← Chapters

ပြိုင်ပွဲစင်မြင့်ဖွင့်လှစ်ခြင်း

Vol. 22 Ch. 325

ပြိုင်ပွဲစင်မြင့်ဖွင့်လှစ်ခြင်း

Vol. 22 Ch. 325

ရှောက်ရွှမ် လော့ယဲ့မြို့တော် ပိုင်နက်ဆီသို့ပြန်သွားလိုက်သည်။ ထို့နောက် စူးကုနှင့်စကားပြောလိုက်သည်။ သူသည် လော့ယဲ့မြို့တော် ဘုရင် စူးလွင်နှင့်စကားပြောချင်နေခဲ့သည်။

ရှောက်ရွှမ် လဲ့နှင့်ထွော်တို့ ကိစ္စနှင့်ပတ်သက်ပြီး ဘုရင်နှင့်စကားပြောချင်နေသည်ကို သိလိုက်ရသဖြင့် စူးကု သဘောတူလိုက်လေသည်။ အနည်းဆုံးတော့ သူထိုကိစ္စကို ကူညီပေးနိုင်သည်။

ရှောက်ရွှမ်သည် ဘုရင်နှင့်မတွေ့ဖြစ်သည်မှာ ကြာနေခဲ့ပြီဖြစ်သည်။ မြို့တော် များ၏ ဘုရင်များသည် ကျွန်ပိုင်ရှင်များနှင့်မတူညီကြပေ။ ကျွန်ပိုင်ရှင်များသည် သားရဲတွင်းများတွင် တိုက်ခိုက်ခြင်း လောင်းကစားခြင်းတို့ကို ပြုလုပ်နေလေ့ရှိ

ကြသည်။ ထိုအရာမှာ ဘုရင်များအတွက်တော့ စော်ကားသည့်အပြုအမူပင်ဖြစ်သည်။ သူတို့သည် ပြိုင်ပွဲစင်မြင့်တွင်သာ ထိုကိစ္စများကို ပြုလုပ်တတ်ကြသည်။

လော့ယဲ့မြို့တော် ထဲတွင် တိုက်ခိုက်ရေးသားရဲများ ထားသည့်နေရာများ ရှိနေကြသည်။ ထိုသားရဲများကို ပြိုင်ပွဲစင်မြင့်တွင် တိုက်ခိုက်ခိုင်းကြမည် ဖြစ်သည်။ အခြားကျွန်ပိုင်ရှင်ငယ်များ၏ တိုက်ခိုက်‌ရေးသားရဲများကိုမူ တခြားနေရာများတွင် ခွဲခြားထားလေသည်။ နေ့တိုင်း ပင် သူတို့ကို လေ့ကျင့်ပေးနေကြသည့်လူများ ရှိနေကြသည်။ သို့သော်လည်း အထက်ပိုင်းမှလူများသည် အောက်ပိုင်း နေရာများမှလာသည့် သွေးလွမ်းသည့်အနံ့များကို မရနိုင်ကြပေ။ သို့သော် အနီးကပ် လေ့လာကြည့်မည်ဆိုလျှင်တော့ ထိုနေရာများတွင် သွေးနံ့များရှိနေသည်ကို သိနိုင်သည်။

စူးကု ထိုနေရာသို့သွားလိုက်ပြီး စူးလွင်ကို ရှာလိုက်ကာ မကြာခင်တွင်ပင် ပြန်ရောက်လာခဲ့သည်။

“ အဖေက အလုပ်ရှုပ်နေတယ်။ သူ စကားမပြောနိုင်သေးဘူး “ စူးကု တုံးတိပင် ရှောက်ရွှမ်ကို ပြောလိုက်လေသည်။

ရှောက်ရွှမ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီတော့ စူးလွင်မအားနေဘူးပေါ့..........။ လဲ့နှင့်ထွော်တို့နှင့် ပြိုင်ပွဲစင်မြင့်တွင် တွေ့ခဲ့လျှင် မည်သို့လုပ်ရမည်ကို စူးလွင်အားသူမေးချင်နေခဲ့သည်။ သို့သော် ကြည့်ရသည်မှာ သူလုပ်နိုင်သည့်အရာ မရှိတော့ဟန် တူသည်။

