← Chapters

တိုက်ခိုက်ခြင်း

Vol. 22 Ch. 328

တိုက်ခိုက်ခြင်း

Vol. 22 Ch. 328

လှေကားထစ်များအတိုင်းဆင်းလာသောလမ်းတလျှောက်သည် မှောင်မည်းနေပြီး လူသူကင်းမဲ့နေ၏။ သူတို့ခေါင်းပေါ်ရှိ ပြတင်းပေါက်များမှ အလင်းရောင်များ ကျရောက်နေလေသည်။

မတော်တဆဖြစ်ရပ်များအား ကာကွယ်ရန် မြို့တော်ကြီးသုံးခုတွင် ကျွန်အမြောက်အများ စောင့်ကျပ်နေကြသည်။

ရှောက်ရွှမ်ကိုတွေ့သောအခါ ထိုလူများသည် မေးခွန်းထုတ်လာကြ၏။ ထိုအခါ ရှောက်ရွှမ်သည် နောက်ပွဲစဉ်တွင် ပါဝင်တိုက်ခိုက်မည့်သူဆိုသည်အား သိသွားကြသည်။ အိုက်ရှစ်သည် လော့ယဲ့ဘုရင်ပေးထားသော သစ်သားလေးတစ်ချောင်းကို ဆွဲထုတ်ပြီး သူတို့နားတွင် ထားလိုက်ကာ သတိပေးလိုက်သည် “မင်းတို့အခုဝင်သွားလို့ မရသေးဘူး…အထဲမှာ ပိုင်ရှီမြို့တော်

ကလူတွေရှိနေသေးတယ်…မင်းတို့စောင့်ရဦးမယ်”။

ရှောက်ရွှမ်သည် လှိုဏ်ခေါင်းအဝကိုလှမ်းကြည့်လိုက်သည်။ မှန်ပေသည်…ပိုင်ရှီမြို့တော်မှ လူ၁၂ယောက်လောက်အား တွေ့လိုက်ရသည်။ လှိုဏ်ခေါင်းထဲတွင် ထွော်နှင့်လဲ့တို့ပါ၊မပါ သိလိုသော်လည်း ရှေ့ဆက်တိုးချိန်မရလိုက်ပေ။

ပိုင်ရှီမြို့တော်နှင့် လော့ယဲ့မြို့တော်တို့မှာ အရင်တုန်းက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ ဖူးသောကြောင့် အိုက်ရှစ်သည် ရှောက်ရွှမ်ကို လိုက်ဆွဲထားခြင်းဖြစ်သည်။ သူတို့နောက်သို့ လိုက်လာသော အခြားလူများကိုလည်း အော်ခေါ်လိုက်သည်။ အခုတော့ လှိုဏ်ခေါင်းထဲတွင် အဖွဲ့၂ဖွဲ့ ထိပ်တိုက်တွေ့ကြလေပြီ။

“နောက်ပွဲမှာ ပါမယ့်လူတွေရှိလား” ရှောက်ရွှမ်က ကျယ်လောင်စွာ အော်လိုက်သည်။ လဲ့နှင့် ထွော်တို့သည လှိုဏ်ခေါင်းထဲရှိမည်ဆိုလျှင် သူတို့က

စကားပြန်ပြောပေလိမ့်မည်။

ရှောက်ရွှမ်၏ အော်သံ ထွက်ပေါ်လာပြီး မကြာခင်မှာပင် ထွော်၏အသံ ထွက်ပေါ်လာ၏ “အားရွှမ်လား”။

ထွော်သည် လူအုပ်ထဲမှ ထွက်မလိုလုပ်ပြီးမှ ရပ်တန့်သွားသည်။

“အားရွှမ်…မင်းဒီမှာဘာလာလုပ်တာလဲ…မြန်မြန်သွားစမ်း” ထွော်ကအော်လိုက်သည်။

“ဘာတွေအော်နေတာလဲ” ။ ပိုင်ရှီမြို့တော်မှ လူများစခန်းချသောနေရာဘက်မှ အသံများ ဆက်တိုက်ထွက်ပေါ်လာပါသည်။ ထို့နောက်တွင်တော့ တိုက်ခိုက်သံများ ထွက်ပေါ်လာသည်။

ရှောက်ရွှမ်သည် အနီးဆုံးသော ပိုင်ရှီမြို့တော်မှ လူတစ်ယောက်၏ ခြေထောက်ကို ကြည့်လိုက်သည်။

