ငရဲမှ ကစဉ့်ကလျား
Vol. 200 Ch. 2986
နောက်ဆယ်နှစ်အတွင်း သိုင်းတာအိုပင်မခန္ဓာသည် လိပ်ပြာတောင်ကြားမှာ နေထိုင်ခဲ့သည်။ သူသည် ယင်ယန်အဆောင်သုတ္တန်ကို သင်ကြားပေးရင်း သူသည် တျဲယွဲ့နှင့် တာအိုအကြောင်းကို ဆွေးနွေးခဲ့၏။
သိင်းတာအိုပင်မခန္ဓာသည် ဧကရာဇ်နယ်ပယ်သို့ မတက်လှမ်းရသေးသော်လည်း သူ၏ ဓမ္မတာအိုသည် သူ့ကိုယ်ပိုင်မျိုးဆက်တစ်ခုကို ဖြစ်ပေါ်စေပြီး မရေမတွက်နိုင်သော ဓမ္မတာအိုများနှင့် လျှို့ဝှက်အတတ်များကို အရည်ဖျော်ချထား၏။ သူ့မှာ များစွာသော ဓမ္မတာအိုများအပေါ် သူ့ကိုယ်ပိုင် ထူးခြားသည့် နားလည်သဘောပေါက်မှုရှိလေသည်။
သူတို့နှစ်ယောက်စလုံးသည် သူတို့၏ တာအိုဆွေးနွေးခြင်းကနေ အကျိုးအမြတ်ရရှိခဲ့ကြ၏။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလိုသည်ဆိုလျှင် သူက အနည်းငယ်လိုအပ်နေဆဲဖြစ်၏။
တျဲယွဲ့သည်လည်း မဟာဧကရာဇ်တစ်ပါး ဖြစ်လာမည့် မည်သည့်အခွင့်အရေးကိုမှ အာရုံမခံမိပေ။
သူမသည် မဟာဧကရာဇ်တစ်ပါး၏ အောက်ခြေအဆင့်နှင့် နီးကပ်သည်ထက် နီးကပ်လာသည်ကိုသာ အာရုံခံမိလေသည်။ သို့သော်လည်း သူမသည် မည်သည့်အရာကိုမှ မပြုလုပ်နိုင်ဘဲ ထိုအဆင့်သို့ အမှန်တကယ်တက်လှမ်းနိုင်ခြင်း မရှိပေ။
ဆယ်နှစ်ကြာပြီးနောက် သိုင်းတာအိုပင်မခန္ဓာက ထွက်ခွာဖို့ပြင်လိုက်၏။
သူက မဟာအရိုင်းကမ္ဘာမှာ ဆက်လက်ကျင့်ကြံမည်ဆိုလျှင် သူ့အနေဖြင့် နှစ်ပေါင်းရာချီကျင့်ကြံမည်ဆိုလျှင်တောင် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းဖို့ ခဲယဉ်းပေလိမ့်မည်။
“နင် ငရဲကို သွားမှာလား”
တျဲယွဲ့က သိုင်းတာအိုပင်မခန္ဓာ၏ အစီအစဉ်ကို ကြားသိရသောအခါ အနည်းငယ်အံ့အားသင့်သွား၏။
သိုင်းတာအိုပင်မခန္ဓာသည် ငရဲအရှင်ဟူသော သူ၏ သရုပ်သကန်ကို တျဲယွဲ့ထံ တစ်ခါ ပြောပြခဲ့ဖူးသည်။
သို့သော်လည်း သူသည် ထိုသရုပ်သကန်နှင့်ပတ်သက်၍ အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့ရ၏။
အရင်တုန်းက ငရဲသို့ သူကျဆင်းသွားပုံကို ပြန်လည်းစဉ်းစားကြည့်လျှင် အရာရာတိုင်းက သင်္ချိုင်းစောင့်၏ ကိုင်တွယ်ထိန်းကြောင်းခြင်း ခံခဲ့ရလေသည်။ သိုင်းတာအိုပင်မခန္ဓာသည် သရုပ်သကန်တစ်ခုတည်းအတွက်ကြောင့် သူ့ကိုယ်သူလုံးဝ ချုပ်နှောင်ထားလိုစိတ် မရှိပေ။
