← Chapters

အခန်း (၁၆၄၂-၁၆၄၄)

Vol. 110 Ch. 1642-1644

အခန်း (၁၆၄၂-၁၆၄၄)

Vol. 110 Ch. 1642-1644

အခန်း(၁၆၄၂)

"နဝမသခင်လေး.. ရန်သူကို လျော့မတွက်ပါနဲ့"

ဗိုလ်ချုပ်တစ်ဦးက အလျင်အမြန်ပင် ပြောလိုက်သည်။

"ဖေးယွင်ခံတပ်ရဲ့ ပထဝီဝင်အနေအထားက ထူးခြားတယ်.. ထျန်းဖန်းနိုင်ငံကသာ ပြန်လည် သိမ်းပိုက်သွားမယ်ဆိုရင် ထျန်းဖန်းနိုင်ငံရဲ့ အင်ပါယာမြို့တော်ကို ဝိုင်းရံထားတဲ့ ကျွန်တော်တို့စစ်တပ်က အန္တရာယ်ရှိလာနိုင်တယ်"

"စိတ်မပူပါနဲ့ ငါ သခင်လေးက ဒီဖေးယွင်ခံတပ်ရဲ့ အရေးပါမှုကို သိပါတယ်.. အခု ဖေးယွင်ခံတပ်မှာ ငါနဲ့ ခြေလှမ်းတစ်ဝက်ကောင်းကင်နတ်ဘုရား တချို့လည်း ရှိနေတာပဲ.. ထျန်းဖန်းနိုင်ငံက ကောင်းကင်နတ်ဘုရားအဆင့်ကျင့်ကြံသူကို မစေလွှတ်သရွေ့ ဖေးယွင်ခံတပ်ကို သိမ်းပိုက်ဖို့ လုံးဝမဖြစ်နိုင်ဘူး"

သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ထျန်းဖန်းနိုင်ငံရဲ့ လက်ရှိ အခြေအနေအရ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူကို ဖေးယွင်ခံတပ်ဆီ စေလွှတ်ဖို့ ဖြစ်နိုင်တယ်လို့ မင်းထင်လား"

"ထျန်းဖန်းနိုင်ငံက ကောင်းကင်နတ်ဘုရား အဆင့်ကို ပို့ဖို့ မဖြစ်နိုင်ပေမဲ့‌ ရှေးဟောင်းနဂါး မျိုးနွယ်စုကတော့ မဖြစ်နိုင်ဘူးလို့ မဆိုလိုဘူး"

အစောင့်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

"ကျွန်တော် ခန့်မှန်းတာမမှားဘူး ဆိုရင် ရုတ်တရက် ပေါ်ထွက်လာတဲ့ ကျင့်ကြံသူက ရှေးဟောင်းနဂါးမျိုးနွယ်စုက စေလွှတ်လိုက်တာ ဖြစ်နိုင်တယ်"

ထျန်းဖန်းနိုင်ငံသည် ရှေးဟောင်းနဂါး ကုန်းမြေ၏ အရှေ့ပိုင်းဒေသရှိ ဝင်ပေါက် ဖြစ်သည်။

သို့ဖြစ်ရာ ရှေးဟောင်းနဂါး မျိုးနွယ်စုသည် အဘယ်ကဲ့သို့ လက်ပိုက်၍ ကြည့်နေနိုင်ပါအံ့နည်း။

"ရှေးဟောင်းနဂါး မျိုးနွယ်စုက ရှေ့တန်းစစ်မျက်နှာပြင်မှာ အင်အား ကုန်ခံလုနီးပါး ဖြစ်နေပြီ.. သူတို့က ထျန်းဖန်းနိုင်ငံကို စစ်ကူလွှတ်ဖို့ အတွက် အင်အားကြီးမားတဲ့ ကျင့်ကြံသူတွေကို စေလွှတ်နိုင်ဦးမယ်လို့ မင်းထင်လား"

သွေးရောင်ဝတ်စုံဝတ် လူငယ်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။

"သတင်းပို့ပါတယ် နဝမသခင်လေး.. ခံတပ်မှာ ပြဿနာတက်နေပြီ.. ဖေးယွင်ခံတပ်က အတိုက်ခံနေရပြီ.. ဒီလူက အရမ်း အစွမ်းထက်တယ်.. ကျွန်တော်တို့ ဘယ်လိုမှ ခုခံနိုင်စွမ်းမရှိခဲ့ဘူး"

ထိုအချိန်မှာပင် သွေးလမင်းကုန်းမြေမှ စစ်သည် တစ်ယောက်က နန်းတော်ထဲကို အလျင်အမြန် ပြေးဝင်လာပြီး သွေးရောင်ဝတ်စုံဝတ်လူငယ်ကို ထိတ်လန့်တကြား သတင်းပို့လိုက်သည်။

"ရှေးဟောင်းနဂါး မျိုးနွယ်စုက ဖေးယွင်ခံတပ်ကို တိုက်ခိုက်ဖို့အတွက် တစ်ယောက်ယောက်ကို စေလွှတ်လိုက်တဲ့ပုံပဲ.. ဒီလို စေလွှတ်လိုက်မယ်လို့ ငါတကယ် မမျှော်လင့်ထားခဲ့ဘူး"

သွေးရောင်ဝတ်စုံဝတ် လူငယ်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

"သူတို့ဘက်မှာ အင်အားဘယ်လောက် ရှိသလဲ"

"လူငယ်နှစ်ယောက်ပါ.. အဲဒီထဲက တစ်ယောက်ကတော့ ဒီအတိုင်း အဖော်အဖြစ် လိုက်လာတဲ့ပုံပဲ"

သွေးလမင်းကုန်းမြေမှ စစ်သည်က ထိတ်လန့်တကြား ပြန်ပြောလိုက်သည်။

"မလောက်လေး မလောက်စား နှစ်ကောင်က ဖေးယွင်ခံတပ်ကို တိုက်ခိုက်ရဲတယ်လား.. ချီး ကိုယ့်နေရာကိုယ် မသိဘဲ ဖေးယွင်ခံတပ်ကိုတောင် တိုက်ခိုက်ရဲတယ်"

သွေးရောင်ဝတ်စုံဝတ်လူငယ်က အေးစက်စက် ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူက အလွန်ပြင်းထန်သော အကြည့်ဖြင့် ခန်းမထဲတွင် ရှိနေကြသည့် ခေါင်းဆောင်အချို့ကို ဝေ့ကြည့်လိုက်သည်။

"သူတို့ကို ဘယ်သူ ကိုင်တွယ်မလဲ.. ငါသခင်လေး ဆုလာဘ်တွေ အများကြီး ဆုချမယ်"

"နဝမသခင်လေး စိတ်ချပါ.. ကျွန်တော် အခုပဲ သွားပြီး သူတို့ရဲ့ခေါင်းကို ယူလာခဲ့ပါ့မယ်"

လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ တစ်ယောက်က မတ်တတ်ထရပ်လိုက်ပြီး သွေးရောင်ဝတ်စုံဝတ် လူငယ်ကို ဂါဝရပြုကာ ပြောလိုက်သည်။

ထို့နောက်တွင် သူက ဝင့်ကြွားသောအမူအရာဖြင့် နန်းတော်အပြင်ဘက် ဆီသို့ ထွက်သွားခဲ့၏။

"နဝမသခင်‌လေး.. အပြင်ဘက်ကလူက ခေါင်းဆောင်ယွိကို သတ်ပစ်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူ ဖြစ်နိုင်ခြေများတယ်.. သူ့ရဲ့စွမ်းအားက အရမ်း အစွမ်းထက်တယ်.. ခေါင်းဆောင်တု တစ်ယောက်တည်းကို စေလွှတ်တာက မလုံလောက်ဘူး ထင်တယ်"

သွေးရောင်ဝတ်စုံဝတ် လူငယ်၏ ပေါ့ပေါ့ဆဆ အပြုအမူများကိုမြင်လျှင် စစ်ဗိုလ်ချုပ်၏ မျက်ဝန်းတွင် စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"မင်းဘာမှ စိတ်မပူနဲ့.. ခေါင်းဆောင်တုရဲ့ စွမ်းရည်နဲ့ဆိုရင် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး"

သွေးရောင်ဝတ်စုံဝတ် လူငယ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ခေါင်းဆောင်တုသည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။

ဖေးယွင်ခံတပ်၏ ခေါင်းဆောင်များထဲတွင် အသန်မာဆုံးခေါင်းဆောင်များထဲမှ တစ်ယောက်လည်း ဖြစ်သည်။

အပြင်ဘက်မှ ကောင်လေးက ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့်တွင် ရှိနေလျှင်ပင် ခေါင်းဆောင်တုသည် အလွယ်တကူ ရှုံးနိမ့်မည် မဟုတ်ပေ။

သွေးရောင်ဝတ်စုံဝတ် လူငယ်က ရန်သူကို အထင်သေးလွန်းနေသည်ကို မြင်လျှင် စစ်ဗိုလ်ချုပ်သည် သူ၏ စိတ်နှလုံးထဲတွင် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချရုံသာ တတ်နိုင်ခဲ့သည်။

မကြာသေးခင်က တိုက်ပွဲတွင် အောင်ပွဲများကို ဆက်တိုက်ရခဲ့၍ သူတို့၏ နဝမသခင်လေးသည် ပို၍ပင် မာန်တက်လာခဲ့ပြီး ထျန်းဖန်းနိုင်ငံကို အတော်လေး အထင်သေးနေပုံရ၏။

ယခုအခါတွင် ရှေးဟောင်းနဂါးမျိုးနွယ်စုသည် ထျန်းဖန်းနိုင်ငံကို စစ်ကူများ စေလွှတ်လိုက်ပြီ ဖြစ်သည်။

သူတို့အနေဖြင့် အနည်းငယ် ပေါ့ဆလိုက်သည်နှင့် အရာအားလုံး ဆုံးရှုံးသွားမည်ကို သူ စိုးရိမ်နေမိသည်။

"နဝမသခင်လေး"

စစ်ဗိုလ်ချုပ်က သွေးရောင်ဝတ်စုံဝတ် လူငယ်ကို ထပ်မံ သတိပေးမည့် အချိန်မှာပင် သွေးရောင်ဝတ်စုံဝတ် လူငယ်သည် သူ၏စကားကို ဖြတ်ပြောလိုက်သည်။

"မင်းလျှာမရှည်နဲ့.. ဒီသခင်‌လေးမှာလည်း အခြေအနေကို တိုင်းတာနိုင်တဲ့ အသိတရားရှိတယ်.. မင်းကိုမင်း သိပ်တော်သိပ်တတ်တယ် ထင်ပြီး မိကျောင်းမင်း ရေကင်း လာမပြနဲ့"

သွေးရောင်ဝတ်စုံဝတ်လူငယ်က စစ်ဗိုလ်ချုပ်ကို အော်ငေါက်လိုက်သည်။

သူ၏မျက်နှာထက်တွင်လည်း စိတ်မရှည်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

ဖေးယွင်ခံတပ်တွင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့် ခေါင်းဆောင်၅ယောက် ရှိပြီး ထိုအထဲမှ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်သည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။

ထို၅ယောက်နှင့် သူကဲ့သို့ သွေးလမင်းကုန်းမြေ၏ နဝမသခင်လေးလည်း ရှိနေသေးသည်။

သွေးလမင်းကုန်းမြေ၏ သခင်လေး၉ပါးထဲမှ ၁ပါးအနေဖြင့် သွေးရောင်ဝတ်စုံဝတ် လူငယ်သည် ခြေလှမ်းတစ်ဝက်ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့် ပါရမီရှင် တစ်ယောက်လည်း ဖြစ်သည်။

ထို့ကြောင့် သူက ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူတစ်ယောက် သို့မဟုတ် နှစ်ယောက်ဖြင့် ရင်ဆိုင်ရလျှင်ပင် ပြဿနာမရှိသည် ဖြစ်ရာ ကောင်လေး တစ်ယောက်လောက်ကို စကားထဲပင် ထည့်ပြောစရာ မလိုအပ်ချေ။

သွေးရောင်ဝတ်စုံဝတ် လူငယ်က စစ်ဗိုလ်ချုပ်ကို အော်ငေါက်လိုက်သောအချိန်မှာပင် ပုံရိပ်တစ်ခုသည် နန်းတော်ထဲကို ထိတ်လန့်တကြား ပြေးဝင်လာခဲ့သည်။

"သခင်လေး မကောင်းတော့ဘူး.. ရန်သူရဲ့အင်အားက အရမ်းကို ကြောက်စရာကောင်းတယ်.. ရန်သူက ခေါင်းဆောင်တုကို တစ်ကွက်တည်းနဲ့ပဲ အသေသတ်ပစ်လိုက်တယ်"

"ဘယ်လို ခေါင်းဆောင်တုက အသတ်ခံလိုက်ရပြီလား"

ထိုစကားကိုကြားလျှင် သွေးရောင်ဝတ်စုံဝတ် လူငယ်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူက စိတ်လှုပ်ရှားသော အမူအရာဖြင့် ထိုင်ရာကနေ မတ်တတ် ထရပ်လိုက်၏။

ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေသော ခေါင်းဆောင်တုသည် တစ်ကွက်တည်းဖြင့် အသတ်ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"ကောင်းတယ် သိပ်ကောင်းတယ်.. ဒီကမ္ဘာပေါ်မှာ ဘယ်လိုလူက ငါ့ရဲ့ရှေ့မှာ ဒီလောက်အထိ ရမ်းကားရဲတာလဲ ဆိုတာ ငါသခင်လေး ကြည့်ချင်သေးတယ်"

