← Chapters

တိုက်ပွဲဝင်စိတ်စွမ်းအား

Vol. 200 Ch. 2994

တိုက်ပွဲဝင်စိတ်စွမ်းအား

Vol. 200 Ch. 2994

နီညိုရောင်မျောက်ဝံကမ္ဘာ၏ အနက်ပိုင်း လိုဏ်ဂူခန်းဝါတစ်ခုမှာ မျောက်ဝံအိုကြီးတစ်ကောင်သည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး သူ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။

မျောက်ဝံအိုကြီး၏ သားမွေးများက ဖြူဖွေးနေပြီး သူ၏ မျက်လုံးများက မှုန်မှိုင်းနေ၏။ သူသည် အာကာသအလွှာများကို ချိုးဖျက်ပြီး တိုက်ပွဲကွင်းပေါ်မှာရှိသော အခြေအနေကို တွေ့မြင်နေရသည့်အလားပင်။

“ဘယ်လောက်တောင် ရှားပါးလိုက်လဲ… တကယ့်ကို ကြုံတောင့်ကြုံခဲပဲ”

မျောက်ဝံအိုကြီးက ညင်သာစွာ တီးတိုးရေရွတ်လိုက်၏။

“နီညိုရောင်မျောက်ဝံတွေရဲ့ ကပ်ဘေးအပြီးမှာ ငါတို့မျိုးနွယ်ဝင်တွေရဲ့ တိုက်ပွဲဝင်စိတ်စွမ်းအားက တဖြည်းဖြည်းညှိုးငယ်သွားပြီး သူတို့က အရင်ကနဲ့ မတူတော့ဘူး… ငါတို့က အခု ဒီလိုမျိုး တိုက်ပွဲဝင်စိတ်ဝိညာဉ်နဲ့ ဂျူနီယာတစ်ယောက်ကို တွေ့မြင်နေရပြီဆိုတော့…”

“နှမြောဖို့ကောင်းလိုက်တာကွာ”

မျောက်ဝံအိုကြီးက သနားကရုဏာသက်မှုနှင့် မလုံမလဲဖြစ်မှုနှင့်အတူ သက်ပြင်းချလိုက်၏။

ဤဂျူနီယာ ရင်ဆိုင်ရမည့် အကျိုးဆက်ကို သူကောင်းကောင်းသိထားသော်လည်း သူက အဲဒါကို ပြောင်းလဲပေးဖို့ စွမ်းအားမဲ့နေ၏။

သူက လောကအရှင်တစ်ဦး ဖြစ်သည်ဆိုလျှင်တောင်…

မျောက်ဝံအိုကြီး ထိုင်နေသောနေရာနှင့် မလှမ်းမကမ်းမှာ အခြားသော နီညိုရောင်မျောက်ဝံဧကရာဇ်တစ်ဦး ရှိနေ၏။ သူက ထိုစကားကို ကြားသောအခါ ပြောလိုက်၏။

“မြင်းမျောက်ဧကရာဇ်နှစ်ဦးက ငါတို့ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့အတွက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့အမိန့်အောက်မှာ ရှိနေတယ်”

“ငါတို့ဝင်ပါမယ်ဆိုရင် သူတို့တွေက သေချာပေါက် အဲဒါကို အစီရင်ခံတင်ပြလိမ့်မယ်… ငါတို့က မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ ကျူးကျော်မှုနဲ့ တကယ်ပဲ ရင်ဆိုင်ရမယ်ဆိုရင် ငါတို့မျိုးနွယ်ဝင်တွေအားလုံးက သေဘေးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

“တိုက်ပွဲ… ငါတို့ရဲ့ နီညိုရောင်မျောက်ဝံကမ္ဘာက ဒုတိယမြောက်ကပ်ဘေးကို ခံနိုင်ရည်မရှိတော့ဘူး”

မျောက်ဝံအိုကြီးက ထိုစကားကို ကြားသောအခါ သူက လက်ကာပြလိုက်၏။

“ငါ့ကို တိုက်ပွဲလို့ မခေါ်နဲ့တော့… ငါက အဲဒီဘွဲ့နဲ့ ထိုက်တန်မှု မရှိတော့ဘူး… ငါ့ရဲ့မျိုးနွယ်ဝင်တွေက သူတို့ရဲ့လက်ရှိအခြေအနေကို ကျဆင်းသွားတာ အရင်တုန်းက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာထံ ငါ ဦးညွှတ်ခဲ့တာနဲ့ သက်ဆိုင်နေတယ်”

