← Chapters

ကသောင်းကနင်း

Vol. 22 Ch. 323

ကသောင်းကနင်း

Vol. 22 Ch. 323

သူတို့လွှတ်မြောက်ပြီးနောက်တွင် ချာချာ ၏ ဒဏ်ရာများကို ကြည့်ရှုပေးရန်နေရာတစ်ခုကို ရှောက်ရွှမ် လိုက်ရှာလိုက်သည်။ ဒဏ်ရာများသည် ပြင်းထန်လှခြင်းမရှိပဲ ငှက်မွေးများတွင် သာ ထိခိုက်ခြင်းဖြစ်သဖြင့် သူတို့ ထိုနေရာမှ ထွက်လာလိုက်သည်။

သူတို့သည် လော့ယဲ့မြို့တော် ပိုင်နက်ဆီသို့ တန်းပြန်လာခဲ့ခြင်းမရှိပေ။ လူများ ၊ သားရဲများဖြင့် ရှုပ်ထွေးစည်ကားနေသည့် သားရဲမြို့တော် ကို အကြိမ်အနည်းငယ် ကြည့်လိုက်သေးသည်။

သားရဲမြို့တော်သည် ယခင်ကအတိုင်းပင် စည်ကားရှုပ်ထွေးနေဆဲဖြစ်သည်။ ပြိုင်ကွဲကွင်းပြင် ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ထွက်သွားသည့်လူများသိပ်မရှိတော့ပေ။ ရှောက်ရွှမ်

အတွက်မူ ကောင်းသည့်အချက်တစ်ခုပင်ဖြစ်သည်။

သူသည် တိတ်ဆိတ်ပြီး၊ အနှောင့်အယှက် ကင်းမဲ့သည့်နေရာတစ်ခုကို လိုအပ်နေသည်။

မှန်ပေသည်။ ရှောက်ရွှမ်သည် နွားချေးပိုးကောင်၏ အတားအဆီး သော့ကို ယမန်နေ့က ချိုးဖြတ်ပေးခဲ့ရာ သူ့ခန္ဓာကိုယ်မှ အတားအဆီးများ လည်း ချိုးဖြတ်ပြီး နောက်တဆင့်သို့တက်တော့မည့် လက္ခဏာများ ပြသနေခဲ့ပြီဖြစ်သည်။ သူ့လက်မောင်းများ ပေါ်ရှိ မျိုးနွယ်စု နတ်အမှတ်အသားများသည် သူ့လက်ကောက်ဝတ်နားနှင့်ပင် နီးကပ်နေပြီဖြစ်ပြီး သူသာ အနည်းငယ်ပိုစောင့်လိုက်လျှင် ထို့ထက်ပင် ပိုတိုးထွက်လာတော့မည့်ပုံ ရနေသည်။

သားမာန်အချိန်များတွင် ဆိုလျှင် ရှောက်ရွှမ် ပို၍ ဂရုစိုက်လိမ့်မည် ဖြစ်သည်။ သို့သော် လက်ရှိတွင် အ‌ခြေအနေများသည် ယခင်ကနှင့်မတူနေတော့ပေ။ အထူးသဖြင့် တောက်ယွီ၏ မြှားပစ်ခြင်းကို ခံလိုက်ရပြီးနောက် ဖြစ်သည်။ သူ့စိတ်ဆန္ဒသည် ယခင်ကထက်ပင်ပို၍ ပြင်းထန်လာသည်။ သူ့အနေဖြင့် မည်သို့ပင်ဖြစ်စေ အတားအဆီးအလွှာကို ချိုးဖြတ်ရပေမည်။

တောက်ယွီသည် သူတို့ကို သတ်ရန် ကြံစည်ခဲ့လေသည်။ ရှောက်ရွှမ်သည် လဲ့နှင့်ထွော်တို့ မည်သို့ဖြစ်သွားကြသည်ကို သိရှိနိုင်ရန် စိတ်ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူတို့အဆင်ပြေနေကြသေးရဲ့လား............။ အကယ်၍ သူတို့ကို ပြိုင်ပွဲကွင်းပြင်အတွင်းသို့ ဝင်ရန် တောက်ယွိဖိအားပေးခဲ့လျှင် သူတို့ အသက်ရှင်နေသေးကောင်း ရှင်နေသေးနိုင်သည်။

