← Chapters

ပွဲဦးထွက်

Vol. 22 Ch. 326

ပွဲဦးထွက်

Vol. 22 Ch. 326

ရှောက်ရွှမ်သည် စူးကုနောက်က လိုက်၍ လူသတ်ကွင်းကြီးထဲသို့ ဝင်သွားပါသည်။

ကြီးမားသော လူသတ်ကွင်းကြီး၏ အတွင်းအစွန်ဘက်များတွင် ပွဲကြည့်စင်များ ရှိပါသည်။ အလယ်တွင်တော့ ဧရိယာ ၁၀၀၀၀လောက်ရှိသော တွင်းကြီးတစ်တွင်းကို တွေ့ရပါသည်။ လူသတ်ကွင်းကြီး အပြင်ဘက်တွင် တွေ့ရသော တွင်းများနှင့် ပုံစံတူပါသည်။ သို့သော် ယခုတွင်းကြီးကတော့ ပိုကြီးမားသလို ပိုကောင်းမွန်စွာ တူးထားခြင်းဖြစ်သည်။

ထိုတွင်းကြီးကို မြင်သောအခါ ရှောက်ရွှမ်သည် လင်းနို့တောင်ကြီး၏ ထိပ်ဝကို အမှတ်ရသွားပါသည်။

တွင်းကြီး၏ နံရံကို ကျောက်သားများဖြင့်

ဆောက်လုပ်ထားသည်။ ကျောက်တုံးများကို ကြည့်လိုက်သောအခါ ရိုးရှင်းစွာ ဆောက်လုပ်ထားသည်ကို တွေ့ရသည်။ အရည်အသွေးကောင်းမွန်သော ကျောက်တုံးများကို အသုံးမပြုနိုင်သော ကျွန်များ ရှိသော်လည်း အဆောက်အဦီးများကတော့ ဇိမ်ခံ အဆောက်အဦးများ ဖြစ်ကြသည်။

မြို့တော်များမှ ဘုရင်များသည် ကျွန်ပိုင်ရှင်များနှင့် ကျွန်များ ခြံရံကာ သက်ဆိုင်ရာ နေရာသို့ လာကြသည်။

ဘုရင်ရှိသောနေရာကို အဝတ်စတစ်စဖြင့် ဖုံးလွှမ်းထားသည်။ နေရောင် သို့မဟုတ် နှင်းဒဏ်တို့မှ ကာကွယ်နိုင်ရန် အဝတ်များဖြင့် ကာရံထားခြင်းဖြစ်သည်။ ကွေးညွတ်ထားသော ဝါးတုတ်ချောင်းများကိုလည်း တွေ့ရမည် ဖြစ်ပြီး ထိုတုတ်ချောင်းများပေါ်တွင် အဝတ်စများ ချိတ်ဆွဲထားခြင်းဖြစ်သည်။ ယနေ့ နေမပူပါချေ။ သို့သော် ထိုအဝတ်စများကို နှင်းကာအနေဖြင့်

လည်း သုံး၍ ရပါသေးသည်။

သားရဲများနှင့် သတ်ပုတ်ပွဲကို ကျင်းပသူမှာ မြို့တော်ကြီးသုံးခု၏ ဘုရင်ဖြစ်သည်။ မြို့သုံးမြို့တွင် ပွဲတော်ကို အလှည့်ကျ ကျင်းပကြသည်။ ယခုနှစ် အလှည့်ကျသည်ကတော့ နှင်းမြို့တော်ဖြစ်ပါသည်။

နှင်းမြို့တော်၏ ဘုရင်က သူစီစဉ်ထားသည့်အတိုင်း မြို့တော်၏ ကျွန်ပိုင်ရှင်ကြီး များကို စေလွှတ်လိုက်သည်။ စူးကုက စူးလွင်ဆီသို့ သွား၍ အကဲခတ်သည်။ ထို့နောက် စူးလွင်ဆီမှ ထွက်ခွာလာသည်။ ရှောက်ရွှမ်နှင့်တွေ့သောအခါ လက်လေးချောင်းကို ထောင်ပြသည်။ ပိုင်ရှီ မြို့တော်တွင် ပွဲတော်ကို လေးရက်မြောက်နေ့တွင် ကျင်းပရမည် ဖြစ်သည်။