ထိုခြေထောက်မှာ ပိုင်ရှီမြို့တော်နှင့် လော့ယဲ့မြို့တော်တို့ကို ခွဲခြားပေးထားသော မျဉ်းတစ်ကြောင်းနှင့်တူနေသည်။ အဖွဲ့၂ဖွဲ့တို့ အကြည့်ချင်းဆုံသည့်အခါ ရန်ပွဲ စတင်ဖြစ်ပွားတော့သည်။

မြို့ကြီးသုံးမြို့မှလူများသည် အော်ဟစ်ပြေးလွှားနေကြရင်း ရန်ဖြစ်သည့် အဖွဲ့၂ဖွဲ့ကို လိုက်ဆွဲနေကြ၏။ အစောင့်များ၏ ဖြန်ဖြေမှုကြောင့် အဖွဲ့၂ဖွဲ့လုံး တိုက်ခိုက်မှုကို ရပ်လိုက်သောအခါ၊ ရှောက်ရွှမ်က လှိုဏ်ခေါင်းထဲပင် ရောက်နေပြီ ဖြစ်သည်။

လှိုဏ်ခေါင်းထဲတွင် အနည်းငယ်မှောင်နေသော်လည်း ရှောက်ရွှမ်ကတော့ အထဲက အခြေအနေကို လှမ်းမြင်လိုက်ရသည်။

ထွော်သည် နံရံကို မှီ၍ ရပ်နေ၏။ သူသည် ပိုင်ရှီမြို့တော်မှ လူများနှင့် ခဏတာ တိုက်ခိုက်ခဲ့ရသဖြင့် မောပန်းနေပေသည်။ ထွော်၏ဘေးတွင်တော့ လဲ့သည် မြေပြင်ပေါ်တွင် လှဲနေသည်။ လဲ့၏အခြေအနေကတော့ သိပ်မကောင်းပေ။

အခြေအနေများကို စစ်ဆေးကြည့်လိုက်သောအခါ ထွေ၏ ဒဏ်ရာမှာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်းသိလိုက်ရသည်။ နံရိုးအနည်းငယ်ကျိုးပြီး ကိုယ်တွင်းအင်္ဂါများ အနည်းငယ်ထိခိုက်သွားသည်။ ထွော်နှင့်လဲ့တို့၏ ဒဏ်ရာများကို ထည့်ပေးရန် ရှောက်ရွှမ်သည် ဆေးများကို ထုတ်ယူလိုက်သည်။ ထို့နောက် ရှောက်ရွှမ်သည် အနားတွင် ရှိသောလူများကို လှမ်းကြည့်လိုက်သည်။

လဲ့နှင့်ထွော်အပါအဝင် ရှောက်ရွှမ်သိသောသူ လေးယောက်ရှိပေသည်။ ယွီမျိုးနွယ်စုက ၂ယောက်နှင့် ထျန်းရှန်မျိုးနွယ်စုမှ ၂ယောက်ဖြစ်သည်။ ၄ယောက်စလုံး ဒဏ်ရာအသီးသီးနှင့် ဖြစ်ကြသည်။ ထို့ပြင် ကြာပွတ်ဒဏ်ရာများရထားသော ကျွန်လေးယောက်ကိုလည်း တွေ့ရသည်။ ကျွန်တစ်ယောက်မှာ လက်ကောက်ဝတ်ကို လှီးထားသော ဒဏ်ရာရထားပါသည်။ အပြစ်ကျူးလွန်၍ ပိုင်ရှီမြို့တော်မှလူများ၏ အပြစ်ပေးခြင်းကို ခံခဲ့ရသော ကျွန်တစ်ယောက် ဖြစ်

လိမ့်မည်။

အရင်တုန်းကတော့ ပိုင်ရှီတို့၏ သေတ္တာထဲတွင် လူတွေအများကြီး ရှိကြောင်း ရှောက်ရွှမ်သိထားသည်။ သို့သော် လဲ့နှင့် ထွော်တို့ ထိုထဲတွင် ပါ၊မပါကို သူမသိပါ။ အခုတော့ လဲ့နှင့်ထွော်တို့အပြင် အခြားမျိုးနွယ်စုဝင်၄ယောက်နှင့် အပြစ်ကျူးလွန်ထားသော ကျွန်များပါ ရောက်ရှိနေခြင်းဖြစ်သည်။