သိုင်းတာအိုပင်မခန္ဓာက ရှင်းပြလိုက်သည်။
“အဲဒီမှာ စိမ့်စမ်းကိုးခုငရဲသုတ္တန်လို့ခေါ်တဲ့ တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုရှိတယ်.. ငါက အဲဒီကနေ အတွဲနှစ်တွဲကို ကျင့်ကြံထားတယ်… ငါက အဲဒီတဗူးဂမ္ဘီရကျင်စဉ်ကို လုံးလုံးလျားလျားကျင့်ကြံလာနိုင်မယ်ဆိုရင် ငါက ဧကရာဇ်နယ်ပယ်ကို ဝင်ရောက်သွားနိုင်လောက်တယ်”
“နင် အဝီစိကို နောက်တစ်ခါ ပြန်သွားမှာလား”
တျဲယွဲ့က မေးလိုက်၏။
“မလိုတော့ဘူး”
သိုင်းတာအိုပင်မခန္ဓာက သူ၏ အမြုတေကိုလှည့်ပတ်ပြီး အတွေးတစ်ချက်နှင့်အတူ သူ၏ ဘေးနားမှာ မကောင်းဆိုးဝါးဆန်ဆန်ချီဖြင့် ပြည့်နှက်နေသည့် ဧရာမဂိတ်တံခါးတစ်ချပ် ပေါ်ထွက်လာ၏။
ဆီးနှင်းငရဲဂိတ်တံခါး…။
“ဒီဂိတ်တံခါးက ငရဲနဲ့ ချိတ်ဆက်ထားတယ်.. ငါက ငရဲကမ္ဘာကို အချိန်မရွေးပြန်သွားနိုင်တယ်”
ငရဲကမ္ဘာ။
ငရဲအရှင်အသစ်ထွက်ခွာသွာ့းပြီးကတည်းက ငရဲကမ္ဘာသည် ၎င်း၏ တည်ငြိမ်အေးချမ်းမှုကို ယာယီအားဖြင့် ပြန်လည်ရရှိခဲ့၏။
ငရဲအရှင်ဆီးနှင်းစိမ့်စမ်းသည် ငရဲအရှင်အသစ်၏ သတ်ဖြတ်ခြင်းခံခဲ့ရ၏။ ညှင်းပန်းနှိပ်စက်စိမ့်စမ်းမြို့တော်က တိုက်ပွဲမှာ ဧကရာဇ်တစ်ပိုင်း ငရဲအရှင်နှစ်ဦးအပါအဝင် ကျန်ရှိနေသော ငရဲအရှင်ရှစ်ဦးထဲမှ နောက်ထပ်ခုနှစ်ဦးက သေဆုံးခဲ့ရလေသည်။
လူအိုကြီး ငရဲအရှင်ခါးသက်စိမ့်စမ်းသာလျှင် ကံကောင်းထောက်မစွာဖြင့် အသက်ရှင်နိုင်ခဲ့၏။
သူ၏ ကြမ်းကြုတ်ခက်ထန်သော နည်းလမ်းများ၊ သံမဏိသွေးသတ်ဖြတ်ခြင်းနှင့် တမလွန်ရတနာကြေးမုံနှင့်အတူ ငရဲမှ သက်ရှိများစွာသည် ငရဲအရှင်အသစ်ကို သဘောတူလက်ခံခြင်းမရှိသော်လည်း သူတို့က မည်သည့်ကန့်ကွက်မှုကိုမှ မပြုလုပ်ရဲခဲ့ပေ။
သို့သော်လည်း မည်သို့ပင်ဆိုစေ ထိုသူက တခြားမျိုးနွယ်မှ ဖြစ်လေသည်။ ထို့ကြောင့် ငရဲမှ သက်ရှိများစွာ အထူးသဖြင့် ငရဲမှ တမလွန်မျိုးနွယ်သည် သူ့အပေါ် အားကောင်းသော ခုခံငြင်းဆန်လိုစိတ်ရှိနေကြဆဲဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာထွက်ခွာသွားပြီးနောက် ငရဲကိုးခုသည် ငရဲကြင်ယာတော်ကို သူတို့၏ သခင်မအဖြစ် ယာယီအားဖြင့် လေးစားစွာဆက်ဆံခဲ့ကြသည်။
