အခန်း (၇၁၇)
Vol. 52 Ch. 717
မဟာနတ်ဆိုးကျောင်းတော်မှ နတ်ဆိုးဘုန်းတော်ကြီး၏ မျက်လုံးအစုံမှာလည်း စိတ်စွမ်းအင်သွေးကြောပေါ်တွင်သာ ရှိနေပါ၏။
ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး၏ ပြောစကားကို ကြားချိန်တွင်မူ သူ ချက်ချင်းရယ်၍ ပြန်ပြောသည်။
" နောက်နေတာလား သခင်ကြီးရယ် ။ ခင်ဗျားတို့ ကျန့်ဟွမ်တောင်မှာက မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြော ရှိထားပြီးသားလေ. ။ ဒါပေမယ့် ကျုပ်တို့ မဟာနတ်ဆိုးကျောင်းတော်ရဲ့ စိတ်စွမ်းအင်သွေးကြောကတော့ အားကုန်နေတာ ကြာလှပြီ။ အဲ့တော့ ဘယ်လိုပဲတွေးတွေး ဒီစိတ်စွမ်းအင်သွေးကြောကို ကျုပ်တို့ မဟာနတ်ဆိုးကျောင်းတော်ကပဲ ပိုင်သင့်တာပေါ့ "
ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး မျက်မှောင်ကြုံ့သွား၏။
" သခင်ကြီး မသိလောက်ပေမယ့်.. ကျုပ်တို့ ကျန့်ဟွမ်တောင်ရဲ့ စိတ်စွမ်းအင်သွေးကြောကလဲ အားကုန်
ခါနီး ဖြစ်နေပြီဗျ ။ ဒါ့ကြောင့်မို့လဲ ကျုပ်က ဒီ စိတ်စွမ်းအင်သွေးကြောကို ရအောင်ယူဖို့ ဆုံးဖြတ်လိုက်တာ "
သူ ပြောသည်မှာ မှန်ပါသည်။
သူတို့ ကျန့်ဟွမ်တောင်၏ စိတ်စွမ်းအင်သွေးကြောသည် တစ်ချိန်က မြင့်မြတ်နယ်မြေအဆင့် ရှိခဲ့ဖူးသော်လည်း ..
လွန်ခဲ့သော နှစ်ထောင်ချီအကြာမှစ၍ အားကုန်တော့မည့် လက္ခဏာများ ပြလာခဲ့ပါ၏။
ယခုချိန်ထိလည်း ထိုစိတ်စွမ်းအင်သွေးကြောမှာ မြင့်မြတ်နယ်မြေအဆင့်သို့ ပြန်မရောက်တော့ပါချေ ။
ထို့ကြောင့်လည်း တဖက်မှ စိတ်စွမ်းအင်သွေးကြောကို မြင်သည်နှင့် သူ အလွန်စိတ်လှုပ်ရှားကာ လိုချင်သွားခြင်းပင် ။
မဟာနတ်ဆိုးကျောင်းတော်မှ နတ်ဆိုးဘုန်းတော်ကြီး
က မျက်မှောင်ကြုံ့၍ ပြန်ပြောသည်။
" အဲ့လိုဆိုရင်... ကျုပ်တို့ရဲ့ ကိုယ်ပိုင်အစွမ်းကိုပဲ အားကိုးကြတာပေါ့ ၊ ဘယ်လိုလဲ ... "
ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီလေ ။ ဒီ ပိုင်ရှင်မဲ့ စိတ်စွမ်းအင်သွေးကြောကို ဘယ်သူအရင်ရသွားမလဲ ကြည့်ကြတာပေါ့ "
ထိုသို့ပြောပြီးသည်နှင့် သူတို့နှစ်ယောက်လုံး လှုပ်ရှားလိုက်ကြ၏။
သို့သော်.. ထိုစဉ်တွင်..
ဝုန်း...
သူတို့နောက်မှ လေထု မငြိမ်မသက် ဖြစ်လာကာ ... လေထုလမ်းကြောင်းတစ်ခု စတင်စုစည်းလာသည်။
" ဟင်... ထျန်းမင်ကမ္ဘာကို ကြိုဆိုဖို့လာတဲ့ နောက်တစ်ဖွဲ့လား "
ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး မျက်မှောင်ကြုံ့သွား၏။
သူ ပြောပြီးချိန်မှာပင် လေထုလမ်းကြောင်း ပုံပေါ်လာကာ အထဲဘက်မှ ကြောက်မက်ဖွယ် အားကောင်းလှသော အရောင်အဝါတစ်ခု ထွက်လာသည်။
ထိုအရောင်အဝါကို အာရုံခံမိသည်နှင့် ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးရော ၊ နတ်ဆိုးဘုန်းတော်ကြီးပါ မျက်မှောင်ကြုံ့သွားကြပါ၏။
" ဝူလျန်နန်းတော် လား... "
ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးက လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
ဝုန်း...
