အခန်း (၇၁၈)
Vol. 52 Ch. 718
" မဟုတ်သေးဘူး ၊ ချင်းဝူချုံရဲ့ သိုင်းကျင့်စဥ်တွေက အရင်ကနဲ့ မတူတော့ဘူး "
မဟာနတ်ဆိုးကျောင်းတော်မှ နတ်ဆိုးဘုန်းတော်ကြီးက အေးစက်စက် ပြောလိုက်သည်။
ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးကလည်း ခေါင်းညိတ်၏။
" သူ ဘာတွေဖြစ်သွားလဲ မသိပေမယ့်.. ပိုအစွမ်းထက်လာတာတော့ အမှန်ပဲ "
နတ်ဆိုးဘုန်းတော်ကြီး ခေါင်းညိတ်လိုက်ပြီးနောက် ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးဘက် လှည့်ကြည့်၍ ပြောသည်။
" သခင်ကြီးဆီမှာ ချန်ထားတဲ့ ဝှက်ဖဲတွေ ရှိသေးတယ်ဆိုတာ ကျုပ်သိတယ် ။ ခုလို အခြေနေတောင် ရောက်နေမှတော့ ... ဘာကိုမှ ထိန်ချန်မထားသင့်တော့ဘူးနော် "
ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးက လှောင်ပြုံးဖြင့် ပြန်ပြော၏။
" ခင်ဗျားကိုလဲ အဲ့စကားပဲ ပြောရမှာ "
နတ်ဆိုးဘုန်းတော်ကြီး လှောင်ပြုံး ပြုံးလိုက်သည်။
" ကောင်းပြီလေ ၊ ဒါဆို ခုချိန်ကစပြီးတော့ ခင်ဗျားရော ကျုပ်ရော .. ဘာကိုမှ မချန်ထားဘဲ တိုက်ခိုက်ကြမယ် "
ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး ခေါင်းညိတ်၍ လက်ဖြင့် အစီအမံတစ်ခု လုပ်လိုက်သည်။
" ဓားဧကရာဇ် ဓားကိုးသွယ်.. ပွင့်စေ "
ချွှင် ..
သူ့အနောက်ဘက်၌ ဓားအရိပ်တစ်ခု စုစည်းလာ၏။
" ဓားဧကရာဇ် ဓားကိုးသွယ်... အဲ့ဒါ ကျန့်ဟွမ်တောင်၊ ပထမဆုံး နတ်ဘုရားသခင်ကြီးရဲ့ ထူးခြားတဲ့သိုင်းကွက် မဟုတ်လား ။ ခင်ဗျားက ဓားကွက် ဘယ်နှကွက်ကို ကျွမ်းကျင်သွားခဲ့တာလဲ "
နတ်ဆိုးဘုန်းတော်ကြီး တအံ့တသြ မေးလိုက်သည်။
ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးက နှာခေါင်းရှုံ့၏ ။
" လျှောက်ပြောမနေစမ်းပါနဲ့ ... အခု ခင်ဗျားအလှည့်ပဲ "
နတ်ဆိုးဘုန်းတော်ကြီး ခေါင်းညိတ်လိုက်သည်။
" ကောင်းပါပြီ ၊ အခု ကျုပ်ရဲ့ အစွမ်းအထက်ဆုံး ခန္ဓာကိုယ်ကို ထုတ်ပြမယ် "
သူပြောပြီး လက်ဝါးနှစ်ဖက်ကို စုလိုက်ရာ... သူ့ရုပ်သွင်က ရုတ်ချည်းပြောင်းသွားပြန်၏။
ဝုန်း ...
