← Chapters

ကြောက်ရွံ့ခြင်း

Vol. 22 Ch. 330

ကြောက်ရွံ့ခြင်း

Vol. 22 Ch. 330

ရှောက်ရွှမ်သည် အခုမှ အပြာရောင်မီးတောက်ကို လူအများကြားတွင် ထုတ်ပြခြင်း ဖြစ်သည်။

အပြာရောင်မီးတောက်ကို မြင်လျှင် ကျွန်ပိုင်ရှင်များသည် ထိုအပြာရောင်မီးတောက်ကို ပစ်မှတ်ထားတော့မည်မှာ သေချာပါသည်။ သို့သော် ရှောက်ရွှမ်လည်း အကြံကုန်နေပြီ ဖြစ်သည်။

အပြာရောင်မီးတောက်ပေါ်ထွက်လာသောအခါ ပွဲကြည့်စင်ပေါ်တွင် ဆူညံစွာ အော်ဟစ်နေကြသော ကျွန်ပိုင်ရှင်များ အံ့ဩသွားကြသည်။

“အဲဒါက…”

“မျိုးနွယ်စုဝင်တစ်ယောက်မဟုတ်ဘူးလား…သတ်ကွင်းထဲကို ကျွန်ပိုင်ရှင်က ဘယ်လိုလုပ် ရောက်နေတာလဲ”

“ဟုတ်တယ်…အဲဒါ ဘယ်သူလဲ”

“ဦးထုပ်ဆောင်းထားတော့ သေချာမမြင်ရဘူး”

ကျွန်ပိုင်ရှင်များအနေဖြင့် အပြာရောင်မီးတောက်သည် မည်သည့်အရာကို ကိုယ်စားပြုသည်ကို သူတို့ သိထားကြသည်။ သူတို့သည် ထိုကဲ့သို့ အပြာရောင်မီးတောက် မပြုလုပ်နိုင်သူကို ကျွန်ပိုင်ရှင်အဖြစ် အသိအမှတ်မပြုကြပေ။

ထိုအပြာရောင်မီးတောက်ခြင်းသည် ကျွန်ပြုခြင်း၏ အမှတ်လက္ခဏာဖြစ်သည်။ ကျွန်ပိုင်ရှင်ဖြစ်ကြောင်း အထောက်အထားလည်း ဖြစ်သည်။

ကျွန်ပိုင်ရှင်များသာမက မြို့ပိုင်ရှင်များပါ ကိုယ်များကို မတ်ပြီး ထိုင်လိုက်ကြသည်။ ပျင်းရိစွာ ထိုင်နေပြီး ဝိုင်သောက်နေသူများလည်း သတ်ကွင်းကို ကြည့်လိုက်မိကြသည်။

စူးကုသည် အခြားစိုးရိမ်စရာကိစ္စများရှိနေသေးသော်လည်း အခုတော့ ၎င်း၏ ပါးစပ် အဟောင်းသားဖြစ်သွားရပါသည်။ ကျွန်ပိုင်ရှင်တဲ့လား…။ ရှောက်ရွှမ်အကြောင်းကို သူ့ထက်ပိုသိသူ မရှိပါ။ ရှောက်ရွှမ်သည် မျိုးနွယ်စုတစ်ခုက လူတစ်ယောက်သာ ဖြစ်သည်။ အိုအေစစ်မှာတုန်းက သူသည် ရှောက်ရွှမ်၏ နတ်အမှတ်အသားများကို မြင်ခဲ့ဖူးသည်။ သူသည် ဘယ်လိုလုပ် ကျွန်ပိုင်ရှင်တစ်ယောက် ဖြစ်နိုင်မည်နည်း။

ထိုအချိန်တွင် စူးကုသည် ရှောက်ရွှမ်မေးဖူးသော စကားကို ပြန်မှတ်မိသွားသည်… “မျိုးနွယ်စုဝင်တွေကကော ကျွန်ပြုလို့ရလား” ဟူသော မေးခွန်းပင် ဖြစ်သည်။