ထိုစဉ်မှာပင် လေထုလမ်းကြောင်းထဲမှ ထောင်ပေါင်းများစွာသောလူများ ထွက်လာကြ၏။
လူအုပ်ကို ဦးဆောင်လာသူမှာ ဝူလျန်နန်းတော်၏ ဂိုဏ်းချုပ်ကြီး ၊ ချင်းဝူချုံ ပင် ...
ချင်းဝူချုံ အပြင်ရောက်သည်နှင့် တဖက်တွင် ရှိနေကြသော ကမ္ဘာပေါ်မှမသေမျိုး နှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
သူ တခဏမျှ အံ့သြသွားဟန် တူပြီးနောက်.. မျက်နှာထား ချက်ချင်းအေးစက်သွားကာ မေး၏။
" မင်းတို့က ဒီမှာ ဘာလုပ်နေကြတာလဲ "
ချင်းဝူချုံသည် ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခုအား အမြဲခုခံကာကွယ်ခဲ့သူ တစ်ယောက်မှန်း ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး မသိဘဲ မနေပါချေ ။
လက်ရှိတွင် သူတို့ ကျန့်ဟွမ်တောင်သည် ထျန်းမင်ကမ္ဘာ၏ လက်အောက်ခံ အဖွဲ့ဝင်အဖြစ် လက်ခံထားပြီဖြစ်ရာ ... သူတို့ချင်း ရန်သူများ ဖြစ်နေလေပြီ ။
ထို့ကြောင့် သူ အေးစက်စက် နှာခေါင်းရှုံ့၍ ပြန်ပြောလိုက်သည်။
" ဂိုဏ်းချုပ်ကြီး ချင်း ၊ အဖြေသိပြီးသား မေးခွန်းတွေကို ဘာလို့မေးနေတာလဲ ။ ကျုပ်တို့က ဒီကို ထျ
န်းမင်ကမ္ဘာရောက်လာရင် ကြိုဆိုဖို့ လာခဲ့ကြတာလေ "
ချင်းဝူချုံ မျက်မှောင်ကြုံ့သွားပြီး သူ့မျက်လုံးထဲတွင်လည်း လူသတ်အရိပ်အငွေ့များ အရောင်လက်သွား၏။
" ကျန့်ဟွမ်တောင်က အမြဲတမ်း ငကြောက်အဖွဲ့ကြီး ဖြစ်ခဲ့ပေမယ့် .. အရင်ကဆို အလွန်ဆုံးမှ ပြဿနာကိုရှောင်တာလောက်ပဲ လုပ်ခဲ့တာ ။ ခုလို ထျန်းယွမ်ကမ္ဘာကို ပေါ်တင်ကြီး သစ္စာဖောက်ပြီးတော့ ထျန်းမင်ကမ္ဘာရဲ့ နောက်လိုက်ခွေး လုပ်နေမယ်လို့ ထင်မထားခဲ့မိတာ အမှန်ပဲ "
ချင်းဝူချုံ ဒေါသတကြီး ပြောလိုက်သည်။
ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးမှာ လူများရှေ့၌ ထိုသို့အသံကျယ်ဖြင့် အပြောခံလိုက်ရသည့်အတွက် အနည်းငယ် ရှက်သွားဟန်တူ၏။
ထို့နောက် သူ အေးစက်စက်လေသံဖြင့် ပြန်ပြောသည်။
" ဂိုဏ်းချုပ်ကြီး ချင်း ၊ အခြေအနေနဲ့ အချိန်အခါကို နားလည်တဲ့သူကမှ တကယ့်သူရဲကောင်းပဲဗျ ။
လက်ရှိမှာ ထျန်းယွမ်ကမ္ဘာ ဖျက်ဆီးခံရပြီးတော့ ထျန်းမင်ကမ္ဘာကပဲ အင်အားကြီးလာမှာလေ ။ ဒါကိုလဲ အားလုံးနားလည်ထားပြီးသားပဲ ။ အဲ့တော့ ကျုပ်တို့ ကျန့်ဟွမ်တောင်ကလဲ အခြေအနေအရ လုပ်ရတာပေါ့ "
ချင်းဝူချုံ လှောင်ပြုံး ပြုံးလိုက်သည်။
