← Chapters

နေလုံးကြီးမြင့်တက်လာနေသည်

Vol. 1 Ch. 44

နေလုံးကြီးမြင့်တက်လာနေသည်

Vol. 1 Ch. 44

နောက်ဆုံးအပင်ကို ပြည့်စုံစွာလေ့လာပြီးသည့်နောက်တွင် ကိစ္စရပ်များအားလုံးကို ဖြေရှင်းပြီးသားဖြစ်သွားသည်။ ပိုင်ရှောင်ချန်းသည် ဘေးပတ်ပတ်လည်က ဆူညံပွက်လောရိုက်နေသံများကို လျစ်လျူရှုလိုက်သည်။ ထို့နောက် ကျောက်စိမ်းပုရပိုက်ပေါ်တွင် ဖော်ပြထားသော အချက်အလက်များကို အာရုံစိုက်လိုက်ပြီး အပင်နှင့်အသီးအရွက်တာအိုထဲသို့ စိတ်နှစ်လိုက်ရာ ရှောင်ချန်းသည် အိပ်မွေ့ချခံရသူအလား မိန်းမောသွားသည်။

ယခုချိန်တွင် အင်မတန် ပြင်းထန်လှသော မိုးကြိုးလျှပ်စီးမျိုးပင်ဖြစ်ပါစေ သူ၏ စိတ်အာရုံစူးစိုက်မှုကို ဖျက်စီးနိုင်မည်မဟုတ်ပေ။ ထို့ပြင် တခြားသူများ၏ ဆေးဖော်စပ်မှုရလဒ်များကိုပင်လျှင် စိတ်ဝင်စားမှုအလျဥ်းမရှိပေ။ တစ်ချက်ကလေးတောင်မှ မျက်လုံးလေးပင် ဝေ့ကြည်ဖော့်မရပေ။

ဟုတ်သည်။ ပရိတ်သတ်များ၏ စိတ်အာရုံကို ဆွဲဆောင်ထားနိုင်သူများထဲတွင် ပိုင်ရှောင်ချန်းပါ၀င်လေသည်။ ပိုင်ရှောင်ချန်းသည် သူ၏ အစပိုင်းလေ့လာမှုတွင်ပင်လျှင် ဘာကြောင့် ဒီလောက်အချိန်တွေ အများကြီးသုံးနေရလဲဟု အံ့ဩနေကြသည်။ မျက်နှာများတွင်လည်း သိချင်စိတ်ပြင်းပြနေသော အရိပ်အယောင်များထင်ဟပ်နေသည်မှာ အထင်အရှားဖြစ်သည်။

“ပိုင်ရှောင်ချန်းက ဘာလို့အရမ်းနှေးနေရတာလဲ။ လူတိုင်းက ပြီးနေပြီလေ။ သူကအခုမှ စ လုပ်ရုံရှိသေးတယ်။ စစ်ဆေးပွဲကို ဒီမှာပဲ ရပ်လိုက်သင့်တယ် မဟုတ်ဘူးလား ”

“ဟမ်…ငါတော့အဲ့လိုမတွေးဘူး​နော်။ နယ်လှည့်သမားတော် အဆင့်တိုးစစ်ဆေးပွဲဖြေတာက အချိန်အကန့်အသတ်မရှိဘူးဆိုတာ မင်းမသိဘူးလား။ ရပ်လိုက်တယ်လို့ဘယ်တုန်းကမှ ငါမကြားဖူးဘူးနော်''

နောက်ဆုံးအကြောင်းကို ဘယ်သူပြောလိုက်လဲ ဆိုတာကို တိတိကျကျမသိလိုက်သော်လည်း ပရိတ်သတ်များကြားသောအခါ မည်သည့်ခံစားချက်အရိပ်အယောင်မှ ရှိမနေသည့် အကြီးအကဲရွှီဆီသို့ လှမ်းကြည့်လိုက်ကြသည်။

အကြီးအကဲရွှီသည် ခဏမျှချီတုံချတုံဖြစ်သွားသည်။ သို့သော်လည်း နယ်လှည့်သမားတော် အဆင့်တိုးစစ်ဆေးပွဲတွင် အမှန်တကယ်ပင် အချိန်သတ်မှတ်ချက်မရှိသည် ဖြစ်ရာ ပိုင်ရှောင်ချန်းဆေးဖော်စပ်နေသည်ကို ထိုနေရာမှာပင် ဆက်လက်ရပ်ကြည့်နေသည်။