ဒေါသတကြီး ရေရွတ်လိုက်ပြီးနောက်တွင် သွေးရောင်ဝတ်စုံဝတ်လူငယ်သည် ခန်းမထဲတွင် ရှိနေသည့် ခြေလှမ်းတစ်ဝက်ကောင်းကင်နတ်ဘုရား ၄ပါးကို ဦးဆောင်ကာ နန်းတော်အပြင်ဘက်ဆီသို့ ထွက်လာခဲ့သည်။

မကြာခင်မှာပင် သွေးရောင်ဝတ်စုံဝတ် လူငယ်သည် ခေါင်းဆောင်၄ယောက်နှင့် သွေးလမင်းကုန်းမြေမှ စစ်သည်ရာချီကို ဦးဆောင်ကာ ဖေးယွင်ခံတပ်၏ အပြင်ဘက်တွင် ပေါ်လာခဲ့သည်။

"ကောင်လေး ငါ့ရဲ့ ခေါင်းဆောင်ကိုပါ သတ်ဖြတ်ရဲတယ်ဆိုတော့ မင်းက သိပ်ပြီး သတ္တိကောင်းနေပါလား.. ပြောစမ်းပါဦး မင်းက ဘယ်သူလဲ.. လိမ်လိမ်မာမာ အဖြေပေးမယ်ဆိုရင် မင်းရဲ့ ခန္ဓာကိုယ်ကို အပြည့်အစုံ ချန်ထားပေးဖို့ စဥ်းစားပေးမယ်"

သွေးရောင်ဝတ်စုံဝတ် လူငယ်က ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်နေခဲ့၏။

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်စွာရပ်နေခဲ့သည်။

"ငါက မင်းကို အသေသတ်မဲ့သူပဲ"

"သွေးလမင်းကုန်းမြေက စစ်သည်တို့.. ဒီကောင့်ကို သတ်ပစ်လိုက်"

သွေးရောင်ဝတ်စုံဝတ် လူငယ်က ဒေါသတကြီး ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

"အမိန့်အတိုင်းပါ နဝမသခင်လေး"

တစ်ခဏအတွင်းမှာပင် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူရာချီက ကျန်းချန်ကို အလျင်အမြန်ပင် ဝိုင်းရံလိုက်ကြသည်။

‌သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူများသည် ပူးပေါင်းသိုင်းကွက်များကို ကျင့်ကြံထားကြသည်။

ထို့ကြောင့် သူတို့ တစ်ပြိုင်တည်း ထုတ်ဖော်လိုက်သော စွမ်းအားသည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူထက် လုံးဝ မလျော့ပေ။

"ဟမ့် ပုရွက်ဆိတ်လေးတွေကများ ငါ့ကို တိုက်ခိုက်ရဲတယ်"

ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်မှ နတ်စွမ်းအားကို ထုတ်ဖော်ကာ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ သိုင်းစွမ်းအားပုံရိပ်နှင့် ပေါင်းစည်းလိုက်ပြီး သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူများကို ဖိနှိပ်လိုက်သည်။

ထိုအခါ သိုင်းစွမ်းအားပုံရိပ်ကနေ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်များ၏ သက်ရောက်မှုကို ခံရကာ သွေးလမင်းကုန်းမြေမှ စစ်သည်များသည် လုံးဝ ခုခံနိုင်စွမ်းမရှိတော့ဘဲ မျက်တောင်တစ်ခတ် အတွင်းမှာပင် ပြာမှုန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ဒါ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

သူ၏ ရှေ့မှ မြင်ကွင်းကိုမြင်လျှင် သွေးရောင်ဝတ်စုံဝတ်လူငယ်နှင့် သူ၏ နောက်လိုက်များ ဖြစ်သည့် ခေါင်းဆောင် ၄ယောက် တို့သည် သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။

သိထားရမည့်အချက်မှာ သွေးလမင်းကုန်းမြေမှ စစ်သည်များသည် ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

ထို့ကြောင့် ၎င်းတို့အားလုံး ပူးပေါင်း၍ တိုက်ခိုက်လိုက်သော စွမ်းအားသည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ် အဆင့်ကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိသည်။

သို့သော်လည်း ယခုအခါတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အလွယ်တကူပင် အားလုံးကို သတ်ဖြတ်ပစ်လိုက်၏။

ဆိုရလျှင် သူတို့ရှေ့မှ သာမန်ဟုသာ ထင်ရသော လူငယ်လေးသည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့် ကျင့်ကြံသူကို လျှပ်တစ်ပြက်အတွင်း သတ်ဖြတ်နိုင်လောက်သည့် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကိုပင် ပိုင်ဆိုင်ထားခဲ့သည်။

အခန်း(၁၆၄၂)ပြီး၏။

အခန်း(၁၆၄၃)

"ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်ကို တစ်ကွက်တည်းနဲ့ သတ်ပစ်နိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားပါလား.. ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျန်းချန်ကို စိုက်ကြည့်ရင်း ငွေရောင်ဝတ်စုံဝတ် လူငယ်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

သူ၏အမြင်အရ ကျန်းချန်သည် ကောင်းကင်နတ်ဘုရားအဆင့် မဟုတ်ဘဲ သူကဲ့သို့ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့် ပါရမီရှင်ဖြစ်မှန်း မြင်နိုင်ရန် မခက်ခဲပေ။

သို့သော်လည်း ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ် အဆင့်ပါရမီရှင်တစ်ယောက် ဖြစ်နေလျှင်ပင် အဆင့်တူ ပြိုင်ဘက်များကို လျှပ်တစ်ပြက်အတွင်း အလွယ်တကူ သတ်ဖြတ်နိုင်လောက်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်နိုင်ဖို့မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။

ပြောနေစရာ မလိုလောက်အောင်ပင် အစောပိုင်းက တိုက်ခိုက်မှုတွင် ကျန်းချန်သည် ခွန်အားအပြည့်အဝကို လုံးဝ အသုံးမပြုထားခဲ့ပေ။

ဤသည်က သိုင်းစွမ်းအားပုံရိပ်နှင့် နတ်စွမ်းအားပုံရိပ် ပေါင်းစပ်ထားသော စွမ်းအားသာ ဖြစ်သည်။

သာမန် ကောင်းကင်နတ်ဘုရားအဆင့် လျှို့ဝှက်နည်းစနစ်များပင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို မထုတ်ဖော်နိုင်မည်မှာ သေချာသလောက်ပင်။

"ဒီကောင်လေး လေ့ကျင့်ထားတာက ဒဏ္ဍာရီလာ နတ်ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်များ ဖြစ်နေမလား"

