နီညိုရောင်မျောက်ဝံကမ္ဘာ
Vol. 200 Ch. 2990
“ဆရာ… ရှင်ဘယ်သွားသွား ကျွန်မလိုက်မယ်”
ပေမင်ရွှယ်က ပြောလိုက်၏။
ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“ဓားကမ္ဘာမှာ လောလောဆယ်နေပြီး ဆက်ကျင့်ကြံဦး… အစစ်အမှန်သိုင်းတာအိုခန္ဓာကို ပကတိအဆင့်ရောက်တဲ့အထိ တတ်နိုင်သမျှမြန်မြန်ကျင့်ကြံ”
“ငါက အပြင်ဘက်ကို ခရီးသွားမှာ… မင်းငါ့နောက်ကို လိုက်မယ်ဆိုရင် အတွေ့အကြုံမရဘဲ ကျင့်ကြံဖို့အတွက် အချိန်ပုပ်တာပဲရှိလိမ့်မယ်”
ပေမင်ရွှယ်က စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ ခေါင်းကို အနည်းငယ်ငုံ့လိုက်၏။
သူတို့နှစ်ယောက်သည် ဓားကမ္ဘာသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ဆူဇီမိုက ပြင်ဆင်စရာရှိတာ ပြင်ဆင်ကာ ဓားကမ္ဘာကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် သံသရဖူဆောင်းအဖိုးအိုနှင့် အခြားသောနှစ်ဦးထံ အလည်အပတ်သွားရန် အသင်္ချေဓားနန်းတော်သို့ ထွက်ခွာလိုက်လေသည်။
သံသရဖူဆောင်းအဖိုးအိုနှင့် အခြားနှစ်ယောက်သည် ဆူဇီမို ထွက်ခွာတော့မည်ဟု ကြားသိရသောအခါ အံ့အားသင့်သွားခြင်း မရှိပေ။
အရင်တုန်းက သူတို့သုံးယောက်သည် ဤနေ့ကို မျှော်လင့်ထားပြီးသားဖြစ်သည်။
သံသရဖူဆောင်းအဖိုးအိုသည် ဆူဇီမိုကို ခေါ်ထားပြီး သူ့ကို နဝမမြောက်တောင်ထွတ်၏ တောင်ထွတ်သခင်နေရာပေးထားသည့် အဓိကအကြောင်းအရင်းမှာ သူနှင့် ကောင်းမွန်သောကမ္မတည်ဆောက်ရန် ဖြစ်သည်။
သို့သော်လည်း ဆူဇီမိုသည် နဝမမြောက်တောင်ထွတ်၏ တောင်ထွတ်သခင်အဖြစ် ဆက်လက်၍ မနေလိုတော့သည်ကို ကြားသိရသောအခါ သူတို့သုံးယောက်က အနည်းငယ်အံ့အားသင့်သွားရဆဲဖြစ်လေသည်။
ဆူဇီမိုက မည်သည့်အရာကိုမှ ဖုံးကွယ်မထားပေ။
“အနာဂတ်မှာ အခွင့်အရေးတစ်ခု ရှိလာမယ်ဆိုရင် ကျုပ်က အဖွဲ့အစည်းတစ်ခုကို တည်ထောင်လိမ့်မယ်… ကျုပ်က ဓားကမ္ဘာရဲ့ တောင်ထွတ်သခင်တစ်ဦးအနေနဲ့ ဆက်နေဖို့က မသင့်လျော်တော့ဘူး”
ထိုသည်မှာ အကြောင်းအရင်းများထဲမှ တစ်ခုသာဖြစ်သည်။
အဲဒီမှာ သူရှင်းရှင်းလင်းလင်းမပြောဆိုသည့် အခြားသောအကြောင်းအရင်းများလည်းရှိနေ၏။
သံသရဖူဆောင်းအဖိုအိုနှင့် အခြားနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ဆူဇီမိုက စိတ်ပိုင်းဖြတ်ပြီးသွားပြီကို တွေ့မြင်ရသောအခါ သူတို့က သူ့ကိုအခက်တွေ့အောင် လုပ်မနေတော့ပေ။