၎င်းမှာ သန့်စင်သော နတ်ဆိုးအရိပ်တစ်ခု ဖြစ်ကာ ယခင်ခန္ဓာကိုယ်ထက် အမှန်တကယ် အစွမ်းများစွာ ပိုထက်ပါသည်။
" ချင်းဝူချုံ ၊ ငါ့ရဲ့ ဒီနတ်ဆိုးခန္ဓာကိုယ်က မင်းအတွက် ရည်ရွယ်ထားတာတော့ မဟုတ်ဘူးကွ ။ ဒါပေမယ့်... မင်းက ငါ့ကို ဒီအခြေနေထိရောက်အောင်
ဖိအားပေးလာတော့လဲ မင်း ကံဆိုးသွားတာပေါ့ "
နတ်ဆိုးဘုန်းတော်ကြီး ပြောကာ ချင်းဝူချုံအား လက်ဝါးဖြင့် ရိုက်လိုက်သည်။
ထို နတ်ဆိုးအရိပ်ကြီး၏ လက်ဝါးမှာ တောင်တစ်လုံးကဲ့သို့ ကြီးမားလှသည့်အတွက် ၎င်းလက်ဝါးကြောင့် ဖြစ်လာသော လေလှိုင်းသည်ပင် ကြောက်မက်ဖွယ် ကောင်းလှပါ၏။
ချင်းဝူချုံ မျက်နှာကြီးတည်သွားကာ လက်သီးဖြင့် ပြန်ထိုးလိုက်သည်။
ဘုန်း ...
လက်ဝါးကြီးနှင့် လက်သီးလေးတစ်ခုတို့ လေထဲတွင်ပင် တွေ့သွားပြီးနောက် ... နှစ်ဖက်လုံးမှ လေထုက ချက်ချင်းပင် ပြိုကွဲသွားတော့သည်။
" အစွမ်းထက်လှချည်လား "
နှစ်ဖက်လုံးမှ တအံ့တသြရေရွတ်သံ ထွက်လာ၏။
ထိုစဥ်မှာပင်..
ချွှင်..
ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒတစ်ခုက ချင်းဝူချုံထံ တိုးဝင်လာသည်။
ချင်းဝူချုံ ခေါင်းလှည့်ကြည့်လိုက်ရာ ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးနောက်၌ ဧရာမ ဓားအရိပ် ၆ ခု စုစည်းနေပြီး သူ့လက်ထဲတွင်လည်း ဓားကြီးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။
ဘုန်း ..
ချင်းဝူချုံ အချိန်မဆွဲရဲဘဲ ကျန်လက်တစ်ဖက်ဖြင့် ပြန်ရိုက်လိုက်ရသည်။
သို့သော်... တဖက်လူ၏ ဓားစိတ်ဆန္ဒက သူ့လက်ဝါးအစွမ်းအား ထိုးဖောက်ဝင်လာကာ.... ဓားဖျားထိပ်က သူ့ရှေ့နားသို့ ရောက်လာ၏။
ချင်းဝူချုံ မျက်နှာထား အနည်းငယ်ပြောင်းသွားပြီး
သူ့ရှေ့ရှိ လေထုကို ဖိခြေ၍ မငြိမ်မသက်ဖြစ်သွားသော လေထုဖြင့် တဖက်လူအား တိုက်ခိုက်လိုက်သည်။
ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး မျက်နှာထား အနည်းငယ်ပြောင်းသွားကာ နောက်သို့ ယာယီဆုတ်လိုက်ရ၏။
ထိုအချိန်မှာပင် ...
နတ်ဆိုးဘုန်းတော်ကြီးက ချင်းဝူချုံ တိုက်ခိုက်နေသည်ကို အခွင့်ကောင်းယူပြီး သူ့နောက်သို့ ရောက်လာသည်။
ထို့နောက်.. ဧရာမ နတ်ဆိုးလက်ကြီး မြှောက်သွားကာ ချင်းဝူချုံ၏ နောက်ကျောအား ရိုက်ချလိုက်၏။
" အဆုံးအစမဲ့ အစွမ်း.. "
ချင်းဝူချုံက နောက်သို့ပင် လှည့်မကြည့်ဘဲ သူ့အစွမ်းများအားလုံးကို ထုတ်သုံးလိုက်သည်။
ဝီ ...
ချက်ချင်းမှာပင် သူ့အနောက်ဘက်၌ ရှုပ်ထွေးလှသော ထွင်းစာတစ်ခု ပေါ်လာပြီး နတ်ဆိုးဘုန်းတော်ကြီးအား တားလိုက်၏။
ဘုန်း ..
