ထျန်းမင်ကမ္ဘာ ရောက်လာခြင်း
Vol. 52 Ch. 725
အားလုံးမှာ ရှေ့မှမြင်ကွင်းကိုကြည့်ရင်း အံ့သြမှင်သက်နေကြတော့၏။
မဟာအလင်းတန်းဂိုဏ်းမှ အစွမ်းထက် လူငယ်တစ်ယောက်ဖြစ်သည့် ၊ ဟွမ်ဖုယွီက မသေမျိုးတစ်ယောက် ဖြစ်လာတော့မယ်တဲ့လား ..
ကျုံ့ကျိုးရှိ လူငယ်မျိုးဆက်ထဲမှ ထိပ်ဆုံးပါရမီရှင်များမှာ အဆုံးအစမဲ့ အဆင့်တွင်သာ ရှိကြသေးပြီး ..
ကောင်းကင်ဘုံတံခါးဝအဆင့်သို့ ရောက်ထားသူပင် အနည်းငယ်လေးသာ ရှိပါသည်။
သူတို့ရှေ့မှ ဟွမ်ဖုယွီကမူ မသေမျိုးတစ်ယောက် ဖြစ်လာပေတော့မည် ။
သူတို့ကြားမှ ကွာဟချက်က ကြီးလှပါ၏။
ထိုစဥ်မှာပင်..
ဝုန်း ..
လေထဲမှ ထျန်းယွမ်တိုက်ပွဲစင်မြင့်ထက်ရှိ သခင်ကြီးထျန်းလုံထံမှ ကောင်းကင်ကြီးကိုပင် တုန်သွားစေမည့် နဂါးအော်သံတစ်ခု ထွက်လာသည်။
" မိစ္ဆာကောင်... မင်းမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကြီး ရှိနေတာကိုးကွ ။ မင်းက ဟိုကောင်ကို တမင်အောက်မှာ ထားခဲ့တာပဲ "
အသည်းအသန် တိုက်ခိုက်နေသော သခင်ကြီးထျန်းလုံတစ်ယောက် အောက်တွင်ဖြစ်နေသည့် အပြောင်းအလဲများကို သတိထားမိကာ ဘာဖြစ်နေသည်ကို ချက်ချင်းသဘောပေါက်သွားသည်။
မဟာအလင်းတန်းဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက သူတို့အား ထျန်းယွမ်တိုက်ပွဲစင်မြင့်ထက်သို့ တမင်ခေါ်လာခဲ့ခြင်းပင် ။
သို့သော် လက်ရှိတွင် သူတို့ တိုက်ပွဲစင်မြင့်ထက်မှ မထွက်ခွာနိုင်တော့ပါ ။
အကယ်၍ အောက်ဘက်ရှိ ဟွမ်ဖုယွီသာ ကမ္ဘာပေါ်မှမသေမျိုးတစ်ယောက် ဖြစ်သွားပါက.. သူ့ကို တားနိုင်သူ တစ်ယောက်မှ ရှိတော့မည်မဟုတ်ပါချေ။
ထိုအချိန်ကျလျှင် ဟွမ်ဖုယွီက သူတို့ မြင့်မြတ်နယ်မြေ ဂိုဏ်းကြီးသုံးခုလုံးကို ရှင်းပစ်ပေလိမ့်မည်။
တဖက်မှ မဟာအလင်းတန်းဂိုဏ်း ဂိုဏ်းချုပ်ကြီးက အပြုံးဖြင့် ပြန်ပြော၏။
" ဟုတ်တယ်... အားလုံးကို ငါ ကြိုပြီးတွက်ချက်ထားတာ ။ မင်းတို့ သိတာ တော်တော်နှေးတာပဲ "
" မင်း... မင်းက အသာစီးရနေရဲ့သားနဲ့တောင် လှည့်ကွက်တွေနဲ့ ကြံစည်ထားသေးတယ်ပေါ့လေ ။ တော်တော်ရွံစရာကောင်းတာပဲ "
ချင်းဝူချုံ ဒေါသတကြီး ဆဲရေးလိုက်သည်။
မဟာအလင်းတန်းဂိုဏ်း ဂိုဏ်းချုပ်ကြီးက အပြုံးဖြင့်သာ ပြန်ပြော၏။
