လက်ဖဝါးပေါ်တွင်
Vol. 22 Ch. 329
သားရဲများကို ထိန်းသိမ်းထားသော စပါးကျီနှင့်တူသော အခန်းတစ်ခန်းထဲတွင် သားရဲကြီးတစ်ကောင်သည် တိတ်ဆိတ်စွာ လဲလျောင်းနေသည်။
၎င်းမှာ ချွန်ထက်သော ဦးချိုများရှိသည့် နွားရိုင်းကြီးတစ်ကောင်ဖြစ်ပြီး အခန်းအပြင်တွင်ဆိုလျှင် ၎င်း၏ အညိုရောင်အမွှေးများကို မြင်နိုင်မည် ဖြစ်သည်။
၎င်းမှာ ကြယ်နီမြို့တော်ဘက်မှ ငါးနှစ်ဆက်တိုက် ပြိုင်ပွဲဝင်ပေးခဲ့ပြီး ငါးကြိမ်ဆက်တိုက်အောင်ပွဲခံခဲ့သော သားရဲကြီး ဖြစ်သည်။ ၎င်း၏ကိုယ်ပေါ်တွင် မီးတောက်သဏ္ဍာန်အမှတ်အသားများပါသဖြင့် ကြယ်နီမြို့တော်မှလူများက ၎င်းကို မီးတောက်နွားရိုင်းဟုခေါ်ကြလေသည်။
ကြယ်နီမြို့တော်ဘုရင်က မီးတောက်နွားရိုင်းကြီးကို ကျွန်ပြုထားသည်။ ၎င်းသည် အခုမှ သားသတ်ကွင်းကြီးထဲတွင် ပြိုင်ပွဲဝင်ဖူးသည်မဟုတ်ပေ။ ပြိုင်ပွဲအဆက်ဆက် ဗိုလ်လုပွဲပေါင်းများစွာဆင်နွှဲခဲ့သော အကောင်ကြီး ဖြစ်သည်။
သားသတ်ကွင်းကြီးထဲမှ အသံများသည် စိတ်ရှုပ်စရာကောင်းလှသော်လည်း ထိုနွားရိုင်းကြီးကတော့ တည်တည်ငြိမ်ငြိမ်ပင်။ အချိန်ခဏတာလောက် တည်ငြိမ်နေအောင် ဆေးဝါးများ သုံးထားပုံရသည်။
နံရံပေါ်ရှိ အပေါက်များမှ အလင်းရောင်များ သိပ်မဝင်လာတော့ပေ။ ၎င်းကလည်း မှိန်ဖျဖျပတ်ဝန်းကျင်ကို သိပ်အရေးမလုပ်ပေ။
ထိုအချိန်တွင် မြေပြင်ပေါ်မှ လှုပ်ရှားမှုတစ်ခုကို သူကြားလိုက်ရသည်။ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ မြေကြီးအောက်မှ တိုးတွက်လာသော ပိုးကောင်တစ်ကောင်ကို တွေ့လိုက်
ရသည်။
နွားရိုင်းကြီးက ပိုးကောင်ကို သတိမထားမိပါ။ ပိုးကောင်ကို တချက်ကြည့်လိုက်ပြီး ဆက်လက် အနားယူနေလိုက်သည်။ မကြာခင်တွင် စတော့မည် တိုက်ပွဲအတွက် အသင့်ပြင်ရဦးမည်။ ပိုးကောင်ကို ကြည့်မနေနိုင်ပါ။
၎င်းက ပိုးကောင်ကို ဂရုမစိုက်သော်လည်း ထိုပိုးကောင်အတွက်တော့ လုံးဝဘေးကင်းသွားသည် မဟုတ်ပါ။ ပိုးကောင်သည် သွားနှင့်ကိုက်ခြင်း၊ လက်သည်းနှင့် ကုတ်ခြင်းများကို ပြုလုပ်လာနိုင်သည်။ ပို၍ ဂဏှာမငြိမ်ဖြစ်လာသည်။ ထို့ကြောင့် နွားရိုင်းကြီးက သူ့အမြီးကို တဖျတ်ဖျတ် ယမ်းခါနေသည်။ သို့သော် ပိုးကောင်က သူ့ထက်ပို၍ မြန်ဆန်နေ၏။
နွားရိုင်းကြီး စိတ်ရှုပ်လာသည်။
