← Chapters

တိုက်ခိုက်ခြင်း

Vol. 22 Ch. 322

တိုက်ခိုက်ခြင်း

Vol. 22 Ch. 322

လော့ယဲ့မြို့တော် သားရဲထိန်းကြောင်းသည့် ကျေးကျွန်များသည် အင်းဆက်များနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုလိုက်မိကြသည်။ ထိုကျေးကျွန်များသည် သားရဲများ ထိန်းကြောင်းရာတွင် အတွေ့အကြုံရင့်ကျက်ကြပြီး သားရဲများ အနီးတွင်တွေ့ရလေ့ရှိသည့် အင်းဆက်ပိုးများ နှင့်ပတ်သက်ပြီးလည်း ကောင်းစွာသိထထားကြသူများဖြစ်ကြသည်။ ထိုအင်းဆက်များသည် သားရဲများ၏ အကြွင်းအကျန်များ ၊ မစင်များကို စားသုံးကြသည့် အင်းဆက်များဖြစ်ကြသည်။ ယခုတွင်မူ အင်းဆက်များ၏ လှုပ်ရှားမှုများသည် ကျေးကျွန်များကို ပဟေဠိဖြစ်နေစေသည်။

လွန်ခဲ့သည့်ရက်များက သူတို့အားလုံး စတင်ပျောက်ကွယ်သွားကြသည်။ ကျေးကျွန်များသည် ထိုအရာကို ဂရုစိုက်ကြခြင်းမရှိကြပေ။

သို့သော်လည်း သားရဲထိန်းသိမ်းရာနေရာရှိ အညစ်အကြေးများသည် စတင်လျော့နည်းလာခဲ့သည်။ ထို့နောက်တွင် အင်းဆက်ပိုးများ ပို၍ များလာခဲ့သည်။ သူတို့သည် မကြာခန တက်ကြွလှုပ်ရှားနေကြသည့် နွားချေးပိုးကောင် ငယ်လေးများကို စတင်တွေ့လာရသည်။ ကျေးကျွန်များအနေဖြင့် အညစ်အကြေးများကို ကိုင်တွယ်စရဦနည်းပါးလာသဖြင့် သူတို့ ပျော်ရွင်နေကြလေသည်။ တစ်ခါတစ်ရံတွင် ကြီးမားသည့် မြေချေးလုံးအချို့ကို သူတို့ စတင်တွေ့လာရသည်။ သို့‌သော်လည်း ထိုအခြေအနေသည် ကြာမြင့်ခြင်းမရှိပဲ မကြာခင်တွင် ပြောင်းလဲသွားခဲ့ပြန်သည်။

သားရဲတွင်းထဲမှ အညစ်အကြေးများ ပို၍များလာပြန်သည်။ ယခင်က တက်ကြွလှုပ်ရှားနေခဲ့သည့် နွားချေးပိုးကောင်များ နည်းပါးလာပြီး အခြေအနေ ထပ်ပြောင်းသွားပြန်သည်။

နွားချေးပိုးကောင်တွေ ဘယ်ကိုရောက်သွားကြတာလဲ............။ သားရဲများကို ထိန်းသိမ်းစောင့်ရှေဦက်ပေးရသည့် ကျေးကျွန်များ ပဟေဠိဖြစ်နေကြသည်။

သားရဲထားရာ နေရာတစ်ခုတွင် ကျေးကျွန်နှစ်ယောက်တို့သည် သန့်ရှင်းရေးပြုလုပ်နေကြပြီး အနားယူရန် ထိုင်လိုက်ကြသည်။ “ ဘာလို့ အညစ်ကြေးတွေက ပိုများလာရတာလဲ “ ကျွန်တစ်ယောက်က ညည်းညူလိုက်သည်။

“ ဖြစ်နိုင်တာက ပြိုင်ပွဲကွင်းပြင်ဖွင့်တော့မယ့် ကိစ္စနဲ့ ဆိုင်မယ်ထင်တယ် “ အခြားကျွန်တစ်ယောက် သက်ပြင်းချလိုက်သည်။