နီညိုရောင်မျောက်ဝံဧကရာဇ်က ပြောလိုက်၏။

“မင်းက မင်းရဲ့မျိုးနွယ်ဝင်တွေရဲ့ မျိုးဆက်သွေးကို ကာကွယ်ပေးချင်လို့ ရွေးချယ်စရာမရှိဘဲ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဆီမှာ ဦးညွှတ်ခဲ့ရတယ်ဆိုတာ ငါတို့အားလုံးသိထားတာပဲ… အဲဒါကြောင့်မဟုတ်ရင် နီညိုရောင်မျောက်ဝံကမ္ဘာက အဲဒီအချိန်ကတည်းက မရှိလောက်တော့ဘူး”

“နောက်ပြီး ငါတို့က ငါတို့ရဲ့ခေါင်းတွေကို ငုံ့ထားပေမယ့် ငါတို့ရဲ့ကျောကို မတ်မတ်ထားပြီး အညံ့မခံခဲ့ကြဘူး… အနည်းဆုံးတော့ ငါတို့က ဟိုမြင်းမျောက်နှစ်ကောင်လို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဆီမှာ ဒူးထောက်အညံ့ခံပြီး သူတို့ရဲ့နောက်လိုက်လက်ပါးစေတွေ ဖြစ်မလာခဲ့ကြဘူး”

မျောက်ဝံအိုကြီးက တိုက်ပွဲကွင်းမှာရှိသော မျောက်ကို နက်ရှိုင်းစွာကြည့်ပြီး ညည်းတွားရေရွတ်လိုက်၏။

“တော်လိုက်တဲ့ ဂျူနီယာလေးကွာ… ဒီလိုမျိုး တိုက်ပွဲဝင်စိတ်စွမ်းအားကို ငါမခံစားမိတော့တာ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ… အား…”

မာရှောင်က သေဆုံးသွားပြီဖြစ်သည်။

သွေးနီရောင်တောင်ထွတ် ဘေးပတ်လည်က တိတ်ဆိတ်ငြိမ်သက်သွား၏။

နီညိုရောင်မျောက်ဝံမျိုးရိုးဖြစ်စေ… မြင်းမျောက်မျိုးရိုးဖြစ်စေ… သူတို့သည် ပြူးကျယ်နေသော မျက်လုံးများနှင့် တုန်လှုပ်နေသော အမူအရာများနှင့်အတူ တိုက်ပွဲကွင်းမှာရှိသော ပုံရိပ်ကို မယုံကြည်နိုင်စွာ ကြည့်နေကြ၏။ မာရွှမ်ကို သတ်ဖြတ်ခြင်း၏ အကျိုးဆက်ကို လူတိုင်းက သိရှိထားကြ၏။

မျောက်ကလည်း ထိုအချက်ကို သိရှိထားလေသည်။

သို့သော်လည်း သူက သတ်ဖြတ်မှုကို ကျူးလွန်လိုက်ဆဲဖြစ်၏။

သူတို့က ထိုအခြင်းအရာကို တွေ့မြင်သောအခါ အတန်ကြာအောင် ဖိနှိမ်ထားခဲ့ရသော နီညိုရောင်မျောက်ဝံများစွာ၏ စိတ်ခံစားချက်များက ရုတ်တရက်ထွက်ပေါ်လာ၏။

သူတို့သည် မျောက်ထံမှ ကာလရှည်ကြာ ပျောက်ဆုံးနေခဲ့သော စိတ်စွမ်းအားတစ်ခုကို ခံစားလိုက်ရ၏။

၎င်းသည် အကြောက်အလန့်ကင်းမဲ့ပြီး ကောင်းကင်နှင့်မြေကြီးကို ဆန့်ကျင်တိုက်ခိုက်နိုင်သော အနိုင်မခံ အရှုံးမပေးသည့် စိတ်ဝိညာဉ်တစ်ခုဖြစ်သည်။

ထိုစိတ်ခံစားချက်က လူအုပ်ကြားထဲမှာ တိတ်တဆိတ် ပျံ့နှံ့သွား၏။

နီညိုရောင်မျောက်ဝံများစွာ၏ မျက်လုံးထဲတွင် သွေးရောင်အလင်းတစ်ခု ပေါ်ထွက်လာပြီး သူတို့၏ ခန္ဓာကိုယ်များထဲမှာ ကာလရှည်ကြာ စောင့်ဆိုင်းနေသည့် တိုက်ပွဲဝင်စိတ်ဝိညာဉ်က တဖြည်းဖြည်းနိုးထလာ၏။

“မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ”

“မင်းကတော့ သေချင်နေတာပဲ”

မြင်းမျောက်များက တုံ့ပြန်လာပြီး ကျိန်ဆဲလိုက်ကြ၏။

“ဟားဟားဟားဟား”

မျောက်က ခေါင်းမော့၍ ရယ်မောလိုက်၏။ သူက တိုက်ပွဲကွင်းပေါ်ရှိ သွေးအိုင်ထဲမှာ ခေါင်းမော့ကာ မတ်တတ်ရပ်နေ၏။ သူ၏ မျက်လုံးများက နီရဲနေပြီး သူက နောင်တရမှု သို့မဟုတ် ကြောက်ရွံ့မှုမရှိဘဲ မောက်မာဝင့်ကြွားသော အမူအရာဖြင့် သူ၏ ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုနေ၏။

ထက်ရှသော ဓားသွားများ လေထုကို ဆုတ်ဖြဲလိုက်သောအသံက အလွန်တရာစူးရှစွာ ထွက်ပေါ်လာ၏။ ၎င်းသည် မျောက်ရှိရာ တိုက်ပွဲကွင်းသို့ ရောက်ရှိလာသော မာရွှမ်ဖြစ်လေသည်။

သူက နှုတ်ဆက်နေခြင်းမရှိဘဲ သူ၏ လှံကို ကိုင်မြှောက်ကာ မျောက်၏ ရင်ဘတ်ကို ပစ်ထိုးလိုက်၏။

“ဟမ့်…”

အန္တရာယ်ကို အာရုံခံမိသွားပြီး မျောက်က အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။ သူက သူ၏ တောင်ဝှေးကို ကိုင်မြှောက်ပြီး ဝင်ရောက်လာသောလှံကို ခတ်ထုတ်ကာ မာရွှမ်နှင့် တိုက်ခိုက်လိုက်၏။

ဤတိုက်ပွဲသည် ပကတိစိတ်ဝိညာဉ်တိုက်ပွဲ၏ နောက်ဆုံးအချီနှင့် တူညီလေသည်။ သူတို့နှစ်ယောက်ကြား တိုက်ခိုက်မှု၏ ရလဒ်ကို မဆုံးဖြတ်ရသေးဘဲ အခြေအနေက မရှင်းလင်းသေးပေ။ ထိုသို့ဖြင့် ဆူဇီမိုအနေဖြင့် ဝင်ရောက်စွက်ဖက်ဖို့က မသင့်လျော်ပေ။ ယွမ်အန်က အသံနှိမ့်ကာ ပြောလိုက်၏။

“သူတို့ရဲ့ကျင့်ကြံမှုနယ်ပယ်နဲ့ မျိုးဆက်သွေးကွာဟချက်က အရမ်းကို ကြီးမားတယ်… စီနီယာအစ်ကိုယွမ်ဟွမ်က သေချာပေါက် ရှုံးနိမ့်တော့မှာပဲ”

နောက်ထပ် နီညိုရောင်မျောက်ဝံတစ်ကောင်က သက်ပြင်းချကာ ပြောလိုက်၏။

“စီနီယာအစ်ကိုယွမ်ဟွမ်က အစကတည်းက အသက်ရှင်လျက် ပြန်ထွက်လာဖို့ စိတ်ကူးမရှိခဲ့ဘူး… သူက မာရွှမ်ကို အနိုင်ရမယ်ဆိုရင်တောင် သူက မာရှောင်ကို သတ်ဖြတ်ခဲ့တဲ့အတွက် သူအသက်နဲ့ ပေးဆပ်ရဦးမှာပဲ”

တိုက်ပွဲကွင်းပေါ်မှာ မာရွှမ်က ဆက်လက်၍ ထိန်ချိန်မထားတော့ပေ။ သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူ၏ လှံကို အားနှင့်မာန်နှင့်ဝင့်ကာ မျောက်ကို ကောင်းကောင်းဖိနှိမ်နေ၏။

သို့သော်လည်း မျောက်က သူ၏ ဇွဲနဘဲကြီးမား၍ အနိုင်မခံ အရှုံးမပေးသော တိုက်ပွဲဝင်စိတ်ဝိညာဉ်ကို မှီခိုကာ မာရွှမ်၏ ပြင်းထန်ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ထိပ်တိုက်ရင်ဆိုင်ခုခံနေ၏။ တိုက်ရင်းခိုက်ရင်း သူက ပို၍ပင် ရဲဝံ့လာလေသည်။ သူက အဆုံးမဲ့ခွန်အားကို ရရှိလာသည့်အလားပင်။

