← Chapters

အဆုံးသတ်

Vol. 22 Ch. 327

အဆုံးသတ်

Vol. 22 Ch. 327

ထိုနေ့တွင် နှင်းမကျဘဲ နေသာနေ၏။

အဆင့်မြင့်သော ကျွန်များထိုင်သောနေရာကို နေမထိုးရန် အမိုးကာထားသည်။ မြို့တော်၏ သင်္ကေတများကို ဖော်ကျူးထားသော အလံများကတော့ လေထဲတွင် တဖျပ်ဖျပ် လူးနေ၏။

ကွင်းထဲတွင်တော့ ပုဆိန်ကို အားပါစွာ လွှဲလိုက်သော လူပေါ်သို့ နေရောင်က ကျနေပါသည်။ သူသည် ခြေတစ်လှမ်းချင်းလှမ်းရင်း သားရဲကြီးကို ရင်ဆိုင်လိုက်သည်။ သူသည် ရှိသမျှ အားတို့ကို ထုတ်ကာ သားရဲကြီးကို တိုက်ခိုက်ပါသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း တိုက်ခိုက်မှုမှာ အင်အားပိုမို ပြင်းထန်လာသည်။

ထွက်ပေါ်နေသော ခြေသံကြီးများမှာ သားရဲကြီးများ တိုက်ခိုက်နေကြသလို ဆူညံနေသည်။

စစ်ဗုံတီးသံ တစ်ဒုံးဒုံးကို နားထောင်ရင်းနှင့် ကြက်သီးမွှေးညှင်းများပင် ထသွားနိုင်ပေသည်။

နှင်းမြို့တော် အနေနှင့် အဖွင့် ပွဲစဉ်ကို အလှသက်သက်ပြုလုပ်၍ ဖွင့်လှစ်ရန် ပြင်ဆင်ထားသော်လည်း နှင်းမြို့တော် သခင်လေးသည် သားရဲကြီးကို တိုက်ခိုက်ပြီး သူ၏ခွန်အားကို ပြသနေသည်။ သခင်လေးသည် ဘယ်လိုတိုက်ခိုက်ရမလဲ နားလည်သည်။ တစ်ချက်ထိမိသွားသောအခါ သခင်လေးသည် သားရဲကြီး၏ တန်ပြန်တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။ သူ၏ အရေးကြီးသော ခန္ဓာကိုယ်အစိတ် အပိုင်းများကို ချပ်ဝတ်တန်ဆာများဖြင့်လည်း ကာကွယ်ထားပါသေးသည်။

သားသတ်ကွင်းကြီးထဲတွင်ရှိသော တိုက်ပွဲပြုလုပ်ရာ မြေပြင်သည် သဲများနှင့်ဖုံးလွှမ်းနေသော်လည်း ကျွန်ပိုင်ရှင်များသည် တိုက်ပွဲပြုလုပ်ရာ မြေနေရာကိုတော့ မြင်တွေ့နိုင်ပေသည်။ တိုက်ပွဲဆင်နွှဲရာနေရာရှိ သဲပြင်သည် အပေါ်ယံ

အကာအကွယ်တစ်ထပ် ပါသေးသဖြင့် ထိုနေရာရှိသဲများသည် အမှုန်ကြီးသော သဲများ ဖြစ်နေသည်။ သဲကန္တရာထဲမှာ သဲမုန်တိုင်းတိုက်နေလျှင်တောင် သားသတ်ကွင်းကြီးထဲမှ သဲများကတော့ လေထဲတွင် လွင့်ပျံပြီး ပရိတ်သတ်ကို အနှောင့်အယှက်ပေးမည် မဟုတ်ပေ။

ကျွန်ပိုင်ရှင်များအမြင်တွင် တိုက်ပွဲကောင်းတစ်ခုဆိုသည်မှာ သွေးထွက်မှ တိုက်ပွဲကောင်းဟု ခေါ်ထိုက်သည်ဟုမြင်ကြသည်။ သွေးများပိုချင်းချင်းနီလေ ပိုကောင်းလေ ဖြစ်သည်။ ထိုသို့မဟုတ်ပါက မအောင်မြင်သော တိုက်ပွဲတစ်ခု ဖြစ်သွားပေလိမ့်မည်။