ချင်းဝူချုံမှာ ရှေ့သို့ တစ်ချက်ယိုင်သွားသော်လည်း တဖက်ရန်သူ၏ အသက်ခြွေနိုင်သော သိုင်းကွက်ကို အောင်အောင်မြင်မြင် တားလိုက်နိုင်ပါသည်။
" ဒါ.... "
နတ်ဆိုးဘုန်းတော်ကြီး တုန်လှုပ်သွားရတော့သည်။
ချင်းဝူချုံထံတွင် ထိုသို့သော အစွမ်းမျိုး ရှိနေမည်ဟု သူ အမှန်တကယ်ပင် ထင်မထားခဲ့ပါ ။
ထိုအချိန်တွင် ချင်းဝူချုံ တစ်ယောက်မှာလည်း ရင်ထဲတင်းကျပ်နေပါ၏။
" ကမ္ဘာပေါ်ကမသေမျိုး နှစ်ယောက်ကို ယှဥ်တိုက်ရ
တာ တကယ်လဲခက်တာပဲ "
သူ တဖက်လူနှစ်ယောက်ကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။
သို့သော်... ထိုအချိန်မှာပင် သူ လှုပ်လှုပ်ရှားရှား ဖြစ်သွားရပြီး ... မြေပြင်အား ခြေနှစ်ဖက်ဖြင့် ဆောင့်နင်း၍ လေထဲပျံတက်လိုက်၏။
ဝုန်း..
သူ့အောက်ရှိ မြေပြင်က ရုတ်ချည်းပြိုကွဲသွားကာ ..
အပျက်အစီးများကြားမှ ပိန်လှီလှီ အရိပ်တစ်ခု ထွက်လာသည်။
ထိုအရိပ်ကို မြင်သည်နှင့် တိုက်ပွဲအား ခပ်လှမ်းလှမ်းမှ ကြည့်နေသော စိတ်ဝိဥာဥ်အလောင်းဂိုဏ်းမှ အစွမ်းထက်ကျင့်ကြံသူ၏ မျက်လုံးအရောင်လက်သွား၏။
" ဘိုးဘေး... နောက်ဆုံးတော့ ရောက်လာပြီပဲ "
စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးတဲ့လား...
သူ့စကားကို ကြားလိုက်ကြသူများအားလုံး မျက်မှောင်ကြုံ့သွားကြသည်။
ထိုစဥ် စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးက ချင်းဝူချုံဘက် ခေါင်းစောင်းကြည့်ကာ အံကြိတ်၍ ပြော၏။
" နှမျောစရာကြီးကွာ.. ငါက မင်းကိုယ်ထဲမှာ အလောင်းအကျဥ်းထောင် ချထားပေးလိုက်မလို့ ။ ဝူလျန်နန်းတော်ရဲ့ ဂိုဏ်းချုပ်ကြီးကိုသာ အလောင်းရုပ်သေးအဖြစ် သန့်စင်လိုက်နိုင်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ "
သူ့စကားကြောင့် လူများစွာပင် ကျောရိုးထဲမှ ချမ်းစိမ့်သွားသလို ခံစားလိုက်ကြရသည်။
ထိုစဥ် ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးက စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးကို မျက်မှောင်ကြုံ့ကြည့်ကာ ပြောလာ၏။
" အဘိုးကြီး ၊ ခင်ဗျားကရော ထျန်းမင်ကမ္ဘာဘက်ကပဲ မဟုတ်လား ။ ကျုပ်တို့တွေ အတူပူးပေါင်းပြီး ချ
င်းဝူချုံကို သတ်လိုက်ကြမယ်လေ.. ဘယ်လိုလဲ "
စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေး ခေါင်းညိတ်ကာ ချင်းဝူချုံအား လက်ညိုးထိုး၍ ပြန်ပြောလိုက်သည်။
" ကောင်းပြီလေ ၊ ဒါပေမယ့် အဲ့ကောင်ရဲ့ ခန္ဓာကိုယ်ကိုတော့ ငါ့ကို ပေးရမယ်နော် "
" ဟုတ်ပြီဗျာ "
နတ်ဆိုးဘုန်းတော်ကြီး ခေါင်းညိတ်လိုက်သည်။
သူတို့အတွက်မူ စိတ်စွမ်းအင်သွေးကြောအား လာမလုလျှင် ရလေပြီ ။
တဖက်မှ ချင်းဝူချုံ၏ မျက်နှာထား ဖြူရော်သွားတော့၏။
မသေမျိုးနှစ်ယောက်နှင့် ယှသ်တိုက်ရသည်ကပင် သူ့လုပ်နိုင်စွမ်း အကန့်အသတ်သို့ ရောက်နေပြီဖြစ်ရာ..
