ဖိတ်ကြားခံရခြင်း
Vol. 22 Ch. 318
အစီအစဉ်ကျရှုံးသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ပိုင်ရှီမြို့တော်သခင်လေးသည် အခန်းတွင်းမှ အရာအားလုံးကို မောင်းထုတ်ခဲ့သည်။ ဖျာပေါ်တွင် ထိုင်နေခဲ့သည့် ငယ်ရွယ်သည့် နတ်ဆရာသည် ကြမ်းတမ်းစွာ ကန်ထုတ်ခံရပြီး တောက်ယွီမှာမူ တံတွေးဖြင့် ထွေးကာ ဆူပူခြင်းကို ခံလိုက်ရသည်။ ကံကောင်းသည်မှာ နတ်ဆရာကဲ့သို့ ရိုက်နှက်ခြင်း ခံလိုက်ရခြင်း မရှိခြင်းပင် ဖြစ်သည်။ ထို့ကြောင့် တံတွေးဖြင့် ထွေးခြင်းခံလိုက်ရခြင်းသည် ကောင်းမွန်သည်ဟုပင် ပြောနိုင်သည်။
သခင်ငယ်လေးသည် စိတ်ရှည်မှုများ ပျောက်ဆုံးသွားသည့် အခါတွင် နတ်ဆရာနှင့် တောက်ယွီတို့ စကားတစ်ခွန်းမှ မပြောရဲကြတော့ပေ။ သူတို့နှစ်ယောက်လုံး တရားထိုင်နေကြပြီး သူတို့ဘာတွေးနေသည်ကို မည်သူမှ မသိနိုင်ကြတော့ပေ။
ပိုင်ရှီ မြို့တော်သခင်ငယ်လေး နောက်ဆုံးတွင်ပြန်လည်တည်ငြိမ်သွား ခဲ့လေသည်။ တောက်ယွီမတ်တပ်ထရပ်လိုက်ပြီး သခင်ငယ်လေးကို အကြံပေးလိုက်သည် “ သခင်လေး၊ ဒီတစ်ကြိမ်တော့ ကျွန်တော်တို့ကျရှုံးသွားခဲ့ရတယ်၊ နောက်တစ်ကြိမ် သူတို့နဲ့တွေမှပဲ ဒေါသကို ဖြေလိုက်ပါ “
သခင်ငယ်လေးသည် ဒေါသထွက်ရလွန်းသောကြောင့် မောပန်းနေခဲ့ပြီဖြစ်သည်။ တောက်ယွီစကားကို ကြားလိုက်ရသည့်အခါတွင် သူ့အင်္ကျီလက်များကို ခါယမ်းလိုက်ပြီး ပြန်ထိုင်ချလိုက်သည်။ ထို့နောက် ဖျာပေါ်မှ နတ်ဆရာကို မုန်းတီးနေသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။
တောက်ယွီ နတ်ဆရာကို အကြည့်ချင်းဆိုင်လိုက်ပြီး သခင်ငယ်လေး စိတ်တိုနေသေးကြောင်း အချက်ပြလိုက်သည်။ ထို့နောက် ထိုလူကိုသူမေး
လိုက်သည် “ ဘာတွေဖြစ်နေတာလဲ “
“ ဘာဖြစ်သွားတယ်ဆိုတာကိုတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော့်ရဲ့ ပုရွှက်ဆိတ်ကိုးကောင်လုံးက သေသွားကြပြီ။ တစ်ကောင်မှတောင် မလွတ်မြောက်နိုင်ခဲ့ဘူး “ သူပြန်သတိရလိုက်သည်နှင့် သူ့မျက်နှာပေါ်မှ ကြွက်သားများ တွန့်ကွေးသွားခဲ့သည်။ သူ့ကို ကြည့်ရသည်မှာ အလွန်အမင်းစိတ်ဖိစီးနေသည့်ပုံ ပေါ်နေသည်။
“ တစ်ယောက်ယောက်က သတင်းတွေကို ရသွားတာလား “ တောက်ယွီ တီးတိုးရေရွှတ်လိုက်မိသည်။ သူသည် သူ့ဖာသာ အဖြေရှာမရဖြစ်နေခဲ့လေသည်။
