အခန်း (၇၁၉)
Vol. 52 Ch. 719
သူ ပြောပြီးသည်နှင့် လက်ဝါးနှစ်ဖက်ကို စုလိုက်၏။
ဝီ ..
သူ့အနောက်ဘက်ရှိ လေထု အက်ကွဲသွားကာ အတွင်းကမ္ဘာငယ် ပေါ်လာသည်။
သူ့အတွင်းကမ္ဘာငယ်မှာ မိစ္ဆာဝိဥာဥ်များဖြင့် ပြည့်နေပြီး တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှကာ ငရဲတစ်ခုနှင့်ပင် တူနေတော့သည်။
ထိုစဥ်မှာပင် ...
ဘုန်း... ဘုန်း ... ဘုန်း...
အတွင်းကမ္ဘာငယ်ထဲမှ သွေးနီရောင် ခေါင်းတလားသုံးခု ပျံထွက်လာကာ ဘိုးဘေးအနောက်၌ ရပ်လိုက်ကြသည်။
" သွမ့်ချန်ချိုး ၊ ငါ့ဘဝမှာ အလောင်းရုပ်သေးတွေ ထောင်ပေါင်းများစွာ သန့်စင်ဖူးတယ်ကွ ။ အဲ့ထဲမှာမှ ဒီသုံးခုက အစွမ်းအထက်ဆုံးပဲ ။ ဒီ အလောင်းရုပ်သေး သုံးကောင်ကို သန့်စင်ပြီးနောက်ပိုင်းမှာ
. သူတို့တွေ တစ်ပြိုင်တည်းတိုက်ခိုက်ရတာမျိုးတောင် မရှိဖူးသေးဘူး ။ ဒီနေ့တော့ ထျန်းယွမ်ကမ္ဘာရဲ့ နံပါတ်တစ် ဓားသမားတစ်ယောက်ဖြစ်တဲ့၊ သွမ့်ချန်ချိုး ဆိုတဲ့ မင်းရဲ့အစွမ်း ဘယ်လောက်ရှိတယ်ဆိုတာ ကြည့်ကြတာပေါ့ "
စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးက ထိုသို့ပြောကာ လက်ဖြင့် အစီအမံများ လုပ်လိုက်သည်။
ဝုန်း ...
သွေးနီရောင် ခေါင်းတလားတစ်ခု၏ အဖုံးလွင့်ထွက်သွားပြီး အထဲမှ အရိပ်တစ်ခု ဖြည်းညင်းစွာ ပျံထွက်လာ၏။
" ဟင် ... ဒါက ... "
ထို အလောင်းရုပ်သေးကို မြင်သည်နှင့် ချင်းဝူချုံ
တစ်ယောက် အနည်းငယ် အံ့အားသင့်သွားရသည်။
ထို့နောက်.. သူ အံ့သြတကြီး ရေရွတ်၏။
" အဲ့ဒါ.. အရှေ့ပိုင်းဒေသက ဝမ်ထျန်းဖုန်း မဟုတ်လား "
စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးက လှောင်ပြုံးဖြင့် ပြန်ပြောသည်။
" အမှန်ပဲ ။ အရှေ့ပိုင်းဒေသ ဖျက်ဆီးခံလိုက်ရတဲ့ တိုက်ပွဲတုန်းက ... ငါက မှောင်ရိပ်ထဲမှာ ပုန်းနေခဲ့တာကွ။ အဲ့ချိန် ဝမ်ထျန်းဖုန်းက ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခုကြောင့် သေသွားရတယ်လေ ။ မင်းတို့ကလဲ သူ့ကို ဂရုမစိုက်နိုင်ဘဲ အလုပ်ရှုပ်နေကြတော့... ငါက သူ့ခန္ဓာကိုယ်ကို သယ်လာပြီး အလောင်းရုပ်သေးအဖြစ် သန့်စင်လိုက်တာပေါ့ကွာ "
တဖက်မှ ချင်းဝူချုံ နှင့် သွမ့်ချန်ချိုး တို့ နှစ်ယောက်လုံး မျက်နှာပျက်ကုန်ကြ၏။
ဝမ်ထျန်းဖုန်းမှာ သူတို့၏ သွေးသောက်ညီအကိုတစ်ယောက်ဟု ပြော၍ရပါသည်။
သူသည် ထျန်းယွမ်ကမ္ဘာအတွက် ကောင်းကင်ဘုံပျက်စီးခြင်းအပေါ်သုံးခုကို တိုက်ခိုက်ရင်း သေသွားခဲ့ရပြီး ... သေသွားပြီး နောက်ပိုင်းတွင်လည်း ထျန်းမင်ကမ္ဘာ၏ လက်အောက်ခံအဖွဲ့လက်ချက်ဖြင့် အလောင်းရုပ်သေးအဖြစ် သန့်စင်ခံလိုက်ရပါသေး၏။
" မိစ္ဆာကောင် ... မင်း သေဖို့ပဲတန်တယ် "
သွမ့်ချန်ချိုး ဒေါသတကြီးအော်ကာ လက်ထဲမှဓားဖြင့် လွှဲခုတ်လိုက်သည်။
သို့သော်..