သို့သော်လည်း ငရဲသက်ရှိများစွာသည် ငရဲကြင်ယာတော်ကို ကွယ်ရာမှာ ဝေဖန်ပြစ်တင်ပြောဆိုနေကြဆဲဖြစ်၏။
ပထမအချက် ဤငရဲကြင်ယာတော်၏ ကျင့်ကြံမှုနယ်ပယ်က နိမ့်ကျလွန်းပြီး သူမသည် တမလွန်ဗိုလ်တစ်ဦးမျှသာ ဖြစ်လေသည်။
တမလွန်ဗိုလ်တစ်ဦးသည် ကောင်းကင်ဘုံကမ္ဘာမှာဆိုလျှင် ပကတိဧကနယ်ပယ်ပညာရှင်တစ်ဦးနှင့်သာတူညီလေသည်။
ဒုတိယအချက် ငရဲအရှင်က ထွက်ခွာသွားပြီး အတန်ကြာသည့်အထိ ပေါ်ထွက်မလာတော့ပေ။
ဤငရဲကြင်ယာတော်က စိမ်စမ်းကိုးခု ငရဲသုတ္တန်၏ အချုပ်တွဲကို ကိုင်ဆွဲထားသည့် အချက်နှင့်အတူ အခြားသူများအနေဖြင့် သူမကို ပစ်မှတ်ထားလာဖို့က ပိုမိုလွယ်ကူလေသည်။
သို့သော်လည်း ငရဲကြင်ယာတော်ကို ငရဲအရှင်ခါးသက်စိမ့်စမ်းက ကာကွယ်ပေးထားလေသည်။ ငရဲမှ သက်ရှိများစွာမှာ သစ္စာမဲ့သော အတွေးများရှိနေကြသည်ဆိုလျှင်တောင် သူတို့က မဆင်မခြင်မပြုမူရဲကြပေ။
ငရဲအရှင်ခါးသက်စိမ့်စမ်းက အိုမင်းနေပြီဖြစ်သော်လည်း မည်သို့ပင်ဆိုစေ သူက ဧကရာဇ်တစ်ပိုင်းပညာရှင်တစ်ဦးဖြစ်သည်။
တစ်ခုသောရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် သိုင်းတာအိုပင်မန္ဓာထွက်ခွာသွားပြီးနောက် ငရဲကမ္ဘာသည် အမြဲတမ်း ခေါင်းဆောင်မဲ့နေခဲ့သည်။
ငရဲသက်ရှိများစွာသည် ကြင်ယာတော်ယုကို သူတို့၏ သခင်မအဖြစ် အသိအမှတ်ပြုထားသော်လည်း သူမ၏ ကျင့်ကြံမှုနယ်ပယ်က မြင့်မားခြင်းမရှိဘဲ သူမအနေဖြင့် ကြမ်းကြုတ်ခက်ထန်၍ သွေးဆာရက်စက်သော ငရဲသက်ရှိများစွာကို ဖိနှိမ်ဖို့က မလွယ်ကူလှပေ။
ကံကောင်းထောက်မစွာဖြင့် ငရဲအရှင်ခါးသက်စိမ်းစမ်းနှင့် ငရဲအရှင်ဆီးနှင်းစိမ့်စမ်းထန်ခုန်းက သူမကို ကာကွယ်ပေးထားပြီး အရာရာတိုင်းက ဘေးကင်းလုံခြုံနေခဲ့၏။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက အတန်ကြာသည့်အထိ ပြန်လည်ရောက်ရှိမလာခဲ့ပေ။ တကယ်ဆို သူ့ထံမှ မည်သည့်သတင်းမှ ပြန်ရောက်မလာခဲ့ပေ။ ထိုအခါ ငရဲကမ္ဘာမှာ ရုတ်ရုတ်သဲသဲအခြေအနေတချို့က တဖြည်းဖြည်းဖြစ်ပွားလာနေ၏။
တကယ်တော့ ငရဲအရှင်ခါးသက်စိမ့်စမ်းနှင့် ငရဲအရှင်ဆီးနှင်းစိမ့်စမ်းတို့သည် ဤအခြေအနေကို ကိုင်တွယ်ပြီး အလုံးစုံအခြေအနေတစ်ရပ်လုံးကို ထိန်းညှိထားဖို့ လုံလောက်လေသည်။
သို့သော်လည်း လွန်ခဲ့သည့်ဆယ်နှစ်က ငရဲကမ္ဘာမှ တည်ငြိမ်အေးချမ်းမှုက လုံးလုံးလျားလျား ကြေမွပျက်စီးသွား၏။