အဲဒီတုန်းက သူဘယ်လိုဖြေလိုက်သနည်း။ မဖြစ်နိုင်ဘူး ဟု ဖြေလိုက်သည်လား။ စူးကုသည် မျက်လုံးများကို လက်ဖြင့် ပွတ်သပ်လိုက်ပြီး သတ်ကွင်းထဲကို ထပ်မံကြည့်လိုက်မိသည်။ ဟုတ်ပါသည် အပြာရောင်မီးတောက်…ဟုတ်ပါသည်။

ရှောက်ရွှမ်က သားရဲကြီးကို စတင်တိုက်ခိုက်သောအခါ တောက်ယွီသည် ပျော်ရွှင်သွားပါသည်။ ရှောက်ရွှမ်တို့ သုံးယောက် စိတ်မကောင်းစရာ အဆုံးသတ်ဖြင့် ကြုံရတော့မည်ဟု သူတွက်လိုက်သည်။ အခုတော့ သူ့မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ သူသည်ရုတ်တရက် နောင်တရသွားသည်။ သူသည် ရှောက်ရွှမ်ကဲ့ သို့ လူတစ်ယောက်ကို လျစ်လျူပြုခဲ့သည် မဟုတ်ပါလား။ ထိုကောင်လေးသည် မျိုးနွယ်စုဝင်တစ်ယောက် ဖြစ်ကြောင်း သူသေချာသိပါသည်။ ထို့ကြောင့်လည်း သူသည် စိုးရိမ်ထိတ်လန့်နေခြင်းပင်။ သူသာအရင်ကတည်းက သိခဲ့ပါ ထိုခြိမ်းခြောက်မှုကို ရှင်းပစ်ရန် ဘာမဆို လုပ်မိမည်သာ။

ပိုင်ရှီမြို့တော်ဘုရင်သည် လက်ထဲမှ ခွက်ကို ရိုက်ခွဲပစ်ချင်နေသည်။

သတ်ကွင်းထဲတွင် မျိုးနွယ်စုဝင်များသာ ရှိနေရမည် မဟုတ်လား။ ဘာကြောင့် ကျွန်ပိုင်ရှင်တစ်ယောက် ရောက်နေရသနည်း။

“အဲဒီကောင်လေးက မျိုးနွယ်စုတစ်ခုက ဟုတ်လား”

လာလိမ်မနေနဲ့…ဒီဘုရင်ကြီးမှာ မျက်လုံးမပါဘူး မှတ်နေတာလား။ မျိုးနွယ်စုဝင်တစ်ယောက်က ကျွန်ပြုနိုင်ခွင့်ရှိသလား။ မျိုးနွယ်စုဝင်တစ်ယောက်က အပြာရောင်မီးတောက်ကို လုပ်ခွင့်ရှိတာလား။မီးတောက် ဘုရင်ကိုယ်တိုင်ပြုလုပ်သော မီးတောက်ထက်ပင် ပိုကြီးပေသည်။

ပိုင်ရှီမြို့တော်ဘုရင်ကြီး၏ မျက်နှာ ညိုမဲသွားတော့သည်။

ကျွန်များသည် သူတို့ ဘုရင်ကြီး၏ မျက်နှာကို မြင်လိုက်သောအခါ ဒေါသများ သူတို့အပေါ်ကျရောက်လာမည် စိုးသောကြောင့် အောက်သို့ ဆင်းပြေးကြလေသည်။

သို့သော် အစီအစဉ်များတလွဲတချော် ဖြစ်ကုန်

လျှင် ဒေါသများကို ချုပ်တီးထားရမည်ဖြစ်ကြောင်း ပိုင်ရှီမြို့တော်ဘုရင်သိထား၏။ သူသည် ဒေါသထွက်ပြ၍ မရပေ။ မဟုတ်လျှင် အခြားမြို့မှ ဘုရင်များက သူ့ကို အခြေအနေကို မထိန်းချုပ်နိုင်သောသူဆိုပြီး လှောင်ပြောင်ကြလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် အရာအားလုံး ပုံမှန် ဖြစ်နေသကဲ့သို့ ပိုင်ရှီမြို့တော်ဘုရင်သည် ဟန်လုပ်နေရသည်။