ကွင်းပြင်ထဲတွင် သဲမှုန်များသည် တုန်ခါနေပြီး အနားရှိ နံရံများဆီသို့ လွင့်စင်ထွက်ကုန်သည်။ ထို့ပြင် တော်လဲသံကဲ့သို့ အသံကြီးလည်း ထွက်ပေါ်နေသည်။

ပုဆိန်သွားက သားရဲကြီး၏ ကိုယ်ထဲသို့ ဖောက်ဝင်သွားသဖြင့် အနီရောင်သွေးကွက်ကြီး ဖြစ်ပေါ်

သွားသည်။ သားရဲကြီး၏ ကိုယ်ထဲမှ သွေးများသည် သားသတ်ကွင်းထဲမှ သဲပြင်ပေါ်သို့ ပန်းထွက်ကုန်လေသည်။

သားသတ်ကွင်းကြီးတစ်ခုလုံး ထိန်းမနိုင်၊ သိမ်းမရ ဖြစ်ကုန်၏။ ပွဲကြည့်စင်များပေါ်တွင်၊ သားရဲကြီးကို သတ်လိုက်သည့်အတွက် ကျွန်ပိုင်ရှင်များက ကျယ်လောင်စွာ အော်ဟစ် အောင်ပွဲခံနေကြသည်။

သားရဲကြီးသည် အားချိနဲ့စွာဖြင့် ဟိန်းဟောက်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

နှင်းမြို့တော်သခင်လေးသည် ပုဆိန်ကြီးကိုမ၍ ကြိုးဝိုင်းတွင် လှည့်လည်ကာ အောင်ပွဲခံနေပါသည်။ သူ့ရွှေရောင်ချပ်ဝတ်ပေါ်တွင် သားရဲကြီးကိုယ်မှ နီစွေးသော သွေးများ စွန်းပေနေ၏။ နှင်းမြို့တော်သခင်လေးသည် သူ့ကိုယ်သူ လိုတာထက် ပိုအထင်ကြီးနေသလို ဖြစ်နေသည်။

ထိုမြင်ကွင်းကို မြင်သောအခါ နှင်းမြို့တော်၏

ဘုရင်က ကျေနပ်စွာ ပြုံးလိုက်သည်။ နောင်တစ်ချိန် ထီးနန်းကို ဆက်ခံမည့်သူသည် ခွန်အားဗလနှင့် မပြည့်စုံပါက ဘာတွေဖြစ်ကုန်မည်နည်း။ ယနေ့တိုက်ပွဲမှာ အနာဂတ်နှင်းမြို့တော်ဘုရင်၏ ခွန်အားကို အများမြင်သာအောင် ပြသလိုက်ခြင်း ဖြစ်ပေသည်။

အခြားသူများ မည်သို့ ထင်သည် ဖြစ်စေ၊ နှင်းမြို့တော်ဘုရင်ကတော့ သူ့ကလေးများသည် အခြားသူများထက် သာလွန်သည်ဟုသာ မှတ်ထင်ထားသည်။ နောက်တစ်ပွဲစသည့်အချိန်ထိ သူ့မျက်နှာပေါ်မှ ဂုဏ်ယူသော အရိပ်အယောင်များ ပျောက်ကွယ်မသွားပေ။

အနာဂတ်၏ နှင်းမြို့တော်ဘုရင်အကြောင်းကို ပြောဆိုနေကြချိန်တွင် ကျောက်သင်္ချိုင်းမြို့တော်၏ အထူးပွဲကြည့်စင်ပေါ်တွင် ကျောက်သင်္ချိုင်းမြို့တော်ဘုရင် သည် ဝိုင်တစ်ခွက်ကို ဖြည်းဖြည်းချင်း သောက်နေပါသည်။ သူ့နားတွင် နှင်းမြို့တော်ဘုရင်အကြောင်းဆွေးနွေးနေကြသည်ကို ကြားသော်လည်း သူကတော့ သူ့အမြင်