" ထင်ထားသလိုပါပဲလားကွာ ... မင်းက ကိုယ် ငကြောက်တစ်ယောက်ဆိုတာ ဝန်မခံဘဲ စကားအဆန်းတွေနဲ့ နားထောင်ကောင်းအောင် ပြောလဲပြောတတ်ပါပေ့ "
သူ့စကားကြောင့် ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး မျက်နှာဖြူရော်သွားသော်လည်း အံကြိတ်၍ ပြန်ပြော၏။
" ချင်းဝူချုံ ၊ ငါ မင်းနဲ့ပြိုင်ငြင်းဖို့ကို ပျင်းလွန်းနေတယ်ကွ ။ အခု ငါ့ရှေ့က ဖယ်လိုက် ၊ ငါက အဲ့ဒီ စိတ်စွမ်းအင်သွေးကြောကို ယူမယ်... ထျန်းမင်ကမ္ဘာကတော့ မင်းအသက်ကို ယူမှာပေါ့ကွာ "
" စိတ်စွမ်းအင်သွေးကြော.. ဟုတ်လား "
ချင်းဝူချုံတစ်ယောက် ခေတ္တမျှ အံ့အားသင့်နေပြီးမှ သူ့အနောက်ဘက်ရှိ ပျောင်ပိုင်မြို့ဘက် လှမ်းကြည့်လိုက်သည်။
ချက်ချင်းမှာပင် သူ မျက်ခုံးပင့်သွားကာ ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးအား အေးစက်စက်ကြည့်၍ ပြောလိုက်၏။
" မင်းက ပျောင်ပိုင်မြို့ရဲ့ စိတ်စွမ်းအင်သွေးကြောကို ယူချင်တယ်ပေါ့လေ "
" အမှန်ပဲ "
ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး ခေါင်းညိတ်ပြသည်။
ချင်းဝူချုံ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏ ။
" အဘိုးကြီး ... မင်းက အသက်ရှင်အောင် ဘယ်လိုနေရမယ်ဆိုတာ တကယ်မသိဘူးပဲကွ ။ မင်းလိုကောင်ကများ ပျောင်ပိုင်မြို့ကို ရန်စရဲနေတာ... ပျောင်ပိုင်မြို့သားတွေ ဘယ်လောက်အစွမ်းထက်တယ် ဆိုတာကိုရော သိရဲ့လား "
ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး မျက်မှောင်
ကြုံ့၍ ပြန်ပြောသည်။
" ပျောင်ပိုင်မြို့ဆိုတာ မြောက်ပိုင်းဒေသက မြို့သေးသေးလေး တစ်မြို့ပဲလေ ။ ဒီလိုမြို့လေးမှာ ဘယ်လိုအစွမ်းမျိုး ရှိနိုင်မှာမို့လဲ ။ ချင်းဝူချုံ ... ငါ မင်းကို နောက်ဆုံးအခွင့်ရေး ပေးလိုက်မယ်နော် ၊ အခု လက်လျှော့မှာလား မလျှော့ဘူးလား "
သူ ပြောနေစဉ်မှာပင် လက်တစ်ဖက်က ခါးတွင်ချိတ်ထားသော ဓားဆီသို့ ရောက်သွား၏။
ချင်းဝူချုံက ၎င်းကိုကြည့်ကာ အသံကျယ်ဖြင့် အော်ရယ်လိုက်သည်။
" ရယ်ရလွန်းလို့ သေတော့မှာပဲကွာ ။ ငါက မင်း ဘာဖြစ်လို့ ထျန်းမင်ကမ္ဘာရဲ့ နောက်လိုက်ခွေး လုပ်လိုက်တာလဲ စဉ်းစားနေတာ ။ လက်စသတ်တော့ မင်းက ဘာမှ မသိပဲကိုး... "
သူ ပြောကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။
ဝုန်း...
