အခန်း (၇၁၆)
Vol. 52 Ch. 716
ရွံ့အိုင်တစ်ခုထဲ ကျနေသော ထျဲ့ကူဂိုဏ်းသားတစ်ယောက် ခေါင်းကို ခက်ခက်ခဲခဲ မော့၍ လေထုလမ်းကြောင်းအား ကြည့်လိုက်သည်။
ထိုစဥ် လေထုလမ်းထဲမှ အနီရောင် ခေါင်းတလားကြီးတစ်ခု ထွက်လာ၏။
ခေါင်းတလားဘေးတွင်ကား ဝိဥာဥ်နှင့်တူသည့် မရေမတွက်နိုင်သော လူများ ခြံရံလျက် ...
ထိုမြင်ကွင်းကြောင့် ထျဲ့ကူဂိုဏ်းသား ရင်တစ်ခုလုံး ဗြောင်းဆန်သွားသည်။
" ဒါ... စိတ်ဝိဥာဥ်အလောင်း ဂိုဏ်းကလား.. "
စိတ်ဝိဥာဥ်အလောင်းဂိုဏ်းသည် ကျုံ့ကျိုးမှ မြင့်မြတ်နယ်မြေတစ်ခုဖြစ်ပြီး သူတို့ ထျဲ့ကူဂိုဏ်းထက် များစွာ ပိုအင်အားကြီးပါ၏။
ထိုသူများရော ရောက်လာသတဲ့လား...
ထျဲ့ကူဂိုဏ်းသား အတွေးများနေစဥ်မှာပင်..
ဝုန်း ..
ခေါင်းတလားကြီးက ရုတ်တရက် လေထဲပျံတက်ပြီး သူ့ရှေ့ ရောက်လာသည် ။
ထျဲ့ကူဂိုဏ်းသား မှင်သက်မိသွားသည်။
" ကျုပ်က ထျဲ့ကူဂိုဏ်းက ဂိုဏ်းသားတစ်ယောက်ပါ ။ သခင်ကြီးကို ခုလိုတွေ့ခွင့်ရတဲ့အတွက် အင်မတန် ဝမ်းသာဂုဏ်ယူမိပါတယ် "
သူ ခက်ခက်ခဲခဲ ထရပ်ကာ ဒူးထောက်၍ ဆိုလိုက်၏။
စိတ်ဝိဥာဥ်အလောင်းဂိုဏ်းမှ လူများသည် အလွန်ရက်စက်ကြမ်းကြုတ်ကြောင်း သူ သိထားပြီးဖြစ်သလို ..
သူတို့လက်ထဲ ရောက်လျှင် သေရခြင်းကသာ ပိုကောင်းသည်ကိုလည်း သိထားသေးရာ .. သူ မ
ကြောက်ဘဲ မည်သို့နေနိုင်ပါမည်နည်း ။
" ထျဲ့ကူဂိုဏ်း ... ဟုတ်လား ၊ မင်းတို့ကိုရော မဟာအလင်းတန်းဂိုဏ်းက ခေါ်လိုက်တာလား "
ထိုစဥ် ခေါင်းတလားထဲမှ ခပ်အက်အက် အသံတစ်သံ ထွက်လာ၏။
ထျဲ့ကူဂိုဏ်းသား မြန်မြန် ပြန်ဖြေလိုက်သည်။
" ဟုတ်ပါတယ် သခင်ကြီး "
" မင်းက အခု ဘာလို့တစ်ယောက်တည်း ဖြစ်နေတာလဲ ။ မင်းတို့ ဂိုဏ်းချုပ်ကြီးရော "
ခေါင်းတလားထဲမှ အသံက ဆက်မေးသည်။
" ဂိုဏ်းချုပ်ကြီးက.... သေသွားပါပြီ "
ထျဲ့ကူဂိုဏ်းသား အောင့်သက်သက် ပြန်ဖြေလိုက်ရသည်။
" သေပြီ ဟုတ်လား... ဘယ်လို သေသွားတာလဲ "
ခေါင်းတလားထဲမှ အသံပိုင်ရှင် အနည်းငယ် အံ့သြသွားဟန်တူပါ၏။
ထျဲ့ကူဂိုဏ်းသားက ချက်ချင်းပင် ဖြစ်ပျက်ခဲ့သမျှကို သေချာပြောပြလိုက်သည်။