လဲ့နှင့်ထွော်တို့အပါအဝင် ပိုင်ရှီမြို့တော်မှလူများသည် တောက်တဲ့ကြီးကို ရင်ဆိုင်တိုက်ခိုက်ရန် လူ၁၀ယောက်ကို ပြင်ဆင်ထားခြင်းပင်။ ထိုလူ၁၀ယောက်လုံး၏ အခြေအနေများမှာ တိုက်ပွဲဝင်ရန် အထူးလေ့ကျင့်ပေးထားသော သားရဲကြီးကို အနိုင်တိုက်နိုင်မည့် အခြေအနေမရှိကြပေ။

ထိုအချိန်တွင် ထွော်က ရှောက်ရွှမ်ကို သူတို့အဖမ်းခံလိုက်ရသည့်အကြောင်းကို ပြောြပနေပါသည်။ လဲ့နှင့်ထွော်တို့သည် ယွီနှင့်ထျန်းရှန်မျိုးနွယ်စုမှ လူများဖမ်းခံရသည်ကို သွားကြည့်မိ

သောကြောင့် ပိုင်ရှီမြို့တော်မှ လူများ၏ ထောင်ခြောက်ထဲသို့ ရောက်သွားခြင်း ဖြစ်သည်။

“ပြီးတော့” ထွော်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ “အားရွှမ်…အဲဒီနေ့က ဝမ်ရှစ်မျိုးနွယ်စု ရောက်နေတဲ့ လက္ခဏာကို ငါတွေ့လိုက်တယ်”

ကျွန်ပိုင်ရှင်များနှင့် ဝမ်ရှစ်မျိုးနွယ်စုဝင်များ ဆက်နွယ်မှုရှိသည်ကို ရှောက်ရွှမ်သိထားသည်မှာ ကြာလှပြီ ဖြစ်သည်။ သို့သော် ပိုင်ရှီမြို့တော်မှ လူများနှင့် ဆက်နွယ်မှုရှိမည်ဟုတော့ ရှောက်ရွှမ်ထင်မထားပေ။

“အဲဒီလူတွေ အပြင် တောက်ယွီကိုလည်း တွေ့ခဲ့သေးတယ်…” ထွော်သည် ထိုသူ၏နာမည်ကို စကားထဲထည့်ပြောချင်ပုံမပေါ်ပါ “ ငါနဲ့လဲ့နဲ့ ၂ယောက်ပေါင်းပြီး တောက်ယွီကို တိုက်ခိုက်တယ်…ဒါပေမဲ့ တောက်ယွီလက်ချက်နဲ့ လဲ့ဒဏ်ရာရသွားတယ်”။

သစ္စာဖောက်တစ်ဦးကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် လဲ့

နှင့်ထွော်တို့သည် မီးတောက်ဦးချိုမျိုးနွယ်စု၏ နတ်ဆေးဆရာနှင့် အကြီးအကဲတို့ရှေ့တွင် မျက်နှာပျက်တော့မည် ဖြစ်သည်။ အခုလည်း ရှောက်ရွှမ်ရှေ့တွင် သူတို့၂ယောက်မှာ ခေါင်းငိုက်စိုက်ချလျက်။

“အခုအဲဒါတွေ ပြောနေရမယ့်အချိန် မဟုတ်တော့ဘူး…မြန်မြန်လုပ်… ကိုယ့်ကိုယ်ကို အရင်ဂရုစိုက်ကြဦး” ရှောက်ရွှမ်က ပြောလိုက်သည်။

ထွော်နှင့်လဲ့တို့သည် ဆက်လက်ပြောချင်သော်လည်း ရှောက်ရွှမ်က တားထားလိုက်သည်။ ရှောက်ရွှမ်တွင် ကျန်နေသော ဆေးပင်များကို ကျန်သူများကို ခွဲဝေပေးလိုက်သည်။

ယွီမျိုးနွယ်စုနှင့် ထျန်းရှန်မျိုးနွယ်စုမှ လူ၄ယောက်မှာ အခြေအနေမကောင်းပါ။ ယွီမျိုးနွယ်စုဝင်၂ယောက်က အခြေအနေပိုဆိုးသည်။ သူတို့သည် လူငယ်များဖြစ်သဖြင့် အခုလို အခြေအနေမျိုးကို မကြုံတွေ့ဖူးပါ။ ထို့ကြောင့် အခုအခြေအနေသည် သူတို့အတွက် အလွန်ခက်ခဲ