" ငါက အမြဲတမ်း အဲ့လိုလုပ်နေကြပဲလေ ။ အစွမ်းသုံးမယ့်အစား လှည့်ကွက်တွေ သုံးရတာကိုပဲ ငါက ပို
သဘောကျတာ "
" ရှင် ... "
ယောင်ချီ နတ်ဘုရားသခင်မကြီးမှာလည်း မျက်နှာမဲ့သွားသည်။
" အားလုံး... အဲ့ကောင် မသေမျိုးတစ်ယောက် မဖြစ်လာအောင် တားကြ "
ချင်းဝူချုံက တိုက်ပွဲစင်မြင့် အပြင်ဘက်သို့ အော်ပြောလိုက်၏။
အောက်တွင်ရှိနေကြသော မြင့်မြတ်နယ်မြေ ဂိုဏ်းကြီးသုံးခုမှ လူများမှာလည်း ထိုအချိန်မှသာ အသိပြန်ဝင်လာကြသည်။
" တိုက်ခိုက်ကြဟေ့ "
အစွမ်းထက် မသေမျိုးများ ချက်ချင်း တိုက်ခိုက်လိုက်ကြသည့်အတွက် အဆုံးမဲ့သော စွမ်းအင်များ ဟွမ်ဖုယွီထံ တိုးဝင်သွားကြတော့သည်။
" စဥ်းတောင် မစဥ်းစားနဲ့ "
ကျန့်ဟွမ်တောင် ၊ မဟာနတ်ဆိုးကျောင်းတော် နှင့် စိတ်ဝိဥာဥ်အလောင်းဂိုဏ်းမှ မသေမျိုးများကလည်း ထိုသူများကို တားရန် တိုက်ခိုက်လိုက်ကြ၏။
ဝုန်း ...
ထိုတခဏ၌ နှစ်ဖက်တိုက်ခိုက်ရာမှ ဖြစ်ပေါ်လာသော အကျိုးဆက်ကြောင့် ကောင်းကင်နှင့်မြေကြီးပင် တုန်ခါလာတော့သည်။
သို့သော် ... မြင့်မြတ်နယ်မြေ ဂိုဏ်းကြီးသုံးခုမှ မသေမျိုးအရေအတွက်က အနည်းငယ် ပိုများပါ၏။
ဝူလျန်နန်းတော်မှ မသေမျိုးတစ်ယောက်က ဟွမ်ဖုယွီထံ ဦးစွာ ပြေးဝင်သွားသည်။
" ဟင် ... "
" မဖြစ်ဘူး .. "
ကျန့်ဟွမ်တောင်မှ မသေမျိုးအစွမ်းကိုစုပ်ယူ၍ မသေမျိုးအဆင့် ရောက်ထားကြသော လူကိုး
ယောက်လုံး မျက်နှာထားများ ပြောင်းကုန်ကြသည်။
အကယ်၍ ဟွမ်ဖုယွီသာ အသတ်ခံလိုက်ရပါက ပြဿနာ အလွန်ကြီးသွားပေလိမ့်မည်။
သို့သော်.. သူတို့ တဖက်မှ တိုက်ခိုက်မှုကို တားရန်မှာလည်း နောက်ကျလွန်းသွားခဲ့လေပြီ ။
တဖက် မသေမျိုး၏ လက်သီးချက်က ဟွမ်ဖုယွီနား ရောက်လုဆဲဆဲမှာပင် .
ဝုန်း ...
ဟွမ်ဖုယွီက လက်ဆန့်ထုတ်၍ တဖက်လူ၏ လက်သီးချက်ကို ဖမ်းဆုပ်လိုက်သည်။
" ဟင် ... "
တဖက်လူ ခဏတာမျှ မှင်သက်သွားပြီးနောက် ဆက်တိုက်ခိုက်ရန် ပြင်လိုက်သည်။ သို့သော်... သူ့လက်က လှုပ်၍ မရတော့ပါ ။
ထိုစဥ် ဟွမ်ဖုယွီက ရေခဲတမျှ အေးစက်သည့် မျက်နှာထားဖြင့် ပြော၏။
" ကျုပ်က ဘာအကာအကွယ် အစီစဥ်မှ မရှိပဲနဲ့ ဒီကို မသေမျိုးတစ်ယောက် ဖြစ်ဖို့အတွက် လာမယ်ထင်လို့လား ။ ဒါတွေအားလုံးကို ကျုပ် ကြိုတင်တွက်ချက်ထားပြီးသား ဖြစ်နေတာ ခင်ဗျားတို့ ကံဆိုးတာပဲ "
ဝုန်း ...