သူ့ဘေးတွင် ရှိနေသည့် ပိုင်ရှီမြို့တော်မှ သခင်ငယ်လေး ထိုစကားကို ကြားလိုက်ရသည့်အခါ ငြင်းဆန်လိုက်သည် “ မဖြစ်နိုင်ဘူး၊ ဒါက ကျုပ်
တို့သုံးယောက်ပဲ သိထားတဲ့ကိစ္စတစ်ခုပဲ။ ပြီးတော့ လော့ယဲ့မြို့တော် ပိုင်နက်တဲအိမ်က ကျေးကျွန်နှစ်ယောက်ပဲ ဒီကိစ္စကို သိထားကြတာ။ ဒီနှစ်ယောက်က သတင်းတွေကို လျှို့ဝှက်ထားမယ့်လူတွေပဲ။ ကျုပ်တို့ကို သစ္စာဖောက်မှာမဟုတ်ဘူး။ ဒီတော့ သတင်းတွေကို တဖက်က ရသွားစရာ အကြောင်းမရှိဘူး “
ကျွန်နှစ်ယောက် အပြင် တဲအိမ်တွင်းမှ လူသုံးယောက်သာ ဤကိစ္စကို သိရှိထားသည်။
“ မင်းဘာကို မြင်ခဲ့လဲ “ တောက်ယွီ ရုတ်တရက် မေးလိုက်သည်။
“ မီးတောက် တစ်ခုပဲ ၊ မီးတောက်ထဲမှာကတော့ ဦးချိုတစ်ခုနဲ့ ပုံစံတူတယ်။ သိပ်တော့ ရှင်းရှင်းလင်းလင်းမမြင်ခဲ့ရဘူး။ ဒါပေမယ့် သေချာတာကတော့ သာမန် သဲကန္တာရ သားရဲ
တစ်ကောင်၊ အင်းဆက်တစ်ကောင်နဲ့ကျုပ်တွေ့ခဲ့ရတာ မဟုတ်ဘူး “ ထိုသူ ပြန်ဖြေလိုက်သည်။
“ ဖြစ်နိုင်တာက လော့ယဲ့ မြို့တော်က ကျွန်ပိုင်ရှင်တစ်ယောက်ယောက်က တစ်စုံတစ်ခုကို ကျွန်ပြုသိမ်းသွင်းထားတာများလား “ ပိုင်ရှီ မြို့တော်မှ သခင်ငယ်လေး ရုတ်တရက်မေးလိုက်သည်။
“ မဟုတ်ဘူး၊ အဲ့ဒါက လော့ယဲ့မြို့တော် က တစ်စုံတစ်ယောက် မဟုတ်နိုင်ဘူး “ သူသည် နောက်ဆက်တွဲစကားများကို တော့ ဆက်မပြောခဲ့ပေ။ အကယ်၍ သူပြောလိုက်လျှင် သခင်ငယ်လေးသည် ပို၍ ဒေါသထွက်လာလိမ့်မည် ဖြစ်သည်။ နောက်ဆက်တွဲအနေဖြင့် သူသာ ရိုက်နှက်ခြင်းကို ခံလိုက်ရပေမည်။ သခင်ငယ်လေးသည် မျိုးနွယ်စုများ အပေါ်တွင် ကောင်းမွန်သော ထင်မြင်ချက်များ မရှိထားပေ။ ဝမ်ရှီမျိုးနွယ်စုမှ လူများသည်ပင် ကျွန်များကဲ့သို့ ဆက်ဆံခြင်း ခံနေရသည်။ သူနှင့်တောက်ယွီတို့ကြား ကွာခြား
ချက်အရ သူသည် ကျေးကျွန်တစ်ယောက်ထက် အနည်းငယ်သာ သာလွန်ကြောင်း သူသိနေခဲ့သည်။
တောက်ယွီ “ မီးတောက် “ နှင့် “ ဦးချို “ ဟူသည့် စကားကို ကြားလိုက်ရသည့်အခါတွင် အတွေးတစ်ခု ဖြစ်သွားပြီး သူ့မျက်လုံးများ တွန့်သွားခဲ့သည်။
တခြားတဖက်တွင် စူးကု၏ ယနေ့တိုက်ပွဲသည် အလွန်ပင် အဆင်ပြေချောမွေ့နေခဲ့လေသည်။ သားရဲများ တိုက်ခိုက်ခြင်းဖြစ်စေ၊ ကျေးကျွန်များ တိုက်ခိုက်ခြင်းဖြစ်စေ၊ စူးကုသည် အနိုင်များ ရနေခဲ့သည်။ သူ့လူများကို သူ့ဆီသို့ စူးကုပြန်ခေါ်လိုက်သည်။
လော့ယဲ့မြို့တော်ပိုင်နက် တဲအိမ်တွင် စူးကုသည် သူအနိုင်ရလာသည့် သားရဲနှစ်ကောင်ကို သားရဲ