ချွှင်...
သူ့ဓားအား ဝမ်ထျန်းဖုန်း၏ အလောင်းရုပ်သေးက တားလာပါ၏။
" ဒါ.. "
သွမ့်ချန်ချိုး တစ်ယောက် ခဏတာမျှ မှင်သက်သွားရသည်။
စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးက လှောင်ပြုံးဖြင့် ပြောလာ၏။
" သွမ့်ချန်ချိုး ၊ ငါ့ကို လျှော့မတွက်နဲ့နော် ။ ငါ့ရဲ့ အလောင်းရုပ်သေးတွေက သူတို့ရဲ့ အစွမ်းအပြည့်ကို ပြန်မရကြဘူး ဆိုပေမယ့်.. 60/70 % လောက်ကိုတော့ ဘာပြဿနာမှမရှိဘဲ အေးဆေးပြန်ရအောင် လုပ်နိုင်တယ် ။ အဲ့တော့ မင်းက အစွမ်းထက်တယ်ဆိုရင်တောင် ကိုယ့်ရဲ့ လုပ်နိုင်စွမ်းအမှန်ကို ထုတ်မပြဘဲနဲ့ အနိုင်ယူနိုင်မှာ မဟုတ်ဘူး "
သွမ့်ချန်ချိုး အေးစက်စက် နှာခေါင်းရှုံ့ကာ သူ့လက်ထဲမှဓားကို ထပ်ယမ်းလိုက်သည်။
ဝီ ...
ချက်ချင်းမှာပင် ဘေးပတ်ဝန်းကျင် လေထုက ဓားများဖြင့် ပြည့်နေသော ကမ္ဘာတစ်ခုအဖြစ် ပြောင်းပြီး ဝမ်ထျန်းဖုန်းအား ချုပ်နှောင်ရန် ကြိုးစားလာ၏။
သို့သော်..
ချွှင် ..
မကြာခင်မှာပင် ဓားကမ္ဘာက ပြိုကွဲသွားပါသည်။
" ဟင် ... "
သွမ့်ချန်ချိုး ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးရှိရာသို့ မော့ကြည့်လိုက်၏။
သူ ထင်ထားသလိုပင် တဖက်လူက သူ့အား ဓားဖြင့်ရွယ်ထားကာ သူ့အနောက်ဘက်တွင်လည်း ဓားအရိပ်ကြီး ၇ ခုက အရောင်တလက်လက် တောက်နေသည်။
သူ့ဓားကမ္ဘာကို တားလိုက်သူမှာ ထိုသူပါပင် ။
ဝုန်း..
ထိုစဥ်မှာပင် ဝမ်ထျန်းဖုန်း၏ အလောင်းရုပ်သေးက သွမ့်ချန်ချိုးအား ထပ်တိုက်ခိုက်လာပြန်၏။
သွမ့်ချန်ချိုးမှာ ထိုတိုက်ခိုက်မှုအား ယာယီသာ ရှောင်တိမ်းလိုက်နိုင်ပြီး ခဏတာမျှ ဖိနှိပ်ခံလိုက်ရ
သည်။
တဖက်မှ ချင်းဝူချုံက အော်ပြောလာ၏။
" အရှက်မဲ့လိုက်တာကွာ ... မင်းနဲ့ငါ ထိပ်တိုက် တိုက်ခိုက်မယ် "
ဝုန်း ..
စကားဆုံးချိန်မှာပင် သူ့အရောင်အဝါ ပေါက်ကွဲထွက်လာပြီး စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးထံ ပြေးဝင်သွားသည်။
ကြောက်မက်ဖွယ် မသေမျိုးအစွမ်းကလည်း အားလုံးကို လွှမ်းခြုံလာ၏။
ထိုစဥ် နတ်ဆိုးဘုန်းတော်ကြီးက ချင်းဝူချုံရှေ့ ရုတ်တရုက်ပေါ်လာကာ လက်ဝါးဖြင့်ရိုက်၍ တိုက်ခိုက်လိုက်သည်။
" ဖယ်စမ်းကွာ "
ချင်းဝူချုံ ဒေါသတကြီး ထပ်အော်ကာ အဆုံးအစမဲ့ မသေမျိုးအစွမ်းများအား ထပ်မံထုတ်
လွှတ်လိုက်၏။
ဘုန်း...
