မသေမျိုးဖြစ်လာသော ဟွမ်ဖုယွီ
Vol. 52 Ch. 724
" တော်တော်အစွမ်းထက်တဲ့ ဓားစိတ်ဆန္ဒပဲ "
ဘေးလူများ၏ မျက်နှာထား ပြောင်းသွားကြသည်။
ထိုတခဏ၌ အားလုံး၏ အာရုံမှာလည်း လိုင်ရူဟော် ထံသို့သာ ရောက်သွား၏။
လိုင်ရူဟော်က ဓားကို လက်ထဲကိုင်ရင်း ဘေးဘီသို့ တစ်ချက်ဝေ့ကြည့်ကာ အေးစက်စက် ပြောသည်။
" အစကတော့ ကျုပ်က ကျူးကဲ့ကျန့် ၊ ဒါမှမဟုတ် လောထျန်း ပေါ်လာမှ တိုက်ခိုက်မယ်လို့ စဥ်းစားထားတာ ။ ဒါပေမယ့် အခုတော့ ရွေးချယ်စရာ မရှိတော့ဘူးနဲ့တူတယ် "
သူ ထိုသို့ပြောပြီး ဓားကို လေထဲမြှောက်၍ တိုက်ပွဲကွင်းပြင်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။
သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဓားစိတ်ဆန္ဒက
သူ့ခြေဖဝါးအောက်တွင် ပေါ်လာကာ ခြေလှမ်းတိုင်းတွင် ကြာပွင့်များ ပေါ်လာသကဲ့သို့ အားပြင်းလှတော့သည်။
ထိုမြင်ကွင်းကိုကြည့်နေသော ဝူလျန်နန်းတော်၏ သခင်လေး ၊ ချင်းရှောင်ရှန်တစ်ယောက် မျက်မှောင်အနည်းငယ် ကြုံ့သွား၏။
" ဒီကောင်က.. တကယ်ကြီး... "
သူ့ဘေးမှ ဝူလျန်နန်းတော် ဂိုဏ်းသားတစ်ယောက်က တုန်တုန်ယင်ယင် မေးလာသည်။
" သခင်လေး ၊ အဲ့လူက ဘာဖြစ်သွားလို့လဲ "
သူတို့၏ သခင်လေးက တဖက်ရန်သူ၏ အစွမ်းကြောင့် တုန်လှုပ်သွားရသည်ဟု သူ ထင်ကာ ရင်ထဲတွင်လည်း ဗြောင်းဆန်သွားပါသည်။
သို့သော်.. ချင်းရှောင်ရှန်က သက်ပြင်းချ၍ ဆို၏။
" အဲ့ကောင်က.. တကယ်ကို ဟိတ်ဟန်ကြီးလွန်းလို့ပါကွာ "
အားလုံး : " ........ "
ထိုစဥ် တဖက်မှ လိုင်ရူဟော်မှာ လူငယ် တာအိုဘုန်းတော်ကြီးရှေ့သို့ပင် ရောက်သွားခဲ့လေပြီ ။
သူ တဖက်လူအား တစ်ချက်သာကြည့်ပြီး မထူးခြားဟန်ဖြင့် ပြောသည်။
" မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး ။ ပြန်သွားလိုက်တော့ "
လူငယ် တာအိုဘုန်းတော်ကြီးက အပြုံးဖြင့်သာ ပြန်ပြော၏။
" ကျန့်ဟွမ်တောင်ရဲ့ နတ်ဘုရားသားတော် အသစ်ပါလား ။ ကျုပ်တို့ချင်း တစ်ခါမှ မတိုက်ခိုက်ဖူးဘဲနဲ့ ကျုပ်က မင်းအတွက် ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ဘယ်လိုသိတာလဲ "
လိုင်ရူဟော်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
" မင်းက သေချင်နေတာပဲ ။ ကောင်းပြီလေ.. အဲ့လိုဆိုတော့လဲ မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့ "
သူ ထိုသို့ပြောပြီး လက်ထဲမှဓားကို ခပ်တင်းတင်း ဆုပ်လိုက်၏။
လူငယ် တာအိုဘုန်းတော်ကြီးမှာလည်း ၎င်းကိုကြည့်ရင်း ကြောက်စိတ်အနည်းငယ် ဝင်ပြီး သတိလက်လွတ် မနေရဲတော့ပါချေ။
သူ ချက်ချင်းပင် ရာနဲ့ချီသော အဆောင်များကို ထုတ်လိုက်သည်။
ထို အဆောင်များက တစ်ခုနှင့်တစ်ခု ရောယှက်ပြီး ရှေးဟောင်း ရွှေရောင်ခေါင်းလောင်းကြီးတစ်ခုအဖြစ် ပြောင်းသွားကာ သူ့တစ်ကိုယ်လုံးကို ကာကွယ်ပေးလာ၏။
သူ ထိုသို့ လုပ်နေစဥ်အတွင်း လိုင်ရူဟော်က လုံးဝ မတိုက်ခိုက်ခဲ့ပါ ။
ခေါင်းလောင်း အသွင်ပေါ်လာပြီးမှသာ သူ မေး၏။
" ပြီးပြီလား "
" အင် ... ပြီးပြီ "
တာအိုဘုန်းတော်ကြီး အံ့သြသွားရသည်မှာ အမှန်ပင် ။
ထိုစဥ်.. တဖက်မှ လိုင်ရူဟော်က ရုတ်တရက် တိုက်ခိုက်လိုက်သည်။
ချွှင် ..