" ထျဲ့ကူဂိုဏ်းက ဘာမဟုတ်တဲ့ ဂိုဏ်းချုပ်တစ်ယောက်က နာမည်ကောင်းရချင်နေသေးတယ်ပေါ့ ။ အဲ့လိုကောင် သေသွားရတာ နည်းတောင်နည်းသေးတယ် "
" ဒါပေမယ့်.. ဒီပျောင်ပိုင်မြို့က ငါထင်ထားတာထက် သာနေတာပဲကွ ။ သူတို့ဆီမှာ အဲ့လိုအစွမ်းထက်တဲ့ အကာအကွယ်အစီအမံမျိုး တကယ်ရှိတယ်ပေါ့ ။ အင်း... ငါတို့ရဲ့ သချ်ိုင်းမြေမှာ အကာအကွယ်အစီအမံ လိုနေတာနဲ့ အတော်ပဲ။ အဲ့အစီအမံက ငါ့အပိုင် ဖြစ်သွားပြီ "
စကားသံဆုံးသည်နှင့် ခေါင်းတလား လေထဲသို့ ထပ်ပျံတက်သွားကာ.. ထျဲ့ကူဂိုဏ်းမှ လက်ကျန်ဂိုဏ်းသားများအား ပြောလိုက်သည်။
" မင်းတို့ ရှေ့ကနေ လမ်းပြကြ "
" ဟုတ်ကဲ့ "
ထျဲ့ကူဂိုဏ်းသားများမှာလည်း အမိန့်ကို မလွန်ဆန်ရဲဘဲ ခက်ခက်ခဲခဲ ထရပ်၍ ခေါင်းတလားနှင့် စိတ်ဝိဥာဥ်များအား ပျောင်ပိုင်မြို့ရိုးအောက်ခြေသို့ လမ်းပြခေါ်ဆောင်သွားရတော့သည်။
အမှန်တွင်ကား ထျဲ့ကူဂိုဏ်းသားများမှာ ပျောင်ပိုင်မြို့၏ မြို့ရိုးကိုကြည့်ရင်း ရင်ထဲအသည်းထဲမှပင် ကြောက်ရွံ့တုန်လှုပ်နေပါ၏။
" သခင်ကြီး ... အဲ့ရှေ့နားလေးဆို ရောက်ပါပြီ ။ ဒါပေမယ့် သခင်ကြီး သတိထားမှဖြစ်မယ်နော် ။ အဲ့အစီအမံက ထူးဆန်းလွန်းတယ်ဗျ "
ထျဲ့ကူဂိုဏ်းသားတစ်ယောက်က မျက်နှာငယ်လေးဖြင့် ဆိုသည်။
သူ ထိုသို့ပြောပြီးချိန်မှာပင်..
ဝုန်း..
စွမ်းအင်တန်းတစ်ခုက သူ့အား တိုက်ခိုက်လာကာ ... သူ လဲကျသွား၏။
" ဟမ့် ... မင်းကများ ငါ့ကို အဲ့လိုပြောရဲနေတယ်ပေါ့ ။ ငါ့ကို ဘာထင်နေလဲကွ... မင်းတို့ ထျဲ့ကူအမှိုက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လိုများ ထင်နေလား ။ မင်းတို့ ဂိုဏ်းချုပ်က မသေမျိုးအဆင့် ရောက်ထားတာ ဒီလောက်ကြာနေတာတောင် မသေမျိုးလက်နက်လေး တစ်ခုတောင် မရှိဘူးမဟုတ်လား ။ ငါ့ရဲ့ ဒီခေါင်းတလားက တကယ့် မသေမျိုးလက်နက်အစစ်ကွ "
" ကောင်လေး ၊ မင်း မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီးတော့ ငါ ဒီ အကာအကွယ်အစီအမံကို ဘယ်လိုယူပြမလဲ သေချာကြည့်ထား " .
