← Chapters

အခန်း (၇၂၈)

Vol. 52 Ch. 728

အခန်း (၇၂၈)

Vol. 52 Ch. 728

" ဘယ်လို.. မသေမျိူးဘုရင်အဆင့်ကို ရောက်ဖို့ ​ခြေလှမ်းတစ်ဝက်.. ဟုတ်လား "

ရွှေယွဲ့ချီ၏ မျက်လုံးများ မျက်လုံးအိမ်ထဲမှ ပြုတ်ထွက်ကျမတတ် ဖြစ်သွားရသည်။

အစောက ထျန်းမင်သခင်ကြီး ပြောသွားသည့်အတိုင်းဆိုပါက.. သူတို့၏ ကမ္ဘာသခင်ကြီးသည်ပင် မသေမျိုးသခင်ကြီး အဆင့်၌သာ ရှိသေးသည်ဆိုပါ၏။

ယခု ကျူးကဲ့ကျန့်က မသေမျိုးဘုရင် အဆင့်သို့ရောက်ရန် ခြေလှမ်းတစ်ဝက်ပင် လှမ်းပြီးပြီတဲ့လား.. ။

ထို့အပြင်.. သူ့ပုံက ထိုအဖြစ်ကို မကျေမနပ် ဖြစ်နေဟန်လည်း တူပါသည်။

ထိုသူ၏ ဦးနှောက်ကပဲ တစ်ခုခု လွဲနေပါသလား.. သို့မဟုတ် သူမ နားကြားပဲ လွဲနေပါသလား ..

ထိုစဥ် လောထျန်းက သက်ပြင်းချ၍ ပြန်ပြော၏။

" မသေမျိုးဘုရင်အဆင့် ရောက်ခါနီးပဲ ရှိသေးတာလား ။ ထားလိုက်ပါလေ... တိုက်ပွဲစရင်သာ သတိထားနော် ။ အခုတော့ လိုင်ရူဟော်ကို အရင်သွားရှင်းလိုက်ဦး "

ကျူးကဲ့ကျန့် ခေါင်းညိတ်လိုက်သည်။

" ကောင်းပါပြီ သခင်လေး "

သူ ပြောပြီး လိုင်ရူဟော်ရှေ့သို့ ပျံသန်းသွားလိုက်၏။

" ဟင်... "

လိုင်ရူဟော်မှာ ကျူးကဲ့ကျန့်ကို မြင်သည်နှင့် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

သူနှင့် ကျူးကဲ့ကျန့်တို့မှာ ယခင် မိတ်ဆွေဟောင်းများ ဖြစ်ကြပါ၏။

သို့သော် ကျူးကဲ့ကျန့်သည် ထိုစဥ်က နတ်ဘုရားသားတော်တစ်ဦး ဖြစ်သဖြင့် ရာထူးကြီးကာ အဆင့်

အတန်းအရလည်း သူ့ထက် ပိုမြင့်ခဲ့ပါသည်။

သို့သော် ယခုတွင်မူ သူသည်လည်း နတ်ဘုရားသားတော် ဖြစ်နေလေရာ.. သူတို့ချင်း တန်းတူဖြစ်သွားလေပြီ ။

သို့သော်.. ကျူးကဲ့ကျန့်ကို မြင်ပြီးနောက် ဘာကြောင့်မှန်း မသိဘဲ တစ်စုံတစ်ခု လွဲနေသလို သူ ခံစားနေရဆဲပင် ။

" သူ့ကို မကြောက်နဲ့ ။ အခု ငါက အဆုံးအစမဲ့အဆင့်ကို ရောက်ထားပြီးတော့ ထျန်းမင်ကမ္ဘာရဲ့ ဓားကျင့်စဥ်တွေကိုလဲ ကျင့်ကြံထားတယ်လေ ။ ငါ့အစွမ်းက သူ့ထက်ပိုသာနေပြီ "

လိုင်ရူဟော် သူ့ကိုယ်သူ ပြန်အားပေးလိုက်သည်။

ထိုသို့တွေးလိုက်မှ သူ ယုံကြည်မှုလည်း ပိုရှိသွားသည်။

ထို့နောက်တွင်.. သူ အသက်ပြင်းပြင်းရှိုက်၍ ပြောလိုက်၏။

" ကျူးကဲ့ကျန့် ၊ သစ္စာဖောက်ကောင်... မင်းက ငါ့

ရှေ့ကို ပေါ်လာရဲသေးတယ်ပေါ့လေ "