ဝဝနှင့်အဖိုးအိုက သက်ပြင်းချလိုက်၏။
“ကံဆိုးစွာနဲ့ပဲ နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်နေရာက လစ်လပ်သွားပြီ… ဓားကမ္ဘာမှာ အဲဒီနေရာအတွက် သင့်လျော်တဲ့လူ မရှိလောက်ဘူးထင်တယ်”
“မင်း တစ်ယောက်ယောက်ကို ထောက်ခံပေးချင်တာရှိလား”
ပိန်ပိန်အဖိုးအိုက ဆူဇီမိုကိုကြည့်ပြီး မေးလိုက်၏။
ဆူဇီမိုက ခဏမျှစဉ်းစားတွေးတောပြီး ပြောလိုက်၏။
“ပေမင်ရွှယ်”
“သူလား”
ပိန်ပိန်အဖိုးအိုနှင့် ဝဝအဖိုးအိုက အတွေးနက်စွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ဝဝအဖိုးအိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ပေမင်ရွှယ်က ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲက ကိုးခုကို ဆွဲဆောင်ထားတယ်… မင်းထွက်သွားပြီးရင် သူက ဓားကမ္ဘာမှာ နံပါတ်တစ်ပကတိစိတ်ဝိညာဉ်ဖြစ်လာလိမ့်မယ်.. မင်းရဲ့ အမွေအနှစ်နဲ့ဆိုရင် သူ့ရဲ့ပါရမီအလားအလာက အကန့်အသတ်မဲ့တယ်… သူက နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်ဖြစ်ဖို့ တကယ်ပဲ အဆင့်မီပါပေတယ်”
ပိန်ပိန်အဖိုးအိုက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“သူက တကယ်ပဲအဆင့်မီပါပေတယ်.. ဒါပေမဲ့ သူ့ရဲ့ကျင့်ကြံမှုက အခုချိန်မှာ လုံလောက်အောင်မမြင့်မားသေးဘူး… သူ့အနေနဲ့ တောင်ထွတ်သခင်တစ်ဦးဖြစ်လာဖို့က နဲနဲစောလွန်းနေသေးတယ်”
သံသရဖူဆောင်းအဖိုးအိုက ပြောလိုက်၏။
“ကျင့်ကြံမှုနယ်ပယ်က ပြဿနာတစ်ခုမဟုတ်ဘူး.. ဆူဇီမိုက နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်ဖြစ်လာတုန်းက သူကလည်း ပကတိစိတ်ဝိညာဉ်တစ်ဦးပဲ”
“ပြဿနာက နဝမမြောက်တောင်ထွတ်မှာ မင်းချန်ထားခဲ့တဲ့ ဓားသင်္ချိုင်းတာအိုရှိနေတယ်… ပေမင်ရွှယ်ကတော့ သူက ဓားသင်္ချိုင်းတာအိုကို နားလည်ဆင်ခြင်ထားတဲ့ပုံမပေါ်ဘူး… သူက တောင်ထွတ်သခင်တစ်ဦး ဘယ်လိုဖြစ်လာနိုင်မလဲ”
ဆူဇီမိုက ပြောလိုက်၏။
“ကျုပ်ရဲ့ ထင်မြင်ချက်အရတော့ နဝမမြောက်တောင်ထွတ်က ဓားသင်္ချိုင်းတောင်ထွတ်ဖြစ်နေစရာမလိုဘူး… ပေမင်ရွှယ်က နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်ဖြစ်လာမယ်ဆိုရင် သူက သူ့ရဲ့ ကိုယ်ပိုင်ဓားတာအိုကို အဲဒီတောင်ထွတ်ပေါ်မှာ ချန်ထားလိမ့်မယ်”
ပေမင်ရွှယ်သည် ပန်းကမ္ဘာမှာ ဆယ်နှစ်ကြာကျင့်ကြံခဲ့စဉ်က သူမသည် ရှောင်းယောင်နှင့် လက်ရည်စမ်းပြီး အကျိုးအမြတ်ကြီးမားစွာ ရရှိခဲ့၏။