ကြောက်မက်ဖွယ် လေလှိုင်းလုံးတစ်ခု ကောင်းကင်
ယံသို့ တမဟုတ်ချင်း တက်သွားသည်။
ချင်းဝူချုံ အသံသြသြဖြင့် ထပ်ပြော၏။
" ကြွက်စုတ်ကောင်တွေ... မင်းတို့ ပျောင်ပိုင်မြို့ရဲ့ နယ်နိမိတ်ကို ထိရဲရင် ထိကြည့်လိုက် ၊ ဒီနေ့ မင်းတို့ အလောင်းတောင်မကျန်ပဲ သေသွားရအောင် ငါ လုပ်ပေးမယ် "
ချင်းဝူချုံသည် လောထျန်းအပေါ်တွင် ကျေးဇူးကြွေးများ များစွာတင်နေပြီး ထိုကျေးဇူးကို ပြန်ဆပ်ရန်အတွက် အခွင့်ကောင်းကို ရှာမတွေ့ခဲ့သေးပါ။ ယခုတွင်ကား ကျေးဇူးဆပ်နိုင်မည့် အခွင့်ကောင်းက သူ့ရှေ့တည့်တည့် ရောက်နေပြီဖြစ်ရာ.. ၎င်းကို လက်လွတ်ခံလိုက်၍ မဖြစ်ပါချေ ။
သူ့စကားကြောင့် ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး မျက်နှာထား အနည်းငယ်ပြောင်းသွားကာ နတ်ဆိုးဘုန်းတော်ကြီးဘက် လှည့်ကြည့်၍ ဆိုသည်။
" သခင်ကြီး ၊ လောလောဆယ် ကျုပ်တို့ကြားက ပြဿနာကို ခဏမေ့ထားပြီးတော့ ချင်းဝူချုံကိုပဲ အရင်ရှင်းလိုက်ကြရင် မကောင်းဘူးလား "
နတ်ဆိုးဘုန်းတော်ကြီးကလည်း လှောင်ပြုံးဖြင့် ပြန်ပြော၏။
" ကောင်းတာပေါ့ ။ ကျုပ်နဲ့ ခင်ဗျားနဲ့ပေါင်းပြီး သူ့ကိုသာ သတ်လိုက်ရင်.. ဒီက စိတ်စွမ်းအင်သွေးကြောက ခင်ဗျားအပိုင် ဖြစ်သွားမယ် ။ ဝူလျန်နန်းတော်ရဲ့ စိတ်စွမ်းအင်သွေးကြောကိုတော့ ကျုပ် ပိုင်သွားမှာပေါ့ဗျာ "
" အဲ့အစီစဉ် ကောင်းတယ် "
ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးက အနည်းငယ်လေးပင် တုန့်ဆိုင်းမနေဘဲ ချက်ချင်းခေါင်းညိတ်၍ သဘောတူလိုက်သည်။
ထို့နောက် သူ့ခါးမှ ဓားရှည်ကို ဆွဲထုတ်လိုက်၏။
ဝုန်း...
ဓားစွမ်းအင်များ ကောင်းကင်ယံသို့ တက်သွားပြီးနောက် ချင်းဝူချုံထံ တိုးဝင်သွားကြသည်။
" ဟမ့်... သနားစရာပါလားကွာ "
ချင်းဝူချုံကမူ ၎င်းအား တစ်ချက်လေးပင် မော့မကြည့်ဘဲ လက်သီးဖြင့် ထိုးလိုက်၏။
ဘုန်း...
အသံကျယ် တစ်သံနှင့်အတူ ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး၏ ဓားစွမ်းအင်များ ရုတ်ချည်းပြိုကွဲသွားတော့သည်။
သို့သော်.. ချင်းဝူချုံ၏ လက်သီးအစွမ်းက ဤမျှနှင့် ရပ်မသွားဘဲ ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးထံသို့ ဆက်တိုးဝင်လာ၏။
ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး လန့်သွားကာ ဓားမြန်မြန်ယမ်း၍ တားလိုက်ရသည်။
သို့သော် ...
ဘုန်း ...
အသံကျယ်နှင့်အတူ သူ အနောက်ဘက် ပေထောင်ချီအကွာထိ လွင့်ထွက်သွား၏။
သူ့လက်နှစ်ဖက်လုံးမှာလည်း ထုံကျင်လျက်..
" ဘယ်လိုဖြစ်ပြီး .... "
ထိုတခဏ၌ ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး လွန်စွာ အံ့သြတုန်လှုပ်သွားတော့သည်။
ချင်းဝူချုံရော သူပါ ကမ္ဘာပေါ်မှမသေမျိုးများ ဖြစ်ကြပါ၏။
ချင်းဝူချုံက သူ့ထက် အစွမ်းပိုထက်သည် ဆိုလျှင်ပင် ဤမျှလောက် အစွမ်းထက်မနေသင့်ပါချေ ။
ချင်းဝူချုံ တစ်ယောက် မည်သို့သော စွန့်စားခန်းမျိုးထွက်ပြီး မည်သို့သော အခွင့်ကောင်းများ ရခဲ့ပါသနည်း ။
" ချင်းဝူချုံ ၊ မင်းရဲ့ အသားရော.. သွေးရောက ငါ့အပိုင်ပဲကွ "
ထိုစဉ် တဖက်မှ နတ်ဆိုးခန္ဓာကိုယ်မဖြစ် အသွင်ပြောင်းထားသော နတ်ဆိုးဘုန်းတော်ကြီးက ပါးစပ်
ဟ၍ ချင်းဝူချုံအား ဝါးမြိုပစ်ရန် ကြိုးစားလာသည်။
" ဖယ်စမ်းပါကွာ "
ချင်းဝူချုံ အေးစက်စက်နှာခေါင်းရှုံ့ပြီး လက်သီးဖြင့်သာ ထပ်ထိုးလိုက်၏။
ဘုန်း ...