ထားသည့်နေရာတွင် ထားခိုင်းလိုက်သည်။ ထို့နောက် ကျေးကျွန်များကို သားရဲများ အား ဂရုစိုက်ရန်မှာထားလိုက်ပြီး သူ့အခန်းသို့ ပြန်လာခဲ့လိုက်သည်။ သူသည် ယနေ့တွင် အားအင်များစွာကို အသုံးပြုခဲ့ရလေသည်။ သူပင်ပန်းနေပြီဖြစ်ပြီး မနက်ဖြန်တွင်လည်း လုပ်စရာ အလုပ်များ စွာ ရှိနေပေသေးသည်။
ရှောက်ရွှမ်သည်းလည်း တဲအိမ်ဆီသို့ ပြန်လာခဲ့လိုက်သည်။ အခန်းတွင်း ရောက်သည့်အချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူခံစားမိလိုက်သည်။ သူ အိမ်ခန်းတစ်ခုလုံးကို ပတ်ကြည့်လိုက်သော်လည်း အရာအားလုံးသည် တူညီစွာပင် ရှိနေဆဲဖြစ်သည်။ စားပွဲခုံ၊ ထိုင်ခုံများနှင့် အခြား ပရိဘောဂများသည် ခြေရာလက်ရာပျက်နေခြင်း မရှိခဲ့ပေ။ ဆေးပင်များ ထည့်ထားသည့် သေတ္တာသည်လည်း ယခင်အတိုင်းပင် ရှိနေဆဲဖြစ်လေသည်။
သို့သော် အခန်းထောင့်ကို သူကြည့်လိုက်သည့် အချိန်တွင် သူတစ်စုံတစ်ခုကို တွေ့လိုက်သည်။ အခန်းထောင်ရှိ မြေတွင်း အနီးတွင် မြေတွင် အရွယ်အစားခန့်ရှိသည့် မြေချေးလုံးတစ်ခု ရှိနေခဲ့လေသည်။
နွားချေးပိုးသည် ပိုကြီးလာသဖြင့် မြေတွင်းသည်လည်း ပို၍ကြီးမားလာခဲ့လေပြီ။ သူ ပြုလုပ်ထားသည့် မြေချေးလုံးသည်ပင် အနည်းငယ် ကြီးမားနေခဲ့ပြီဖြစ်သည်။
“ ဘယ်လိုလုပ်ပြီး မြေချေးလုံးတစ်လုံး ထပ်ထွက်လာရတာလဲဟ “ ရှောက်ရွှမ် အံ့သြသင့်သွားသည်။ ယခင်နေ့ရက်များက ပိုးကောင်သည် မြေချေးလုံးပြုလုပ်ခြင်းကို ရပ်နားထားခဲ့သည်။ ဘာလို့ဒီနေ့မှ မြေချေးလုံးတစ်လုံး ပေါ်လာရတာလဲ..........။ ကံကောင်းစွာနှင့်ပင် မြေချေးလုံးသည် မြေတွင်းအနီးတွင်ပင် ရှိနေပြီး အခြားနေရာများသို့ မရောက်သေးပေ။
ရှောက်ရွှမ် ပြန်ရောက်နေသည်ကို ခံစားမိလိုက်သဖြင့် နွားချေးပိုးကောင်သည် မြေတွင်း အနားတွင် ပေါ်ထွက်လာခဲ့လေသည်။ ထို့နောက် သူ့နောက်ခြေထောက်များကို အားပြုကာ မြေချေးလုံးကို ရှောက်ရွှမ်အား ဆက်သသည့်အနေဖြင့် တွန်းယူလာပေးလေသည်။
ရှောက်ရွှမ် သည် ပိုးကောင်နှင့် မြေချေးလုံးကို မည်သို့ကိုင်တွယ်ရမည်ကို တွေးနေဆဲဖြစ်သည်။ ရုတ်တရက် မြေချေးလုံးပေါ်တွင် ထူးဆန်းသည့် အရာတစ်ချို့ကပ်တွယ်နေသည်ကို ရှောက်ရွှမ် မြင်တွေ့လိုက်သည်။
“ သဲပုရွှက်ဆိတ်တွေလား “
ရှောက်ရွှမ် စိတ်ရှုပ်ထွေးသွားသည်။