သူ့လက်သီးချက်က နတ်ဆိုးဘုန်းတော်ကြီးဆီ ရောက်သွားသည်။
နတ်ဆိုးဘုန်းတော်ကြီး၏ ခန္ဓာကိုယ်အများစုမှာ တမဟုတ်ချင်းပင် ဖျက်ဆီးခံလိုက်ရတော့၏။
" ဟင်... အဲ့လောက်အစွမ်းပြင်းတာလား "
နတ်ဆိုးဘုန်းတော်ကြီး အံ့သြသွားရသည်။
ထိုစဥ် စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးက မျက်မှောင်ကြုံ့၍ ပြောသည်။
" အဆုံးအစမဲ့ နတ်ဘုရားအစွမ်းက ထျန်းယွမ်ကမ္ဘာရဲ့ အစွမ်းအထက်ဆုံး မသေမျိုးစွမ်းအင် ဆိုတဲ့နာမည်နဲ့ လိုက်ပါပေတယ် ။ တစ်ယောက်ချင်း ထိပ်တိုက်ရင်ဆိုင်ရတဲ့ တိုက်ပွဲမှာဆိုရင်.. သာမာန်လူတွေအနေနဲ့ ဒီအစွမ်းကို လုံးဝယှဥ်နိုင်မှာ မဟုတ်ဘူး ။ ဒါ့ကြောင့်မို့လဲ ငါ မင်းအတွက်သီးသန့် ပြိုင်ဘက်တစ်ယောက် သေချာပြင်ဆင်လာတယ်ကွ "
သူ ပြောပြီး လက်ဖြင့်အစီအမံများ ထပ်လုပ်လိုက်ရာ... ဒုတိယမြောက် သွေးနီ ခေါင်းတလား ထပ်ပွင့်သွားသည်။
ဝုန်း...
ထိုခေါင်းတလားကြီး လေထဲပျံတက်သွားပြီး ဧရာမအရိပ်ကြီးတစ်ခု ထွက်လာ၏။
ထိုအချိန်တွင် ချင်းဝူချုံမှာ စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးရှေ့သို့ ရောက်နေပြီဖြစ်ကာ လက်သီးဖြင့် ထိုးလိုက်သည်။
စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးကမူ ၎င်းကိုတွေ့သည့်တိုင် ရှောင်တိမ်းခြင်းမပြုဘဲ နှုတ်ခမ်းကွေးသွားအောင် ပြုံးလိုက်ပါ၏။
ချင်းဝူချုံ ၎င်းကိုကြည့်ကာ အံ့သြသွားရသည်။ ထိုစဥ်မှာပင် ရုတ်တရက် သူ့ရှေ့၌ အမည်းရောင်အရာတစ်ခု ရောက်လာသလို ခံစားလိုက်ရပါ၏။
ဝုန်း ...
သူ လက်သီးဖြင့် ထိုးလိုက်သည်။
သို့သော် သူ့လက်များ ချက်ချင်းထုံကျင်သွားကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ရ၏။
" ဒါ.... "
သူ ထိုအချိန်မှသာလည်း တစ်စုံတစ်ခု ပုံမှန်မဟုတ်သည်ကို သတိထားမိပြီး ခေါင်းမော့ကြည့်လိုက်သည်။
သူ့ရှေ့တွင်ကား... အရပ်မြင့်ပြီး အစွမ်းထက်လှသော နတ်ဆိုးအရိပ်တစ်ခု ...