“ပထမဆုံးအလှည့်ကျတာက နှင်းမြို့တော်ပဲ…အဖွဲ့ပွဲစဉ်ကို သူတို့ အစီအစဉ်နဲ့ သူတို့ လုပ်ရမယ်…ဒါပေမဲ့ ဖြစ်ချင်တော့ အစီအစဉ်ကို ဘုရင်ကိုယ်တိုင် ဆွဲတာ ဖြစ်နေတယ်” စူးကုက ပြော

လိုက်သည်။ ပွဲတော်ကျင်းပရမည့်ရက်ကို အမိန့်စာထုတ် ကြေညာခြင်းမဟုတ်ပါ။ အလှည့်ကျဂဏန်းအတိုင်း ကျင်းပသွားရုံသာ ဖြစ်သည်။ သို့သော် ပွဲတော်၏ အဖွင့်ပွဲစဉ်အတွက် အသေးစိတ်စီစဉ်ရလေ့ရှိသည်။ ထို့ကြောင့် နှင်းမြို့တော်မှ ကျွန်ပိုင်ရှင်များအတွက် ကြွားစရာ ရသွားပြီ ဖြစ်သည်။

သားသတ်ကွင်းထဲမှ သတ်ပွဲများသည် ကျွန်ပိုင်ရှင်ကြီးများကို ဖျော်ဖြေရန် ပြုလုပ်ကြခြင်း ဖြစ်သော်လည်း ကျွန်များကလည်း ထိုသတ်ပွဲများတွင် သူတို့၏ ကိုယ်ကျိုးကို ရှာလေ့ရှိသည်။ သို့သော် ထီးနန်းနေရာကို ယှဉ်ပြိုင်ရန် ကြိုးစားနေသူများကတော့ သူတို့၏ ခွန်အားများကို ထိုသတ်ပွဲများတွင် ဘုရင်မြင်အောင် ထုတ်ပြကြမည်ဖြစ်သည်။ သတ်ပွဲများတွင် အနိုင်ရရှိပါက ၎င်းတို့၏ မျက်နှာများ ဝင်းလက်သွားကြသည်။

ပွဲတော်စတင်ပြီ ဖြစ်ကြောင်း နှင်းမြို့တော်၏ ဘုရင်က ကြေညာလိုက်သောအခါ အားလုံးတိတ်ဆိတ်သွားကြသည်။

“ဝုန်း…”

တွင်းကြီးထဲမှ ကြီးမားသော တံခါးရွက်ကြီးကို ဖွင့်လိုက်သော အသံကြီး ထွက်ပေါ်လာသည်။ ရှောက်ရွှမ်သည် ကျောက်တံခါးကြီး၏အသံကို နားထောင်နေပြီး ကျောက်တံခါးရွက်ကြီးကို ကြည့်ပါသည်။ ထိုတံခါးရွက်ပြုလုပ်ထားသော ကျောက်ပြားကြီးမှာ အရည်အသွေးအလွန်ကောင်းသည်ကို ရှောက်ရွှမ်သိပါသည်။ တွင်းနံရံတွင် အသုံးပြုထားသော ကျောက်သားများထက် ကောင်းမွန်ပါသည်။ မျိုးနွယ်စုများထဲတွင်တော့ ထိုကျောက်တုံးမျိုးကို လက်နက်ပြုလုပ်ရန် အသုံးပြုမည် ဖြစ်သည်။ သို့သော် မြို့တော်တွင်တော့ ကျွန်ပိုင်ရှင်များက တံခါးရွက်ပြုလုပ်ရန်သာ အသုံးပြုပါသည်။အပိုင်းအစလေးများကို ပြန်ဆက်ထားခြင်းမဟုတ်ဘဲ ကျောက်ပြားကြီး တစ်ချပ်လုံးကို တံခါးအဖြင့်သုံးထားခြင်းဖြစ်သည်။ ထိုကဲ့သို့ ကျောက်ပြားမျိုးရှာတွေ့ရန် မလွယ်ကူပါ။