ဟန်ကျန်းယဲ့ကမူ လုံး၀ကို စိတ်ပူမှုမရှိဘဲ ရှောင်ချန်းကို အထင်သေးဟန် အရိပ်အယောင်များက မျက်၀န်းထဲတွင်ဖြတ်ပြေးသွားကာ အေးစက်စွာ ရယ်မောနေသည်။

ပိုင်ရှောင်ချန်း၏ လှုပ်ရှားမှုများသည် အင်မတန်မြန်ဆန်လှပြီး မျက်၀န်းများကလည်း တောက်ပစွာ လင်းလက်နေသည်။ သူ့အတွက်မူ ဆေးပေါင်းဖိုသာလျှင် တစ်ကမ္ဘာဖြစ်နေသည်။ အမျိုးမျိုးသောဆေးပင်များကို လျင်မြန်စွာ နယ်လိုက်သောအခါ ကော်ကဲ့သို့ အနှစ်များဖြစ်သွားသည်။ ၎င်းတို့ကို အမှုန့်များဖြစ်သည်အထိ လုပ်ရင်း အခြားသော ပြင်ဆင်မှုများကိုလည်း ဆက်တိုက် ပြုလုပ်နေသည်။ ထို့နောက် ပါ၀င်ပစ္စည်းများ အားလုံးကို ဆေးပေါင်းဖိုထဲသို့ ထည့်လိုက်သည်။ ညာလက်ဖြင့် လက်ကွက်ပုံဖော်လိုက်ပြီး ဆေးပေါင်းဖိုဆီသို့ လက်ကို ညွှန်လိုက်ရာ ဆေးပေါင်းဖိုအောက်တွင် မြေမီး​တောက်က တောက်ပစွာလောင်ကျွမ်းလာသည်။

နှစ်နာရီကြာပြီးနောက်တွင် ပြင်းထန်သော ဆေးနံ့များက ဆေးပေါင်းဖိုဆီမှ ထွက်ပေါ်လာသည်။ ပိုင်ရှောင်ချန်းသည် လက်ကို ဝှေ့ရမ်းလိုက်ရာ လေးလက်မခန့်ရှိသော မှင်ရည်စိတ်စွမ်းအင် အမွှေးတိုင်သည် ပျံသန်းပေါ်ထွက်လာသည်။ သူ့လက်ဖဝါးပေါ်သို့ရောက်သည်နှင့် မျက်မှောင်ကြုတ်ကာ စစ်ဆေးလိုက်သည်။

ပရိတ်သတ်အားလုံး၏ မျက်နှာတွင် ပြင်းထန်သော စိတ်ခံစားမှုများ ဖြစ်ပေါ်နေသည်။ အကြီးအကဲရွှီ၏ မျက်လုံးများမှာလည်း တလက်လက်တောက်ပနေသည်။ ပရိတ်သတ်များအားလုံးသည် ပထမတစ်ခုအောင်မြင်သွားပြီးဖြစ်၍ ရှောင်ချန်းကို ဒုတိယအမွှေးတိုင်ကို ဆက်လုပ်မည်ဟု မျှော်လင့်ထားကြသော်လည်း ထိုအစား အမွှေးတိုင်ကို ယတိပြတ်အသေးစိပ်ဆက်လက်လေ့လာနေသည်ကိုသာ တွေ့ရလေသည်။

“သူဘာလုပျနတောလဲ''

“ အောင်မြင်သွားပြီလေ။ ဘာလို့ဆက်မလုပ်တာလဲ ”

အားလုံးသည် သူ့ကို ကြည့်ကာ ကြက်သေသေနေကြသည်။

ပိုင်ရှောင်ချန်းကမူ မှင်ရည်စိတ်စွမ်းအင် အမွှေးတိုင်ကို ကြည့်နေရင်း စိတ်တိုင်းမကျဖြစ်နေသည်။ သူသည် အောင်မြင်သည်ဆိုသည်မှာ မှန်သော်လည်း သူသုံးထားသော ပါ၀င်သည့် ပစ္စည်းများအရ အမွှေးတိုင်က ခုနစ်လက်မရှည်ရမည်ဖြစ်သည်။

“ ဘာက မှားနေတာလဲ ”

ပိုင်ရှောင်ချန်းတစ်ယောက် စဉ်းစားခန်းဝင်နေသည်။ ထိုကိစ္စကို အဖြေရှာ ချင့်ချိန်စဉ်းစားနေသည်မှာ နောက်ထပ်ခြောက်နာရီထပ်ကြာသွားလေသည်။