တိုက်ခိုက်ရန်အတွက်ကျတော့ ၎င်းသည် အခြားသားရဲများလို ၁ရက်၊၂ရက်ခန့် အငတ်နေ
ထားရခြင်းဖြစ်သည်။ အစားအစာများရှိနေသေးသည်ဆိုသော်လည်း အရင်ကထက်တော့ လျော့နည်းသွားပြီဖြစ်သည်။ ထို့ပြင် သားသတ်ကွင်းကြီးထဲတွင် ၎င်းအကြိုက် မြက်များ မရှိပါ။ ကြယ်နီမြို့တော်တွင် နေတုန်းကတော့ ကျွန်များသည် ၎င်းအတွက် မြက်များကို ယူလာပေးကြသည်။နှင်းမြို့တော်ကို ရောက်သောအခါ ၎င်းသည် ကောက်ရိုးခြောက်များနှင့် အရသာ မကောင်းသော အပင်များကို စားသောက်နေရသည်။
အခုတော့ နွားရိုင်းကြီး အနည်းငယ် စိတ်ဆိုးလာသည်။
မီးတောက်နွားရိုင်းကြီး၏ နှာခေါင်းပေါက်များမှ လေပူများကို မှုတ်ထုတ်လိုက်သည်။ထိုသို့ လုပ်လိုက်မှသာ နွားရိုင်းကြီးသည် အနည်းငယ် နေသာထိုင်သာ ရှိသွားလေသည်။
သားသတ်ရုံကြီး၏ အခြားတစ်နေရာ၌…။
ရှောက်ရွှမ်သည် သတ်ကွင်းထဲသို့ ဝင်သွားသော ချို၁ချောင်းနှင့် တောက်တဲ့ကြီးကို ကြည့်နေ၏။
၎င်း၏ ကိုယ်မှာ ပြားပြီး ဘဲဥပုံစံရှိသည်။၎င်းကို ကြည့်ရသည်မှာ ဆူးချွန်များရှိသော အမြီးရှည်ရှည် ပိုးဟပ်တစ်ကောင်နှင့် တူနေပေသည်။ ချိုတစ်ချောင်းနှင့် တောက်တဲ့ကြီး၏ နောက်ကျောကို လှံချွန်များလို ထက်မြက်သော ဆူးများက ဖုံးအုပ်ထားသည်။ ကတော့ချွန်ပုံဆူးများအပြင် ကြမ်းတမ်းသော ကျောရိုးတစ်ချောင်းလည်း ပါသေးသည်။
ဦးချိုတစ်ချောင်းနှင့် တောက်တဲ့ကြီးကို ကြည့်ရသည်မှ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထက်မြက်သော ဆူးချွန်တိုတိုလေးများက ပို၍ပင် ကြောက်ဖို့ကောင်းသေးသည်။ ထိုဆူးချွန်လေးများမှာ တိုက်ခိုက်ခြင်းထက် ခုခံခြင်းအတွက် ပေါက်ရောက်နေခြင်းဖြစ်သည်။ ထိုဆူးချွန်ကို မြင်ရသူအပေါင်းတို့မှာ ခေါင်းပင်ကိုက်သွားနိုင်လောက်သည်။
သတ်ကွင်း၏ အလယ်သို့သွားရန် တောက်တဲ့ကြီးသည် သူ၏ ခြေလက်များကို လှုပ်ရှားလိုက်သည်။ ပွဲကြည့်စင်များပေါ်မှ အသံများက ၎င်းကို အနေရအထိုင်ရခက်စေသည်။ ထို့နောက် ၎င်းသည် ဘေးဘီသို့ ကြည့်လိုက်သောအခါ ရှောက်ရွှမ်တို့ကို မြင်တွေ့လိုက်ရသည်။ နီညိုရောင်ဦးခေါင်းကြီးနှင့် မျက်လုံးတဝိုက်ရှိ အနီရောင် မျက်ရစ်များက ၎င်း၏ မျက်လုံးကို ပိုမို ထူးခြားသွားစေသည်။ ထိုမျက်လုံးကြီးများသည် ရှောက်ရွှမ်တို့ကို ကြည့်နေ၏။
