်သည် သားရဲတိုက်ပွဲတွင် အောင်မြင်နိုင်ချေ ရှိသည်ဟု သူထင်နေသည်။

ကင်းမြီးကောက်အပေါ်တွင် မျှောင်လင့်ချက် ကြီးကြီးမားမား ထားရှိသဖြင့် စူးကုသည် ကင်းမြီးကောက်ကို ပို၍ ဂရုစိုက်နေလေသည်။ သူ စမ်းသပ်ချင်လာသည့်အခါတွင် သူ့ကျေးကျွန်များကို စိုက်ကြည့်လိုက်လေသည်။

စူးကုဘေးတွင် ကျေးကျွန်များစွာ ရှိနေခဲ့ကြသည်။ အချို့သည် ကင်းမြီးကောက် ရုတ်တရက်တိုက်ခိုက်လာခြင်းမှ စူးကုကို ကာကွယ်ပေးရန် ရှိနေကြခြင်းဖြစ်သည်။ ထို့နောက် စူးကု ကျေးကျွန်တချို့ကို ခေါ်လိုက်ပြီး မေးခွန်များ မေးလိုက်သည်။

ရှောက်ရွှမ် သူတို့ထဲ ဝင်မပါတော့ပေ။ သူသည်

သားရဲထားရာ နေရာတွင် အခြား မြေချေးလုံးများထက် သိသိသာသာ ကြီးမားနေသည့် မြေချေးလုံးတစ်ခုကို မြင်လိုက်ရလေသည်။

ထိုမြေချေးလုံးတွင် အင်းဆက်ပိုးကောင်တချို့တို့ ကပ်ပါနေကြောင်း ရှောက်ရွှမ် တွေ့လိုက်ရသည်။ ထိုပိုးကောင်များသည် ယခင်နေ့များက တွေ့ခဲ့သည့် သဲပုရွှက်ဆိတ်များ မဟုတ်ကြပဲ သာမန် မြေကြီးထဲတွင် နေထိုင်ကြသည့် အင်းဆက်ပိုးကောင်များ ဖြစ်ကြသည်။

ဘေးပတ်ဝန်းကျင်ကို လေ့လာလိုက်ပြီးနောက် မြေဆွေးများအောက်တွင် သာမန်ထက်ကြီးမားနေသည့် အပြာရောင်နွားချေးပိုးကောင်ကို တွေ့လိုက်ရလေသည်။

၎င်းသည် မည်သို့ပုန်းအောင်းရမည်ကို သိနေပေသည်။ ၎င်းကိုယ်တိုင်မှာ ပုန်း‌အောင်းနေခဲ့

သော်လည်း သူ့မြေချေးလုံးမှာမူ အလွန်အမင်း သိသာထင်ရှားနေခဲ့သည်။ ကံကောင်းသည်မှာ ကျေးကျွန်များသည် ထိုမြေချေးလုံးကို ဂရုမစိုက်ကြခြင်း ဖြစ်သည်။

မြေချေးလုံးကို ပြုလုပ်ထားသူမှာ ထိုနွားချေးပိုးကောင်ဖြစ်သည်။ သို့သော် မည်သည့်အချိန်မှစပြီး နွားချေးပိုးသည် အင်းဆက်များကို စားသုံးနေခဲ့လေသနည်း.........။

၎င်းသည် ရှောက်ရွမ်ကို အာရုံခံမိလိုက်ဟန် ရပေသည်။ ချက်ချင်းပင် ရှောက်ရွှမ်ဘေးသို့ ရောက်လာခဲ့လေ၏။

“ ရှောက်ရွှမ် မင်းအဲ့ဖက်မှာ ဘာလုပ်နေတာလဲ “ စူးကုမေးလိုက်သည်။ ရှောက်ရွှမ် ရပ်နေသည့် နေရာသည် ညစ်ပတ်နေသဖြင့် သူကိုယ်တိုင်တော့ လာမကြည့်နေခဲ့ပေ။

“ ဘာမှမဟုတ်ပါဘူး “ ရှောက်ရွှမ် နောက်ပြန်ဆုတ်လိုက်သည်။ သူ ထပ်ပြီး မပြောတော့ပေ။

“ စကားမစပ်၊ နောက်သုံးရက်ဆိုရင် ပြိုင်ပွဲစင်မြင့် ဖွင့်တော့မယ် ။ မင်းငါနဲ့ လိုက်ခဲ့လို့၇တယ် “ စူးကု ပြောလိုက်သည်။

ရှောက်ရွှမ် ခေါင်းညိတ်လိုက်သည်။

တဲအိမ်သို့ပြန်လာကြပြီးနောက်တွင် စူးကုပြောလိုက်သည်များကို လဲ့နှင့်ထွော်တို့အား ပြန်ပြောပြပေးလိုက်သည်။