လူတိုင်းသည် သည်းမခံနိုင်တော့သည့် အခြေအနေသို့ရောက်သွားသည်။ ထိုစဉ် ပိုင်ရှောင်ချန်းသည် မျက်လုံးများလင်းလက်ကာ ဒုတိယမြောက် ဆေးအမယ်များဖြင့် ဆေးကို စတင်ဖော်စပ်တော့သည်။ ပရိတ်သတ်များသည် သူလုပ်ကိုင်နေသည်များကို အမောတကောဖြင့် ကြည့်နေကြသည်။

နောက်ထပ် နှစ်နာရီ ထပ်ကြာသွားသည်။ ယခုအကြိမ်တွင် ဆေးအနံ့များသည် ပိုမိုပြင်းထန်လာပြီး ငါးလက်မခန့် ရှည်သော မှင်ရည်စိတ်စွမ်းအင် အမွှေးတိုင်ပျံထွက်လာသည်။

တုလင်ဖေးသည် မျက်နှာကွက်ခနဲပျက်သွားသည်။ ချန်းကျိအန်းနှင့် ကျောက်ရိသော်တို့သည်လည်း ရှော့ရသွားကြသည်။ ဟန်ကျန်းယဲ့ကမူ မျက်၀န်းထဲတွင် ရိပ်ခနဲ လှုပ်ရှားသွားသော်လည်း မျက်နှာသွင်ပြင်ကို တည်ငြိမ်အောင် ထိန်းချုပ်ထားသည်။ သို့သော်အတွင်းကျိတ်မြုံကာ သိချင်နေတော့သည်။

သူသိချင်သည့်အဓိကအချက်မှာ ပိုင်ရှောင်ချန်းသည် နှစ်ကြိမ်ဆက်တိုက် အောင်မြင်ခဲ့သည်ဖြစ်ရာ ဆက်ပြီးအောင်မြင်မလားဆိုသည်ပင် ဖြစ်သည်။

လက်ရှိတွင် အံ့ဩတုန်လှုပ်ကာ ငေးစိုက်ကြည့်နေကြသည့် မျက်၀န်းများအောက်တွင် ပိုင်ရှောင်ချန်းသည် အင်္ကျီလက်ကို ဝှေ့ရမ်းလိုက်ပြီး တတိယမြောက် ဆေးအမယ်များကို ထုတ်ရင်းအမွှေးတိုင်ပြုလုပ်ခြင်းကို စတင်လိုက်သည်။ ထို့ကြောင့် ဂိုဏ်းသားများအားလုံးသည် အနီးကပ် ကြည့်ရှုစပ်စုနေကြသည်။

တိတ်ဆိတ်ငြိမ်သက်စွာဖြင့် နှစ်နာရီကုန်ဆုံးသွားလေသည်။ ဆေးပေါင်းဖိုသည်တသိမ့်သိမ့်တုန်လာပြီး ပိုမိုပြင်းထန်သော ဆေးနံ့ထွက်လာကာ ခြောက်လက်မရှည်သော မှင်ရည်စိတ်စွမ်းအင် အမွှေးတိုင် ပေါ်ထွက်လာခဲ့သည်။

“သုံးကြိမ်ဆက်တိုက်….ဘယ်လိုလို့ဖြစ်နိုင်မှာလဲ ”

”ပိုင်ရှောင်ချန်းက ဘယ်လိုလို့ ဒါကို လုပ်နိုင်ရတာလဲ။ ဖြစ်နိုင်တာကတော့ မှင်ရည်စိတ်စွမ်းအင် အမွှေးတိုင်ကို အရင်က လုပ်ခဲ့ဖူးလို့ဖြစ်ရမယ်”

ဆက်တိုက် အောင်မြင်မှုများကြောင့် အံ့ဩတုန်လှုပ်မှုများသည် လျှံကာ ထွက်ကျလာသည်။ သူတို့သည် မြင်နေရသည်ကို လက်ခံယုံကြည်ရန် ခက်ခဲနေကြသည်။

တုလင်ဖေးသည် အသက်ကို အိုးနင်းခွက်နင်းရှူရင်းက ပိုင်ရှောင်ချန်းကို မျက်ထောင့်နီကြီးနှင့် ငေးကြည့်နေသည်။ ကျောက်ရိသော်နှင့် ချန်းကျိအန်းတို့မှာမူ လဒမှိုင် မှိုင်နေကြသည်။

"သုံးကြိမ်ဆက်တိုက်'' လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဟန်ကျန်းယဲ့တွေးနေသည်။ သူ့မျက်လုံးများမှာ အိပ်ပျက်ညများနှင့် ဆက်တိုက်ကြုံထားသောသူကဲ့သို့ နီရဲတွတ်နေသည်။