အဆင့်နိမ့်သော ကျွန်များနှင့် အလယ်တန်းအဆင့် ကျွန်များ၏ လက်ထဲတွင် ကိုင်ထားသော လက်နက်များနှင့် နှိုင်းယှဉ်ကြည့်လျှင် သိနိုင်ပါသည်။ မျိုးနွယ်စုဝင်များသာ ထိုနေရာတွင်ရှိပါက ကျွန်ပိုင်ရှင်များကို နားလည်ကြမည်မဟုတ်ပါ။ “အလကားသက်သက်ဖြုန်းတီးတာ…ဒါသက်သက်ဇိမ်ခံတာ”

ကျောက်သားတံခါးကြီး ပွင့်သွားသောအခါ ကြောက်မက်ဖွယ်သားရဲကြီး တစ်ကောင်ကို မြင်တွေ့ရမည့်အစား ရွှေများကို ကိုင်ဆောင်ထားသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိူသူသည် သူဝတ်ဆင်ထားသော ရွှေရောင်သားမွေးအင်္ကျီထက်ပင် ပိုမိုတောက်ပြောင်နေသေးသည်။

ထိုသူမှာ အဖွင့်ပွဲစဉ်တွင် ပါဝင်မည်ဖြစ်သော နှင်းမြို့တော်၏ သခင်လေး တစ်ယောက် ဖြစ်သည်။

ရှောက်ရွှမ်သည် နှင်းမြို့တော်၏ သခင်လေး

ကို တွေ့မြင်လိုက်သောအခါ အကြီးအကျယ် တုန်လှုပ်သွားသည်။ လူက သိပ်အံ့ဩစရာ မကောင်းသော်လည်း သူ့ကိုယ်တွင် ချိတ်ဆွဲထားသော အသုံးအဆောင်ပစ္စည်းများက ထူးဆန်းပါသည်။

ကျောက်သားလက်နက်ကိရိယာများသာ သုံးဆွဲသူများအတွက် သတ္တုချပ်ဝတ်တန်မျာများက အံ့ဩစရာပင် ဖြစ်ပါသည်။

ရှောက်ရွှမ်သည် စူးကု၏ ရတနာများကို မမြင်ရခင်ကတည်းက ထိုနေရာတွင် သတ္တုမိုင်းတွင်းရှိရမည်ဟု ထင်ထားခဲ့သည်။ သို့သော် သူရောက်ကတည်းက အခုအချိန်ထိ သတ္တုမိုင်းတွင်းကို ရှောက်ရွှမ်မတွေ့သေးပါ။ နောက်ဆုံးတွင်တော့ ထိုနေရာသည် အရည်အသွေးကောင်းသော ကျောက်တုံးများသာ ထွက်ပြီး သတ္တုတော့ မထွက်ဟု ရှောက်ရွှမ်ထင်သွားသည်။ သတ္တုမိုင်းတွင်းရှာတွေ့ရန်မှာ မလွယ်ကူသောကြောင့် ရှောက်ရွှမ် လက်လျှော့လိုက်ပါသည်။ စူးကုနှင့် အခြားကျွန်ပိုင်ရှင်များသည်လည်း သတ္တု လက်နက်ကိရိယာ

များကို သုံးသည်ကို ရှောက်ရွှမ်မတွေ့ပါ။ သူတို့ဓားများသည် ရှောက်ရွှမ်၏ ဓားကဲ့သို့ ကျောက်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်သော်လည်း ပုံစံခြင်းတော့ မတူပါ။

အခုတော့ ရှောက်ရွှမ်၏ အကြံအစည်များ ပျက်စီးသွားပြီ ဖြစ်သည်။

နှင်းမြို့တော်ထဲတွင်…။ ခုနက ရွှေချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော သခင်လေးသည် ကြီးမားသော ပုဆိန်ကြီးကို ကိုင်စွဲရင်း လူသတ်ကွင်းထဲသို့ ဝင်လာပါသည်။ ပုဆိန်အရိုးတွင် အမှတ်အသားများစွာ ရေးဆွဲထားပြီး အသွားမှာ စက်ဝန်းပြတ်သဏ္ဍာန် အကွေးဖြစ်သည်။