တောက်တဲ့ကြီး၏ မျက်လုံးများ သူတို့ရှိရာဘက်သို့ လှည့်လာသောအခါ ရှောက်ရွှမ်သည် သူ့အနောက်မှ လူများ၏ တံတွေးမျိုချသံကို ကြားလိုက်ရသည်။ ထိုသူများ၏ နှလုံးခုန်သံကိုပါ ရှောက်ရွှမ်ကြားနေရသည်။
နှစ်ပေါင်းများစွာ အမဲလိုက်လာသော လဲ့နှင့်ထွော်နှင့်ပင် သူတို့၏ စိတ်ဓာတ်များကို ထိန်းမ
ထားနိုင်ကြပေ။ အနားတဝိုက်တွင် ပုန်းခိုစရာလည်း မရှိသဖြင့် တောက်တဲ့ကြီးနှင့် ပက်ပင်းတိုးရုံသာ ရှိတော့သည်။
သတ်ကွင်းအလယ်မှ တောက်တဲ့ကြီးသည် ပါးစပ်ကြီးဖြဲကာ ရှောက်ရွှမ်တို့ကို လှမ်းဟိန်းဟောက်လိုက်သည်။
အသံမှာ ပြီးခဲ့သော အလှည့်က သားကောင်းများလို စူးရှခြင်းမရှိသလို မိုးခြိမ်းသံလို ကျယ်လောင်ခြင်းလည်းမရှိပေ။ သို့သော် သဲပြင်ပေါ်ဖြတ်တိုက်သွားသော မုန်တိုင်းလို အသံမျိုးထွက်ပေါ်လာပြီး ကြားရသူအပေါင်းတို့မှာ ကြက်သီးမွှေးညှင်းများ ထသွားကြသည်။
တောက်တဲ့ကြီး၏ ဟိန်းဟောက်သံက လေထဲ ပျံ့နှံ့သွားသလို သတ်ကွင်းထဲမှ သဲများသည်လည်း လေထဲတွင် လွင့်နေသည်။ အားလုံး၏ မျက်လုံးထဲသို့ သဲများ ဝင်သွားသော်လည်း သူတို့သည် လွတ်မြောက်ရန် အခွင့်အလမ်းကို ဆုံးရှုံးသွားမည် စိုးရိမ်သောကြောင့် လှုပ်ပင်မလှုပ်ရဲကြ
ပေ။
“အားရွှမ်…ငါဘာလုပ်ရမလဲ” ထွော်ကလှမ်းမေးလိုက်သည်။
“ခဏစောင့်နေဦး” ရှောက်ရွှမ်သည် ချိုတစ်ချောင်းထဲပါသော တောက်တဲ့ကြီးကို ကြည့်ရှုလေ့လာလိုက်သည်။ ထို့အပြင် သူ၏ နည်းဗျူဟာ အောင်မြင်နိုင်၊မအောင်မြင်နိုင် ဆုံးဖြတ်နိုင်ရန် စူးကုပြောလိုက်သော အချက်အလက်များကို ပြန်စဉ်းစားကြည့်၏။ ရှောက်ရွှမ်သည် ထိုကဲ့သို့ အသက်ရှင်သန်ရေးအတွက် တိုက်ခိုက်မည့် သားရဲကြီးမျိုးနှင့် မတိုက်ခိုက်လိုပေ။ ပြီးဆုံးခဲ့သော ပွဲစဉ်၃ပွဲကြောင့် သားရဲကြီးများမှဦ သွေးအရမ်းဆူနေလေပြီ။ အထူးသဖြင့် လဲ့သည် သူ၏ဝေဒနာကို ကြိတ်မှိတ်ခံစားနေခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူ၏ လှုပ်ရှားနိုင်စွမ်းမှာ အကန့်အသတ်ရှိသွားပြီ ဖြစ်သည်။
သတ်ကွင်းထဲတွင် ဦးချိုတစ်ချောင်းနှင့်
တောက်တဲ့ကြီးသည် ဟိန်းဟောက်လိုက်ကာ ရှောက်ရွှမ်ဆီသို့ လျင်မြန်စွာ ပြေးသွားသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သဲများက ဖွာလန်ကြဲထွက်ကုန်၏။
ရှောက်ရွှမ်ကတော့ မလှုပ်ရှားသေးပေ။ သို့သော် အနောက်က ကျွန်လေးယောက်ကတော့ အော်ဟစ်၍ ထွက်ပြေးကုန်ကြတော့သည်။