ထိုသို့တွေးမိလျှင် ကျန်းချန်ကို ကြည့်နေသည့် သွေးရောင်ဝတ်စုံဝတ် လူငယ်၏ မျက်ဝန်းတွင် လောဘအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"ဟားဟား ကောင်လေး.. မင်းက နတ်ဘုရင်အဆင့်လျှို့ဝှက်နည်းစနစ်ကို တတ်မြောက်ထားလိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး"

သွေးရောင်ဝတ်စုံဝတ် လူငယ်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများသည် တောက်ပသွားခဲ့သည်။

"ကောင်လေး.. နတ်ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ကို လိမ်လိမ်မာမာ ပေးအပ်မယ်ဆိုရင် ငါမင်းအသက်ကို ချမ်းသာပေးဖို့ စဥ်းစားပေးမယ်"

"မင်းက သေခါနီးနေတာတောင် ငါ့ရဲ့ နည်းစနစ်ကို လောဘတက်နေသေးတယ်"

ကျန်းချန်က အေးစက်စက်ပြုံးလိုက်ပြီး ဓားကွက်တစ်ကွက်ကို သွေးရောင်ဝတ်စုံဝတ် လူငယ်ထံသို့ ထုတ်ဖော်လိုက်သည်။

"ဝုန်း.."

ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစွမ်းအားသည် လေဟာနယ်ထဲတွင် မိုင်၁၀၀၀၀ ရှည်လျားသော နတ်ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"နဝမသခင်လေး သတိထား"

ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော ဧရာမဓားကိုမြင်လျှင် ခေါင်းဆောင် ၄ယောက်၏ အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

သူတို့က သူတို့၏ နတ်စွမ်းအားနှင့် ဥပဒေသ စွမ်းအားများကို ချက်ချင်းဆိုသလို ပေါင်းစပ်လိုက်ကာ ပကတိနတ်ဘုရားကမ္ဘာငယ်လေး အဖြစ် ဖန်တီးလိုက်ပြီး လေဟာနယ်ထဲမှ ကျန်းချန်၏ မိုင်၁၀၀၀၀ ရှည်လျားသော နတ်ဓားကို ရင်ဆိုင်လိုက်ကြ၏။

"ဝုန်း.. ဝုန်း.. ဝုန်း.."

ပေါက်ကွဲသံများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

ခေါင်းဆောင်၄ယောက်၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးများသည် မိုင်၁၀၀၀၀ ရှည်လျားသော နတ်ဓားနှင့် ထိတွေ့လိုက်သည်နှင့် ပြိုလဲသွားခဲ့သည်။

ထို့အပြင် သူတို့၏ ခန္ဓာကိုယ်များကိုပင် နတ်ဓားသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့ပြီး ဝိညာဥ်များကိုပင် ပျောက်ကွယ်သွားစေခဲ့သည်။

ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့် ခေါင်းဆောင် ၄ယောက်က ကျန်းချန်၏ ဧရာမဓားအောက်တွင် သေဆုံးသွားသည်ကို မြင်လျှင် သွေးရောင်ဝတ်စုံဝတ်လူငယ်သည် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။

ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ် အထွတ်အထိပ်အဆင့် ပါရမီရှင် ဖြစ်သည့် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ဤမျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်ဟု သူ လုံးဝ မထင်မိခဲ့ပေ။

သူ့လို သွေးလမင်းကုန်းမြေ၏ နဝမသခင်လေးသည်ပင် ဤကဲ့သို့သော တိုက်ခိုက်ရေး စွမ်းအားကို ထုတ်ဖော်နိုင်မည်မဟုတ်ပေ။

"အခုတော့ မင်းတစ်ယောက်တည်းပဲ ကျန်တော့တယ်.. မသေခင် နောက်ဆုံးအနေနဲ့ ဘာပြောချင်သေးလဲ"

ကျန်းချန်၏ အေးစက်စက်အကြည့်သည် သွေးရောင်ဝတ်စုံဝတ်လူငယ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ကျန်းချန်၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပါဝင်နေသည့် အကြည့်များကို ခံစားမိလျှင် သွေးရောင်ဝတ်စုံဝတ် လူငယ်သည် ကျောချမ်းသွားခဲ့သည်။

သူက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ချက်ချင်းဆိုသလို သွေးရောင်တံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်သည်။

"ကျန်းချန် မင်းက အရမ်းအစွမ်းထက်တယ် ဆိုတာ ငါဝန်ခံပါတယ်.. ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်အောက်မှာ မင်းက ပြိုင်ဘက်ကင်းလို့တောင် ပြောလို့ရတယ်.. ဒါပေမဲ့ ဒီသခင်လေးက မင်းသတ်ချင်တိုင်း သတ်လို့ရတဲ့သူ မဟုတ်ဘူး"

သွေးရောင်ဝတ်စုံဝတ်လူငယ်က မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။

"ငါ့ရဲ့ ဒီတံဆိပ်ပြားထဲမှာ ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့် ကျင့်ကြံသူရဲ့ အားကောင်းတဲ့ တိုက်ကွက်တစ်ကွက်ပါဝင်တယ်.. မင်းငါ့ကို တကယ်ပဲ သတ်ပစ်ဖို့ ကြိုးစားရင်တော့ ဒီအတွက် ကြီးမားတဲ့ အဖိုးအခကို ‌ပေးဆပ်ရလိမ့်မယ်လို့ ငါအာမခံတယ်"

သွေးလမင်းကုန်းမြေ၏ သခင်လေး ကိုးပါးထဲမှ တစ်ပါးအနေဖြင့် သွေးရောင်ဝတ်စုံဝတ် လူငယ်တွင် အသက်ကယ်ဝှက်ဖဲတစ်ခု ရှိနေခဲ့သည်။

ယခုအခါတွင် သူက ကျန်းချန်၏ ပြိုင်ဘက် မဖြစ်နိုင်မှန်း သိ၍ ဤဝှက်ဖဲကို တုံ့ဆိုင်းမနေဘဲ တိုက်ရိုက်ပင် ထုတ်လိုက်ပြီ ဖြစ်သည်။

"ကောင်းကင်နတ်ဘုရား အဆင့်ရဲ့ တိုက်ခိုက်မှုက ဘာမို့လို့လဲ.. ဒီလို တံဆိပ်ပြားထဲမှာ စည်းခတ်ထားတဲ့ တိုက်ကွက်မပြောနဲ့.. တကယ့် ကောင်းကင်နတ်ဘုရားအဆင့် ရောက်လာရင်တောင် ငါက အဲဒီ ကောင်းကင်နတ်ဘုရားကို သတ်ဖြတ်နိုင်စွမ်းရှိတယ်"