"သူက အစတည်းက မှင်ရည်စိတ်စွမ်းအင်အမွှေးတိုင်ကို ဖော်စပ်ဖူးတာဖြစ်ရမယ်။ ဟုတ်တယ်။ သူက ဒီတစ်ခေါက်ကံကောင်းသွားတာ။ ဒါပေမယ့် နောက်တစ်ခေါက်ကျရင်တော့ ဇာတ်လိုက်သေတဲ့ပုံပြင်လို အခုဖြစ်နေတဲ့ရလဒ်တွေနဲ့တခြားစီဖြစ်လာမှာ''

အားလုံးသည် ပိုင်ရှောင်ချန်း နောက်ထပ်အမွှေးတိုင်တစ်ခု စတင်လုပ်မည့်အချိန်ကို စောင့်မျှော်နေကြသည်။ ပိုင်ရှောင်ချန်းကမူ ခြောက်လက်မရှည်သော အမွှေးတိုင်ကိုကိုင်လျက် မျက်မှောင်ကြုတ်ကာ မေးစေ့ကိုပွတ်သပ်ရင်း စဥ်းစားနေသည်။

ပရိတ်သတ်များသည် ဆယ်နာရီကြာသည်အထိ စောင့်ဆိုင်းနေကြသည်။

အကယ်၍များသာ ပထမဦးဆုံးအမွှေးတိုင်ကို လုပ်ရန် ဤမျှလောက်အချိန်ယူနေမည်ဆိုပါက ပရိတ်သတ်များသည် ​တစ်ယောက်မှပင် ကျန်မည်မဟုတ်ပေ။ သို့သော်လည်း ပိုင်ရှောင်ချန်းသည် သုံးကြိမ်ဆက်တိုက်အောင်မြင်သွားပြီးဖြစ်သဖြင့် နောက်တစ်ခုသာအောင်မြင်သွားပါက ဟန်ကျန်းယဲ့နှင့် ရလဒ်တူရသွားမည်ဖြစ်သည်။ ပရိတ်သတ်များသည် အဖြေကို သိချင်လွန်းလှသဖြင့် တလှုပ်လှုပ် တရွရွဖြစ်နေကြသည်။

"ပိုင်ရှောင်ချန်းက သိပ်အချိန်ဆွဲတာပဲဟေ့။ ဒါက အဆင့်တစ် စိတ်စွမ်းအင်ဆေးလေးပဲလေ။ သူကဘာလို့အဲ့လောက်တောင် စဥ်းစားဖို့အချိန်ယူနေရတာလဲ''

မှန်​ပေသည်။ တုလင်ဖေးနှင့် ဟန်ကျန်းယဲ့နှစ်ယောက်သည် ရင်းနှီးမှု အကြီးဆုံးစိုက်ထုတ်ထားကြရသူများ ဖြစ်သဖြင့် ပိုင်ရှောင်ချန်းကို မလှုပ်မယှက် မျက်တောင်မခတ်ဘဲ ကြည့်နေကြပြီး ထွက်သွားရန် ဆန္ဒလုံးဝမရှိကြပေ။

အားလုံးစောင့်မျှော်နေကြသော ပိုင်ရှောင်ချန်း မျက်လုံးများတောက်ပဝင်းလက်ချိန်သို့ ရောက်လာပြီဖြစ်သည်။ ပိုင်ရှောင်ချန်းသည် မျက်ခုံးများမြင့်တက်သွားကာ လက်နှစ်ဖက်ကို ဝှေ့ရမ်းလိုက်သည်။ သူ၏ အပင်နှင့်အသီးအရွက်များ စွမ်းရည်ကို အစွမ်းကုန်ထုတ်သုံးရင်း ဟန်ကျန်းယဲ့နှင့် တန်းညှိမည့် လေးချောင်းမြောက် အမွှေးတိုင်ကို စတင်လေသည်။ လူတိုင်းသည် ရင်တဖိုဖိုဖြင့် ပိုင်ရှောင်ချန်းကို စောင့်ကြည့်နေကြလေသည်။

နှစ်နာရီကြာပြီးသည့်နောက်တွင် ဆေးပေါင်းဖိုမှ ပွက်ပွက်ညံနေသည့် အသံများထွက်လာလေသည်။ သို့သော်လည်း ပျက်စီးသည့် အခြေအနေမဟုတ်သည်မှာသေချာလေသည်။ ထိုအစား ပြင်းရှရှ ဆေးငွေ့များက မျက်လုံးပင်ဖွင့်မရနိုင်လောက်အောင် ပျံ့လွင့်လာသည်။ အံ့ဖွယ်ပင် ခုနစ်လက်မရှည်သော မှင်ရည်စိတ်စွမ်းအင် အမွှေးတိုင် ပေါ်ထွက်လာသည်။

လေးချောင်းမြောက်ကိုလည်း နောက်ထပ်အောင်မြင်သွားပြန်လေပြီ!