ပါသည်။ ထျန်းရှန်မျိုးနွယ်စုဝင်များသည် လက်ထဲတွင် လေးနှင့်မြားများ ကိုင်ထားသော်လည်း စိတ်ဓာတ်ကတော့ ကျနေသည်။ သူတို့သည် အသက်ပင်သေသေဟု သဘောထားပြီး ခရီးသွားအဖွဲ့ထဲသို့ လိုက်ပါလာခြင်းဖြစ်သည်။ သို့သော် အခုလို အခြေအနေမျိုးနှင့် ကြုံတွေ့ရမည်ဟု မမျှော်လင့်ထားပါ။

အခုလို အရှက်ကွဲစရာအခြေအနေမျိုး အဖြစ်ခံမည့်အစား သားရဲမြို့တော်မှာကတည်းက သားရဲကြီးများ၏ စားသောက်ခြင်းကို ခံလိုက်ရလျှင်ကောင်းမည်။ သတ်သေဖို့တော့ သူတို့တွင် သတ္တိမရှိကြ။

လဲ့နှင့်ထွော်တို့ကတော့ သတ်သေရဲကြသည်။ သို့သော် သူတို့က သတ်မသေချင်ကြပေ။ အခုအခြေအနေက သားရဲကြီးတစ်ကောင်နှင့် တိုက်ခိုက်ရမည့် အခြေအနေဖြစ်သည်။ ထို့ကြောင့် သူတို့ကတော့ တိုက်ခိုက်မည် ဖြစ်သည်။ သူတို့အတွက် တိုက်ခိုက်ခြင်းက သတ်သေခြင်းထက် ပိုကောင်းသည်။

သားရဲကြီးများ၏ သတ်ပုတ်သံများက သားသတ်ကွင်းကြီးထဲတွင်ရှိသော လူများ၏ နားစည်များကို ရိုက်ခတ်သွားသည်။ ထိုအသံများကို ကြားရသောအခါ လှိုဏ်ခေါင်းထဲမှ လူများ၏ နှလုံးခုန်သံများ မြန်ဆန်လာပါသည်။ ယွီမျိုးနွယ်စုမှ လူငယ်စစ်သည်တော်လေး တစ်ယောက်ဆိုလျှင် ခြေထောက်များပင် တုန်ခါနေပေသည်။ သူတို့သာ သဲကန္တာရထဲ ရောက်နေသည်ဆိုပါက အော်ဟစ်မိမည်ပင်။

လွတ်အောင် ထွက်ပြေးမည်ဆိုလျှင်ကော…။ထိုအချက်ကို သူတို့မတွေးမိသည်မဟုတ်။ သို့သော် လှိုဏ်ခေါင်းအဆုံးတွင် အစောင့်များ ထူထပ်စွာ စောင့်ကြပ်နေသည်။ အပေါ်တွင်လည်း လေးသည်တော်များ ရှိနေသဖြင့် ထိုးဖောက် ပြေးခွင့်မရပေ။ သူတို့လက်ထဲတွင်တော့ လက်နက်ဟူ၍ ကျောက်တုံးတစ်တုံးပင်မပါချေ။ သူတို့သည် သားရဲကြီး၏လက်ချက်ဖြင့် အသက်သေဆုံးရတော့မည်လား။

တံခါးပေါက်တွင် ဖြစ်ပေါ်နေသော တုန်ခါမှုများ တဖြည်းဖြည်းလျော့နည်းသွားသည်။ သားရဲကြီး၏ အော်မြည်သံကို ကြားလိုက်ရသောအခါ တတိယပွဲစဉ်မကြာခင်ပြီးတော့မည် ဖြစ်ကြောင်းကို သိလိုက်ရသည်။

အရာအားလုံး ငြိမ်သက်သွားသောအခါ လှိုဏ်ခေါင်းထဲတွင် လေတိုးသံကို ပင်ကြားနေရသလို လူအားလုံး၏ အသက်ရှူသံများကိုလည်း ကြားနေရသည်။

သွေးကွက်များပေါ်သို့ လေပြင်းတစ်ချက် ဖြတ်သန်းသွားသည်။ သွေးညှီနံ့များရသောအခါ လူများမှာ ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။

ထို့နောက် စကားသံများ တိတ်ဆိတ်သွားပြီး လက်နက်များကိုင်ဆောင်ထားသော လူတစ်စုက ကွင်းထဲသို့ ဝင်လာသည်။ ထိုအဖွဲ့ကို ကောက်ကျစ်စွာ ပြုံးနေသော လူတစ်ယောက်က ဦးဆောင်လာသည်။ ထိုလူသည် ရှောက်ရွှမ်ကို လှံထိပ်ဖျားဖြင့် ရွယ်လိုက်ပြီး “ကဲ…အထဲဝင်ဖို့ အချိန်ရောက်ပြီ”