မာရွှမ်၏ မျက်နှာပေါ်တွင် စိတ်မရှည်နိုင်မှုက ပေါ်ထွက်လာပြီး သူ၏ သွေးချီကို နောက်တစ်ဖန် မြှင့်တင်ကာ သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်လိုက်၏။ အရပ်အမောင်းမြင့်မား၍ ကြီးမားတုတ်ခိုင်သော မြင်းမျောက်တစ်ကောင်က သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာပြီး ပြင်းထန်သော ရေစီးကြောင်းတစ်ခုကို ထိန်းချုပ်ကာ မျောက်၏ ပုံရိပ်ကို ချက်ချင်းပင် နစ်မြုပ်သွားစေ၏။

ဤသည်က ခွန်အားအရာမှာ ပကတိဖိနှိမ်မှုတစ်ရပ်ဖြစ်သည်။

နောက်ဆုံးမှာတော့ မျောက်သည် ၎င်းကို ဆက်လက်၍ မခုခံနိုင်ဘဲ ပြင်းထန်သော ရေစီးကြောင်းဖြင့် လွှမ်းခြုံခံရပြီး မြေပြင်ပေါ်သို့ နောက်ပြန်လန်ကျသွား၏။

မာရွှမ်က ရှေ့သို့တက်လှမ်းပြီး မျောက်၏ ရင်ဘတ်ကို ပြင်းထန်စွာ ဆောင့်နင်းချလိုက်၏။ အရိုးများ အက်ကွဲသံက ထွက်ပေါ်လာပြီး ထိုကန်ချက်က မျောက်၏ ရင်ဘတ်ကို ကြေမွစေလုနီးပါးပင်။

“မင်းစောစောက ဇောင်းကြွနေခဲ့တာမလား”

မာရွှမ်က မောက်မာဝင့်ကြွားသော အမူအရာဖြင့် မျောက်ပေါ်ကို တက်နင်းပြီး သွားဖြီးပြလိုက်၏။ မျောက်က ခြေကုန်လက်ပန်းကျနေပြီဖြစ်ပြီး မာရွှမ်၏ ခြေဖဝါးအောက်မှာ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ ထိုသို့ဆိုလျှင်တောင် သူ့မျက်လုံးထဲရှိ ကြမ်းကြုတ်ခက်ထန်မှုက လျော့ကျမသွားဘဲ သူက လုံးဝ အလျှော့မပေးပေ။

“ခွေးကောင်… မင်း ငါ့မျိုးနွယ်ဝင်ကို ဘယ်လိုတောင် သတ်ဖြတ်ရဲတာလဲ… မင်းလက်မလျှော့သေးဘူးလား”

မာရွှမ်က သူ၏ ခြေဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်ပြီး နောက်တစ်ဖန် အော်ပြောလိုက်၏။

“မင်းအမေကို ခေါ်လာခဲ့လေ… ငါလျှော့ပေးလိုက်မယ်”

မျောက်က ကျိန်ဆဲကာ မာရွှမ်ကို တံတွေးဖြင့် လှမ်းထွေးလိုက်၏။

မာရွှမ်က သူ၏ ခေါင်းကို အနည်းငယ်လှည့်ပြီး အလွယ်တကူ ရှောင်တိမ်းလိုက်၏။ သူက တစ်ဖက်သို့လှည့်ပြီး ဘေးပတ်လည်မှာရှိသော နီညိုရောင်မျောက်ဝံများကိုကြည့်ကာ မကောင်းဆိုးဝါးဆန်ဆန်အပြုံးနှင့်အတူ မေးလိုက်၏။

“ဘာလို့လဲ… စောစောက မင်းတို့တွေ စိတ်အားထက်သန်နေတာ ငါမြင်ပါတယ်… မင်းတို့တွေထဲ ဘယ်သူမဆို မကျေနပ်ဘူးဆိုရင် ရှေ့ကိုထွက်လာခဲ့ကြ… ငါ မင်းတို့တွေကို ငါနဲ့ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ အခွင့်အရေးပေးမယ်”

နီညိုရောင်မျောက်ဝံများစွာက ထိုသည်ကို တွေ့မြင်သောအခါ သူတို့သည် ကြီးမားသော ဖိအားတစ်ရပ်ကို ခံစားလိုက်ရပြီး ယခုတင်နိုးထလာသော သူတို့၏ တိုက်ပွဲဝင်စိတ်ဝိညာဉ်က နောက်တစ်ဖန် ငြိမ်းသေသွား၏။