သတ်ကွင်းထဲတွင်…။

ရှောက်ရွှမ်သည် လက်ထဲတွင် မီးတောက်လေးကို ပေါ်စေပြီး သားရဲကြီးကို ရင်ဆိုင်လိုက်သည်။ ထို့နောက် မီးတောက်သည် သားကောင်အနံ့ကို ရသော မုဆိုးတစ်ကောင်လို သားရဲကြီး၏ ဘေးဘက်သို့ ပြေးဝင်သွားသည်။

အပြာရောင်မီးတောက်ပေါ်ထွက်လာသောအခါ သားရဲကြီး၏ ရှေ့လက်များသည် လှုပ်ရှားနေရာမှ ရပ်တန့်သွားသည်။ ဟိန်းဟောက်သံကြီးလည်း ရပ်တန့်သွားပြီး ခဏအကြာမှ ပြန်လည်

ဟိန်းဟောက်နိုင်သည်။ ၎င်း၏ အင်အားကို ရှောက်ရွှမ်အား ပြသသည့်အနေဖြင့် ကျယ်လောင်စွာ ဆက်တိုက် ဟိန်းဟောက်လိုက်၏။

ထိုကဲ့သို့ အလွန်ကြီးမားလှသော သဲကန္တာရသတ္တဝါကြီးတစ်ကောင်၏ ဟိန်းဟောက်သံကို ခြိမ်းခြောက်မှု အဖြစ် ယူဆရမည်ပင်။ အစကတော့ ခွန်အားပြသရန်သာ ဟိန်းဟောက်နေခြင်း ဖြစ်သော်လည်း အခုတော့ အားကုန်ထုတ်၍ ဟိန်းဟောက်လိုက်ခြင်းဖြစ်သည်။

၎င်းသည် ရှောက်ရွှမ်နှင့် အပြာရောင်မီးတောက်ကို ကြောက်ရွံ့စွာ ကြည့်နေလေသည်။

ရှောက်ရွှမ်က ခေါင်းကို နည်းနည်းမော့လိုက်သည်။ ခေါင်းတွင် ဆောင်းထားသော ဦိးထုပ်ကြောင့် ပွဲကြည့်စင်ပေါ်မှ လူများသည် ရှောက်ရွှမ်မျက်နှာကို ကောင်းစွာ မမြင်ကြရချေ။ သားရဲကြီးကတော့ ကောင်းစွာမြင်ရသွားလေပြီ။

ဟိန်းဟောက်သံများ ဆက်တိုက် ပြုလုပ်ပြီး

နောက် သားရဲကြီးသည် ရှေ့လက်များကိုမလိုက်ကာ လှုပ်ရှားလိုက်သည်။

ပွဲကြည့်စင်ပေါ်မှ လူများက သားရဲကြီးသည် စတင်တိုက်ခိုက်ပြီဟု ထင်သွားကြသည်။ သို့သော် အခြေအနေက သူတို့တွေးထင်ထားသလို မဟုတ်ပေ။

သားရဲကြီးသည် ရှေ့လက်များကို မပြီး ရှေ့ကိုတိုးခြင်းမဟုတ်၊ နောက်ကိုသာ ဆုတ်လာခြင်းဖြစ်သည်။

ထိုမျှ ကြီးမားသော သားရဲကြီးတစ်ကောင်သည် မမျှော်လင့်ဘဲ ဆုတ်ခွာသွား၏။

မိမိကျွန်ပြုလိုက်သော သားရဲက မိမိကို ပြန်တိုက်ခိုက်တတ်သည်ကို သားရဲတစ်ကောင်ကို ကျွန်ပြုဖူးသောသူများ သိထားကြပေသည်။ ထို့ကြောင့် သားရဲများကို ကျွန်ပြုသည့်အခါ ကျွန်ပိုင်ရှင်များသည် ကျွန်များ၏ အကူအညီကို ယူရခြင်း ဖြစ်သည်။ သို့သော် သတ်ကွင်းထဲမှ လူကျ