ယခု သုံးယောက်တစ်ယောက်ကို သူ မည်သို့ တိုက်ရပါမည်နည်း ။
သို့သော်.. ထိုအချိန်မှာပင်..
" လေကိုခွင်းမယ့် ဓားတစ်လက် "
လေထဲမှ ဓားစိတ်ဆန္ဒတစ်ခုက လျှပ်စီးသဖွယ် ကျလာကာ စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးထံသို့ တိုးဝင်သွားသည်။
" အင်... "
ဘိုးဘေး လန့်သွားပြီး ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားခဲ့ပါ၏။
သို့သော် ထိုစဥ်တွင်..
ဝီ..
သူ့ခေါင်းပေါ်၌ ခေါင်းတလားတစ်ခု ရုတ်ချည်းပေါ်လာသည်။
ဘုန်း...
ဓားစိတ်ဆန္ဒက ခေါင်းတလားပေါ် ကျသွားကာ...
ခေါင်းတလား ချက်ချင်းနှစ်ပိုင်းကွဲသွားပြီး အထဲမှ အလောင်းရုပ်သေးမှာလည်း ဖြတ်တောက်ခံလိုက်ရတော့၏။
သို့သော် စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးကမူ ထိုအချိန်လေးကို အခွင့်ကောင်းယူ၍ ဓားအား ရှောင်တိမ်းလိုက်နိုင်ပါသည်။
ထို့နောက် သူ ကောင်းကင်ယံသို့ မျက်မှောင်ကြီးကြုံ့ကြည့်ကာ အေးစက်စက် ပြောလိုက်၏။
" သွမ့်ချန်ချိုး ... "
ထိုအမည်ကို ကြားသည်နှင့် ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး တစ်ကိုယ်လုံးတုန်သွားကာ ချက်ချင်းခေါင်းမော့ကြည့်လိုက်သည်။
ထို့နောက်တွင်..
ချွှင်..
ဓားသံတစ်သံနှင့်အတူ သွမ့်ချန်ချိုး ပေါ်လာသည်။
" သုံးယောက်တစ်ယောက်တဲ့ကွာ ... အရှက်မရှိလိုက်ကြတာ ။ ဒါပေမယ့် မှန်တော့လဲ မှန်ပါတယ်လေ ... အရှက်သာရှိနေရင် ထျန်းမင်ကမ္ဘာရဲ့ နောက်လိုက်ခွေး ဘယ်လုပ်ပါတော့မလဲ "
သူ လှောင်ပြုံးဖြင့် ဆို၏။
" မင်းက ဘာလို့အခုမှ ရောက်လာရတာလဲ "
ချင်းဝူချုံမှာ သူ့ကိုမြင်ပြီး စိတ်သက်သာရာ ရသွားသည့်တိုင် အပြစ်တင်စကား ဆိုလိုက်သည်။
သွမ့်ချန်ချိုးက သူ့ကိုပြန်ကြည့်ကာ ပြော၏။
" လုပ်စရာကိစ္စလေးတစ်ခု ပေါ်လာလို့ ကြာသွားတာပါကွာ "
သူ ပြောပြီး မြေပြင်သို့ ဆင်းသက်လိုက်သည်။ သို့သော် သူ တဖက်ရန်သူများအား လုံးဝ လျစ်လျူရှုထားကာ ပျောင်ပိုင်မြို့သို့သာ မျက်နှာမူထားပါ၏။
ထိုအချိန်တွင် ပျောင်ပိုင်မြို့၏ အစောင့်တပ်ဖွဲ့မှ တပ်သားများမှာလည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်နေကြလေပြီ ။