ကျန်းချန်က သွေးရောင်ဝတ်စုံဝတ် လူငယ်ကို စူးရှစွာ တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက်တွင် ကျန်းချန်သည် ဓားလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို အသုံးပြုကာ ဓားကွက်တစ်ကွက်ကို ထုတ်ဖော်၍ သွေးရောင်ဝတ်စုံဝတ် လူငယ်ကို ခုတ်ပိုင်းချလိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အလျင်အမြန် ချဲ့ထွင်လာသည့် ကြောက်မက်ဖွယ်ရာကောင်းသော ဓားအလင်းကို မြင်လျှင် သွေး‌ရောင်ဝတ်စုံဝတ် လူငယ်၏ မျက်နှာအမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။

"မင်းက ဒီလောက်တောင် သေချင်နေမှတော့ မင်းဆန္ဒကိုဖြည့်ဆည်းပေးမယ်"

သွေးရောင်ဝတ်စုံဝတ် လူငယ်က ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလို သွေးရောင်တံဆိပ်ပြားကို လှုံ့ဆော်လိုက်သည်။

တစ်ခဏအတွင်းမှာပင် သွေးရောင်တံဆိပ်ပြားထဲမှ သွေးစွမ်းအင်သည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး ဧရာမသွေးလက်ဝါး အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်၏ ဓားအလင်းကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။

"ဝုန်း.."

ကြောက်မက်ဖွယ်ရာကောင်းသော ပေါက်ကွဲသံသည် မိုင်၁၀၀ ပတ်ဝန်းကျင်ရှိ လေထုကို တုန်ခါစေခဲ့သည်။

သွေးရောင်ဝတ်စုံဝတ်လူငယ် လှုံ့ဆော်လိုက်သော အရာသည် ကောင်းကင်နတ်ဘုရားတစ်ပါး၏ အစွမ်းထက် တိုက်ကွက်တစ်ကွက် ဖြစ်၍ အလွန်တရာ အားကောင်း၏။

ကျန်းချန်၏ ပြီးပြည့်စုံသော ဓားဥပဒေသ မူလစွမ်းအား ပါဝင်နေသည့် ဓားအလင်းပင် ထိုဧရာမသွေးလက်ဝါး၏ ဖိအားအောက်တွင် ပြိုကျသွားခဲ့သည်။

သို့ရာတွင် ကျန်းချန်၏ အမူအရာကမူ မပြောင်းလဲခဲ့ပေ။

သူက ဥပဒေသ၆မျိုး၏ မူလစွမ်းအားကို ထပ်မံ၍ ထုတ်ဖော်လိုက်၏။

နောက်ထပ် တစ်ခဏမှာပင် ဥပဒေသ၆မျိုးဖြင့် ပေါင်းစည်းထားသည့် ၆ရောင်ခြယ် မီးတောက်တစ်ခုသည် လေထုကို တိုက်ရိုက်ထိုးဖောက်ကာ ဧရာမ သွေးလက်ဝါးကို သက်ရောက်သွားခဲ့သည်။

ဧရာမ သွေးလက်ဝါးနှင့် ၆ရောင်ခြယ် မီးတောက်တို့က လေထုထဲတွင် ထိပ်တိုက် ဆုံမိသွားသော်လည်း မည်သည့်အသံမှ ထွက်ပေါ်မလာခဲ့ပေ။

သို့သော်လည်း ကျန်းချန်၏ ဥပဒေသ၆မျိုး မူလစွမ်းအား ပေါင်းစပ်ထားသော မီးတောက်သည် ဧရာမ သွေးလက်ဝါးကို မျက်တောင်တစ်ခတ် အတွင်းမှာပင် အ‌ငွေ့ပျံသွားစေခဲ့ပြီး အဆုံးသတ်တွင် လေထုထဲ၌ လုံးဝကို ပျောက်ကွယ်သွားစေခဲ့သည်။

"မင်း.. မင်းက ကောင်းကင်နတ်ဘုရားရဲ့ တိုက်ခိုက်မှုကို တကယ်ပဲ ပိတ်ဆို့နိုင်ခဲ့တယ်လား.. ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ထိုမြင်ကွင်းကိုမြင်လျှင် သွေးရောင်ဝတ်စုံဝတ် လူငယ်၏ မျက်နှာထက်တွင် အဆုံးသတ်၌ ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကောင်းကင်နတ်ဘုရား တစ်ပါး၏ အစွမ်းအထက်ဆုံး တိုက်ခိုက်မှုသည်ပင် အနက်ရောင်ဝတ်စုံဝတ်လူငယ်ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့‌ပေ။

ဤကောင်လေး၏ စွမ်းအားသည် အဘယ်ကြောင့် ဤမျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းနေရပါသနည်း။

"ငါအစောကတည်းက ပြောခဲ့သားပဲ.. ကောင်းကင်နတ်ဘုရားတစ်ပါးရဲ့ တိုက်ကွက် တစ်ကွက်လောက်ကို မပြောနဲ့.. ကောင်းကင်နတ်ဘုရား ကိုယ်တိုင် ရောက်လာရင်တောင် ငါက ကောင်းကင်နတ်ဘုရားကို သတ်ဖြတ်နိုင်တဲ့ စွမ်းရည် အပြည့်ရှိတယ်"

ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ ၆‌ရောင်ခြယ်ဓားအလင်းသည် သွေးရောင်ဝတ်စုံဝတ် လူငယ် ဆီသို့ သက်ရောက်သွားခဲ့သည်။

သွေးရောင်ဝတ်စုံဝတ်လူငယ်က ထိတ်လန့်သွားပြီး သူ၏နတ်စွမ်းအားနှင့် ဥပဒေသစွမ်းအားများကို ထုတ်ဖော်ကာ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးအဖြစ် ပြောင်းလဲ၍ ကျန်းချန်၏ ဓားအလင်းကို ခုခံရန် ကြိုးစားလိုက်၏။

သို့သော်လည်း သွေးရောင်ဝတ်စုံဝတ် လူငယ် ထုတ်ဖော်လိုက်သည့် ပကတိနတ်ဘုရား ကမ္ဘာငယ်လေးသည် ကျန်းချန်၏ ဓားအလင်းကို မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

တစ်ခဏအတွင်းမှာပင် သူထုတ်ဖော်ထားသည့် ပကတိနတ်ဘုရား ကမ္ဘာငယ်လေးသည် အစိတ်စိတ် ပြိုကွဲသွားခဲ့သည်။

သွေးရောင်ဝတ်စုံဝတ် လူငယ်သည်လည်း ကြိုးပြတ်သွားသောစွန်တစ်ကောင်နှယ် ပေထောင်ချီ လွင့်စင်သွားခဲ့၏။