သူ့ခေါင်းကို ခါယမ်းလိုက်ပြီး လက်ရှိ အရေး

အကြီးဆုံးမှာ သူအဆင့်တက်ရန်သာဖြစ်ကြောင်း ရှောက်ရွှမ် ဆုံးဖြတ်လိုက်သည်။ သူသည် သူများထက် ထူးကဲပြီး စီနီယာ အဆင့် မျိုးနွယ်စု စစ်သည်တစ်ယောက်ထက်မက ပိုသတ်ဖူးသော်လည်း ထိုအရာမှာ အရည်အချင်းနှင့် တိုက်ဆိုင်မှုများကြောင့်သာ ဖြစ်လေသည်။ သူ့အနေဖြင့် လုံးဝ ဖိနှိပ်နိုင်ခဲ့ခြင်း မရှိပေ။ ဤနေရာတွင် အလယ်အလတ်အဆင့် မျိုးနွယ်စု စစ်သည်များကို လုံလုံလောက်လောက်ပင် တွေ့နိုင်နေသည်။ သူ့အနေဖြင့် အဆင့်တက်ထားမှသာ လဲ့နှင့်ထွော်တို့ကို ကူညီပေးနိုင်မည် ဖြစ်သည်။

လော့ယဲ့မြို့တော် ပိုင်နက် တဲအိမ်တွင်...... ရှောက်ရွှမ် အဆင်ပြေနေသည်ကိုတွေ့လိုက်ရသဖြင့် စူးကု စိတ်သက်သာရာရသွားသည်။

“ မင်း သားရဲမြို့တော်ကို သွားမှာလား “ ရှောက်ရွှမ်မေးလိုက်သည်။

“ ဟုတ်တယ်၊ ငါကြားတာတော့ ပိုင်ရှီမြို့တော် က တစ်စုံတစ်ယောက်က တိုက်ခိုက်ရေးသားရဲတစ်ကောင်ကို မြို့တော်ထဲကို ခေါ်လာတယ်တဲ့။ ငါ့အနေနဲ့ သူတို့ကို ရှင်းလင်းနိုင်ဖို့အတွက် အခွင့်အရေး ကောင်းပဲ “ ထို့နောက် စူးကု ကျေးကျွန်များကို ကင်းမြီးကောက်သားရဲကို ခေါ်လာခိုင်းလိုက်ပြီး မြို့တော်ထဲတွင် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

ရှောက်ရွှမ် စိတ်ဆုံးဖြတ်လိုက်ပြီး မြို့တော်ထဲသို့ စူးကုနှင့်အတူ လိုက်သွားလိုက်သည်။

တောက်ယွီသည် သတင်းများကို သူ့လူများထံမှ ကြားသိလိုက်ရသည်။ သူအလွန်အမင်းပင် ပျော်ရွှင်သွားခဲ့သည်။ ဤကလေးသည် ဤမနက်ပိုင်းတွင်လွှတ်‌မြောက်သွားလေသည်။ သို့သော် ယခုတွင် မြို့ထဲသို့ လာရဲသေးသည်။ သူက သူ့အဖော်နှစ်ယောက်လို ဖြစ်သွားမှာကို မကြောက်ဘူး

လား.........။

“ ဒါဆိုရင် သူ့ကိုသင်ခန်းစာပေးဖို့ လူတချို့ကို လိုက်ရှာလိုက်ရမလား “ တောက်ယွီပြောလိုက်သည်။ သူသည် သင်ခန်းစာပေးမည် ဟုသာ ပြောနေသော်လည်း သူ့အမူအယာသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ဖြစ်နေသည်။

တောက်ယွီဘေးပတ်ဝန်းကျင်ရှိလူများကို စိုက်ကြည့်လိုက်သည်။ “ မင်း..... “ သူလက်ရှိတွေးနေသည်မှာ ပိုင်ရှီဘုရင်ကို ခစားရန်သာ ဖြစ်ပြီးတခြာသူများကို အာရုံသိပ်မစိုက်နေတော့ပေ။

ထိုအချိန်တွင် သားရဲမြို့တော်၌ စူးကုသည် ပိုင်ရှီမြို့တော် ကျွန်ပိုင်ရှင်ငယ်တစ်ယောက်နှင့် တိုက်ခိုက်နေပြီဖြစ်သည်။

မီးတောက်နေသည့် မျက်လုံးများဖြင့် ပိုင်ရှီမြို့‌တော်မှ လူများစိုက်ကြည့်နေကြစဉ် စူးကုသည် တည်ငြိမ်စွာဖြင့် ပြန်ကြည့်နေခဲ့သည်။ သူသည် ဤပိုင်ရှီမြို့တော်မှ လူများမှလွဲပြီးအခြားသူများကို ဂရုစိုက်ခြင်း မရှိပေ။