ရှောက်ရွှမ်၏တုံ့ပြန်မှုကို ကြည့်လိုက်ပြီးနောက် စူးကု ဆက်ပြောလိုက်ပြန်သည် “ အဖေက မင်းကို မ

တွေ့နိုင်သေးပေမယ့် ၊ လဲ့နဲ့ထွော်တို့ ဘာဖြစ်သွားတယ်ဆိုတာကိုတော့ ငါသူ့ကိုပြောပြထားပေးမယ်လေ။ အဖေပြောတာကတော့ မင်းက ပိုင်ရှီမြို့တော် သားရဲထက်သာလွန်နေမယ်ဆိုရင် သူက ဘာပြဿနာမဆိုဖြေရှင်းပေးမယ်တဲ့။ ဒီတော့ ပိုင်ရှီမြို့တော်က လူတွေကို မင်းစိတ်ပူနေစရာ မလိုအပ်တော့ဘူး “

သူရှောက်ရွှမ်ကို ကြည့်လိုက်သည့်အချိန်တွင် စူးကုထင်လိုက်သည်မှာ ရှောက်ရွှမ် လက်လျော့လိုက်ပြီဟုပင်။ မည်သို့ပင်ဖြစ်စေ ထိုနေရာသည် ပြိုင်ပွဲစင်မြင့်ဖြစ်ပြီး သာမန်လူတစ်ယောက်သည် ဒီအတိုင်း တိုက်ခိုက်ရန် ဝင်မသွားနိုင်ပေ။ ကျွန်ပိုင်ရှင်များ၏ ကျွမ်းကျင်သော ကျွန်များသည်ပင် တစ်ဝက်ခန့် သာနှစ်တိုင်း ပြန်ထွက်လာနိုင်သည့် နေရာတစ်ခုဖြစ်သည်။

ယခင်နှစ်က တောက်ယွီဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်။ လူအများစုသည် အကောင်းမြင်စိတ်

များ ရှိမနေကြပေ။ လူတိုင်းသည် သူ့ကို ဟာသတစ်ခုသဖွယ်သာ ရှုမြင်ခဲ့ကြသည်။ သူတို့ထင်ထားသည်မှာ သားရဲသာ အနိုင်ရမည်ဟု ထင်ထားကြသည်။ သို့သော်လည်း သူတို့ထင်သလိုဖြစ်မလာခဲ့ပေ။ တောက်ယီသည် မမျှော်လင့်စွာပင် အသက်ရှင်လျှက် ထွက်လာနိုင်ခဲ့သည်။ ထိုအရာမှာ လော့ယဲ့မြို့တော်မှ လူများကို မျက်နှဦဖြတ်ရိုက်လိုက်သည့်နှယ်ပင် ဖြစ်လေသည်။ အချို့လူများ၏ အပြောအရ ထိုကိစ္စအပြီးတွင် စူးလွင်သည် လူသတ်သမားများကိုပင် ငှားယမ်းပြီး တောက်ယွီကို သတ်ခိုင်းခဲ့သေးသည်ဟု ဆိုသည်။ ကံမကောင်းစွာနှင့်ပင် ထိုသူများအားလုံး မအောင်မြင်ခဲ့ပဲ အသတ်ခံရသူမှာ သူတို့ကိုယ်တိုင် ဖြစ်သွားခဲ့ရသည်။

“ မေ့ထားလိုက်ရအောင် “ စူးလွင် ပြောခဲ့သည် “ တကယ်လို့ ဆက်လုပ်မယ်ဆိုရင် ပြီးတော့မှာ မဟုတ်ဘူး “

“ ငါသွားမယ် “ ရှောက်ရွှမ် ပြောလိုက်သည်။

“ သိရတာ ကောင်းပါတယ် ။ အသေခံဖို့သွားမယ်....... မင်းဘာပြောလိုက်တာလဲ “ စူးကု မယုံနိုင်ဖြစ်သွားသည်။ ထို့နောက် ဘာပြောရမည်ကို မသေချာစွာဖြင့် ရှောက်ရွှမ်ကို စိုက်ကြည့်နေလိုက်သည်။

“ငါပြောတာက ငါသွားမယ်လို့လေ။ ဒါကို ဘုရင်ကြီးကို ပြောပေးပါ “ ရှောက်ရွှမ် ထပ်ပြောလိုက်သည်။