တော့ကော…။

သားရဲကြီးသည် ဘာကြောင့် နောက်ဆုတ်သွားရသနည်း။

အဖြေကိုတော့ ရှောက်ရွှမ်နှင့် ရင်ဆိုင်နေရသော တောက်တဲ့ကြီး ကိုယ်တိုင်သာ သိမည်သာ။

လူများသည် အလှမ်းကွာဝေးနေသဖြင့် ရှောက်ရွှမ်၏ စွမ်းအင်ကို နားမလည်ခြင်း ဖြစ်သည်။ သို့သော် သားရဲကြီးကတော့ ကောင်းမွန်စွာ မြင်လိုက်ရသည်။

ထို့ကြောင့် သားရဲကြီးသည် နောက်ဆုတ်ပေးလိုက်ခြင်းပင်။ သူ့အတွက် ရန်သူသည် ကြောက်စရာ ကောင်းလွန်းနေ၏။

ကြောက်ရွံ့နေသောကြောင့် ၎င်းသည် နောက်ကို ခြေတစ်လှမ်းဆုတ်သွားသည်။ ရှောက်ရွှမ်ကတော့ ပို၍လျင်မြန်သော အဟုန်ဖြင့် ရှေ့ကို ဆက်တိုးလာသည်။ သူ့လက်ထဲမှ အပြာရောင်

မီးတောက်သည် သားရဲကြီးဆီသို့ ပြေးဝင်သွားပြန်သည်။

သားရဲကြီးသည် ချောင်ပိတ်မိသွားသောအခါ ယခင်ထက်ပို သတိကြီးသွားကြောင်း ရှောက်ရွှမ်သိလိုက်သည်။ ၎င်းသည် လူများ၏ စိတ်နေသဘောထားများကို သတိထားမိပေသည်။ ၎င်းသည် သတ်ကွင်းထဲသို့ ဝင်ဝင်လာခြင်းတွင် သတ်ကွင်းထဲတွင်ရှိသော လူများ၏ ခွန်အားကို စမ်းသပ်သည်။ ထို့နောက် ဘေးတွင်ရှိသော နံရံများ၏ မာကြောမှုကို စမ်းသပ်သည်။ လူများထဲတွင် ခွန်အားကြီးသူမရှိသဖြင့် ၎င်းကို ခြိမ်းခြောက်နိုင်သောသူ မရှိပေ။ မာကြောသော နံရံကို မချိုးဖျက်နိုင်သောအခါတွင် ၎င်းသည် ရှောက်ရွှမ်နှင့် ကျန်သူများကိုကြည့်လိုက်သည်။ သူ့ဖိအားများကို ရှောက်ရွှမ်တို့အပေါ်တွင် ဖွင့်ထုတ်ပေးချင်နေပုံရသည်။

အခုတော့ သူ့ကို ခြိမ်းခြောက်နိုင်သူပေါ်လာပါပြီ သို့သော် စိတ်ထဲကတော့ ကြောက်ရွံ့ခြင်းမဖြစ်ပေါ်သေး။

အခုတစ်ခေါက်တွင် ရှောက်ရွှမ်သည် ကြောက်ရွံ့တုန်လှုပ်နေ၍ မရပေ။ ထိုသားရဲကြီး သူ့ကိုယ်သူ သံသယဝင်သွားရန် ရှောက်ရွှမ်က စွမ်းအင်အပြည့်အဝနှင့် စွမ်းဆောင်ပြရမည် ဖြစ်သည်။

မှန်ပါသည်။ ထိုသားရဲကြီးသည် အလွန်ပါးနပ်ကြောင်း စူးကုက ပြောပြထားသည်။ သို့သော် ထိုကဲ့သို့ ပါးနပ်နေသောကြောင့် အခြားသားရဲများလို မစဉ်းစားဘဲနှင့် တိုက်ခိုက်ခြင်းမျိုးမပြုလုပ်တော့ပေ။

တောက်ယွီနှင့် ပိုင်ရှီမြို့တော်မှ လူများသည် ထိုကဲ့သို့သော သားရဲမျိုးကို ရှောက်ရွှမ်အတွက် အကျိုးရှိနေမည်ဟု ထင်မထားချေ။