ဘာမှန်းမသိရသော အကြောင်းအရင်းတချို့ကြောင့် လောကအပိုင်းအစတချို့က ငရဲကမ္ဘာမှာ ရုတ်တရက် ပြန့်ကျဲကျဆင်းလာ၏။ ဒါ့အပြင် သူတို့က ပကတိလောကအပိုင်းအစများဖြစ်နေသည်။
လောက၏ ကြေမွပျက်စီးနေခြင်းကြောင့် ငရဲကမ္ဘာ၏ နိယာမများက ပြီးပြည့်စုံမှုမရှိတော့ပေ။ ငရဲဘုရင်များနှင့် တမလွန်ဘုရင်များအနေဖြင့် သူတို့ဘာသာသူတို့ အဆင့်ချိုးဖျက်တက်လှမ်းဖို့က ခဲယဉ်းနေခဲ့ပြီဖြစ်သည်။
တကယ်ဆို သူတို့အနေဖြင့် ဧကရာဇ်တစ်ပိုင်းနယ်ပယ်နှင့် ထိတွေ့ဖို့ကပင် မလွယ်ကူလှပေ။
ဤငရဲဘုရင်များနှင့် တမလွန်ဘုရင်ပညာရှင်များသည် ပကတိကောင်းကင်လိုဏ်ဂူနယ်ပယ်မှာ အတန်ကြာသည့်အထိ ရပ်တန့်နေခဲ့ကြ၏။
သူတို့မှာ အခွင့်အလမ်းတစ်ခု သို့မဟုတ် အခွင့်အရေးတစ်ခု ရရှိသည်နှင့်အမျှ သူတို့သည် အဲဒါကို ကောင်းကောင်းချိန်ဆပြီး လျင်မြန်စွာ အဆင့်ချိုးဖျက်တက်လှမ်းနိုင်ကြပေလိမ့်မည်။
ကျဆင်းလာသော ပကတိလောကအပိုင်းအစများသည် ငရဲဘုရင်များနှင့် တမလွန်ဘုရင်ပညာရှင်များစွာအတွက် နတ်ဘုရားတစ်ပါး ပို့လွှတ်ပေးလိုက်သော အခွင့်အလမ်းတစ်ရပ် ဖြစ်လေသည်။
ပကတိလောကအပိုင်းအစများ ဆင်းသက်လာပြီးနောက် သွေးလွှမ်းတိုက်ပွဲတစ်ခုက ချက်ချင်းပင်ပေါ်ထွက်လာခဲ့၏။
နောက်ဆုံးမှာ သူတို့ကို တမလွန်ဘုရင်များနှင့် ငရဲဘုရင်ပညာရှင်များစွာက ခွဲဝေရရှိသွားကြ၏။
ငရဲအရှင်ခါးသက်စိမ့်စမ်း၏ အကူအညီနှင့်အတူ ငရဲအရှင်ဆီးနှင်းစိမ့်စမ်း ထန်ခုန်းကလည်း ပကတိလောကအပိုင်းအစတစ်ခုကို ရရှိခဲ့သည်။
နှစ်အနည်းငယ်အကြာမှာ လောကအပိုင်းအစများကို ရရှိထားသည့် ငရဲဘုရင်များနှင့် တမလွန်ဘုရင်ပညာရှင်များသည် တစ်ယောက်ပြီးတစ်ယောက် အဆင့်ချိုးဖျက်တက်လှမ်းပြီး ဧကရာဇ်တစ်ပိုင်းများဖြစ်လာကြလေသည်။
ခါးသက်စိမ့်စမ်းငရဲနှင့် ဆီးနှင်းစိမ့်စမ်းငရဲကလွဲလျှင် အခြားသောငရဲခုနှစ်ခုများ၏ ငရဲအရှင်များက တိုက်ပွဲများစွာအပြီး၌ တစ်ယောက်ပြီးတစ်ယောက် အစားထိုးခံလိုက်ရ၏။
နောက်ဆုံးမှာ ငရဲအရှင်ခုနှစ်ဦး၏ အကြည့်များက ကြင်ယာတော်ယုထံ ရောက်ရှိလာကြလေသည်။
တကယ်တော့ ငရဲအရှင်ခါးသက်စိမ့်စမ်းသည် သိုင်းတာအိုပင်မခန္ဓာမထွက်ခွာခင်က ထိုအကြောင်းနှင့်ပတ်သက်ပြီး ပြောထားခဲ့ဖူးလေသည်။