ဘယ်တုန်းကစပြီးတော့ နွားချေးပိုးကောင်တွေက ပုရွှက်ဆိတ်တွေကို စားတာလဲ...... “
ထို့အပြင် ထိုသဲပုရွှက်ဆိတ်များသည် ရှည်လျားသော ခန္ဓာကိုယ်များ ရှိကြသည်။ သူသည် ထိုကဲ့သို့သော သတ္တဝါမျိုးကို ယခင်က မမြင်ဖူးခဲ့ပေ။ ဤအနီးတဝိုက်တွင်လည်း ထိုကဲ့သို့သော ပုရွှက်ဆိတ်မျိုး မရှိနေပေ။ နွားချေးပိုးကောင်သည် ထိုပုရွှက်ဆိတ်များကို မည်သည့်နေရာမှ ယူလာခြင်း ဖြစ်သနည်း........။
မြေချေးလုံးကို အိမ်အတွင်း၌ လေ့လာရခြင်းသည် ကောင်းမွန်မှုမရှိပေ။ ထို့ကြောင့် ရှောက်ရွှမ် မြေချေးလုံးကို မြေတွင်းအနီး၌ ပြန်ချထားလိုက်ပြီး ပြောလိုက်သည် “ မင်းဘာသာ စားလိုက်ပါ “
သဲပုရွှက်ဆိတ်အသေကောင်များကို တွေ့လိုက်ရခြင်းကို ရှောက်ရွှမ် နားလည်နေခြင်းမရှိပေ။ သူ့အနေဖြင့် သတိထားရန်သာ တွေးလိုက်သည်။
ယခုတွင် ပုရွှက်ဆိတ်များ၏ ပိုင်ရှင်သည် သူ့ပုရွှက်ဆိတ်များ မြေချေးလုံးအတွင်း ဇာတ်သိမ်းသွားကြောင်းကို သိလိုက်ရပြီဖြစ်သည်။ သူသည် ဒေါသထွက်လွန်းသဖြင့် ပါးစပ်အပြည့် သွေးများစွာကို အန်ချလိုက်ရသည်။ နွားချေးပိုးကောင်သည် ထိုအကြောင်းကို သိရှိခြင်းမရှိပဲ သူ့မြေချေးလုံးကိုသာ ပုရွှက်ဆိတ်အသေကောင်များဖြင့် မွန်းမံနေခဲ့လေသည်။
သဲပုရွှက်ဆိတ်များ ရောက်လာခြင်းနှင့် နွားချေးပိုးကောင်၏ အပြုအမူကို မသိနေသဖြင့် ရှောက်ရွှမ် အပင်ပန်းခံပြီး စဉ်းစားနေခြင်း မရှိတော့ပေ။ သူယနေ့ မြင်ခဲ့ရသည်ကိုသာ ပြန်တွေးနေလိုက်သည်။
ယနေ့တွင်၊ သားရဲမြို့တော် ၌ သူသည် ရှချီ မြို့တော် မှ ကျေးကျွန်သည် သားရဲတစ်ကောင်နှင့် တိုက်ခိုက်သည်ကို သူမြင်ခဲ့ရသည်၊ ထိုသူသည် ထိုသားရဲကို ကျွန်ပြုသိမ်းသွင်းရန် ကြိုးစားနေခြင်း ဖြစ်သည်။ စူးကုသည်လည်း သူအနိုင်ရခဲ့သည့် သားရဲနှစ်ကောင်ကို ကျွန်ပြုသိမ်းသွင်းရန် ကြိုးစားခဲ့သေးသည်။ ထို့ကြောင့် ကျွန်ပြုသိမ်းသွင်းခြင်းဖြစ်စဉ်ကို ရှောာက်ရွှမ် နောက်တစ်ကြိမ် တွေ့မြင်ခွင့်ရခဲ့သည်။ ကျွန်ပိုင်ရှင်များသည် သားရဲများကို ကျွန်ပြုခြင်းနှင့် လူသားကျေးကျွန်များကို ကျွန်ပြု သိမ်းသွင်းသည့်နေရာတို့တွင် ကွဲပြားချက်များ ရှိနေသည်ကို သူတွေ့ခဲ့ရသည်။ ထိုဖြစ်စဉ်သည် ခက်ခဲရှုပ်ထွေးလွန်းခြင်းတော့ မရှိနေပေ။ ဆရာသခင်နှင့် ကျွန်ပြုခံရသည့် ကျေးကျွန်အကြား ဆက်ဆံရေးတစ်ခုကို သတ်မှတ်ခြင်းသာ ဖြစ်သည်။