ပရိတ်သတ်များကြားတွင် လေမုန်တိုင်းတိုက်သကဲ့သို့ ပြောင်းဆန်နေသည်။

" လေးချောင်းဆက်တိုက် ''

"ဒီလိုဖြစ်နိုင်တယ်လို့ ထင်တောင်မထင်ဘူး။ ဘယ်နှစ်ခုလောက်များ ပိုင်ရှောင်ချန်းကလုပ်နိုင်မှာမို့လို့လဲ''

"အောင်ဖို့ကတော့ အနည်းဆုံးနှစ်ချောင်းလိုတယ်။ လေးချောင်းဆိုရင်တော့ တိုက်ရိုက်ရွေးချယ်ခံရပြီ။ မှတ်မိသလောက်တော့ အမကျိးရှင်းကျီက ခုနစ်ချောင်းလုပ်နိုင်ခဲ့လို့ နယ်လှည့်သမားတော်ဖြစ်သွားတာလေ''

လူအုပ်ကြီးသည် အုန်းအုန်းကျွက်ကျွက်နှင့် တစ်ယော​က်တစ်ပေါက်ပြောနေကြသည်။ တုလင်ဖေးမျက်နှာသည်မြင်မကောင်းအောင် ပျက်ယွင်းနေပြီဖြစ်သည်။ တုလင်ဖေးသည် ပိုင်ရှောင်ချန်းက အပင်နှင့် အသီးအရွက်များစွမ်းရည်မှာ သူ့ထက်သာသည်ဟု ရိပ်မိသော်လည်း ဆေးဖော်သည့်နေရာတွင်မူ အရည်အချင်းက အဆမတန်ကွာခြားနေသည်ကို သိလိုက်ရသောအခါ စိတ်ရှုပ်ထွေးသွားသည်။

ဟန်ကျန်းယဲ့ကမူ လက်သီးကို တင်းနေအောင်ဆုပ်ကာ အံတကြိတ်ကြိတ်နှင့် ဖြစ်နေသည်။ သူသည် အင်မတန်တုန်လှုပ်ခြောက်ခြားနေပြီး မြင်နေရသည်များကို မယုံကြည်နိုင်အောင်ဖြစ်နေသည်။

သို့သော်လည်း သူ့မျက်စိရှေ့တွင် မြင်နေရသည်မှာ အမှန်တရားများဖြစ်သဖြင့် မည်သို့မျှငြင်းဆန်လို့မရဖြစ်နေသည်။

"လေးချောင်း။ လေးချောင်းက သူ့အဆုံးသတ်ပဲလေ။ နောက်ထပ်ဘယ်လိုလို့အောင်မြင်နိုင်ဦးမှာလဲ''

ပရိသတ်များသည် ပိုင်ရှောင်ချန်း ဘယ်နှကြိမ်လောက် အောင်မြင်နိုင်သလဲ ဆိုသည်ကို တလှုပ်လှုပ်တရွရွဖြင့် အမျိုးမျိုးထင်ကြေးပေးနေကြသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းသည် ဆက်မလုပ်သေးဘဲ အမွှေးတိုင်ကို ငေးကြည့်နေသည်။ ဟုတ်ပေသည်။ ပိုင်ရှောင်ချန်း၏ နောက်ထပ်လေ့လာချိန်ကို ရောက်လာပြန်ပြီဖြစ်သည်။

"ဟာ ဒီကောင်လေးက ဘာလုပ်နေပြန်တာလဲ။ သူက ထပ်လေ့လာဦးမှာလား။ "

‌ပရိတ်သတ်များသည် စိတ်ရှုပ်သွားကြသော်လည်း ထွက်သွားဖို့ရန်မူ မစဥ်းစားကြချေ။ ထိုအစား သူတို့သည် နောက်ထပ်ဘာဖြစ်မလဲဟူသော ပိုင်ရှောင်ချန်း၏ ရလဒ်ကို ထိုင်စောင့်နေကြသည်။😁