တောက်တဲ့ကြီးသည် နဂိုတုန်းက ရှောက်ရွှမ်ဆီလာနေခြင်း ဖြစ်သော်လည်း ထွက်ပြေးနေသောသူများကို တွေ့သောအခါ ထိုသူများဆီသို့ ဦးတည်သွားသည်။ ခန္ဓာကိုယ်ကြီးက ကြီးမားလို ခြေလှမ်းကြီးများကလည်း ကြီးမားပေသည်။ ခြေလှမ်းအနည်းငယ်လှမ်းမိသွားသောအခါ ပထမဆုံးကျွန်တစ်ယောက်ကို ဖမ်းမိသွားသည်။ သားရဲကြီးသည် သူ၏ ခြေလက်တိုတိုလေးများကို ဆန့်ထုတ်ခြင်းမပြုသလို ရှည်လျားသော အမြီးကိုလည်း မယမ်းဘဲ တရွတ်တိုက်ပါသွားကာ နံရံများနှင့် ဝင်တိုက်မိသွား၏။
“ဗုန်း…”
ကျောက်ခဲစများ လွင့်ပျံထွက်လာသည်။ နံရံမှ ကျောက်တုံးများ ပြိုကျလာပြီး ထိုကျောက်တုံးများသည် သားရဲကြီး၏ ကိုယ်ပေါ်သို့ ပြုတ်ကြကုန်သည်။
ရှေ့တွင်ရှိသော ကျွန်သည် သားရဲကြီးနှင့် နံရံကြား ပိတ်မိနေပြီ ဖြစ်သည်။ သူ့အနေနှင့် အသက်ရှင်သန်ရေးအတွက် ကံတရားကိုသာ အားထားရတော့မည်။
ကျန်သူများက အသက်အောင့်ထားလိုက်ပြီး တုန်ယင်နေသော လက်များဖြင့် ဓားများကို ဆုပ်ကိုင်ထားလိုက်ကြသည်။ ရှိသမျှသော သတ္တိလေးများကို စုစည်းနေစဉ်အချိန်မှာပင် သားရဲကြီးသည် နံရံနှင့် ဝင်တိုက်မိပြန်သည်။
ပွဲကြည့်စင်ပေါ်မှ လူငယ်ကျွန်ပိုင်ရှင်များသည် အလွန်စိတ်လှုပ်ရှားနေကြသဖြင့် မျက်နှာထားများမှာ အလွန်အကြည့်ရဆိုးနေသည်။ စိတ်လှုပ်ရှား
လွန်းသဖြင့် ကျယ်လောင်စွာလည်း အော်ဟစ်နေကြ၏။
ကျွန်ပိုင်ရှင်များသည် ထိုအသံများကို ကြားသောအခါ ကွင်းပြင်ထဲမှ ကျွန်လေးယောက်မှလွဲ၍ မျိုးနွယ်စုများမှ လူများသည် ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။
မျိုးနွယ်စုဝင် လူတစ်ယောက်ဖြစ်သည်။
“သတ်…သတ်…သတ်”
“သတ်ပစ်…”
ကျယ်လောင်စွာ အော်ဟစ်နေကြသည်။
နံရံထောင့်နှင့် ဝင်တိုက်ပြီးနောက် တောက်တဲ့ကြီးသည် လည်ပင်းကိုလိမ်လိုက်ကာ လူများအားလှမ်းကြည့်လိုက်သည်။
တောက်တဲ့ကြီးနှင့် အနီးဆုံးဖြစ်နေသော ကျွန်
ကတော့ လှုပ်ပင်မလှုပ်ရဲတော့ပေ။ တောက်တဲ့ကြီးက သူ့ကို စိုက်ကြည့်နေကြောင်း သိလိုက်သောအခါ ဓားကိုလည်းမမြှောက်ရဲတော့။ ထို့နောက်တွင်တော့ နောက်သို့လှည့်ပြီး ရှောက်ရွှမ်တို့ ရှိရာနေရာသို့ ပြေးလာ၏။