စူးကု ၏ စိတ်ဆန္ဒကို ခံစားမိသည့်အလား ကင်းမြီးကောက်သည်လည်း ထိုနည်းတူပြုမူနေခဲ့ကာ ထို့ကြောင့် စူးကုသည် စိတ်ကျေနပ်နေခဲ့သည်။

အခြားတဖက်မှလူများ၏ တိုက်ခိုက်‌ရေးသားရဲသည် ကင်းမြီးကောက်၏ အဆိပ်ဆူးချွန်ကို ကာကွယ်နေခဲ့လေသည်။ အံ့ဖွယ်ကောင်းသည်မှာ ဤကင်းမြီးကောက် ၏တိုက်ခိုက်ရေးနည်းလမ်းများသည် အခြားကင်းမြီးကောက်များ၏ တိုက်ခိုက်ရေးနည်းလမ်းများနှင့် ကွာခြားနေခြင်းဖြစ်သည်။ အခြားကင်းမြီးကောက်များသည် အဓိကအားဖြင့် သူတို့၏ လက်မကြီးများကို အသုံးပြုကြ

လေသည်။

၎င်းသည် ရှောက်ရွှမ်၏ လှုံ့ဆော်ခြင်းကို ခံထားရပြီး စူးကုက ကျန်ပြုသိမ်းသွင်းထားခဲ့ခြင်းဖြစ်သည်။ ဤကင်းမြီးကောက်သည် ဒေါသများ ထွက်လာလေသည်။ ၎င်းသည် တိုက်ခိုက်ရန်ကို မစောင့်နိုင်ပဲ ဒေါသတကြီးဖြစ်နေခဲ့သည်။ သူ့ကြီးမားသော ခွန်အားဖြင့် သူ့လက်မများကို ဝှေ့ယမ်းလိုက်ပြီး သူ့နောက်ပိုင်းမှ အဆိပ်ဆူးချွန်သည် တဖက်ရန်သူကို ထိတ်လန့်နေစေသည်။

ရှောက်ရွှမ် မြေတွင်းအနီးတွင် ရှိမနေပဲ လမ်းပတ်လျှောက်နေခဲ့သည်။ ကျွန်ပိုင်ရှင်များ ကျွန်ပြုသိမ်းသွင်းနေသည့်မြင်ကွင်းများကိုလည်း သူမြင်နေရသည်။

ထိုအချိန်တွင် ရှောက်ရွှမ်စိတ်ထဲမှ အပြာရောင်မီးတောက်သည် ပို၍တက်ကြွလှုပ်ရှားလာခဲ့လေ

သည်။ မတူညီသည့်နေရာများမှ ကျွန်ပိုင်ရှင်များ၏ ကျွန်ပြုခြင်းနည်းလမ်းများသည် အတူတူလိုသာ ဖြစ်သည်။ ကွာခြားချက်သိပ်မရှိလှပေ။ ရှောက်ရွှမ်သည် သေးငယ်သည့် ကွာခြားချက်များကို ကိုယ်တိုင်တွေ့ကြုံလိုက်ရသည်။ ထို့ကြောင့် သူ့စိတ်ထဲမှ မီးတောက်သည် ပိုပြီးတက်ကြွလှုပ်ရှားလာခဲ့လေသည်။ ဤသို့ဖြစ်နေခြင်းသည် သူ့အဆင့်တက်ခြင်းအတွက် အသုံးဝင်ပေသည်။ ထို့ကြောင့်ပင် သူ မြို့တော်ထဲသို့ လိုက်လာခဲ့ခြင်းလည်းဖြစ်သည်။

ကျွန်ပိုင်ရှင်များ၏ ကျွန်ပြုသိမ်းသွင်းနေသည့် မြင်ကွင်းများကို ကြည့်ရှုနေစဉ် တစ်စုံတစ်ယောက်သည် သူ့နောက်မှ လိုက်နေခဲ့သည်ကို ရှောက်ရွှမ်တွေ့လိုက်ရလေသည်။ ဤနေရာတွင် သူသည် သူ့မျိုးနွယ်စု နတ်အမှတ်အသားများကို အလွယ်တကူ ထုတ်ပြလိမ့်မည် မဟုတ်ပေ။ ဤနေရာသည် ကျွန်ပိုင်ရှင်များ၏ ပိုင်နက်ဖြစ်ပြီး မျိုးနွယ်စုမှ လူများအနေဖြင့် သိုသိုသိပ်သိပ်သာ နေထိုင်သင့်ပေ