သူ ပြောပြီး လက်ကို ဆုပ်လိုက်ရာ.. တဖက်လူ၏ လက်မောင်းက သွေးမှုန်များအဖြစ် ရုတ်ချည်း ပြောင်းသွားတော့သည်။
ထို သွေးမှုန်များက ကောင်းကင်ယံတခွင် ပြန့်ကျဲသွားပြီး... မသေမျိုး၏ သွေးများပေကျံနေသော ဟွမ်ဖုယွီက ရှေ့သို့ ခြေတစ်လှမ်းတိုးလာ၏။
" မသေမျိုးဖြစ်ဖို့ ခြေတစ်လှမ်း လှမ်းလိုက်နိုင်ပြီ "
ဝုန်း
ထို့နောက်.. သူ့ကိုယ်မှ ကြောက်မက်ဖွယ် မသေမျိုးအစွမ်း ထုတ်လွှတ်လာသည်။
အားပြင်းလှသော ကမ္ဘာပေါ်မှမသေမျိုး ဖိအားက အားလုံးပေါ်သို့ လွှမ်းခြုံလာ၏။
" ဟာ... မဖြစ်ဘူး "
ဖိအားအောက် ရောက်နေသူများအားလုံး ရင်ထဲ လေးလံသွားကုန်ကြတော့သည်။
ထိုအချိန်မှာပင်.. ရုတ်တရက်.. ကမ္ဘာတစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာပြီး ..
အစောကထက် အဆများစွာ ပိုကြောက်စရာကောင်းသည့် ဖိအားတစ်ခုက အားလုံးကို လွှမ်းခြုံလာသည်။
ကမ္ဘာကြီးတစ်ခုလုံး ပြိုကွဲသွားတော့မလိုပါပင် ...
အားလုံးမှာ တစ်စုံတရာကို အာရုံခံမိသွားဟန်ဖြင့် တစ်နေရာသို့ လှည့်ကြည့်လိုက်ကြ၏။
သူတို့ ကြည့်သည့်ဘက်တွင်ကား... လေထု ပြိုကွဲနေ
ပြီး ... ဆိုးရွားသော အရောင်အဝါအချို့ ထွက်လာနေသည်။
ထို့နောက် ချက်ချင်းမှာပင် ကောင်းကင်နှင့်မြေကြီးကို ထိနေသည့် တံခါးကြီးတစ်ချပ် တဖြည်းဖြည်း အသွင်ပေါ်လာ၏။
" ကမ္ဘာနှစ်ခုကြား တံခါးပေါက်ပဲ "
" ထျန်းမင်ကမ္ဘာ .. ရောက်လာပြီလား "
အားလုံးမှာ ထိုမြင်ကွင်းကိုကြည့်ရင်း ကူကယ်ရာမဲ့ ခံစားချက်ကို ကိုယ်စီ ခံစားလိုက်ကြရတော့သည်။
ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခုထဲမှ ထိပ်ဆုံးတစ်ခုဖြစ်သော ထျန်းမင်ကမ္ဘာ ရောက်လာခဲ့လေပြီ ။
သို့သော် မဟာအလင်းတန်းဂိုဏ်း ၊ ကျန့်ဟွမ်တောင်နှင့် အခြားအဖွဲ့ဝင်များမှာမူ ၎င်းကိုကြည့်ကာ ဝမ်းသာပျော်ရွှင်သွားကြပုံ ပေါ်၏။
ထျန်းမင်ကမ္ဘာ ရောက်လာပြီဖြစ်ရာ.. တိုက်ပွဲ ပြီးသွားပြီဆိုသည့် အဓိပ္ပါယ်ပင် မဟုတ်ပါလား ။
အစွမ်းထက်ပြီး အင်အားကြီးလှသော ထျန်းမင်ကမ္ဘာအား ထျန်းယွမ်ကမ္ဘာဘက်မှ တားနိုင်လိမ့်မည်ဟု သူတို့ လုံးဝ မထင်ပါချေ။
" ထျန်းမင်ကမ္ဘာကြီး အဓွန့်ရှည်တည်တံ့ပါစေ "
" ထျန်းမင်ကမ္ဘာရဲ့ သခင်ကြီးတို့ကို ကြိုဆိုပါတယ် "
လူတစ်စုဆိုလျှင် မြေကြီးပေါ် ဒူးထောက်ကာ မျက်ရည်များကျ၍ပင် အော်ဟစ်လိုက်ကြသည်။
သူတို့ကိုယ် သူတို့ ထျန်းမင်ကမ္ဘာသားများဟု သတ်မှတ်ထားကြပုံပါပင် ။
ထိုစဥ်မှာပင် ကမ္ဘာနှစ်ခုကြား တံခါးပေါက်က ဖြည်းညင်းစွာ ပွင့်လာပြီး ..