ဆယ့်ခြောက်နာရီကြာပြီးနောက် ပိုင်ရှောင်ချန်းက သက်ပြင်းကြီးချလိုက်သည်။ သူ့မျက်လုံးများမှာလည်း သွေးများယိုစီးကျတော့မတတ် နီရဲတွတ်နေသည်။ သို့သော်လည်း ဘယ်သူကမှသတိမထားလိုက်မိကြသည်မှာ ပိုင်ရှောင်ချန်း၏လေးချောင်းမြောက်သည် ပျက်စီးလုနီးနီးဖြစ်သွားသည်ဆိုသောအချက်ပင်။

"ဒီ မှင်ရည်စိတ်စွမ်းအင်အမွှေးတိုင်က တခြား ငါဖော်စပ်ဖူးတဲ့ ဆေးတွေထက် သောက်ကျိုးနည်းပိုခက်တာပဲ။''

ပိုင်ရှောင်ချန်းသည် အသေးစိပ် တိတိကျကျ ချင့်ချိန်သုံးသပ်နေသည်။ သူလုပ်ပြီးသမျှ အမွှေးတိုင်တစ်ခုချင်း၏ အားနည်းချက် အားသာချက်များကို စိစစ်စစ်ဆေးပြီးနောက်တွင်တော့ ဘာမှားနေလဲဆိုတာက ရှင်းရှင်းလင်းလင်းပင် ပေါ်လာလေငည်။ ပြဿနာကို သိသည်နှင့် အဖြေကိုရှာပြီးနောက် ငါးခုမြောက်ကို ဆက်လိုက်ဖော်စပ်လေသည်။

သူဆေးဖော်နေချိန်တွင် အာရုံစူးစိုက်ထားမှုက ထင်ထားသည်ထက်ကိုပင် အဆမတန်ပိုသေးသည်ဖြစ်ရာ ဘေးပတ်ဝန်းကျင်တွင် ဘာဖြစ်နေလဲ သူမသိတော့သည်အထိပင်ဖြစ်သည်။ ဘေးက ပရိတ်သတ်တွေက ဘာပဲပြောနေနေ ရှောင်ချန်းကတော့ သူ့ကိုယ်သူ ယုံကြည်မှုမရနိုင်သေးသ၍ ဆေးဖော်စပ်ရန် စိတ်ကူးမရှိပေ။

လူတိုင်းသည် အချိန်အကြာကြီးထိုင်စောင့်နေကြရသည်ဖြစ်ရာ ပင်ပန်းနွမ်းနယ်လှပြီဖြစ်သဖြင့် သည်းမခံနိုင်အောင်​ဖြစ်လာပြီး လည်ပင်းများမှာလည်း သစ်ကုလားအုတ်လည်ပင်းများဖြစ်လာကြသည်။

သိပ်မကြာမီမှာပင် ဆေးပေါင်းဖိုမှ ထုံးစံအတိုင်း အသံများကြားလိုက်ရလေသည်။ အရပ်မျက်နှာအနှံ့သို့ဆေးနံ့များက ပျံ့လွင့်လာသည်။ ထိုရနံ့သည် အသည်းခိုက်အောင်ပင် စွမ်းဆောင်မှုက ပြင်းထန်လှသည်။

"ငါးခုမြောက်ကလည်း အောင်မြင်တယ်!''

ဟန်ကျန်းယဲ့သည် ကြက်သေသေနေပြီး တစ်ကိုယ်လုံးတွင် အမုန်းတရားများနှင့်ပြည့်နှက်လာသည်။ အချိန်အတော်ကြာသည်အထိ တုတ်တုတ်မျှမလှုပ်ဘဲ ငြိမ်သက်နေသည်။

ပိုင်ရှောင်ချန်းသည် အားလုံးစောင့်မျှော်နေကြသော ခြောက်ခုမြောက်ကို ဆက်လုပ်​ပြန်သည်။ ရှောင်ချန်းသည် သူ့ဝတ်ရုံကြီးကို နောက်သို့ခါထုတ်လိုက်​ပြီးနောက် ခြောက်ခုမြောက်ကို ဖော်စပ်လေသည်။

သိပ်မကြာခင်မှာပင် ဆေးပွက်သံများကြားရပြီး ဆေးနံ့များ ကြိုင်လှိုင်ကာ ခြောက်ခုမြောက်ကလည်း အောင်မြင်သွားပြန်သည်!

