အခန်း (၇၂၁)
Vol. 52 Ch. 721
ရှေးခေတ် ထျန်းယွမ်ကမ္ဘာ၏ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်တဲ့လား ..
သူ့စကားကြောင့် သွမ့်ချန်ချိုး ရော ၊ ချင်းဝူချုံ ပါ တုန်လှုပ်သွားကြသည်။
ရှေးခေတ် ထျန်းယွမ်ကမ္ဘာသည် အလွန်ဂုဏ်သတင်းကြီးခဲ့ပြီး အစွမ်းထက်ကျင့်ကြံသူ သခင်ကြီးများ များစွာပင် ရှိခဲ့ဖူးပါ၏။
သို့သော် ကမ္ဘာပျက်ကိန်းကြီးတစ်ခုနှင့် ကြုံပြီးနောက်တွင်မူ ထိုခေတ်မှ လူများအားလုံးနီးပါး သေဆုံးပျောက်ကွယ်သွားခဲ့ကြရသည်။
ထိုခေတ်နှင့် အနီးစပ်ဆုံးဖြစ်သည့် ထျန်းယွမ်ကမ္ဘာသခင်ကြီးသည်ပင် ထိုခေတ်အကြောင်းကို အလုံးစုံ မသိခဲ့ပါ ။
သို့သော်.. ယခု စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးက ထိုခေတ်မှ အစွမ်းထက်ကျင့်ကြံသူ တစ်
ယောက်၏ အလောင်းကို အမှန်တကယ် ရထားသတဲ့လား ။
ထိုအလောင်းကို တစ်ချက်ကြည့်ရုံဖြင့်ပင် အဘိုးကြီးက လိမ်ပြောနေခြင်း မဟုတ်မှန်း သွမ့်ချန်ချိုး သိလိုက်ပါ၏။
၎င်းမှာ အလောင်းကြီးသက်သက်သာ ကျန်တော့သည့်တိုင် ထိုသူ အသက်ရှင်စဥ်က မည်မျှအစွမ်းထက်မည်ကို သွမ့်ချန်ချိုး အာရုံခံ၍ ရနေဆဲပါပင် ။
ထိုသူက သူ့ထက် များစွာ ပိုအစွမ်းထက်သည်မှာ သေချာပါသည်။
သူ အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ပြောလိုက်၏။
" အဘိုးကြီး ၊ အဲ့အလောင်းကို ဘယ်ကနေ ရလာတာလဲ "
စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးက လှောင်ပြုံးဖြင့် ပြန်ပြောသည်။
" အဲ့ဒါ ထျန်းမင်ကမ္ဘာက ပေးတဲ့လက်ဆောင်လေ ။
အဲ့ခေတ်က ထျန်းယွမ်ကမ္ဘာမှာ ကောင်းကင်ဘုံပျက်စီးခြင်း ဖြစ်ပြီးသွားတဲ့နောက်ပိုင်း ထျန်းယွမ်ကမ္ဘာက လူတွေအများကြီး အသတ်ခံခဲ့ကြရတယ်လေ ။ အဲ့လူတွေရဲ့ ခန္ဓာကိုယ်တွေကတော့ အောင်မြင်မှု အထိမ်းအမှတ်အနေနဲ့ ထျန်းမင်ကမ္ဘာကို ယူသွားခံခဲ့ရတာပေါ့ကွာ "
" ငါ ထျန်းမင်ကမ္ဘာရဲ့ အကြီးအကဲတွေဆီက ကြားတာတော့ ... ဒီအလောင်းကလဲ မင်းလိုပဲ ဖြစ်နေတဲ့အခြေအနေကို မသိဘဲ အင်မတန်မောက်မာခဲ့တာတဲ့ ။ အဲ့ချိန်တုန်းကလဲ သူက ထျန်းမင်ကမ္ဘာကို အာခံခဲ့တယ်ပြောတယ် ။ အဲ့တော့ သူ သေသွားခဲ့ရရုံတင်မကဘူး ၊ သူ့ရဲ့ အလောင်းကလဲ ထျန်းမင်ကမ္ဘာရဲ့ လူမြင်ကွင်းမှာ နှစ်တွေသိန်းချီကြာတဲ့အထိ ချိတ်ခံထားရတာပေါ့ "
" ဒီတစ်ခေါက်တော့ ထျန်းမင်ကမ္ဘာက နတ်ဘုရားနည်းလမ်းကို သုံးပြီး ဒီအလောင်းကို ငါ့အတွက် လက်ဆောင်ပေးခဲ့တာ။ ဒါကို အလောင်းရုပ်သေးအဖြစ်လဲ သန့်စင်ခွင့် ပေးခဲ့တယ် ။ အချိန်ရတာ နည်းလွန်းတော့ ငါ ဒီကောင်ကြီးကို အပြည့်အဝ မထိန်းချုပ်နိုင်သေးတာလေး တစ်ခုပဲ ပြောစရာရှိတာ