ကို ထုတ်ဖော်မပြော။ သူသည် ပြုံးရုံသာပြုံးလိုက်ပြီး ထိုလူများကို သိပ်အရေးလုပ်မနေပေ။

ပထမကစားပွဲ ပြီးဆုံးသွားလေပြီ။ ကွင်းထဲတွင် သန့်ရှင်းရေးအနည်းငယ် လုပ်ပြီးသောအခါ ဒုတိယပွဲကို စတင်တော့မည် ဖြစ်သည်။

ငယ်ရွယ်သော ကျွန်ပိုင်ရှင်များသည် သားရဲကြီးများ အချင်းချင်းတိုက်ခိုက်သော ပွဲများကိုသာ ကြည့်ချင်ကြသည်။ ထိုပွဲစဉ်မျိုးမှာ ပျော်စရာကောင်းသော်လည်း၊ သက်ကြီးပိုင်းများကတော့ လူသားနှင့် သားရဲတိုက်ခိုက်သည်ကို ကြည့်လိုကြပါသည်။ ထို့ကြောင့် အဆင့်တက်ရန် ရည်မှန်းထားကြသော ကျွန်များသည် သူတို့လည်း ကစားပွဲတွင် ပါဝင်ချင်ကြောင်း ထုတ်ဖော်ပြောကြသည်။

ဒုတိယပွဲတွင်တော့ တိုက်ခိုက်ရမည့် သားရဲသည် အလှသက်သက်မဟုတ်တော့။

ရက်စက်ကြမ်းကြုတ်စွာတိုက်ခိုက်မည့် သားရဲ

တိုက်ပွဲအစစ်တစ်ခု စတင်ပါတော့မည်။ အဖွင့်ပွဲတုန်းကလို ခမ်းခမ်းနားနား ပြသခြင်းများ မပါတော့ဘဲ ကျွန်ပိုင်ရှင်များကို စိတ်ကျေနပ်စေမည့် ရက်စက်ကြမ်းကြုတ်စွာတိုက်ခိုက်မည်ဖြစ်သော တိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။

ကျွန်ပိုင်ရှင်များသည် တိုက်ပွဲဝင်မည့် သားရဲများကို ကောင်းမွန်စွာ ကျွေးမွေးထားသည်။ သို့သော် သားသတ်ပွဲတော်ကြီးမစတင်မီ ရက်အနည်းငယ်အလိုတွင် ကျွန်ပိုင်ရှင်များသည် သားရဲများကို အစာမကျွေးတော့ဘဲ အငတ်ထားလိုက်သည်။ သို့မှသာ ဆာလောင်မွတ်သိပ်မှုဖြင့် ဒေါသထွက်နေသော ကြောက်မက်ဖွယ်သားရဲများကို ရရှိလာမည်ဖြစ်သည်။

ထိုသို့ နည်းစနစ်ကျစွာ အစာကျွေးထားသော သားရဲကြီးများကို ဝင်ပေါက်ဆီသို့ခေါ်လာသောအခါ၊ ကွင်းပြင်ထဲသို့ ဆက်သွယ်ထားသော ကျောက်တံခါးကြီးကို ဖွင့်လိုက်ပါသည်။ ထိုအခါ အချိန်ကြာမြင့်စွာ ပိတ်လှောင်ခံထားရသော သားရဲကြီးသည် အချုပ်အနှောင်မှ လွတ်မြောက်

သွားပြီ ဖြစ်သည်။ ၎င်းသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သွားများကို ဖြဲပြလေသည်။ သားသတ်ကွင်းကြီးတစ်ခုလုံး တုန်ခါသွားမတတ်ပင် ဖြစ်သွားရ၏။ ပွဲကြည့်စင်ပေါ်မှ ကြည့်နေသော ပရိတ်သတ်သည်လည်း ကြက်သီးမွှေးညှင်းများ ထသွားတော့သည်။

ဒုတိယတိုက်ပွဲတွင် မီးတောင်ကုန်းမြို့တော်မှ အဆင့်မြင့် ကျွန်၂ယောက်ပါဝင်မည်ဖြစ်သည်။