" နန်လင်နတ်ဆိုး မသေမျိုးပါလား ... ၊ မင်းက အဲ့လူရဲ့အလောင်းကိုရော ... "
ချင်းဝူချုံ မျက်နှာထား ပြောင်းသွားတော့သည်။
စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးက လူယုတ်မာရယ်သံကြီးဖြင့် အော်ရယ်သည်။
" အမှန်ပဲကွ ၊ ဟိုးရှေးခေတ်ကတည်းက နတ်ဆိုးမျိုးနွယ်ထဲမှာ နတ်ဘုရားအဆင့်နီးပါး သွေးအစွမ်းရှိတဲ့ မသေမျိုးသားရဲဆိုလို့ သူတစ်ယောက်ပဲ ရှိခဲ့တာလေ ။ ငါက အဲ့လိုလူရဲ့အလောင်းကို လွယ်လွယ်နဲ့ လက်လွတ်ခံမယ် ထင်လို့လား ။ ချင်းဝူချုံ .. မင်းက ထိပ်တိုက်ရင်ဆိုင်တဲ့ တိုက်ပွဲတွေမှာ ပြိုင်ဘက်ကင်းတဲ့ အစွမ်းအထက်ဆုံး မသေမျိုးတစ်ယောက် မဟုတ်ဘူးလား ။ အခု သတ္တိရှိရင် ဒီ နတ်ဘုရားအဆင့်နီးပါး သားရဲနဲ့ ထိပ်တိုက်တိုက်ခိုက်လေ "
သူ ပြောပြီး လက်ဖြင့်အစီအမံများ ထပ်လုပ်လိုက်ရာ .. နန်လင်နတ်ဆိုးမသေမျိုးကြီးက ချင်းဝူချုံထံ ပြေးဝင်သွား၏။
ချင်းဝူချုံ အေးစက်စက် နှာခေါင်းရှုံ့ပြီး အဆုံးအစမဲ့ နတ်ဘုရားအစွမ်းများ ထပ်ထုတ်လိုက်ရသည်။
ဝုန်း .... ဝုန်း .... ဝုန်း ...
သူနှင့် အလောင်းရုပ်သေးတို့ သုံးကြိမ်တိုင် တိုက်ခိုက်ပြီးသည်အထိ အနိုင်ရသူကို ပြောရန် ခက်နေဆဲပါပင်...
နတ်ဆိုးဘုန်းတော်ကြီးက စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးဘက် လှည့်ကြည့်လိုက်၏။
" စိတ်ဝိဥာဥ်အလောင်းဂိုဏ်းက လူတွေကို ဘယ်သူမှ မကြိုက်ကြတာ မဆန်းတော့ပါဘူး ။ တကယ်လို့ ဒီတိုက်ပွဲမှာသာ ငါ သေသွားရင် .. ဒီကောင်ကြီးက ငါ့အလောင်းကိုလဲ အလောင်းရုပ်သေးအဖြစ် ပြောင်းပစ်မှာသေချာတယ် "
သူ့စိတ်ထဲမှ တွေးမိလိုက်သည်။
သူတို့၏ တိုက်ပွဲက ထိုသို့ပြင်းထန်နေချိန်တွင် ... ပျောင်ပိုင်မြို့၏ လျှို့ဝှက်ဒေသထဲမှ အခြေအနေမှာကား လုံးဝကွဲနေပါ၏။
ဝီ ...
စိတ်စွမ်းအင် အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားကာ.. လက်ထဲတွင် အလွန်ရုပ်ဆိုးလှသည့် လေးတစ်ခုကို ကိုင်ထားသော ပျောင်ပိုင်မြို့မှ တပ်သားတစ်ယောက် မျက်နှာဝင်းသွားသည်။
" သန့်စင်လို့ ပြီးသွားပြီ ၊ နောက်ဆုံးတော့ သန့်စင်လို့
ပြီးသွားခဲ့ပြီ "
သူ ဝမ်းသာအားရ အော်လိုက်သည်။
ထို့နောက် သူ လောထျန်းဘက်လှည့်ပြီး ဦးညွှတ်၍ ဆို၏။
" ကျေးဇူးအများကြီး တင်ပါတယ် သခင်လေး ။ သခင်လေးရဲ့ အကူညီသာမပါရင် ကျုပ်ကို နောက်ထပ် နှစ်သုံး၊လေးထောင်လောက် အချိန်ထပ်ပေးရင်တောင် ဒါကို ပြီးအောင်သန့်စင်နိုင်မှာ မဟုတ်ဘူး "
တဖက်မှ လောထျန်းမှာကား အလွန်ပင်ပန်းနွမ်းနယ်နေဟန် ပေါက်လျက်...