စကားသံဆုံးသည်နှင့် ခေါင်းတလားကြီး လေထဲပျံတက်သွားသည်။
ဝုန်း ...
ထို့နောက်တွင်... ခေါင်းတလား ပွင့်သွားပြီး.. အထဲမှ ပိန်လှီလှီ လက်တစ်ဖက်ထွက်လာကာ အစီအမံဆီသို့ လက်လှမ်းလိုက်သည်။
သို့သော် ...
ဝုန်း ...
အစီအမံက အရောင်လက်သွားပြီး.. ချက်ချင်းမှာပင် ... စွမ်းအင်တန်းတစ်ခု ပြန်ကန်ထွက်လာ၏။
ခေါင်းတလားထဲမှ ရယ်သံကျယ်တစ်သံ ထွက်လာသည်။
" မင်းက ခုခံချင်နေသေးတယ်ပေါ့လေ ။ ဖယ်စမ်းကွာ .. "
အသံက ပြောပြီး စွမ်းအင်တန်းကို ဖျက်ဆီးရန်အတွက် လမ်းဖြင့် ဖမ်းဆုပ်လိုက်သည်။
သို့သော်...
ဝုန်း ..
အစီအမံမှ ပြန်ထွက်လာသော အစွမ်းကို ထိမိသည်နှင့် ... လက်ကြီးက ချက်ချင်း အပိုင်းပိုင်းဖြစ်သွားတော့၏။
" ဘယ်လိုဖြစ်ပြိီး .... "
ထိုအချိန်တွင် ခေါင်းတလားထဲမှ အသံမှာ ယခင်လို မတည်ငြိမ်နိုင်တော့ပါ ။
အစောက သူ လှမ်းလိုက်သည့်လက်သည် အလွန်အားပြင်းကြောင်း ကောင်းကောင်းသိထားသည့်တိုင်...
၎င်းက အကာအကွယ်အစီအမံရှေ့တွင် အားနည်းသူတစ်ယောက်လို ဖြစ်သွားခဲ့သတဲ့လား .. ။
အမှန်တွင်မူ... လောထျန်းသည် ပျောင်ပိုင်မြို့၏ အကာအကွယ်အစီအမံအား ကြိမ်ဖန်များစွာပင် အစွမ်းများ ထပ်ထည့်ထားသဖြင့် .. လက်ရှိတွင် အစီအမံမှာ အံ့မခန်းအဆင့်သို့ ရောက်နေလေပြီ ။
ထိုအချိန်မှာပင်..
ဝုန်း...
အစီအမံထဲ၌ စွမ်းအင်များ စုစည်းလာပြန်၏။
" ဘာ... ဘာတွေ ဖြစ်နေတာလဲ "
ခေါင်းတလားထဲမှ အသံပိုင်ရှင် တုန်လှုပ်သွားတော့သည်။
ထို့နောက်တွင် ..
အစီအမံဆီမှ ကြောက်မက်ဖွယ် အားကြီးတစ်ခု ထွက်လာကာ ခေါင်းတလားဆီသို့ တိုးဝင်လာ၏။
" ချီး.. မင်းက တကယ်ကြီး ပြန်တိုက်ခိုက်နိုင်တာပဲ ။ ဒါပေမယ့် ငါ့ကို နာကျင်အောင်လုပ်ချင်ရင် ဆုတောင်းလိုက်ပါဦးကွာ ။ ငါ့ရဲ့ မသေမျိုးလက်နက်ကို ဖျက်ဆီးနိုင်တဲ့သူ ဘယ်သူမှ မရှိဘူးကွ "
ခေါင်းတလားထဲမှ အသံက အရူးတစ်ယောက်လို အော်ဟစ်လိုက်သည်။
ထို့နောက်တွင်ကား..
ဝုန်း ..