ကျွန်ပိုင်ရှင်များ မရှိနေသည့်အချိန်မှသာ သူတို့အနေဖြင့် ညည်းညူရဲကြခြင်းဖြစ်သည်။

“ လွန်ခဲ့တဲ့ နှစ်ရက်ကစပြီးတော့ ဒီပိုးကောင်တွေ နည်းသွားတာပဲ ဟုတ်တယ်မလား “ တစ်ယောက်ကမေးလိုက်သည်။ ထိုအချိန်တွင် ပိုးကောင်တစ်ကောင် သူ့ခြေထောက်နားဖြတ်သွားသည်ကို သူမြင်လိုက်ရသည်။ သို့နှင့်သူ့ခြေထောက်ကို ဆန့်တန်းလိုက်ပြီး ပိုးကောင်ကို ကန်ထုတ်လိုက်လေသည်။

“ ဖြစ်နိုင်တာက ဆောင်းရာသီကြောင့် သူတို့တွေ မြေအောက်အနက်ထဲကို ဝင်နေကြတာလဲ ဖြစ်နိုင်တာပဲ ။ ဘာပဲဖြစ်ဖြစ်ပါ ငါတို့ကတော့ တိုက်ခိုက်ရေးသားရဲတွေကို သေချာစောင့်ကြည့်ပေးရမှာပဲ “

“ ဟုတ်တယ်..... အား အိုး “ ပိုးကောင်ကို ကန်ထုတ်လိုက်သည့် ကျွန်က ရုတ်တရက် အော်ဟစ်လိုက်သည်။

“ ဘာဖြစ်တာလဲ “ သူ့အဖော်သည် ထိုအသံကြောင့် အံ့သြသွားလေသည်။

ကျေးကျွန်သည် သူ့ခြေထောက်ကို ပြန်ကြည့်လိုက်သည်။ သူ့ခြေထောက်အစွပ်သည် ယခုတွင် ပျက်စီးကာ အပေါက်တစ်ခု ဖြစ်နေပြီဖြစ်သည်။ သူ့ခြေချောင်းများသည် ထိုအပေါက်မှ ထွက်နေခဲ့သည်။ သူသည် ခါတိုင်းအချိန်များတွင် မည်သည့် ခြေစွပ်ကိုမှ ဝတ်ဆင်ခြင်း်မရှိသဖြင့် အထူးဂရုစိုက်လိမ့်မည် မဟုတ်ပေ။ သူ ပိုးကောင်ကို ကန်ထုတ်လိုက်သည့်အချိန်တွင် အနည်းငယ် ယားယံသည်ကို ခံစားလိုက်ရသည်။

“ အကိုက်ခံလိုက်ရတာလား၊ အခြစ်ခံလိုက်ရတာလားမသေချာဘူး “ ကျေးကျွန် ပြောလိုက်သည်။

“ နည်းနည်းခြစ်မိသွားတယ်ထင်တယ် ။ ဒီအင်းဆက်တွေက အမှိုက်တွေကို စားသုံးကြတာ။

သူတို့ဘယ်လိုလုပ်ပြီးတော့ ကိုက်နိုင်ပါ့မလဲ “ အခြားတစ်ယောက်သည် လုံးဝ ဂရုစိုက်ခြင်းပင် မရှိပေ။ သူတို့နှစ်ယောက်သည် သားရဲထိန်းသိမ်းရာနေရာတွင် ရှိနေသည်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီဖြစ်သည်။ ထို့အပြင် ထိုအင်းဆက်များကို လည်း အချိန်အတန်ကြာ မြင်တွေ့ဖူးခဲ့ပြီးဖြစ်သည်။ သူတို့အနေဖြင့် ယခင်က တစ်ကြိမ်မျှပင် အကိုက်ခံခဲ့ရခြင်း မရှိပေ။