စူးကု အမူအယာသည် နားလည်ရခက်နေပုံရသည်။ သူ့အမူအယာသည် “ မင်းက တော့ငတုံးတစ်ယောက်ပဲ “ ဟုပြောနေဟန် ရသည်။ သို့သော်လည်း ရှောက်ရွှမ် စိတ်ဆုံးဖြတ်ပြီးသွားသည်ကို သူမြင်လိုက်ရသဖြင့် ထပ်ပြီး အကြံမပေးနေတော့ပေ။ တိတ်ဆိတ်စွာသာ သက်ပြင်းချ

လိုက်လေသည်။ မျိုးနွယ်စုတွေက လူတွေက တကယ်ပဲ သေလမ်းရှာတဲ့လူတွေချည်းပဲ .......

“ ဒါပေမယ့် ငါ့ကို တစ်ခု အရင်ပြောခွင့်ပေး ၊ တကယ်လို့ အဖေက အရင်တုန်းကသဘောတူထားရင်တောင်မင်းပိုင်ရှီမြို့တော် က သားရဲကို အနိုင်တိုက်ခိုက်နိုင်မယ်ဆိုရင် အားလုံးက အဆင်ပြေနေလိမ့်မယ်။ ဒါပေမယ့် သူကမင်းကို ဝင်ဆော့တာကိုတော့ လက်ခံမှာမဟုတ်ဘူး။ မင်းသိတဲ့အတိုင်းပဲ ငါတို့က ပိုင်ရှီမြို့တော်က လူတွေနဲ့ ဆက်ဆံရေးသိပ်မကောင်းဘူး။ အရင်နှစ်က ငါတို့ရှုံးထားပြီးတော့ အဖေက ဒေါသထွက်နေတယ်။ ဒီနှစ်တော့ ငါတို့က ပိုပြီး စွမ်းအားကောင်းတဲ့ ကျွန်တွေကို စေလွှတ်ပြီးတော့ လိုအပ်ရင် သူ့စီးတော်ယာဉ် သားရဲကိုပါ ထုတ်ပြမှာ။ မဟုတ်ရင် ငါတို့ထပ်ပြီး ရှုံးမယ်ဆိုရင် သူသေချာပေါက် ဒေါသပေါက်ကွဲလိမ့်မယ် “

“ ငါသိပြီ “ အကယ်၍ သူသာ နောက်တစ်ကြိမ်

အငြင်းခံလိုက်ရလျှင် ရှောက်ရွှမ်အနေဖြင့် သူ့ကို စကားပြောနိုင်ရန် နောက်တစ်နည်းကို စဉ်းစားထားရပေမည်။

“ မင်းမခန့်မှန်းနိုင်ဘူးလား ။ ပြိုင်ပွဲစင်မြင့် ဖွင့်ပြီးရင် ဘာတွေဖြစ်မယ်ဆိုတာကို မင်းမခန့်မှန်းနိုင်ဘူးလား “ စူးကု မေးလိုက်သည်။

ရှောက်ရွှမ် ခေါင်းခါလိုက်သည်။ သူသည် ခန့်မှန်းကြည့်ရန် ကြိုးစားခဲ့သေးသော်လည်း ရလာဒ်ကို မမြင်နိုင်ခဲ့ပေ။ တိုက်ခိုက်မှု၏ ရလာဒ်သည် ကြိုးထုံးများစွာ ဖြစ်နေခဲ့ပြီး မပြီးဆုံးနိုင်သော အရာတစ်ခု ဖြစ်နေခဲ့သည်။ ဆိုလိုသည်မှာ သူသည် ပြိုင်ပွဲရလာဒ်ကို မမြင်နိုင်ဟု ဆိုလိုပေသည်။ မည်သို့ပင်ဖြစ်စေ ရှောက်ရွှမ် စွမ်းအားကင်းမဲ့သလိုခံစားလိုက်ရသည်။ မြူထူထူထဲမှ ကြည့်နေရသည့်အလား အရာအားလုံးကို မမြင်နိုင်နေ‌ပေ။