။ အဲ့တော့ ဒါကို ဒိုင်းကာအဖြစ်နဲ့ပဲ သုံးလို့ရသေးတာပေါ့ကွာ "
" ဒါပေမယ့်.. အဲ့လောက်ဆိုရင်တောင် လုံလောက်ပါတယ်လေ ။ မင်းရဲ့အစွမ်းနဲ့ အဲ့ကောင်ကြီးရဲ့ ခန္ဓာကိုယ်ကို လုံးဝ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး "
စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးက ထိုသို့ပြောပြီး ကျယ်လောင်စွာ အော်ရယ်လိုက်ပြန်သည်။
တဖက်မှ သွမ့်ချန်ချိုးနှင့် ချင်းဝူချုံတို့၏ မျက်လုံးများမှာကား မီးပင်ထတောက်တော့မယောင် .. ။
ထိုအလောင်းမှာ သူတို့ ထျန်းယွမ်ကမ္ဘာ၏ ဘိုးဘေးတစ်ယောက် ဖြစ်ပါသည်။
ထိုသူသည် သူတို့ကဲ့သို့ ရှေးခေတ် ထျန်းယွမ်ကမ္ဘာကို ကာကွယ်ပေးရန်အတွက် တိုက်ခိုက်အသက်ပေးခဲ့သော သူရဲကောင်းတစ်ဦးပင် ။
ရန်သူများက ထိုသို့သော လူတစ်ယောက်၏ အလောင်းကိုပင် ချမ်းသာမပေးဘဲ အရှက်ခွဲနေသတဲ့
လား ။
ထို့ထက်ပို ဒေါသထွက်စရာ ကောင်းသည်မှာ ထျန်းမင်ကမ္ဘာက ထိုအလောင်းအား ထျန်းယွမ်ကမ္ဘာ၏ သစ္စာဖောက်များကို ဆုလာဒ်အဖြစ် ပေးခဲ့ခြင်းပင် ။
သူရဲကောင်းတစ်ယောက်၏ ကြွင်းကျန် ရုပ်အလောင်းက ထျန်းယွမ်ကမ္ဘာ သစ္စာဖောက်တို့၏ ကစားအရာ အရုပ်ဖြစ်နေသည်ကို သူတို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်လား ။
" အဘိုးကြီး ... အဲ့ဒါ ငါတို့ ထျန်းယွမ်ကမ္ဘာရဲ့ ဘိုးဘေးတစ်ယောက်နော် ။ မင်းခေါင်းထဲမှာ လုပ်သင့်လား မလုပ်သင့်လား ဆိုတာကိုရော ထည့်မစဥ်းစားမိဘူးလား "
ချင်းဝူချုံ ဒေါသတကြီး အော်ပြောလိုက်သည်။
သို့သော် စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးက လှောင်ပြုံးဖြင့်သာ ပြန်ပြော၏။
" ထျန်းယွမ်ကမ္ဘာက... မင်းတို့ရဲ့ ကမ္ဘာလေ ။ ငါက ထျန်းမင်ကမ္ဘာရဲ့ အသိအမှတ်ပြုတာကို ခံထားရပြီမို့ အခုဆို ထျန်းမင်ကမ္ဘာသားတစ်ယောက် ဖြစ်သွားပြီ
။ မင်းတို့ ထျန်းယွမ်ကမ္ဘာသား နှစ်ယောက်ကတော့ ဒီနေ့ပဲ သေရတော့မှာပါကွာ "
သူ ထိုသို့ပြောပြီးနောက် အလောင်းရုပ်သေးများကို ထိန်းချုပ်၍... နတ်ဆိုးဘုန်းတော်ကြီး ၊ ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးတို့နှင့် ပူးပေါင်းကာ တဖက်လူနှစ်ယောက်အား ဝိုင်းထားလိုက်ကြသည်။
သွမ့်ချန်ချိုး၏ မျက်နှာထား တည်သွား၏။
လက်ရှိအခြေအနေမှာ သူတို့အတွက် မကောင်းလှပါချေ။
သို့သော် ထိုစဥ်မှာပင် ...