“ အိုး သွေးတောင်ထွက်နေပြီဟ “

“ ဘာမှမဖြစ်ပါဘူး။ ပိုးကောင်က ခြစ်မိသွားတာနေမှာပါ “

ကျွန်နှစ်ယောက်တို့ သိပ်ပြီးဂရုစိုက်နေခြင်း မရှိတော့ပေ။ သူတို့သည် အခြားအရာများကို လုပ်ဆောင်ရန် ရှိနေသေးသည်။ သူတို့မသိလိုက်သည်မှာ ပိုးကောင်များသည် အမှိုက်များကို

လျစ်လျူရှုလာကြပြီး အခြားအရာများကို စားသုံးလာကြခြင်းဖြစ်သည်။

အခြားတဖက်တွင်မူ ရှောက်ရွှမ်သည် သူလော့ယဲ့မြို့တော် တဲအိမ်မှ ထွက်လာသည့်အကြောင်းကို စူးကုထံသို့ လူတစ်ယောက်လွှတ်လိုက်ပြီး အကြောင်းကြားလိုက်လေသည်။

ရှောက်ရွှမ်ထံတွင် ဖြတ်သန်းခွင့် တံဆိပ်ပြား ရှိနေပေသည်။ ထို့ကြောင့် သူသည် စခန်းတစ်ခုလုံးကို လွတ်လွတ်လပ်လပ် သွားလာနိုင်ပေ၏။ သားရဲမြို့တော် အတွင်းသို့ သူမသွားနိုင်သော်လည်း အခြားနေရာများကို သွားလာရန်အတွက်မူ ခက်ခဲနေမည် မဟုတ်ပေ။

သူသည် ခရီးတစ်ခု ထွက်ရန် ပြင်နေသည်။ သူ့အနေဖြင့် ပိုင်ရှီမြို့တော်ဖက်မှ လူများနှင့် တွေ့နိုင်သည့် အခွင့်အရေးရှိနေသော်လည်း သူသည်

စွန့်စားဦးမည်ဖြစ်သည်။ တဖက်မှလူများသည် အလွန်အမင်းတည်ငြိမ်နေခဲ့လေသည်။ ဖြစ်နိုင်သည်မှာ သူတို့သည် ရှောက်ရွှမ်တို့ အုပ်စုကို စုံစမ်းပြီးဖြစ်ဟန် ရသည်။ ရှောက်ရွှမ် အနေဖြင့်မူ သူတို့အကြောင်းကို အနည်းငယ်သာ သိနေသေးသည်။ တဖက်မှလူများစတင်မလှုပ်ရှားသဖြင့် သူ့ဖက်မှသာ စတင်လှုပ်ရှားရန် ရှောက်ရွှမ် ဆုံးဖြတ်လိုက်သည်။ သို့မှသာ သူတို့၏ ရည်ရွှယ်ချက် အစစ်အမှန်ကို သိနိုင်လိမ့်မည်ဖြစ်သည်။

ကျွန်များ သတင်းပေးပို့လာသည်ကို နားထောင်လိုက်ပြီး စူးကုသည် ကင်းမြီးကောက်သားရဲကို ဆက်ပြီးလေ့လာလိုစိတ် မရှိနေတော့ပေ။

“ သူဘယ်ကို သွားလိုက်တာလဲ “ စူးကု မေးလိုက်သည်။

“ ဘယ်သွားမယ်ဆိုတာကိုတော့ သူမပြောပါဘူး။

ခနလမ်းလျှောက်ထွက်မယ်လို့ပဲ ပြောတယ် “ ကျေးကျွန်သည် တုံယင်နေလေသည်။

“ သူ ပိုင်ရှီမြို့‌တော် က လူတွေဆီကို သွားလိုက်တာဖြစ်မယ် “ စူးကု သက်ပြင်းချလိုက်သည်။ ရှောက်ရွှမ်သည် ယမန်နေ့တစ်နေ့လုံး ငြိမ်သက်နေခဲ့ပြီး ယနေ့တွင် လှုပ်ရှားလေပြီ။ သူသည် ပိုင်ရှီမြို့တော် လူများ၏ သတ်ဖြတ်ခြင်းကို အလွယ်တကူ ခံရစရာ အကြောင်းတော့ မရှိပေ။