ဓားသံတစ်သံ မြည်လာကာ လိုင်ရူဟော်၏ ဓားချက်က ရှေးဟောင်းခေါင်းလောင်းကြီးဆီ ရောက်သွား၏။
ဝုန်း...
ခေါင်းလောင်းကြီး တမဟုတ်ချင်း ပြိုကွဲသွားရတော့သည်။
" ဟာ... မဖြစ်ဘူး "
လူငယ် တာအိုဘုန်းတော်ကြီး ထိတ်လန့်တုန်လှုပ်သွားပြီး ရှောင်တိမ်းရန် ကြိုးစားလိုက်၏။ သို့သော်.. သူ အနည်းငယ်လေး နောက်ကျသွားခဲ့ပါသည်။
ရွှပ် ...
ဓားချက်၏ နောက်ဆက်တွဲအစွမ်းက သူ့ကျောကို ထိသွားကာ သွေးများပန်းထွက်လာ၏။ သူ့ဒဏ်ရာမှာလည်း အရိုးထိတိုင် နက်ပါသည်။
ကံကောင်းစွာဖြင့် အဆောင်များက တိုက်ခိုက်မှုကို တားပေးထားသောကြောင့်သာ သူ ဓားချက်ကြောင့် သေမသွားခဲ့ဘဲ ဒဏ်ရာအပြင်းထန်သာ ရခဲ့ပြီး နောက်သို့ လွင့်ထွက်သွားရခြင်းပင် ။
လိုင်ရူဟော်က ဘာမှဆက်မလုပ်ဘဲ တဖက်လူကို အေးစက်စက် ကြည့်နေ၏။
" ကျန့်ဟွမ်တောင်ရဲ့ နတ်ဘုရားသားတော်ဖြစ်တဲ့ ၊ ကျုပ်.. လိုင်ရူဟော်က မီးလို ရဲရင့်ပြီးတော့ ဘာမဟုတ်တဲ့သူတွေနဲ့ မတိုက်ခိုက်ဘူး ။ အဲ့တော့... မင်းတို့ထဲက တစ်ယောက်ယောက်က ကျူးကဲ့ကျန့် ၊ ဒါမှမဟုတ် လောထျန်းကို ကျုပ်နဲ့ လာတိုက်ခိုက်ဖို့ သွားပြောလိုက်ပါ ။ သူတို့နှစ်ယောက်လုံး ပေါင်းပြီး တိုက်ခိုက်လဲ ရတယ်နော်.. ကျုပ်က ဂရုမစိုက်ဘူး "
သူ ပြောလိုက်သည်။
ထိုစကားကို ကြားသည်နှင့် တဖက်ခြမ်းမှလူများက သူ့အား စိတ်မှနှံ့သေးရဲ့လား ဆိုသည့်အကြည့်ဖြင့် ကြည့်လာကြ၏။
ကျူးကဲ့ကျန့် အကြောင်း ခဏထားလိုက်ပါဦး .... ထိုကောင်က လောထျန်းကို စိန်ခေါ်ချင်သတဲ့လား..
တဖက်ရှိ အဓိကဂိုဏ်းကြီးသုံးခုမှ လူများအားလုံးမှာ လောထျန်း၏အစွမ်းကို မျက်မြင်ကိုယ်တွေ့ ကြုံဖူးထားသူများ ဖြစ်ပါသည်။
အထူးသဖြင့် ယောင်ချီဂိုဏ်းသားများပင် ..