ပိုင်ရှောင်းချန်း၏မျက်လုံးများတလက်လက်တောက်ပလာသည်။ ခဏတောင် အချိန်မဖြုန်းတော့ဘဲ ဆေးပင်များကို ဆွဲထုတ်ကာ ခုနစ်ခုမြောက်ကို စတင်လေသည်။ သို့သော်လည်း ခုနစ်ခုမြောက်လုပ်ရာတွင် တူးနံ့ထွက်လာပြီး ချက်ချင်းပင် လေထဲ၌ပျံ့သွားသည်။ သို့သော်လည်း ထိုအနံ့မှာ အင်မတန်ယဥ်သည်ဖြစ်ရာ ပိုင်ရှောင်ချန်းတစ်ယောက်တည်းသာသိနိုင်သည့်အနံ့မျိုးဖြစ်သည်။ ပိုင်ရှောင်ချန်းသည် ပေါက်ကွဲထွက်လုမတက်ရင်တွေခုန်လျက်ရှိသည်။

သူသည် ညာလက်​ဖြင့် လက်ကွက်ပုံဖော်လိုက်ပြီး မြေမီးတောက်ကို မီးဖိုဆီသို့ ပစ်လိုက်သည်။ သူသည် အင်မတန်မှ ဆေးပစ္စည်းများကို ဂရုတစိုက်ပြန်လည်ကိုင်တွယ်လိုက်ရပြီးသည့်နောက်တွင်မူ ခုနစ်ခုမြောက်လည်းအောင်မြင်ခဲ့လေသည်။

သို့သော်လည်း အမွှေးတိုင်သည် သုံးလက်မသာရှိပြီး အညစ်အကြေးများမှာလည်း များပြားလွန်းလှသည်။ အဆင့်အနိမ့်ဆုံး ရှိလုနီးပါးသို့ရောက်ပြီး အဆိပ်များမှာလည်း ပမာဏများပြားစွာပါသေးသည်။ သို့သော်လည်း ပရိတ်သတ်များ၏ ဆုံးဖြတ်ပေးမှုအရ ထိုတစ်ခုကိုလည်းအောင်မြင်သည်ဟု သတ်မှတ်လေသည်။

ပရိတ်သတ်များသည် ဘာတွေဖြစ်ပျက်နေသည်လဲဆိုသည်ကို လုံးစေ့ပတ်စေ့တွေးနေကြသည်။ အားလုံးသည် စိတ်လှုပ်ရှားလျက်ရှိကြသည်။ အထူးသဖြင့် ရွှီပေါက်ချိုင်သည် မယုံကြည်နိုင်အောင်ဖြစ်နေသည်။

"သူက အမကျိုးရှင်းချီလိုပဲတော်တာပေါ့။ ငါကြားဖူးသလောက်တော့ ဂိုဏ်းထဲမှာ ရှစ်ခုမြောက်အောင်မြင်ဖူးတာဆိုလို့ ဝမ်ချင်းရှန်ဆိုတဲ့ ဂိုဏ်းသားတစ်ယောက်ပဲရှိသေးတာလေ။ အဲ့အကိုကြီးကလည်း အခုဆိုရင် အထွတ်အထိပ်အဆင့်ကိုရောက်ပြီး ဂိုဏ်းချုပ်ရဲ့ အမွေဆက်ခံသူတောင်ဖြစ်နေပြီလေ''

"ကိုးကြိမ်အောင်မြင်တာတော့ တစ်ခါမှမကြားဖူးသေးဘူး။ ဘယ်သူမှလည်းမလုပ်နိုင်ကြသေးဘူးလေ။''

ပရိတ်သတ်များ၏ အသံသည် တဝေါဝေါနှင့် ဖြစ်နေကြသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းက ဆေးမီးဖိုကို ကြည့်ကာ ငြိမ်သက်စွာ ထိုင်နေသည်။ မျက်လုံးများမှာလည်း နီမြန်းလျက်ရှိသည်။ သည်အကြိမ်တွင် သူ့ကိုယ်သူ စာမေးပွဲ ဖြေနေရသည် ဆိုသည်ကို မေ့သွားလေသည်။ သူ၏ အတွေးကမ္ဘာတစ်ခုလုံးသည် ဆေးဖော်ရာတွင်သာ နစ်မြုပ်လျက်ရှိသည်။ နောက်ထပ်ဖြစ်လာနိုင်သည့် အပျက်အစီးများအကြောင်းကို အဖက်ဖက်က ပြည့်စုံစွာ စဥ်းစားနေသည်။ ထို့နောက်တွင်မူ သူသည် ဆေးပင်များကို ဆွဲထုတ်ကာ ကိုးခုမြောက် အမွှေးတိုင်ကို ဆက်လုပ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