တံခါးပေါက်၏ တဖက်ခြမ်းမှ အရောင်တလက်လက် တောက်နေသည့် အလင်းတန်းတစ်ခု တိုး
ထွက်လာ၏။
ထို အလင်းတန်းအောက်၌ အရွယ်အစားစုံ လူ ၇ ယောက် ရပ်လျက် ...
ထိုလူ တစ်ယောက်စီတိုင်းမှလည်း ကြောက်မက်ဖွယ် အရောင်အဝါကိုယ်စီ ထုတ်လွှတ်နေသေးသည်။
ထျန်းယွမ်ကမ္ဘာမှ လူများအတွက်မူ... ထိုလူ တစ်ယောက်စီတိုင်းက ကမ္ဘာဖျက်ဆီး နတ်ဆိုးနတ်ဘုရားများလိုပါပင် ။
ကြောက်စရာ ကောင်းလွန်းလှပေသည်။
" ဒါကြီးကို.. ကျွန်မတို့ ဘယ်လိုယှဥ်တိုက်ရမှာလဲ "
ယောင်ချီမှ အဘွားအိုတစ်ယောက် အောင့်သက်သက်အပြုံးဖြင့် ရေရွတ်လိုက်သည်။
ထျန်းယွမ်ကမ္ဘာမှ အခြား မသေမျိုးများမှာလည်း မည်သည့်စကားမှ မဆိုနိုင်ဘဲ တိတ်နေကြပြီး သူတို့၏ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့ဟန် အထင်းသား ပေါ်နေတော့၏။
ထိုအချိန်မှာပင် လူ ၇ ယောက်က ခြေတစ်လှမ်း ရှေ့တိုးလာကြသည်။
" ထျန်းယွမ်ကမ္ဘာ ... မတွေ့တာတောင် ကြာပြီနော် ။ ဝိဥာဥ်ကိုးသွယ် နတ်ဆိုးကမ္ဘာရယ် ၊ ရှေးဟောင်းနတ်ဆိုးကမ္ဘာရယ်နဲ့ တွေ့ပြီးတာတောင် မင်းတို့တွေ ဖျက်ဆီးမခံရသေးတာ မယုံနိုင်စရာပဲကွာ "
လူကြီးတစ်ယောက်က အပြုံးဖြင့် ပြော၏။
ထိုစဥ် ဟွမ်ဖုယွီက ကမ္ဘာနှစ်ခုကြားတံခါးပေါက်ဘက်သို့ မျက်နှာမူပြီး ဒူးထောက်ချကာ ပြောလိုက်သည်။
" မဟာအလင်းတန်းဂိုဏ်းရဲ့ နတ်ဘုရားသားတော် ၊ ကျုပ် ဟွမ်ဖုယွီက ထျန်းမင်ကမ္ဘာ သခင်ကြီးတို့ကို အရိုအသေပြုပါတယ် "
သူ ပြောပြီးချိန်မှာပင် မဟာအလင်းတန်းဂိုဏ်း ၊ ကျန့်ဟွမ်တောင် နှင့် ကျန် ဂိုဏ်းနှစ်ခုမှ လူများအားလုံး မြေကြီးပေါ် ဒူးထောက်လိုက်ကြ၏။
အခြားတဖက်မှ ဒဏ်ရာပြင်းထန်စွာ ရထားသော ဝူလျန်နန်းတော်၏ မသေမျိုးမှာကား ထိုမြင်ကွင်းကို
ကြည့်ပြီး ဒေါသူပုန်ထသွားသည်။
" ထျန်းယွမ်ကမ္ဘာရဲ့ အမှိုက်ကောင်တွေ ၊ မင်းတို့က ရန်သူကိုတောင် အသနားခံနေကြတယ်ပေါ့လေ ။ သေစမ်းကွာ "
သူ ပြောပြီး ဒဏ်ရာများကို ဂရုမစိုက်နိုင်တော့ဘဲ ဟွမ်ဖုယွီအား တိုက်ခိုက်လိုက်တော့၏။
သို့သော် ထိုစဥ်တွင်..