နောက်နေ့တွင် စူးကုသည် သားရဲများ ထားသည့်နေရာသို့သွားပြီး သားရဲများကို ကျွန်ပြုသိမ်းသွင်း
ရန် ကြိုးစားခဲ့သည်။ ယခုတွင် သူသည် သူအနိုင်ရခဲ့သည့် သားရဲနှစ်ကောင်ကို ကျွန်ပြု လိုနေခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ထိုသားရဲများသည် သူ့ကိုယ်ပိုင် တိုက်ခိုက်နိုင်စွမ်းရှိသည့် သားရဲများ ဖြစ်လာကြမည် ဖြစ်သည်။ နောက်တစ်ကြိမ် ပြိုင်ဆိုင်ကြလျှင် သူသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ့ကိုယ်ပိုင် သားရဲများနှင့် တိုက်ခိုက် စေနိုင်ပြီဖြစ်သည်။
သားရဲများထားသည့်နေရာသို့ ရှောက်ရွှမ်ပါ လိုက်သွားခဲ့သည်။ အခြားသူများ၏ အမြင်တွင် ရှောက်ရွှမ်ကို စူးကုက ခေါ်သွားခြင်းသည် အမှန်တကယ်ပင် မျက်နှာသာပေးခြင်းဖြစ်သည်။ အမှန်တကယ်တွင်တော့ စူးကုသည် ရှောက်ရွှမ်၏ စွမ်းရည်များကို အငှားအသုံးချလိုခြင်း ဖြစ်လေသည်။ ရှောက်ရွှမ်သာ ရှိနေခဲ့လျှင် သူ့ကျွန်ပြုသိမ်းသွင်းခြင်း အဆင်ပြေလိမ့်မည်ကို စူးကုသိနေခဲ့ပြီဖြစ်သည်။
သားရဲနှစ်ကောင်တွင် တစ်ကောင်သည်
ပုတ်သင်ညို တစ်ကောင်ဖြစ်ပြီး နောက်တစ်ကောင်သည် ကင်းမြီးကောက် တစ်ကောင်ဖြစ်သည်။ သူတို့ မတ်တပ်ရပ်လိုက်သည့် အချိန်တွင် မြေပြင်အထက် နှစ်မီတာခန့်ပင် အရပ်မြင့်မားကြသည်။
စူးကုသည် ပိုလွယ်ကူမည်ဟု ထင်ရသည့် ပုတ်သင်ညိုကို အရင်ဦးစွာ ကျွန်ပြုသိမ်းသွင်းရန် ဆုံးဖြတ်ထားခဲ့သည်။
သားရဲနှစ်ကောင်တို့သည် သားရဲများ ထားသည့်နေရာတွင် ရှိနေကြပြီးသူတို့၏ သခင်ကို မှတ်မိကြသေးခြင်း မရှိကြပဲ ဖြတ်သွားသည့်လူမှန်သမျှကို သတိကြီးကြီးထားကာ စောင့်ကြည့်နေကြသည်။ ပိုပြီး ကြမ်းတမ်းပုံရသည့် ကင်းမြီးကောက်သည် သူ့ဖင်အမြီးပိုင်းကို ကော့ထောင်ထားပြီး လာသည့်လူတိုင်းကို ချိန်ရွယ်နေခဲ့သည်။ ကြည့်ရသည်မှာ ၎င်းသည် သူ့အဆိပ်ဆူးချွန်ဖြင့် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေဟန် ရသည်။ သူ့လက်မကြီးနှစ်
ဖက်သည်လည်း တက်ကြွလှုပ်ရှားနေခဲ့ပြီး လူအများကို ထောင်ပြနေသည့်နှယ် ဖြစ်နေခဲ့သည်။
စူးကုသည် ကျွန်များ၏ အကာအကွယ်ပေးမှုနှင့်အတူ သားရဲထားရာနေရာသို့ ဝင်လာခဲ့သည်။ တိုက်ခိုက်ရေးသားရဲများကို အထူး ကြည့်ရှုသည့်အထူး ကျေးကျွန်များ ရှိကြလေသည်။ စူးကု၏ ကျွန်ပြုသိမ်းသွင်းခြင်းဖြစ်စဉ်တွင် ထိုကျေးကျွန်များ၏ အကူအညီကို လိုအပ်မည်ဖြစ်သည်။