ပြီးခဲ့သည့် ရက်ပိုင်းတွင် လောထျန်းသည် သေချာရွေးချယ်ထားသော ပျောင်ပိုင်မြို့၏ ထိပ်သီးကျင့်ကြံသူများအား လက်နက်သန့်စင်ရာတွင် အကူညီပေးနေခဲ့ပါ၏။
ထိုစဥ်မှလည်း အခြားသူများအား လက်နက်သန့်စင်ရန် ကူညီပေးရခြင်းက မိမိကိုယ်တိုင် လက်နက်အသစ်တစ်ခု သန့်စင်ရသည်ထက်ပင် ပိုခက်ခဲ
ကြောင်း နားလည်ခဲ့ရသည်။
ထို့ထက်ပိုဆိုးသည်မှာ သူ့ မူလမသေမျိုးလက်နက်များ၏ ဖိအားက ကြောက်စရာကောင်းလွန်းနေခြင်းပင် ။
၎င်းလက်နက်များအား အချိန်နဲ့နေရာ ဗိမ္မာန်ထဲ ယူသွားကြည့်လိုက်ချိန်တွင် ၎င်းတို့၏ ဖိအားကြောင့် အချိန်နဲ့နေရာဗိမာန် ဖိနှိပ်ခံရကာ အချိန်စီးကြောင်းပင် အကျိုးသက်ရောက်ခံခဲ့ရသည်။
တနည်းဆိုရသော်.. ၎င်းလက်နက်များအား အချိန်နဲ့နေရာဗိမ္မာန်၏ အပြင်ဘက်တွင်သာ သန့်စင်၍ ရနိုင်ပါ၏။
ထို့ကြောင့်လည်း သူတို့အတွက် လက်နက်များကို သန့်စင်ရန်အချိန် နည်းနည်းလေးသာ ရခဲ့ပါသည်။
သို့ကြောင့် ပြီးခဲ့သည့် ရက်နှစ်ဆယ်ကာလအတွင်း လောထျန်းတစ်ယောက် မအိပ်ရသလောက်နီးပါးပင် ။
သူ ဤမျှလောက် တစ်ခါမှ မပင်ပန်းခဲ့ဖူးပါချေ ။
သို့သော် ကံကောင်းစွာပင်.. ယနေ့ လက်နက်အားလုံးကို သန့်စင်၍ ပြီးသွားခဲ့ပြီဖြစ်ရာ.. သူ အနားယူ၍ ရလေပြီ ။
" ဒီတစ်ခေါက် ငါ သုံးရက်တိတိ အိပ်ဖို့ ဆုံးဖြတ်ပြီးသွားပြီ ။ ငါ့ကို ဘယ်သူမှ နှောင့်ယှက်မယ်မကြံနဲ့ "
လောထျန်း စိတ်ထဲမှကြိတ်၍ ရေရွတ်လိုက်သည်။
သို့သော် ထိုစဥ်မှာပင်...
" သခင်လေး ၊ အခြေနေတွေ ဆိုးကုန်ပြီဗျ ။ ထျန်းမင်ကမ္ဘာ ... ထျန်းမင်ကမ္ဘာ.. ကျလာတော့မယ်တဲ့ "
လူငယ်တစ်ယောက်က ခပ်လှမ်းလှမ်းမှ အသည်းအသန် ပြေးလာနေပြီး ထိုသို့ပြေးနေရင်း အော်ပြောလာ၏။
" ဟင် ... "
လောထျန်း အံ့သြမှင်သက်သွားရတော့သည်။
သူ ဖြည်းဖြည်းချင်း ခေါင်းလှည့်၍ ဘေးပတ်လည်တွင် အမည်းရောင်စက်ဝိုင်းကြီး ဖြစ်နေသော ပန်ဒါတစ်ကောင်လို မျက်လုံးများဖြင့် လူငယ်အား ကြည့်လိုက်၏။
" ထျန်းမင်ကမ္ဘာ .. ရောက်လာပြီ.. ဟုတ်လား "
သူ့နှုတ်ခမ်းများ လှုပ်ရှားသွားကာ သူ့အသွင်မှာလည်း ဝိဥာဥ်တစ်ကောင်လိုပါပင် ။
သတင်းလာပို့သော လူငယ်မှာလည်း သူ့ကိုကြည့်ပြီး ကြောက်လွန်း၍ တုန်သွားကာ ခေါင်းညိတ်ပြသည်။
" ဟုတ်ပါတယ်.... "
သူ တလက်စတည်း ပျောင်ပိုင်မြို့ပြင်၌ ဘာဖြစ်နေသည်ကိုပါ ပြောပြလိုက်၏။
စကားဆုံးအောင် နားထောင်နေသော လောထျန်း၏ မျက်နှာကြီး ပိုပိုပျက်သွားတော့သည်။
" စောစောလာမယ်ဆိုလဲ မလာဘဲနဲ့ ဘာလို့ခုချိန်ကြီးမှ လာရတာလဲကွ ။ ထျန်းမင်ကမ္ဘာ .. မင်းတို့တွေ သေဖို့ပဲကောင်းတယ် "
သူ အရူးတစ်ယောက်ပမာ အော်ဟစ်လိုက်သည်။