သားရဲကြီး၏ ယခုအော်သံသည် ကြောက်ရွံ့သောကြောင့် အော်နေသော အော်သံလို ဖြစ်နေသည်။

ရှောက်ရွှမ်က ရှေ့တိုးလာသည်ကို မြင်သောအခါ ၎င်းသည် နောက်ဆုတ်သွားသည်။ အမြီးက နံရံကို ထိမိသောအခါ ၎င်းသည် တခြားဘက်သို့ လှည့်ပြေးပြန်သည်။

ကျယ်လောင်စွာအော်ဟစ်လိုက်သံကြောင့် သဲများသည် ရှောက်ရွှမ်ဆီသို့ ပြေးဝင်သွားပြီး မီးတောက်ကို ငြိမ်းမလို ဖြစ်သွားသည်။

သို့သော် သဲမုန်တိုင်းသည် အတားအဆီးများကို မကျော်ဖြတ်နိုင်ပေ။ ထို့ပြင် မီးတောက်မှ မီးသည်လည်း ငြိမ်းမသွား။ သားရဲတစ်ကောင်၏ အော်သံသည် ဘယ်လိုကြောင့် မီးတောက်ကို ငြှိမ်းနိင်မည်နည်း။

တစ်ကောင်က နောက်ဆုတ်သွားသလို၊ တစ်ယောက်က ရှေ့တိုးလာသည်။ ရှောက်ရွှမ်သည် သားရဲကြီးနားသို့ရောက်သွားပြီဖြစ်သည်။ သတ်ကွင်း၏ အစပ်မှနေ၍ အလယ်ဗဟိုသို့ ရောက်လာပြီဖြစ်သည်။ ရှောက်ရွှမ်သည် ရှေ့ကို ဆက်တိုးဆဲ…။

ကွင်းထဲမှ လူများသာမက ပွဲကြည့်စင်ပေါ်မှ အတွေ့အကြုံရင့်ကျက်သော ကျွန်ပိုင်ရှင်များပင် ထိုအဖြစ်အပျက်ကို ကြည့်နေကြသည်။

ဘယ်လိုအဖြစ်မျိုးလဲ…။

“ဒါက…”

သားရဲမြို့တော်တွင် ထိုသို့မဖြစ်သည်မှာ နှစ်၁၀၀လောက်ရှိပြီဖြစ်သည်။

“အဲဒီချာတိတ်က ဘယ်သူလဲ…နှင်းမြို့တော်သခင်လေးထက်တောင် ကိုယ့်ကိုယ်ကို အထင်ကြီးနေသေးတယ်”

“ဒီပွဲစဉ်က ပိုင်ရှီတွေ စီစဉ်တာမဟုတ်လား”

“အဲဒါ ပိုင်ရှီမြို့တော်က သခင်လေးလား”

“ဘယ်သူဖြစ်ဖြစ် အရေးမကြီးဘူးကွ…မြန်မြန်သာ

ချကြ…ပိုင်ရှီတွေ စီစဉ်ထားတဲ့ သားရဲကြီးက အခြေအနေမကောင်းဘူး”

ပွဲကြည့်စင်ပေါ်မှ ကျွန်ပိုင်ရှင်များလည်း ဘာလုပ်ရမလဲ မသိတော့ပါ။ သူတို့သည် သားရဲကြီး၏ ဒေါသကို ဆွပေးလိုသဖြင့် ကွင်းပြင်ထဲကို ကျောက်တုံးများဖြင့် ပေါက်ကြလေသည်။

သားရဲကြီးသည် ကျောက်တုံးများနှင့် ပေါက်ခံလိုက်ရသောကြောင့် ဒေါသထွက်သွားသော်လည်း ရှောက်ရွှမ်ကို စိတ်ဆိုးခြင်းမဟုတ်။ ၎င်းသည် ခဲနှင့်ပေါက်သူများဘက်သို့လှည့်ပြီး ဟိန်းဟောက်လိုက်သည်။ ကြောက်ရွံ့နေသော လူငယ် ကျွန်ပိုင်ရှင်များသည် ကျွန်များကို ဆွဲပြီး ၎င်းတို့၏ ရှေ့ကို ကာရံထားလိုက်သည်။