တိုက်ပွဲတစ်ပွဲတွင် လူဘယ်နှယောက်သာပါရမည်ဟု မကန့်သတ်ထားပေ။ ထို့ကြောင့် တစ်ခါတရံတွင် တိုက်ခိုက်မည့်သူ တစ်ဦးထက်ပိုနေသည်ကို တွေ့ရမည်ပင်။

ကျွန်၂ယောက်အနက် ၁ယောက်မှာ ခွန်အားဗလသိပ်မကောင်းသော်လည်း ဉာဏ်များပြီး တိုက်ပွဲထဲတွင် လျင်မြန်စွာ လှုပ်ရှားနိုင်မည့်ပုံပေါ်ပေသည်။ နောက်တစ်ယောက်မှာတော့ ခွန်အားဗလနှင့် ပြည့်စုံသောသူဖြစ်သည်။ ကျွန်၂ယောက်က ပူးပေါင်းတိုက်ခိုက်၍ တိုက်ပွဲ

ဝင်ပြီး ကျွန်ပိုင်ရှင်များကို စိတ်ကျေနပ်စေမည်ပင်။

သားရဲကို ရန်စနေရန် မလိုတော့။ သားရဲကြီးသည် အချုပ်အနှောင်မှ လွတ်မြောက်လာသောအခါ သတ်ဖြတ်ရန် အသင့်ဖြစ်နေ၏။ လူများက သားရဲများသတ်ဖြတ်နေကြခြင်းကြောင့် အခြေအနေမှာ ပိုစတ်ဝင်စားဖွယ်ကောင်းလာသည်။

သားသတ်ကွင်းကြီးထဲတွင်တော့ အော်ဟစ်ဆူပူသံများ၊အားပေးသံများ၊ ဟိန်းဟောက်သံများက ရောထွေးနေသည်။ သားသတ်ကွင်းကြီးသည် စိတ်ခံစားမှုများ ကိုစုပ်ယူနေသော ဝဲဂယက်ကြီးတစ်ခုလို ဖြစ်လာတော့သည်။

ဒုတိယတိုက်ပွဲအပြီးတွင် ကျွန်၂ယောက်လည်း ဒဏ်ရာရသွားသလို သားရဲကြီးလည်း ဒဏ်ရာရသွားသည်။ ၂ဖက်စလုံးက ဆက်လက် မတိုက်ခိုက်နိုင်တော့သဖြင့် နောက်ဆုံးတွင် နှင်းမြို့တော်ဘုရင်က တိုက်ပွဲကို ရပ်တန့်ရန် ဆုံးဖြတ်

ပေးလိုက်သည်။ ဘယ်သူနိုင်သည်၊ဘယ်သူရှုံးသည်က အရေးမကြီးပေ။ အရေးကြီးသည်က ပွဲစဉ်ကို ပျော်ရွှင်စွာကြည့်ရရေးပင်။ မီးတောင်ကုန်းမြို့တော်မှ လူများကတော့ စိတ်ပူနေကြပါသည်။ ဒုတိယပွဲတွင် တိုက်ခိုက်ခဲ့သော ကျွန်များမှာ သူတို့မြို့တော်မှ ဖြစ်သည်။ သူတို့ရှုံးနိမ့်ခြင်းသည် မီးတောက်ကုန်းမြို့တော် ရှုံးနိမ့်ခြင်းပင်။

မီးတောင်ကုန်းမြို့တော်မှ လူများ ဒေါသထွက်သည်ကို တွေ့သောအခါ၊ နှင်းမြို့တော်ဘုရင်၏ စိတ်ထဲတွင် ပို၍ နေလို့ ထိုင်လို့ကောင်းသွားသည်။

တတိယမြောက်ကစားပွဲကတော့ သဲတောင်မြို့တော်မှ သားရဲနှင့် မိုးမျှော်မြို့တော်မှ သားရဲတို့ ယှဉ်ပြိုင်တိုက်ခိုက်မည် ဖြစ်သည်။

တတိယပွဲစဉ်မစတင်မီတွင် လော့ယဲ့မြို့တော်ဘုရင် စူးလွင်က သူ့ကျွန်များကို စူးကုထံစေလွှတ်ပြီး သူပြောချင်သည်ကို ပြောခိုင်းလိုက်သည်။