ရှောက်ရွှမ်သည် ချာချာ၏ နောက်ကျောဖက်တွင် စီးနင်းပြီးလိုက်ပါလာခဲ့သည်။ မြေပြင်အခြေအနေကို ပိုသိစေရန် သူတို့ လော့ယဲ့မြို့တော် ပိုင်နက်အတွင်း တခနတာ ပျံသန်းနေလိုက်သည်။ ချာချာသည် မြေပြင်ကို သိပြီးဖြစ်သော်လည်း ရှောက်ရွှမ်မှာမူ ယခုမှသာ မြေပြင်အခြေအနေကို မြင်တွေ့ရခြင်းဖြစ်လေသည်။

စက်ဝိုင်းပုံလှည့်ပတ်ပျံသန်းလိုက်ပြီးနောက် ရှောက်ရွှမ် ချာချာကို ပိုင်ရှီမြို့တော် ပိုင်နက်သို့ သွား၇န် အမိန့်ပေးလိုက်သည်။ သူတို့နီးကပ်လာသည်နှင့်အမျှ သတိ ပိုထားလာကြသည်။

ပိုင်ရှီမြို့တော် ပိုင်နက်ကို မြင်လိုက်ရသည့်အချိန်တွင် ပျံသန်းခြင်းကို ရပ်တန့်ထားလိုက်ပြီး ထိုနေရာတွင်သာ ဝဲပျံနေလိုက်သည်။

ပိုင်ရှီမြို့တော် ပိုင်နက်ဆီမှ အရိပ်တစ်ခု ပေါ်လာလေသည်။

၎င်းသည် ငှက်ကြီးတစ်ကောင် ဖြစ်သည်။ သူ့ပုံရိပ်သည ချာချာထက်အနည်းငယ်ပင် ပိုကြီးမားနေသေးသည်။ သို့သော် ချာချာလောက်တော့ သန်မာသည့် လက္ခဏာမရှိပေ။ သို့သော်လည်း ထိုငှက်သည် သူ့နောက်ကျောတွင် လူများကို သယ်ဆောင်ကာ လျင်မြန်စွာဖြင့် ရှောက်ရွှမ်တို့ဆီ

သို့ ပျံသန်းလာခဲ့လေသည်။

ရှောက်ရွှမ် ကျောချမ်းသွားသကဲ့သို့ ခံစားလိုက်ရပြီး နောက်သို့အနည်းငယ် ဆုတ်ပေးလိုက်သည်။

“ သွား “ ထို့နောက် ချာချာကို နောက်ပြန်ဆုတ်ရန် အမိန့်ပေးလိုက်သည်။

ရုတ်တရက် များစွာသော ပုံရိပ်များ ပတ်ဝန်းကျင်တွင် ပေါ်ထွက်လာလေသည်။

သူတို့သည် မြေအောက်မှ ထွက်ပေါ်လာကြခြင်း ဖြစ်လေသည်။ သူတို့ပတ်ဝန်းကျင်တွင် သဲတောင်များ ရှိနေပြီး ထိုသူများသည် သဲတောင်များအောက်တွင် ပုန်းအောင်းနေကြခြင်း ဖြစ်နိုင်ပေသည်။

တစ်ယောက်၊ နှစ်ယောက်..... ငါး ယောက်.... ဆယ်ယောက် ......