သူ၏ မျက်နှာက ဖြူဖျော့သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့သည်။

သူ၏ ပါးစပ်ကနေလည်း သွေးများက ရေပန်းကဲ့သို့ အန်ထွက်လာခဲ့သည်။

ဤအချိန်တွင် သွေးရောင်ဝတ်စုံဝတ်လူငယ်၏ ကျန်းချန်ကို ကြည့်နေသော အကြည့်တွင် ထိတ်လန့်သော အမူအရာများ ပြည့်နှက်နေခဲ့သည်။

ထိုကောင်လေးသည် တိုက်ကွက် တစ်ကွက်တည်းဖြင့်ပင် သူ၏ ပကတိနတ်ဘုရားကမ္ဘာငယ်လေးကို အစိတ်စိတ် ကွဲထွက်သွားစေခဲ့ပြီး သူ့ကို အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။

ဆိုရလျှင် သူ၏ ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အမှန်တကယ်ပင် ကြောက်စရာကောင်းလွန်းနေခဲ့၏။

အခန်း(၁၆၄၃)ပြီး၏။

အခန်း(၁၆၄၄)

ဤအချိန်တွင် သွေးရောင်ဝတ်စုံဝတ်လူငယ်သည် အလွန်တရာ တုန်လှုပ်နေခဲ့သည်။

သူ့ အရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ တိုက်ခိုက်ရေးစွမ်းအားသည် ကောင်းကင်နတ်ဘုရား အဆင့်ထက် မနိမ့်ကျပေ။

သို့ဖြစ်ရာ သူ၏ စွမ်းအားဖြင့် ထိုကောင်လေး၏ ပြိုင်ဘက်မဖြစ်နိုင်သည်မှာ သေချာသလောက်ပင် ဖြစ်သည်။

ယခုပုံအတိုင်းသာ ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် သူသည် ဤနေရာတွင် အမှန်တကယ် ကျဆုံးသွားပေလိမ့်မည်။

ထို့ကြောင့် သွေးရောင်ဝတ်စုံဝတ် လူငယ်က တုံ့ဆိုင်းမနေတော့ဘဲ ခန္ဓာကိုယ်ထဲမှ သွေးတစ်စက်ကို ထုတ်ယူလိုက်ကာ အင်မော်တယ် လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်၍ အာကာပြင်ကို ဆုတ်ဖြဲကာ ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။

"မင်းရဲ့လှည့်ကွက်က မဆိုးပါဘူး.. ဒါပေမဲ့ ကံဆိုးစွာနဲ့ မင်းဘယ်လိုမှ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး"

ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။

သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ တစ်ခဏအတွင်းမှာပင် မမြင်ရသော စွမ်းအားတစ်ခုသည် သွေးရောင်ဝတ်စုံဝတ်လူငယ်၏ ပတ်ပတ်လည်ရှိ နေရာလွတ်နှင့် အချိန်ကို တိုက်ရိုက်ပင် ပိတ်ဆို့လိုက်သည်။

"မင်း.. မင်းငါ့ကို သတ်လို့မဖြစ်ဘူး.. ငါက သွေးလမင်းကုန်းမြေရဲ့ နဝမ‌ သခင်လေးပဲ.. မင်းငါ့ကို သတ်လိုက်မယ်ဆိုရင် ငါတို့ သွေးလမင်းကုန်းမြေက မင်းကို သေချာပေါက် လက်စားချေမှာပဲ"

ထွက်ပြေးဖို့ မဖြစ်နိုင်တော့သည်ကို မြင်လျှင် သွေးရောင်ဝတ်စုံဝတ်လူငယ်သည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သွေးလမင်းကုန်းမြေ၏ နဝမ သခင်လေး အနေဖြင့် သွေးရောင်ဝတ်စုံဝတ် လူငယ်သည် အနာဂတ်တွင် သွေးလမင်းကုန်းမြေ၏ ခေါင်းဆောင်နေရာကို ဆက်ခံရန်အတွက် လျာထားခံရသူ ၉ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။

ဤတစ်ကြိမ် ရှေးဟောင်းနဂါးကုန်းမြေကို တိုက်ခိုက်ရန် လာခဲ့ခြင်းမှာ စစ်ပွဲကို အနိုင်ယူပြီး သွေးလမင်းကုန်းမြေတွင် သူ၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက် ဖြစ်၏။

သူ ဦးဆောင်လာသည့် သွေးလမင်းကုန်းမြေမှ တပ်ဖွဲ့သည် ထျန်းဖန်းနိုင်ငံကို တိုက်ခိုက်ရာတွင် အလွန်တရာ ချောမွေ့ခဲ့သည်။

သို့သော် ထျန်းဖန်းနိုင်ငံ ပျက်စီးတော့မည့် အခြေအနေတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူ၏ အစီအစဥ်များကို ဖျက်ဆီးပစ်လိုက်သည်။

ယခုအခါတွင် ဤနေရာ၌ သူ၏ အသက်ကိုပင် ဆုံးရှုံးရပေတော့မည်။

"သွားသေလိုက်တော့"

ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး သွေးရောင်ဝတ်စုံဝတ်လူငယ် ဆီသို့ ရည်ရွယ်ကာ ဓားကွက်တစ်ကွက် ထုတ်ဖော်လိုက်သည်။

သွေးလမင်းကုန်းမြေနှင့် ရှေးဟောင်းနဂါး ကုန်းမြေတို့သည် နှစ်ပေါင်းများစွာ ပွတ်တိုက်မှုများ ရှိခဲ့ပြီး နယ်မြေနှစ်ခုကြားရှိ အခြေအနေသည် အမြဲတစေ မငြိမ်းချမ်းခဲ့ပေ။

ယနေ့ သူက ဤသွေးရောင်ဝတ်စုံဝတ် လူငယ်ကို လွှတ်လိုက်လျှင်ပင် သွေးလမင်းကုန်းမြေသည် ရှေးဟောင်းနဂါး ကုန်းမြေကို တိုက်ခိုက်ရန် စွန့်လွှတ်စရာ အကြောင်းမရှိချေ။

"ဝုန်း.."