ဘုန်း ..
မလှမ်းမကမ်းရှိ လေထု တုန်ခါလာကာ ဟင်းလင်းပြင် လေထုလမ်းကြောင်းတစ်ခု ပေါ်လာသည်။
အားလုံး ထိုနေရာဆီ လှည့်ကြည့်လိုက်ကြရာ လေထုလမ်းထဲမှ အမျိုးသမီးတစ်စု ထွက်လာသည်ကို မြင်
လိုက်ရ၏။
" ယောင်ချီရဲ့ နတ်ဘုရားသခင်မကြီး ပါလား "
ထိုလူစုအား ဦးဆောင်လာသူကို တွေ့သည်နှင့် စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေး မျက်မှောင်ကြုံ့သွားသည်။
" ဘာမဟုတ်တဲ့ ယောင်ချီရဲ့ နတ်ဘုရားသခင်မကြီးလို လူတစ်ယောက်က ဒီကိစ္စမှာ ဝင်နှောင့်ယှက်လို့ မရပါဘူး "
ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးကလည်း အေးစက်စက် ဆို၏။
ဝုန်း...
ထိုစဥ်မှာပင် အသံကျယ် နောက်တစ်သံ မြည်လာသည်။
အားလုံး ထပ်လှည့်ကြည့်လိုက်ရာ... နောက်ထပ် လေထုလမ်းကြောင်းတစ်ခု ပေါ်လာပြီး ၎င်းအထဲမှ သခင်ကြီးထျန်းလုံ ထွက်လာသည်ကို မြင်လိုက်ရ၏။
" တာအိုသခင်ကြီး ထျန်းလုံ ပါလား "
သူ့ကို မြင်ပြီးနောက်တွင်မူ စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ဘိုးဘေး မျက်နှာထား ပြောင်းသွားတော့သည်။
တာအိုသခင်ကြီး ထျန်းလုံသည်လည်း သွမ့်ချန်ချိုးတို့လို ထိပ်တန်းအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် မဟုတ်ပါလား ။
တစ်ယောက်ချင်း ယှဥ်ရသည့် တိုက်ပွဲတွင် သူက သူတို့သုံးယောက်ထက် အစွမ်းများစွာ ပိုသာပါ၏။
ယောင်ချီ၏ နတ်ဘုရားသခင်မကြီးကိုပါ ထပ်ပေါင်းလိုက်လျှင် တဖက်မှ အင်အားပိုသာသွားလေပြီ ။
ချင်းဝူချုံကမူ ထိုနှစ်ယောက် ရောက်လာသည်ကို ကြည့်ရင်း ဝမ်းသာအားရဆိုသည်။
" ခင်ဗျားတို့နှစ်ယောက် အချိန်မှီလေး ရောက်လာကြတာပဲ ။ အခု အားလုံးပေါင်းပြီးတော့ ဒီသစ္စာဖောက်တွေကို အရင်သတ်ကြရအောင် "
သခင်ကြီးထျန်းလုံ ခေါင်းညိတ်ပြ၏။
" ကျုပ်ကလဲ အဲ့ဒါကိုပဲ လိုချင်နေတာ "
ယောင်ချီ၏ နတ်ဘုရားသခင်မကြီးကမူ မည်သို့မှမပြောဘဲ သွမ့်ချန်ချိုးတို့နှစ်ယောက်၏ ဘေးသို့သာ သွား၍ ရပ်နေလိုက်သည်။
၎င်းကိုကြည့်နေသော ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး မျက်နှာထား ပြောင်းသွားကာ အံကြိတ်၍ ပြော၏။
" မင်းတို့ တော်တော်အရှက်မဲ့တဲ့ ကောင်တွေပဲ ။ တဖက်လူ အနည်းစုကို အင်အားသုံးပြီး အနိုင်ကျင့်ချင်တယ်ပေါ့လေ "
သွမ့်ချန်ချိုး နှင့် ချင်းဝူချုံ : " .......... "
ထိုကောင်က ယခုလိုစကားမျိုး အမှန်တကယ် ပြောရဲနေသတဲ့လား ။
ချွှင် ..
သွမ့်ချန်ချိုး စကားပြောရန်ပင် အချိန်ကုန် မခံချင်တော့ဘဲ ဓားကိုသာ ဆွဲထုတ်လိုက်သည်။
ထို့နောက်တွင် ဓားယမ်းသွားပြီး ..