အခုတစ်ခေါက်တွင်တော့ တောက်တဲ့ကြီးသည် အလျင်စလို အနောက်က မလိုက်တော့ပေ။ နောက်တစ်လှမ်းဆုတ်လိုက်ပြီး ကိုယ်ပေါ်က ကျောက်တုံးများကို ခါချလိုက်သည်။ သူသည် ထွက်ပြေးသွားသော ကျွန်ကို မကြည့်တော့ဘဲ ရှောက်ရွှမ်နှင့် ကျန်သူများ ရှိရာနေရာသို့ ခြေတစ်လှမ်းခြင်းလှမ်းလာသည်။ ၎င်းသည် မျက်လုံးများကို မှိတ်ထားပြီး ရှောက်ရွှမ်တို့ကို ဂရုစိုက်ပုံမပေါ်ချေ။
ထိုအချိန်တွင် အားလုံးသည် သတိဝီရိယမပေါ့ဆရဲပေ။ သားရဲကြီးသူတို့ဆီကို လာနေသည်ကို ကြည့်နေရင်း စိတ်လှုပ်ရှားနေကြသလို ခန္ဓာကိုယ်ရှိ အကြောအချဉ်များမှာလည်း တောင့်တင်းသွားကြသည်။
ဧရာမသတ္တဝါကြီး တဖြည်းဖြည်းနီးကပ်လာသည်ကို ကြည့်ရင်း ကျွန်တစ်ယောက်သည် နှုတ်ခမ်းကို ကိုက်ကာ ထွက်ပြေးတော့သည်။ သို့သော် ခြေလှမ်းအနည်းငယ်လောက်လှမ်းပြီးသွားသည့်အခါတွင် ခြေလှမ်းများရပ်တန့်သွား၏။ အဘယ်ကြောင့်ဆိုသော် တောက်တဲ့ကြီးက ၎င်းထွက်ပြေးသည်ကို သိသွားသောကြောင့်ပင်။
ထိုကျွန်လည်း ဆက်လက်ပြေးရန် အသင့်အနေအထားနှင့် ရပ်တန့်သွားသည်။ သူသည် သားရဲကြီးကို မကြည့်ရဲသဖြင့် မျက်လုံးထောင့်စွန်းလေးဖြင့်သာ လှမ်းကြည့်နေပါသည်။ နဖူးမှလည်း ချွေးများ ယိုစီးကျနေသည်။
ထိုကျွန်က ဆက်မပြေးတော့သောအခါ တောက်တဲ့ကြီး အနည်းငယ်စိတ်ပျက် သွားသည်။ ထို့နောက် သတ်ကွင်းထဲမှ လူများကို ပြန်ကြည့်လိုက်သည်။ လူများကို ခဏကြည့်ပြီးသွားသောအခါ ရှေ့ကို ခြေ၂လှမ်းလောက်တိုးလာ
သည်။
ယွီမျိုးနွယ်စုနှင့် ထျန်းရှန်မျိုးနွယ်စုမှ လူ၄ယောက်တို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင် ၃ယောက်နှင့် ပူးပေါင်းရန် စဉ်းစားနေသည်။ ပူးပေါင်းလိုက်လျှင် ဖိအားဒဏ်ကို မျှခံကြရမည် ဖြစ်ပြီး သားရဲကို ယခုထက် ပိုကောင်းမွန်စွာ ကြည့်ရှုအကဲခတ်နိုင်မည် ဖြစ်သည်။ သို့သော် သူတို့၏ နှလုံးခုန်သံများကတော့ ဆူညံနေပါသည်။ တောက်တဲ့ကြီး ရှေ့ဆက်တိုးလာသောအခါ ၎င်းတို့သည် အလိုအလျောက် အခြားတစ်နေရာသို ရောက်ရှိသွား၏။
သို့သော် သတ်ကွင်းမှာ စက်ဝိုင်းပုံစံ ဖြစ်ပါသည်။ သူတို့သည် ကွင်းအစပ်နားသို့ရောက်နေပြီဖြစ်ပြီး ဆက်လက်ပြေးနေမည်ဆိုပါက ကွင်းအစွန်နားတွင် လျှောက်ပြေးနေရုံသာ ရှိတော့သည်။
သားရဲကြီးသည် နောက်ကထပ်ချပ်မကွာ လိုက်လာမည်ဟု ထင်ထားသော်လည်း သားရဲကြီး
သည် ခြေ၂လှမ်းလှမ်းပြီးသော ရပ်တန့်လိုက်ပြီး ဟိန်းဟောက်နေသည်။ ဟိန်းဟောက်သံကြီးကြောင့် မြေပြင်ပေါ်မှ သဲများ တုန်ခါသွားသည်။