ရုတ်ချည်းပင် ငှက်ကြီးဆယ်ကောင်တို့သည် မြေပြင်မှ လေထဲသို့တက်လာကြပြီး ရှောက်ရွှမ်တို့ကို ဝိုင်းရံထားလိုက်သည်။

ကံကောင်းစွာနှင့် ရှောက်ရွှမ်သည် ချာချာကို ပိုင်ရှီမြို့တော် ပိုင်နက်နှင့် အလွန်မနီးကပ်စေခဲ့သဖြင့် သူတို့သည် အချိန်မှီဆုတ်ခွာနိုင်လိုက်သည်။ ထို့ကြောင့် အပြည့်အဝ ဝန်းရံခံရခြင်း မရှိတော့ပေ။

ရှောက်ရွှမ် ခန္ဓာကိုယ်ကို ကြုံ့ထားလိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ ဖြစ်နိုင်သည်မှ ထိုသူများသည် လဲ့နှင့်ထွော်တို့ကို ဖမ်းဆီးသွားစဉ်ကတည်းကပင် သူလာမည်ကို

ကြိုတွက်ထားပြီး စောင့်နေခြင်း ဖြစ်ဟန်ရသည်။

နောက်တစ်ကြိမ် သူကျောချမ်းသွားပြန်သည်။ ဤတစ်ကြိမ်တွင် ပိုပြင်းထန်ပြီး သူ့ကို သော့ခတ်ပိတ်ဆို့ထားသည့် ခံစားမှုကို ရှောက်ရွှမ် ခံစားလိုက်မိသည်။

ဝှစ်......

ရုတ်တရက် မြားတစ်စင်း ထွက်လာခဲ့သည်။ ထိုမြားကို သဲတောင်များမှ ပျံတက်လာသည့် ငှက်တစ်ကောင် ၏ နောက်ကျောတွင် ရှိနေသည့် လူတစ်ယောက်က ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။

သာမန်လူတစ်ယောက်သာ ဆိုလျှင်ချာချာ ၏ ခန္ဓာကိုယ်ကို ဦးတည်ပစ်ခတ်မည်ဖြစ်သော်လည်း ယခုတွင်မူ ရှောက်ရွှမ်ကို ဦးတည်ပစ်ခတ်လာခြင်း

ဖြစ်သည်။

အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သဖြင့် ရှောက်ရွှမ် ချာချာကို ရှောင်တိမ်းရန် အချက်ပြလိုက်သည်။ ထို့နောက် သူ့ဓါးကို ထုတ်ယူလိုက်ပြီး မြားကို ကာကွယ်ထားလိုက်သည်။

မြားတံသည် သူ့လက်မောင်းကို ဖြတ်သန်းသွားလုနီးပါး ဖြစ်သွားရသည်။ သူနာကျင်သွားပြီး မြှားတံသည် သူ့အင်္ကျီလက်မောင်းအတွင်းတွင် တစ်စစီဖြစ်သွားလေသည်။

သူ့လက်မောင်းအရည်ပြားကို တိုက်ရိုက် ထိုးဖောက်သွားခြင်းမရှိသည်မှာ ကံကောင်းပေသည်။ သို့သော်လည်း သူ့အင်္ကျီလက်ကို ပင့်ကြည့်လိုက်လျှင် ခြစ်ရာတစ်ခု ရှိနေသည်ကို မြင်တွေ့နိုင်ပေသည်။ အရည်ပြားသည် အနည်းငယ် ခြစ်ရာထင်သွားခဲ့ပြီး သွေးစို့သွားခဲ့လေသည်။

ရှောင်တိမ်းနေသည့်အချိန်တွင် မြှားပစ်လိုက်သည့်လူကို ရှောက်ရွှမ် အလျင်အမြန် အကဲခတ်လိုက်သည်။

ထို လူသတ်ချင်စိတ်အပြည့်ဖြင့် မြှားကို ပစ်လိုက်သည့်လူသည် တောက်ယွီဖြစ်မည်မှာ ရာနူန်းပြည့်သေချာနေပေသည်။

ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်ခြင်းနှင့် ပြင်းထန်မှုတို့က ညွှန်ပြနေသည်မှာပစ်လိုက်သူသည် အတွေ့အကြုံရင့်ကျက်သည့် အမဲလိုက်သမားတစ်ယောက် ဖြစ်သည်။ ထိုသူသည် မရေမတွက်နိုင်သည့်သားကောင်များကို အမဲလိုက်ဖူးသည့်လူတစ်ယောက် ဖြစ်သည်။ မြှားတံသည် တျန်ရှန်း မျိုးနွယ်စုမှ မြားတံများနှင့် မတူ ပဲ ပိုတိုကာ သန်မာပြီး ပစ်မှတ်ကို ပိုတိကျပေသည်။

တောက်ယွီအပြင် အခြားသော လိုက်လာကြသည့်သူများသည်လည်း လေးများကို သယ်ဆောင်လာကြသည်။ သူတို့သည် ချာချာကို ဦးတည်ပစ်ခတ်နေလေသည်။

ချာချာသည် ထိုမြားတံများကို အဆက်မပြတ် ရှောင်တိမ်းနေခဲ့ရသည်။ ကံကောင်းသည်မှာ ထိုမြှားပစ်သူများသည် တိကျရာတွင် လည်းကောင်း၊ ခွန်အားတွင်လည်းကောင်း တောက်ယွီကို မယှဉ်နိုင်ကြခြင်း ဖြစ်သည်။ မဟုတ်လျှင် ချာချာသည် ထိုမြှားတံများကို ကောင်းစွာရှောင်တိမ်းနိုင်တော့မည် မဟုတ်ပေ။

တောက်ယွီကို မျက်နှာချင်းဆိုင်ရင်ဆိုင်ရခြင်းသည် ရှောက်ရွှမ်ကို ဖိအားများသွားစေသည်။ ထို့ပြင်တဖက်မှ လူများသည် ဆယ်ယောက်ခန့်ပင် ရှိနေသေးသည်။

ဒုတိယမြားတစ်စင်းသည် ရှောက်ရွှမ် နောက်ကျောကို တိုးဝင်လာပြန်လေသည်။

ရှောက်ရွှမ် လက်ကို လှုပ်ယမ်းလိုက်ပြီး ဓါးဖြင့် ခံပေးလိုက်သည်။

ကလန်း.....

ဓါးသွားဖြင့် ထိတွေ့လိုက်ပြီးနောက် မြှားတံလွင့်စင်သွားသည်။

မြှားထိပ်ဖူးသည် ဓါးသွားနှင့်ရိုက်ခတ်မိလိုက်သည့် ခံစားချက်ကို ရှောက်ရွှမ် ခံစားမိလိုက်သည်။ ကျောက်တုံးဓါးသွား အနည်းငယ်ပင်ပဲ့ထွက်သွားသည်။ သူ့လက်ကောက်ဝတ်သည် တုန်ခါမှုကြောင့် အနည်းငယ်ပင် နာကျင်သွားရသည်။

မဟုတ်သေးဘူး၊တိုက်ခိုက်မှုတစ်ကြိမ်က တောက်ယွီထုတ်လွတ်လိုက်တဲ့ တိုက်ခိုက်မှုက စီနီယာအဆင့် မျိုးနွယ်စု စစ်သည်တော် တစ်ယောက် ထုတ်လွတ်လိုက်တဲ့ ခွန်အား ပမဏ‌လောက်တောင် ရှိတယ်......။

ဘယ်လောက်ကြာသေးလို့လဲ..........။ သူ မျိုးနွယ်စုကို သစ္စာ‌ဖောက်သွားတာ အခုအထိဆိုရင် ဆယ်နှစ်လောက်ရှိနေပြီ။ အရင်တုန်းက တောက်ယွီက လှည့်လှည်သွားလာသူ တစ်ယောက်ပဲ။ ဒါပေမယ့် အခုတော့ သူက အဆင့်တက်သွားပုံ ရတယ်...........။ အကယ်၍ မျိုးနွယ်စုမှ စစ်သည်တော်များသည် မီးတောက် မျိုးစေ့မှ မီးတောက် သလင်းကျောက်များ၏အကူအညီကို ရခဲ့လျှင်ပင် သူတို့အနေဖြင့် ဤအချိန်အတွင်း ဤအဆင့်အထိ ရောက်လာရန်မှာ လူအနည်းငယ်သာ တတ်နိုင်သည့် ကိစ္စဖြစ်သည်။