သားရဲကြီးသည် ပရိတ်သတ်ကို ဟိန်းဟောက်ပြီးနောက်တွင်တော့ သူ၏အမြီးသည် နံရံနှင့် ထိသည်အထိ နောက်ကို ဆုတ်သွားသည်။

သားရဲကြီးသည် ပိတ်မိနေပြီဖြစ်သည်။ သတ်

ကွင်း၏ ဟိုဘက်မှ နေ၍ ဒီဘက်ထိ ရောက်လာကြပြီဖြစ်သည်။

နောက်ဆက်ဆုတ်စရာလည်းမရှိတော့ပါ။ သားရဲကြီးသည် နီရဲနေသော မျက်လုံးများဖြင့် အခြားနေရာများကို ရှာဖွေနေ၏။

ရှောက်ရွှမ်က သားရဲကြီး၏ တန်ပြန်တိုက်ခိုက်မှုကို ခုခံရန် အသင့်ပြင်ထားလေသည်။

ရှောက်ရွှမ်သည် သားရဲကြီး၏ မျက်လုံးအကြည့်များ ပြောင်းလဲလာသည်ကို တွေ့မြင်လိုက်ရသည်။ မျက်လုံးများသည် နီရဲသည်ထက် နီရဲလာ၏။

နောက်ဆုံးတွင် သားရဲကြီး၏ မျက်လုံးများမှ သွေးများ ပန်းထွက်လာတော့သည်။

သွေးနံ့များက သတ်ကွင်းတစ်ခုလုံးကို ဖုံးအုပ်သွားသည်။ ထိုသွေးနံ့ကို ရသောသူသည် ဗိုက်ထဲတွင် မအီမသာ ဖြစ်သွားနိုင်သည်။

သတ်ကွင်းထဲမှ လူများသာ သွေးနံ့ကို ရလိုက်သည်မဟုတ် ပွဲကြည့်စင်အမြင့်ပေါ်မှ လူများသည်လည်း သွေးနံ့ကို ရလိုက်သည်။

ထိုအချိန်တွင် သောက်စားနေကြသော ကျွန်ပိုင်ရှင်များသည် အန်ထွက်ကုန်တော့သည်။ အန်မထွက်သော သူများသည်လည်း သူတို့ပန်းကန်များကို လွှတ်ပစ်တော့မလို မျက်နှာမျိုးဖြစ်ကုန်ကြသည်။

လော့ယဲ့ဘုရင် စူးလွင်သည် ပိုင်ရှီမြို့တော်မှ လူများ စားသောက်နေသည်ကို ကြည့်ပြီး ကျယ်လောင်စွာ ရယ်မောနေသည်။ စူးလွင်သည် ပျော်ရွှင်နေ၏။

“ဆက်ကြည့်စရာမလိုတော့ပါဘူး…စတုတ္ထမြောက်ပွဲ ပြီးသွားပါပြီ။ “

သဲကန္တာရထဲတွင် ချိုတစ်ချောင်းတောက်တဲ့သည် ၎င်းမယှဉ်နိုင်သော သားရဲတစ်ကောင်နှင့်

ရင်ဆိုင်ရပါက မျက်လုံးမှ သွေးများကို ပန်းထုတ်လေ့ရှိသည်။ သူတို့အသက်ကို ခြိမ်းခြောက်လာသော သားရဲကို မောင်းထုတ်ရန် ဖြစ်သည်။

ပိုင်ရှီမြို့တော်မှလူများ ဖမ်းလာသော ယခုတောက်တဲ့ကြီးသည်လည်း ထိုအဖြစ်မျိုးကို ကြုံခဲ့ဖူးသည်။ ထို့ကြောင့် ၎င်း၏မျက်လုံးများနားတွင် အနီရောင် အရေးအကြောင်းများ ထင်ကျန်နေခြင်းဖြစ်သည်။ အခုတော့ လူတစ်ယောက်ကို မြင်ရုံမျှနှင့် မျက်လုံးများထဲမှ သွေးများကို ပန်းထုတ်လိုက်ခြင်းဖြစ်သည်။