သူကပင် စ၍ ကျူးကဲ့ကျန့်အား သစ္စာဖောက်ဟု စွပ်စွဲလိုက်သည်။

ကျူးကဲ့ကျန့်က အေးစက်စက် ပြန်ပြော၏။

" မင်းနာမည်က... လိုင်... ဘာလဲ "

လိုင်ရူဟော်၏ မျက်နှာကြီး ဆိုးရွားစွာ ပျက်သွားတော့သည်။

သူက တဖက်လူအား အမုန်းတရားအပြည့်ဖြင့် တိုက်ခိုက်ရန် စိန်ခေါ်ခဲ့ချိန်၌ တဖက်လူက သူ့နာမည်ကိုပင် မသိဘူးတဲ့လား ။

" ငါက မီးတောက်လို ရဲရင့်တဲ့ နတ်ဘုရားသားတော်ပဲကွ "

လိုင်ရူဟော် လေသံမာမာဖြင့် ပြန်အော်လိုက်သည်။

ကျူးကဲ့ကျန့် ခေါင်းညိတ်လိုက်၏။

" အင်း.. ထားပါလေ.. အဲ့ကိစ္စက အရေးမကြီးဘူး "

" အရေးမကြီးဘူး.. ဟုတ်လား "

လိုင်ရူဟော် တစ်ယောက် ဒေါသပေါက်ကွဲတော့မလို ဖြစ်သွားသည်။

သူက တဖက်ရန်သူအား ရန်သူတော်ကြီးတစ်ယောက်အဖြစ် သတ်မှတ်ထားချိန်တွင် တဖက်လူက သူ့အား ဂရုပင် မစိုက်ဘူးတဲ့ ။

ထိုစဥ် ကျူးကဲ့ကျန့်က အေးဆေး ဆက်ပြောလာသည်။

" ငါက ကျန့်ဟွမ်တောင်ရဲ့ ဂိုဏ်းသားတစ်ယောက် ဖြစ်ခဲ့ဖူးတာ ဆိုတော့.. ဒီနေ့ ကျန့်ဟွမ်တောင်ကို အခွင့်ရေးတစ်ခု ပေးလိုက်မယ် "

သူ ပြောပြီး လိုင်ရူဟော်ထံမှ အကြည့်လွှဲ၍ ကျန့်ဟွမ်တောင် လူများဘက် ကြည့်လိုက်သည်။

" ကျန့်ဟွမ်တောင် ဂိုဏ်းသားတို့ ၊ တကယ်လို့ မင်းတို့သာ ဒီနေ့ လမ်းမှန်ကိုရွေးချယ်ပြီးတော့ ထျန်းမင်ကမ္ဘာကို ပြန်ခုခံဖို့အတွက် ငါနဲ့ပူးပေါင်းရင်... မင်းတို့ရဲ့ လုံခြုံရေးကိုလဲ ငါ အာမခံပေးမယ် ။ ဒီတိုက်ပွဲ ပြီးသွားရင်လဲ ငါတို့တွေ ကျန့်ဟွမ်တောင်ကို ပြန်

တည်ထောင်ကြမယ် "

ထိုသို့ ပြောနေရင်း ကျူးကဲ့ကျန့်၏ မျက်နှာထား ရုတ်တရက် အေးစက်သွား၏။

" ဒါပေမယ့်.. ခေါင်းမာပြီးတော့ လမ်းမှန်ကိုမရွေးဘဲ ထျန်းမင်ကမ္ဘာနဲ့သာ ဆက်ပူးပေါင်းနေရင်တော့... ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့ "

သူ နောက်ဆုံးစကားကို ပြောလိုက်ချိန်တွင် လူသတ်အရိပ်အငွေ့ တစ်ခုလည်း ပျံ့လွင့်လာသည်။

ထိုတခဏ၌ ကျန့်ဟွမ်တောင် ဂိုဏ်းသားများ စိတ်ထဲ မရေမရာ ဖြစ်ကုန်ကြ၏။

သူတို့အားလုံးသည် ထျန်းယွမ်ကမ္ဘာသား ဖြစ်ကြရာ.. ဖြစ်နိုင်လျှင် ထျန်းမင်ကမ္ဘာသို့ မသွားလိုပါချေ။

သို့သော် ကျန့်ဟွမ်တောင်၏ ထိပ်သီးပိုင်း သခင်ကြီးများက ထိုသို့သာ ဆုံးဖြတ်ချက် ချခဲ့ကြသဖြင့် သူတို့အနေဖြင့်လည်း အမိန့်နာခံရန်မှတပါး ရွေးချယ်စရာ မရှိခဲ့ပါ ။