တောက်ယွီထံတွင် တတိယမြားတစ်ချောင်းရှိနေသေးသည်။ သူသည် သူတို့ရှေ့တွင် လျင်မြန်စွာ ပြေးလွှားနေသည့် ပုံရိပ်ကို ကြည့်နေခဲ့သည်။ အခြားသူများသည် လေးမြားများကို အောက်ချလိုက်ပြီး တိုက်ခိုက်ခြင်းကို ရပ်နားလိုက်သည်။ နောက်တစ်ကြိမ် ပစ်ခတ်ခြင်းသည် မြှားတံများကို ဖြုန်းတီးခြင်းသာ ဖြစ်သည်။ မြားတံတစ်ချောင်းချင်းစီတိုင်းသည် တန်ဖိုးရှိသည့် အရင်းအမြစ်များမှ ပြုလုပ်ထားခြင်းဖြစ်ပြီး သူတို့သည် ထိုအရာများကို အလွယ်တကူ ဖြုန်းတီးမပစ်နိုင်ပေ။

မြားတံများကို အောက်ချထားလိုက်ပြီးနောက် တောက်ယွီသည်လည်း ရပ်တန့်လိုက်ပြီး ထပ်မံလိုက်နေခြင်းမရှိတော့ပေ။

“ ကျုပ်တို့ သူတို့ကို မလိုက်တော့ဘူးလား “ တစ်စုံတစ်ယောက် မေးလိုက်သည်။

“ ငါတို့ သူတို့ကို မဖမ်းနိုင်တာ နှမြောစရာပဲ။ ငါတို့သာ ဖမ်းမိသွားရင် မီးတောက်ဦးချို မျိုးနွယ်စုက လူသုံးယောက်ကို ငါတို့ရပြီ။ ဒါဆိုရင်တော်တော်လေး စိတ်ဝင်စားဖို့ကောင်းမှာ “ ရယ်မောနေသည့်လူသည် တောက်ယွီမျက်နှာကိုလှမ်းကြည့်လိုက်သည်။ တောက်ယွီစိတ်ကြည်နေသည်ကိုမြင်တွေ့ လိုက်ရသဖြင့် သူဆက်ပြောလိုက်သည် “ မင်းဘယ်လိုခံစားရလဲ “

ကျေးကျွန်များသည် တူညီကြသော်လည်း သူတို့၏ အဆင့်အတန်းသည် တောက်ယွီနှင့် မတူပေ။ အတိအကျပြောရလျှင် သူတို့သည် တောက်ယွီလက်အောက်တွင် အလုပ်လုပ်ရသည့် လက်အောက်ငယ်သားများ ဖြစ်ကြသည်။ ထို့ကြောင့် တောက်ယွီကသာ သူတို့ကို ဤနေရာတွင် ပုန်းအောင်းနေပြီး ခြုံခိုတိုက်ခိုက်ခိုင်းလျှင် ရာသီဥတု ဆိုးရွားနေလျှင်သော်မှ ညည်းညူရဲကြခြင်းမရှိပေ။ သူတို့အနေဖြင့် ညည်းညူမိပါက

နောက်နေ့နေထွက်သည်ကိုပင် မမြင်နိုင်တော့ကြောင်းကို သူတို့သိနေကြသည်။

တောက်ယွီ၏ စိတ်အ‌ခြေအနေသည် ပုံမှန်သာ ဖြစ်လေသည်။ သူသည် သူ ဒေါသကို ထုတ်ပြခြင်းမပြုပဲ လေသံသည်လည်း သာမန်သာဖြစ်သည်။ ဒါပေမယ့် တခြား မျိုးနွယ်စုစစ်သည်တွေကကော .........။ သူ့ရဲ့လှည့်လှည်သွားလာသူတွေက မဖိနှိပ်နိုင်သေးဘူးလား.......။