အစီအမံမှလာသော အစွမ်းက ခေါင်းတလားနှင့် တွေ့ကာ အမှန်တကယ်လည်း ပိတ်ဆို့ခံလိုက်ရ၏။
" ဟား ဟား... တွေ့ပြီလား ၊ ဒါ မသေမျိုးလက်နက်ရဲ့ အစွမ်းပဲကွ "
အသံက ထပ်ရယ်လိုက်ပြန်သည်။
သို့သော်.. သူ့ရယ်သံ မဆုံးသေးခင်မှာပင် ..
ခွပ် ....
ခေါင်းတလား၌ အက်ရာများ ပေါ်လာ၏။
" ဒါ .... "
ခေါင်းတလားထဲမှ အသံ တုန်လာတော့သည်။
သူ အားကိုးအားထား ပြုရသည့် အရာကြီးက ဖျက်ဆီးခံရတော့မည်လား ။
ထို့နောက်တွင်ကား...
ဝုန်း...
အစီအမံမှလာသောအစွမ်းကြောင့် ခေါင်းတလားကြီး နှစ်ပိုင်းကွဲသွားတော့၏။
ဝှစ်...
တစ်ချိန်တည်းမှာပင် ခေါင်းတလားထဲမှအရိပ် လှုပ်ရှားသွားကာ နောက်သို့ အသည်းအသန် ပြေးဆုတ်သွားသည်။
အွတ်...
ထိုလူ မြေကြီးပေါ် ပြန်ကျချိန်မှာပင် သွေးအန်သွား၏။
သူ့မျက်လုံးများကမူ ရှေ့သို့ မယုံနိုင်စွာ ကြည့်လျက်...
" ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ အကာအကွယ်အစီအမံ တစ်ခုက ငါ့ရဲ့ မသေမျိုးလက်နက်ကို ဖျက်ဆီးနိုင်ရုံတင် မကဘူး ၊ ငါ့ကိုပါ ခုလိုဒဏ်ရာရသွားအောင်ထိ လုပ်နိုင်ခဲ့တာလား "
သူ တုန်လှုပ်စွာ ဆိုလိုက်သည်။
ထိုအချိန်တွင် သူတို့၏ လှုပ်ရှားမှုများက အစီအမံထဲမှ ပျောင်ပိုင်မြို့သားများ၏ အာရုံကို ဆွဲခေါ်လိုက်နိုင်ပါသည်။
" ဘယ်ကောင်လဲ ငါတို့ပျောင်ပိုင်မြို့ရဲ့ အကာအကွယ်အစီအမံကို တိုက်ခိုက်ရဲတာ ။ အသက်မရှင်ချင်တော့ဘူးလား "
မြို့ရိုးပေါ်မှ အော်သံတစ်သံ ထွက်လာ၏။
ထိုစကားကြောင့် ခေါင်းတလားမှ အဘိုးအို ဒေါသထွက်သွားရပြန်သည်။
" လုံးဝ မဖြစ်နိုင်ဘူး ၊ မြောက်ပိုင်းဒေသက ဘာမဟုတ်တဲ့ လူတစ်ယောက်က ဘယ်လိုကြောင့် အဲ့လောက်မောက်မာရဲနေရတာလဲ "
သူ အံကြိတ်၍ ပြောပြီး တဖက်သို့ ထပ်တိုက်ခိုက်ရန် ပြင်လိုက်၏။
သို့သော် ထိုစဥ်မှာပင်..
ဝုန်း ..