ရွှေနဲ့လုပ်ထားတာလား။

ရွှေနဲ့လုပ်ထားတာ မဖြစ်နိုင်ပါ။

ကြေးလား။ ထိုအခါ ရှောက်ရွှမ်၏ နှလုံးခုန်သံ

များ မြန်ဆန်လာသည်။ ကြေးနှင့်ပြုလုပ် ထားသည်ဆိုလျှင် နှင်းမြို့တော်ထဲတွင် သတ္တုမိုင်းတွင်း တစ်တွင်း ရှိနေမည် ဖြစ်သည်။

“ဘယ်လိုလဲ…အံ့ဩသွားပြီလား” စူးကုသည် ရှောက်ရွှမ်၏ အမူအရာကို မြင်သောအခါ ရယ်သည်။ “အဲဒါတွေကို ကျောက်တုံးတွေနဲ့လုပ်ထားတာပါ…အဲဒီကျောက်တုံးတွေနဲ့ပတ်သက်ပြီး ပြောရရင် ၉၉ရာခိုင်နှုန်းလောက်က မြို့တော်ကြီး သုံးမြို့ရဲ့လက်ထဲမှာ ဆိုပါတော့ကွာ”

သတ္တုတွင်း…။

သတ္တုထုတ်ယူ၍ရနိုင်သော သတ္တုကျောက်များသည် မြို့တော်ကြီး သုံးမြို့၏ လက်ထဲတွင် ရှိနေသည်။ သို့သော် ထိုသတ္တုကျောက်များ ဘယ်ကရောက်လာသနည်း။

“အဲဒီလူတွေကို ရူးနေတယ်လို့ မထင်ဘူးလား” စူးကုသည် ရွှေရောင်ချပ်ဝတ်နှင့် ပုဆိန်ကို ကိုင်ဆွဲထားသော နှင်းမြို့တော်၏ သခင်လေးကို ကြည့်

ပြီး ရှောက်ရွှမ်ကို မေးလိုက်သည်။ သူ့မျက်လုံးများတွင် မနာလိုသည့် အရိပ်အယောင်များ ဖုံလွှမ်းနေသည်။ “ဒါသူတို့ရဲ့ အင်အားကို ပြတာပဲ”

တစ်စုံတခုကို တွေးမိသွားသောအခါ စူးကုသည် အသံကိုနှိမ့်လိုက်ပြီး ရှောက်ရွှမ်ကို ဆက်ပြောသည် “ မြို့ကြီးသုံးမြို့အပြင် သတ္တုရိုင်းတွေပိုင်ဆိုင်တဲ့ အခြားမြို့တော်တွေလည်း ရှိတယ်…ဒါပေမဲ့ များသောအားဖြင့် မြို့ကြီးသုံးမြို့က လက်ဆောင်ပေးထားတာ များတယ်…ငါ့အဖေရဲ့ဓားလိုပေါ့ အဲဒီသတ္တုရိုင်းတွေက ဘုရင်တွေရဲ့လက်ထဲမှာ ရှိတာများတယ်…အဲဒါကို မင်းတို့ မျိုးနွယ်စုတွေက သတ္တုရိုင်းတွေ ရှာဖို့ စိတ်ကူးနေသေးတယ်” ။

ရှောက်ရွှမ် မျက်တောင် ပုတ်ခတ်၊ပုတ်ခတ် ဖြစ်သွားသည်။ စူးကု၏ စကားအရဆိုလျှင် အခြားမျိုးနွယ်စုတွေကလည်း သတ္တုရိုင်းပိုင်ဆိုင်နိုင်ရန် အကြံထုတ်နေသည့် သဘောပင်။

ထို့ကြောင့် ရှောက်ရွှမ် စိတ်ထဲတွင် ဤနေရာသို့

လာသော မျိုးနွယ်စုများတွင် လျှို့ဝှက်ချက်များ ရှိရမည်ဟု ထင်နေခြင်းဖြစ်သည်။ ထိုလျှို့ဝှက်ချက်များထဲမှ တစ်ခုမှ သတ္တုရိုင်းများ ဖြစ်လေသည်။