သို့သော်.. ယခု ကျူးကဲ့ကျန့်၏ စကားကို နားထောင်ပြီးနောက်တွင်မူ လူအချို့၏ ခေါင်းထဲ အတွေးပေါင်းစုံ ဝင်လာကြတော့၏။

လိုင်ရူဟော်မှာလည်း ထိုသူများ ဖြစ်နေသည့် အခြေအနေကို မြင်သွားပါသည်။

သူ ချက်ချင်း ဒေါသတကြီး အော်ပြောလိုက်၏။

" ဘယ်သူသွားရဲလဲ ။ ဒီနေ့ ကျူးကဲ့ကျန့်ရဲ့ လူတွေကို ဖြားယောင်းတဲ့ မိစ္ဆာစကားတွေကို နားယောင်တဲ့သူတိုင်း.. သေဖို့ပါ ဆုတောင်းစေရမယ်လို့ ငါ ကတိပေးတယ် "

သူ့စကားသံ ဆုံးသည်နှင့် ကျန့်ဟွမ်တောင်မှ လူများအားလုံး တိတ်သွားကြတော့သည်။

လိုင်ရူဟော်က ၎င်းကိုကြည့်ကာ လှောင်ပြုံး ပြုံးလိုက်ပြီးနောက် ကျူးကဲ့ကျန့်ဘက် လှည့်ပြော၏။

" တွေ့လား ... လူတွေ ကိုယ့်စကားကို နားထောင်အောင် လုပ်တဲ့နေရာမှာလဲ ငါက မင်းထက်ပိုသာတယ် "

သူသည် ယခင်တည်းက ကျူးကဲ့ကျန့်အား အလွန်မုန်းတီးပြီး ကျူးကဲ့ကျန့်ကို ဖိနှိပ်နိုင်မည့် နည်းပေါင်းစုံကို ရှာနေသူဖြစ်ပါသည်။

ထိုစဥ်တွင် ကျူးကဲ့ကျန့် တစ်ယောက်မှာ မျက်နှာထား အလွန်အေးစက်နေပြီး လိုင်ရူဟော်အား စိုက်ကြည့်ကာ အေးစက်စက် အသံဖြင့် ဆို၏။

" အစကတော့ ငါက.. မင်း ဖိအားပေးခံရလို့သာ ခုလိုလုပ်နေတယ်လို့ ထင်ထားခဲ့တာ ။ မင်းက သစ္စာဖောက်တွေကို ခုလိုကြီး ကူညီပေးနေမယ်မှန်း မထင်ခဲ့ဘူး "

ကျူးကဲ့ကျန့်အား ပြန်ကြည့်လိုက်သည့် လိုင်ရူဟော်မှာ ကိုယ်တိုင်ပင် သတိမထားမိဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသွားသည်။

သို့သော် ချက်ချင်းပင် သူ့ကိုယ်သူ ပြန်ထိန်းကာ ဒေါသတကြီး အော်လိုက်၏။

" ကျူးကဲ့ကျန့်.. ငါ့ရှေ့မှာ ဘာဖြစ်လို့ မောက်မာချင်ယောင် ဆောင်ပြနေရတာလဲ ။ ငါက ကျန့်ဟွမ်တောင်ရဲ့ နတ်ဘုရားသားတော် တစ်ယောက်ပဲကွ ။ မင်းလိုကောင်က ငါ့ရှေ့မှာ မောက်မာဖို့တန်တယ်လို့

ထင်နေတာလား "

သူ ထိုသို့ပြောပြီး ဓားဆွဲထုတ်၍ ကျူးကဲ့ကျန့်အား ရွှယ်ကာ ဆက်အော်သည်။

" ပြီးတော့ ငါက ထျန်းမင်ကမ္ဘာရဲ့ ဓားကျင့်စဥ်တွေကိုလဲ ကျင့်ကြံထားသေးတယ် ။ မင်းဘဝ တစ်သက်လုံး ကြိုးစားရင်တောင် ဘယ်တော့မှ မရနိုင်မယ့် ဓားကျင့်စဥ်မျိုးကွ "

ကျူးကဲ့ကျန့်က သူ့ကိုကြည့်ကာ အေးဆေးပင် ပြန်ပြောလာ၏။

" အဲ့လိုလား... ဒါဆိုရင်တော့ ငါက မင်းကို ကျန့်ဟွမ်တောင်ရဲ့ ဓားသိုင်းနဲ့ပဲ သတ်ပေးရမှာပေါ့ကွာ "

သူ ပြောပြီး ဓားဆွဲထုတ်လိုက်သည်။

" မင်းက သေချင်နေတာပဲ... ကံကြမ္မာ ဓားသိုင်း "

လိုင်ရူဟော် ဒေါသတကြီး ထပ်အော်ကာ ကျူးကဲ့ကျန့်အား ဓားဖြင့် လွှဲခုတ်လိုက်သည်။

ချွှင် ...