ဓားစိတ်ဆန္ဒတစ်ခုက ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးဆီသို့ ဦးတည်ဝင်သွား၏။
ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး မျက်နှာထား ချက်ချင်းပြောင်းသွားကာ မခုခံရဲဘဲ စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ဘိုးဘေး နောက်သို့ အသည်းအသန် ပြေးဆုတ်သွားလိုက်သည်။
စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးက တတိယမြောက် အလောင်းရုပ်သေးကို ထိန်းချုပ်ကာ သူ့ရှေ့တွင် ရပ်စေလိုက်၏။
ချွှင်..
အသံတစ်သံနှင့်အတူ မီးပန်းများ ပွင့်သွားပြီး အလောင်းရုပ်သေး နောက်သို့ လွင့်ထွက်သွားသည်။ သို့သော် ၎င်းက ဘာမှထိခိုက်ခဲ့ဟန် မတူပါ ။
" ဒါ.. ဘယ်လိုလုပ်ပြီး ... "
၎င်းကိုမြင်သော သခင်ကြီးထျန်းလုံ မျက်မှောင်ကြုံ့သွား၏။
ချင်းဝူချုံက ချက်ချင်း ဝင်ရှင်းပြသည်။
" အဲ့ဒါ ထျန်းယွမ်ကမ္ဘာရဲ့ ရှေးခေတ်က အစွမ်းထက်ကျင့်ကြံသူရဲ့ ရုပ်အလောင်းပဲ... အဘိုးကြီးက အဲ့ဒါကို အလောင်းရုပ်သေးအဖြစ် သန့်စင်ထားတာ "
တစ်လက်စတည်း ထိုအလောင်းရုပ်သေး၏ အကြောင်းနှင့် တဖက်လူ၏ ပြောစကားများကိုပါ သူ ပြောပြလိုက်သည်။
စကားဆုံးအောင် နားထောင်ပြီးနောက် သခင်ကြီးထျန်းလုံရော ၊ ယောင်ချီ နတ်ဘုရားသခင်မကြီးပါ ဒေါသူပုန် ထသွားကြတော့သည်။
အရှက်မဲ့လှပါတကား ..
ထျန်းယွမ်ကမ္ဘာသား တစ်ယောက်က အဘယ့်ကြောင့် ဤမျှ အရှက်မဲ့နိုင်ရပါသနည်း ။
တဖက်မှ စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေးက လှောင်ပြုံးဖြင့် ဆိုသည်။
" ဘာလို့လဲ ... ငါ့ကို မကျေနပ်လို့လား ။ ဒါပေမယ့်.. မင်းတို့ငါ့ကို ဘာလုပ်နိုင်မှာမို့လဲကွာ ။ သွမ့်ချန်ချိုးရဲ့ အစွမ်းအထက်ဆုံး ဓားကွက်ကတောင် အလုပ်မဖြစ်တာကို "
သွမ့်ချန်ချိုးတစ်ယောက် မျက်နှာဖြူရော်သွားကာ ခဏတာမျှ အဖြေမရှိ ဖြစ်သွားသည်။
ထိုစဥ်မှာပင် သခင်ကြီးထျန်းလုံက ဝင်ပြော၏။
" အဲ့အလောင်းရုပ်သေးကို ဖျက်ဆီးလို့မရဘူး ဆိုတာနဲ့ပဲ တခြားနည်းလမ်း မရှိတော့တာ မဟုတ်ဘူးလေ "
" အင်... "
အားလုံး အံ့အားသင့်ကာ သူ့ဘက် လှည့်ကြည့်လိုက်ကြသည်။
ထိုစဥ်မှာပင် သခင်ကြီးထျန်းလုံ၏ အကျ်ီလက် ရုတ်တရက် လှုပ်ရှားသွားကာ ..
ဝီ ...