စူးကု စူးလွင်ရှိနေသည့် နှစ်ထပ်အဆောက်အဦးထံသို့ နောက်တစ်ကြိမ်ထပ်သွားလိုက်သည်။ စူးလွင်သည် သူ့ကို စကားတစ်ခွန်းဖြင့်ပင် နှင်ထုတ်လိမ့်မည်ဟု သူတွေးနေမိခဲ့သည်။ သို့သော်လည်း အံ့သြစရာကောင်းသည်မှာ စူးလွင်သည် သဘောတူလိုက်ခြင်းဖြစ်သည်။ အခြေအနေကို ကြည့်ပြီးနောက် ရှောက်ရွှမ်၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည်ဟုပင် ဆိုခဲ့သေးသည်။

စူးကုသည် သူ့ဖခင်၏ အတွေးများကို မခန့်မှန်းနိုင်တော့ပေ။

ရှောက်ရွှမ်သည် စူးလွင်၏ ရည်ရွယ်ချက်များကို မြင်နိုင်နေခဲ့သည်။ မနက်ဖြန်တွင် ပြိုင်ပွဲစင်မြင့်ဖွင့်တော့မည် ဖြစ်ပြီး ဖြစ်နိုင်သည်မှာ လဲ့နှင့်ထွော်တို့ကို တိုက်ခိုက်ပွဲတွင် ပါဝင်အောင် ပိုင်ရှီမြို့တော်မှလူများ စီစဉ်ထားကြပေလိမ့်မည်။ အကယ်၍ သူသာ သူတို့ကို ကယ်တင်လိုလျှင် သူတို့ကို လုယက်ခြင်းဖြစ်စေ တိုက်ရိုက် စစ်ပွဲတစ်ခုကို

စ၍ဖြစ်စေ လုပ်မှသာ ပြန်ကယ်တင်နိုင်လိမ့်မည် ဖြစ်သည်။ လော့ယဲ့မြို့တော် ဘုရင်၏ အကူအညီဖြင့် သူတို့သည် ပြဿနာမတက်စေရန် ရှောင်ရှားနိုင်ပေလိမ့်မည်။ နှစ်ခုလုံးသည် အန္တရာယ်များပြီး စိတ်လှုပ်ရှားစရာကောင်းသည်။

ထို့မတိုင်ခင်တွင် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ထားရပေမည်။

ညနေခင်းတွင် ရှောက်ရွှမ်သည် တဲအိမ်ထဲတွင်သာ နေနေခဲ့လေသည်။ စူးကုသည် ရှောက်ရွှမ် ကိုစောင့်ကြည့်ထားရန် ကျွန်များကို မှာထားခဲ့သည်။ ကျေးကျွန်များသည် များစွာပြောနိုင်ကြခြင်းမရှိပဲ ရှောက်ရွှမ် အကြိမ်များစွာ တစ်ခုခုကို ရှာနေသကဲ့သို့လုပ်နေသည်ကိုသာ တွေ့နေရသည်။ ထို့နောက် ရှောက်ရွှမ်သည် တစ်စုံတစ်ခုကို ကောက်ယူလိုက်ပြီး တဲအိမ်အတွင်းသို့ ပြန်ဝင်သွားခဲ့သည်။

“ သူဘာကို ကောက်သွားတာလဲ “ စူးကု မေးလိုက်သည်။

အမေးခံလိုက်ရသည့်ကျေးကျွန် သေချာပြန်စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည် “ သစ်ကိုင်းချောက်တစ်ခုနဲ့တူတယ် ဒါမှမဟုတ် ကျောက်တုံးတစ်တုံးလား ..... “ သူမသေချာနေ‌ပေ။

စူးကု စိတ်ပျက်သွားပြီးကျေးကျွန်ကို သွားခိုင်းလိုက်သည်။ သူသည် ရှောက်ရွှမ်ကို မည်သို့စီစဉ်နေကြောင်း မေးချင်နေခဲ့သည်။ သို့သော် ရှောက်ရွှမ်သည် ဤနေ့တစ်နေ့လုံးစကားမပြောသေးပေ။ ထို့ကြောင့် သူရှောက်ရွှမ်ကို မနှောင့်ယှက်ချင်ပေ။ ခြေလှမ်းနှစ်လှမ်းလှမ်းလိုက်ပြီးနောက် စူးကု ရပ်လိုက်ကာ အရပ်မျက်နှာတစ်ခုကို လှမ်းကြည့်လိုက်သည်။ သူသည် အဝတ်အစာများနှင့် အခြားအရာများကို ပြင်ဆင်ရန်လိုအပ်သေးသည်။ မနက်ဖြန်သည် ကြီးမားသော နေ့ရက်