လောထျန်းသည် အလွန်အစွမ်းထက်ကာ ကြောက်စရာကောင်းလှပြီး .. သူတစ်ယောက်တည်းအစွမ်းဖြင့်ပင် ကမ္ဘာတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်ကာ.. ကမ္ဘာနှစ်ခုကြားတံခါးပေါက်ကိုလည်း လက်ဗလာဖြင့် ပိတ်နိုင်သူဖြစ်ကြောင်း သူတို့ သိထားပါ၏။
ယခု ကျန့်ဟွမ်တောင်မှ လိုင်ရူဟော်လို လူတစ်ယောက်က လောထျန်းအား စိန်ခေါ်နေသတဲ့ ..
ထိုကောင်က ရူးနေခြင်းသာ ဖြစ်ရပေမည် ။
ထိုစဥ် လိုင်ရူဟော်မှာလည်း အားလုံး၏ မျက်နှာထားကိုမြင်ပြီး မျက်မှောင်ကြုံ့သွားသည်။
" မင်းတို့တွေ.. ဘာကြည့်နေကြတာလဲ "
သူ မကျေမနပ် မေးလိုက်သည်။
ထိုစဥ်မှာပင် ..
" လိုင်ရူဟော် ... မင်းရဲ့အစွမ်းလောက်နဲ့ လောထျန်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးကွ "
လိုင်ရူဟော်နောက်မှ အသံတစ်သံ ထွက်လာ၏။
" ဟင် ... ဘယ်ကောင်ပြောတာလဲ "
လိုင်ရူဟော်တစ်ယောက် ချက်ချင်း ဒေါသူပုန်ထသွားသည်။
သူ့အား လောထျန်းလောက် မကောင်းဘူးဟု ပြောနေသည်ကို သူ မည်သို့ သည်းခံရပါမည်နည်း ။
သို့သော်.. သူ နောက်လှည့်ကြည့်လိုက်ချိန်တွင်..
စကားပြောခဲ့သူကို တွေ့လိုက်ရသဖြင့် ဆက်ပြောမည့်စကားများအား မြိုသိပ်လိုက်ရသည်။
ထိုစဥ်မှာပင် လူတစ်ယောက်က မဟာအလင်းတန်းဂိုဏ်း၏ တောင်ထိပ်မှ တဖြည်းဖြည်းပျံသန်းဆင်းသက်လာသည်။
ထိုသူသည် အနီရောင်တောက်တောက် နတ်ဘုရားဝတ်ရုံကို ဝတ်ဆင်ထားကာ ခေါင်းပေါ်တွင်လည်း အလွန်ရှည်သည့် ဦးထုပ်တစ်ခုကို ဆောင်းထားသေး၏။ သူ့တစ်ကိုယ်လုံးမှာလည်း နတ်ဘုရားအလင်းတန်းများ တလက်လက်တောက်နေပြီး အစွမ်းထက် ဖိနှိပ်အရောင်အဝါတစ်ခု ထုတ်လွှတ်နေသည်။
လိုင်ရူဟော်ထံမှ တအံ့တသြ ရေရွတ်သံ ထွက်လာ၏။
" ဟွမ်ဖုယွီ .. လား.. "
တဖက်ရှိ ဂိုဏ်းကြီးသုံးခုမှ လူများမှာလည်း ထိုသူကို မြင်သည်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ဟွမ်ဖုယွီမှာ မဟာအလင်းတန်းဂိုဏ်း၏ နတ်ဘုရားသားတော် ပင် ...
သူသည် တစ်ချိန်က ကျုံ့ကျိုးဒေသရှိ ပါရမီရှင် မျိုးဆက်တစ်ခုလုံးကို တစ်ယောက်တည်းအစွမ်းဖြင့် ဖိနှိပ်နိုင်ခဲ့ပါ၏။
ထို့ကြောင့်လည်း ထျန်းယွမ်ကမ္ဘာ၏ လူငယ်မျိုးဆက်ထဲတွင် နံပါတ်တစ် ကျင့်ကြံသူတစ်ယောက်အဖြစ် သူ့အား အားလုံးက လေးစားခဲ့ကြသည်။
သို့သော် ထိုအထဲ၌ ပျောင်ပိုင်မြို့ မပါပါချေ။
ဟွမ်ဖုယွီသည် ကျုံ့ကျိုးမှ လူငယ်မျိုးဆက်များအတွက် အိမ်မက်ဆိုးကြီး တစ်ခုဟု ပြော၍ရပြီး သူ ယနေ့ ပေါ်လာနိုင်သည်ကို အားလုံး ခန့်မှန်းမိပြီးသားပါပင် ။
သို့သော်... သူ့အား အမှန်တကယ် ရင်ဆိုင်ရချိန်တွင်မူ အားလုံးရင်လဲ လေးလံသွားဆဲ ..