ဘယ်လောက်တောင်ကြောက်ရွံ့ သွားလို့လဲ။

သတ်ကွင်းထဲတွင် ချိုတစ်ချောင်းတောက်တဲ့ကြီးကို ထိုကဲ့သို့ အခြေအနေဖြစ်သွား စေနိုင်သူသည် ဘယ်သူဖြစ်မလဲ။

လော့ယဲ့မြို့တော်ဘုရင်ပင်လျှင် အတွေးရခက်နေပါသည်။ ထိုလူသည် တကယ်ပဲ မျိုးနွယ်စုဝင် တစ်ယောက်လား။

တောက်တဲ့ကြီး၏ မျက်လုံးမှ သွေးများ ပန်းထုတ်လိုက်ရသည်ကို မြင်ရသောအခါ၊ အတွေ့အကြုံရှိသူများက နောက်တိုက်ပွဲများ ဆက်လုပ်တော့မည် မဟုတ်ကြောင်းကို သိလိုက်ကြသည်။ ဆက်လက်စောင့်မျှော်နေလျှင် အချိန်ဖြုန်းရုံသာရှိလိမ့်မည်။

နှင်းမြို့တော်ဘုရင်သည် သူ့သားထက် အများ၏အာရုံစိုက်မှုကို ရသွားသော ထူးခြားဆန်းကြယ်သည့် လူငယလေးကို သိပ်မကျေနပ်ပါ။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး “ ဒီသားရဲကြီးက မတိုက်ခိုက်နိုင်တော့တဲ့အတွက် ဘယ်သူကမှ စိတ်မဝင်စားတော့ဘူး” ဟုပြောလိုက်ပါသည်။

နှင်းမြို့တော်ဘုရင်၏ စကားများက ပိုင်ရှီမြို့တော်ဘုရင်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။ ထိုပွဲမစခင်တုန်းက ပိုင်ရှီမြို့တော်မှလူများသည် အားလုံးအနေဖြင့် ရင်သပ်ရှုမောစရာများကို ခံစားရမည်ဟု ပြောခဲ့ကြသည်။ အခု

တော့ ရလာဒ်က…။

“ဘယ်သူမှ စိတ်မဝင်စားကြတော့ဘူး”ဆိုသည် စာကြောင်းကလေးက ပိုင်ရှီမြို့တော်မှ လူများ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။

နှင်းမြို့တော်ဘုရင်သည် ပိုင်ရှီမြို့တော်မှ လူများကို ကြည့်မနေပေ။ သို့သော် ယခုနှစ်တွင် လူအားလုံး၏ အခြေအနေများကို ဦးစီးရသည့် မြို့တော်တစ်မြို့တော်အနေနှင့် နှင်းမြို့တော်ဘုရင်သည် ပိုင်ရှီမြို့တော်မှ လူများ၏ စွမ်းဆောင်မှုသည် မဆိုးလှဟု ယူဆမိသည်။ ထိုကဲ့သို့ သူရဲဘောကြောင်သည့် သားရဲတစ်ကောင်မှာ စိတ်ပျက်စရာကောင်းလှသည်။

ငါတို့နှင်းမြို့တော်ရဲ့ စွမ်းရဉ်ကို မင်းတို့သိအောင်ပြရမယ်။ နှင်းမြို့တော်က သားရဲကြီးကို ထုတ်ပြရမယ်။

နှင်းမြို့တော်ဘုရင်သည် မတ်တပ်ရပ်လိုက်ရင်း လည်ချောင်းရှင်းလိုက်သည်။ သားသတ်

ကွင်းကြီးသည် ကျယ်ဝန်းသော်လည်း သူသည် သူ့အသံကို ကွင်းကြီးအတွင်း ပျံ့နှံ့သွားအောင် ပြောနိုင်ပေသည်။

“ပိုင်ရှီတွေရဲ့သားရဲက အသုံးမကျတဲ့အတွက်…နှင်းမြို့တော်က…”

နှင်းမြို့တော်ဘုရင်ကြီး စကားဆုံးအောင်မပြောရသေးမီ သားရဲကြီးတစ်ကောင်၏ အသံကို ကြားလိုက်ရသည်။

“ဝူး…”