ဆူဇီမိုပင် ပေမင်ရွှယ်ထံမှ အပြောင်းအလဲကို အာရုံခံမိနိုင်သည်။
ပေမင်ရွှယ်၏ ဓမ္မတာအိုက သိုင်းတာအိုထံကနေ ဆက်ခံရရှိလာခဲ့၏။ သို့သော်လည်း သူမသည် ဓားတာအိုမှာ အမှီအခိုကင်းမဲ့လေသည်။
သံသရဖူဆောင်းအဖိုးအို၏ မျက်လုံးက ဝင်းလက်သွား၏။
ထိုသို့ဖြင့် နဝမမြောက်တောင်ထွတ်သည် ဓားကမ္ဘာမှာ အထူးခြားဆုံးတည်ရှိမှုတစ်ခုဖြစ်လာနိုင်သည်။
သံသရဖူဆောင်းအဖိုးအိုက ပြောလိုက်သည်။
“မကြာသေးခင်နှစ်တွေထဲမှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက နဂါးတွေနဲ့ဖီးနစ်တွေကြား… ခွန်တွေနဲ့ ဖန်းတွေကြားက စစ်ပွဲတွေနဲ့ ရှုပ်ထွေးလာခဲ့ပြီ… အဲဒီ ထိပ်တန်းကမ္ဘာကြီးတွေရဲ့ စစ်ပွဲတွေမှာ ကမ္ဘာများစွာပါဝင်ပတ်သက်လာတယ်… မင်းက အပြင်ဘက်မှာသွားလာတဲ့အခါ သတိထားရမယ်… အဲဒီကမ္ဘာတွေရဲ့ စစ်ပွဲမှာ ဝင်မပါမိစေနဲ့… မဟုတ်ရင် မင်းက ထွက်ပြေးလွတ်မြောက်ဖို့ ခဲယဉ်းသွားလိမ့်မယ်”
ဝဝအဖိုးအိုကလည်း ခေါင်းညိတ်ကာပြောလိုက်သည်။
“အဲဒီအဆင့် ကမ္ဘာ့စစ်ပွဲတစ်ခုမှာ ပကတိစိတ်ဝိညာဉ်တွေကို မပြောနဲ့ အင်မော်တယ်ဘုရင်ပညာရှင်တွေတောင်မှ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မှာမဟုတ်ဘူး”
ပိန်ပိန်အဖိုးအိုကလည်း ထပ်ပြောလိုက်သည်။
“အဲဒါက ထိပ်တန်းကမ္ဘာကြီးတွေကြားက တိုက်ပွဲတစ်ခုတင်မဟုတ်ဘူး… မဟာအရိုင်းကမ္ဘာက အတွင်းရေးစစ်ပွဲကလည်း အရမ်းကိုချောက်ချားစရာကောင်းပြီး ဧကရာဇ်ပညာရှင်တွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်တယ်လို့ ငါကြားမိတယ်… မဟာအရိုင်းကမ္ဘာမှာ သေဆုံးသွားတဲ့ အထွတ်အထိပ်ဧကရာဇ်တွေတောင် ရှိလာခဲ့တယ်”
သံသရဖူဆောင်းအဖိုးအိုက လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“မဟာအရိုင်းကမ္ဘာက သားရဲဧကရီသွေးလိပ်ပြာရဲ့ဘေးမှာ နောက်ထပ်အကူတစ်ယောက်ရောက်လာတယ်လို့ ငါကြားတယ်… သူ့ရဲ့တာအိုဘွဲ့က အထီးကျန်သိုင်းသခင်ပဲ… သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားကလည်း တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်”
ခဏမျှရပ်တန့်ပြီးနောက် သံသရဖူဆောင်းအဖိုးအိုက ထပ်မံ၍ သတိပေးလိုက်၏။
“ဆူဇီမို… မဟာအရိုင်းကမ္ဘာကို မသွားနဲ့ အဲဒီနေရာက အရမ်းကို အန္တရာယ်များလွန်းတယ်”