ယောင်ချီမှ မသေမျိုးအစွမ်းကို ကိုယ်ထဲစုပ်ထား
သော မသေမျိုးသည်ပင် အနည်းငယ် တုန်လှုပ်နေရှာပါသည်။
" တကယ်လို့ ဟွမ်ဖုယွီသာ တိုက်ခိုက်ရင် ၊ ဒီမှာရှိတဲ့ လူငယ်တွေထဲမှာ သူ့ကိုတားနိုင်တဲ့သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး "
သူမ ဘေးတွင်ရှိသော ထျန်းယွမ်ကျောင်းတော်မှ မသေမျိုးအား တီးတိုးပြောလိုက်သည်။
တဖက်လူက လက်သီးဆုပ်၍ ပြန်ပြော၏။
" ဒီနေ့က ပြိုင်ပွဲတစ်ခု မဟုတ်ဘူးလေ ။ ကျုပ် နောက်မှ အခွင့်ကောင်းရှာပြီး သူ့ကို သတ်လိုက်မယ် "
ယောင်ချီမှ အဘွားအို လန့်သွားသော်လည်း ခေါင်းအသာညိတ်လိုက်သည်။
" ကောင်းပါပြီ "
တဖက်မှ လိုင်ရူဟော်မှာလည်း ဟွမ်ဖုယွီ ရောက်လာသည်ကို မြင်သည်နှင့် ချက်ချင်းပြုံး၍ ပြော၏။
" တွေ့ရတာ ဝမ်းသာပါတယ် အကိုကြီး ဟွမ်ဖု ။ အကိုကြီး ဘာလို့ ဒီကိုရောက်နေတာလဲဗျ ။ ဒီတိုက်ပွဲကို ကျုပ်ကိုသာ လွှဲထားလိုက်ပါဗျာ ... အကိုကြီး
ကိုယ်တိုင် ဝင်တိုက်ခိုက်စရာ မလိုပါဘူး "
ဟွမ်ဖုယွီက သူ့ကို ကြည့်ကာ လှောင်ပြုံးဖြင့် ပြန်ပြောလိုက်သည် ။
" ငါက မင်းသေမှာကို မမြင်ချင်လို့ပါကွာ "
" ဟင်... အကိုကြီး ဆိုလိုတာက... အဲ့လောထျန်း.... သူက အဲ့လောက်အစွမ်းထက်လို့လား "
လိုင်ရူဟော် တအံ့တသြ မေး၏။
ဟွမ်ဖုယွီ ခေါင်းညိတ်ပြလိုက်သည်။
" မင်း မသိသေးတာတွေ ရှိတယ်ကွ ။ အဲ့လောထျန်းက တကယ်ကို အစွမ်းထက်တယ်.. သူ့ရဲ့ အသိပညာကလဲ ထျန်းယွမ်ကမ္ဘာမှာ ပြိုင်ဘက်ကင်းပဲ ။ သူက မဟာအလင်းတန်းဂိုဏ်းရဲ့ ကမ္ဘာပေါ်ကမသေမျိုး ငါးယောက်ကိုတောင် စနစ်တကျ အကွက်ချ ထောင်ချောက်ဆင်ပြီး သတ်ခဲ့တာ "
" ဘယ်လို... "
လိုင်ရူဟော် တုန်လှုပ်သွားရတော့သည်။
ကမ္ဘာပေါ်မှမသေမျိုး ငါးယောက်ကို အကွက်ချပြီး
သတ်ခဲ့သတဲ့လား ..
ကြောက်စရာ ကောင်းလှပါတကား...