ကွင်းထဲတွင်မူ ရွှေရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားသော နှင်းမြို့တော်သခင်လေး သည် ပုဆိန်ကြီးကို ကိုင်ကာ ကြွေးကြော်လျက်ရှိသည်။

အခြားမြို့များမှ လူများကတော့ တုတ်တုတ်ပင် မလှုပ်ကြပါ။ နှင်းမြို့တော်မှ လူများကတော့ သူတို့၏သခင်လေးကို အားပေးသည့်အနေဖြင့် လိုက်လံ ကြွေးကြော် ကြသည်။

“ဝုန်း”

ကွင်းပြင်၏ အခြားတစ်ဖက်တွင် နောက်ကျောက်တံခါးကြီး တစ်ခု ပွင့်လာပါသည်။

တံခါးမှနေ၍ အမြင့် ၁၀မီတာလောက်ရှိမည် ဖြစ်သော ဧရာမသားရဲကြီး တစ်ကောင် ကွင်းထဲသို့ ဝင်လာပါသည်။ ကြံ့ခိုင်သော ခြေလက်ကြီး

များရှိပြီး ခန္ဓာကိုယ်ကြီးမှာလည်း ကြီးမားလေးလံလှပါသည်။ ၎င်းကို ကြည့်ရသည်မှာ ဦးချိုမပါသော ကြံ့ကြီးတစ်ကောင်နှင့်တူပါသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း အသံကျယ်ကြီးများ ထွက်ပေါ်လာသလို မြေပြင်မှာလည်း တုန်ခါသွားပါသည်။ ရာသီဥတု ကြောင့်လား၊ အခြားအကြောင်းအရာကြောင့်လားတော့ မသိ၊ အရေခွံမှာ အစိမ်းရောင်ဖြစ်နေပါသည်။

“ဟေ့”

စူးကုကို တစ်စုံတစ်ယောက်က စကားလှမ်းပြောလိုက်သည်ကို ရှောက်ရွှမ်ကြားလိုက်ပါသည်“သားရဲကြီးကို ကြည့်ရတာ ထင်သလောက် စွမ်းမယ့်ပုံမပေါ်ဘူး”။

လော့ယဲ့ မြို့တော်ဘက်ကလူတွေကသာမက အခြားမြို့များမှ လူများပါ ထိုသားရဲကြီးကို အကဲခတ်နေကြသည်။ ၎င်း၏ကိုယ်လုံးမှာ ကြီးမားသော်လည်း တိုက်ခိုက်မှုမှာ သားရဲသတ်ပွဲတော်ကြီးတွင် ပါဝင်သော အခြားသားရဲကြီးများ

နှင့် နှိုင်းယှဉ်၍ မရပါ။ ထို့ပြင် ထိုသတ္တဝါကြီးမှာ အရွက်စားသတ္တဝါ ဖြစ်ပါသည်။ နှင်းမြို့တော်မှ လူများသည် ထိုသတ္တဝါကြီးကို ဘယ်နေရာမှ ရှာလာသည်လဲ မသိပေ။ ထိုသတ္တဝါမျိုးသည် သဲကန္တာရထဲတွင် နေထိုင်သော သတ္တဝါမျိုးမဟုတ်ချေ။

လူများစိတ်ပျက်သွားကြသည်။ ထိုသတ္တဝါဖြစ်နေသောကြောင့်သာ နှင်းမြို့တော်၏ သခင်လေးမှာ ဖွင့်ပွဲကို စတင်ဖွင့်လှစ်ရဲခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ သတ္တဝါတစ်ကောင်နှင့် သတ်ပုတ်ခြင်းက ရယ်ဖွယ်ပင် ကောင်းနေပါသေးတော့သည်။

သို့သော် နှင်းမြို့တော်၏ လူများကတော့ ငြင်းဆိုကြလိမ့်မည် “ ဒီသားရဲနဲ့လည်း သတ်လို့ရတယ်ကွ…ငါတို့ သခင်လေး ဝင်ကစားချင်စိတ်ရှိဖို့ပဲလိုတယ်”။

ထိုလူများသည် နှာခေါင်းရှုံ့လိုက်ကြသည်။ ၎င်းသည် အားနည်းသည်မှန်သော်လည်း သားရဲတစ်ကောင်တော့ ဖြစ်နေသေးသည်။ ၎င်းနှင့်