သူ၏ ကြောက်မက်ဖွယ် လက်သီးချက်နှင့်အတူ မဟာနတ်ဆိုးကျောင်းတော်မှ နတ်ဆိုးဘုန်းတော်ကြီး၏ ခန္ဓာကိုယ် ပြိုကွဲလုနီးပါး ဖြစ်သွားတော့သည်။
" ဒါ ... "
နတ်ဆိုးဘုန်းတော်ကြီးမှာလည်း အနည်းငယ် အံ့အားသင့်သွားရှာသည်။
ချင်းဝူချုံ၏ အစွမ်းက ဤမျှလောက် အစွမ်းတိုးလာသတဲ့လား...
ထိုစဥ်မှာပင် ချင်းဝူချုံက သု့နောက်ရှိ ဝူလျန်နန်းတော်မှလူများဘက် လှည့်ကြည့်ကာ ပြော၏။
" ဒီနှစ်ယောက်ကိုတော့ ငါပဲ ရှင်းလိုက်မယ် ။ ကျန်တဲ့သူတွေကိုက မင်းတို့ ကြိုက်သလိုလုပ်ကြ ။ ဘယ်လိုပဲဖြစ်ဖြစ် ... အဲ့ကောင်တွေ ပျောင်ပိုင်မြို့နားကို လုံးဝမကပ်စေနဲ့ "
ရန်သူများ ပျောင်ပိုင်မြို့အနီးသို့ မရောက်ခင်တွင် အပြတ်ရှင်းရပေမည် ။
" ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်ကြီး "
ဝူလျန်နန်းတော် ဂိုဏ်းသားများက သံပြိုင်ပြန်အော်ကြသည်။
ထိုစဥ် တဖက်မှ ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးနှင့် နတ်ဆိုးဘုန်းတော်ကြီးတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြ၏။
ချက်ချင်းမှာပင် .. ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးဘေး၌ ဓားကမ္ဘာတစ်ခု သက်ဝင်
လှုပ်ရှားလာကာ ဘေးပတ်လည်ရှိ ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းများအား အကျိုးသက်ရောက်လာ၏။
မဟာနတ်ဆိုးကျောင်းတော်မှ နတ်ဆိုးဘုန်းတော်ကြီးမှာလည်း ယခင်ထက် ပိုကြောက်မက်ဖွယ်ကောင်းသော လူသတ်အရိပ်အငွေ့များ ပြာ့်နေသည့် နတ်ဆိုးတစ်ဝက် ၊ ဗုဒ္ဓတစ်ဝက် ခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းသွားသည်။
ထိုသူနှစ်ယောက်၏ တစ်ပြိုင်တည်းတိုက်ခိုက်မှုကို ရင်ဆိုင်ရနေရသော ချင်းဝူချုံမှာကား ကြောက်ရွံ့ဟန် အနည်းငယ်လေးပင် ရှိမနေပါ ။
" ငါကလဲ အဲ့လို နှစ်ယောက် တစ်ယောက် တိုက်ခိုက်ချင်နေတာ "
ချင်းဝူချုံ အသံကျယ်ဖြင့် အော်ရယ်ကာ ထိုနှစ်ယောက်ဆီသို့ ပြေးဝင်သွားလိုက်သည်။
ဝုန်း ...
သူတို့သုံးယောက် လေထဲတွင်ပင် ထိပ်တိုက်တွေ့သွား
ကြပြီးနောက်... အချိန်အတန်ငယ်ကြာ ဘယ်ဘက်မှ အသာမရဘဲ လက်ရည်တူနေကြပါ၏။ ထို့နောက်တွင်မူ သူတို့အားလုံး နောက်သို့အသီးသီး ဆုတ်လိုက်ကြသည်။
ချင်းဝူချုံက ပေတစ်ရာခန့်အထိ နောက်ဆုတ်သွားပြီး..
ကျန်နှစ်ယောက်မှာမူ ပေငါးရာစီ ဆုတ်သွားကြ၏။
နှစ်ယောက် တစ်ယောက် ယှဥ်တိုက်ရာတွင်ပင် ချင်းဝူချုံက အသာစီး ရနေပါသည်။