ဟွမ်ဖုယွီ စကားဆက်၏။
" အဲ့ဒါကြောင့်မို့လဲ ငါက မင်းကိုတားဖို့ လာခဲ့တာ ။ မင်းသာ သူနဲ့ ရင်ဆိုင်ရင် သေရမှာ သေချာပေါက်ပဲ ။ အဲ့ လောထျန်းဆိုတဲ့ကောင်ကို ငါနဲ့ အဆင့်တူလို့ပဲ သတ်မှတ်သင့်တယ်ကွ "
" အကိုကြီးနဲ့ အဆင့်တူတယ် ... "
လိုင်ရူဟော်တစ်ယောက် တုန်လှုပ်သွားပြန်သည်။
ဟွမ်ဖုယွီက လောထျန်းအား ဤမျှ အထင်ကြီးထားလိမ့်မည်ဟု သူ ထင်မထားခဲ့ပါချေ။
ဟွမ်ဖုယွီက နှုတ်ခမ်းတွန့်ရုံပြုံး၍ ဆက်ပြောသည်။
" ဒါပေါ့ကွ ။ ငါဆိုလိုတာက အခုလက်ရှိမှာ သူက ငါနဲ့အဆင့်တူတူပဲ ... ဒါပေမယ့် မကြာခင်မှာတော့.. သူက ငါ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး "
လိုင်ရူဟော် အံ့အားသင့်သွားကာ ဟွမ်ဖုယွီ ဆိုလိုသ
ည့်သဘောကို နားမလည်ဖြစ်သွားသည်။
ဟွမ်ဖုယွီက အသက်ပြင်းပြင်းရှိုက်၍ လက်ဖြင့် အစီအမံများလုပ်ကာ ဆက်ပြော၏။
" အချုပ်အနှောင် ပွင့်စေ.. "
ဝီ ...
သူ့နဖူးပေါ်၌ ထွင်းစာတစ်ခု ရုတ်ချည်း ပြိုကွဲသွားပြီး ....
ဝုန်း...
သူ့ကိုယ်မှ စိတ်စွမ်းအင်များ တမဟုတ်ချင်း တိုးလာသည်။
ထို စိတ်စွမ်းအင်များကြားမှ စိတ်စွမ်းအင်တန်း တစ်ခု စတင်ပြောင်းလဲလာကာ .... မသေမျိုးစွမ်းအင်အဖြစ် ရုတ်ချည်းပြောင်းသွားသည်။
" ဒါ.... "
ဘေးတွင်ရပ်နေသော လိုင်ရူဟော်မှာ ၎င်းကိုကြည့်ရင်း လန့်သွား၏။
စိတ်စွမ်းအင်မှ မသေမျိုးအစွမ်းအဖြစ် ပြောင်းခြင်းမှာ ....
မသေမျိုးတစ်ယောက် ဖြစ်လာပြီဆိုသည့် လက္ခဏာပင်...
ရိုးရိုးမသေမျိုးပင် မဟုတ်ဘဲ ကမ္ဘာပေါ်မှမသေမျိုး ဖြစ်ပါသည် ။
ဟွမ်ဖုယွီက အမှန်တကယ် ကမ္ဘာပေါ်မှမသေမျိုးတစ်ယောက် ဖြစ်လာတော့မည်လား ။
ထိုစဥ် ဟွမ်ဖုယွီက ရယ်ရင်း ပြောလာ၏။
" မင်း ထင်တာမှန်တယ် ။ ငါက အခု ကျင့်ကြံခြင်းအဆင့်တက်ခါနီး ဖြစ်နေပြီ ။ အခွင့်ကောင်းလေး တစ်ခုလောက် တွေ့ဖို့ပဲ လိုတော့တာ "
" အခုလက်ရှိမှာ ဒီနေရာက ကမ္ဘာပေါ်ကမသေမျိုးတွေရဲ့ တိုက်ပွဲကွင်းပြင်တစ်ခု ဖြစ်နေတာဆိုတော့ ..
မသေမျိုးတစ်ယောက် ဖြစ်လာဖို့ အကောင်းဆုံးအခွင့်ကောင်းကြီးပဲလေ ။ ဒီနေ့တော့ ငါက ကမ္ဘာပေါ်ကမသေမျိုး အဆင့်ကို တက်ပြီး ထျန်းယွမ်ကမ္ဘာရဲ့ ပြိုင်ဘက်ကင်း ဖြစ်လာတော့မယ် ။ ထျန်းယွမ်ကမ္ဘာရဲ့ အတိတ်မှာရော ၊ လက်ရှိမှာရော ၊ အနာဂါတ်မှာရော ငါကသာ ပြိုင်ဘက်ကင်းပဲ "