သည်။

ရှောက်ရွှမ် စူးကုရှိနေသည့် သားရဲတွင်းထံသို့ပြန်လိုက်သည်။ သားရဲတွင်း အထဲမှ တိုက်ခိုက်မှုသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ စူးကုသည် ကျယ်လောင်စွာရယ်မောနေခဲ့ပြီး သူ့ကျေးကျွန်များသည် တွင်းထဲမှ ကင်းမြီးကောက်၏ ဒဏ်ရာများကို ကြည့်ရှုလေ့လာနေကြသည်။ သူတို့အနိုင်ရလိုက်သည်ကို ရှောက်ရွှမ်သိလိုက်ရသည်။

သားရဲတွင်း ပတ်ဝန်းကျင်ရှိလူများသည် တိုက်ပွဲအကြောင်းကို စာမြုံ့ပြန်နေကြသည်။ အဓိကရုဏ်းတစ်ခုပင် ဖြစ်လာခဲ့သည်။

သူတို့နှင့်သိပ်မဝေးလှသည့်နေရာတစ်ခုတွင် ရှည်လျားသည့်သားရဲတစ်ကောင် ရှိနေခဲ့သည်။ သားရဲသည် ကြီးမားသော ဝက်ဝံကြီးတစ်ကောင်နှင့်တူနေပြီး ရုတ်တရက် ရူးသွပ်သွားခဲ့သည်။ ၎င်း

ကို ထိန်းကြောင်းနေကြသည့် ကျေးကျွန်များသည် ၎င်းအဘယ်ကြောင့် ရုတ်တရက် ရူးသွပ်သွားသည်ကို မသိလိုက်ကြပေ။ ထို့နောက် ထိုသားရဲကြီးသည် အချုပ်အနှောင်များထံမှ ပြေးထွက်လာခဲ့ပြီး လူအုပ်ကြားထဲသို့ ဝင်လာခဲ့လေသည်။ ထိုနေရာသည် စူးကုတိုက်ခိုက်နေခဲ့သည့် သားရဲတွင်းအနားသို့ပင် ဖြစ်လေသည်။

ကြီးမားသည့် ဝက်ဝံကြီးရုတ်တရက်ပြေးဝင်လာခဲ့သည်။ သူ့ခြေထောက်များ သည် မြေပြင်ပေါ်သို့ ဥက္ကာခဲ တစ်ခု ပြုတ်ကျသကဲ့သို့ပင် ကြီးမားလေးလံနေခဲ့သည်။ ၎င်းခြေလှမ်းလှမ်းလိုက်တိုင်း မြေပြင်သည် တုန်ခါသွားပြီး လူအများကို ကြောက်ရွံ့နေစေသည်။

ကျွန်များသည် သူတို့၏သခင်များကိုသာ ဂရုစိုက်လိုက်ကြပြီး အခြားသူများကို ဂရုစိုက်ခြင်းမရှိကြတော့ပေ။

သေးငယ်သော သားရဲများသည် ကြောက်ရွံ့စွာဖြင့် ထွက်ပြေးကုန်ကြလေသည်။ သူတို့သည် ကျော်ထက်တွင် စီးနင်းသူများကိုသယ်ဆောင်ပြီး ကသောင်းကနင်းဖြစ်ကုန်ကြလေသည်။

ကန္တရကြွက်ကြီးတစ်ကောင်ပေါ်တွင် ထိုင်နေခဲ့သည့် လူတစ်ယောက်သည် ကြိုးကိုထိတ်းလိုက်ပြီး ကြွက်ကြီးကို ဘေးဖက်သို့ ရှောင်တိမ်းခိုင်းလိုက်သည်။ သို့သော်လည်း ထိုကြွက်ကြီးသည် စိတ်လှုပ်ရှားနေသဖြင့် ဘယ်ဖက်သို့ရှောင်ရမည့်အစားညာဖက်သို့ ရှောင်တိမ်းလိုက်လေသည်။ ထိုအခိုက်အတန့်တွင် အချိန်တစ်ခုအကြာ တုံ့ဆိုင်းမှုဖြစ်သွားရသည်။ ထို့ကြောင့် သူတို့သည် သူတို့နောက်ဖက်ရှိလူများကို ဝင်တိုက်လိုက်မိလေသည်။