တစ်ခု ဖြစ်လိမ့်မည် ဖြစ်သည်။

ရှောက်ရွှမ် မည်သည့်အရာများ လုပ်နေသည်ကို မည်သူမှမသိကြပဲ စိတ်ဝင်စားခြင်းလည်း မရှိတော့ပေ။ ကျေးကျွန်များသည် ပြိုင်ပွဲစင်မြင့်နေရာကိုသာ အာရုံစိုက်နေခဲ့ကြလေသည်။

နောက်နေ့တွင် လော့ယဲ့မြို့တော် မှ အုပ်စုသည် သူတို့နေရာမှ ထွက်လာခဲ့ကြပြီး ပြိုင်ပွဲစင်မြင့်နေရာဆီသို့ သွားလိုက်ကြလေသည်။

လော့ယဲ့မြို့‌တော် ဘုရင် စူးလွင်သည် သူ့စီးတော်ယာဉ်သားရဲပေါ်တွင် စီးနင်းလိုက်ပါလာခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် သူတစ်ယောက်တည်း မဟုတ်တော့ပေ။ သူသည် လက်တစ်ဖက်ဖြင့် အမျိုးသမီးတစ်ယောက်ကို ဖက်ထားလေသည်။ လိုက်ကာ စတစ်ခု ရှိနေပြီး အတွင်းထဲမှ အခြေအနေကို ရှောက်ရွှမ် သေချာမမြင်ရ

သော်လည်း အသံများကို ကြားရခြင်းဖြင့် မည်သို့ဖြစ်နေသည်ကို ရှောက်ရွှမ် သိနေရလေသည်။

ထိုအမျိုးသမီးသည် သဲတောင်ကုန်း မြို့တော်မှ ဖြစ်သည်။ သူမသည် လက်ရှိဘုရင်၏ ညီမတစ်ယောက်လည်း ဖြစ်သည်။ သူတို့နှစ်ယောက်သည် ယခင်ကတည်းကပင်သိခဲ့ကြသလော ယခုမှသာ သိကျွမ်းကြသလောတော့ ရှောက်ရွှမ် လည်း မသိနေပေ။

မြို့တော်များ အကြားလက်ထပ်ပွဲများ ရှိတတ်ကြလေသည်။ ကျွန်ပိုင်ရှင်များသည် ဆက်ဆံရေးကောင်းကြပြီး အလဲအလှယ်များကို အောင်မြင်စွာ ပြုလုပ်နိုင်ကြသည်။ သူတို့ ရန်သူများ ဖြစ်သွားမှသာ အခြေအနေ တစ်မျိုး ပြောင်းသွားခြင်း ဖြစ်သည်။

စူးကု သူ့ဖခင်ကို အခြားအမျိုးသမီးတစ်ယောက်

ဖြင့် ပူးကပ်နေသည်ကို မြင်လိုက်ရသည်။ သူသည် တိတ်ဆိတ်စွာပင် ရှိနေခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာပထမဆုံးသော အကြိမ်မဟုတ်တော့ပေ။ အကယ်၍ သူ့ထံတွင်သာ ကြီးမားသော စီးတော်ယာဉ်သားရဲတစ်ကောင် ရှိနေပါက သူသည်လည်း ကျွန်မိန်းမများကို ခေါ်ပြီး သူ့ဖခင်နည်းတူ ပြုမူလိမ့်မည် ဖြစ်သည်။ သို့သော်လည်း အမျိုးသမီးကျွန်များသည် အလွန်နည်းပါးပေသည်။ ယခင်နေ့များက ကောင်းကင်လှည်းဘီး မြို့တော်နှင့်တိုက်ခိုက်ပြီး အမျိုးသမီး ကျွန်မတစ်ယောက်ကို သူရရှိခဲ့သေးသည်။ ဒါမှမဟုတ်...... အနီရောင်ကြယ် မြို့တော်က တစ်ယောက်ကော ...... မဟုတ်ဘူး ၊ အဲ့ဒီတစ်ယောက်က ရုပ်သိပ်မချောဘူး........။