ဓားသံများ မြည်လာကာ ဓားများ တစ်ခုနှင့်တစ်ခု ရောယှက်၍ ဓားကမ္ဘာတစ်ခု အသွင်ပေါ်လာသည်။ ၎င်း ဓားကမ္ဘာက ကျူးကဲ့ကျန့်အား အတွင်းတွင် ချုပ်နှောင်လိုက်၏။

သူ လှုပ်ရှားလိုက်သည်နှင့် ထိုဓားကမ္ဘာကြောင့် သေရပေမည် ။

" သေစမ်းကွာ "

လိုင်ရူဟော်၏ ဒေါသတကြီး အော်သံနှင့်အတူ ဓားကမ္ဘာက တိုက်ခိုက်လာသည်။

ကျူးကဲ့ကျန့်က ၎င်းကိုကြည့်ကာ အေးဆေးသာ ရေရွတ်လိုက်၏။

" တောင်ကိုခွဲမယ့် ဓားတစ်လက်.. "

သူ ပြောပြီး ဓားကိုနောက်ပြန်ယမ်းလိုက်သည်။

ဝုန်း...

ကြောက်မက်ဖွယ် ဓားစွမ်းအင်များ ရုတ်ချည်းထွက်

လာကာ လိုင်ရူဟော်ထံ တိုးဝင်သွား၏။

" ဟင်... "

၎င်းကိုမြင်သော လိုင်ရူဟော် တစ်ယောက် ထိတ်လန့်တုန်လှုပ်သွားပြီး သူ့ဓားကိုသုံး၍ ချက်ချင်း ခုခံလိုက်ရသည်။

သို့သော်...

ဓားကမ္ဘာ ပြိုကွဲသွားကာ ကျူးကဲ့ကျန့်၏ ဓားစွမ်းအင်များက သူ့ထံသို့သာ ဆက်တိုးဝင်လာပါ၏။

" ငါ... "

လိုင်ရူဟော် တစ်ခုခုပြောရန် ကြိုးစားလိုက်သော်လည်း... စကားစလိုက်ချိန်မှာပင် သူ့အမြင်အာရုံ ဝေဝါးလာတော့သည်။

ထို့နောက်..

သွေးများ ပန်းထွက်လာပြီး... သူ့အသိစိတ် မှေးမှိန်ပျောက်ကွယ်ကာ..သူ့ခန္ဓာကိုယ် နှစ်ပိုင်းပြတ်ပြီး လေထဲမှ ကျလာတော့၏။

သူ့ နောက်ဆုံးအတွေးမှာ ..

" ကျူးကဲ့ကျန့် က.. အစွမ်းထက်လိုက်တာ... "

ထို့နောက်တွင်မူ.. သူ သေဆုံးပျောက်ကွယ်သွားရတော့သည်။

" ဘယ်လိုဖြစ်ပြီး .. "

ထိုမြင်ကွင်းကို ကြည့်နေသော လူများအားလုံး တုန်လှုပ်ကုန်ကြပါ၏။

ကျန့်ဟွမ်တောင်၏ နတ်ဘုရားသားတော်ကို ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်းဖြတ်ကာ သတ်လိုက်နိုင်သော ကျူးကဲ့ကျန့်မှာ အစွမ်းထက်လှပါတကား...

တဖက်ရှိ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့တွင် ရပ်နေကြသော ထျန်းမင်သခင်ကြီး ၇ ယောက်မှာလည်း မျက်နှာများ တည်ကုန်ကြသည်။

" အားလုံး ... အဲ့ကောင်လေးရဲ့ ကျင့်ကြံခြင်းအဆင့်

က တစ်ခုခုတော့ လွဲနေတယ်ကွ "

ဝိဥာဥ်သခင်ကြီး စကားစလိုက်သည်။

" ဟုတ်တယ် ။ ဓားကွက်ကလဲ တစ်ကွက်တည်း သုံးသွားတာမို့ ငါတို့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်ဘူး ဆိုပေမယ့်.. သူက စိတ်ဝိဥာဥ်မသေမျိုး အဆင့် မဟုတ်တာတော့ သေချာတယ် ။ ဒီကောင်က မသေမျိုးအစစ် ဖြစ်ထားပြီးသားကွ "