“အဖေက မင်းကို စတုတ္ထမြောက်ပွဲအတွက် အသင့်ပြင်ထားခိုင်းတယ်” စူးကုစိတ်ရှုပ်သွားသည်။ သူတို့ဘက်မှ တိုက်ပေးမည့်သူသည် သားရဲကြီးနှင့် တိုက်ခိုက်ပြီး သေဆုံးသွားမည်ဆိုပါက သူ့အတွက် ပိုအကျိုးရှိမည် မဟုတ်ပါလား။

ရှောက်ရွှမ်သည် ထိုစကားကိုကြားလိုက်သောအခါ အနည်းငယ်အံ့ဩသွားသည်။ လဲ့နှင့်ထွော်တို့ကို ဖိအားပေးခိုင်းစေလာပါက သူလှုပ်ရှားမည်ဖြစ်သည်။ သို့သော် အခုမှ တတိယပွဲစဉ် စရုံရှိပါသေးသည်။ စတုတ္ထပွဲပင်မစတင်သေး။ စူးလွင်က ဘာများ သိထားနိုင်မည်နည်း။

ကြည့်ရသည်မှာ စူးလွင်သည် ပိုင်ရှီမြို့တော်၏ စီစဉ်ပုံကို နားလည်သည့်ပုံမပေါ်ပေ။ အမှန်တော့ နားလည်ရမည်မှာ သူ့အလုပ်ပင်။

“ကျွန်တော်နားလည်ပါပြီ” ရှောက်ရွှမ်က ခေါင်းငြိမ့်လိုက်သည်။ အံ့ဩမနေတော့ဘဲ အသင့်ပြင်ထားလိုက်သည်။

စူးကုက အသံကိုနှိမ့်လိုက်ပြီး “ ပိုင်ရှီတွေမှာ မကြာသေးခင်ကမှ ဖမ်းမိထားတဲ့ ဦးချိုပါတဲ့ တောက်တဲ့ကြီးတစ်ကောင်ရှိတယ်…အဲဒီကောင်ကြီးကို ကျွန်မပြုရသေးဘူး…အရိုင်းပဲရှိသေးတယ်…အားကတော့ တော်တော်သန်တယ်…နောက်ပြီးတော့ အဲဒီ တောက်တဲ့ကြီးက အခြားသားရဲကြီးတွေလို လွယ်လွယ်နဲ့ စိတ်မဆိုးတတ်ဘူး…ပိုင်ရှီတွေက အခြေအနေကို နားလည်တယ်…အဲဒီတော့ အဲဒီသားရဲကြီးကို ဒေါသထွက်အောင် လုပ်ချင်ရင် လွတ်ပေါက်တစ်ခုရှာထားမှရမယ်…ဒါပေမဲ့ အောင်မြင်မှာ‌တော့ မဟုတ်ပါဘူး”

စူးကုက ကန္တာရတောက်တဲ့ကြီး၏ အကျင့်စရိုက်များနှင့် တိုက်ခိုက်ပုံများကို ရှောက်ရွှမ်အားရှင်းပြနေသည်။ ဦးချိုပါသည့် တောက်တဲ့ကြီးများကို အစာဖြင့်မျှားပြီး ထောင်ခြောက်တွင် လွယ်ကူစွာ ဖမ်း၍မရပေ။ ထို့ပြင် ထိုတောက်တဲ့ကြီးများသည် အခြားသက်ရှိများအပေါ်လည်း ရန်လိုတတ်ကြပါသည်။ သားသတ်ကွင်းထဲတွင် ၎င်းသည် အခြားလူများကို တွေ့ရှိပါက ထိုလူများကို တစ်ယောက်မကျန် အကုန်သတ်ပစ်မည်

ဖြစ်သည်။

“အဲဒီတောက်တဲ့ကြီးတွေပါတဲ့ ပွဲကို ကြည့်ပြီးရင် အားလုံးစိတ်ကျေနပ်သွားမယ်လို့ ပိုင်ရှီတွေ ပြောနေတာကိုတော့ ကြားခဲ့တာပဲ” စူးကုက ပြောလိုက်သည်။