ကျန်းချန်၏ ဓားကွက်ကို ထိမှန်သွားသည်နှင့် သွေးရောင်ဝတ်စုံဝတ်လူငယ်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပေါက်ကွဲထွက်သွားခဲ့သည်။

သွေးရောင်ဝတ်စုံဝတ် လူငယ်ကို သတ်ဖြတ်ပြီးသည်နှင့် ကျန်းချန်သည် လုံးဝ တုံ့ဆိုင်းမနေဘဲ ဖေးယွင်ခံတပ်ထဲကို တစ်ယောက်တည်း တိုးဝင်သွားခဲ့သည်။

သွေးလမင်းကုန်းမြေမှ ရာနှင့်ချီသော စစ်သည်များသည် သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အလွန်တရာ ထိတ်လန့်နေခဲ့ကြသည်။

နဝမသခင်လေးနှင့် ခေါင်း‌ဆောင်၄ယောက်ပင် သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ လက်ထဲတွင် ကျဆုံးသွားခဲ့ပြီ ဖြစ်ရာ သူတို့အနေဖြင့် ကျန်းချန်ကို တိုက်ခိုက်ရန် မည်ကဲ့သို့ သတ္တိရှိနိုင်တော့မည်နည်း။

ဖေးယွင်ခံတပ်က တစ်ခဏအတွင်း ရှုပ်ထွေးသွားခဲ့ပြီး သွေးလမင်းကုန်းမြေမှ စစ်သည်ရာချီသည် ထိတ်လန့်တကြားဖြင့် ကစဉ့်ကလျား ထွက်ပြေးသွားခဲ့သည်။

ကျန်းချန်က ထွက်ပြေးနေသော သွေးလမင်းကုန်းမြေမှ စစ်သည်များကို နတ်ဆိုးတစ်ပါးကဲ့သို့ ရက်ရက်စက်စက်ပင် သတ်ဖြတ်လိုက်သည်။

သူက တိုက်ကွက်တစ်ကွက် ထုတ်ဖော်လိုက်သည်နှင့် သွေးလမင်းကုန်းမြေမှ စစ်သည် ၁၀ယောက်ကျော်သည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် သွေးလမင်း ကုန်းမြေမှ စစ်သည်ရာချီတွင် လူအနည်းငယ်မျှသာ ကျန်ရှိတော့၏။

၎င်းတို့က ထိတ်လန့်တကြားဖြင့် ခွေးပြေးဝက်ပြေး ဆက်လက် ထွက်ပြေးသွားခဲ့ကြသည်။

ကျန်းချန်က ထွက်ပြေးသွားသော သွေးလမင်းကုန်းမြေမှ စစ်သည်အနည်းငယ်ကို တစ်ချက် ကြည့်လိုက်ပြီး ၎င်းတို့နောက်သို့ လိုက်မဖမ်းတော့ပေ။

ဖေးယွင်ခံတပ်သည် ဗျူဟာမြောက် စခန်းတစ်ခု ဖြစ်ပြီး သွေးလမင်းကုန်းမြေတွင် ထူးခြားသော အဆင့်အတန်း ရှိသည့် နဝမသခင်လေး ဦးစီးသော နေရာ ဖြစ်သည်။

ယခု ကျန်းချန်က သူ၏ ရည်ရွယ်ချက်အတိုင်း ဖေးယွင်ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ရာ လိုက်လံ သတ်ဖြတ်လိုခြင်း မရှိတော့ပေ။

ထို့အပြင် ဤလူအနည်းငယ်ကို သူက တမင်တကာပင် ထွက်ပြေးခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

စင်စစ် သူက ဖေးယွင်ခံတပ်ကို သိမ်းပိုက်ပြီး သွေးလမင်းကုန်းမြေမှ နဝမသခင်လေးအား သတ်ပစ်လိုက်သော သတင်းကို ဖုံးကွယ်ထားရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

ဆိုရလျှင် ထွက်ပြေးသွားသော လူများကို အသုံးပြု၍ သွေးလမင်းကုန်းမြေမှ လူများဆီ သတင်းဖြန့်ရန်အတွက် တစ်ဖက်လှည့်ဖြင့် အသုံးချလိုက်ခြင်း ဆိုလည်းမမှားပေ။

ထိုသတင်းကိုသာ ရရှိလျှင် သွေးလမင်းကုန်းမြေမှ အင်အားကြီးမားသော ကျင့်ကြံသူများသည် ဒေါသထွက်လာမည်မှာ သေချာသလောက်ပင်။

ထို့အပြင် သူ့ကို ကိုင်တွယ်ရန် ကောင်းကင်နတ်ဘုရားတစ်ပါးကိုပင် စေလွှတ်နိုင်လောက်၏။

သို့ဆိုလျှင် သူက ထိုအခွင့်အရေးကို အရယူပြီး သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားကို သတ်ဖြတ်ပစ်နိုင်သည် မဟုတ်ပါလော။

-----------------

ကျန်းချန်က ဖေးယွင်ခံတပ်ကို သိမ်းပိုက်လိုက်သော အချိန်မှာပင် ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော်အပြင်ဘက်ရှိ စစ်မြေပြင်တွင် တည်ဆောက်ထားသော နန်းတော်တစ်ခုထဲ၌ သွေးရောင်ဝတ်စုံဝတ် လူ၄ဦးသည် စစ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးနေခဲ့ကြသည်။

"အားလုံးပဲ.. ထျန်းဖန်းနိုင်ငံရဲ့ ခုခံကာကွယ်ရေးက အရမ်းအားကောင်းတယ်.. ဒါ့အပြင် အင်အားကြီးမားတဲ့ အစီအရင်နဲ့ မြို့တော်ကို ကာကွယ်ထားတယ် ဆိုတော့ အချိန်တိုအတွင်းမြို့ထဲကို ထိုး‌ဖောက်ဖို့က မလွယ်လောက်ဘူး"

သွေးရောင် စစ်သံချပ်ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူက ကျန်၃ယောက်ကို ကြည့်ကာ ပြောလိုက်သည်။

"မင်းတို့၃ယောက်မှာရော ထျန်းဖန်းနိုင်ငံကို ထိုးဖောက်ဖို့ ဘယ်လို အကြံဥာဏ်မျိုးရှိလဲ"

သွေးရောင်စစ်သံချပ်ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူသည် နဝမသခင်လေးနှင့် အတူ ထျန်းဖန်းနိုင်ငံကို တိုက်ခိုက်ရန်အတွက် ရောက်ရှိလာသည့် စစ်ဗိုလ်ချုပ် ယိုထျန်းခွေ့ဖြစ်သည်။

၎င်းက သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားဒုတိယအဆင့် ကျင့်ကြံသူလည်း ဖြစ်၏။

"ကျွန်တော်တို့ ၄ယောက်ရဲ့ စွမ်းအားနဲ့ဆိုရင် အများဆုံး၁လလောက် အချိန်ယူရလိမ့်မယ် ထင်တယ်"

ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူဖြစ်သည့် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူက ယိုထျန်းခွေ့ကို ပြောလိုက်သည်။

"ဒါပေမဲ့ ၁လက အရမ်းကိုကြာလွန်းတယ်.. ဒီအချိန်အတွင်း အခြေအနေတွေ ပြောင်းလဲသွားမှာ ငါစိုးရိမ်မိတယ်"

"စစ်သူကြီးယိုက အရမ်း စိုးရိမ်လွန်းနေပါပြီ"