ဝီ ..
ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆီမှ စွမ်းအင်တန်းတစ်ခု တိုးထွက်လာသည်။
ဇွပ်...
အားပြင်းလှသော ထိုအစွမ်းက ဝူလျန်နန်းတော်မှ မသေမျိုး၏ ကိုယ်ထဲသို့ ချက်ချင်းထိုးဖောက်ဝင်သွားကာ ကောင်းကင်ယံအနှံ့ သွေးစက်များ ပြန့်ကျဲသွားသည်။
" မောက်မာတဲ့ ပိုးမွှားလေးက ခုခံချင်နေတယ်ပေါ့လေ "
ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့ရှိ လူ ၇ ယောက်ထဲမှ ခန္ဓာကိုယ် အသေးဆုံးတစ်ယောက်က ပြောလာ၏။
အစောက တိုက်ခိုက်ခဲ့သူမှာ သူပင် ။
" အစွမ်းထက်လိုက်တာ ... "
ဟွမ်ဖုယွီတစ်ယောက် ၎င်းကိုကြည့်ရင်း ပိုတုန်လှုပ်သွားပြီး ထျန်းမင်ကမ္ဘာကိုလည်း ပိုအထင်ကြီးလေးစားသွားသည်။
သို့သော် မြင့်မြတ်နယ်မြေ ဂိုဏ်းကြီးသုံးခုမှ မသေမျိုးများမှာကား ရင်ထဲ လေးလံသွားကြတော့၏။
အစောက တိုက်ခိုက်မှုကို မည်သူလုပ်လိုက်သည်ပင် သူတို့ မသိခဲ့ရဘဲ တဖက်လူ ရှေ့ထွက်လာမှသာ သူတို့ သိခဲ့ရပါသည်။
အကယ်၍ ထိုသိုင်းကွက်ကသာ သူတို့ထံ ဦးတည်ခဲ့သည် ဆိုပါက သူတို့မှာလည်း ပထမလူလို အဆုံးသတ်မျိုးနှင့် ကြုံရမည်မှာ သေချာလှပေသည်။
ထိုတခဏ၌ သူတို့အားလုံး မျက်နှာများ သွေးဆုတ်ဖြူရော်ကာ အသံတိတ်ကုန်ကြသည်။
ထိုစဥ် ယောင်ချီမှ ရွှေယွဲ့ချီ တစ်ယောက်တည်းကသာ အံကြိတ်၍ အော်ပြောလာ၏။
" ထျန်းမင်ကမ္ဘာက လူတွေ ၊ အဲ့လောက် မောက်မာမနေကြနဲ့ ။ ကျွန်မတို့ ထျန်းယွမ်ကမ္ဘာမှာလဲ ကမ္ဘာပေါ်ကမသေမျိုးတွေ ရှိတယ် "
" ကမ္ဘာပေါ်က မသေမျိုး... ဟုတ်လား "
ပထမ တိုက်ခိုက်လိုက်သူမှာ သူမစကားကို ကြားကြားချင်း အံ့သြသွားဟန် တူပြီးနောက် .. အသံကျယ်ဖြင့် အားပါးတရ အော်ရယ်လိုက်သည်။