ဆူဇီမိုက ညင်သာစွာချောင်းဟန့်ပြီး သာမန်ကာလျှံကာ သဘောတူလိုက်၏။
သံသရဖူဆောင်းအဖိုးအိုက ဆူဇီမို၏ ထူးဆန်းသောအမူအရာကို တွေ့မြင်သောအခါ သူက ဒွိဟဖြစ်သွားပြီး မေးလိုက်၏။
“မင်းက ဒီတစ်ခေါက် ဘယ်နေရာကို ဘယ်အချိန်မှာသွားဖို့ ရည်ရွယ်ထားလဲ”
ဆူဇီမိုသည် ကန်းလန်ရိုးမမှာ ဖြစ်ပျက်ခဲ့သည့်အရာရာတိုင်းကို ပြန်လည်စဉ်းစားရင်း ပြုံးလိုက်မိသည်။ သူက ခေါင်းညိတ်၍ ပြောလိုက်သည်။
“နီညိုရောင်မျောက်ဝံကမ္ဘာ”
ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ အထက်ဘုံသို့တက်လှမ်းလာသည့် သူ၏ မိတ်ဆွေဟောင်းအများစုကို တွေ့ဆုံခဲ့ခြင်း၊ သတင်းအချက်အလက်တချို့ကို ရယူနိုင်ခဲ့ခြင်းများ ရှိခဲ့လေသည်။
သို့သော်လည်း သူသည် မျောက်ထံမှ မည်သည့်သတင်းကိုမှ မရရှိခဲ့ပေ။
မျောက်သည် နီညိုရောင်မျောက်ဝံမျိုးနွယ်မှာ ပါဝင်ပြီး ယေဘုယျအားဖြင့်ပြောရလျှင် သူက နီညိုရောင်မျောက်ဝံကမ္ဘာသို့ တက်လှမ်းလာသင့်လေသည်။
သို့သော်လည်း နီညိုရောင်မျောက်ဝံများ၏ ကပ်ဘေးကြောင့် နီညိုရောင်မျောက်ဝံမျိုးနွယ်သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ခြေချမလာတော့ဘဲ ဆူဇီမိုသည် မျောက်၏ တည်နေရာကို မေးမြန်းစုံစမ်းဖို့ အခွင့်အရေးမရခဲ့ပေ။
ယခုသူသည် ဓားကမ္ဘာကနေ ထွက်ခွာဖို့ စီစဉ်ထားပြီး သူ၏ စိတ်ထဲ ပထမဆုံးပေါ်လာသည်မှာ မျောက်ဖြစ်သည်။
သူတို့နှစ်ယောက်သည် အစောဆုံးအချိန်များမှာ တစ်ယောက်ကိုတစ်ယောက် သိကျွမ်းခဲ့ကြပြီး နက်ရှိုင်းသောဆက်ဆံရေးတစ်ခု ရှိထားကြ၏။
မျောက်သည် သူ့အသက်ကို ကယ်တင်ပေးခဲ့ရုံသာမက သူတို့နှစ်ယောက်သည် ကန်းလန်ရိုးမမှာ အချိန်တစ်ခုကြာ နေထိုင်ခဲ့ကြသည်။ ထိုနေ့ရက်များကို ယခုအချိန်ထိ မမေ့ဖျောက်နိုင်သေးပေ။
“နီညိုရောင်မျောက်ဝံကမ္ဘာလား”
သံသရဖူဆောင်းအဖိုးအိုက ခဏမျှစဉ်းစားတွေးတောပြီးပြောလိုက်သည်။
“နီညိုရောင်မျောက်ဝံကမ္ဘာမှာဆိုရင်တော့ အန္တရာယ်သိပ်ပြီးမရှိလောက်ဘူး.. နီညိုရောင်မျောက်ဝံတွေရဲ့ ကပ်ဘေးပြီးကတည်းက နီညိုရောင်မျောက်ဝံမျိုးနွယ်က ပြင်းထန်တဲ့ ပျက်စီးထိခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရတယ် သူတို့ရဲ့ အခြေခံအုတ်မြစ်ကလည်း ပြင်းပြင်းထန်ထန်ထိခိုက်သွားတယ်.. သူတို့တွေက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သိပ်ပြီးပေါ်ထွက်မလာတော့ဘူး”
ဝဝအဖိုးအိုက ဖျောင်းဖျလိုက်၏။