အကြမ်းဖျဉ်းအားဖြင့်တော့ သားရဲတိုက်ပွဲများသည် ဒုတိယမြောက်ပွဲစဉ်နှင့် တတိယမြောက်ပွဲစဉ်တို့လို မြို့ပေါင်းများစွာ ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။ သို့သော် တစ်ခါတလေတွင်တော့ အဖွင့်ပွဲစဉ်လိုပင် ပွဲစဉ်များကို ပွဲတော်လက်ခံကျင်းပသည့် မြို့က စီစဉ်လေ့ရှိသည်။ ဥပမာအနေဖြင့် ပိုင်ရှီမြို့တော်မှ စီစဉ်ထားသော စတုတ္ထမြောက်ပွဲစဉ်မျိုးပင်။

“မင်းနိုင်မနိုင် ခန့်မှန်းကြည့်လို့ရလား” စူးကု မေးလိုက်သည်။

“မရဘူး” ရှောက်ရွှမ်က ပြန်ဖြေလိုက်၏။ ရှောက်ရွှမ်သည် ကြိုးထုံးဗေဒင်မေးကြည့်သော်လည်း တိ

ကျသည့်အဖြေတစ်ခုကို မရခဲ့ပေ။ သို့သော် အရေးကြီးသည့် ကိစ္စတစ်စုံတရာတော့ ဖြစ်လာတော့မည်ဟု သူ့စိတ်ထဲတွင် ထင်နေမိသည်။

“သတိတော့ မပြတ်စေနဲ့ဟေ့…အနိုင်မတိုက်နိုင်ဘူးဆိုရင်တောင် ဒီကောင်ကြီးရဲ့ တိုက်ခိုက်မှုတွေကို ရှောင်နေပေါ့ကွာ…” စူးကုက ရှောက်ရွှမ်ကို သိပ်မမျှော်လင့်ထားပေ။ သုံးယောက်လုံးပူးပေါင်းပြီး အားကုန်ထုတ်မည်ဆိုလျှင်တောင် ရောက်နေသော နေရာမှာ သူတို့နေထိုင်ရာ သားရဲတို့ပျော်စံရာမြေမဟုတ်။ ပုန်းအောင်းစရာနေရာလည်း မရှိတော့သဖြင့် သူတို့သည် မဖြစ်နိုင်တာကိုလုပ်ပြရတော့မည် ဖြစ်သည်။ ထို့ပြင် ရှောက်ရွှမ်တို့ ၃ယောက်၏ ခွန်အားလောက်နှင့် မလုံလောက်ပါချေ။ အခြားနေရာများတွင် လုံလောက်ကောင်း လုံလောက်မည် ဖြစ်သော်လည်း ယခုသားသတ်ကွင်းကြီးထဲတွင် မလုံလောက်ပါ။

ရှောက်ရွှမ် အကြီးတန်းမျိုးနွယ်စုစစ်သည်တော် ဖြစ်သွားသည်ကို အများကို မပြောပြထားပါ။ ထို့ကြောင့် စူးကုက ရှောက်ရွှမ်၏ လက်ရှိ

ခွန်အားကို မသိပေ။ သိလျှင်လည်း အထင်ကြီးမိမည် မဟုတ်ပေ။

“ကောင်းပြီ…ငါအရင်ဆင်းနှင့်မယ်”

ရှောက်ရွှမ်သည် သူ့အဝတ်များကို လှမ်းဆွဲလိုက်ပြီး အိုက်ရှစ်နှင့်အတူ ပွဲကြည့်စင်မှ ထွက်ခွာလာပါသည်။ ပွဲကြည့်စင်နောက်တွင်တော့ သားသတ်ကွင်းကြီးဆီသို့ သွားနိုင်သော လှေကားထစ်များရှိသည်။ ထိုလှေကားထစ်များမှ တဆင့် လှိုဏ်ခေါင်းထဲသို့ ဝင်ပြီး တိုက်ပွဲပြုလုပ်ရာ ကွင်းပြင်သို့သွားနိုင်မည် ဖြစ်သည်။

(ဆက်ရန်…)

All Chapters