အလင်းတန်းတစ်ခု ထွက်လာ၏။
" မသေမျိုးအကျဥ်းထောင်.. ချုပ်နှောင်စေ "
သူ့အော်သံကျယ်နှင့်အတူ စိတ်စွမ်းအင်အလင်းတန်း ကောင်းကင်ယံမှ ကျလာကာ တတိယမြောက် အလောင်းရုပ်သေးပေါ် ကျလာသည်။
" ဟင် ... "
စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေး အံ့သြမှင်သက်သွားပြီး အချုပ်အနှောင်ထဲရောက်နေသည့် အလောင်းရုပ်သေးအား ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ သို့သော် ၎င်းက အချုပ်အနှောင်ထဲမှ ထွက်နိုင်ဟန် မတူပါချေ ။
" ထျန်းလုံ... မင်း ဘာလုပ်လိုက်တာလဲ "
သူ သခင်ကြီးထျန်းလုံအား ဒေါသတကြီး အော်လိုက်၏။
သခင်ကြီးထျန်းလုံက အေးဆေးပင် ပြန်ပြောသည်။
" ဒီတိုင်း မသေမျိုးအချုပ်အနှောင် တစ်ခုပါကွာ ။ အဲ့ဒါနဲ့ မင်းရဲ့ အလောင်းရုပ်သေးကို မဖျက်ဆီးနိုင်ပေမယ့် ခဏတော့ ချုပ်နှောင်ထားနိုင်တယ်လေ "
သူ ထိုသို့ပြောပြီး အနီးနားမှ လူများဘက် လှည့်ကြည့်လိုက်သည်။
" အားလုံး... အချိန် သိပ်မရှိတော့ဘူးနော် ။ သူတို့ကို မြန်မြန်ရှင်းပစ်လိုက်ကြရအောင် "
" ကောင်းတယ် "
သွမ့်ချန်ချိုးတို့ လူစု ပျော်သွားကာ တဖက်ရန်သူများဆီသို့ ချက်ချင်းပြေးဝင်သွားလိုက်ကြသည်။
" ရွံစရာကောင်းလိုက်တဲ့ ကောင်တွေ "
စိတ်ဝိဥာဥ်အလောင်းဂိုဏ်း၏ ဘိုးဘေး မကျေမနပ် ရေရွတ်လိုက်သည် ။ သို့သော် သူ သတိလက်လွတ် မနေရဲဘဲ ကျန် အလောင်းရုပ်သေးများကို ချက်ချင်းထိန်းချုပ်၍ တဖက်လူများဆီသို့ ပြေးသွားလိုက်၏။
တစ်ချိန်တည်းမှာပင်...
ဝုန်း ...
သူ့လက်ကို ယမ်းလိုက်ရာ မရေမတွက်နိုင်သော အမည်းရောင်မြူမှုန်များ ဘေးတွင် ပေါက်ကွဲထွက်လာပြီး သူ့ကိုယ်ကို လွှမ်းခြုံလာသည်။
" သတိထားကြနော် ၊ အဲ့ဒါ အဆိပ်ပဲ ။ အဲ့ဒါနဲ့သာ ထိမိသွားရင် ကိုယ့်ရဲ့ အတွင်းအားကိုသုံးပြီး အချိန်မီ အဆိပ်မဖြေနိုင်တာနဲ့ ပြဿနာတွေ များသွားမှာ ။ အဲ့ကောင်ကို ငါပဲ ကိုင်တွယ်လိုက်မယ်... မင်းတို့တွေ ဖယ်နေလိုက် "
သခင်ကြီးထျန်းလုံက သတိပေးစကား ဆို၏။
သွမ့်ချန်ချိုး ခေါင်းညိတ်ပြီး ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးဆီသို့သာ ဦးတည်ချက်ပြောင်းလိုက်သည်။
" ကြွက်စုတ်ကောင် ... ပြောတော့ ငါ့ကို မင်းလက်နဲ့ကိုယ်တိုင် အနိုင်ယူချင်တာဆို ။ အခု လာလုပ်လေ "
သွမ့်ချန်ချိုး ပြောကာ သူ့လက်ထဲမှ ဓားဖြင့် ရှေ့သို့
ခုတ်လိုက်သည်။
" ရော့ ... ဓားဧကရာဇ် ဓားကိုးသွယ် .. "
ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးမှာလည်း သတိလက်လွတ် မနေရဲဘဲ ရှိသမျှအစွမ်းကုန်သုံး၍ ပြန်တိုက်ခိုက်လိုက်၏။
သို့သော် ...
ဝုန်း ...
ဓားနှစ်ခု တွေ့သွားချိန်၌ ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး ပေထောင်ချီ အကွာအဝေးသို့ လွင့်ထွက်သွားတော့သည်။
ဇွတ် ...
တစ်ချိန်တည်းမှာပင် သူ့လက်မောင်း၌ ဆိုးရွားသော ဒဏ်ရာကြီးတစ်ခု ပေါ်လာကာ သွေးများပန်းထွက်လာ၏။