သူစကားပြောနေရင်းတန်းလန်း ရပ်လိုက်ရသဖြင့် နှင်းမြို့တော်ဘုရင် စိတ်တိုသွားပြီး မျက်နှာပျက်သွားပါသည်။ သူသည် ခဏရပ်လိုက်ပြီးနောက် ဆက်ပြောသည် “အဲဒီတော့ ကျုပ်တို့က…”

“ဝူး…”

ပထမအော်သံထက် ကျယ်လောင်သော နောက်သားရဲကြီးတစ်ကောင်၏ အော်သံ ထွက်ပေါ်လာပြန်သည်။

နှင်းမြို့တော်ဘုရင်၏ မျက်နှာမှာ ပျက်သည်ထက် ပျက်လာ၏။ သူသည် စိတ်မကျေနပ်စွာနှင့် နှာခေါင်းရှုံ့လိုက်ပြီး “ ကျုပ်တို့က…”…။

“ဝူး…”

တတိယမြောက်အော်သံ အောက်ဝယ် နှင်းမြို့တော်ဘုရင်၏ အသံ ပျောက်ကွယ်သွားလေသည်။

ဆက်တိုက်အနှောင့်ယှက်ခံနေရသဖြင့် နှင်းမြို့တော်ဘုရင်သည် ဖန်ခွက်ကို ပေါက်ခွဲလိုက်ပြီး ကြယ်နီမြို့တော်မှ လူများရှိရာ ဘက်ကို ကြည့်နေလေသည်။ ထိုအသံသည် ကြယ်နီမြို့တော်မှ မီးတောက်နွားရိုင်းကြီး၏ အော်သံပင်။

အလယ်တွင် တွင်းကြီးတစ်တွင်းစာလောက် ကွာဝေးနေသော်လည်း ကြယ်နီဘုရင်သည် နှင်းမြို့တော်ဘုရင်၏ အကြည့်များ စူးရှနေခြင်းကို လှမ်းမြင်လိုက်ရသည်။ မြို့တော်မှလူများကလည်း ကြယ်နီမြို့တော်မှလူများရှိရာ နေရာသို့ ကြည့်နေကြသည်။

ချောင်းအနည်းငယ်ဆိုးပြီးနောက် ကြယ်နီမြို့တော်ဘုရင်သည် သူ့လူများကို ဘက်သို့လှည့်၍ စကားပြောလိုက်သည်။ ဆေးခတ်မှုကို လက်ခံလိုက်ပြီ ဖြစ်သော်လည်း နွားရိုင်းကြီးကိုတော့ ထိခိုက်အောင် မလုပ်ရပေ။

သားရဲတစ်ကောင်ဆီမှ ကျယ်လောင်သော အော်သံကြီးတစ်ခု ထပ်မံ ထွက်ပေါ်လာသောအခါ နှင်းမြို့တော်ဘုရင်သည် စကားပြော၍ပြီးသွားပြီ ဖြစ်သည်။

ကျန်သူများသည် ကြယ်နီမြို့တော်ဘုရင်ကို ကြည့်နေကြသည်။

ကြယ်နီမြို့တော်ဘုရင်သည် “ပြီးသွားပါပြီ” ဟုပြောရန် ပြင်နေသော်လည်း ပြင်ဆင်ထားသည့်အတိုင်း မပြောဖြစ်လိုက်ပေ။

အခြေအနေက ထင်သလိုမဟုတ်။

“အဲဒါ ငါတို့ နွားမဟုတ်ဘူး…နှင်းမြို့တော်ကနွားဖြစ်မယ်”

ထိုစကားကို ကြားသောအခါ အားလုံးသည် နှင်းမြို့တော်မှ လူများ ရှိရာနေရာသို့ လှမ်းကြည့်လိုက်ကြသည်။

အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော နှင်းမြို့တော်ဘုရင်သည် အားလုံးထဲတွင် ထင်ရှားနေပေသည်။

စကားပြောနေစဉ် အနှောင့်ယှက်ခံရသဖြင့် မျက်နှာကြီး မဲသွားသလို အခုတော့ ၎င်း၏မျက်နှာမှာ ပို၍ပင် မဲသွားတော့သည်။

(ဆက်ရန်…)

All Chapters