ကျွန်လေးယောက်ကလည်း တဖြည်းဖြည်း ဆုတ်ခွာသွားလေပြီ။ တောက်တဲ့ကြီး အာရုံမစိုက်မိအောင် သူတို့သည် တစ်လှမ်းချင်းဆုတ်ခွာနေခြင်းပင်။ ယွီမျိုးနွယ်စုနှင့် ထျန်းရှန်မျိုးနွယ်စုမှ လူများသည်လည်း နောက်ကို ခြေလှမ်း တော်များများ ဆုတ်ပြီးကြပြီ ဖြစ်သည်။
ထို့ကြောင့် သားရဲကြီးနှင့် အနီးကပ်ဆုံးဆို၍ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသာ ရှိပါတော့သည်။ ကွင်းပြင်ထဲတွင် လူ၁၀ယောက်ရှိပြီး ၇ယောက်မှာ ဘေးကင်းသောနေရာတွင် ရောက်နေကြသည်။ သားရဲကြီး၏ တိုက်ခိုက်မှုကို ခံရမည့်သူမှာ မီးတောက်ဦးချိုမျိုးနွယ်စုဝင်၃ယောက်ပင်။
ရှောက်ရွှမ်က လဲ့နှင့် ထွော်တို့ကို ဦးဆောင်ထားသည်။ အခုထိ သူတို့ မလှုပ်ရှားကြသေးပေ။
အပြင်တွင် လေများပြင်းထန်စွာတိုက်ခိုက်နေသောကြောင့် ရှောက်ရွှမ်သည် ဦးထုပ်ကို ဆွဲ၍ ဦးခေါင်းကို လုံခြုံအောင် ဖုံးအုပ်လိုက်သည်။ ထို့နောက် သားရဲကြီးဆီသို့ သွားရန် ခြေလှမ်းပြင်လိုက်၏။
ရှောက်ရွှမ် လှုပ်ရှားသောအခါ လဲ့နှင့် ထွော်တို့ကလည်း လိုက်လှုပ်ရှားကြသည်။ ရှောက်ရွှမ်သည် တိုက်ခိုက်ရန် အချက်ပြသည်ဟု ယူဆပြီး လဲ့သည် ဓားတစ်ချောင်းကို ကိုင်၍ ရှေ့သို့ တိုးလာသည်။ အမဲလိုက်ခြင်းသာ ဖြစ်ပါက သူသည် အခုလို တဇွတ်ထိုးလုပ်မိမည်မဟုတ်ပေ။ ဖိအားနှင့်ရင်ဆိုင်နေရသောကြောင့် ဖြစ်လိမ့်မည်။ သားရဲကြီးကို မြင်ပြီးသောအခါ သူသည် ထွက်ပင်မထွက်သွားချင်တော့။
သူသည် ရှောက်ရွှမ်နှင့် ထွော်တို့ အခွင့်အရေးတစ်ခုခုကို အသက်စွန့်ဖန်တီးပေးရန် အသင့်ဖြစ်နေသည်။ သားရဲကြီး ဓားနှင့် အနာတရ ဖြစ်အောင် တိုက်ခိုက်နိုင်လျှင် ကောင်းမည်။
သို့သော် သားရဲကြီးကို မတိုက်ခိုက်မီတွင် ရှောက်ရွှမ်သည် လဲ့ကို ပြန်ဆွဲခေါ်သွားသည်။ ရှောက်ရွှမ်က အသံကို နှိမ့်လိုက်ပြီး “မင်းတို့၂ယောက် ဒီမှာ နေခဲ့ဦး…ငါမနိုင်ရင် နောက်မှ မင်းတို့ ဝင်တိုက်ကြ…”
ထွော်က စကားပြောချင်သော်လည်း ရှောက်ရွှမ်က ပြောခွင့်မပေး။ ထို့နောက် ရှောက်ရွှမ်သည် သားရဲကြီး ရှိရာသို့ ထွက်သွားလေသည်။
“သူဘာလုပ်မလို့လဲ” ယွီမျိုးနွယ်စုမှ လူတစ်ယောက်ကမေးလိုက်သည်။
“ဒီလူ စိတ်ရော မှန်သေးရဲ့လား”