ရှောက်ရွှမ်အိပ်မက်မက်သလိုဖြစ်နေသည့် စူးကုကို လှမ်းကြည့်လိုက်သည်။ ထို့နောက် အခြားမြို့တော်များမှ ကျွန်ပိုင်ရှင်များကို ကြည့်လိုက်ပြန်သည်။

မြို့တော်အတွင်းသို့ ဝင်လာပြီးနောက်တွင် လေထုထဲမှ ခံစားချက်များ ပြောင်းလဲသွားခဲ့သည်။ လောဆော်နေသည့် စွမ်းအားထုတစ်ခု ရှိနေခဲ့သည်။ ကျွန်ပိုင်ရှင်အငယ်များသည် ယခင်နေ့ရက်များတွင် အများစုဖြစ်ကြလေသည်။ သူတို့သည် ခါတိုင်းရက်များတွင် လွမ်းမိုးထားကြပြီး သူတို့အသံချည်းသာဖြစ်သည်။ သို့သော် ယနေ့တွင် သူတို့သည် ကောင်းစွာ ပြုမူနေကြသည်။

ပြိုင်ပွဲစင်မြင့်အနီးတွင် ရှောက်ရွှမ် ပိုင်ရှီမြို့တော် မှလူများကို မြင်လိုက်ရသော်လည်း လဲ့နှင့်ထွော်တို့ကိုတော့ မမြင်ရသေးပေ။ သူတို့ကို ကြီးမားသော သစ်သားသေတ္တာများထဲတွင် ပိတ်ဆို့ထားသလောဟု သူတွေးမိနေခဲ့သည်။ ကံမကောင်းသည်မှာ ယခုနေရာတွင်လူများစွာ ရှိနေခြင်းဖြစ်သည်။ သူသည် ထိုသေတ္တာကြီးကို လေ့လာရန်အခွင့်အရေး မရတော့ပေ။

လော့ယဲ့မြို့တော် မှလူများနှင့် ပိုင်ရှီမြို့တော်မှလူများသည် လမ်းပေါ်တွင် တွေ့ဆုံကြပေပြီ။ အကယ်၍ ကျောက်တုံးအုတ်ဂူ မြို့တော်မှလူများသာ မရှိနေလျှင် သူတို့သည် သွေးပူတိုက်ပွဲတစ်ပွဲကို ဆင်နွဲပြီးဖြစ်နေလောက်သည်။

ကျောက်တုံးအုတ်ဂူ မြို့တော်မှ လူများတွင် သူသိနေသည့်လူတစ်ယောက်ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။ သူသည် ထိုသူကိုမတွေ့ဖြစ်သည်မှာနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သော်လည်း တောက်ပနေသည့် ရွှေရော်င ဆံပင်များသည် ရင်းနှီးကျွမ်းဝင်နေခဲ့လေသည်။

သူအံ့သြသွားခြင်း မရှိပေ။ ထိုနှစ်က ရှောက်ရွှမ် လျှောက်သွားနေစဉ်က တွေ့ခဲ့သည့်သူသည် ကျောက်တုံးအုတ်ဂူ မြို့တော်မှ ကျွန်ပိုင်ရှင်တစ်ယောက် ဖြစ်လေသည်။

အစဉ်အလာအရ မြို့တော်သုံးခု ဆုံတွေ့ခဲ့လျှင် သူတို့သည် ဦးစားပေးရမည့်သူကို ရွေးချယ်ရမည် ဖြစ်သည်။ အခြားမြို့တော်မှလူများသည်လည်း ပထမဆုံးလှုပ်ရှားချင်ကြမည် ဖြစ်သည်။

ဤတစ်ကြိမ်တွင် မည်သူမှ ထိုအရာကို ဂရုမစိုက်ကြပေ။ ထိုဘုရင်၏ စီးတော် ယာဉ်သားရဲဖြတ်ကျော်သွားသည့်အချိန်တွင် ပိုင်ရှီမြို့တော် သားရဲပေါ်မှတောက်ယွီသည် အနည်းငယ် ဦးညွှတ်ကာ အရိုအသေပေးလိုက်လေသည်။

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

All Chapters