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူက ပြောလိုက်သည်။

"အခုအချိန်မှာ ရှေးဟောင်နဂါးကုန်းမြေက ကျွန်တော်တို့ သွေးလမင်းကုန်းမြေရဲ့ အသာစီးရယူခြင်းကို ခံထားရတယ်.. ရှေးဟောင်းနဂါး ကုန်းမြေရဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာတောင် အခက်တွေ့နေတာ ထျန်းဖန်းနိုင်ငံကို ကူညီဖို့ ဘယ်လိုလုပ်ပြီး စစ်ကူတွေကို ပို့လွှတ်နိုင်မှာလဲ"

"ရှေးဟောင်းနဂါးကုန်းမြေကို အဲဒီလောက်အထိ အထင်မသေးစမ်းနဲ့"

ယိုထျန်းခွေ့က ခေါင်းခါရမ်းကာ ပြောလိုက်သည်။

"ရှေးဟောင်းနဂါးကုန်းမြေရဲ့ စွမ်းအားက ငါတို့ သွေးလမင်းကုန်းမြေလောက် မသန်မာဘူး ဆိုပေမဲ့ ပိန်နေတဲ့ ကုလားအုတ်က မြင်းထက် ပိုကြီးတယ်ဆိုတဲ့ စကားလည်း ရှိသေးတာပဲ.. ဒါ့အပြင် သူတို့မှာ နယ်မြေနတ်ဘုရား တစ်ပါးလည်း ရှိနေသေးတယ်"

လွန်ခဲ့သော နှစ်သန်းပေါင်းများစွာ အတွင်း သွေးလမင်းကုန်းမြေနှင့် ရှေးဟောင်းနဂါးကုန်းမြေ ကြားတွင် စစ်ပွဲတစ်ခုထက်မက ဖြစ်ပွားခဲ့သည်။

ရှေးဟောင်းနဂါး ကုန်းမြေသာ အမှန်တကယ် အားနည်းခဲ့လျှင် ဤအချိန်အထိ တောင့်မခံနိုင်ဘဲ သွေးလမင်းကုန်းမြေ၏ ကျူးကျော်မှုကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် ခံနေရလောက်ပြီ ဖြစ်၏။

ထို့အပြင် ဤတစ်ကြိမ် ထျန်းဖန်းနိုင်ငံကို တိုက်ခိုက်ရာတွင် သူတစ်ယောက်တည်းသာ အဓိက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အနည်းငယ် ပေါ့ဆလိုက်သည်နှင့် ပြန်လည်အဖတ်ဆယ်၍ မရနိင်တော့သော အခြေအနေသို့ ကျရောက်သွားမည်ကို သူ စိုးရိမ်နေမိ၏။

"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ အစွမ်းကုန် ကြိုးစားရမယ်.. ထျန်းဖန်းနိုင်ငံရဲ့ အင်ပါယာမြို့တော်ကို ကာကွယ်ထားတဲ့ အစီအရင်ကို လဝက်အတွင်း ဖျက်ဆီးနိုင်ဖို့ ငါတို့တွေ ကြိုးစားရမယ်"

ယိုထျန်းခွေ့က ပြတ်သားစွာ ပြောလိုက်သည်။

သူ၏မျက်ဝန်းတွင် တောက်ပသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

ထျန်းဖန်းနိုင်ငံကို သိမ်းပိုက်နိုင်သရွေ့ သူတို့ သွေးလမင်းကုန်းမြေသည် ထျန်းဖန်းနိုင်ငံကနေ ရှေးဟောင်းနဂါးကုန်းမြေ၏ အ‌ရှေ့ပိုင်းဒေသသို့ စစ်တပ်များ ပို့လွှတ်နိုင်မည်ဖြစ်သည်။

ထိုအချိန်သို့ရောက်လျှင် ရှေးဟောင်းနဂါးကုန်းမြေ၏ အရှေ့ပိုင်းဒေသ တစ်ခုလုံးသည် သူတို့ သွေးလမင်းကုန်းမြေ၏ လက်အောက်သို့ ကျရောက်သွားလိမ့်မည် မဟုတ်ပါလား။

သို့သော်လည်း ယိုထျန်းခွေ့၏ စကားသံ အဆုံးမှာပင် နန်းတော် အပြင်ဘက်ကနေ ငယ်သား တစ်ဦးသည် အလျင်အမြန်ပင် ပြေးဝင်လာခဲ့သည်။

"ခေါင်း‌ဆောင်ယို ပြဿနာတော့ တက်ပြီ.. ခုနကပဲ ဖေးယွင်ခံတပ်က စစ်သည်တချို့ ကျွန်တော်တို့ဆီကို ထွက်ပြေးလာကြတယ်.. သူတို့ဆီကနေ ဖေးယွင်ခံတပ်ကို အင်အားကြီးမားတဲ့ကျင့်ကြံသူတစ်ယောက်က ကျူးကျော်ဝင်ရောက်ပြီး နဝမသခင်‌လေးကို သတ်ဖြတ်သွားတယ်လို့ သိခဲ့ရတယ်"

ထိုစကားကိုကြားလျှင် နန်းတော်ထဲတွင် ရှိနေသည့် လူ၄ယောက်၏ မျက်နှာ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"မင်းစကားက အားလုံးအမှန်တွေပဲလား"

ယိုထျန်းခွေ့က သတင်းလာပို့သည့် ငယ်သားကို အနီးကပ်စူးစိုက်ကြည့်လိုက်ရာ ငယ်သား၏ ခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်ယင်သွားခဲ့သည်။

"ခေါင်းဆောင်ယို.. ဒီသတင်းက အမှန်ပါပဲ"

ငယ်သားက ယိုထျန်းခွေ့၏ ရှေ့တွင် အလျင်အမြန် ဒူးထောက်ချကာ ပြောလိုက်သည်။

"ဒီလူရဲ့လက်ထဲမှာ နဝမသခင်လေးနဲ့ ပကတိနတ်ဘုရား ရာချီအသတ်ခံခဲ့ရပြီး လူအနည်းငယ်လောက်ပဲ ထွက်ပြေးနိုင်ခဲ့တယ်"

"မမျှော်လင့်ဘဲ ထျန်းဖန်းနိုင်ငံရဲ့ မြို့တော်အပြင်ဘက်မှာ ထျန်းဖန်းနိုင်ငံကို ကူညီနေတဲ့ ကျင့်ကြံသူတစ်ယောက် ရှိနေတဲ့ပုံပဲ"

ယိုထျန်းခွေ့၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ လင်းလက်သွားခဲ့သည်။

"ဒီလူက ဘယ်သူပဲဖြစ်ဖြစ် နဝမသခင်လေးကို သတ်ရဲမှတော့ ငါ ယိုထျန်းခွေ့ ဒီလူကို သေချာပေါက် သတ်ဖြတ်ပစ်မယ်"

အခန်း(၁၆၄၄)ပြီး၏။

All Chapters