ဟုပြောလိုက်လေသည်။

“တိုက်ပွဲစတင်တော့မည်” ဟုပြောလိုက်သလိုပင်။

“ဝုန်း”

လေးလံလှသော ကျောက်တံခါးကြီး ပွင့်သွားသည်။ အလင်းရောင်စူးသောကြောင့် လှိုဏ်ခေါင်းထဲမှ လူများသည် လက်များမြှောက်ပြီး နေရောင်ခြည်ကို ကာကွယ်လိုက်ကြသည်။

ပွဲစဉ်တစ်ခုပြီးတိုင်း သဲအသစ်ကို လဲလှယ်သော်လည်း သဲပြင်ပေါ်တွင်တော့ သွေးကွက်ကြီးများထင်နေဆဲဖြစ်သည်။

အစောင့်များက ၎င်းတို့အား ကွင်းထဲဝင်ရန် တိုက်တွန်းနေကြသည်။ မလှုပ်ရှားပါက ကျောကို ဓားမြောင်ဖြင့် တွတ်လိုက်သည်။ ရှောက်ရွှမ်ကတော့ ထိုဓားမြောင်ကို ကာလိုက်၏။

ရှောက်ရွှမ်က သူ့ဓားကို ကာလိုက်သောအခါ အစောင့်သည် နောက်ဓား၂ချောင်းထပ်ယူရန် တွေးလိုက်သည် “ဘာလဲ…မင်းက ငါတို့နဲ့အတူ အထဲ လိုက်ဝင်မလို့လား”။

အစောင့်မှာ နောက်သို့ ခြေတစ်လှမ်းဆုတ်သွားပါသည်။ သူသည် ကွင်းထဲသို့ ဝင်ပြီး သားရဲကြီးနှင့် မတိုက်ခိုက်ချင်ပေ။

ရှောက်ရွှမ်သည် အခြားသူများကို ကြည့်မနေတော့ဘဲ၊ ထွော်နှင့်လဲ့တို့နောက်ကလိုက်၍ ကွင်းပြင်ထဲသို့ ဝင်လာလိုက်သည်။ ယွီမျိုးနွယ်စုနှင့် ထျန်းရှန်မျိုးနွယ်စုမှ လူလေးယောက်ကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။ ခဏကြာမှ ခြေတစ်လှမ်းတိုးလာသည်။ နောက်ဆုံးကျွန်လေးယောက်ကိုတော့ အစောင့်များက ကွင်းပြင်ထဲသို့ ကန်ထည့်လိုက်၏။

ကျောက်တံခါးကြီးကိုလည်း ပိတ်လိုက်ပြီ ဖြစ်သဖြင့် နောက်ပြန်လှည့်၍ မရတော့ပေ။

“ဝုန်း”

အထူးပွဲကြည့်စင်ပေါ်မှ ဓား၁၀ချောင်းခန့် ပြုတ်ကျလာသည်။ ဓားများမှာ အသွားထက်သော ဓားများဖြစ်ပြီး ကျောက်သားမှာလည်း အရည်အသွေးကောင်းလှသည်။

ကွင်းပြင်ထဲသို့ ဝင်လာသောသူများသည် ဓားတစ်ယောက် တစ်ချောင်း ကိုင်ထားလိုက်ကြသည်။

ကွင်းပြင်ကြီး၏ အခြားတစ်ဖက်တွင်တော့ ကျောက်တံခါးကြီး ပွင့်လာ၏။ ထိုအခါ တံခါးပေါက်မှ ဦးချိုတစ်ချောင်းတည်းသာပါသော ဧရာမသားရဲကြီးတစ်ကောင် ထွက်လာသည်။

ထိုအချိန် သားသတ်ကွင်းကြီး၏ တစ်နေရာ၌။ သားသတ်ပွဲတော်ကြီးတွင် ပါဝင်မည့် သားရဲများကို ထိန်းသိမ်းထားသော အဆောက်အဦးအမြင့်ကြီးတစ်ခုရှိပေသည်။ သားရဲများကို တစ်ကောင်

ချင်းစီခွဲထားကြသည်။ ထိုအချိန်တွင် သားရဲကြီးတစ်ကောင်ကို ပိတ်လှောင်ထားသောအခန်းထဲမှ နောက်ချေးပိုးလေးတစ်ကောင်ထွက်လာ၏။

“ “နီလာလေး”က ရှောက်ရွှမ်တို့ကို ကယ်တော့မှာလား”

(ဆက်ရန်…)

All Chapters