ငရဲကမ္ဘာ၏ သက်ရှိများက ကြမ်းကြုတ်ခက်ထန်ပြီး သွေးဆာရက်စက်ကြ၏။ သူထွက်ခွာသွားသည်နှင့် ဤနေရာက ခေါင်းဆောင်မဲ့သွားပြီး ကစဉ့်ကလျား အခြေအနေတစ်ခု ဆင်းသက်လာကာ ကြင်ယာတော်ယုက အန္တရာယ်ကျရောက်လာဖို့ ဖြစ်နိုင်ခြေမြင့်မားလေသည်။ သို့သော်လည်း ဤကပ်ဘေးသည် ဤမျှအထိ မြန်မြန်ဆန်ဆန်ရောက်ရှိလာလိမ့်မည်ဟု ငရဲအရှင်ခါးသက်စိမ့်စမ်းပင်လျှင် ထင်မှတ်မထားခဲ့ပေ။
အစကတော့ သူအသက်ရှင်နေသည်နှင့်အမျှ သူသည် အနည်းဆုံး ကြင်ယာတော်ယု၏ ဘေးကင်းလုံခြုံမှုကို ထိန်းသိမ်းပေးထားနိုင်မည်ဟု တွေးမိခဲ့လေသည်။
မထင်မှတ်ထားစွာပင် လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ပြန့်ကျဲကျဆင်းလာသည့် လောကအပိုင်းအစများစွာသည် ငရဲကမ္ဘာမှာရှိသော စွမ်းအားမျှခြေကို ချက်ချင်းပင်ချိုးဖျက်ပြီး ဧကရာဇ်တစ်ပိုင်းပညာရှင်များစွာပေါ်ထွက်လာခဲ့၏။
ငရဲအရှင်ခါးသက်စိမ့်စမ်းသည် အခြေအနေမကောင်းတော့သည်ကို အာရုံခံမိသွားပြီး ကြင်ယာတော်ယုကို ညှင်းပန်းနှိပ်စက်စိမ့်စမ်းမြို့တော်ကနေ ချက်ချင်းခေါ်ထုတ်ပြီး ဆီးနှင်းစိမ့်စမ်းငရဲသို့ တန်းသွားလိုက်လေသည်။
ကြင်ယာတော်ယု၏ ဘေးမှာ တကယ့်ကို ယုံကြည်စိတ်ချရသောသူက သူနှင့် ငရဲအရှင်ဆီးနှင်းစိမ့်စမ်းထန်ခုန်းသာလျှင် ရှိလေသည်။
ထန်ခုန်းသည် အရင်တုန်းက ငရဲအရှင်ဆီးနှင်းစိမ့်စမ်းဖြစ်လာနိုင်ခဲ့သည်မှာ သိုင်းတာအိုပင်မခန္ဓာကြောင့်သာ ဖြစ်လေသည်။
စစ်ပွဲမီးတောက်များက အဆက်မပြတ်ပျံ့နှံ့လာပြီး သိပ်မကြာခင် ဆီးနှင်းစိမ့်စမ်းငရဲသို့ ရောက်ရှိလာခဲ့၏။
ငရဲအရှင်ခါးသက်စိမ့်စမ်းနှင့် ငရဲအရှင်ဆီးနှင်းစိမ့်စမ်းသည် ငရဲအရှင်ခုနှစ်ဦး ဖွဲ့စည်းထားသည့် ပူးပေါင်းငရဲစစ်တပ်ကို လုံးဝမခုခံနိုင်ဘဲ တစ်လှမ်းပြီးတစ်လှမ်း နောက်သို့ ဆုတ်ပေးနေရကာ နောက်ဆုံး ဆီးနှင်းစိမ့်စမ်းငရဲ၏ ပင်မခန်းမကနေ အသည်းအသန်ခုခံနေကြရ၏။
ခန်းမရှေ့သော ရှိသော ရင်ပြင်က စစ်မီးတောက်များဖြင့် ပြည့်နှက်နေပြီး အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲကာ အလွန်တရာချောက်ချားစရာကောင်းသော ပုံစံဖြင့် သွေးများက စီးဆင်းနေ၏။