သူ ခဏတာမျှ ငြိမ်နေပြီးနောက်.. ပျောင်ပိုင်မြို့ဘက် အော်ပြောလိုက်သည်။
" ဟေ့ ... ထျန်းမင်ကမ္ဘာက မကြာခင်မှာ ပျောင်ပိုင်မြို့ကို ကျလာတော့မှာလို့ မင်းတို့ သခင်လေးကို သတင်းသွားပို့လိုက်ကြဦး ။ လောလောဆယ် သူ့အစွမ်းကို ချွေတာပြီးတော့ ထျန်းမင်ကမ္ဘာနဲ့ ရင်ဆိုင်ဖို့ကိုပဲ အာရုံစိုက်ထားလို့ ပြောလိုက်ပါ ။ ကျန်တဲ့ သစ္စာဖောက်ကောင်တွေကိုက ငါတို့ပဲ ရှင်းလိုက်မယ် "
သူ ထိုသို့ပြောပြီးနောက် တဖက်မှ ပြန်အဖြေကို မစောင့်ဘဲ ချင်းဝူချုံဘေးသို့ လျှောက်သွားကာ ရန်သူများအား အေးစက်စက်မျက်လုံးများဖြင့် ကြည့်လိုက်သည်။
" သွမ့်ချန်ချိုး ... "
ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးကလည်း သူ့အား ပြန်စိုက်ကြည့်လာ၏။
ထို သွမ့်ချန်ချိုး ဆိုသည့်သူမှာ သူတို့ ကျန့်ဟွမ်တောင်၏ အကြီးဆုံး ရန်သူတော်ကြီးဟု ပြော၍ရ
ပါသည်။
ထိုသူ ပေါ်မလာစဥ်က သူတို့ ကျန့်ဟွမ်တောင်သည် ထျန်းယွမ်ကမ္ဘာ၌ ဓားကျင့်စဥ်နှင့်ပတ်သက်၍ ထိပ်ဆုံးနေရာတွင် ရှိနေခဲ့ပါ၏။
ကျန့်ဟွမ်တောင်၏ နတ်ဘုရားသခင်ကြီးမှာလည်း ထျန်းယွမ်ကမ္ဘာ၏ နံပါတ်တစ် ဓားသမားတစ်ယောက်ပင် ။
သို့သော်.. သွမ့်ချန်ချိုး ပေါ်လာသည့်နေ့မှစကာ ထျန်းယွမ်ကမ္ဘာ၏ နံပါတ်တစ် ဓားသမား ဆိုသည့်နေရာကို လုယူသွားခဲ့သည်။
၎င်းမှာ ကျန့်ဟွမ်တောင်အတွက် အရှက်ရစရာ ကိစ္စကြီးတစ်ခုပင် ။
" သွမ့်ချန်ချိုး ... ဒီနေ့တော့ မင်း ကျန့်ဟွမ်တောင်ရဲ့ ဓားသိုင်းကွက်နဲ့ သေရမယ်သာမှတ် "
ချွှင် ...
ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး၏ ဒေါသတကြီးအော်သံနှင့်အတူ သူ့အနောက်ဘက်တွင် ဓားအရိပ် ၇ ခု စုစည်းလာ၏။
" အင်... "
၎င်းကိုကြည့်နေသော နတ်ဆိုးဘုန်းတော်ကြီး စိတ်ထဲမှ တိတ်တဆိတ် ဒေါသထွက်သွားရသည်။
ထိုကောင်က အကွက်ကို ချန်ထားသေးသတဲ့လား ..
ထိုစဥ်တွင် စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးက အေးစက်စက် နှာခေါင်းရှုံ့၍ ပြော၏ ။
" ခဏနေဦး .. အဲ့ကောင်က ငါ့ရဲ့ အလောင်းရုပ်သေး တစ်ရုပ်ကို ဖျက်ဆီးသွားခဲ့တာဆိုတော့ သူ့ကိုသတ်မယ့်သူက ငါပဲ ဖြစ်သင့်တယ်လေ "