စူးကု အနီးကပ်မကြည့်ခင် ကျွန်တစ်ယောက်က ပုတ်သင်ညိုကို ထိန်းထားပေးလေသည်။ ထို့နောက် စူးကုသည် ကျွန်ပြုသိမ်းသွင်းခြင်း ဖြစ်စဉ်ကို စတင်လိုက်သည်။
စူးကု ယခင်က လူသားများကို ကျွန်ပြုသိမ်းသွင်းခဲ့စဉ်ကထက် ပိုပြီး ရိုးရှင်းလွယ်ကူနေသည်ကို ရှောက်ရွှမ် ခံစားမိနေခဲ့သည်။ မှန်ပေသည်။ ဤ
သည်မှာပိုရိုးရှင်းသော ဖြစ်စဉ်ဖြစ်သော်လည်း ကျွန်ပြုခြင်းသည် ကျိန်းသေပေါက်အောင်မြင်လိမ့်မည်ဟုတော့ မပြောနိုင်ပေ။
ချက်ချင်းပင် စူးကု၏ ကျွန်ပြုခြင်းဖြစ်စဉ်ပြီးဆုံးသွားခဲ့သည်။ သားရဲသည် ကျေးကျွန်များ၏ ထိန်းချုပ်ခြင်းကို ခံနေစရာမလိုအပ်တော့ပေ။ ကျွန်များသည် ပုတ်သင်ညိုကို လွတ်ပေးလိုက်ကြလေသည်။
အခြားကျွန်များကို နောက်ဆုတ်ရန် အချက်ပြလိုက်ပြီးနောက် စူးကု ပုတ်သင်သားရဲထံသို့ သွားလိုက်သည်။ သူသည် သားရဲကို သေချာစိုက်ကြည့်နေခဲ့ပြီး လာမည့်ရက်များတွင် အခြားသူများနှင့် မည်သို့တိုက်ခိုက်မည်ကို တွေးနေခဲ့သည်။
စူးကုဘေးမှ ကျေးကျွန်များသည် ရှောက်ရွှမ်ကို
လျစ်လျုရှုထားကြလေသည်။ သူတို့သည် သူတို့ပိုင်ရှင်၏ လုံခြုံရေးကိုသာ ဂရုစိုက်နေကြသည်။ အကယ်၍ ကင်းမြီးကောက်ကသာ ရှောက်ရွှမ်ကို တိုက်ခိုက်ခဲ့လျှင် သူတို့သည် ဤအတိုင်းသာ ကြည့်နေကြလိမ့်မည် ဖြစ်သည်။
စူးကု ဘေးဖက်လှောင်အိမ်ရှိရာသို့ သွားလိုက်ပြီး ကြီးမားသည့် ကင်းမြီးကောက်ကြီးကို ကြည့်လိုက်သည်။
ကင်းမြီးကောက်သည် သတိအပြည့်ဖြစ်သွားပြီး တိုက်ခိုက်ရန် အသင့်ဖြစ်နေဟန် တူသည်။
ရှောက်ရွှမ် လှောင်အိမ်ထဲမှ ကင်းမြီးကောက်ကြီးကို စိုက်ကြည့်လိုက်သည်။ သို့သော်လည်း သူ့အတွေးများသည် စူးကု ပုတ်သင်ညိုကြီးကို ကျွန်ပြုခဲ့စဉ်က လှုပ်ရှားသွားသည့် စွမ်းအင်လှိုင်းများ အကြောင်းကိုသာ ပြန်တွေးနေခဲ့လေသည်။ သူ
တစ်ချက်ပြန်တွေးလိုက်ပြီးနောက် ရှောက်ရွှမ်၏ အင်္ကျီလက်ထဲတွင် လက်များ လှုပ်ရှားသွားပြီး သေးငယ်သည့် အပြာရောင်မီးတောက်လေး တစ်ခု ထွက်ပေါ်လာသည်။
အပြာရောင်မီးတောက် ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ရှောက်ရွှမ်ကို တိုက်ခိုက်ရန် ပြင်နေခဲ့သည့် ကင်းမြီးကောက်ကြီးသည် ခြေလှမ်းများစွာ နောက်သို့ဆုတ်လိုက်လေသည်။ ထို့နောက် သူ့လက်မကြီးနှစ်ခုသည် သူ့ခန္ဓာကိုယ် ရှေ့ပိုင်းကို ကွယ်ထားသည့် ဒိုင်းများ အသွင်ဖြစ်သွားခဲ့လေသည်။