သူတို့ထဲ မည်သူကမှ မာရွှမ်ကို အနိုင်မရနိုင်ပေ။

မာရွှမ်သည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ပြီးသွားပြီဟု ဆိုသည်။ သူတို့က ရှေ့ကိုတက်လှမ်းမည်ဆိုရင် သက်သက်အသေခံခြင်းသာ ဖြစ်ပေလိမ့်မည်။

တကယ်ဆို သူတို့၏ မိသားစုများနှင့် ညီအစ်ကိုမောင်နှမများကပါ ရောပါငြိစွန်းခံရပေလိမ့်မည်။

မာရွှမ်၏ အကြည့်က ထက်ရှနေပြီး သူ၏ ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုနေ၏။ နီညိုရောင်မျောက်ဝံများစွာက သူတို့၏ ခေါင်းများကို တစ်ယောက်ပြီးတစ်ယောက် ငုံ့သွားပြီး သူနှင့် အကြည့်ချင်းမဆုံရဲကြပေ။

“ဟားဟားဟား”

မာရွှမ်က အထင်အမြင်သေးသော အမူအရာဖြင့် ဟားတိုက်ရယ်မောပြီး နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်၏။

“ငကြောက်တစ်အုပ်စုပဲ”

မျောက်က လှောင်ရယ်လိုက်၏။

“ငါတို့နီညိုရောင်မျောက်ဝံမျိုးရိုးက သုံးစားမရဘူးဆိုရင်တောင် ငါတို့တွေက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ နောက်လိုက်ခွေးတွေဖြစ်လာဖို့အတွက် ရိုကျိုးခယမနေကြဘူး”

“မင်းကတော့ သေချင်နေတာပဲ”

မာရွှမ်၏ အမူအရာက သုန်မှုန်သွားလေသည်။

ဤမြင်ကွင်းကို စောင့်ကြည့်နေသော မြင်းမျောက်ဘုရင်နှစ်ဦးပင်လျှင် အေးစက်နေသော အကြည့်များနဲ့အတူ မျက်မှောင်ကြုတ်လိုက်ကြ၏။

မျောက်၏ စကားလုံးများက သူတို့ကို တကယ်ပင် အရှိက်ထိသွားစေ၏။

“ငါ သူ့ကို သတ်တယ်ဆိုတော့ရော ဘာဖြစ်လဲ… ဘာကိုကြောက်နေရမှာလဲ”

မျောက်က အသံထွက်ကာ ရယ်မောလိုက်၏။

“သူ့အသက်နဲ့ ငါ့အသက်နဲ့ လဲရရုံပဲမလား… ငါ့အတွက်တော့ လုံလောက်နေပြီ”

“ငါတို့မြင်းမျောက်မျိုးရိုးက လူတစ်ယောက်ကို သတ်ပြီးရင် အသက်နဲ့ပြန်ပေးဆပ်ရမှာက မင်းတစ်ယောက်တည်းပဲ ထင်လို့လား”

မာရွှမ်က အေးစက်စွာပြောလိုက်၏။

“မင်းမိဘတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ မျိုးဆက်တွေ၊ ဆရာတွေနဲ့ မင်းနဲ့ပတ်သက်ဆက်စပ်တဲ့ မျိုးနွယ်ဝင်တွေအားလုံး မင်းနဲ့အတူသေရလိမ့်မယ်… ဟားဟားဟား”

မျောက်က ထိုစကားကို ကြားသောအခါ ပို၍ပင် အရိုင်းဆန်စွာ ရယ်မောပြီး အော်ပြောလိုက်၏။

“ငါက အောက်ဘုံလောကကနေ လာတာပဲ… ငါ့မှာ ဘာမိဘမှ မရှိဘူး… ငါတက်လှမ်းလာပြီးတဲ့နောက် ငါက ဘယ်သူ့ကိုမှလည်း ငါ့ဆရာအဖြစ် အသိအမှတ်မပြုခဲ့ဘူး… ငါ့မှာ မျိုးဆက်တွေနဲ့ ညီအစ်ကိုမောင်နှမတွေဆိုတာ ဝေးလာဝေးပဲ… ငါလုပ်ခဲ့တဲ့အရာအားလုံးက ငါကိုယ်တိုင်အတွက်ပဲ… မင်းစိတ်ရှိသလိုသတ်လိုက်”