မြေတွင်းအနီးတွင် စုဝေးနေခဲ့ကြသည့် လူအများသည် ပြေးလွှားကုန်ကြပြီး အော်ဟစ်နေကြ

သည်။ သူတို့အထဲတွင် ရှောက်ရွှမ်ရှိနေသည့် နေရာဆီသို့ ပြေးဝင်လာနေခဲ့သည့်လူနှစ်ယောက်လည်း ပါနေခဲ့သည် ။တစ်ယောက်သည် ဘယ်ဖက်မှ ချည်းကပ်လာနေခဲ့ပြီး ကျန်တစ်ယောက်သည် ညာဖက်မှ ချည်းကပ်လာနေခဲ့သည်။

သူတို့ ရှောက်ရွှမ်ကို လှမ်းကြည်လိုက်သည့်အချိန်တွင် ရှောက်ရွှမ် သတိထားမိလိုက်သည်။

လဲ့နှင့်ထွော်တို့ ပျောက်ဆုံးသွားသည့်အတွက် စုံစမ်းရန် ရှောက်ရွှမ် တမင်မြို့တော်ဆီသို့ လိုက်လာခဲ့ခြင်းဖြစ်သည်။ ဤအခိုက်အတန့်တွင် သူသည် ကသောင်းကနင်းဖြစ်နေသည့် လူအုပ်ကြားထဲတွင် ကျွမ်းကျင်စွာဖြင့် လှုပ်ရှားနေခဲ့လေသည်။

ရှောက်ရွှမ်ကို ဘယ်ဖက်မှချည်းကပ်လာသည့်လူသည် သူ့အင်္ကျီလက်ထဲမှ ဓါးတိုလေး တစ်ချောင်း

ကို ထုတ်ယူလိုက်လေသည်။ သူ့ဓါးဖြင့်တိုက်ခိုက်နိုင်ရန် ကြံစည်နေချိန်တွင် ကြွက်ကြီးတစ်ကောင်သည် အလျင်အမြန်ပင် သူ့ရှေ့တွင် ပေါ်လာခဲ့လေသည်။ ထိုကြွက်ကြီးဖြတ်သွားပြီးသည်အထိ သူ့လှုပ်ရှားမှုများကို ရပ်တန့်လိုက်ရသည်။ သူနောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည့်အချိန်တွင် ရှောက်ရွှမ် ကိုမတွေ့ရတော့ပေ။ သူသည် ပတ်ဝန်းကျင်ကို သေချာစွာလေ့လာနေခဲ့ပြီး ရှောာက်ရွှမ်ကို လိုက်ရှာနေခဲ့စဉ်တွင် ရုတ်တရက် သူ့ရှေ့မှ အေးစက်သော အနက်ရောင် အလင်းတန်းတစ်ခု တောက်ပသွားခဲ့သည်။ မည်သည့်အရာ ဟူသည်ကို သူမသိလိုက်ခင်မှာပင် စိတ်ပျက်မှုကို ခံစားလိုက်ရသည်။

ဘန်း.......

ဆူညံနေခဲ့သည့် ပတ်ဝန်းကျင်တွင် ထိုသေးငယ်သည့်အသံလေးကို ကြားနိုင်ရန်မှာ မဖြစ်နိုင်ပေ။

ထိုသူသည် သူ့လက်ကို မြှောက်တင်လိုက်ပြီး သူ့လည်ပင်းမှ ထူးဆန်းနေသည့် တစ်စုံတစ်ရာကို စမ်းကြည့်လိုက်သည်။ သို့သော်လည်း သူ့လှုပ်ရှားမှုများ ခက်ခဲနေသည်ကို သူတွေ့လိုက်ရသည်။ သူ့လည်ပင်းမှ ဆည်ကျိုးသကဲ့သို့ သွေးများ စီးကျလာခဲ့သည်။

သားရဲတစ်ကောင်သည် ဦးချိုများဝှေ့ယမ်းပြီး လျှောက်ပြေးနေခဲ့သည်။ သူ့ရှေ့ရှိလူတစ်ယောက်သည် သားရဲဦးချိုများဖြင့် ကော်တင်ခြင်းကို ခံလိုက်ရသည်။ အနီရောင်ကြယ် မြို့တော်မှ ကျွန်ပိုင်ရှင်တစ်ယောက်သည် ထိုသားရဲကို ကြိုးစားထိန်းသိမ်းနေပြီး သားရဲ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည့်လူကို ဂရုမစိုက်နိုင်တော့ပေ။