ထျန်းရှန်မျိုးနွယ်စုမှ လူတစ်ယောက်သည် သူတို့၏ နတ်ဆေးဆရာ ပြောသော စကားကို ပြန်အမှတ်ရသွားသည်။ သူတို့၏ နတ်ဆေးဆရာပြောသည်မှာ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအားလုံးမှာ အရူးများဖြစ်သည်ဟူ၍ ဖြစ်သည်။
အခုအခြေအနေအရတော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် တကယ်ပင် ရူးသွပ်နေကြသူများလို ဖြစ်နေကြသည်။ သူတို့သည် နောက်မဆုတ်ရုံပင်မက ရှေ့သို့ပင် တိုးသွားကြသည်။
သတ်ကွင်းထဲမှ လူများသာမဟုတ် ပွဲကြည့်စင်ပေါ်မှ လူများပင် ထိုကဲ့သို့ တွေးမိကြပါသည်။ အဝတ်စကို ခေါင်းမြီးခြုံထားသူမှာ သေချင်နေတာလား။
အခြားသူများ မည်သို့ထင်သည် ဖြစ်စေ ရှောက်ရွှမ်ကတော့ ရှေ့သို့ ဆက်သွားဆဲ ဖြစ်သည်။ ရှည်လျားသော အင်္ကျီလက်များက ကိုင်လာသော လက်နက်ကို ဖုံးကွယ်ထားပေးသည်။
ရှောက်ရွှမ် ရှေ့တိုးလာခြင်းကို သားရဲကြီးက သတိထားမိသွားသည်။ ထိုအခါ ၎င်းသည် အခြားလူများကို ဂရုမစိုက်တော့ဘဲ သူ့နားကို ချဉ်းကပ်လာသူကို မျက်လုံးသေးသေးလေးများဖြင့် စိုက်ကြည့်နေကြသည်။ သားရဲကြီးသည် သူ့နားကပ်
လာသောသူ၏ ခွန်အားကို ခံစားသိရှိနိုင်သည်။
၂၀မီတာ…
၁၀မီတာ…
၅မီတာ…
ရှောက်ရွှမ်သည် သားရဲကြီးကိုယ်မှ ထွက်ပေါ်နေသော ရွှံ့နံ့ကို ပင်ရနေသည်။ သားရဲကြီးသည် သူ့နားသို့ ကပ်လာသော လူကိုကြည့်လိုက်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ရှေ့လက်များကို မြှောက်လိုက်ပြီး ရှောက်ရွှမ်ဆီသို့ လှမ်းသွားရန် ပြင်လိုက်၏။
သို့သော် ရှောက်ရွှမ်က ပိုလျင်မြန်စွာ ဖြင့် လက်မောင်းတစ်ဖက်ကို မြှောက်လိုက်သည်။
ရှိသမျှစွမ်းအင်အားလုံးတို့သည် သူ့လက်မောင်းထဲသို့ စီးဆင်းသွားသည်။ သူ့စိတ်ထဲမှ နတ်ရုပ်သည်လည်း အလွန်တောက်ပနေသည်။
မျိုးနွယ်စုနတ်ရုပ်အတွင်းမှ အပြာရောင်မီးတောက်၅ခုထွက်လာသည်။ နတ်အမှတ်အသားများသည် သူ့လက်မောင်းတွင် နဂါးတစ်ကောင်လို ရစ်ပတ်နေ၏။ ထို့နောက် ရှောက်ရွှမ်သည် လက်၅ချောင်းကို ဖြန့်လိုက်သည်။
“ဖောက်…”
သူ့လက်ဝါးပေါ်တွင် အပြာရောင်မီးတောက်တစ်ခု ပေါ်လာလေသည်။
သားရဲကြီး၏ အော်သံကြောင့် သဲများ လေထဲတွင် လွင့်ပျံနေသည်။ ထိုအချိန်တွင် မီးတောက်များပေါ်ထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လှိုင်းဂယက်များ ဖုံးလွှမ်းသွားသည်ကို မြင်လိုက်ရတော့သည်။
(ဆက်ရန်…)