“မင်းက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်.. မင်း ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို တက်လှမ်းပြီးမှ ထွက်သွားပါလား… အဲဒါဆိုရင် ပိုပြီးတော့ လုံခြုံစိတ်ချရလိမ့်မယ်”
“ဟုတ်သားပဲ”
ပိန်ပိန်အဖိုးအိုကလည်း ခေါင်းညိတ်ကာပြောလိုက်၏။
ဆူဇီမိုက ပြောလိုက်၏။
“ကျုပ်ရဲ့ အခြေအနေက နဲနဲထူးခြားတယ်… ကျုပ်က ကျင့်ကြံရေးအရင်းအမြစ်တွေနဲ့ တံခါးပိတ်ကျင့်ကြံမှုပေါ်မှာပဲ မှီခိုနေမယ်ဆိုရင် ကျုပ်က ကောင်းကင်လိုဏ်ဂူနယ်ပယ်ကိုတက်လှမ်းဖို့ အချိန်ဘယ်လောက်ကြာကြာယူရမယ်ဆိုတာ မသိနိုင်ဘူး”
“စီနီယာတို့ မပူပါနဲ့ ကျုပ်ရဲ့ လက်ရှိကျင့်ကြံမှုနဲ့ဆို ဧကရာဇ်ပညာရှင်တစ်ဦး ကိုယ်တိုင်တိုက်ခိုက်မလာသရွေ့ တခြားသူတွေက ကျုပ်ကို သိပ်ပြီး ခြိမ်းခြောက်နိုင်မှာမဟုတ်ဘူး”
သူ၏ လက်ရှိကျင့်ကြံမှုအရ သူသည် သာမန်ဘုရင်များကို သေချာပေါက် သတ်ဖြတ်နိုင်သည်။ သူသည် အန္တိမဘုရင်များ သို့မဟုတ် အထွတ်အထိပ်ဘုရင်များနှင့် ကြုံတွေ့ရပြီး သူတို့ကို အနိုင်မရနိုင်ဘူးဆိုလျှင် သူသည် အာဒိကပ္ပသမဂ္ဂယင်ယန်ထွက်ပြေးခြင်းကို အသုံးချကာ တိုက်ပွဲနယ်မြေကနေ အချိန်မရွေး ထွက်ပြေးတိမ်းရှောင်နိုင်လေသည်။
ဧကရာဇ်သုံးဦးက ဆူဇီမိုကို နောက်ဆုံး မှာကြားစရာတချို့ပြောဆိုပြီးနောက် သူ့ကိုထွက်ခွာခွင့်ပေးလိုက်၏။
မထွက်ခွာခင် ဆူဇီမိုသည် တောင်ထွတ်သခင်ရှစ်ဦးထံ အလည်အပတ်သွားပြီး စိတ်ကျေနပ်အားရသည်အထိ သောက်စားခဲ့လေသည်။
ထို့နောက် သူက ယွင်ထင်နှင့် ထပ်မံတွေ့ဆုံခဲ့၏။
ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ တိုက်ပွဲပြီးကတည်းက သူတို့နှစ်ယောက်ကြားကွာဟချက်က တဖြည်းဖြည်းကျယ်ပြန့်လာခဲ့၏။
ကျင့်ကြမှုနယ်ပယ်အားဖြင့် ယွင်ထင်သည် ဆူဇီမိုနှင့်များစွာမကွာပေ။ သို့သော်လည်း သူတို့နှစ်ယောက်ကြားတိုက်ခိုက်ရည်ခွန်အားကွာဟချက်က ကမ္ဘာခြားသွားပြီကို ယွင်ထင်က သူ၏ ရင်ထဲမှာ သိရှိထား၏။
သူက လုံလောက်အောင်မသန်မာသောကြောင့် မဟုတ်ပေ။
ဆူဇီမိုကသာ အရမ်းကိုကြောက်စရာကောင်းနေသောကြောင့်ဖြစ်သည်။ သူ၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကိုးခုသည် တကယ့်ကို မကြုံစဖူး ထူးခြားအံ့မခန်းဖြစ်ရပ်ဖြစ်လေသည်။
ဓားကမ္ဘာမှ လူတိုင်းကို နှုတ်ဆက်၍ အရာအားလုံး အတည်တကျဖြစ်သွားပြီးနောက် ဆူဇီမိုသည် နီညိုရောင်မျောက်ဝံကမ္ဘာသို့ ထွက်ခွာသွားလေသည်။