တိုက်ခိုက်ရမည့်သူက စွန့်စားရမည် ဖြစ်သည်။ တုတ်ခိုင်သော ခြေထောက်ကြီးများနှင့် နင်းခံလိုက်ရပါက ပြားချပ်သွားမည်ဖြစ်သည်။ တကယ်တမ်းတိုက်ခိုက်ကြမည်ဆိုလျှင် ပွဲကြည့်စင်ပေါ်မှလူများလည်း အချိန်မီ လာကယ်နိုင်မည် မဟုတ်ပါ။ သူတို့သည်လည်း ကိုယ့်အသက်ကိုတော့ တန်ဖိုးထားကြသည် မဟုတ်ပါလား။

“ဝုန်း…ဝုန်း… ဝုန်း…ဝုန်း…”

ကြီးမားလှသော ကိုယ်လုံးကြီးသည် ဝင်ပေါက်ထဲသို့ဝင်လာသည်။ ထို့နောက် ပတ်ဝန်းကျင်ကို မနှစ်မြို့သည့် ဟန်ဖြင့် ကျယ်လောင်စွာ အော်ဟစ်နေသည်။

သားသတ်ကွင်းကြီးထဲမှ ထိုသားရဲကြီး၏ အော်သံသည် မိုးခြိမ်းသံလို ထွက်ပေါ်လာပါသည်။

၎င်းအော်သံသည် ပရိတ်သတ်ကို အချက်ပြလိုက်သလိုပင် ဖြစ်သည်။ သားရဲကြီး၏ အော်သံ

မရပ်တန့်သွားခင်တွင် ပွဲကြည့်စင်ပေါ်မှ ကျွန်ပိုင်ရှင်များက ကြိုးဝိုင်းထဲကို လှမ်းအော်ကြလေတော့သည်။

“ဟေး…”

“စပါတော့ဗျို့…သတ်ပါတော့ဗျို့”

အခြားမြို့များမှ လူများသည် ရွှေလက်နက်များကို ကိုင်ဆွဲထားသော နှင်းမြို့တော်မှ သခင်လေးနှင့် သားရဲကြီးကို တွေ့သောအခါ ၎င်းတို့၏ စိတ်ထဲတွင် အကြံအစည်များပေါ်လာသည်။ သို့သော် အခြားလူများ၏ အော်သံများကို ကြားရသောအခါ ၎င်းတို့၏ စိတ်ဓာတ်များလည်း ပြန်လည် တက်ကြွလာပါသည်။ ထိုကဲ့သို့ အချိန်မျိုးနွင် တခြားဘာများလိုချင်၍ ရမည်နည်း။ သူတို့သည် ပျော်ချင်၍ သားသတ်ကွင်းကြီးဆီသို့ လာခြင်းဖြစ်သည်။ လှပစွာ ဝတ်စားထားကြသော အမျိုးသမီး ကျွန်ပိုင်ရှင်များပင် ကျယ်လောင်စွာ အော်ဟစ် အားပေးနေကြသည်။

အချိန်အတိုင်းအတာတစ်ခုအထိ ကွင်းပြင်ကြီးတစ်ခုလုံး ဆူညံပွက်လောရိုက်နေပါသည်။

ထိုနေရာကို လာကြသော ကျွန်ပိုင်ရှင်များသည် သူတို့နှင့် အတူ လူပေါင်းများစွာကို ခေါ်ဆောင်လာခဲ့ပါသည်။ ထို့ကြောင့် မြို့ကြီးသုံးမြို့တွင် လူများထောင်ချီ၍ ရှိနေပါသည်။

သားသတ်ကွင်ကြီးနားတဝိုက်တွင် ဆူညံစွာ အားပေးသံများ ပဲ့တင်ထပ်နေပါသည်။ ပွဲကြည့်စင်များပေါ်တွင် ငြိမ်သက်စွာ နေနေကြသူများပင် ထိုအသံများကို ကြားသောအခါ အပျော်များ ကူးစက်ကုန်ကြလေသည်။

(ဆက်ရန်…)

All Chapters