ထန်ခုန်း၏ ချပ်ဝတ်တန်ဆာက စုတ်ပြဲနေပြီဖြစ်ပြီး သူ၏ လက်ထဲမှာ ဆေဘာတစ်လက်ကို ကိုင်ဆွဲထား၏။ သူက သူ့ရှေ့မှမြင်ကွင်းကို ကြည့်ပြီး လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ဤနေရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်ခဲ့သည့် ခရမ်းရောင်ဝတ်အမျိုးသားကို ပြန်လည်မြင်ယောင်လာခဲ့သည်။
ဤကဲ့သို့သော မြင်ကွင်းနှင့် သူက ရင်းနှီးနေခဲ့ဖူးသည်။ သို့သော်လည်း ယနေ့ ဤနေရာမှာ သူတို့က သေရတော့ပေမည်။
ငရဲအရှင်ခါးသက်စိမ့်စမ်းက ဆံပင်များဖြူဖွေးနေပြီး ပို၍ပင် အိုစာလာသည့်ပုံပေါ်၏။ သူက ထန်ခုန်းနှင့်ဘေးချင်းယှဉ်ရပ်ပြီး သူ့ရှေ့မှာရှိသော သိပ်သည်းများပြားသည့် ငရဲစစ်တပ်ကို ကြည့်နေ၏။ လေထဲမှာရှိသော ငရဲအရှင်ခုနှစ်ဦးနှင့် ဧကရာဇ်တစ်ပိုင်းပညာရှင်ဆယ်ဦးကျော်ကို ကြည့်ကာ သူက ကြိတ်၍ သက်ပြင်းချလိုက်၏။
ကွာဟချက်က အရမ်းကို ကြီးမားနေ၏။
သူတို့နှစ်ယောက်သည် ဆီးနှင်းစိမ့်စမ်းငရဲ၏ ပင်မခန်းမကို သိပ်ကြာကြာ ခုခံနိုင်တော့မည် မဟုတ်ဘူးဆိုတာကို သိရှိထားကြလေသည်။
“ထန်ခုန်း… မင်းတို့နှစ်ယောက် ဘာအတွက် အဲဒါကို လုပ်နေကြတာလဲ”
ငရဲအရှင် ညှင်းပန်းနှိပ်စက်စိမ့်စမ်းက သူ၏ ခေါင်းကို အနည်းငယ်မော့ကာ ပြောလိုက်၏။
“ငရဲကြင်ယာတော်ကို ထုတ်ပေးလိုက်… ငါတို့ရဲ့ ဆက်ဆံရေးဟောင်းကို ထောက်ထားပြီး မင်းတို့ရဲ့ အသက်တွေကို ငါတို့ ချမ်းသာပေးမယ်”
ထန်ခုန်းက လှောင်ရယ်ပြီး အော်ငေါက်လိုက်၏။
“ဖုန်းယင်… ငရဲကြင်ယာတော်က ငရဲအရှင်ရဲ့ တာအိုလက်တွဲဖော်ပဲ.. သူက ငါတို့ရဲ့ ရိုသေလေးစားရတဲ့ သခင်မပဲ… မင်းသူ့ကို ဘယ်လိုတောင် မကောင်းကြံစည်ရဲတာလဲ”
“ဟားဟားဟား”
ထန်ခုန်း၏ စကားသည် ငရဲအရှင်ခုနှစ်ဦးနှင့် ဧကရာဇ်တစ်ပိုင်းပညာရှင်ဆယ်ဦးကျော်ထံမှ ရယ်မောသံများကို ရရှိသွားလေသည်။
ငရဲအရှင်ညှင်းပန်းနှိပ်စက်စိမ့်စမ်းက နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်၏။
“အဲဒီအထီးကျန်သိုင်းသခင်က ဘယ်လိုငရဲအရှင်မျိုးလဲ… သူက ကံအကြောင်းခွင့်တိုက်ဆိုင်မှုနဲ့ ငါတို့ရဲ့ပိုင်နက်နယ်မြေတွေကို သိမ်းယူသွားခဲ့တဲ့ ပြင်ပမျိုးနွယ်က လူတစ်ယောက်ပဲ”
“ငါတို့က ဒီသခင်မကို မပြောနဲ့ သူ့ကိုတောင် ဘယ်တုန်းကမှ အသိအမှတ်ပြုခဲ့တာမဟုတ်ဘူး။”