မီးခိုးရောင်ဝတ်စုံနှင့် ထျန်းမင်သခင်ကြီးက ဆို၏။

" ဟား ဟား... ပိုပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပြီ ။ ဒီ ထျန်းယွမ်ကမ္ဘာမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာပဲ ။ အခုလိုဆိုတော့ ပိုတောင်ကောင်းသေးတယ် ။ အဲ့လိုမျိုးမှပဲ ငါတို့ ထျန်းမင်ကမ္ဘာရဲ့ သတ်တာကိုခံဖို့ ထိုက်တန်မှာပေါ့ "

အမျိုးသမီး ထျန်းမင်သခင်မကြီး တစ်ယောက်ကလည်း ရူးသွပ်နေသော မျက်လုံးများဖြင့် ပြောသည်။

ဝိဥာဥ်သခင်ကြီးက မျက်မှောင်ကြုံ့၍ ပြန်ပြော၏။

" ငါကတော့ ဒီကိစ္စကို အဲ့လောက်မရိုးရှင်းဘူးလို့ ထင်တယ်နော် ။ ကမ္ဘာသခင်ကြီး ရောက်လာတာကိုပဲ

စောင့်ကြရ..... "

သို့သော်.. သူ့စကား မဆုံးခင်မှာပင် အမျိုးသမီး ထျန်းမင်သခင်မကြီးက ရှေ့တိုး၍ ပြောသည်။

" ကမ္ဘာသခင်ကြီး လာတဲ့ထိ စောင့်ချင်ရင် ဒီမှာပဲ စောင့်နေခဲ့လိုက်။ ငါကတော့ လူသတ်ပွဲ လုပ်လိုက်ဦးမယ် "

နဂါးမည်းသခင်ကြီးကလည်း သူမကို ကြည့်ကာ ပြော၏။

" လူသတ်ပွဲလား.. ငါလဲ ကြိုက်တယ် ။ ငါလဲ ပါမယ်ကွာ "

" ဟုတ်တယ် ၊ ငါတို့လို ထျန်းမင်သခင်ကြီးတွေက ဘာမဟုတ်တဲ့ လူငယ်လေးနှစ်ယောက်ကို ဘာလို့ ကြောက်နေရမှာလဲ။ ဝိဥာဥ်သခင်ကြီး ၊ ခင်ဗျားက ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကို စောင့်နေခဲ့လိုက် ။ ဒီနေ့တော့ ကျုပ်တို့ ထျန်းမင်သခင်ကြီး ၆ ယောက်က ထျန်းယွမ်ကမ္ဘာကို ဖျက်ဆီးပစ်မယ် "

ဝုန်း... ဝုန်း.... ဝုန်း ...

ထိုတခဏ၌ ထျန်းမင်သခင်ကြီး ၆ ယောက်ဆီမှ အစွမ်းထက် အရောင်အဝါများ တမဟုတ်ချင်း ထွက်လာကြသည်။

ကြောက်မက်ဖွယ် ဖိအားများလည်း ထွက်လာသည့်အတွက် တဖက်ရှိ မြင့်မြတ်နယ်မြေ ဂိုဏ်းကြီးသုံးခုမှ လူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတော့သည်။

" သတ်ကြဟေ့ "

ထိုစဥ်မှာပင် ထျန်းမင်သခင်ကြီး ၆ ယောက် တစ်ပြိုင်နက်တည်း လှုပ်ရှားသွားကြ၏။

" လောထျန်း ... အခြေအနေ မကောင်းဘူးနော် "

၎င်းကိုမြင်သော ရွှေယွဲ့ချီ တစ်ယောက် မျက်နှာလေး သွေးဆုတ်ဖြူရော်သွားပြီး လောထျန်း၏ လက်ကို လှမ်းဆွဲလိုက်သည်။ သူမ ကြောက်ရွံ့တုန်လှုပ်လွန်းနေ၍ စကားပင် ဖြောင့်ဖြောင့် မပြောနိုင်ရှာပါ ။

သို့သော်.. လောထျန်းမှာမူ ရှေ့မှမြင်ကွင်းကြောင့် အံ့အားသင့်သွားပါ၏။

" အဲ့ နောက်လိုက်ခွေး ​ခြောက်ကောင်က ဘာလို့ အဲ့လောက် စိတ်လှုပ်ရှားနေကြတာလဲ "

သူ နားမလည်နိုင် ဖြစ်နေတော့သည်။

ထို့နောက် နောက်လှည့်၍ ပြောလိုက်၏။

" ဟေ့... အဲ့ကောင်တွေ နားညီးတယ်ကွာ.. တစ်ယောက်ယောက် သွားသတ်လိုက်ကြစမ်း "

စာစဉ်ပြီး၏

All Chapters