နောက်နေ့တွင် စူးကုသည် မနက်ခင်းအစောမှာပင် အိပ်ယာထနေပြီဖြစ်သည်။ သူသည်

ပုတ်သင်ညိုသားရဲကို သားရဲတိုက်ခိုက်ရာတွင် ယူဆောင်သွားရန် ဆုံးဖြတ်ထားလေသည်။ ထို့နောက် သူ လူအချို့ကို စေလွှတ်လိုက်ပြီး ရှောက်ရွှမ်တို့ အုပ်စုကို ခေါ်ခိုင်းလိုက်သည်။ သို့သော်လည်း ရှောက်ရွှမ်သည် ယနေ့တွင် အပြင်သို့မထွက်ချင်နေခဲ့ပေ။ သူသည် လိပ်၏ အချုပ်အနှောင်များကို ဖယ်ရှားပေးနိုင်ရန်အတွက် လေ့ကျင့်ချင်နေသည်။ ကျွန်တစ်ယောက်ကို အချုပ်အနှောင်ဖြေပေးသည်ကို သူတွေ့ဖူးသော်လည်း သူ့ကိုယ်ပိုင်နားလည်ထားမှုတော့ မရှိသေးပေ။ စူးကု ရှင်းပြထားသဖြင့် သူသည် ထိုအရာကိုလေ့ကျင့်ချင်နေခဲ့သည်။

သို့သော်လည်း ရှောက်ရွှမ် အပြင်သို့မထွက်သော်လည်း လဲ့နှင့် ထွော်တို့သည် ပြင်ပတွင်ဖြစ်နေသည့် အရာများကိုစိတ်ဝင်စားနေခဲ့ကြလေသည်။ သူတိုသည် နှစ်ရက်ခန့် အိမ်တွင်သာ နေနေရပြီး ပျင်းရိနေခဲ့ကြပေသည်။ စူးကုအပြင်ထါက်မည်ဟုကြားသည်အခါတွင် သူတို့ တက်ကြွသွားကြလေ၏။ သူတိုသည် အခြားသားရဲများ

အကြောင်းကို ပိုသိနိုင်ရန်အတွက် အပြင်သို့ထွက်ချင်နေကြလေသည်။ သားရဲမြို့တော်တွင် သူတို့ယခင်က မမြင်ဖူးသည့် သားရဲများစွာရှိနေခဲ့သည်။ ထိုသားရဲများကို လေ့လာခြင်းဖြင့် သူတို့ဗဟုသုတ ပို၍ရလာနိုင်ပေသည်။

အခြားသူများ ထွက်သွားပြီးကြသည့်အချိန်တွင် ၊ ရှောက်ရွှမ် ပတ်ဝန်းကျင်မှ လှုပ်ရှားမှုအသံများကို နားထောင်လိုက်သည်။ တံခါးနားတွင် မည်သူမှ မရှိတော့သည်ကို သေချာသွဦးသည်နှင့် စူးကု ကျွန်တစ်ယောက်ကို လွတ်ပေးခဲ့စဉ်က အသုံးပြုခဲ့သည့် စွမ်းအားများနှင့် စွမ်းအင်လှုပ်ရှားမှုများအတိုင်း လိုက်လုပ်လိုက်သည်။

သို့သော်လည်း အကြောင်းပြချက်တချို့တို့ကြောင့် သူ၏ ယနေ့လှုပ်ရှားမှုများသည် ရှောရှောရှုရှုဖြစ်မနေခဲ့ပေ။ အမှားအယွင်ငးတစ်ခုခုကိုသူလုပ်မိနေဆဲဖြစ်သည်။

ကျရှုံးမှုများနှင့် တွေ့လိုက်ရပြီးနောက် သူအနည်းငယ် ပင်ပန်းလာသဖြင့် အနားယူလိုက်သည်။ ထို့နောက် ခုံတစ်လုံးပေါ်တွင် ထိုင်လိုက်ပြီး စဉ်းစားလိုက်သည်။ ဖြစ်နိုင်သည်မှာ သူ့အားရုံစိုက်မှုအားနည်းနေခြင်းကြောင့် ဖြစ်နိုင်ပေသည်။

နေ့လည်ဖက်တွင် စူးကု၏ ကျေးကျွန်တစ်ယောက်သည် ရှောက်ရွှမ် တို့တဲအိမ်ဆီသို့လာခဲ့ပြီး လဲ့နှင့်ထွော်တို့ အကြောင်းကို လာမေးလေသည်။

“ အဲ့ဒီနှစ်ယော်က ဘာဖြစ်နေလို့လဲ၊ ဘယ်သူမှ သူတို့ကို မတွေ့ဘူးလား “ ရှောက်ရွှမ် အလျင်အမြန်မေးလိုက်သည်။

“ အငြင်းပွားမှုတစ်ခု ဖြစ်တယ်လေ၊ အဲ့ဒါပြီးနောက် သခင်ငယ်လေးက သူတို့နှစ်ယောက်ကို မ

တွေ့တော့ဘူး၊ ဒီတော့ သခင်ငယ်လေးက အရမ်းစိတ်တိုနေတယ် “ ကျေးကျွန်သည် မသာမယာဖြစ်နေသည့် အမူအယာဖြင့် ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် သားရဲမြို့တော်သို့ ကျွန်အဖြစ်ရောက်ရှိနေသည့် တောက်ယွီကို ရှောက်ရွှမ် တွေးမိလိုက်သည်။

All Chapters