ရှောက်ရွှမ်နှင့်ပတ်သက်ပြီး တောက်ယွီထံတွင် တိကျသော သတင်းအချက်အလက်မရှိနေပေ။ သူတို့သိသည်မှာ သူတို့ဖမ်းထားသည့် လူနှစ်ယောက်သည် ရှောက်ရွှမ်၏စကားကို နာခံကြသည့် ပုံသာ ရသည်။ ရှောက်ရွှမ်၏ အသက်အရွယ်အရ သူသည် မျိုးနွယ်စု ခေါင်းဆောင်၏ သားစဉ်မြေးဆက်တစ်ယောက် ဖြစ်နိုင်ပေသည်။

“ အဲ့ဒီကလေးရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ရအောင် လော့ယဲ့မြို့တော် ပိုင်နက်ကို သေချာစောင့်ကြည့်ထားလိုက်ပါ “ တောက်ယွီအမိန့်ပေးလိုက်သည်။

“ ဟုတ်ကဲ့ “ သူ့ဘေးမှလူတစ်ယောက် ပြန်ဖြေလိုက်သည်။

“ သူ နောက်ထပ်မျိုးနွယ်စု တစ်ခုခုစီကနေ အကူအညီသွားတောင်းမှာကို မင်းစိတ်မပူဘူးလား “ တစ်စုံတစ်ယောက် မေးလိုက်သည်။

တောက်ယွီပြုံးပြုလိုက်သည်။ “ တခြားမျိုးနွယ်စုက လူလား........။ အဖမ်းခံထားရတဲ့လူတွေကလွဲရင်ကျန်တဲ့လူတွေက အလုပ်များနေကြတယ်။ သူတို့က မီးတောက်ဦးချိုများ မျိုးနွယ်စုက လူသုံး

ယောက်ကို ဂရစိုက်နိုင်မယ်လို့ထင်နေလို့လား။ သူတို့မျိုးနွယ်စုတွေအတွက်တောင် အလုပ်မအားကြတာ ၊ အကူအညီတောင်းဖို့အတွက်က မဖြစ်နိုင်ဘူး။ အဖမ်းခံထားရတဲ့ လူတွေ သေစေချင်ရင်တော့တမျိုးပေါ့ “

“ တကယ်လို့ လွတ်သွားတဲ့လူငယ်လေးက ပြိုင်ပွဲကွင်းပြင်ကိုသွဦးလိုက်ရင်ကော “ သူတို့ထဲမှ တစ်ယောက် မေးလိုက်သည်။

“ ပိုတောင်ကောင်းသေးတယ် “ တောက်ယွီအပြုံးများ ပိုလေးနက်လာသည်။ ပြိုင်ပွဲကွင်းပြင်တွင် သေခြင်းနှင့်ရှင်ခြင်းသာ ရှိသည်။ တစ်စုံတစ်ယောက်သည် ပြိုင်ပွဲကွင်းပြင်တွင် သားရဲတစ်ကောင်နှင့်တိုက်ခိုက်ရနိုင်ချေ ရှိသည်။ ယခင်နှစ်က သူပြိုင်ပွဲကွင်းပြင်သို့ သွားခဲ့စဉ်က ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သည်။ သူ့ခွန်အားသည် မျိုးနွယ်စု စီနီယာ စစ်သည်တော်တစ်ယောက်နှင့် တန်းတူခန့်ရှိသည်။ ထို့ကြောင့် သူ

သည် အလယ်အလတ်အဆင့်မျှသာ ရှိနေသေးသည့် မျိုးနွယ်စု စစ်သည်တော် တစ်ယောက်လွှတ်သွားခြင်းကို စိတ်ထဲထားနေခြင်း မရှိပေ။

All Chapters