ဆူဇီမိုသည် မျောက်၏ အခြေအနေနှင့်ပတ်သက်၍ သိပ်ပြီးစိုးရိမ်မနေပေ။
ဓားကမ္ဘာမှာ သူကြားသိရသလောက် နီညိုရောင်မျောက်ဝံမျိုးနွယ်သည် အောက်ဘုံလောကမှ တက်လှမ်းလာသည့် သူတို့၏ ကလန်သားများကို အထင်အမြင်သေးခြင်း မရှိတတ်ကြပေ။
မျောက်၏ ပါရမီအရည်အချင်းအရ သူသည် နီညိုရောင်မျောက်ဝံကမ္ဘာမှာ ကောင်ကောင်းရှင်သန်နိုင်ပေလိမ့်မည်။
သူသည် အာကာသဥမင်များကို အဆက်မပြတ်ဖြတ်ကျော်၍ ကြယ်တာရာကောင်းကင်ထဲမှာ အာကာသတွင်းနက်များကဲ့သို့ အန္တရာယ်များသော နေရာများကို ရှောင်လွှဲရန် သူ၏ အာရုံခံသတိစိတ်ကို မှီခိုခဲ့လေသည်။ လမ်းတစ်လျှောက်မှာ မည်သည့်အန္တရာယ်မှ မရှိခဲ့ပေ။
နှစ်လကျော်ကြာပြီးနောက် ကြယ်တာရာကောင်းကင်ထဲမှာ ကြီးမား၍ မှောင်မည်းနေသောအာကာသဆုံမှတ်တစ်ခုက ရုတ်တရက်ပေါ်ထွက်လာ၏။
အနက်ရောင်ဆံပင် အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသားတစ်ယောက်က လျှောက်လှမ်းထွက်လာ၏။ သူ၏ ဆံပင်များက နက်မှောင်နေပြီး သူက ခရီးပန်းလာသည့်ပုံပေါ်သည်။ သို့သော်လည်း သူ၏ မျက်လုံးများက တောက်ပနေပြီး စိတ်ဝိညာဉ်ဓာတ်ဖြင့် ပြည့်ဝနေ၏။
အစိမ်းရောင်ဝတ်အမျိုးသားက လေထဲမှာ မတ်တတ်ရပ်နေ၏။ ကြယ်တာရာကောင်းကင်ထဲမှာ နဂါးများ ရစ်ခွေထားသလို တောင်တန်းများကို အဝေးကနေ တွေ့မြင်နိုင်လေသည်။ သူတို့က အလွန်တရာခံ့ညားထည်ဝါ၍ တုန်လှုပ်စရာကောင်းသော အဆုံးမဲ့ကုန်းမြေတိုက်တစ်ခုကို ဖြစ်ပေါ်နေစေ၏။
ငွားငွားစွင့်စွင့်မြင့်မား၍ ရှေးကျသော သစ်ပင်များ၏ အထက်မှာ တောင်ထွတ်များက ရိပ်မိုးနေ၏။ ဘေးပတ်ဝန်းကျင်မှာ လွင့်မျောနေသောကြယ်များသည် ရှေးကျသော တောင်တန်းများ၊ သစ်ပင်များနှင့် နှိုင်းယှဉ်လျှင် များစွာသေးငယ်နေသည့်ပုံပေါ်သည်။
သူတို့ကြားမှာ အထင်ရှုားဆုံးအရာသည် တောင်ကြောရိုး၏ အလယ်မှာရှိသော သွေးနီရောင်တောင်ထွတ်တစ်ခုဖြစ်လေသည်။ ၎င်းက မြင့်မား၍နက်စောက်ပြီး သူတို့၏ ဦးခေါင်းထက်ရှိ မိုးကောင်းကင်ကို ထိုးဖောက်လုနီးပါးဖြစ်နေသည်။
အစိမ်းရောင်ဝတ်အမျိုးသားသည် သွေးနီရောင်တောင်ထွတ်ကို တွေ့မြင်သောအခါ သူ့ထံသို့ တလိပ်လိပ်တိုးဝင်လာသည့် တိုက်ပွဲဝင်စိတ်ဝိညာဉ်တစ်ခုကို ခံစားလိုက်ရ၏။
“နီညိုရောင်မျောက်ဝံကမ္ဘာ”
အစိမ်းရောင်ဝတ်အမျိုးသားက ညင်သာစွာတီးတိုးရေရွတ်လိုက်၏။