"ဒီအသီးက မှင်ရည်အသီးလို့ခေါ်တဲ့ စိတ်ဝိညာဉ်အပင်ဖြစ်တယ်။ ပြီးတော့ အသီးတစ်ခုချင်းစီမှာပါတဲ့ မှင်ပစ္စည်းပမာဏက နည်းနည်းစီကွဲတယ်'' ပိုင်ရှောင်ချန်းသည် သစ်သီးကို လက်ပေါ်တင်ကာ သေသေချာချာ စူးစမ်းလေ့လာနေသည်။

အချိန်တွေကုန်လွန်ခဲ့ပြီ။ ရှောင်ချန်း ပြဿနာဖြစ်နေသည်ကို သတိထားမိပြီး ဘာတွေဖြစ်နေလဲဟု ပရိတ်သတ်များသည် ခနဲ့တဲ့တဲ့ လှောင်ပြုံးများဖြင့် စတင်ထိုးနှက်လာကြသည်။ သူတို့က စိတ်လှုပ်ရှုပ်ရှားနေကြသော်လည်း ပိုင်ရှောင်ချန်းက တည်ငြိမ်စွာ ဆေးဖော်စပ်ခြင်းကို စဥ်းစားနေပြီး ဒေါသထွက်လာသဖြင့် ခန္ဓာကိုယ်မှာဆတ်ခနဲ မတ်သွားလေသည်။

အခုချိန်ထိ ဘယ်သူကမှ ထွက်ခွာသွားရန် ဆန္ဒမရှိကြသေးပေ။ အချို့အပြင်ဂိုဏ်းသားများသည် တင်ပျဉ်ချိတ်ထိုင်ကာ ရှောင်ချန်းကိုစောင့်နေကြသည်။ အချို့ကမူ အင်မတန်ပင်ပန်းလာပြီဖြစ်ရာ အနီးအနားတွင်ရှိသော ကျောက်တုံးကြီးများကိုရှာကာ အိပ်ရင်းစောင့်ကြသည်။

ထူးဆန်းသော မျက်နှာရိပ် မျက်နှာကဲသည် အကြီးအကဲရွှီ၏ မျက်နှာပေါ်တွင်ပေါ်လာသည်။ ခြောက်ကပ်စွာ ချောင်း တဟွတ်ဟွတ်ဆိုးရင်း တင်ပျဉ်ခွေထိုင်ကာ စောင့်နေသည်။

ထင်ထားသည့်အတိုင်းပင်။ တုလင်ဖေးနှင့် ဟန်ကျန်းရဲ့သည် ယခုထက်တိုင်ထွက်မသွားသေးပေ။ သူတို့ကို ရှောင်ချန်းနှိပ်စက်သဖြင့် စိတ်ရောလူပါ ပင်ပန်းနေသည်ဖြစ်သော်လည်း ထိုင်ပြီးငြိမ်ငြိမ်လေးစောင့်နေရုံမှတပါး အခြားမရှိပေ။

တစ်ခါတစ်ရံ ဟောက်သံများကို ကြားရသည်မှအပ အရာရာသည် အပ်ကျသံကြားရလောက်တောင် တိတ်ဆိတ်ငြိမ်သက်နေသည်။ ခုချိန်ထိ ပရိတ်သတ်များသည် ထိုင်စောင့်နေကြတုန်းဖြစ်သည်။ ထိုအထဲတွင် ရွှီပေါက်ချိုင်လည်းပါဝင်လေသည်။ နာရီများစွာကြာပြီးနောက် အိပ်နေသောသူများပြန်နိုးလာကြသည်။ ထိုအချိန်တိုင်အောင် ပိုင်ရှောင်ချန်းသည် ဆေးဖော်စပ်ခြင်းနှင့်ပတ်သက်ပြီး လေးလေးနက်နက်စဥ်းစားဆင်ခြင်နေဆဲဖြစ်သဖြင့် နိုးလာသူတို့မှာ သူတို့မျက်လုံးကို သူတို့မယုံနိုင်အောင်ဖြစ်နေသည်။

"သူကခုထိ လေ့လာနေတုန်းလား။ ယုံတောင်မယုံနိုင်ဘူး။''

"နေတောင် အတော်မြင့်လာပြီ''

နောက်ဆုံးတွင်တော့ နာရီပေါင်း နှစ်ဆယ်ကျော် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ ပိုင်ရှောင်ချန်းသည် ဦးမော့လာခဲ့ပြီး မျက်လုံးများမှာ ပေါက်ထွက်လုမတက် နီတောက်နေလေသည်။

All Chapters