ပျောင်ပိုင်မြို့၏ မြေပြင်အောက်မှ ဧရာမသားရဲကြီးတစ်ကောင် ရုတ်တရက် ထွက်လာသည်။
ထိုသားရဲကြီးမှာ တစ်ကိုယ်လုံး အရောင်တလက်လက် တောက်နေကာ ၎င်း၏ မျက်လုံးများကလည်း အဘိုးအိုကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။
ထိုသားရဲကြီးဆီမှ စိတ်စွမ်းအင် အရောင်အဝါကို အဘိုးအို ချက်ချင်း ခံစားမိလိုက်ပါ၏။
" မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြောလား.... ။ ဒီအစီအမံက အဲ့လောက်အစွမ်းထက်နေတာ မဆန်းတော့ပါဘူး ။ ဒီကောင်က စိတ်စွမ်းအင်တွေ ဆက်တိုက်ထောက်ပံ့ပေးနေတာကိုး ... ။ အဲ့ကောင်ကိုလဲ လိုချင်တယ်ကွာ "
အဘိုးအို၏ မျက်လုံးထဲ၌ လောဘရိပ်များ ချက်ချင်းလက်သွားသည်။
သို့သော် ထိုအချိန်မှာပင်..
ဝုန်း ... ဝုန်း ...
သူ့အနောက်ဘက်ရှိ လေထု မငြိမ်မသက် ဖြစ်လာပြီး..
လေထုလမ်းကြောင်း နှစ်ခု ဆက်တိုက်ပေါ်လာ၏။
၎င်းနှင့်အတူ အလွန် အစွမ်းထက်သော အရောင်အဝါနှစ်ခုလည်း ထွက်လာသည်။
ထိုအရောင်အဝါကို အာရုံခံမိသည်နှင့် စိတ်ဝိဥာဥ်အလောင်းဂိုဏ်းမှ အဘိုးအို ကြက်သေသေသွားတော့၏။
" ကျန့်ဟွမ်တောင်ရဲ့ နတ်ဘုရားသခင်ကြီးနဲ့ မဟာနတ်ဆိုးကျောင်းတော်က နတ်ဆိုးဘုန်းတော်ကြီး တို့လား ။ ကမ္ဘာပေါ်ကမသေမျိုး နှစ်ယောက် တစ်ချိန်တည်း ရောက်လာကြတာပဲ "
ထိုတခဏ၌ သူ ရုတ်တရက် စိတ်လည်းရှုပ်သွားသည်။
ထိုနှစ်ယောက် ပေါ်လာပြီဖြစ်ရာ မြင့်မြတ်နယ်မြေအ
ဆင့် စိတ်စွမ်းအင်သွေးကြောအား သူတစ်ယောက်တည်း အပိုင်သိမ်းရန် မဖြစ်နိုင်တော့ပါချေ ။
" နှမျောစရာကြီးကွာ ... ဘိုးဘေးက ဘာလို့မရောက်လာသေးတာလဲ မသိဘူး "
သူ သက်ပြင်းချပြီး အံကြိတ်လိုက်၏။
အခြားတဖက် လေထုလမ်းကြောင်းထဲရှိ .. ကျန့်ဟွမ်တောင်မှ လူများအားလုံးမှာမူ ပျောင်ပိုင်မြို့အား စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။
" ဟမ့် .. မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြောပါလား ။ ပျောင်ပိုင်မြို့မှာ အဲ့လို စိတ်စွမ်းအင်သွေးကြောမျိုး တကယ်ရှိတယ်ပေါ့လေ "
ကျန့်ဟွမ်တောင်၏ နတ်ဘုရားသခင်ကြီး အနည်းငယ် အံ့သြသွားပါ၏။
ထို့နောက် သူ မလှမ်းမကမ်းမှ နတ်ဆိုးဘုန်းတော်ကြီးဘက် လှည့်ကြည့်ကာ အပြုံးဖြင့် ပြောသည်။
" သခင်ကြီး ၊ ကျုပ်ကို ဒီ စိတ်စွမ်းအင်သွေးကြော ပေးလို့ရမလား "
သူ စိတ်စွမ်းအင်သွေးကြော၏ ဆက်ဆံနေပုံအား နည်းနည်းလေးပင် ခေါင်းထဲမထည့်ပဲ နတ်ဆိုးဘုန်းတော်ကြီးကို တန်းမေးလိုက်၏။
သူ့အသွင်မှာ စိတ်စွမ်းအင်သွေးကြောက ပိုင်ရှင်မရှိသည့်အလား ...