ရှောက်ရွှမ်ထံသို့ချည်းကပ်လာခဲ့သည့် နောက်လူတစ်ယောက်သည်လည်း ကြွက်ကြီး၏ လှုပ်ရှားမှုများထံမှ ဝေးအောင်‌နေနေရလေသည်။ ကြွက်ကြီး

ဖြတ်သန်းသွားပြီးသည့်နောက်တွင် သူသည် ရှောက်ရွှမ်၏ အရိပ်အယောင်ကို မမြင်ရတော့ပေ။ သို့သော်လည်း သူ့အဖော်သည် သားရဲတစ်ကောင်၏ ဦးချိုဖြင့် တိုက်ခိုက်ခံလိုက်ရသည်ကိုတော့ မြင်လိုက်ရလေသည်။

အခြားတဖက်မှလူများသည် ရှောက်ရွှမ်ကိုသာ အာရုံစိုက်နေခဲ့ကြပြီး ပြေးလွှားနေကြသည့်သားရဲများကို အာရုံမစိုက်ကြပေ။ ထို့ကြောင့် သားရဲဦးချိုဖြင့် တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်သည်။ ရှောက်ရွှမ်၏ ပုံရိပ်ကို လိုက်ရှဦလိုက်ရင်းသူ့လက်ကောက်ဝတ်မှနာကျင်နေသည်ကို ခံစားမိလိုက်သည်။ ရုတ်တရက် ဖိအားများသွားပြီး သူအရပ်မျက်နှာတစ်ခုကို ကြည့်လိုက်မိသည်။ ကြီးမားသော ဝက်ဝံကြီးသည် ထိုအရပ်မျက်နှာထံမှ တိုးဝင်လာနေလေသည်။

ဝက်ဝံကြီးသူ့ကို ဖြတ်ကျော်သွားတော့မည်ကို သိလိုက်ရရာ စိတ်လောကြီးမိသွားကာ ကြောက်ရွံ့သွ

ဦးလေသည်။ သို့သော်လည်း သူ့လက်ကောက်ဝတ်သည် ကြိုးတစ်ချောင်းကဲ့သို့ ပျော့တွဲကျနေခဲ့ပြီဖြစ်သည်။ ထို့အပြင် သူ့လက်ကောက်ဝတ်သည် ပိုးကြိုးတစ်ချောင်း နှင့် ရစ်ပတ်နေခဲ့သေးသည်။ သူ့လက်ကို သူ ဓါးဖြင့် ဖြတ်တောက်လိုက်ရန် စဉ်းစားလိုက်သည်။ သို့သော်လည်း သူ့လက်ကောက်ဝတ်သည် တင်းနေဆဲဖြစ်သည်။ ပိုးကြိုး၏အဆုံးသတ်သည် မည်သည့်နေရာဖြစ်သည်ကို သူမတွေ့နေရပေ။

သူအလွန်ထိတ်လန့်သွားပြီးနောက် သူ့ရုန်းကန်မှုများသည်အကျိုးမရှိဖြစ်နေရလေသည်။ သူ့လက်ကောက်ဝတ် ချည်နှောင်မိနေခြင်းသည် ဖြုတ်မရနေပေ။ သူ့လက်ကောက်ဝတ်ကို ဓါးဖြင့် ဖြတ်ရန်ကြိုးစားသော်လည်း နောက်ကျနေပြီဖြစ်သည်။ ကြီးမားသော ဝက်ဝံလက်ဖဝါးသည် ကျရောက်လာခဲ့ပြီဖြစ်သည်။

ဘုန်း ........

သွေးများဖြာကျသွားပြီ ထိုသူသည်လည်း လေထဲလွင့်သွားခဲ့သည်။

အခြားလူများအတွက်မူ ကံဆိုးသည့်လူတစ်ယောက်သည် ဝက်ဝံလက်ဖဝါးကြောင့် သေဆုံးသွားသည်ဟုသာ မြင်လိုက်ကြသည်။

အရာအားလုံး ငြိမ်သက်သွားလေပြီ။ ကသောင်းကနင်းဖြစ်နေမှုများ ရပ်တန့်သွားပြီဖြစ်သည်။ ထိုနေရာတွင် အမှိုက်များသာ ကျန်နေခဲ့၏။ နောက်တစ်ရက်ကြာပြီးနောက်တွင် မည်သူကမှ ထိုအကြောင်းကို ပြောကြတော့မည် မဟုတ်ပေ။

All Chapters