“မင်း…”

မာရွှမ်က ခဏမျှ မှင်တက်သွား၏။

ယွမ်အန်က ထိုစကားကို ကြားသောအခါ တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ဆတ်ခနဲတုန်ယင်သွား၏။ သူက သူ၏ လက်သီးနှစ်ဖက်ကို တဖြည်းဖြည်း ဆုပ်လိုက်၏။

“စီနီယာအစ်ကိုယွမ်ဟွမ် တက်လှမ်းလာပြီးတဲ့နောက် သူက ဘယ်သူ့ကိုမှ သူ့ဆရာအဖြစ် အသိအမှတ်မပြုခဲ့ဘူး… သူက ဘယ်သူနဲ့မှလည်း ထိတွေ့ဆက်ဆံမှု မရှိခဲ့ဘူး… သူက လူတိုင်းအပေါ် အမြဲတမ်း အေးစက်နေခဲ့တယ်… အစကတော့ သူက တစ်ကိုယ်တည်းအထီးကျန်သမားဖြစ်တယ်လို့ ကျုပ်ထင်နေခဲ့တာ”

“လက်စသတ်တော့ သူက အဲဒါတွေအားလုံးကို ဒီနေ့အတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာပဲ”

အခြားသော နီညိုရောင်မျောက်ဝံများကလည်း တဖြည်းဖြည်း နားလည်သဘောပေါက်လာကြ၏။

မျောက်သည် တက်လှမ်းလာပြီး သူ၏ မျိုးနွယ်ဝင်များ ဖြစ်ပျက်တွေ့ကြုံနေရသည့်အရာကို ကြားသိရပြီးနောက် သူက ဤနေ့အတွက် ပြင်ဆင်ထားခဲ့ပြီးသားဖြစ်သည်။

သူသည် သူတို့အတွက် သူ့အသက်နှင့် အလဲအထပ်ပြုလုပ်ပြီး မည်သည့်မျိုးနွယ်ဝင်ကိုမှ ရောပါငြိစွန်းစေခဲ့ခြင်း မရှိပေ။

မျောက်သည် သူ့ရင်ထဲရှိ တိုက်ပွဲတာအိုကို ခုခံကာကွယ်ဖို့အတွက် သူ့ကိုယ်ပိုင်ရွေးချယ်မှုနှင့် နည်းလမ်းများကို အသုံးပြုခဲ့၏။

တိုက်ပွဲကို စောင့်ကြည့်နေသော နီညိုရောင်မျောက်ဝံမျိုးနွယ်မှာ အင်မော်တယ်ဘုရင်လေးဦးက ထိုအခြင်းအရာကို တွေ့မြင်သောအခါ သူတို့က သက်ပြင်းချပြီး နာကျင်ခံစားနေရသော အမူအရာများနှင့်အတူ မျက်နှာလွှဲလိုက်ကြ၏။

ငယ်ရွယ်သောနီညိုရောင်မျောက်ဝံတချို့က ညင်သာစွာ ငိုရှိုက်လိုက်ကြ၏။

“စီနီယာအစ်ကိုယွမ်ဟွမ်…”

တိုက်ပွဲကွင်းပေါ်မှာ မာရွှမ်၏ နင်းချေခြင်းခံထားရလျှင်တောင် မောက်မာဝင့်ကြွားစွာဖြင့် ကျိန်ဆဲနေဆဲဖြစ်သော ပုံရိပ်ကိုကြည့်ရင်း ယွမ်အန်၏ မျက်လုံးများက နီရဲလာခဲ့၏။ သူ၏ မြင်ကွင်းက ဝေဝါးလာခဲ့လေသည်။

ထိုစဉ်မှာပင် သူ့ဘေးမှ ညင်သာသော တီးတိုးရေရွတ်သံကို ကြားလိုက်ရ၏။

“မျောက်မှာ တကယ်ပဲ မိဘတွေ၊ ဆရာတွေ၊ ကလေးတွေ မရှိဘူး… ဒါပေမဲ့ သူ့မှာ သွေးသောက်ညီအစ်ကိုမောင်နှမတချို့ ရှိနေသေးတယ်”

ယွမ်အန်က အလိုလိုလှည့်ကြည့်လိုက်ပြီး သူနှင့်အတူ လိုက်ပါလာခဲ့သော အစိမ်းရောင်ဝတ်အမျိုးသားက ရှေ့သို့လျှောက်လှမ်းသွားသည်ကို တွေ့မြင်လိုက်ရလေသည်။

All Chapters